Monday, August 23, 2010

မြန်မာဆိုရိုးစကားတွေနဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတပုဒ်ပါ

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက် ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။
ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊
မပိုင်ဝက်မွေးဆိုသလိုလို၊ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။
ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့။

မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့
ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင်သူတော်
ကြွက်သူခိုးမဟုတ်သလို တောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့
ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ
ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ……. နောက်ပြီးတော့ မင်းကို
လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလိုလူအတွက်
ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို ဟိုကောင့်အတွက်ကျတော့
ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။

သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး
ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ ဖြစ်မှာပေါ့လေ။ တကယ်တော့
သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု အရင်းပြုရုံလေးနဲ့
စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊
ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ ဖြစ်သွားသူတွေပါ။ အများညီ
ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ ပြောတော့ကြောင်သူတော် ယိုတော့
ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သေကို
ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအဝိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။
အထင်လည်း မသေးပါဘူးနော်။ ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း
သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊
ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊ ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊
ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။
ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ်
ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို
ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့်
ကျွဲနှစ်ကောင်ကြားထဲက မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား
ဖြစ်မယ့် မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင်
သားကောင်ဆိတ်ဖြစ်နေပါပြီ။

တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဥ့်တစ်ကောင် မြားတစ်စင်း ဆိုတာကို မြင်ပုံမရဘူး။
ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။ အင်း…
မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ် ခေါင်းမှာစု
လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ပဲပြောပြော။
သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိရာ
ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။
ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ်
လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ
နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့
မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ
ကျားရှေ့ မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ
လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။ တကယ်ကျတော့
ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း ခြေမြင်ပြီးသားပါနော်။
အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး ငွေကြိုက်တာလည်း နွားငတ်ရေချ
ဆိုသလို၊ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင်
လမ်းဖြစ်မယ်လို့ ထင်နေတာလေ။ ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး
ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊
မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့
အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ
ဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို
နွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့… အင်း… ယုန်အတွက်
ချုံကကြောင့်ကြနေရတာပေါ့။

မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး
ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ ကိုယ့်အခြေအနေကလည်း လူမလေး
ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့ တုတ်သာသာရှိတော့…
ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။ အဲဒါကို
ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်
ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ… ခွေးဟောင်လို့
တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။ တစ်ခုတော့
မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။

ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။ ကိုယ်ကလည်း
ဘယ်ရမလဲ၊ ‘ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ်
မရမ်းတတ်ဘူး’ လို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ သစ်ပင်ရှာတာ
မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း ကျားစားရင်း
ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်
၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Style မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။
တကယ်တမ်းဆိုရင် ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း
ကိုယ်ကမင်းကို ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊
ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း လာလာမေးနေလေတယ်။
ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။ ကိုယ်ကလည်း
မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။

မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။ နွားကြော့ဆိုလေ
ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ… နွား
သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်
အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်
ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့
ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး
မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင်
မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။

တကယ်ပါ အချစ်ရယ် ကိုယ့်ဘဝဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ ပေါ့စေလိုလို့
ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက ကိုယ့်အသည်းနှလုံးတွေဟာ
မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ ကြောင်မရှိကြွက်ထ
ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို မွေးထားတဲ့
မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊ ငါးကြော်မကြိုက်
ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘဝဟာ
နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘဝမျိုးဖြစ်နေပါပြီ။ ယုံပါ၊
ကိုယ်ဟာ မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ
အမှန်ပါ အချစ်ရယ်။

တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ် ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ ချုံပေါ်ရောက်ပြီး
ရွှေပင်မှာနားတဲ့ ရွှေကျေးလေး ဖြစ်တော့မှာပါ။............။


