Tuesday, January 4, 2011

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး

ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ

သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာ

ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝ

အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်

တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်

လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ

ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့

့မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက် ကိုယ့်

အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်

မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။

သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀

ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။

သူအလုပ်လုပ်တဲ့စားသောက်ဆိုင်

ကလူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။

အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာတနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေ

ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူမဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့

တာလည်းကြာခဲ့ပါပြီ။ ဒီနေ့တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရ မနေနိုင်

လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှ မတိုက်တွန်းပဲ

သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်

လုပ်ပြီး ည ၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာ

အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး

တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်

ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်း

ကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့်

(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်

အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက

သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို

မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင်

စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်

ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို

မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ

ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ

လေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့

ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး

ပါလား။ စကပ်လေးတိုနန့်နန့်နဲ့ မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင်နဲ့ ထိထိုင်ကာ

စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်

ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက်ကောင်လေးက ဘုရားပေါ်

လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း

ထွက်မိတယ်၊ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး

ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ်

နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း

မွှန်နေတဲ့ အရက်နံ့၊ မျက်နှာတော်တည့်တည့်မှာ တစ်ကိုယ်

လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာ

မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ဘုရားရုပ်ပွား

တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်

နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ

သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာတော့ တကယ်သနား

နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ

ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့

မိန့်တော်မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ

ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်

ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက် လူတိုင်းမှာတာဝန်ရှိတယ်။ တာဝန်

ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုးအောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး

ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။

ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာ ခံယူ

လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့

အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်ကို ကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်

သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ

ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်

တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊

ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံ

စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ

တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်

ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊

ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ

ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်

နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့

မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း

ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့

မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့

့ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊

နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်

မရာတွေ ပြုလုပ်နေတာကိုတွေ့ရင် နင်တို့ကြိုက်ပါ့

မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့

အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်

မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း

အမှန်တရားကို လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်

မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး

သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊

ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ

ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို

၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်

ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်

မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း

ထဲသို့ ၀င်ခဲ့မိပြန်တယ်။

“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊

ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း

ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိတယ်။ မန်နေဂျာက

လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့

နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့

ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။

သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်း ကူညီရှာပေးတယ်။ လော့စ် အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို

အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်

“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ

ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။

နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ

တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း

တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ

က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ

ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး

ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်

ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး

ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း

လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်

မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း

တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာ ကထဲက

ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း

က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။

အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်

တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး

ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း

လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။

ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်

သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”

လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်

ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရ လျှောက်ထားလိုက်မိတယ်။

သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်

ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်

ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်

ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်

ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။

ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ

စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ

မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို

အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။



graphical counter

Friday, October 22, 2010

ဖျားနာနေတဲ့ ရန်ကုန်မြို့

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့

ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊

ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ ၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။

တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။

ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။

တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ် နဲ့ KTV လို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။

အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။

အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို

ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။

တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။

တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။

အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။

ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့ လှောင်ပြောင် ခေါ်နေကြပြီ။

မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊ သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊

သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း ဖြစ်ရမယ်

အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင်

သူဟာ မြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။

ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ ရှင်သန် နေထိုင်တုန်းပါ။

သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့ ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို

တစ်ယောက် ကိုယ်ငွေ့ တစ်ယောက် ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။

လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ် ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။

ရာသီဥတု သာတောင့်သာယာ ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။

အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေဆိုပြီး ပုံပြင်တွေ အမျိုးမျိုး ကြားရတတ်တဲ့မြို့။

အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီးစီးမေးတတ်တဲ့မြို့လေ။

အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို

အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။

ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။

ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။

ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာကွယ်ရသလို

ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊ တက္ကသိုလ်ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို ဟားတိုက်ခဲ့တာပဲ။

ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့ အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။

ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ ဆာလောင်တတ်ခဲ့တယ်။

မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။

အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။

သူမှ မစောင့်ရှောက်ရင် အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။

ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။

ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့ ကလေးငယ်တွေ သိပ်များနေတဲ့မြို့။

အဝေးရောက် လင်သားတွေ အလုပ်အကိုင် အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။

