Tuesday, June 26, 2012

ရိုဟင်ဂျာ စနက်တံ နဲ့  မြန်မာ အစိုးရ ဘာလဲ ၊ ဘယ်လဲ by-တင်ကျော်ကျော်စိုး(FNG)


ခိုင် ပြည်နယ် မြောက် ပိုင်း မှာ အခြေစိုက် တဲ့ မြန်မာ စစ်တပ် က အရ
ရှိ တွေ ဟာဘင်္ဂါလီ ရိုဟင်ဂျာ တွေ နဲ့  ပေါင်းပြီး ကိုယ်ကျိုးစီး ပွား ရှား ဖွေ မှု တွေ ၊ ဒေသခံ တွေ ရဲ့  ပြဿနာတွေ ကို ဦးစားမပေး မှု တွေ ကို ၊ ဘင်္ဂါလီ တွေ ရာဇ၀တ် မှု ကျူးလွန် ခဲ့ တာ တွေ ကို မသိကျိးကျွံ့ ပြု ခဲ့ တာ တွေကို FNG မှ မကြာခင် တင်ဆက် ပါတော့ မည် ။ စောင့်မျှော် ဖတ် ရှု ကြပါ။

ရခိုင် ပြည်နယ် မြောက် ပိုင်း တွင် အခြေစိုက် သည့် စစ်တပ် ၊ ရဲ အပါ အ၀င် အစိုးရ လုံခြုံ ရေး တပ်ဖွဲ့  များ တစ်ဖက် နိုင်ငံ မှ ခိုးဝှက် ၀င်ရောက် ကာ အခြေချ နေ ထိုင် သည့် ဘင်္ဂါလီ များ ထံ မှာ နှစ်စဉ်
မြောက် များ လှ သော အကျိုး အမြတ် များ ကို ရှိ သည် ဟု မောင်တော မြို့  နယ် အခြေစိုက် အစိုးရမဟုတ် သည့် အဖွဲ့  အစည်း တစ်ခု မှ အကြီး အကဲ တစ်ဦး က FNG ကို ပြောသည်။

ထိုဒေသ တွင် ဆယ်စု နှစ် တစ်စု ကျော် ကြာတာဝန် ထမ်းဆောင် လာခဲ့ သည့် လုပ် ငန်း ပိုင်း ဆိုင်ရာကျွမ်းကျင် သူ ဌာနေ NGO အရာ ရှိ သည် စစ်တပ် အရာ ရှိ များ ၊ ဘင်္ဂါလီ လူကုံ ထံ များ ၊ ဒေသခံ
ရခိုင်တိုင်း ရင်းသား ကြေး ရတတ် များ နှင့် လည်း နီးစပ် မှု ရှိ ပြီး ၎င်း တို့  ပြု လုပ် သည့် ဧည့် ခံ ပွဲများ နှင့် ဖိတ်ကြား မှု များ ကိုလည်း အမြဲ တစ်စေ လို လို ရောက် ဖြစ် သူ တစ်ယောက် ဖြစ်သည်။

ပြီး ခဲ့ သည့် သီတင်း ပတ် များ အတွင်း ရခိုင် ပြည်နယ် တွင် မငြိမ် သက် မှု များ နှင့် ပတ်သက် ၍ သူက“ ကျွန်တော် ဒါမျိုး ဖြစ်လာ မယ် လို့  မထင် ထား ခဲ့ ဘူး ၊ တကယ် ကို မထင် ထား ခဲ့ တာ ပါ။ ဒီဒေသမှာ အခြေချ တဲ့ ဘင်္ဂလီ တွေ က နည်း လမ်း အမျိုး မျိုး သုံး ပြီး နိုင်ငံ သား ဖြစ်ရေး ပဲ။ ဒီလို အကြမ်းဖက်တဲ့ နည်း တွေ ပါဝင် လာ မယ် လို့  ကျွန်တော် ဘယ် တုန်း က မှ မထင် ခဲ့ ဘူး ဟု FNG ကို ပြောသည်။

မောင်တော မြို့ နယ် သည် ရခိုင် ပြည်နယ် ၏ ဖွံ့ ဖြိုး တိုးတက် မှု အနည်းဆုံး ဒေသ ဖြစ်သော် လည်းတစ်ဖက် နိုင် ငံ နှင့် နီးစပ် သည့် ပြင် နယ်စပ် ကုန်သွယ်ရေး အခြေစိုက် စခန်း ရှိ ရာ မြို့  ဖြစ် သော
ကြောင့် စီးပွား ရေး ဆန်သည့် မြို့  တစ်ခု ပင် ဖြစ်သည်။ မောင်တော ဒေ သတွင် စိုက်ပျိုး ရေး လုပ်ငန်းများ နှင့် မွေး မြူ ရေး လုပ် ငန်း များ ရှိ ပြီး ငါး ၊ ပုဇွန် စသည့် မွေး မြူ ရေး လုပ် ငန်း များ ကို စစ် တပ်မှ ထိမ်း ချုပ် ထား သည်။ ထွက် ရှိသည့် ငါး ၊ ပုဇွန် များ မှာ လည်း ဒေသ တွင်းစား နပ် ရိက္ခာ ဖူလုံရေး ထက် ဘင်္ဂါလီ များ မှ တစ် ဆင့် ဘင်္ဂလား ဒေရှ် နိုင်ငံ ကို ရောင်း ချကြသည်သာ များသည်။

နယ်စပ် ကုန် သွယ် ရေး (နစက) ၊ လူဝင်မှု ကြီးကြပ် ရေး ၊ ရဲ နှင့် စစ်တပ် မှာ မောင်တော ဒေသ တွင်အာဏာ လွှမ်း မိုး မှု အရှိ ဆုံး သူများ ဖြစ်ပြီး
ဒေသတွင်း ရှိ မင်္ဂလာ ဆောင် နှင့် မွေး နေ့  ပွဲ မှ လွဲ ၍အရာ ရာ ကို ချုပ် ကိုင်ထားသည်။

နစက အရာ ရှိ များ မှာ ကိုယ်ကျိုး ရှာ အကျင့် ပျက် ချစား မှု တွင် ထိပ် ဆုံး က ဖြစ်သည် ။ ဘင်္ဂလားဒေရှ် မှ ကုန် ပစ္စည်းသာ မက လူပါ သွင်းသည် ဟု ကျော်ကြား သည်။ ဘင်္ဂလီ အများစု မှာ မောင်တော နှင့် စစ်တွေ တွင် အခြေချ နေ ထိုင် ကြ သော် လည်း တောင် ကျော် လျှင် (မှတ်ပုံ တင် / နိုင်
ငံသား လက်မှတ်) မရှိ သူများ မှာ ခက် ခဲ ကြသည်။ လမ်းခရီး တွင် မှတ် ပုံ တင် ပြ ရသည့် ဂိတ် များရှိ နေသည့် အတွက် ခရီးသွားလာ ရေး တွင် အဆင် မပြေ ကြ ချေ။

စစ်တပ် က တောင် ကျော် ချင်သည့် ဘင်္ဂါလီ များ ကို တစ်ဦး လျှင် သိန်း ဆယ်ဂဏန်းထိ ယူကာ ပို့ ဆောင် ပေး ကြသည် ဤ သို့  ဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ များသည် မကွေး ၊ ရန်ကုန် နှင့် မန္တလေး မြို့ များ
သို့  ရောက် ရှိလာ ကာ အခြေချ နေ ထိုင် ကြ တော့ သည်။ အချို့  လည်း ထပ်မံ ခရီး ဆက် ပြီး ထိုင်းနှင့် မလေး ရှား သို့  ရောက် ကာ ဒုက္ခသည် များ အဖြစ် ခံ ယူလိုက် ကြ ပြီး တတိယ နိုင်ငံ များ သို့ ရောက် ရှိ ကြ တော့ သည်။

ထိုခရီးလမ်း ကြောင်း အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာသည့် ဘင်္ဂါလီ ရိုဟင် ဂျာ ဒုက္ခသည် တစ်ဦးဖြစ်သူ အဗ္ဗဒူလာ ဖိုင်ဆယ် က ” ကျွန်တော် ၁၉၉၆ ခုနှစ် မှာ မောင်တော ကို ရောက်တယ် ၊ မှတ်ပုံ တင်လုပ် ဖို့  က ဈေးကြီးတယ်။ မကပ် နိုင်တာ နဲ့  တောင် ကျော် ပြီး ရောက်လာ တာပါ။ အဲဒီတုန်း ကတော့စစ်တပ် ပေါ်တာ နဲ့  မဟုတ် ဘူး ၊ ဂိတ် တွေ မှာ လိုင်း ကြေး ပေး ပြီး ဖြတ်တာ ပါ။ ၂၀၀၀ ခုနှစ် မှာ မဲလဒုက္ခသည် စခန်း ကို ရောက်တယ်။ ၂၀၀၄ ခုနှစ် မှာ အမေရိကန် ရောက်တယ်။ အခု တက္ကဆက် ပြည်နယ် မှာ နေတယ် ” ဟု သူ ဖြတ် သန်း ခဲ့ ရသည့် ခရီး ရှည် ကြီး ကို အကျဉ်း ချုံး ပြောပြသည်။

ရခိုင် ပြည်နယ် ရှိ လူဝင်မှု ကြီး ကြပ်ရေး ဦးစီးဌာန နှင့် နယ်စပ် ဒေသ ရှိ လ၀က ၀န်ထမ်းများသည် ဘင်္ဂါလီ ရိုဟင်ဂျာ များထံ မှ တံစိုး လက် ဆောင် မြိုးမြိုး မျက် မျက် ရယူပြီး နိုင်ငံ ကူးလက် မှတ် ထုတ် ပေး လေ့
ရှိသည်။ ၎င်း တို့  သတ်မှတ် ထား သည့် ကာ လ ပေါက် ဈေး မပေး နိုင် သည့် ဘင်္ဂါလီ များ ကို နိုင်ငံကူးလက်မှတ် ( နိုင်) ကို မထုတ် ပေး သော် လည်း ထောက် လှမ်း ရေး တစ်ခောတ် ဆန်း ချိန် က မူ ယာယီ
နေ ထိုင် ခွင့် နှင့် ခရီးသွားလာခွင့် ဆိုသည့် ကဒ် တစ်မျိုး ကို လစဉ် ကြေး ပုံစံ မျိုး ဖြင့် ပေး ပြီး ထုတ် ပေးသည်။ ထို ယာယီ နေ ထိုင် ခွင့် ဆိုသည် မှာ အစိုးရ ၏ တရား ၀င် အစီအစဉ် မဟုတ် ပေ။ ဒေသရှိ ၀န်ထမ်း
များ နှင့် အထက် အရာ ရှိ များ ပူးပေါင်း ရိုက်စား လုပ် သည့် အစီအစဉ် တစ်ခု သာ ဖြစ်သည်။

မောင်တော နှင့် ဘူးသီးတောင် အထက် ဘက် တွင် နယ်စပ် ဖြတ် ကျော် မှု ခင်း များ နေ့  စဉ် လို လို ရှိသည်။ မြန်မာ ဘက်ခြမ်း တွင် ရာဇ၀တ် မှု ခင်းများ ကျူးလွန် ထား သည့် ဘင်္ဂါလီ များသည် နယ်စပ် ဖြတ် ကျော်
ပြီး ဘင်္ဂါလား ဒေရှ် နိုင်ငံ ထဲ ကို ထွက် ပြေးကြသည်။

” မောင်တော ၊ ဘူးသီးတောင် ရာဇ၀တ် မှု ခင်း တစ်ဝက် လောက် က ဘင်္ဂါလီ တွေ ကျုးလွန် တာ ချဉ်း ပဲ၊ပြီး ရင် နတ် မြစ် ကို ကူး ပြီး ထွက် ပြေး ကြတယ်။ ပြီး ရင် ပြန်လာ ကြတယ်။ ပုဇွန် အင်း တွေ မှာ လုပ်တဲ့
ရိုဟင်ဂျာ တွေ ဆို ဆေးခြောက် ၊ ဖင်ဆီဒိုင်း ရောင်းတာ တို့  တွေ ပါ လုပ် တယ် ” ဟု မောင်တော မြို့ မှကျန်းမာ ရေး ၀န်ထမ်း တစ်ဦး က ပြောသည်။

တရား မ၀င် ကျုးကျော် နေထိုင်သည့် ရိုဟင်ဂျာ များ ကို ခိုင်မာသည့် စည်းမျဉ်းစည်းကမ်း များ နှင့် အညီနေထိုင် ရန် ဒေသ ရှိ တာဝန် ရှိ သူ များ ကိုယ် တိုင် က မလုပ် ဆောင် ခဲ့ ကြ ။ ရာဇ၀တ် မှု ခင်း များ ဖြစ်
လျှင် လည်း ရုံး မရောက် ၊ ဂါတ် မရောက် မှီ မှာ ပင် ရိုဟင်ဂျာ ကြေးရတတ် များ က ငွေ ပေး ပြီး ရွေးထုတ်ခဲ့ ကြသည်။ မောင်တော ရဲ များ ကလည်း လူနည်း စု မို့ ထင် ပါသည် ဘင်္ဂါလီ များ ကို ပြတ်ပြတ်သားသား
မကိုင် တွယ် ရဲ ။ စစ်တွေ မြို့  နေရာ အချို့ နှင့် မောင်တော တွင် ပါ ညအချိန် ဆိုလျှင် ဘင်္ဂါလီ များ ကြီးစိုးသည့် နေရာ များ သို့  မြန်မာ အများ စု မ၀င်ထွက် ရဲ ကြ။

ချမ်းသာ သည့် ဘင်္ဂါလီ များ က တပည့် မွေး ၊ လူမိုက် မွေး လုပ် ပြီး ဒေသ တွင် တာဝန် ကျသည့် စစ်တပ်ရဲ အရာ ရှိ များ ကို အိပ်ကပ် ထဲ ထည့် ကာ လူ တွင် ကျယ် လုပ် လာ သည် မှာ ထို ဒေသ တွင် ဆယ်စု နှစ်
တစ်ခု မခန့်  ရှိ ပြီုဖြစ်သည်။

ဘူးသီးတောင် ထောင် တွင် နိုင်ငံ ရေး အကျဉ်းသားအဖြစ် နှစ်အတန်ကြာ နေ ခဲ့ ဖူး သူ တစ်ယောက် က
” အပြင်က အာဏာပိုင် တွေ တော့ ဘယ်လို နေလဲ မသိ ဘူး ထောင် အာဏာ ပိုင် တောင် ဘင်္ဂါလီ ထောင်ကျ တွေ ကို သောကြာ နေ့  ၀တ် ပြု ခွင့် ပေးတာ တို့  က အစ ဒေသခံ ရခိုင် တိုင်းရင်းသား တွေ ထက် ကို
ထူးထူးခြားခြား အခွင့် အရေး ပေး ရတယ် ” ဟု FNG ကို ပြောသည်။

၂၀၀၀ ပြည့် လွန် နှစ်များ တွင် နိုင်ငံ ရပ်ခြား မှာ မွတ်ဆလင် များ ၏ အကူ အညီ ဖြင့် ထိုဒေသ ရှိ ရိုဟင်ဂျာတို့ သည့် လှေစီးဒုက္ခသည် ဆိုသည့် အမည် ကို ရရှိ ရန် ကြံ ဆောင် ခဲ့ ကြသည်။ စွန့် စား ၀ံ သူ ရိုဟင်ဂျာများ က ဒေသတွင်းဉ် ၎င်း တို့  လုံခြုံ မှု မရှိ ဟု အကြောင်း ပြ ကာ လှေ ဖြင့် ထွက် ပြေး ကြခြင်း ဖြစ်သည်။မလေး ရှား တွင် အသင့် စီစဉ်ထား သူ များ က ထို လှေစီး ဒုက္ခသည် ရိုဟင်ဂျာ များ ရောက် လာ လျှင် အဆင်
သင့် ပင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြု လိုက် တော့ သည်။