graphical counter

Thursday, August 19, 2010

ခွင့်လွတ်စိတ်

Matthiola incana (紫罗兰)ဆိုတဲ့အပင်က သူ့ကိုနင်းချေတဲ့ခြေထောက်ကိုတောင် သူ့ကိုယ်ပေါ်က ရနံ့တွေနဲ့ မွှေးကြိုင်စေသတဲ့.... ဒါဟာ ခွင့်လွတ်ခြင်းပဲဖြစ်တယ်။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ တခြားလူတွေ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတဲ့ ကန့်သတ်ချက်တချို့ကို ထည့်ထားတတ်တယ်။ အကယ်၍ တစ်ဖက်သားက ကိုယ့်ကန့်သတ်ချက်ကို ဆန့်ကျင်ရင်၊ မလိုက်နာရင် သူတို့ကို မုန်းတီးတတ်ကြတယ်။ တခြားလူက "ကျွန်တော်တို့"ရဲ့ ကန့်သတ်ချက်ကို အရေးမလုပ်တာနဲ့ ကျွန်တော်တို့ စိတ်တိုမုန်းတီးရတာဟာ ရယ်စရာကောင်းမနေဘူးလား?
တစ်ဖက်သားကို ခွင့်မလွတ်တာနဲ့ တစ်ဖက်သားကို ဆုံးမရာရောက်တယ်လို့ လူအများက ထင်ကြတယ်။ တနည်းအားဖြင့် "မင်းကိုငါခွင့်မလွတ်မချင်း မင်းကံဆိုးမယ်မှတ်" ဆိုသလိုဖြစ်တယ်။ တကယ်တော့ ဒေါသအခိုးအငွေ့တွေနဲ့ အိပ်မပျော်၊ စားမဝင်ဘဲ တကယ့်ကံဆိုးသူက ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေပါတယ်။

လူတစ်ယောက်ကို စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိမှိတ်ပြီး ကိုယ့်ခံစားချက်ကို ခံစားကြည့်ပါ။ ကိုယ့်ခန္ဒာကို ခံစားကြည့်ပါ။ တခြားလူမှာအပြစ်ရှိတယ်လို့ ကိုယ်ခံစားမိရင် ကိုယ်ကိုယ်တိုင်လည်း မပျော်ရွှင်နိုင်ပါဘူး။

လူတစ်ယောက်မှာ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်၊ ကိုယ်နားလည်သလို နေနိုင်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ဘက်လူ အားနာစိတ်ရှိအောင် လုပ်ဖို့က မလွယ်လှတဲ့အပြင် "ကိုယ့်စားဝတ်နေရေး"ကိုလည်း ထိခိုက်စေတယ်။
လူအကြိုက် နတ်မလိုက်နိုင်ဆိုသလို မိုးသက်လေပြင်းကျလို့ ကိုယ့်အိမ်မြေအောက်ခန်း ရေမြှုပ်သွားတယ်ဆိုပါစို့။
"ရာသီဥတုကို ငါတစ်သက် လုံးဝခွင့်မလွတ်နိုင်ဘူးကွာ" လို့ သင်ပြောနိုင်မလား?
ငှက်တစ်ကောင် ကိုယ့်ခေါင်းပေါ် မစင်စွန့်ချတာနဲ့ ငှက်ကို မုန်းတီးလို့ ရနိုင်မလား? တကယ်လို့ မရနိုင်ခဲ့ရင် ဘာဖြစ်လို့ တခြားသူကိုလည်း မုန်းတီးနေကြဦးမလဲ? လေပြင်းမုန်တိုင်း၊ ငှက်တွေကို ထိန်းချုပ်နိုင်တဲ့အာဏာ ကျွန်တော်တို့မှာ မရှိသလို တခြားလူကိုလည်း ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်က လူတွေကို မုန်းတီးဖို့ လောကကြီးကို တည်ခဲ့တာမဟုတ်ဘူး။ တစ်ဖက်သားကို နာကျင်တယ်၊ မုန်းတီးတယ်ဆိုတဲ့အရာတွေကို လူတွေကပဲ ဖန်တီးခဲ့တာဖြစ်တယ်။

ခွင့်လွတ်တာနဲ့ပတ်သက်ပြီး ပြောရရင် ပထမဦးဆုံး မိဘတွေကို ခွင့်လွတ်ရမယ်။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ မိဘတွေမရှိဘူး။ ကိုယ်ငယ်ရွယ်စဉ်မှာ "ရာနှုန်းပြည့် မိဘကောင်းပီသရမယ်"ဆိုတဲ့ စာအုပ်တွေ၊ ကျမ်းတွေ ဈေးကွက်ထဲမှာ မရှိခဲ့သေးဘူး။ အိမ်ထဲ၊ အိမ်ပြင်၊ မိသားစုတာဝန် နောက်တခြားကိစ္စအဝဝကို သူတို့လုပ်ဆောင်ကြရတယ်။ သူတို့ဘက်က ချွတ်ယွင်းတာပဲဖြစ်ဖြစ်၊ အမှားလုပ်မိတာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွတ်ရမယ်။ သူတို့ကို တစ်ရက်ခွင့်မလွတ်နိုင်ရင် ကိုယ်လည်း တစ်ရက်နေ့ကူးကောင်းလိမ့်မှာ မဟုတ်ဘူး။