လယ်ကန်သင်းတွေကို ဖြို၊ မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။

အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ ကျရောက်နေလို့။

သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်

`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတတ်ခဲ့´။

အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။

လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက် သိပ်အရေးမကြီး။

ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင် ပြဿနာရှာပေးတတ်ပြီ။

ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။

မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့်

ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့ အသောက် မပျက်တဲ့မြို့။

လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို ထိန်ချန်လို့ မရဘူး။

အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့ တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။

မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး နောက်ဖေးပေါက်က ပြန်တက်၊

သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ ရှိနေတတ်တဲ့မြို့။

မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။

အတုကလည်း ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။

ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊

ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊

အမွေစား အမွေခံအတု၊ လက်ထပ်စာချုပ် အတုကနေ အတုဆိုရင် အကုန်ရှိနေတတ်တယ်။

ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊

ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊

တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊

အသက်ရှူကျပ်ရင် ကင်းမြီးကောက် ထောင်ပြီး နေထိုင်ပါ၊

မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ အခွင့်အရေးတစ်ရပ်။

အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး

အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်

အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့ ရန်ကုန်။

လမ်းကြုံရင် လာလည်ပါ။

ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။


graphical counter

Tuesday, October 5, 2010

ကြောက်စရာကောင်းတဲ့လိပ်စာကဒ်...

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်
ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်
အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင်
ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့
ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့
မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့်
ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက
ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို
နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအား
ခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကား
ပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ
ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို
လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့
ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကား
စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း
ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကို လူတွေ
သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို
မောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်
ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေက
တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…

လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု
အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ်
အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက
'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာ
မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ
ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ
ပိုပြင်းပါတယ်။ ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ
လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့
အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊
လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်
တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ်
လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်း
ပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေ ရှောင်ရှား
နိုင်ကြပါစေ။


fwd mail ကနေပြန်မျှဝေပေးတာပါ...........
.....



graphical counter

Sunday, October 3, 2010

မြန်မာပြည်တွင်လုပ်သည်... (Made in Myanmar)

graphical counter

မြန်မာ့နည်းမြန်မာ့ဟန်

မြန်မာ့နည်းမြန်မာ့ဟန်လို့ပြော
ရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး
...ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ( ဂဲဟုအသံထွက်သည်။ )
(စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့်
အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို
သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ
ဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။
အခုအထိလည်းရောတုန်း..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း
မြန်မာပြည်တွင်လုပ်သည်။

ကြက်သားရေထိုး

နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့
ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီး
ကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူး
အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။
မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကို
ရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။
မြန်မာပြည်တွင်လုပ်သည်။

ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်

နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့
အသံမထွက်ဘူး။ ခဲပဲ။
ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက
အမေကျော်ဒွေးတော်လွမ်းပြီး ...
အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေတော့ ...
မြန်မာပြည်သူပြည်သားတွေအတွက်အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ ....
အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။

ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီ

တကမ္ဘာလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို
ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။
လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဥာဏ်တော်
ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical
တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို
ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။
မြန်မာပြည်တွင်လုပ်သည်။

ပါရာစီတမောသွေးဆေး

တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့
တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။
မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး
မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။
မြန်မာတိုင်းရင်းဆေးအစ
ပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။
အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ဂီယာတုတ်ထောက် ၊ ကတ်တောက်ကြိုးချည် ၊ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင်

မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့်
တကမ္ဘာလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော
တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက
တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆိုးဆေးလှလှ

အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အ၀တ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့
သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင်
အလတ်စားယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့
မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက်
တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။
ဖရဲသီးရောင်းရင် ဓားမှာ ဆေးသကြားသုတ်ထားတဲ့လူမျိုးလည်း
သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။


ရွှေညောင်ပင်ကို ကားပြရတယ်

ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင်
အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း
မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို
ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ့်တို့တွေ အတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊
သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။

စားအုန်းဆီမွှေးမွှေး

တကမ္ဘာလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း
သတ်မှတ်ထားတဲ့စားအုန်းဆီကို
ပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ကွက်လပ်ကွက်လပ်ရဲ့
စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။
(ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့
လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။
မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် ။

ExpiryDate ဖြစ်ရင် label လဲပေးတယ်

အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။မုန့်လုပ်ငန်းတွေက
အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊
ကျန်တဲ့မုန့်ထုပ်တွေ၊ Expiredဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့
မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတယ်။ အံ့ဖွယ်
ဥာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။