မလေးရှား သို့  လှေစီးဒုက္ခသည် အဖြစ် ရောက် ရှိ သွား သူ အများစု မှာ လှေစီး သူ များ ရှိ သလို လှေမစီးပဲ ၊ မြန်မာ နိုင်ငံ တွင်း ကုန်း လမ်း ခရီး ဖြင့် ကော့သောင်း သို့  အရောက် သွား ကာ ထို မှ တစ် ဆင့် ထိုင်း
နယ်စပ် မှ မလေး သို့  တစ်ဆင့် ၀င်ကာ ဒုက္ခသည် အဖြစ် ခို လှုံ ကြ ပြန်သည်။ ပေး သူ ၊ ယူသူ ကြည်ဖြည်လျှင် ကား မည်သို့ မျှ ကန့် ကွက် စရာ မရှိ သော် လည်း မောင်တော လို နေရာ မျိုး တွင် ကုန် စုံ ဆိုင် ကြီး
ဟီး နေ အောင် ဖွင့် ခဲ့ သည့် ဘင်္ဂါလီ ကား မလေး ရှား UN ရောက် သော် မြန်မာ နိုင်ငံ တွင် သူ့  ဆွေ မျိုး
များ အသတ် ခံ ရ ပြီး သူ ကိုယ် တိုင် လည်း စားရ မဲ့ သောက် ရမဲ့ ဖြစ် လူ့  အခွင့် အရေး ချိုးဖောက်ခံ ခဲ့ရပါသည် ဆိုတော့ ၎င်း တို့  ၏ လိမ် လည် ထွက် ဆို ခြင်း ကား အကျဉ်းတန် လှပေသည်။

တကယ် တော့ လှေစီး ရိုဟင်ဂျာ လှေ စီး ဒုက္ခသည် မြစ် ဖျား ခံ ရသည် စစ်ထောက်လှမ်း ရေး လက်ထက်က တမင် အကွက် ချ ကြံ စည် မှု ကြီး တစ်ခု ပင် ဖြစ်သည်။ အနောက် နိုင်ငံ များ သို့  မြန်မာ နိုင်ငံ မှ ထွက်
သည့် ဒုက္ခသည် ဆိုသည် မှာ နိုင်ငံ ရေး အရ တို့  ၊ IDP တို့  ဆိုသည် ကို ပုံဖျက် ခြင် ၍ ခု လို နိုင်ငံ မဲ့ ဂျစ်ပစီ လူတန်း စား တစ် ရပ် ကို ကျူးဘား ဖောင်စီး ဒုက္ခသည် အရေး လို စနစ် တကျ မွေး ထုတ် ခဲ့ ခြင်း ပင်
ဖြစ်သည်။

လှေစီး ရိုဟင်ဂျာ ဒုက္ခသည် များ နှင့် ပတ်သက် သည့် အတိတ် ခြေရာ တစ်ခု ကို ယခင် စစ်မဟာဗျူဟာလေ့လာ ရေး ဌာန မှ အရာ ရှိ ဟောင်း တစ်ဦး ဖြစ်သူ က ” စက်တင် ဘာ ၁၁ နောက် ပိုင်း မှာ ကျွန်တော်
တို့  ရိုဟင်ဂျာ နဲ့  ပတ်သက် ပြီး ပရီယိုရတီ ဦးစားပေး အဆင့် အနေ နဲ့  ကိုင်တွယ် လာတယ်။ အာဖဂန် နစ္စတန် က ထွက် ပြေး လာ တဲ့ တာလီဘန် သူပုန် တစ် ချို့  က ရခိုင် နဲ့  ဘင်္ဂလား နယ် စပ် မှာ ခိုလှုံ မှု ပြုတယ်
လို့  အမေရိကန် အစိုးရ က ကြေငြာ တော့ ဒီ ဒေသ က ဘင်္ဂလီ တစ်ချို့  ကို သတင်း ပေး အနေ နဲ့  မွေးမြူ
ခဲ့ ရတယ်။
ဒါပေမယ့် ထူးထူး ခြားခြား တာလီ ဘန် ၊ အယ်(လ)ခိုင်ဒါ သတင်း တွေ တက် မလာ ခဲ့ ဘူး ၊နယ်မြေ အတွင်း မှာ များ နေတဲ့ မွတ် ဆလင် ၀ိတ် ကို ပြန် ချ ခြင် တဲ့ အခါ သူ တို့  ထဲ က တစ်ချို့  ကို လှေ နဲ့  ထွက် ခွင့် ပြု တာ တွေ မှာ မြန်မာ့ ရေတပ် အပါ အ၀င် ဘာ မှ အတားအဆီး မရှိ ပဲ ပင်လယ်ထဲ ကို လွှတ်ပေး လိုက်တယ်။ ၂၀၀၂ လောက် မှ စတာ ပေါ့ ။ အလုံး အရင်း နဲ့  မဟုတ်သေး ဘူး။ သူ တို့ က ဘင်္ဂလား မပြန် ချင် ကြ ဘူး ၊ ရန် ကုန် ၊ မန္တလေး မှာ အခြေ ချ နိုင် ဖို့  နဲ့  တတိယ နိုင်ငံ ထွက် ဖို့ က သူ တို့  ရဲ့  ဦးစား ပေး ပဲ ။ ကျွန်တော် တို့  က တော့ ဘယ် လို မှ ပြည်တွင်း ထဲ စိမ့် ၀င် လာ နိုင် ဖို့  ကိုခွင့် မပြု ခဲ့ ပါဘူး ” ဟု FNG ကို ပြောသည်။

စစ်အစိုးရ လက် ထက် ကျင်း ပခဲ့ သည့် ၂၀၁၀ ရွေးကောက် ပွဲ တွင် ကြံ့ဖွတ် ပါတီ ကို မဲပေး နိုင် ရန် အတွက်ရိုဟင်ဂျာ အချို့  ကို နိုင်ငံ သား စီစစ် ရေး ကဒ် ထုတ် ပေး ခဲ့ ရာ ရိုဟင်ဂျာ ၊ ဘင်္ဂါလီ တို့  ၏ စီးပွား ရေး ၊ လူမှုရေး ၊ နိုင်ငံ ရေး ၊ ဘာသာ ရေး အင်ပါယာ ချဲ့  ထွင် လာ ခဲ့ သည်။ ပလီ တွေ တစ်လုံး ပြီး တစ်လုံး တိုးလာသည်။ တစ်နွယ် ငင် တစ်စင် ပါ ဆို သလို ကုရန် အန် ကျမ်းစာ သင် ကျောင်း တို့ ၊ မွတ်ဆင်လင် ကျန်းမာ
ရေး စောင့်ရှောက် မှု ဌာန တို့  ဖြစ်လာ သလို ၊ စီးပွား ရေး တွင် လည်း ပွဲရုံ၊ ကုန်လှောင် ရုံ ၊ ရေ လုပ်ငန်းစသည် ဖြင့် ကျယ် ပြန့် လာခဲ့ သည်။

ထို အဖြစ် ပျက် ကို ကား ရခိုင် ရိုး မ အရှေ့ ဘက် ခြမ်း နေသူ များ အတွက် ရင်ခုန် စိတ်လှုပ်ရှား စရာ ဖြစ်မလာခဲ့ သော်လည်း ဇာတိ ချက် ကြွေ မွေး ရပ် မြေ ၊ ဓား မ ဦး ချ ရခိုင် တိုင်း ရင်းသား တို့  အတွက် နာကျဉ်း ခံပြင်း
စရာဖြစ် လာ ခဲ့ သည်။

ဌာနေ ရခိုင် တိုင်းရင်း သား ကလေး က လမ်းလျှောက် ပြီး ကျောင်းသွား နေ ချိန် တွင် ဘင်္ဂါလီ ကလေး က စူပါကပ် ဆိုင် ကယ် နှင့် ဖြစ်သည်။

အဖြစ်ကတော့ မနှစ် က နှင့် မတူ ဟု ဆို ရမည့် အချက် မှာ ၊ ဒေသ ရှိ အာဏာ ပိုင် တို့  က ဘင်္ဂါ လီ ရိုဟင်ဂျာ များနှင့် သူဌေး ကြေး ပ ဆက် ဆံ ရေး ပင် ဖြစ်သည်။ ကြာတော့ ဘင်္ဂါလီ များ သည် ၎င်း တို့  ကိုယ် တိုင် ပင် တစ်ဖက်နိုင်ငံ မှ ခိုးဝင် လာသူ များ ဆို သည် ကို မေ့ ချင်ချင် ဖြစ်လာ ကြသည်။

ကြာတော့ အမှိုက် က စ တစ်မြို့  လုံး မီး လောင်ခဲ့ သည်။

ပြီးခဲ့ သည့် သီတင်း ပတ် က ရခိုင် ပြည်နယ် တွင် ဖြစ်ပွားခဲ့ သည့် မငြိမ် သက် မှု များ သည် “ လူ တွင်ပါ လို့  နွား ကျား ကိုက် သည် ဟု ဆိုရမည့် ဇာတ် လမ်း ” ဟု အသက် ၇၀ ကျော် အရွယ် ရှိ စစ်တွေ မြို့  မှာ ကျောင်း
ဆရာ ဟောင်း တစ်ဦး ဖြစ်သူ ဦးစိုးတင့် က ပြောသည်။

အခြား တစ်ယောက် ၏ အမြင် တွင် တော့ ” ရိုဟင်ဂျာ ကိစ္စသည် စနစ် ၏ ဆိုး မွေး ဖြစ်ပြီး ၊ လူမှု ရေး ၊ နိုင်ငံရေး အရ
ပေါက် ကွဲအား ပိုပြင်းထန် နိုင်သည့် စနက် တံ အဖြစ် ဆက် ရှိ နေ အုံး မည် ” ဆိုသည်။

Photo by Lynn Bo Bo

ဤ ဆောင်းပါး တွင် ဖော်ပြထား သည့် ဓာတ်ပုံ အား လုံး မှာ ရခိုင် ပြည်နယ် တွင် လင်းဘိုဘို ရိုက်ကူး
ထားသည့် ဓာတ် ပုံ များ ဖြစ်သည်။ စစ်တွေ မြို့  နာဇီ ကျေးရွာ တွင် ရိုက် ကူးထား ခြင်း ဖြစ်သည်။

ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ


ရိုဟင်ဂျာ အရေးကို ဘယ်သူတွေ ပွဲထုတ်လာခဲ့တယ် ဆိုတဲ့ စိတ်ဝင် စရာ ကောင်းတဲ့ အချက်အလက်များ ပါတာမို့
ဝေမျှပေး လိုက်ပါတယ်။ ) အဏ္ဏ၀ါ စစ်သည်ဆိုသူက ရိုဟင်ဂျာ အကြောင်း ရေးသွားပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မသိတဲ့
ဖဆပလခေတ်က အကြောင်းတွေ ပါလာလို့ ဗဟုသုတရပါတယ်။ ဖဆပလက အာဏာတစ်ခုထဲ အတွက် ရေရှည် အန္တရာယ်ကို မကြည့်ဘဲ ကုလားအမတ်တွေ မွေးခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကုလားအမတ်တွေက စသုံးခဲ့တယ်ဆိုတဲ့ အချက်ထဲမှာ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ်။ တည်မြဲ၊ သန့်ရှင်း ကွဲပြီးနောက် အိမ်စောင့်အစိုးရ တက်တယ်။ အိမ်စောင့်အစိုးရက ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ကို မဲဆွယ်ဖို့ လာတယ်။ မောင်တော မြို့နယ်မှာ စည်းရုံးရေး လုပ်တဲ့အခါ ဦးနုက သန့်ရှင်းသာ အနိုင်ရရင် ရိုဟင်ဂျာ လူမျိုးလို့ သတ်မှတ်ပေးမယ်။ မြန်မာ့ အသံက တိုင်းရင်းသား အစီအစဉ်တွေမှာ ရိုဟင်ဂျာ ဘာသာနဲ့ အသံလွှင့် ပေးမယ်လို့ ကတိပေးသွားတယ်။ သူနိုင်တော့ မြန်မာ့အသံကနေ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး လေးလလောက် လွှင့်လိုက်သေးတယ် ။ နောက်တော်လှန်ရေး ကောင်စီ တက်တော့မှ အဲဒီအသံလွှင့် အစီအစဉ် ရပ်သွား တယ်။ နောက်ပြီး ဦးနုကို ကုလားတွေက မေယုပြည်နယ် ဆိုပြီး သတ်မှတ်ပေးဖို့ တောင်းတယ်။ ဦးနု က ပြည်နယ်တော့ မပေးဘူး၊ သို့သော် သီးခြားဒေသ တစ်ခု သတ်မှတ် ပေးမယ်လို့ ကတိပေး သွားတယ်။ ဒါ့ကြောင့် ဦးနုရဲ့ ပထစပါတီ   အနိုင်ရတဲ့အခါ ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင် မြို့နယ်တွေကို မေယုနယ်ခြား ခရိုင်ဆိုပြီး သီးခြားခရိုင် တစ်ခုဖွဲ့တယ်။ အဲဒီခရိုင် ထဲက ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တယ်။ အဲဒီလို လုပ်ပေးတဲ့ အတွက် ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးနဲ့ ဟင်္သာစစ်ဆင်ရေးလုပ်တဲ့ အခါ အဲဒီကုလားတွေဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ခိုးဝင်လာတဲ့ ကုလားတွေမှန်း သိသိကြီးနဲ့ မှတ်ပုံတင် ကိုင်ထားတော့ ပြန်လက်ခံခဲ့ရတယ်။ တကယ် ဥပဒေအရက ၁၈၈၅   မတိုင်မီကစပြီး  မြန်မာနိုင်ငံမှာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့တဲ့ လူများကိုပဲ နိုင်ငံသား အဖြစ်သတ်မှတ်ပြီး အမျိုးသား မှတ်ပုံတင် ထုတ်ပေး ရမှာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရိုဟင်ဂျာကိစ္စမှာ
ကူလီကူမာကျတဲ့ ကုလားများမှာ တာဝန်ရှိသလို အမတ်နေရာ သုံးလေးနေရာ ရဖို့အတွက် အာဏာ ရူးခဲ့တဲ့ နိုင်ငံရေး
သမားတွေမှာလဲ တာဝန်ရှိ တယ်ဆိုတာ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။
ဒါက အတိတ်တုံးက အဖြစ် ။ အခု ခေတ်မှာလဲ ဒီရိုဟင်ဂျာကိစ္စကို နိုင်ငံတကာ မျက်နှာစာပေါ် ရောက်လာအောင်
လုပ်တဲ့နေရာမှာ ကိုယ့်မြန်မာ နိုင်ငံရေးသမား၊ ဒီမိုကရေစီ သမားဆိုသူတွေ ပါနေပြန် တယ်။ ပထမဆုံး ပါလာတဲ့အဖွဲ့က
ကျွန်တော်တို့ ကိုယ်တိုင်ပါခဲ့တဲ့ ကျောင်းသားအဖွဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး
( မကဒတ) ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ပြောတိုင်း အလွန် ၀မ်းနည်းပါတယ်။ အဲဒီအချိန်က မကဒတ ဗဟိုကော်မတီ
အစည်းအဝေးမှာ ကေအင်ယူက ဖွဲ့ပေးထားတဲ့ အစ္စလမ် လွတ်မြောက်ရေး တပ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ရိုဟင်ဂျာ
ကိုယ်စားလှယ် တစ်ချို့က ရိုဟင်ဂျာ အရေးကို ထောက်ခံဖို့ ၊ အဲဒီလို ထောက်ခံရင် အရှေ့အလယ်ပိုင်းက
ထောက်ပံ့ငွေတွေ ရအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်က မကဒတမှာ ရှိတဲ့ ရခိုင်
ကျောင်းသားများက ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ ပါသေးတယ် ။ ဒါပေမယ့် အဲဒီအချိန်က တွေးတာက န၀တကို
တိုက်ဖို့အတွက် အားလိုတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အားယူဖို့ အတွက် ရနိုင်တဲ့ လက်နက် အားလုံးကို သုံးရမယ်လို့
ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့နေ့စွဲနဲ့ မကဒတ ( ဗဟို) ရဲ့ သုတေသနဌာနက စာမျက်နှာ ၄၉
မျက်နှာပါစာ ရိုဟင်ဂျာသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာတမ်းမှာ ရိုဟင်ဂျာတွေအပေါ်
မြန်မာအစိုးရက ပြုလုပ်တယ် ဆိုတဲ့ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက
လူမျိုးစုတစ်ခု အဖြစ်နဲ့ ပုံဖော်ခဲ့ ပါတယ်။
အဲဒီစာတမ်းဟာ ၁၉၉၁ ခုနှစ်ကုန်မှာ န၀တက ရခိုင်ပြည်နယ်ထဲမှာ မှတ်ပုံတင် စစ်ဆေးပြီး တရားမ၀င်
ခိုးဝင်လာသူတွေကို ဖော်ထုတ်တဲ့ စစ်ဆင်ရေးကြောင့် ကုလားတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန်ထွက်ပြေးတဲ့ အချိန်နဲ့
အချိန်ကိုက် ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာတမ်းလိုပဲ INGO တွေဆီကလည်း ရိုဟင်ဂျာများ အပေါ်
လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုတဲ့ စာတမ်းတွေ ဆက်တိုက် ထွက်လာပါတယ်။ အဲဒီစာတမ်း အားလုံးမှာ
ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံ လူမျိုးစုအဖြစ်နဲ့ ပုံဖော်ထားခဲ့ပါတယ်။
ဒီအတွက်လည်း မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး အခြေခံပါတီတွေ၊ ဘာသာရေး ကျောင်းတွေက ဒေါ်လာ
သန်းနဲ့ချီ သုံးခဲ့ပါတယ်။ မကဒတ ကိုလည်း ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ပြီး လက်နက် အချို့လဲ ထောက်ပံ့
ပေးခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအထိ
ရောက်သွားပြီး ရိုဟင်ဂျာ လူမျိုးစုဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ အတည်လို ဖြစ်သွားပါတယ်။ နအဖကို တိုက်ဖို့ သုံးတဲ့
လက်နက်ကြောင့် နအဖအစိုးရ ပြုတ်ကျ မသွားပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ထဲမှာတော့ ဘယ်တုံးကမှ မရှိခဲ့တဲ့
မုတ်ဆိတ်ဖားနဲ့ ကုလားလူမျိုးစု တစ်စု အပိုင်ရလိုက်ပါပဲ။ ရိုဟင်ဂျာတွေကို ဒီလို ပုံဖော်ခဲ့တဲ့ အတွက် ဘင်္ဂါလီ
ကုလားများဟာ သူများနိုင်ငံကို ခိုးဝင်တဲ့လူ အဖြစ်ကနေ ဖိနှိပ်လို့ ထွက်ပြေးလာ ရပါတယ်ဆိုတဲ့ ဒုက္ခသည်ဘ၀ကို
ရောက်သွားပါ တော့တယ်။ ဒီခေါင်းစဉ် အောက်ကနေ ထိုင်း၊ မလေးရှားဘက်ကို ထွက်ကြ တော့တာပါ။ မြန်မာနိုင်ငံမှာ
ဒီလိုခိုးဝင် နေတာတွေ ရှိတုံးဖြစ်သလို၊ ခိုးဝင် လာသူတွေကို ဖော်ထုတ် အရေးယူဖို့ လုပ်တိုင်း ရိုဟင်ဂျာ လူမျိုးတွေကို
ဖိနှိပ်ပါတယ်ဆိုပြီး နိုင်ငံတကာမှာ အသံကုန် အော်ခွင့် လိုင်စင် ရသွားတာပါပဲ။
မကဒတ နောက်ပိုင်းမှာ ရိုဟင်ဂျာကိစ္စကို ရှေ့တန်းတင် လာတာက ဦးဟန်ယောင်ဝေပါပဲ။ ဦးဟန်ယောင်ဝေကလဲ
မကဒတရဲ့ စဉ်းစားပေါက် အတိုင်းပဲ ရိုဟင်ဂျာအရေးကို ငွေတွင်းကြီးလို့ မြင်ပါတယ်။ ဒါကြောင့်လဲ ENC အနေနဲ့ရော၊
ဥရောပမှာ သူလှုပ်ရှားနေတဲ့ အသိုင်းအ၀န်း ထဲမှာရော ရိုဟင်ဂျာကိစ္စကို Issue အဖြစ်နဲ့ တင်လာပါတယ်။ ဒီလိုလုပ်တာကို ပြည်ပရောက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဟန်ယောင်ဝေဟာ ဦးခင်မောင်လို ရခိုင်ကိုယ်ကျိုးရှာ နိုင်ငံရေး သမားကိုတော့ နံမည်ခံ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးပြီး ရိုဟင်ဂျာအရေးကို ရခိုင်လူမျိုးတွေက ထောက်ခံတဲ့ အသွင်ကိုတော့ ဖန်တီးနိုင်ခဲ့သေးတယ်။  ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ထဲမှာ တရားဝင် နေထိုင်ခွင့် ရနေတဲ့ ဘင်္ဂါလီ ကုလားများရဲ့ လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို လက်ခံပါတယ်။ အဖိနှိပ်ခံ မြန်မာပြည်သူ တွေလိုပဲ သူတို့အနေနဲ့ ဒီအခွင့်အရေးတွေကို ရဖို့အတွက် စည်းရုံး လှုပ်ရှားတာကို ကျွန်တော်တို့ ထောက်ခံပါတယ်။ သို့သော် ဒီအခွင့်အရေးကို အကြောင်းပြပြီး ဘင်္ဂါလီ ကုလားတွေကို တိုင်းရင်းသား လူမျိုးအဖြစ် ဖန်တီးတာကို လက်မခံနိုင်ပါဘူး။ ဒီအခွင့်အရေးကို အကြောင်းပြပြီး နောက်ထပ် တရားမ၀င် ခိုးဝင်မှုတွေ ဖြစ်လာအောင် အားပေးတာ။ ခိုးဝင်လာခဲ့သူတွေကို မြန်မာ နိုင်ငံသား အဖြစ် ရောက်အောင် လုပ်တာတွေ ကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။ ဒီလိုဖြစ်အောင် အားပေးနေတဲ့ ပြည်ပရောက် ဒီမိုကရေစီ နိုင်ငံရေး သမားများကိုလည်း သူတို့ အနေနဲ့ လူ့အခွင့်အရေးကို မျက်နှာဖုံးစွပ်ပြီး မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှ မရှိတဲ့ လူမျိုးတစ်မျိုး ပေါ်လာအောင် လိမ်ညာ
လှည့်ပတ်နေတဲ့ ဘင်္ဂါလီကုလားများရဲ့ လှုပ်ရှားမှုများကို ထောက်ခံ နေခြင်းဟာလဲ ရခိုင်လူမျိုးများကို စော်ကားနေတာ ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ အတွက် လိုအပ်နေတဲ့ တိုင်းရင်းသား ညီညွတ်မှုကို ပျက်စီးအောင် လုပ်နေတာ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။  ၆၀ တုံးက ဦးနုအာဏာရူးပြီး ကတိတွေ ပေးခဲ့တာကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးက အတည် ဖြစ်ခဲ့ရပြီးပြီ။ အခုလဲ နအဖကို ဆော်ဖို့ အတွက် ရိုဟင်ဂျာကို သုံးဖို့ ပြန်လုပ်လာပြန်ပြီ။ ဒါဟာ ဖရန်ကင်စတိန်းလို ဖုတ်ကောင်ကြီးကို အသက်သွင်း ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါဟာ နအဖ နဲ့သာ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အမျိုးသားရေး၊ ပြည်ထောင်စု အရေးဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါ တယ်။

နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစော


နိုင်ငံတော်လုပ်ကြံမှု တရားခံအဖြစ် ဘဝဇာတ်သိမ်းပိုင်းမလှခဲ့သော နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစောကို ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိဒေါ်ပန်းတို့မှ ၁၉၀၀ ပြည့်နှစ် မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၄ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းများမှာ အစ်မ ဒေါ်ယုံ၊ ဂဠုန်ဦးစော၊ ညီ မောင်တင့်၊ ဦးထွန်းလေး (ခေါ်) ဦးမောင်မောင်ကြီးတို့ ဖြစ်ပါသည်။
ငယ်စဉ်က ကြို့ပင်ကောက်မြို့၊ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက်သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သည့် တတိယတန်း ရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့သည်။
သာယာဝတီ မြို့မဝံသာနုကောင်စီတွင် စက္ကတေရီအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဂျီစီဘီအေ အကွဲတွင် ဖခင်ဦးဖိုးကြူးနှင့်အတူ ၂၁ ဦးဂျီစီဘီအေအဖွဲ့က ပါဝင်လှုပ်ရှားဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီ ဦးပုကိုအနိုင်ရ၍ လွှတ်တော်အမတ်အဖြစ် ဆက်လက်အရွေးခံရသည်။ တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက် ဂဠုန်တပ်ဖွဲ့ဝင်များကို ရှေ့နေလိုက်ပေးခဲ့သည်။ ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့်ပတ်သတ်၍ အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်စက်စွာနှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် ‘မြန်မာပြည်အရေး’ စာအုပ်တအုပ်ရေးသား၍ ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုကို ခံရသည်။ သာယာဝတီအမတ်သည် ‘၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး’ စာအုပ်ကို ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများပါဝင်၍ ပုဒ်မ ၁၂၄ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။
ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင်လည်း ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သတ်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် ‘မစ္စတာ ဘုသ်ဂရေဗလီ’ (Mr. Booth Gravely)က ဦးစောအား “မောင်မင်း ဂဠုန်ဖြစ်လာပြီ” ဟု ပြောကြားရာမှ ‘ဂဠုန်ဦးစော’ ဟု အမည်တွင်ခဲ့လေသည်။
၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေး စတုတ္ထအကြိမ် ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှအရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၀ လကျော်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် ဟင်္သာတမြို့တွင် ဟင်္သာတမြို့မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။ ၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန်မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ခမ်းခမ်းနားနား ကြိုဆိုခြင်းခံရသည်။ အပြန်တွင် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့သွားရောက်၍ နိုင်ငံရေး လေ့လာခဲ့သည်။ ဂျပန်မှအပြန် ဦးစောသည် ‘ဂျပန်ပြည်လမ်းညွှန်’ စာအုပ်ကိုရေး၍ သူရိယတိုက်မှ ၁၉၃၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့နောက် သူရိယသတင်းစာ ရှယ်ယာများကို ထပ်မံဝယ်ယူ၍ ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာတိုက်၌ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ လစာမှာ ၈၅၀ ကျပ်ဖြစ်သည်။ သူရိယ သတင်းစာအယ်ဒီတာချုပ်အဖြစ် သြဇာကြီးမားလာသည်နှင့်အမျှ သူရိယသတင်းစာ၏ မူဝါဒကို ကြိုးကိုင်ပြောင်းလဲခဲ့သည်။
ထိုစဉ်က သူရိယသတင်းစာတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်နေသော ဆရာကြီးရွှေဥဒေါင်းက ဦးစောနှင့်တွေ့ခဲ့ပုံကို သူ၏ ‘တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ်၌-
“ကျွန်ုပ်၏ ခေါင်းကြီးများအကြောင်းနှင့်ပတ်သတ်၍ ဂဠုန်ဦးစောက ကျွန်ုပ်အား ပြောဖူးခြင်းကို သတိရပါသေးသည်။ ဦးစောမှာ သူရိယတိုက် အစုရှင်များအနက်တွင် အစုအများဆုံး လက်ကိုင်ရှိသူ တယောက်ဖြစ်၍ (အယ်ဒီတာချုပ် မဖြစ်လာမီကတည်းကပင်) သူရိယ ပေါ်လစီနှင့် အုပ်ချုပ်ရေးတွင် အတော်ဆောင်ရွက်နိုင်ဟန်ရှိ၏။ ဦးစောဝင်လာပြီးသည့် နောက်တနေ့သ၌ ကျွန်ုပ်အား သူ၏ အခန်းသို့ခေါ်၍ လက်ဖက်ရည်ဖြင့်ဧည့်ခံရင်း “ခင်ဗျားရောက်လာကတည်းက ခင်ဗျားခေါင်းကြီးတွေကို ကျနော် ဂရုစိုက်ပြီး ဖတ်ပါတယ်။ ခင်ဗျားရေးတဲ့ ပထမခေါင်းကြီးအကြောင်းကို ဦးဘကလေး ကမေးလို့ ကျနော်က ဒီလူကို လက်မလွတ်စေနဲ့၊ ရအောင်ယူပါလို့ပြောလိုက်ရပါသေးတယ်” ဟု ပြောပေသည်”
“အမှန်ကိုပြောရလျှင် သူရိယတိုက်သို့ ကျွန်ုပ်ပြန်ဝင်လာပြီးသည့်နောက် တနှစ်ကျော်ခန့် ကြာသောအခါတွင် ဦးစောဝင်လာခြင်းဖြစ်ရာ သူက အယ်ဒီတာချုပ်၊ ကျွန်ုပ်က တာဝန်ခံအယ်ဒီတာ အဖြစ်နှင့်လုပ်ကြရာတွင် သတင်းစာအကြောင်းကို ဘာမျှနားမလည်သော နိုင်ငံရေးသမားတယောက် က သတင်းစာတိုက်တွင် ကျွန်ုပ်အထက်မှ သြဇာပေးနိုင်ခြင်းကို ကျွန်ုပ် ခံပြင်းလှသောကြောင့် နုတ်ထွက်ရန် အတန်တန် စိတ်ကူးခဲ့၏။ နုတ်ထွက်လျှင် မည်သို့ လုပ်ကိုင်စားသောက်မည်ဟုပင် ကြံစည်စိတ်ကူးလျက်ရှိပါပြီ။ ထိုသို့သော အခြေအနေတွင် ဦးစောသည် ကျွန်ုပ်အား လက်ဖက်ရည် တိုက်ပြီး အထက်ပါအတိုင်းစကားကို ပြောလိုက်ခြင်းဖြစ်လေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် သူရိယတိုက်မှ နုတ်ထွက်ဖို့စိတ်မကူးတော့ဘဲ လခတိုးပေးဖို့ တောင်းရန်သာ ကြံစည်ပါတော့သည်။ သတင်းစာအကြောင်းကို မသိသော်လည်း ဆက်ဆံရေးကို ကောင်းကောင်းနားလည်သော နိုင်ငံရေးသမားတယောက်ဖြစ်သည်ဟု မြင်လာပါသည်” ဟူ၍ ရေးသားထားလေသည်။
ထို့နောက် ဦးစောသည် ၁၉၃၆ ခုနှစ်တွင် ဂဠုန်စစ်သူကြီးဘွဲ့ခံ၍ ဂဠုန်တပ်၏ ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။
၁၉၃၇ ခုနှစ်သြဂုတ်လ ၁၄ ရက်နေ့ ဂဠုန်ဦးစောသည် မျိုးချစ်ပါတီကို တည်ထောင်ခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာတိုက် မျက်နှာချင်းဆိုင်နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် ၄ နေအိမ်တွင် ဖွင့်လှစ်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ် ပါဝင်ခဲ့သည်။
၁၉၃၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ဦးအေးနှင့်ဦးစောတို့က ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၍ မဲခွဲရာ ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲဖြင့် အဆိုဘက်မှ ရှုံးနိမ့်ခဲ့သည့်အတွက် ဒေါက်တာဘမော်အစိုးရ ဆက်လက်တည်မြဲခဲ့သည်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ရွှေတိဂုံစေတီခြေရင်း ဦးဘရီဇရပ်၌ မျိုးချစ် တပ်ဖွဲ့ဝင်များ၊ ဂဠုန်တပ်များနှင့် အာဏာဖီဆန်မှုကို တတိယအကြိမ် ကျောင်းသားသပိတ်အား ဟန်ရေးပြ လှည့်ကွက်အဖြစ် လုပ်ဆောင်ခဲ့ရာ ခေတ္တအဖမ်းခံရသည်။
၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌ ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရအား အယုံအကြည်မရှိအဆိုကို ထပ်မံတင်သွင်းခဲ့ရာ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၃၇ မဲဖြင့် အဆိုဖက်မှ အနိုင်ရရာ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားသည်။ ၁၉၃၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့်သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော်၌ ဦးဘဘေ တင်သွင်းသည့် ဦးပုအစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲရာ ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂ မဲရရှိသဖြင့် အဆိုအနိုင်ရပြီး ဦးပုအစိုးရ ပြုတ်ကျသွားသည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဂဠုန်ဦးစော ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ဂဠုန်ဦးစောသည် နန်းရင်းဝန်(ဝန်ကြီးချုပ်) အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။
နန်းရင်းဝန်ဘဝ၌ ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန်ဥပဒေတခု ပြဌာန်းပေးခဲ့သည်။ ယင်းဥပဒေမှာ ‘ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထက်ခြင်း ဥပဒေ’ ပင် ဖြစ်သည်။
၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်မှူကြီးစူဇူကီး (နောင်ဗိုလ်မိုးကြိုး) မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်သောအခါ ဂဠုန်ဦးစောသည် ဗိုလ်မှူးကြီးစူဇူကီးအား တွေ့ဆုံ၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများလိုချင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဦးစောသည် နန်းရင်းဝန်ဘဝ၌ အင်္ဂလိပ်ကုန်သည်များ၏ အလိုကျ ငြိမ်ဝပ်ပိပြားမှုကို ဦးစားပေး၍ ခပ်ကြမ်းကြမ်းကိုင်တွယ်သည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော အောက်လွှတ်တော်အစည်းအဝေး၌ ဗိုလ်တထောင် မဲဆန္ဒနယ်အမတ် ဦးဘဘေသည် ဦးဆောင်သော အစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုကိုတင်သွင်းခဲ့သည်။ သို့သော် ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ သာရရှိသဖြင့် အယုံအကြည်မရှိ အဆိုရှုံးနိမ့်သွားသည်။ ထိုအစည်းအဝေးတွင် အမတ်ဦးဘိုးထီက နန်းရင်းဝန်ဦးစောနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဘသီတို့နှစ်ဦးကို ရည်ရွယ်၍ “နန်းရင်းဝန်က ခြောက်တန်း၊ ဘဏ္ဍာရေးက စောက်ကန်း” ဟုပြောကြားရာ ယင်းတို့နှစ်ဦးကို ဦးစောက ကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည်။ ဦးစောသည် သူ အာဏာရှိစဉ်က ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဝင်းတို့ကိုသာမက နိုင်ငံရေးဆရာတဆူဖြစ်သော ဦးဘဘေတို့ကို ထောင်ဒဏ် ပေးခဲ့သည်။ သခင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။
ထို့ပြင် တို့ဗမာအစည်းအရုံးကို သိက္ခာကျစေရန် ‘လယ်သမားဖိုးရွှေလုံးနှင့် ညည်းချင်းနှင့် သခင်ဋီကာ’ အမည်ရှိစာအုပ်ကို အစိုးရပိုင်ငွေဖြင့် စောင်ရေအများအပြား ပုံနှိပ်၍ ဖြန့်ချိခဲ့သည်။ ထို့ကြောင့် လွှတ်တော်ပြင်ပနှင့်နယ်တို့တွင် ကျောင်းသားများက ‘ဗမာပြည်ကြီးနစ်ဖို့ဖန် ကလိမ်ဉာဏ် နှင့် ငစော၊ ငစော။ ငစော မို့တက်လို့လာ သူ့မျက်နှာဟာ အရှက်မရှိ၊ ညာတာဝါဒလှိမ့်လို့ဖန် မျိုးချစ်ဉာဏ်ဟာ ဘမော်လိုပဲ” ဟူသော သံချပ်ဖြင့် သံပုံတီးတောထုတ်ခြင်းခံရသည်။ သို့သော် မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်သည် ၁၉၄၁ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲကို စစ်ကို အကြောင်းပြ၍ ဦးစောအစိုးရအား ဆက်လက်တည်တံ့စေခဲ့သည်။
၁၉၄၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် နန်းရင်းဝန်ဦးစောသည် အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း ဦးတင်ထွတ်ကို အကြံပေးအဖြစ်ခေါ်ဆောင်၍ နန်းရင်းဝန် အက်တလီနှင့် တွေ့ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ စင်စစ် ဦးစောနှင့် ဦးတင်ထွတ်တို့မှာ မိတ်ဆွေရင်းချာအဖြစ် ပေါင်းသင်း၍ရနိုင်သောသူများ မဟုတ်ကြပေ။ ဦးစောက တက်ကြွသော နိုင်ငံရေးသမားဖြစ်ပြီး ကျန် ဦးတင်ထွတ်က ဗြိတိသျှ၏ သစ္စာတော်ခံအရာထမ်းသူဖြစ်သည်။ သို့သော် ဦးတင်ထွတ်သည် မြန်မာ လူမျိုးဖြစ်လေရာ မိမိတိုင်းပြည်လွတ်လပ်သည်ကို မြင်ချင်သူသာဖြစ်သည်။ သို့သော် ဦးတင်ထွတ်သည် နန်းရင်းဝန်ဦးစော၏ အတွင်းဝန်ဖြစ်သည်။ ဦးစောသည် လွတ်လပ်သော မြန်မာပြည်၏ နန်းရင်းဝန်ကား မဟုတ်။ အတိအကျပြောရလျှင် ဦးစောသည် နန်းရင်းဝန်စစ်စစ် မဟုတ်။ မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဗြိတိသျှအစိုးရ အကျိုးစီးပွားကိုကာကွယ်ရန် တည်ဆောက်ထားသည့် အုပ်ချုပ်ရေးယန္တရားတခုကို စီမံ ခန့်ခွဲနေရသူသာ ဖြစ်သည်။ ဗြိတိသျှအကျိုးစီးပွားကို ကဏ္ဋကောစ လုပ်လျှင် ဗြိတိသျှမူဝါဒမှ သွေဖည်လျှင် ဦးစောသည် သစ္စာမဲ့သူဖြစ်သည်။ ဦးတင်ထွတ်သည် အိုင်စီအက်စ်ဝန်ထမ်း ဖြစ်သော်လည်း တဖက်က ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအရ ဦးတင်ထွတ်သည် ဦးစော၏ ခိုင်းစေချက်တို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းအက်ဥပဒေသည် အာဏာပိုင်နှစ်ဦးကို ဖန်တီးထားသည်။ တနည်းဆိုသော် တဦးမှာ ပြည်တွင်းအာဏာပိုင်ဖြစ်ပြီး တဦးမှာ ပြည်ပအာဏာပိုင် ဖြစ်သည်။ ဦးတင်ထွတ်အဖို့ တချိန်တည်းမှာပင် ပြည်တွင်းအာဏာပိုင် ဦးစော၏အမိန့်ကို လိုက်နာရမည်ဖြစ်ပြီး၊ အိုင်စီအက်စ်တဦးအဖြစ် ပြည်ပအာဏာပိုင်ဗြိတိသျှ အစိုးရ၏ သစ္စာကို စောင့်သိရိုသေရမည်ဖြစ်သည်။
၁၉၄၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဦးစောအား ဗြိတိသျှ အစိုးရအဖွဲ့က နေ့လည်စာဖိတ်ကျွေး၍ ဗြိတိသျှနန်းရင်းဝန် ချာချီနှင့် ၂ နာရီကျော်ကျော် ဆွေးနွေးခွင့်ရသည်။ သို့သော် ဝင်စတန်ချာချီက ဦးစောအား ယခုလို သေရေးရှင်ရေးတမျှ အရေးကြီးနေသည့်အချိန်တွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စကားမပြောသင့်။ မြန်မာပြည်၏ အနာဂတ်သည် ဗြိတိသျှတို့၏ စစ်အရှုံး၊ အနိုင်ပေါ်တွင် တည်နေရာ ဗြိတိသျှတို့ စစ်နိုင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မျှမျှတတ စဉ်းစားဆောင်ရွက်မည်ဟူ၍ ပြောကြားခဲ့သည်။ ဤစကားမှာ ရေရာလှသည်မဟုတ်ဟု ဦးစော တွေးထင်ခဲ့သည်။
ဗြိတိသျှတို့ထံမှ ကိုယ်ပိုင်အုပ်ချုပ်ရေး လက်ဆောင်ကလေးတခုရရှိရေးအတွက် မျှော်လင့် ထားခဲ့သော ဦးစောသည် မျှော်လင့်ချက်လမ်းဆုံးပြီးနောက်၊ နိုဝင်ဘာလတွင် အင်္ဂလန်မှ ပြန်လာခဲ့သည်။ အပြန်တွင် အမေရိကန်၌ တထောက်နားပြီး ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ မြန်မာနိုင်ငံသို့ပြန်ရန် အစီအစဉ်ရှိသည်။ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို သူနှင့်ဦးတင်ထွတ်တို့ ဝါရှင်တန်သို့ သွားသည်။ အမေရိကန်သမ္မတ ရုစဗဲ့နှင့်တွေ့ကာ ချာချီအား နားဝင်အောင်ပြောပေးရန် ဆွေးနွေးမည်ဟု စိတ်ကူးရှိသည်။ သို့သော် ဗြိတိသျှတို့က ရုစဗဲ့အား ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ရာ ဗြိတိသျှအစိုးရ ဖြေရှင်းရမည့်ကိစ္စတွင် အမေရိကန်တို့ ပါဝင်ပတ်သက်ရန် မည့်သို့မျှ အကြောင်းမရှိ ဟူသော အဖြေကိုသာ ဦးစော ရရှိခဲ့သည်။
ယင်းနောက် လေယာဉ်လက်မှတ်မရသဖြင့် အတန်ကြာအောင်နေပြီးမှ ဟာဝိုင်ယီသို့ လာခဲ့သည်။ ယင်းမှတဆင့် ဖိလစ်ပိုင်သို့ ဝင်မည်။ ထိုမှ မြန်မာနိုင်ငံကို ပြန်မည်ဟု စီစဉ်သည်။ ဟာဝိုင်ယီသို့ ရောက်သည့်နေ့မှာ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်ကဗုံးကြဲပြီး နောက်တနေ့ ဒီဇင်ဘာ ၈ ရက်နေ့ ဖြစ်နေသည်။ အမေရိကန် ရေတပ်တခုလုံး စုံးစုံးနစ်သွားသည့်အဖြစ်ကို သူ မြင်တွေ့ရသည်။ ဂျပန်နှင့် စစ်ဖြစ်ရန်စီစဉ်နေပြီဖြစ်သောကြောင့် အနောက်သို့ လေယာဉ်ခရီးစဉ်များ မရှိတော့သဖြင့် အမေရိကန်သို့ ပြန်လှည့်ခဲ့ရသည်။ ထိုမှတဆင့် ပေါ်တူဂီသို့ဝင်ပြီး မြန်မာပြည်ပြန်ရန် စီစဉ်ပြန်သည်။ ပေါ်တူဂီနိုင်ငံ လစ္စဘုန်းမြို့သို့ရောက်လျှင် ယင်းနိုင်ငံရှိ ဂျပန်သံရုံးသို့သွားရောက်၍ မြန်မာနိုင်ငံကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန်သံရုံးသို့သွားရာတွင် ဦးစောက ဦးတင်ထွတ်ကို မခေါ်ဘဲ ချန်ထားခဲ့သည်။ ဂျပန်သံရုံး၌ ဦးစောနှင့် ဂျပန်သံအမတ်တို့ တွေ့ဆုံဆွေးနွေးမှုကို ဗြိတိသျှ ထောက်လှမ်းရေးက ဖြတ်တောက်နားထောင်ရာ ဦးစောနှင့် ဂျပန်သံအမတ်တို့ ဆွေးနွေးသည့်ကိစ္စ သိရှိသွားကြတော့သည်။
ဦးစောနှင့်တွေ့ပြီးသည့်နောက်တနေ့တွင် ဂျပန်သံအမတ်က တိုကျိုသို့ အစီရင်ခံသည်။ အမေရိကန်မှတဆင့် မြန်မာနိုင်ငံသို့ပြန်လာသော မြန်မာနန်းရင်းဝန်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံရသည်။ မြန်မာနန်းရင်းဝန်က အကယ်၍ မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် မြန်မာတို့သည် ဂျပန်တို့နှင့်ပူးပေါင်းကာ ဗြိတိသျှတို့ကို တိုက်ထုတ်ရာ၌ ကူညီမည်။ ဗြိတိသျှတို့ကို ပုန်ကန်မည်။ ထို့ပြင် သူသာ အာဏာရှိနေဆဲဆိုလျှင် ဂျပန်အတွက် တတ်နိုင်သမျှ အကူအညီပေးမည်ဟု ဆိုသည်။
ဗြိတိသျှထောက်လှမ်းရေးတို့က ထိုသတင်းကို ဆိုင်ရာသို့ အစီရင်ခံပြီးနောက် ဦးစောနှင့် ဦးတင်ထွတ်တို့ ပါလက်စတိုင်းပြည် ဟိုင်ဖာ(ယခု အစ္စရေးပိုင်) မြို့တွင် လေယာဉ်ဆိုက်သည့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၌ ဖမ်းဆီးလိုက်လေသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်ထုတ် လန်ဒန်တိုင်း၊ ဂါဒီယန်းသတင်းစာများတွင် ဦးစောနှင့်အတူ ဦးတင်ထွတ်ကိုပါ ဖမ်းဆီးလိုက်သည့် သတင်းကို ဖော်ပြခဲ့ကြသည်။ ဦးစောအား ဒုတိယကမ္ဘာစစ်အတွင် အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ၌ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထား၍ အိုင်စီအက်စ် ဦးတင်ထွတ်ကိုမူ အိန္ဒိယနိုင်ငံ ဆင်းလားသို့ပြန်၍ မြန်မာပြည် စစ်ပြေးအစိုးရ၏ အကြံပေးအဖြစ် ဆောင်ရွက်စေသည်။
ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ၄ နှစ်နီးပါ အကျယ်ချုပ်ခံရပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလဆန်းတွင် သူ၏ မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၁၉၄၆ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ် ရန့်စ်က ဦးစောအား ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီတွင် ဦးစောသည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ထပ်မံတွေ့ဆုံပြီး ဘုရင်ခံအိမ်တော်မှအပြန် မြေနီကုန်း လမ်းဆုံအဝိုင်းကြီးကိုကျော်လွန်၍ စိန့်ဖလိုမီနာကျောင်း (အထက (၂) စမ်းချောင်းကျောင်း) ရှေ့၌ ယူနီဖောင်းဝတ် အမည်မသိလူတစု၏ သေနတ်ဖြင့်ပစ်ခတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် ဦးစော၏ လက်ဝဲဘက်မျက်နှာ အောက်ပါးအထက်ပိုင်းကို ကျည်ဆန်ရှပ်မှန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် အထင်မှားကာ ဗိုလ်ချုပ်အပေါ် အငြိုးအတေးထားခဲ့သည်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဟူဘတ်ရန့်စ်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘုရင်ခံအမှုဆောင် ကောင်စီ (ဝန်ကြီးအဖွဲ့)ကို ဗိုလ်ချုပ်အောင်ဆန်းအား ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းစေရာ ဂဠုန်ဦးစောသည် ဘုရင်ခံ၏ထောက်ခံမှုဖြင့် အစိုးရအဖွဲ့၌ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ရသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန် ပြည်သို့ သွားရောက်ရာ၊ ဦးစောသည် လိုက်ပါသွားခဲ့သည်။ ထိုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေးအတွက်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်နောက်ဆက်တွဲကို ထိုစဉ်က အစိုးရအဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော သခင်ဗစိန်နှင့် ဦးစောတို့သည် သဘောမတူကြောင်း မှတ်ချက်ဖြင့် လက်မှတ်ထိုးခဲ့ကြသည်။ အမှန်စင်စစ် ဦးစောနှင့် သခင်ဗစိန်တို့သည် စာချုပ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သဘောထား အယူအဆရှုပ်ထွေးအောင် ပရိယာယ်ဆင်ခြင်းသာ ဖြစ်သည်။
ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဘုရင်ခံအမှုဆောင်အဖွဲ့မှ သခင်ဗစိန်သည် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဦးစောသည်လည်းကောင်း အသီးသီး နုတ်ထွက်ခဲ့ကြသည်။
အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ ဦးစောသည် ‘မဟာဗမာ’ အဖွဲ့ကို ဖွဲ့စည်း၍ ဖဆပလ အတိုက်အခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မဟာ ဗမာအဖွဲ့ကို စာနယ်ဇင်းများ၌ ‘စော စိန် မော် ဂိုဏ်း’ ဟု ခေါ်ခဲ့ကြသည်။
ထို့နောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် စနေနေ့ နံနက် ၁၀း၃၀ တွင် ဂဠုန်ဦးစောသည် သူ၏ နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များအား အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခိုင်းသည်။
ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် လူသတ်တရားခံ ဂဠုန်ဦးစောနှင့် အပေါင်းအပါများကို သောင်းကျန်းမှုနှိမ်နင်းရေးတပ် တပ်ရင်းအမှတ် ၁ မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် ၇ ရက်ကွက် အေဒီလမ်း (ယခု မေခလမ်း) အမှတ် ၄ ရှိ ဦးစောနေအိမ်သို့ ဝိုင်း၍ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပတ်တာ မစ္စတာဂျပ် ခေါင်းဆောင်သော ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ ထို့နောက် ဘုရင်ခံအထူးခုံရုံးဖွဲ့စည်း၍ အမှုကို စစ်ဆေးစေခဲ့သည်။ ဦးစောနှင့် အပေါင်းအပါ ၉ ဦးအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီထူး တို့ပါဝင်သော အထူးခုံရုံးမှ ၄ လတိုင် ကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ် စီရင်ချက်ချမှတ်ခဲ့သည်။
လုပ်ကြံမှုတရားခံများအနက် ဘညွန့်(ဖော်ကောင်) သည် အစိုးရသက်သေ ဖြစ်သွားသောကြောင့်အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ ကျန်တရားခံများက အဆင့်ဆင့် အယူခံဝင်ခဲ့ရာ နောက်ဆုံးအယူခံလွှာကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ ဆက်လက်တင်သွင်းခဲ့ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် သေဒဏ်အမိန့်ပယ်ဖျက်၍ တသက်တကျွန်း ထောင်ဒဏ်များသို့ လွှဲပြောင်း ပေးခဲ့သည်။ ကျန် တရားခံများဖြစ်ကြသော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်ခို့ နှင့် မှုန်ကြီး တို့အား အင်းစိန်အကျဉ်းထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန်အထွေထွေရောဂါကု ဆေးရုံနေရာ) တွင်လည်းကောင်း ၁၉၄၈ ခုနှစ် မေလ ၈ ရက် စနေနေ့ အရုဏ်တက်ချိန် ၅နာရီခွဲတွင် တပြိုင်နက် ကြိုးပေးစီရင်ခဲ့လေသည်။
ကြိုးပေးခံရစဉ်က ဇနီးဒေါ်သန်းခင်နှင့် သမီးဘေဘီစော ခေါ် မေသန်းစော ကျန်ရစ်ခဲ့လေသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးအတွက် ကြိုးဒဏ်အတည်ပြုခြင်းခံရပြီးဖြစ်သော ဦးစောသည် သူ၏ သမီးဖြစ်သူ ဘေဘီစောခေါ် မေသန်းစောထံနောက်ဆုံးစာတစောင် ရေးသားပေးပို့ခဲ့ရာ အောက်ပါ အတိုင်း ဖြစ်သည်။
“ချစ်သမီးသို့
ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။
အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။
လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။ မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း”
လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး
မောင်စော
ဦးစောသည် သမီး ဘေဘီစောကို ဆုံးမစကား ရေးသားခဲ့ခြင်းမှာ ကြိုးဒဏ်စီရင်ခြင်းမခံရမီ အချိန်ကာလေးအတွင်း ကြိုးတိုက်ထဲ၌ လယ်တီဆရာတော်၏ တရားစာအုပ်များ အပါအဝင်၊ ဗုဒ္ဓဝင် ကျမ်းစာများကို ဖတ်ရှုခဲ့မှုကြောင့် တရားရရှိသွားလေသလား စဉ်းစားစရာပင်ဖြစ်သည်။
ဂဠုန်ဦးစောသည် ရာဇဝင်ရိုင်းအောင်ပြုခဲ့မိသော သူ၏မိုက်ပြစ်ကြောင့် နိုင်ငံတော်လုပ်ကြံမှု၏ တရားခံအဖြစ် ဘဝဇာတ်သိမ်းခဲ့ရသော်လည်း သူ့သမီးထံရေးပေးခဲ့သော ‘သံဝေဂ’ စာကို ဖတ်ရှုရသူတိုင်းသည် စလေဦးပုည၏ ‘ဆဒ္ဒန်ဆင်မင်းဝတ္ထု’ မှ သောနုတ္ထိုရ်မုဆိုး၏ မြားချက်ကြောင့် အသက်ကုန်အံ့ဆဲဆဲ၌ ဆဒ္ဒန်ဆင်မင်းဆိုခဲ့သော-
“ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆတ်ဆတ်မုချ၊ မှန်တော့သည်။ သို့မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသရွေ့၊ သူ မမေ့ရှာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊ လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုး အမုန်း၊ သည်ဘဝတွင် သည်မျှနှင့်တုံးစေတော့” ဟူသောစကားကို ပြန်လည်သတိရမိကာ အမုန်သံသရာ ကုန်ဆုံးပါစေတော့ ဟု တမ်းတနေမိပါတော့သည်။
Credit To:  https://www.facebook.com/photo.php?fbid=3415198624069&set=a.3270458245650.2125228.1393179028&type=1&theater