"အကယ်၍ အရမ်းဆိုးသွမ်းယုတ်မာတဲ့ လူတစ်ယောက်ကို ကျွန်တော်ခွင့်လွတ်ရမလား?" လို့ သင်မေးကောင်း မေးလိမ့်မယ်။

ကျွန်တော့်မှာ Sandy ဆိုတဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ ၁၉၈၇ခုနှစ် ဇန်နဝါရီလမှာ စိတ္တဇလူနာတစ်ဦးဟာ သေနတ်ကိုင်ပြီး သူအိမ်ထဲကျူးကျော်ဝင်ရောက်ခဲ့တယ်။ အဲဒီလူဟာ ပန်းကောင်းတစ်ပွင့်လို ဖူးပွင့်နေတဲ့ သူ့သမီး(၃)ယောက်ကို ပစ်သတ်သွားခဲ့တယ်။
ဒီအဖြစ်ဆိုးက စန္ဒီကို စူးစူးနစ်နစ် နာကျင်စေခဲ့တယ်။ သူ့နာကျင်မုန်းတီးမှုတွေကို ဘယ်သူက ဘာနဲ့မျှ မနှိုင်းပြတတ်ခဲ့ဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးနှစ်သိမ့်မှုကြောင့် ခွင့်လွတ်ခြင်းလမ်းကြောင်းပေါ် သူရောက်လာခဲ့တယ်။ နာကျင်မုန်းတီးခြင်းတွေကို သူစွန့်ပြီး လူသတ်သမားကို ခွင့်လွတ်ခဲ့တယ်။ ရှိသမျှအချိန်တွေ အသုံးပြုပြီး လူတွေကို သူအကူအညီပေးတယ်။ သူတစ်ပါးကိုပေးတဲ့ အကူအညီနဲ့ စိတ်ရဲ့တည်ငြိမ်ခြင်း၊ ခွင့်လွတ်ခြင်းကို သူရယူတယ်။

အတွေ့အကြုံအရ ကံကြမ္မာဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မုန်းတီးခြင်းတွေကို လူ့ဝန်းကျင်မှာ ဂရုစိုက်ခြင်းအဖြစ် သူပြောင်းလဲပစ်နိုင်ခဲ့တယ်။ အကယ်၍ စန္ဒီကိုမေးခဲ့ရင် "နာကျင်မုန်းတီးခြင်းကို စွန့်လွတ်လိုက်တာ ကိုယ့်ကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ ကိုယ်ကောင်းကောင်းမွန်မွန် ရှင်သန်ဖို့အတွက်ဖြစ်တယ်" လို့ သူပြန်ဖြေပါလိမ့်မယ်။
စန္ဒီနဲ့အဖြစ်တူတဲ့ လူတွေမှာ နှစ်မျိုးနှစ်စားရှိကြောင်း ကျွန်တော်သတိထားမိတယ်။ ပထမတစ်မျိုးက ကိုယ့်ဘဝကို နာကျင်မုန်းတီးခြင်းရဲ့အရိပ်အောက်မှာ ရှင်သန်စေတဲ့လူနဲ့ နောက်တစ်မျိုးက အဲဒီနာကျင်မုန်းတီးခြင်းတွေကို ကိုယ်ချင်းစာစိတ်၊ နားလည်စိတ်အဖြစ် ပြောင်းလဲနိုင်သူဖြစ်တယ်။
ဝမ်းနည်းကြေကွဲစရာ၊ ဖျားနာတာ၊ အထီးကျန်တာနဲ့ မျှော်လင့်ချက်မဲ့တာတွေဟာ လူတိုင်းရှောင်လွဲလို့ မရနိုင်တဲ့အရာတွေဖြစ်တယ်။ တနည်းနည်း၊ တစ်ချိန်ချိန်မှာ လူတိုင်းကြုံတွေ့နိုင်တယ်။ အဖိုးတန်ပစ္စည်း ဆုံးရှုံးခံရတဲ့လူတိုင်း အချိန်အတိုင်းအတာတစ်ခုထိတော့ ခံစားရစမြဲပါပဲ။ အဲဒီလိုခံစားပြီးနောက် ကိုယ်ပိုကြံ့ခိုင်သွားသလား? ပိုပျော့ညံ့သွားသလား? ဒါဟာ အဓိကအချက်ပဲဖြစ်တယ်။