ပလတ်စတစ်အကြော်

အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။
စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး
သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ရေဘူး
ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို
ထည့်ကြော်ဖို့စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊
replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော
မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။

ယမ်းစိမ်းကင်

သေဒဏ်ပေးခံလိုက်ရတဲ့နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်က
သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့
တဖွဖွပြောသွားခဲ့ရှာမှာ။ အသားတွေ ငါးတွေကင်ဖို့ အသားကင်အတွက်
ယမ်းစိမ်းဆိုတာမျိုးကလည်း
ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက
ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့
ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။

ပိုးလောက်လန်းရေသန့်ဗူး

ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း
မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း
ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ
အိုင်ဆက်အို လက်မှတ် ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ ...
မြန်မာတွေက ပါရမီရှုင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။

သတင်းစာ ရေစိမ်

အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ်
မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ချိန်ရင်
နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း
မပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး
ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်တစ်ပိဿာက
ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ
တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း
အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆီကို ရေထိုး ၊ ဘိလပ်မြေ ကျစ်စာခဲရော

အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက်
ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက
လုပ်ထားတာ။ ဒီထက်နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို
ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။
မြန်မာတွေရဲ့ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံမှုမှာတော့
စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။ ဘိလပ်မြေကို ကျစ်စာခဲေ၇ာ ပါကင်ပြန်ပိတ်
.... ဒါလည်းမြန်မာပြည်တွင်လုပ်သည်။

မြေမှုန့် သနပ်ခါး

သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။
ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။
မြန်မာပြည်တွင်လုပ်သည်။
သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။
သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ
မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။
မြန်မာပြည်တွင်လုပ်သည်။ မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။

ဘယ်သူရှာဖွေစုဆောင်းထားတာလဲ မသိဘူး။
မှတ်သားလောက်ပါတယ်.......မိတ်ဆွေတို့လည်း Made in Myanmar ထဲက ဘာတွေ
ကျန်သေးလဲဆိုတာ ၀ိုင်းဖြည့်ပေးလိုက်ပါအုံး......

ကားခုံတွေပြင်တယ်

ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက 45 ခုံပါ။
ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာညှိလိုက်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့
ကျတော့ 85 ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စ
လည်း မရှိလေတော့ အရေးပေါ်ထွက်ပေါက် များကိုလည်း ခုံနဲ့ ပိတ်ပစ်ကြပါတယ်။
ဒါနဲ့ပဲ ခရီးသည်များခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း
ထိုင်ရတာတို့တွေ ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း
ဂတ်စ်အိုးထားရဖို့ အဓိကဆိုတော့ လူက ဘယ်လိုထိုင်ထိုင်..ရတယ်မဟုတ်လားဗျာ။
မြန်မာပြည်တွင်လုပ်ပါသည်။


ဝါးပိုးဝါး နဲ့ ဆလပ်လောင်း

လွန်ခဲ့သောနှစ်များဆီက .. ဆောက်လက်စ အဆောက်အဦးတစ်ခုကို ၀င်စစ်တော့
တိုက်အလည်တိုင်တွေမှာ သံချောင်းတွေ ရှိရမယ့် အစား ၀ါးပိုးဝါးတွေခံပြီး
ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ
ဝါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။
ဒါနဲ့ ကမ္ဘာကို ဒီနည်းပညာသစ်ချပြဖို့ မ၀ံမရဲ ဖြစ်နေသေးတာကြောင့်
ကန်ထရိုက်ကို အစိုးရ အစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြပါသတဲ့။
မြန်မာပြည်တွင် လုပ်ပါသည်။


ဘီစကစ်အမှုန့် ကွေကာအုတ်

ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ ကိုယ်တို့အတွက်ကတော့..
ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ.. oat ဆိုတဲ့ ဂျုံနဲ့
လုပ်ရမယ့် ကွေကာအုတ်ကို ရွှေမြန်မာအချို့က ဘီစကွတ်စက်ရုံက အကျိုးအပဲ့
မုန့်အစတွေ ၀ယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာအုတ် ထုတ်ပါသတဲ့။ ကောင်းလေစွ



အုန်းဆံခွံ ခြင်ဆေးခွေ

တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့ ဘာလုပ်ဖို့တုန်း
တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ ထုတ်ဖို့အတွက် အဓိက က
အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့မှတော့ ခြင်ပြေးတာ
မဆန်းပါဘူးလို့ပဲပြောချင်တယ်။