Monday, June 25, 2012

ရခိုင်မှတ်တမ်း

   
ယနေ့ ၂၂.၆.၂၀၁၂ ရက်နေ့နံနက် ၉နာရီခန့်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ကျနော်တို့ လူငယ်ဆရာဝန် ၁၅ဦးအပြင် အုပ်ချုပ်တဲ့ ဆရာဝန်တစ်ယောက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌ၊ GP society ဥက္ကဌ တို့ပါဝင်ပါတယ်။ စစ်တွေမြို့တွင် အခြေအနေများအတော်လေးကို ပြန်လည်တည်ငြိမ်နေပါပြီ။ ဆိုင်တွေလည်း ပြန်ဖွင့်နေပါပြီ။ မိုးဖွဲဖွဲရွာနေတာကြောင့်လားတော
့မသိပါဘူး လမ်းသွားလမ်းလာတော့ အတော်လေးကို ရှင်းနေပါသေးတယ်။ စစ်တွေမှာ curfew လည်း ဆက်ထုတ်ထားဆဲပါ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀င်တွေ့ခဲ့ရပြီး ၀န်ကြီးချုပ်က အခုလောလောဆယ်ခြေအနေများကိုရှင်းလင်းပြပါတယ်။ ၂ဖက်လုံးရဲ့ အထိမခံနိုင်တဲ့အခြေအနေကြောင့် အသေအချာကိုင်တွယ်နေရတယ်လို့ဆိုပါတယ်။ စဖြစ်တဲ့အချိန်မှာ ၀န်ထမ်းအင်အားနည်းပါးနေတာကြောင့် အကိုင်အတွယ်နှေးခဲ့ပြီး အခုအခါမှာတော့ အတော်လေး လုပ်ငန်းလည်ပတ်နေပြီလို့ဆိုပါတယ်။ ရှေ့လျှောက်လည်း ရေရှည်စီမံကိန်းများနဲ့ လည်ပတ်နိုင်အောင် အသေးစိတ်အစီစဉ်များဆွဲနေတယ်ဆိုပါတယ်။ ပြန်လည်ထူထောင်ရေးမှာ အိမ်ဆုံးရှုံးသွားတဲ့သူတွေအတွက် အိမ်ပြန်ဆောက်ပေးနိုင်တဲ့အထိ ကူညီပေးမယ်လို့ဆိုပါတယ်။ ကျန်းမာရေးဌာနက တာဝန်ရှိသူများနဲ့ တွေ့ဆုံတဲ့အခါမှာ အခုလောလောဆယ်မှာ ရောဂါများကို ထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်။ အများထင်နေသလို ၀မ်းရောဂါတွေ၊ အသည်းရောင် အသားဝါရောဂါတွေ အရမ်းပျံ့နှံ့နေတာမျိုးမပာုတ်ဘဲ ရှိမြဲလောက်သာဖြစ်တယ်လို့ဆိုပါတယ်(ကျနော်တို့တော့ ဒုက္ခသည်စခန်းတွေကို ဒီနေ့မသွားဖြစ်သေးတဲ့အတွက် အသေအချာတော့ မသိသေးပါဘူး။) ကျန်းမာရေးကူးစက်ရောဂါအဖွဲ့တွေ၊ ပြည်နယ်ကျန်းမာရေးအဖွဲ့တွေ၊ မြန်မာနိုင်ငံဆရာဝန်များအဖွဲ့ဝင်တွေ၊ UN အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ ဘင်္ဂလီလူနာများကို တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသပြီး ရခိုင်လူနာများကိုတော့ အရပ်ဘက်ဆေးရုံများသို့ ပို့ဆောင်ကုသတယ်လို့သိရပါတယ်။ ဆေးကုသသွားတဲ့နေရာမှာတော့ ရခိုင်ဘက်ရော၊ ဘင်္ဂလီဘက်ရော ၂ဖက်လုံးကုသမှုပေးရမှာဖြစ်ပါတယ်။ မနက်ဖြန်မှ ဒုက္ခသည်စခန်းများကို စတင်သွားရောက်ရမှာဖြစ်ပါတယ်။ မနက်ဖြန်ကျမှပဲ စခန်းများမှ အခြေအနေများကို ဆက်လက်ပို့ပေးလိုက်ပါမယ်။
 ----------------------------------------