မူရင်းရေးသားသူ -- Andrew Mathus



graphical counter

Wednesday, August 18, 2010

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အားဖူးမျှော်ချင်လျှင်

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အားဖူးမျှော်ချင်လျှင်

ကျွန်တော် တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ
အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဒီစာကိုပေးပို့သူကကျွန်တော်ရဲ့တစ်ဦးတည်းသော ကောင်မလေးပါသူကျွန်တော့်ဆီဖုန်းဆက်ပြီးမေးလာပါတယ် အရိမေတ္တေယျဘုရားဘယ်လိုပွင့်မလဲဆိုတာသိလားတဲ့
ကျွန်တော်က အရိမေတ္တေယျ ဘုရားပွင့်မယ်ဆိုတာတော့ သိကြောင်း ဘယ်တော့ပွင့်မယ်
ဘယ်လိုပွင့်မယ်ဆိုတာတော့ မသိကြောင်းပြောပါတယ် အဲဒါနဲ့ သူဒီနေ့စာအုပ်တစ်အုပ်ဖတ်ရကြောင်း အဲဒီထဲမှာ အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မယ်ဘယ်တော့ပွင့်မယ် ဘုရားရှင်ကိုဖူးမျှော်ချင်ရင် ဘာတွေလုပ်ရမယ်စတာတွေပါကြောင်း သူဖတ်ပြီး အရမ်း ကြည်ညိုကြောင်း ပြီးတော့
တစ်ခြားမသိသေးသူများကိုလဲ ဗဟုသုတ အလို့ဌာသိစေချင်ကြောင်း သူအဲဒီစာကိုဖတ်ပြီးပြီးချင်းပဲစက်ထဲမှာသူကိုယ်တိုင် အချိန်ပေးပြီးရိုက်ခဲ့ကြောင်းပြီးတော့ ကျွန်တော် ကိုအဲဒီစာကို အလင်းစေတမန်မှာ ပို့စေချင်ကြောင်း

(သူကိုယ်တိုင်ပို့လည်းရပါတယ် ဒါပေမယ့်ကျွန်တော်ကိုကုသိုလရစေချင်လို့တဲ့)
အလင်းစေတမန်မှတဆင့် မန်ဘာများက ဖော်ဝေါ့ပြန်လုပ်ပါကသူတို့လည်းကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ`ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗန်ဖြစ်ပါတယ်
အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီးရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။
အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်းလိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ်။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာသီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရအရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်းနောင် အနာဂတ်ကာလမှာအရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။
အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက်
ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီးအထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း
ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သောအတိတ်အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗြဟ္မပုဏ္ဏားကြီး၏ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူတစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော်
၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။
အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီးခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား
ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီအာသဝေါကင်းသည်ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့”ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။
ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော
နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းကခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀
ရှိမယ်။
ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကားမြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူးရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်းတစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာမောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း
အချိန်တန်လို့အရွယ်ရောက်တဲ့အခါစန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်းသူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကားစန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့
နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲအရောင်တဝင်းဝင်းထိန်နေမယ်။
အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က
ရှင်ဘုရင်တွေနတ်သားတွေကဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။
အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာအနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့
ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်းနိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။
ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏
ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီးသံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။
အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါအဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော
ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေးသူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီးနေကြလိမ့်မယ်။
နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်
ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေမင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ
စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။
တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း
စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့်တောထွက်သွားကြလိမ့်မယ်။
နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း
ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသောလက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။
သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက
ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေကရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏
တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။
ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေကရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့
မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့်ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။
အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ
ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကိုခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။
စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေးရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ်ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး
သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။

ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီးပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။
ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း
အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့
ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။
ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှလူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ
အလေးဂရုပြု ကိုးကွယ်နေကြတာ။
တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကိုအလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု
ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာမြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့
ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံးအကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်းပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့်ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည်
ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင်နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီးရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့
ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။
ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန်ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာအိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ
မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိလိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်းမရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။
ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီးဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင်အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။
အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလိုမိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချောအင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။
အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ
အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက်ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။
စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။
နေ့ညခွဲမရ
အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ
ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်းညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီးနေ့ညခွဲယူရလိမ့်မယ်။
ပရိနိဗ္ဗာန်စံမည့်အရွယ်
မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော
ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်ကအနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင်ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။
ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းကဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။
အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။
သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။
အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်
ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ
ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း
ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲစိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ်ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း
ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ်ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ်ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပုဂ္ဂိုလ်အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်
ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်….
အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲအရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။
အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..
မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကိုခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကိုမချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား
အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
မူရင်းရေးသားသူအမည်မသိသဖြင့် မဖော်ပြနိုင်တာခွင့်လွှတ်ပေးပါ..

Tuesday, August 17, 2010

လွတ်မြောက်နိုင်စေတာ..... ၊ အတွေးမှတ်စုများ (၈) ၊ အတွေးမှတ်စုများ (၁၄)

- လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင်
အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။



- ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊
ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။



- သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ
ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။



- ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။



- ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။
ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။



- သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။
ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ
မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။



- ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။
ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊
အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။



- သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။



- ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို
မဖြုန်းသင့်ပါ။



- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး
ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။
ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။



- ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။



- လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ
အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။



- ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။



- သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ
မရင့်ကျက်တဲ့စိတ်။



- သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။
သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ
ဖေါ်ပြနေပါတယ်။



- သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား
လို့ပြောတာနဲ့ တူပါတယ်။



- တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့ အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။



- တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေ
နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။

(ဆရာတော် ဦးဇောတိက)



အတွေးမှတ်စုများ (၁၄)

- သင့် အတွေးတွေကို သတိပြုပါ၊ သူတို့က စကားလုံးတွေဖြစ်လာတယ်…..။
သင့် စကားလုံးတွေကို သတိပြုပါ၊ သူတို့က လှုပ်ရှားမှုတွေ ဖြစ်လာတယ်….။
သင့် လှုပ်ရှားမှုတွေကို သတိပြုပါ၊ သူတို့က အလေ့အထတွေ ဖြစ်လာတယ်….။
သင့် အလေ့အထတွေကို သတိပြုပါ၊ သူတို့က စရိုက်ဖြစ်လာတယ်….။
သင့် စရိုက် တွေကို သတိပြုပါ၊ သူတို့က သင့် ကံကြမ္မာ ဖြစ်လာတယ်….။




- လူအချို့ကား မွေးဖွားလာကတည်းက အောင်မြင်လာကြသည်။
လူအချို့ကား အောင်မြင်မှုကိုရအောင် လုပ်ယူခဲ့သူများ ဖြစ်သည်။
လူအချို့မူကား ဘဝတွင် အောင်မြင်ရန် ဇာတာပါလာသူများ ဖြစ်သည်။




- ကျောက်ပွင့်တစ်ပွင့် သည် ပွတ်တိုက်မှုမရှိပဲ ဖိတ်ဖိတ်တောက်ပြောင်လက်
တောက်ပလာလိမ့်မည် မဟုတ်သလို ဒုက္ခတွေ မကြုံတွေ့ရပဲ လူတစ်ယောက်သည်
လူတော်လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မည်မဟုတ်။




- တစ်ခုခုလုပ်ဖို့ ကြိုးစားပြီး မအောင်မြင်သူများသည် ဘာမျှလုပ်ဖို့
မကြိုးစားပဲ အောင်မြင်သူများထက် အဆုံးအစမရှိ ပိုတော်ကြသည်။




- ကျုပ် ကို ခပ်ကြီးကြီး လီဗာတစ်ခုသာပေး ပါ၊ ကျုပ် ဤကမ္ဘာမြေကြီးကိုရွှေ့ပစ်
လိုက်မယ်။




- ကျွန်ုပ် အလုပ်ကြိုးစား ပမ်းစားလုပ်လေ ကျွန်ုပ် ကံကောင်းသလိုရှိကြောင်း
တွေ့ရလေ ဖြစ်လာတယ်။