နွားနို့တစ်ရူးဖတ်

နွားနို့ ထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြတယ်မဟုတ်လား
။ အဲဒီနွားနို့ ထဲမှာ မလိုင်ဖတ်ကလေးတွေ ပါတယ်လေ။ မလိုင်ဖတ်မပါရင်
မသောက်ချင်တဲ့ သူတွေ ၊ နွားနို့ အစစ်လို့ မထင်သူတွေအတွက်
မလိုင်ဖတ်အတုပေါ့ဗျာ။ နွားနို့သောက်ချင်စိတ်လည်း
ပျောက်ရင်ပျောက်သွားလိမ့််မယ်။ တစ်ရူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး
နွားနို့ထဲထည့်ပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်ဗျာ။ သာကီဝင်
ရွှေမြန်မာတွေပါ။


ဖွဲနုငရုတ်သီးမှုန့်

ဟယ် .. ဒီငရုတ်သီးအနုမှုန့် ကဘာမှလည်း အရသာမရှိပါ့လား.... အရောင်ထွက်တာပဲရှိတယ်...
မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့် အရသာခံမနေပါနဲ့ ..ဖွဲအရသာကိုသာ
မြည်းကြည့်ပါတော့လို့ပြောချင်ပါတယ်။


ပုံနှိပ်စာအုပ်အတု

ဟုတ်ကဲ့ ..... ဒါကတော့ .. ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့
ဈေးကွက်တစ်ခုပါ.. လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်..ကျောင်းက စာအုပ်က
ခွဲတမ်းနဲ့ ရတာမလို့တဲ့.. ကလေးက ဖတ်စာအုပ်မရဘူးတဲ့ (ပညာရေးဖြင့်ခေတ်မီ
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်မလို့ဟာကိုကွာ .... တောက်...
ဖတ်စာအုပ်မရှိတာနဲ့ မဆောက်လိုက်ရဘူး ) ဤကား စကားချပ်..........
ဝယ်ခဲ့ပေးဆိုတာနဲ့ ၀ယ်ဖူးတယ်.. ဈေးကလဲကောင်း စာရွက် အသား ကလဲကောင်း ..
အပြင်က စာအုပ်က ပိုကောင်းနေတယ်..ဟ ဆိုတော့ ရောင်းတဲ့လူက အတုမို့ လို့
ကောင်းတာပါတဲ့ဗျာ.................

ရှိသေးရင် ဖြည့်ပေးကြပါဦးခင်ဗျာ

အင်တာဗျူး

graphical counterမေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ
သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။
ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့
ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။
လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင်
ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့
တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့
တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော
ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့
ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊
သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက်
သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။

မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့
မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင်
University Graduate တွေဟာ များသောအားဖြင့်
နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ
မောင်လေးတို့ရော။


ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့
စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။
တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့
မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့
ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က
ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့
မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို
နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ
စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။


မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။
မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့
ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ
နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့်
တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့
အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက
အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။


မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို
ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က
ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို
ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS
လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ
ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။
အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့
PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း
ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု
မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက
လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင်
လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်ေ
နတဲ့ ဘကြီးဘုန်းကြီးနဲ့ကို
ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC
စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂
ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ
အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ
ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။


မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက
မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့
ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊
မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။

မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ
နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ်
စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ
ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ
လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။
သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။

ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက
စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့
သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့
အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။
ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။
ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ
အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ
ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို
ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့်
ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။

မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။
ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည်
ကို့လူမျိုးအတွက်ပေါ့။

ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ
မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့
တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက
ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း
ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို
ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက
ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။
ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့
ဝင်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။
စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့
ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့
စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့
ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။

အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်

ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က
အစ်မကို ကျေးဇူးအထူးတင်ပါတယ်။

Wednesday, August 25, 2010

ပျော်ရွှင်တဲ့ စိတ



တစ်ခါက် လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ
ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ...



graphical counter

ပျော်ရွှင်တဲ့ စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။ တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။ လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။ နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။ တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။ ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။ "ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့ "ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။ ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။ ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။ လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ.... အထီးကျန်ဆန်ခဲ့ဖူးသလား? ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား? အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။ ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။ ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား? ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ...
graphical counter