မနေ့ကတော့ curfew ရှိတာကို မေ့နေတဲ့အတွက် စားရေးသောက်ရေး ဒုက္ခတွေ့သွားပါတယ်။ ၂၃.၆.၂၀၁၂ ဒီနေ့ကတော့ ဒုက္ခသည်စခန်းတွေကို စသွားရပြီဖြစ်ပါတယ်။ မနက် ၈နာရီခန့်တွင် ပြည်နယ်ကျန်းမာရေး ဦးစီးမှုရုံးမှာ တွေ့ဆုံပြီး တာဝန်ခွဲဝေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်းအကြီးအနေနဲ့ ၁၁ခုရှိပါတယ်။ အသေးလေးတွေကတော့ အများအပြားရှိပါတယ်။ ဒုက္ခသည်စခန်း ၁၁ခုမှာ သဲချောင်းနဲ့ သက်ကယ်ပြင်အရပ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကတော့ ဘင်္ဂလီလူမျိုးဒုက္ခသည်တွေကို ထားတာဖြစ်ပြီး ကျန်တဲ့ဒုက္ခသည်စခန်းတွေမှာတော့ ရခိုင်လူမျိုးတွေကို ထားတာဖြစ်ပါတယ်။ ဘင်္ဂလီလူမျိုးတွေကို ထားတဲ့စခန်းက ၂ခုပဲရှိတဲ့အတွက် အဲဒီစခန်းတွေမှာတော့ လူတော်တော်များပါတယ်။ ကျနော်တို့ ဆရာဝန် ၁၅ယောက်ကို စခန်းကြီးတွေဖြစ်တဲ့ သဲချောင်းနဲ့ သက်ကယ်ပြင် စခန်းတွေကို ၃ယောက်စီချပြီး ကျန်တဲ့စခန်း၉ခုကိုတော့ ၁ယောက်စီတာဝန်ခွဲပေးလိုက်ပါတယ်။ တာဝန်ခွဲဝေပြီးတော့ ထွက်ခွာတဲ့အချိန်မှာတော့ အတော်လေးကို ခန့်ခန့်ငြားငြားပဲ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်များနဲ့သွားရပါတော့တယ်။ ကျနော်တို့ကို သွားလာရေးအခက်အခဲမရှိအောင် ကားစီစဉ်ပေးမယ်။ စားသောက်ရေးစီစဉ်ပေးမယ်လို့ ကတိပေးတဲ့ ၀န်ကြီးချုပ်စကားကို ယုံမိတဲ့အတွက် ထမင်းစားရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်စား၊ ပာိုနားဒီနားနီးရင် လမ်းလျှောက်၊ ဝေးရင် တုတ်တုတ်ငှားပြီး သွားရပါတော့တယ်။ (ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုပေမယ့် ဆရာဝန်အသင်းက ကျခံရတာပါ။ ပြည်နယ်အစိုးရကတော့ ကျနော်တို့ကို ကျွေးဖို့၊ သွားလာရေးစီစဉ်ပေးဖို့ မေ့နေပုံရပါတယ်။ ကျေးဇူးတင်စရာကောင်းတယ်နော်။) ၂၂.၆.၂၀၁၂ ရက်နေ့ကစပြီးတော့ စစ်တွေမြို့ထဲက ဘင်္ဂလီတွေကို မြို့ပြင် ကယ်ဆယ်ရေးစခန်းတွေဆီကို ပို့ဆောင်ထားလိုက်ပါတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေ၊ မြို့ထဲတွေမှာ လူမျိုးတွေရောနေတာမျိုးမရှိဘဲ မြို့ထဲမှာ ဘင်္ဂလီတွေကို မတွေ့ရတော့ပါ။ မြို့ပြင် ဒုက္ခသည်စခန်းမှာပဲ စုထားလိုက်ပါတယ်။ အဲလိုလုပ်ထားလိုက်လို့လည်း ဆက်ပြီး ပြသနာတွေမကြီးထွားတော့တာဖြစ်ပါတယ်။ ကျနော်တာဝန်ကျတဲ့နေရာတွေကတော့ ရွာမြောက်ကျောင်း ဒုက္ခသည်စခန်းနဲ့ ဂြားဘက် (ဘုန်းတော်ကြီးကျောင်း)ဒုက္ခသည်စခန်းတို့ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းထဲကို ၀င်လိုက်တာနဲ့ အ၀င်ဝလမ်းမှာ ကစားနေတဲ့ကလေးလေးတွေကိုစတွေ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် အပြစ်မရှိတဲ့သူတို့လေးတွေ ဒုက္ခရောက်နေရတာကို တွေ့ရတာ အတော်လေးကို စိတ်မကောင်းဖြစ်စရာကောင်းပါတယ်။ သောက်သုံးရေ၊ သုံးရေနဲ့ ပတ်သက်ပြီး အတော်လေးကို တိုးတက်နေပေမယ့် အိမ်သာကိစ္စကတော့ သိပ်ပြီး အားရစရာမကောင်းသေးပါဘူး။ ကလေးတွေမှာ အများဆုံးတွေ့ရတာကတော့ သန်ကောင်ပြသနာပဲဖြစ်ပါတယ်။ ၀မ်းရောဂါနဲ့ပတ်သက်ပြီးတော့ အသေအချာထိန်းချုပ်ထားနိုင်တဲ့အတွက် အများထင်နေသလိုမျိုး ၀မ်းရောဂါတွေ၊ အသည်းရောင်ရောဂါတွေ အဖြစ်များနေတာမျိုးတော့ မတွေ့ရပါဘူး။ အခြားစခန်းတွေမှာလည်း ဒီလိုပါပဲ။ ကုသတဲ့နေရာမှာ ဒုက္ခအရောက်ဆုံးကတော့ ရခိုင်လူမျိုးတွေရဲ့ စကားဝဲတာကြောင့်ပါ။ သူတို့ပြောနေတာ ဗမာစကားပေမယ့် အရမ်းကို ၀ဲနေတဲ့အတွက်ကြောင့် ဘယ်လိုမှကို နားမလည်နိုင်ဖြစ်နေပါတယ်။ အသေအချာပြောရင်တောင် နားလည်ရခက်နေတော့ အမြန်ပြောရင် နိုင်ငံခြားသားစကားပြောနေတာကို ထိုင်ကြည့်ရသလိုဖြစ်နေပါတယ်။ ပြန်လည်နေရာချထားပေးရေးကိစ္စတွေနှောင့်နှေးနေတာ (အိမ်ပြန်ဆောက်ပေးတာမျိုး)၊ ပြည်သူတွေကို လုံခြုံရေးအတွက် အပြည့်အစုံ အာမခံချက်တွေမပေးနိုင်တာတွေကြောင့် အများစုက ဒုက္ခသည်စခန်းတွေမှာပဲ သောင်တင်နေပါတယ်။ UN အဖွဲ့တွေကို ပေးမ၀င်နိုင်တာကြောင့်လည်း ဒီလိုမျိုး၊ နှောင့်နှေးမှုတွေ၊ လိုအပ်ချက်တွေ ပိုများနေရပါတယ်။ UN တွေကို ပေးမ၀င်နိုင်တာကတော့ ပိာုတစ်ခါလိုမျိုး ဘင်္ဂလီလူမျိုးတွေအတွက် အထောက်အပံ့ပေးမယ့်သူတွေ၊ သူလျိုလုပ်ပေးမယ့်သူတွေရောရောင်ပြီး ၀င်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။ ကိုယ့်တိုင်းရင်းသားတွေကို ဒုက္ခပေးခဲ့တဲ့သူတွေကို ဒုက္ခသည်စခန်းဖွင့်ထားပေးပြီး အသေအချာကုသမှုပေးနေရတာကို စိတ်ထဲမှာသိပ်တော့မကျေနပ်ပါဘူး။ ဒါပေမယ့်လည်း ရန်သူ၊ မိတ်ဆွေ မခွဲခြားရဘူးဆိုတဲ့ ကျင့်ဝတ်တွေ၊ လူသားချင်းစာနာထောက်ထားပါဆိုတဲ့ အော်သံပာစ်သံတွေကြောင့် ဖြစ်ချင်တဲ့စိတ်ကို အတတ်နိုင်ဆုံးလျော့ထားပြီး ဖြစ်သင့်တာကိုပဲ ဆက်လက်လုပ်ဆောင်ပေးနေရပါတယ်။ ဘင်္ဂလီတွေကို ဘာမှတောင်မလုပ်ရသေးဘဲ လူ့အခွင့်ရေး အော်နေတဲ့ပုဂ္ဂိုလ်များ စစ်တွေမြို့ကို လာကြည့်စေချင်ပါတယ်။ လူ့အခွင့်ရေးအပြည့်နဲ့ လူသားဆန်စွာကူညီပေးနေပါတယ်။ ဒီလိုမျိုး ဘင်္ဂလီလူမျိုးတွေကို ဆေးဝါးကုသပေးတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေကတော့ မကျေနပ်ကြပါဘူး။ ကျနော်ကတော့ ကြားထဲက ညပ်နေတာမျိုးမဖြစ်ပါစေနဲ့၊ ကျနော်တို့ရဲ့ ကျင့်ဝတ်တွေကို ရခိုင်လူမျိုးတွေ နားလည်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းရပါတယ်။ ဒီနေ့တော့ တော်တော်လေးကို ပင်ပန်းသွားပေမယ့် ကျနော်ကူညီပေးချင်တဲ့သူတွေကို ကူညီပေးလိုက်ရတဲ့အတွက် ကျေနပ်ပါတယ်။ မနက်ဖြန်မှပဲ အတွေ့အကြုံတွေ ဆက်ပါဦးမယ်။
၂၄.၆.၂၀၁၂။ ဒုက္ခသည်စခန်းတွေကို အကုန်လုံးရောက်ဖြစ်အောင် လှည့်ပြီးသွားရတဲ့ အစီအစဉ်ကြောင့် ဒီနေ့တော့ ကျနော် ဘင်္ဂလီဒုက္ခသည်စခန်းတွေဖြစ်တဲ့ သဲချောင်းစခန်းနဲ့ သက္ကပြင်စခန်းတွေကို သွားရပါတယ်။ ဒီနေ့သွားတော့ ကားကောင်းကောင်းနဲ့သွားရတဲ့အတွက
် ကျနော့်စိတ်ထဲမှာ ပြည်နယ်အစိုးရကို မဆိုးပါဘူး၊ ကားစီစဉ်ပေးသားပဲဆိုပြီး အမှတ်ပေးပြီး မနေ့က ရေးထားတာတွေကိုတောင် ပြန်ဖြေရှင်းပေးမယ်လို့တွေးမိပါသေးတယ်။ လမ်းတစ်ဝက်ရောက်တော့မှ ကားပေါ်မှာလိုက်လာတဲ့ ဆရာကြီးတွေ ကားခစစ်နေတာတွေ့ရတော့မှာ ပာာ သောက်တလွဲအစိုးရပဲဆိုပြီး အမှတ်တွေထပ်နှုတ်လိုက်ပါတယ်။ နောက်နေ့တွေလည်း ဆရာဝန်အသင်းက စိုက်ထုတ်ပြီးတော့ပဲ ဆေးကုထွက်ရဦးမှာပါ။ ကိုယ့်နယ်မြေကို လာကူညီတာကို ဘာမှ မစီစဉ်ပေးတဲ့ ပြည်နယ်အစိုးရကိုလည်း အတော်လေးကို အံသြပါတယ်။ စစ်တွေမြို့ပြင်ကို ထွက်လိုက်ပြီး စစ်တပ်ဂိတ်ကို ကျော်တာနဲ့ မျက်စိမှိတ်ပြီး လက်ညှိုးထိုးလိုက် ထိုးမလွဲ ဘင်္ဂလီတွေရှိပါတယ်။ ဒီလောက်များတဲ့ ဘင်္ဂလီတွေဘယ်လိုမျိုးများ ရောက်နေတာလဲဆိုတာကို ကျနော် တော်တော်လေး အံသြမိပါတယ်။ ၅၀-၅၀ ရှိတယ်ဆိုတဲ့ စစ်တွေမှာတောင် ဒီလောက်များနေတယ်ဆိုရင် ဘူးသီးတောင် မောင်းတောမြို့တွေလို ၁၀-၉၀လောက်ရှိနေတဲ့ နေရာတွေဆိုရင် ဘယ်လိုများနေမလဲ မသိဘူးဗျာ။ စစ်တွေဒုက္ခသည်စခန်းသွားရာ လမ်းတလျှောက်ကို စစ်တပ်က ထိန်းချုပ်ထားပြီး လမ်းတလျှောက်မှာ စစ်တပ်ကင်းတွေ အများအပြားကို တွေ့ခဲ့ရပါတယ်။ စစ်တွေမြို့ပြင်ကိုထွက်တာနဲ့ မီဒီယာတွေ၊ INGO တွေကိုသွားခွင့်မပြုတော့ပါဘူး။ အခြေအနေက တည်ငြိမ်နေပေမယ့် လုံခြုံရေးအတွက်တပ်သား၂ယောက်ကို လက်နက်အပြည့်အစုံနဲ့ ထည့်ပေးလိုက်ပါတယ်။ ဒုက္ခသည်စခန်းမှာတော့ မိသားစုလိုက်နေလို့ရတဲ့ တဲဖြူဖြူတွေအများကြီးကို တွေ့ရပါတယ်။ တဲဖြူဖြူတွေရဲ့ တံဆိပ်မှာတော့ ဆော်ဒီအာရေဗျနိုင်ငံမှ လှူဒါန်းသည်ဆိုတဲ့စာတွေကို ရိုက်နှိပ်ထားတာတွေ့ရပါတယ် (သူတို့ဘာသာတူခြင်းတော့ အရမ်းရိုင်းပင်းတယ်နော်။ အတုယူသင့်ပါတယ်။) သူတို့ ဒုက္ခသည်စခန်းတွေကတော့ အတော်လေးကို လူများပါတယ်။ ရခိုင်လူမျိုးဒုက္ခသည်တွေက စစ်တွေမြို့ထဲမှာ အဆင်ပြေတဲ့ နေရာမှာ ဒုက္ခသည်စခန်းဖွင့်ပြီး နေလို့ရလို့ စခန်းတစ်ခုမှာ လူနာသောင်းချီနေတာမျိုးမရှိပေမယ့် ဘင်္ဂလီစခန်းကတော့ ၂ခုပဲရှိတဲ့အတွက် လူဦးရေ သောင်းချီပြီးရှိပါတယ်။ ဒုက္ခသည်စခန်းရှိတဲ့နေရာမှာ စစ်တပ်က တပ်ရင်းတစ်ခုချထားပါတယ်။ သူတို့စခန်းတွေကတော့ နဂိုတည်းကလည်း စုတ်စုတ်ပြတ်ပြတ်နေတဲ့ လူမျိုးတွေဆိုတော့ အတော်လေးကို ညစ်ပတ်စုတ်ပြတ်နေပါတယ်။ အဲလိုဆိုတော့ ကူးစက်ရောဂါတွေလည်း ဖြစ်ဖို့ ပိုပြီးအခွင့်အလမ်းများနေပါတယ်။ အခုချိန်ထိတော့ အသေအချာကိုင်တွယ်နိုင်သေးတဲ့အတွက်ကြောင့် ရောဂါကြီးကြီးမားမား (၀မ်းရောဂါ၊ အသည်းရောင်ရောဂါ) တွေဖြစ်တာတော့ မတွေ့သေးပါဘူး။ သွားတုန်းကတော့ ဒီကောင်တွေကို ငါမကုပေးချင်ဘူးလို့ စိတ်ကူးမိပေမယ့် သူတို့ရဲ့ အခြေအနေတွေကို တွေ့ရတော့လည်း လူသားချင်းစာနာထောက်ထားပြီး အသေအချာကုပေးမိပါတယ်။ စိတ်သက်သာရာရတာက ကျနော်တို့ ရခိုင်လူမျိုးတွေက သူတို့ထက်တော့ အများကြီးသာတဲ့အခြေအနေမှာရှိပါတယ်။ ဆေးရုံနဲ့နီးတယ်၊ အလှူရှင်တွေရဲ့ အထောက်အပံ့တွေရနိုင်တယ်၊ ဆေးပစ္စည်းလုံလုံလောက်လောက်နဲ့ ဆရာဝန်တွေအများကြီးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ ဘင်္ဂလီတွေဘက်ကတော့ အကူအညီတွေမရလောက်ဘူးထင်ပါတယ်။ INGO တွေကို ပေးမ၀င်ဘဲ အစိုးရကသာ အားလုံးကို အသေအချာထိန်းချုပ်နေတာတွေ့ရပါတယ်။ ကျနော်တို့လည်း ကုရတာက သူတို့လူမျိုးအများကြီးကြားထဲမှာ ထိုင်ပြီးကုသရတာဆိုတော့ နည်းနည်းတော့ မျက်ခုံးလှုပ်ရပါတယ်။ တစ်ခုခုများဖြစ်ခဲ့ရင် ဘဲအုပ်က တစ်ထောင် နှစ်ထောင် မဗေဒါက တစ်ပင်တည်းဖြစ်မယ့် အပေါက်ပါ။ တပ်သား၂ယောက်ပေးလိုက်ပေမယ့် အပြင်မှာစောင့်နေကြတာပါ။ ကျနော်တို့နဲ့ နီးနီးနားနားကတော့ အရန်မီးသတ်တွေပါ။ အစတုန်းကတော့ အနားမှာ အရန်မီးသတ်တွေထားပေးမယ်ဆိုတော့ မဆိုးဘူးထင်နေတာ ပာိုရောက်တော့ ကြည့်လိုက်တော့ အရန်မီးသတ်တွေဆိုတာကလည်း သူတို့လူမျိုးတွေဖြစ်နေပါတယ်။ သူတို့လူမျိုးတွေထားပေးထားတာက စကားပြန်လုပ်ဖို့ပါ။ ကျနော်ကြည့်ခဲ့တဲ့ လူနာအတော်များများက ဗမာစကားကို မပြောတတ်ပါဘူး။ တစ်လုံးတစ်လေလောက်ပဲတတ်တာပါ။ ဗမာစကားမတတ်ဘဲ ဒီနေရာထိအောင်ကို ဘယ်လိုများရောက်ခဲ့လဲလို့ ထပ်ပြီး အံသြရပါတယ်။ သူတို့ထုံးစံအတိုင်းပဲ ပာုတ်တာတွေရောမပာုတ်တာတွေပါ ပြောကြပါတယ်။ ရခိုင်တွေကပဲ သူတို့အိမ်တွေကို မီးရှို့တဲ့အကြောင်း၊ သူတို့ ဒုက္ခရောက်ရတဲ့အကြောင်းတွေကို ငိုသံတွေနဲ့ပြောကြပြန်ပါတယ်။ ကျနော်လည်း သူတို့အထဲမှာဆိုတော့ ဘာမှချိုသည်၊ ခါးသည်ပြောခွင့်မကြုံခဲ့ပါဘူး (ကြောက်ရတယ်လေ၊ တော်ကြာကိုယ့်လုပ်သွားမှ ကိုယ်အရင်ခံရမှာအရင်၊ စစ်တပ်က ပစ်တာကနောက်မှလေ။) သူတို့ကိုလည်း မကုပေးလို့တော့မရပါဘူး။ ကျနော်တို့မှ မကုပေးရင်လည်း ကုပေးမယ့်လူလုံးဝမရှိပါဘူး။ အဲဒီတော့လည်း လူသားချင်းစာနာပြီး ကုသပေးရပါတယ်။ ကျနော်တို့နဲ့အတူပါလာတဲ့ တပ်သားတွေကိုမေးကြည့်တာတော့ သူတို့ဆီကို ပစ်မိန့်ရောက်လာတဲ့အချိန်ကနောက်ကျတယ်လို့သိရပါတယ်။ သူတို့ကတော့ ပစ်မိန့်ရတာနဲ့ ပထမတော့ အောက်ခြေတွေကိုပဲပစ်ပြီး နောက်ပိုင်းဆက်တက်တဲ့အချိန်တွေမှာတော့ လူတွေကိုပဲ ချိန်ပြီးပစ်တယ်လို့ဆိုပါတယ်။ သေနတ်မှန်ပြီး လူထိသွားပြီးတဲ့နောက်ပိုင်းတော့ သူတို့တွေဘက်က ငြိမ်သွားတယ်လို့ဆိုပါတယ်။ ကျနော်တို့နဲ့ ပါလာတဲ့တပ်သားကြီးတွေကတော့ သူတို့ကို ဘယ်သူမှ လက်မခံရင် ပင်လယ်ထဲသာမောင်းချလိုက်တာအကောင်းဆုံးလို့ ပြောနေကြပါတယ်။ အဲတော့ မပူကြပါနဲ့။ ပစ်မိန့်ကရထားပြီးသားပါ၊ သူတို့တွေနောက်ထပ်များထပ်သောင်းကျန်းခဲ့ရင် မပစ်ဘဲမနေပါဘူး။ ရေရှည်မှာ ဒီလောက်များတဲ့သူတွေကို ဘယ်လိုများစီစဉ်မလဲဆိုတာကိုတော့ အခုထိကျနော်လည်း စဉ်းစားလို့မရသေးပါဘူး။ လူကြီးပိုင်းတွေတော့ ဘယ်လိုများလုပ်ကြမလဲမသိပါဘူး။ သူတို့နဲ့ ရခိုင်လူမျိုးများကို ပူးတွဲပြီးတော့ ဘယ်လိုမှနေထိုင်လို့ မရနိုင်ပါ။ ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေအနေနဲ့လည်း သူတို့ရှိနေသမျှ လုံခြုံမှုကို မခံစားနိုင်တဲ့အတွက် ကိုယ့်နေရပ်ကို မပြန်ရဲ ဖြစ်နေပါတယ်။ အဲလိုကိုယ့်နေရပ်ကို မပြန်နိုင်ဘဲ စခန်းမှာသောင်တင်နေလေ၊ ကူးစက်ရောဂါတွေဖြစ်ဖို့ကတော့ ပိုပြီးအခွင့်အလမ်းများလာလေ ဖြစ်မှာပါပဲ။ အခုတော့စစ်တွေမြို့ထဲကို ဘင်္ဂလီလူမျိုးတွေမ၀င်ရဘူးဆိုပြီး လုပ်ထားပါတယ်။ စစ်တွေမြို့ထဲက ဗလီတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ကျနော်တို့ကို ရန်မူမယ့် အရိပ်အယောင်တွေတော့ မတွေ့ရပါဘူး။ ကျနော်တို့မှမကုရင်လည်း သူတို့ကိုကုပေးမယ့်သူတွေရှိမှာမပာုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ပြောလို့တော့မရဘူးဗျာ။ သူတို့တွေသာထလုပ်လိုက်ရင်လည်း ကျနော်တို့တော့ အရင်ဆုံးသွားရမှာပဲ (သေရွာကိုပြောပါတယ်)။ မျက်ခုံးခပ်လှုပ်လှုပ်နဲ့ပဲ ဆက်ပြီး ဆေးခန်းထိုင်ပြီး ဆက်လက်ကုသပေးနေရဦးမှာပါပဲ။ ဒါပာာ ကျနော်တို့လူမျိုးတွေရဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ဓလေ့တစ်ခုပဲပေါ့ဗျာ။ ကုလားတွေကို ကုပေးနေတယ်ဆိုပြီး ကျနော်တို့ကိုတော့ အထင်အမြင်မလွဲစေချင်ပါဘူး။ လူသားချင်းစာနာထောက်ထားပေးတယ်လို့ပဲ သဘောထားပေးကြပါဗျာ။
 -------------------------------------------
၂၅.၆.၂၀၁၂။ ။ အရင်နေ့တွေကုသခဲ့တာတ်ာတော်များေ
တာ့ ဒီနေ့တော့စစ်တွေမြို့ထဲမှာ လူနာလျော့နည်းသွားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ အိမ်မီးမလောင်ဘဲ ကြောက်လို့လာခိုလှုံနေကြတဲ့ ပြည်သူတွေကတော့ စစ်တွေမြို့ထဲမှာ ဘင်္ဂလီတွေလည်း မရှိတော့ဘူးဆိုတော့ အိမ်တွေကိုပြန်တဲ့သူပြန်နေကြပါပြီ။ ကျနော်တို့ ဒီနေ့တော့ ဘင်္ဂလီဒုက္ခသည်စခန်းတွေကို မသွားလိုက်ရပါဘူး။ အရင်နေ့တွေတုန်းကတော့ ကျနော်တို့မြန်မာနိုင်ငံဆရာဝန်အသင်းကပဲ သွားစရိတ်၊ စားစရိတ်နဲ့ လုံခြုံရေးအတွက် တပ်ရင်းမှူးကိုမျက်နှာချိုသွေးပြီး တပ်သား၂ယောက်ကိုမုန့်ဖိုးပေးပြီး ခေါ်သွားရပါတယ်။ အရမ်းထိန်းချုပ်ထားပြီး အကူအညီတွေနည်းနေတဲ့အတွက်ကြောင့် ဘင်္ဂလီတွေဘက်ကလည်း အတော်လေးကို မကျေမနပ်တွေဖြစ်လာတာတွေ့နေရပါတယ်။ ကျနော်တို့တွေလည်း သတင်းတွေအမျိုးမျိုးကြားနေရပါတယ်။ အခုကအချိန်မရွေးပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုဖြစ်နေတာပါ။ ကျနော်တို့ကို သတ္တိမရှိတဲ့လူတွေလို့လည်း ထင်ရင်လည်းထင်ပါတော့။ ကျနော်တို့နေရာကနေပြီးတော့ ကိုယ်ချင်းစာကြည့်ပေးပါ။ သူတို့ကို နှစ်ရှည်လများဆေးကုသပေးလာတဲ့ဆရာဝန်ကိုတောင် မောင်းတောမှာသတ်ခဲ့တဲ့သူတွေပါ။ ကျနော်တို့ကိုလည်း ဒီိလိုလုပ်ဖို့ဝန်မလေးနိုင်ပါဘူး။ မောင်းတောမှာမှ တစ်ယောက်ချင်းသတ်သွားတာပါ။ ကျနော်တို့ဆေးကုနေတဲ့နေရာက လူတစ်သောင်းနှစ်သောင်းကြားထဲမှာ ကုနေရတာပါ။ လက်နက်ကိုင်၂ယောက်ကလည်း တကယ်တမ်းဖြစ်လာရင် ဘယ်လိုများခံနိုင်မှာလဲ။ ဒါတောင် ကျနော်တို့တောင်းဆိုတာက ဒီလက်နက်ကိုင်လေး၂ယောက်တည်းပါ။ ကျနော်တို့အများကြီးကို risk ယူပြီးသွားနေရတာပါ။ အဲဒါကိုပဲ ကျနော်တို့ကို လက်နက်ကိုင်မထောက်ပံ့ဘူးလို့ဆိုပါတယ်။ လမ်းမှာစစ်တပ်ချထားတာမှန်ပါတယ်။ စစ်တပ်က စခန်းမှာရှိတယ်ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့်လည်း တကယ်သာအရေးအကြောင်းဆိုရင် ကျနော်တို့ကအရင်ဆုံးပါ။ စစ်တပ်နဲ့နီးတယ်ဆိုတာကလည်း သဲချောင်းစခန်းသာနီးနေပေမယ့် သက္ကပြင်အရပ်ကတော့ ဝေးပါတယ်။ စစ်တပ်ဆီကိုရောက်ဖို့ဆိုရင် ကျနော်တို့က ကုလား၃သောင်းလောက်ကိုအရင်ဖြတ်ပြီးမှ ရောက်နိုင်ပါတယ်။ ကျနော်တို့ ဒီရောက်ကတည်းက ကျနော်တို့ကိုလုပ်ပေးတာဆိုလို့ နေစရာစီစဉ်ပေးတာ တစ်ခုပဲရှိပါတယ်။ ကျန်တာအကုန်လုံးကိုယ့်စရိတ်ကိုယ်စားပြီး လိုက်လုပ်ပေးနေရတာပါ။ ကျနော်တို့ဘာမှ မတောင်းဆိုခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ရဲ့ စရိတ်ကတစ်နေ့ကို ဘာမှအပိုမသုံးဘဲတောင် ၁၅၀၀၀၀လောက်ရှိပါတယ်။ အဲဒီကုန်ကျစရိတ်ကို ဆရာဝန်အသင်းက စရိတ်စိုက်ထုတ်ကျခံနေတာပါ။ အဲလောက်လုပ်ပေးနေတာတောင်မှ ကျနော်တို့ risk ယူပေးနေတာကို မငဲ့ဘဲ လုံခြုံရေး၂ယောက်လောက်တောင်းတာကိုတောင် မပေးနိုင်ဘူးဆိုတော့ ကျနော်တို့အုပ်စုထဲမှာလည်း အတော်လေးကို စိတ်ပျက်စရာတွေဖြစ်လာပါတယ်။ ဆရာဝန်အသင်းဆိုတာပာာ အစိုးရအဖွဲ့အစည်းမပာုတ်ပါဘူး။ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့အကူအညီပေးနေရတဲ့အဖွဲ့အစည်းပါ။ ကျနော်တို့အနေနဲ့လည်း အစိုးရရဲ့အကူအညီမရဘဲ ရေရှည်အကူအညီပေးနိုင်ဖို့က အခက်အခဲရှိနေပါတယ်။ ဘယ်လိုပဲအခက်အခဲတွေရှိနေပေမယ့်လည်း ကျနော်တို့ စစ်တွေမြို့ထဲက ရခိုင်လူမျိုးဒုက္ခသည်တွေကိုတော့ အကောင်းဆုံးအကူအညီတွေပေးနေဆဲပါပဲ။ ကျနော်တို့ ဘင်္ဂလီတွေကိုဒီလိုမျိုး ကုသပေးနေတယ်ဆိုတာကလည်း သူတို့တွေကို အရမ်းကို သနားပြီးကူညီချင်နေလွန်းလို့မပာုတ်ပါဘူး။ လူ့အခွင့်ရေးအော်ပြီး ကျနော်တို့နိုင်ငံကို သိက္ခာချချင်နေတဲ့သူတွေ ဘာမှမပြောနိုင်အောင် လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတာပါ။ တနည်းပြောရရင် ကျနော်တို့နိုင်ငံရဲ့ Imageကိုမထိခိုက်ဘဲ သူတို့ပြသာနာကို ဖြေရှင်းနိုင်အောင် အကူညီပေးနေတာပါ။ ကျနော်တို့လုပ်နိုင်စွမ်းတဲ့အခြေအနေထက်ကို အတော်လေးကျော်နေပါပြီ။ ကျနော်လည်း ကျနော့်မှတ်တမ်းထဲမှာ မကျေနပ်ချက်တွေကို မထည့်ဘဲမှတ်တမ်းသဘောမျိုးပဲရေးချင်ပေမယ့် စိတ်ထဲမှာအရမ်းမကျေမနပ်ဖြစ်နေတော့လည်း ချရေးမိသွားတယ်။ အားလုံးပဲနားလည်ပေးကြပါ။ ကျနော်တို့လည်း ပထမတော့၂ပတ်နေပြီး အကူအညီပေးဖို့စီစဉ်ထားပေမယ့် ပြည်နည်အစိုးရရဲ့အကူအညီ၊ ကျန်းမာရေးဦးစီးဌာနရဲ့ အကူအညီတွေမရတဲ့အတွက် ရေရှည်မလုပ်နိုင်လောက်တော့ပါဘူး။ ကျနော်တို့အဖွဲ့ရဲ့ သုံးစွဲနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး သိပ်မကြာခင်ကို ပြန်သိမ်းရတော့မယ်လို့ထင်ပါတယ်။
 