- လျှောက်ခဲ့တဲ့ လမ်းက ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဖက်က ချော်လဲရင်
ကျန်ခြေတစ်ဖက်ကလဲ လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်၀၀ ရှူပြီး ကိုယ့်ကိုယ်ကို
အသိပေးလိုက်တယ်။ “ဒါဟာ ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာ အကြောင်း
လုံးဝမရှိဘူး”။




- ရှုံးနိမ့်မှုတိုင်းမှာ အမြတ်ထုတ်ယူပါ။ လဲကျပြီဆို လျှင်လဲ ရှေ့သို့ လဲကျပါ။




- အခုသက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။
လုပ်သင့်တာတွေ ဆက်လုပ်နေပါ။ ဖြစ်သင့်တာတွေက ဖြစ်နေမှာ။




- အမှောင်ကြောက်သော ကလေးတစ်ယောက်အား ကျွန်ုပ်တို့ လွယ်လွယ်ကူကူ
ခွင့်လွှတ်နိုင်ကြ၏။ အချို့လူကြီးတွေ အလင်းကိုကြောက်ခြင်းမှာ ဘ၀၏ အမှန်တကယ်
ကြေကွဲစရာဖြစ်သည်။




- အသိဥာဏ်ရင့်ကျက်လာလေလေ အပြင်မှာ အားကိုးစရာမရှိမှန်း သိလာလေလေပဲ။
ကိုယ့်ရဲ့ ပြုမူ ဆောင်ရွက်မှု မှန်သမျှ တခြားသူ ဖြစ်စေချင်တဲ့အတိုင်း
လက်ခံထားတဲ့သူဟာ သူများကျွန်ပဲ။




- ရယ်မောစရာလေးတစ်ခုပြောပြီး ကျွန်ုပ်ခင်မင်တဲ့သူကို ရယ်အောင်လုပ်တယ်။
ဒါဟာဟာ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ပေးလိုက်သလိုပါပဲ။




- ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားသူဟာ သူတစ်ပါးကို ဂုဏ်သိက္ခာကျအောင်
မပြောဘူး။ မလုပ်ဘူး။




- မိတ်ဆွေကောင်းတစ်ယောက်တိုးလြာ
ခင်းဟာ ကိုယ့်လောကကြီး ကျယ်လာတာနဲ့
အတူတူပါပဲ။
မိတ်ဆွေကောင်းမရှိတဲ့ လောကဟာ သိပ်ကျဉ်းမြောင်းတယ်။




- ကိုယ်ချင်းစာနာစိတ်တစ်ခုကို လက်ကိုင်ထားရင်ပဲ အင်မတန်
မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ....။




-

ဘ၀ကို အနှစ်သာရ ပြည့်ပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လျှင်၊
လောကကြီးကို အထိရောက်ဆုံး အကျိုးပြုချင်လျှင်၊
အေးချမ်းတည်ကြည်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်လျှင်၊
ကိုယ့်အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်လျှင်၊
အချိန်တိုင်း၊ တခဏတိုင်း တခဏတိုင်းကို သတိလေးနဲ့ နေပါ။



- လောက၌ အမြတ်ဆုံးဥစ္စာသည် *သဒ္ဓါတရား၊ ယုံကြည်မှု *။


- နေ့စဉ်ရက်ဆက်ပွားမည်သည်ရှိသော် ချမ်းသာကိုဆောင်သောအရာကား *ဒါန၊ သီလ၊
ဘာဝနာတရား ။*


- အရသာအပေါင်းတွင် အချိုမြိန်ဆုံးကား *သစ္စာအမှန်တရား ။*


- *ပညာ* ဖြင့်အသက်ရှင်ခြင်းသည် အမြတ်ဆုံး ။


- သြဃလေးတန်ကို ကူးမြောက်နိုင်တာ* သဒ္ဓါတရား၊ ယုံကြည်မှု ။ *


- ဘ၀သံသရာကို ကူးမြောက်နိုင်တာ *အပ္ပမာဒ သတိရှိမှု ။*


- အိုနာသေ ဘေးဒုက္ခများမှ လျှော့ကျစေတာ *၀ီရိယ၊ လုံ့လတရား ။*


- ကိလေသာအညစ်အကြေးကို စင်ကြယ်စေနိုင်တာ* မင်္ဂပညာ ။ *


- သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို
တဏှာ နဲ့ချစ်ရင် စိတ်ပူလောင်ရတယ်၊
သဒ္ဓါမေတ္တာ နဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။
ဒေါသ နဲ့မုန်းရင် စိတ်ဆင်းရဲရတယ်၊
သတိ ဥာဏ်နဲ့မုန်းရင် စိတ်အေးချမ်းသာရတယ်။
တဏှာနဲ့မချစ်တတ်သူ၊ ဒေါသနဲ့မမုန်းတတ်သူ ဘ၀တိုင်းဖြစ်ပါရစေ…….။

(အရှင်ဆန္ဒာဓိက)

တိတ်တိတ်ပုန်း ဟာသ

ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပါယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P)

(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

(၃) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။

"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"

"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"

"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"

"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"

"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"

(၄) ပဟေဠိ တိတ်တိတ်ပုန်း

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"

(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း

လူတစ်ယောက် .. သူက အလောင်းတွေ အခေါင်းထဲမထည့်ခင် ရေချိုး၊ စစ်ဆေးမှုတွေ ပြုပေးရတဲ့လူဖြစ်တယ်။ တစ်ခါက ဦးခင်ရဲ့အလောင်းကို ရေချိုးစစ်ဆေးနေတုန်း အံ့သြစရာတစ်ခု သူသွားတွေ့တယ်။ အဲဒါက ဦးခင်ရဲ့မွေးရာပါဟာ သာမန်ထက် ကြီးနေလို့ဖြစ်တယ်။ ဒါနဲ့သူက "ဦးခင်.. ဦးခင်.. ကန်တော့ပါနော်။ ခင်ဗျားကို ကျွန်တော် ဒီအတိုင်း မီးသင်္ဂြိုလ်လိုက်လို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ထူးခြားတဲ့မွေးရာပါကိုတော့ နောက်လူတွေတွေ့မြင်နိုင်ဖို့ ခင်ဗျားချန်ခဲ့မှဖြစ်မယ်" ဆိုပြီး ဦးခင်ရဲ့မွေးရာပါကို ဖြတ်ထားခဲ့လိုက်တယ်။

အဲဒီနောက် အိမ်ပြန်ရောက်တော့ မိန်းမကိုပြချင်တာနဲ့ "မိန်းမရေ.. မိန်းမရေ.. ဒီမှာလာကြည့် နင်လုံးဝ မယုံနိုင်တဲ့ပစ္စည်းတစ်ခု ငါပြမယ်" ဆိုပြီး အထုပ်ကို ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။

"အမလေး... ဦးခင်ကြီး သေသွားပြီလား!"

(၆) မတော်တဆ တိတ်တိတ်ပုန်း

ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ် (၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား!" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။

(၇) အူတူတူ တိတ်တိတ်ပုန်း

ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။

"နင့် အမေရော!"

"မေမေ အိပ်ခန်းထဲမှာ...."

အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။

"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"

(၈) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း

လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"

မှတ်ချက်..... တကယ်လို့ ဒီ "တိတ်တိတ်ပုန်းဟာသ" က ရယ်ရတယ်ဆိုခဲ့ရင် တိတ်တိတ်ပုန်းပြီး မရယ်ပါနဲ့... သူငယ်ချင်းတွေကို မျှဝေပြီး အားပါးတရရယ်ပေးပါ။

အင်တာနက်ပေါ်က တိတ်တိတ်ပုန်းများကို နိုင်းနိုင်းစနေ ရှာဖွေတင်ပြသည်။

မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ...

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော် မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -

ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့်၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ငါသည် လည်းကောင်း၊ သင်တို့သည်လည်းကောင်း၊ ရှည်လျားလှစွာသော ဤ(သံသရာ) ကာလပတ် လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

အဘယ်လေးပါးတို့ကို(မသိခြင်းကြောင့်)နည်းဟူမူ-ရဟန်းတို့ ဆင်းရဲအမှန်(ဒုက္ခအရိယသစ္စာ)၊ ဆင်းရဲဖြစ်ကြောင်းအမှန် (သမုဒယအရိယသစ္စာ)၊ ဆင်းရချုပ်ရာအမှန် (နိရောဓအရိယသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ်အမှန် (မဂ္ဂအရိယသစ္စာ) ဖြစ်သည်။