Credit to : https://www.facebook.com/profile.php?id=100003858691121
 

Friday, June 22, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ

လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။

ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။

ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။

ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲလုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။

ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက်ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။

ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။

အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံး ကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာမဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက် သွားကြတာဖြစ်ပါတယ်။

ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ ငါဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူအပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။

မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀နှစ် ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

၁၉၄၈မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင် မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိမ်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။

နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။

လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။

ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည်ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။

အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ်ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ်ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။

ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။

နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီတွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။




Tuesday, May 22, 2012

အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် (ဗိုလ်ချုပ်အောင်ဆန်း)




အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် (ဗိုလ်ချုပ်အောင်ဆန်း)



မြန်မာနိုင်ငံသမိုင်းတွင် မည်သည့်အခါတွင်မှ နာမည်ကွယ်ပျောက်နိုင်မည် မဟုတ်သော ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ပုဒ်တို့ကို ဖော်ထုတ် ချီးကျုးခြင်းသည် ယင်းပုဂ္ဂိုလ် အဖို့များစွာထူးခြားလှမည်မဟုတ်ပါချေ။ သို့သော် သူ့စွမ်းဆောင်ချက် ၊ သူ့ အရည်အသွေးတို့ကို မိမိမြင်ရာရှုထောင့်မှ သုံးသပ်ဆင်ခြင်သည့်အခါတွင်ကား မိမိ၏ဇာတိမြေကို ပိုမိုနားလည်လာသော အကျိုးကျေးဇူးကို ရရှိလေသည်။

ဤဇာတိမြေမှ မွေးဖွားပေးလိုက်သော အာဇာနည်သားကောင်းတို့၏ ထူးကဲသောစွမ်းရည်ကိုလည်း သိမြင်လာ၏။ သည်အခါ မိမိကိုယ်တိုင်ပင် တစ်မဟုတ်ချင်း ခွန်အား၊ ဉာဏ်အား တိုးပွားလာသည်ဟုပင်ထင်မှတ်မိတော့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ သော မျိုးချစ်ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ပြီးသည်၏ နောက်ပိုင်းမှာပင် နိုင်ငံနှင့် လူမျိုး၏အကျိုးကို ဖြည့်စွမ်းလျှက်ရှိနေတော့၏။

(အောင်ဆန်း = ချာချီ + ဝယ်လင်တန် ... ဗမိုး)


အောင်ဆန်းနော်
ဗိုလ်ချုပ်နော်
တေဇနော်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကောက်ကြောင်း
ဆောင်းပါးစာစုများ
တိုးမြစ်စာအုပ်တိုက်
Burmese revolutionary and stateman
General Aung San (1915- 1947)

ကျွန်တော်သိသော သခင်အောင်ဆန်း . . .
ဗိုလ်ခွန်ဖြူ

အချိန်မှာ အင်္ဂလိပ်ခေတ်မပျက်မီ ၁၉၄၀ ခုနှစ် ၊ဖေဖော်ဝါရီလ အတွင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကျောက်ရောဂါ ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဋ္ဌာနမှ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကို ကျောင်းအသီးသီးရှိ ကျောင်းသူကျောင်းသား များအား အလျှင်အမြန် ထိုးပေးနေရသော အခါလည်း ဖြစ်သည်။

ကျွန်တော်သည် ထိုအချိန်၌ ရန်ကုန်မြို့ ဆရာအဖြစ်သင်ကောလိပ် ပြည်လမ်းတွင် ဆ၇ာလောင်း အဖြစ် သင်ကြားနေဆဲ ဖြစ်သည့်အလျောက် ဆရာ ဆရာမ လောင်းအားလုံး ကျောက်ဆေးထိုးပြီးကြလင့် ကစား ကျွန်တော်တစ်ယောက်မှာမူ ကံမကောင်း အကြောင်းမလှ သဖြင့် ကျောက်ဆေးထိုးသည့်ကြားမှ Chicken pox ခေါ် ရေကျောက်ရောဂါ ရုတ်တရက် ကပ်ရောက်လာပါတော့သည်။

ကျွန်တော့် တကိုယ်လုံးမှာလည်း ရောဂါအရှိန်ဖြင့် ဖျားသကဲ့သို့ ပူနွေးလျှက်ရှိနေသည် ဖြစ်၇ာ ကျောင်းမှ အာဏာပိုင်များက ရောဂါပြန့်ပွားကူးစက်မည် စိုးသောကြောင့် ယခု အောင်ဆန်းကွင်း အရှေ့ မြောက်ဘက် ကပ်လျှက်ရှိ C.D.H ခေါ် ကူးစက်တတ်သော ရောဂါကုဆေးရုံသို့ သူနာတင်ကား နှင့် ချက်ချင်း ပို့လေတော့သည်။

ထိုအခါက ထိုဆေးရုံရှိ အခန်းအမှတ် ၂ -မှာ ကျောက်ရောဂါသည်များ သက်သက်ထားသော အခန်းဖြစ် သည့်အားလျော်စွာ ကျွန်တော့်ကို ဆိုင်ရာမှ ထိုအခန်းရှိ လစ်လပ်နေသော ခုတင်တစ်လုံးပေါ် သို့ ပို့လိုက်ပါသည်။ ကျွန်တော်လည်း အပူရှိန်ရှိနေသေးသဖြင့် ကိုယ်လက် မအီမသာဖြစ်ကာ စောင်ကို ခေါင်းမြီးခြုံကာ မှိန်းနေရပါသည်။

ထိုအချိန်၌ပင် ကျွန်တော်၏ ဘယ်ဘက်ဘေး ကုတင်တစ်လုံးပေါ်မှ လူတစ်ယောက်သည် `` ဝေဝေစီစီ ရွှေငွေအလီလီ သာကီ ဇာနည် မင်းလုပ်ခဲ့ တဲ့နေပြည် ``အစရှိသော အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ရွှေညာမောင် စပ်ဆိုထားသည့် ``ခေတ်စမ်းချိန်``သီချင်းကို ဂီတမဆန် ကာရံမညီ ဆောင့်ကြီး အောင့်ကြီး နှင့် အားပါးတရ ဟစ်အော်သီဆိုနေရာ ကျွန်တော့မှာ အလန့်တကြားဖြင့် ခြုံထားသောစောင် ကို ရုတ်တရက် ပင့်ကာ ကြည့်လိုက်မိပါသည်။ မြင်ရပုံကား အသက် အစိတ်ခန့်ရှိ လူတစ်ယောက်သည် ခုတင်ပေါ်တွင် ဘယ်ဘက်ဒူးကို ထောင်ထားလျှက် ညာဘက်ခြေထောက်က ထောင်ထားသော ဒူးပေါ်တွင် ပြန်ချိတ်ကာ အဆိုပါ နိုင်ငံရေးနှင့် စပ်ဆိုင်သော သီချင်းကို လွတ်လပ်စွာ အော်ဆိုနေခြင်းပင် ဖြစ်သတည်း။ ထို့ကြောင့်လည်း ဘေးက လူနာ အားလုံးမှာ သူ့အား အထူးအဆန်း အရူးအနှမ်းသဖွယ် စိုက်၍ကြည့်နေကြ သည်။ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ပုံမရ။

ကျွန်တော့မှာလည်း သူ့အား အကဲခတ်ကြည့်ရင်းမှပင် ဤပုဂ္ဂိုလ်သည် စိတ်မနှံ့သူတစ်ယောက် ဖြစ်နေမည်လောဟု သံသယဖြစ်နေသည်။ ထိုအတောအတွင်း သူသည် သီချင်း၏ နောက်ဆုံးအပိုဒ်ဖြစ်သော ``အမျိုးသားတွေ နိုးကြားလာကြသည်-- ကြိုးစားလာကြသည်--ကူညီညာဝိုင်း -တို့တိုင်းတို့ပြည်--တို့တိုင်း တို့ပြည် သာယာပေတော့မည်--``စသည် တို့ကို ``လှေကားအဆင်း လင်ကွင်းလွတ်ကျသော အသံ``မျိုး ဖြင့် သူတစ်ဦးတည်း အရသာခံကာ မြိန်ရည်ယှက်ရည် သီဆို၍ ရပ်ဆိုင်းလေတော့သည်။ ကျွန်တော် မှတ်မိ သလောက်မှာ ၎င်းသီချင်းသည် နိုင်ငံရေး သီချင်းဖြစ်၍ အင်္ဂလိပ်အစိုးရက ပိတ်ပင်ထားသော သီချင်းများ အနက် တစ်ပုဒ်အပါအဝင်ဖြစ်ပေသည်။