ရဟန်းတို့ (ငါသည်) ထို အရိယ သစ္စာလေးပါးကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း( ဘဝတဏှာ) ကို အကြွင်းမဲ့ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် အပေါ်တွင် ရေးသားဖော်ပြခဲ့သော စကားကို မိန့်တော်မူပြီးလျင် ဤသို့ဆိုလတ္တံ့သော စကားကိုလည်း မိန့်တော်မူပြန်၏-

"အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သောအတိုင်း မသိခြင်းကြောင့် ထိုထို ဘဝတို့၌ ရှည်လျားလှစွာသော(သံသရာ) ကာလပတ်လုံး ကျင်လည်ခဲ့ရလေပြီ၊ ထိုအရိယသစ္စာတို့ကို (ငါသည်) သိမြင်ပေပြီ၊ ဘဝသစ်ကိုဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာကို ကောင်းစွာနုတ်ပယ်ပြီး ပေပြီ၊ ဆင်းရဲ၏ အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးပေပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ" ဟု (မိန့်တော်မူ၏)။

*** မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အလေးအနက်ထားတော်မူရခြင်း အကြောင်းရင်းကို စာဖတ်သူများ နားလည်သဘောပေါက်နိုင်ပါသည် ။ မြတ်စွာဘုရား၏ အလေး အနက်ထားမှုကို ကျွန်ုပ်တို့မှ လေးစားစွာဖြင့် နာကြားကျင့်ကြံရမည် မဟုတ်ပါလား….

မြတ်စွာဘုရားသည် ထိုကောဋ္ဋိရွာ၌ နေတော်မူစဉ်လည်း ရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျင် အကြိမ်များစွာ ဟောတော်မူ၏ -

"ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကားပညာတည်း။

• သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသောအကျိုးအာနိသင်ရှိ၏။

• သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင်ရှိ၏။

• ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျင် လွတ်မြောက်၏" ဟု(ဟောတော်မူ၏)။

Saturday, June 28, 2008

Not getting any responses to your job application?

Find your dream job

Every employer has preferences on how he wishes to receive job applications.
I would be written (including e-mail), verbal (over the phone) or in person. It is important that you follow their instructions closely if you hope to get a response.
Remember, your application is not the only one that an employer will receive. Therefore, try to see things from his point of view.
Some employers want applicants to fill out application forms at their office even though they may already send in their resumes.
These may be requirements that the employer’s company may have to fulfill as
part of their human resource policy.
Think about what they are asking for and how they are asking you to apply. This may give you clues on what is important to the employer.
Occasionally, some employers ask or a handwritten letter of application. Do not send a typewritten one instead.
If you are going through the trouble of applying for the job, why not do what the employer asks?
Before you send in an application, though, ask yourself and the following questions;

Are my qualifications and experience suited for the job I wish to apply for?
Do I have a particular skill or qualification that may be utilized fully in this job?
What type of career prospects does this job offer?
Does this meet my overall career objective?
Is this job congruent to my beliefs and values?
What are the learning opportunities offered by this job and company?
Does the work environment suit me?



Keep an open mind
Do not prejudge any opportunity without considering the possibilities. Use the job search processes as a chance to discover yourself.
Some employers require job applicants to undergo personality tests, while others may not have considered.
Dollars and sense
Ask the reasonable remuneration. Some employers want to pay too little. There are also employees who want to earn too much. Do not compare salaries with your peers.
Sometimes the job title may be identical but the job scope may be very different. Be sure to think about the career path and opportunities that the position offers.
A good place to find out what you can possibly earn is the job pages in the newspapers as some employer advertise salary levels.
Read the job description which may be included in the advertisement. You can also get accurate salary information from reputable human resource consultancies.

Develop a strategy
Take a strategic approach to your job search. Study the market on opportunities available and your competition.
Who are the people who are likely to complete with you? What is their profile? What strengths or weaknesses are they likely to have?
Also think about your own unique selling proposition- what do you have to offer?
Also think about, your own unique selling proposition- what do you have to offer?

Make the effort
Looking for the ideal job always requires effort on the part of the applicant.
Go the extra mile, treat the job search process as a challenge and a learning opportunity. Your effort will not go in vain.
Some employers tend to set tasks for prospective employer tend to set tasks for prospective employees to do.
Usually, they are not testing the applicant on the content of the project but on their willingness to try something new.
Such an employer is actually saying: “I am interested in you, I am willing to make the time for you but are you wiling to make the time for our company?”