သို့နှင့် ကျွန်တော်လည်း သူ့အား စိတ်မနှံ့သူဟု ယူဆထားသည့်အလျှောက် ဂရုမစိုက်တော့ဘဲ မျက်စိကို ဇွတ်မှိတ်၍ တရေးတမော အိပ်လိုက်ပါသည်။ တရေးနိုးပြီးချိန် ညနေ ၅-နာရီခန့်တွင် အဖျားမရှိသူများကို ဆေးရုံမှ ထမင်းကျွေးပြီး အပူရှိန်ရှိသူ ကျွန်တော့ကိုမူ ကာဖီနှင့် ပေါင်မုန့်တစ်ချပ် လာပေးပါသည်။ ထိုသို့ စားသောက်ပြီးသောအခါ ဘန်ဂါလီ ကုလားတစ်ယောက်သည် အပြင်မှရောက်လာ ကာ စိတ်မနှံ့သူဟု ထင်ရသော စောစောက ပုဂ္ဂိုလ်နှင့် အင်္ဂလိပ်လို နိုင်ငံရေးဆွေးနွေးနေသံကို ကြားရလျှင် ကျွန်တော်လည်း ထိုပုဂ္ဂိုလ်အား စိတ်မနှံ့သူဟု ယူဆထားရာမှ သံသယဖြစ်လာ၏။ သူတို့နှစ်ဦး တစ်နာရီခန့် ဆွေးနွေးပြီးနောက် ဘန်ဂါလီကုလားလည်း ဆေးရုံမှ ပြန်ထွက်သွားလေသည်။

ထိုအခါ စိတ်မနှံ့သူဟုထင်၇သော ပုဂ္ဂိုလ်မှာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လျှက် ဆေးပြင်းလိပ် သောက်ရင်း စာဖတ်နေသည်။ သူ့ကြည့်ရပုံမှာ သပ်သပ်ရပ်ရပ် နေတတ်ဟန်မရှိ။ မညှပ်ရသေးသော ဆံပင် ရှည်များကို လည်းဖြီးလိမ်းမထား ။ စားပွဲပေါ်၌တင်ထားသော ပစ္စည်းများမှာ ဖရိုဖရဲဖြင့် ပြန့်ကျဲလျှက်ရှိနေ သည်။ စာအုပ်များမှာ အချို့မှောက်လျှက် အချို့လှန်လျှက် အချို့မှာ စားပွဲပေါ်တွင် စုပုံလျှက်ရှိသည်။ ချွတ်ထားသော ခုံဖိနပ်မှာ ခြေရင်းတွင် တစ်ဖက် တွေ့ရပြီး အခြားတစ်ဖက်မှာ စားပွဲအနီးတွင်မြင်ရသည်။ ဆေးရုံမှ ပေးထားသော အင်္ကျီကျားနှင့် ဘောင်းဘီကျားတို့သည် ဖားရားဖားရား ဖြစ်နေသည့်အပြင် ဝတ်ထားပုံမှာလည်း ကပိုကရိုရှိလှသည်။

ည ၈-နာရီအချိန်လောက်ကစပြီး ကျွန်တော်အိပ်လိုက်သည်။ တရေးနိုးချိန် ၁၁-နာရီခန့်တွင် ဆေးရုံမှ မြန်မာအမျိုးသား လက်ထောက် ဆရာဝန်တစ်ဦးနှင့် အဆိုပါ ပုဂ္ဂိုလ်တို့ နိုင်ငံရေး ဆွေးနွေးနေသံများကို ကြားရပြန်သည်။ ထို့နောက် ဆရာဝန်လည်း ဘယ်အချိန်က ထွက်သွားသည်မသိ ။ကျွန်တော်လည်း ထပ်မံ အိပ်လိုက်ပြန်လေသည်။



နောက်တစ်ရက် နေ့လည်အချိန်လောက်တွင် အသက် ၁၄-နှစ် ခန့်ရှိ ပန်ချာပီ ကုလားလေးတစ် ယောက် ရေကျောက်ရောဂါဖြင့် ကျွန်တော်တို့နေသော အခန်းသို့ရောက်လာသည်။ ၎င်းကုလားလေး မှတစ်ပါး တခန်းလုံးရှိ အားလုံးသော လူနာများမှာ လူကြီးများသာဖြစ်သည်။



ထိုကပိုကရို ပုဂ္ဂိုလ်သည် တခန်းလုံးရှိ လူကြီးများကို မည်သူ့အားမျှ စကားမပြောဘဲနေခဲ့ရာက အဆိုပါ ကုလားကလေးကို မှ စတင်၍ ``မင်းကျောင်းနေသလား`` ဟုမေးသံကို ကြားရသည်။ကုလားလေး ကနေကြောင်း ၈-တန်းရောက်နေပြီဖြစ်ကြောင်းပြန်ပြောသောအခါ--



ကပိုကရို ပုဂ္ဂိုလ်က --



``မင်း ၁၀-တန်းအောင်ရင် ဘာလုပ်မလဲ``



``ကျွန်တော် ၁၀-တန်းအောင်ပြီးရင် အစိုးရလခစား လုပ်မယ်``



``မင်း အဖေ ဘာလုပ်သလဲ``



``ကျနော့အဖေ ဈေးဆိုင်ဖွင့်ထားပါတယ်``



``မင်းအဖေ လို ဈေးရောင်းပါလားကွ လခစားအလုပ်ကို ဘာလို့ လုပ်ချင်တာလဲ``





``လခစား အလုပ်က စတိုင်ကျတယ် လူအများက ဂရုစိုက်တယ်ခင်ဗျ``



ထိုအခါ ကပိုကရိုပုဂ္ဂိုလ်သည် ကျွန်တော်တို့ဘက်သို့ လှည့်ကာ ``ကြည့်ပါဦးဗျာ အင်္ဂလိပ် အစိုးရ ပညာရေးဟာ လူတိုင်းကို Slavish Mentality ကျွန်စိတ်သွင်းထားတယ်ဗျ````ဒြါေ

ကာင့်လည်း လူတွေဟာ ယေဘူယျ အားဖြင့် ကျောင်းသားအရွယ်ကအစ ကိုယ်ပိုင်အလုပ် မလုပ်ချင်ကြတော့ဘူး ``ဟု ညည်းငြူပြောဆို လေသည်။



ထိုအခါ ကျွန်တော်လည်း မနေသာတော့ဘဲ ထိုကပိုကရိုပုဂ္ဂိုလ်အား ``နေပါဦး ခင်ဗျားက ဘာအလုပ်လုပ်ပါသလဲ`` ဟု မေးလိုက်မိသည်။



ထိုအခါ ထိုကပိုကရို ပုဂ္ဂိုလ်က ``ကျွန်တော်လား နိုင်ငံရေးသမားပါ နာမည်က သခင်အောင်ဆန်း ခေါ်တယ် ရေကျော်ရပ်ကွက် ဒို့ဗမာ အစည်းအရုံးမှာ အတွင်းရေးမှုး လုပ်နေတယ် ခင်ဗျားကော ဘာလုပ်သလဲ`` ဟု ကျွန်တော့ အမေးကိုဖြေကာကျွန်တော့ကိုလည်း တုန့်ပြန်မေးခွန်းထုတ်ပါတော့သည်။ ထိုအခါကျမှ ကျွန်တော်လည်း သူ့အား တချိန်က နာမည်သာ ကြားဖူးသည့် တက္ကသိုလ် သပိတ်မှောက် ခေါင်းဆောင်ဟောင်း ကိုအောင်ဆန်းဖြစ်သည်ကို သိလိုက်ရသောအခါ နဂိုက ကြည်ညိုရင်းစွဲရှိသည့် အလျောက် ရင်းနှီးပြီးသား ဖြစ်သွားပါသည်။ ထို့ကြောင့်လည်း ကျွန်တော်က ဝမ်းသာအယ်လဲပင် --



``ကျွန်တော်က ဆရာဖြစ်သင် ကောလိပ်ကျောင်းသားပါ ``



``ခင်ဗျားက ကရင်လူမျိုးလား ``



`` မဟုတ်ပါဘူး ရှမ်းလူမျိုးပါ ``



``ကျွန်တော်က ခင်ဗျားကို ကရင်လို့ထင်မိတယ်။ ရှမ်းဆိုတော့ တောင်ကြီးက ကိုဘစံတစ်ယောက် သိမှာပေါ့ ၊ သူဘာလုပ်နေသလဲ ``



``ကိုဘစံ (တောခို-ကျဆုံး) ဟာ PHI ကျမ်းမာရေး အင်စပိတ်တော် သင်တန်းတတ်ပြီး အခု ဘာလုပ်နေ တယ်ဆိုတာ ကျွန်တော် မသိဘူး။ ၁၉၃၆ -ခုနှစ် ကိုအောင်ဆန်းတို့ တက္ကသိုလ်က သပိတ်မှောက် တော့ ကိုဘစံကို ကျွန်တော်တို့ ခေါင်းဆောင်တင်ပြီး တောင်ကြီးမြို့အေ-ဘီ-အမ် ကျောင်းက သပိတ် မှောက်ကြ ပါတယ်။ သူ့ကို ကျွန်တော်တို့ ကိုယ်စားလှယ်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကို လွှတ်ခဲ့သေးတာပဲ``





သခင်အောင်ဆန်းသည် တနေရာသို့ ငေးနေပြီး ဆက်လက်ပြောပြန်သည်။



``ဟုတ်ကဲ့ အဲဒီတုန်း ကစပြီး သူ့ကိုသိပါတယ်။ ရှမ်းပြည်က ကိုတင်အေးကိုရော သိလား``



``သိပါတယ် သူက ညောင်ရွှေကပဲ ကျွန်တော်နဲ့ တစ်မြို့တည်းသား ဖြစ်ပါတယ်``





`` ခင်ဗျားတို့ ရှမ်းပြည်မှာဗျာ အင်္ဂလိပ်တွေဟာ ပုဒ်မ ၁၀ ကို အမြဲတန်းထုတ်ထားပြီး ကျွန်တော်တို့ နိုင်ငံရေးသမား တွေကို ၂၄ နာရီအတွင်း မောင်းထုတ်လေ့ရှိတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ ရှမ်းပြည်ကို သွားလို့မရဖြစ်နေတယ်။ အင်္ဂလိပ်အစိုးရဟာ ခင်ဗျားတို့ကို သက်သက် မျက်စေ့မပွင့်အောင် လုပ်ထားတာဗျ---``



ဤနေရာ၌ ကျွန်တော်သည် သခင်အောင်ဆန်းနှင့် တသဘောတည်းဖြစ်နေသည်။ ထို့ကြောင့်---



``ဟုတ်ကဲ့ မှန်ပါတယ် ။ ကျွန်တော်တို့ ခုထက်ထိ နိုင်ငံရေးဆိုတာ ဘာမှန်းတောင် မသိရသေးဘူး။ ခင်ဗျားတော့ နိုင်ငံရေးသမားဆိုတော့ အတော်နားလည်မှာဘဲ။ ခင်ဗျား နိုင်ငံရေးလုပ်လာတာ ဘယ်လောက်ကြာ ပြီလဲ ``



``ကျွန်တော် နိုင်ငံရေးကိုစပြီး လေ့လာလိုက်စားတာဟာ ၁၆ နှစ်သားကတည်းကပဲ။ ကျွန်တော် အသက် ၂၅ နှစ်ရှိပြီ။ ဘီအေ အောင်ပြီး ဘီအယ်လ် ဆက်တတ်ခဲ့တယ်။ ၁၉၃၉ ခုနှစ် ဘီအယ်လ် ဒုတိယနှစ် မှာ ကျောင်းက သပိတ်ကိစ္စနဲ့ စာမေးပွဲ မဖြေနိုင်ဘဲ ထွက်ခဲ့ရတယ်။ ကျောင်းထွက်ပြီးကတည်းက ဒို့ဗမာ အစည်းအရုံးမှာ သခင်နုတို့နှင့်အတူ နိုင်ငံရေးပဲ ဆက်လုပ်နေတယ်။``



ထိုအခါ ကျွန်တော်က တိုင်ဆိုင်လာသော အခွင့်အလမ်းကို လက်ကမ်းယူသည့် အနေဖြင့်--



``ကျွန်တော်တော့ နိုင်ငံရေး သဘောတရား ကောင်းကောင်း နားမလည်ဘူး။ ကျွန်တော့ကို နိုင်ငံရေး တရားဟောပါဗျာ--``ဟုတောင်းပန် ရတော့သည်။



သို့နှင့် သခင်အောင်ဆန်းသည် ထိုနေ့ညနေ ထမင်းစားပြီးအချိန် ၅ နာရီခွဲလောက်က စပြီး ကမ္ဘာ့သမိုင်း နှင့် စပ်လျဉ်း၍ နိုင်ငံရေးသိပ္ပံကို ဟောလေတော့သည်။ ည၁၁- နာရီရောက်သော်လည်း တရားဟော၍ မပြီးသေးချေ။ ၅-နာရီခန့်ကြာ ဆက်တိုက် မရပ်မနား ပြောနိုင်သည်ကို ကျွန်တော့မှာ မအံ့သြဘဲ မနေနိုင်ပါ။ ကျွန်တော် အတော်အိပ်ချင်ကြောင်းကို သူသိသဖြင့် သူက ``ခင်ဗျား အိပ်ချင်ပြီ အိပ်ဦး မနက်မှ ဆက်ဟော အုံးမည် ``ဟုပြောပြီး နှစ်ယောက်သား အိပ်လိုက်ကြသည်။



နောက်တစ်နေ့ မနက်ပိုင်း လဘက်ရည်သောက်ပြီး ဆက်ဟောပြန်တော့သည်။ နေ့လည်အချိန် ကျတော့မှ ယခု သူဟောသမျှမှာ အခြေခံသာဖြစ်ကြောင်းပြောပြသည်။ နားထောင်ရသူ ကျွန်တော့်မှာကား မသက်သာလှပါ။

ထိုသို့ တ၇ားနာပြီးနောက် သူ့ကို ပို၍ ကြည်ညိုလေးစားလာသော စိတ်သည် ကျွန်တော်၏ နှလုံးသား တွင် တစ်ဖွားဖွား ဖြစ်ပေါ်နေပါတော့သည်။



ထို့ကြောင့်လည်း မည်သည့် ပုဂ္ဂိုလ်ကိုမဆို သာမန်လူနှင့် မတူလျှင် ထိုပုဂ္ဂိုလ်သည် ထူးလျှင်လည်း ထူးရမည်။ ရူးလျှင်လည်း ရူးရမည် ဟုဆိုရိုးရှိသည့်အလျောက် ပထမသော် တွေ့တွေ့ချင်း သာမန်လူနဲ့မတူ တမူ ထူးခြားသောကြောင့် ရူးသည်ဟု ကျွန်တော်ထင်မိသော ပုဂ္ဂိုလ်မှာ အရူးမဟုတ် တကယ်ထူးသော ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ထင်ရှားစွာတွေ့ရပါတော့သည်။



နောက်တစ်နေ့ နေ့လည်အချိန်တွင် ဆေးရုံကြီးမှ Matron ခေါ် သူနာပြုဆရာမကြီး တစ်ယောက် သည် ဦးခေါင်းတွင် အဝတ်ဖြူပေါင်းလျှက် ကျွန်တော်တို့ အခန်းထဲဝင်လာပါသည်။



သူသည် လူနာများကို တစ်ယောက်စီ တစ်ယောက်စီ လိုက်လံစစ်ဆေးရာမှ သခင်အောင်ဆန်း ကုတင်နား သို့ ရောက်သောအခါ စားပွဲပေါ်ရှိ သောက်ရေခွက်ထဲ၌ ထည့်ထားသော ပိုက်ဆံ အကြွေများ ကိုတွေ့လျှင် အင်္ဂလိပ်ဘာသာဖြင့် ``ဘာကြောင့် ပိုက်ဆံကို ရေခွက်ထဲမှာ ထည့်ထားသလဲ ၊ လူနာများ ပိုက်ဆံ မကိုင်ရဘူးဆိုတာ မသိဘူးလား ``



``ခင်ဗျား ဥပဒေ ထုတ်ထားတာ ကျုပ်မတွေ့ရသေးဘူး ၊ ဖတ်လည်းမဖတ်ဖူးသေးဘူး ၊ ဒီဥပဒေ ဘယ်သူ ထုတ်ထားသလဲ--``



``ဒို့ ထုတ်ထားတယ်``



``ဥပဒေ ကိုခင်ဗျားထုတ်တယ်-- ခင်ဗျားလည်း လူပဲ၊ ကျုပ်လဲ လူပဲ၊ လူလုပ်တဲ့ ဥပဒေကို လူဖျက်တယ်၊ ကျုပ်ဖျက်တယ်၊ ကျုပ်မှ မဖတ်ရပဲ၊ ဘာတတ်နိုင် မလဲ `` ဟု ဘုမှုတ်ရာ ဆရာမကြီးမှာ ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ ရှုးရှုးရှဲရှဲ မြည်တွန်တောက်တီးပြီး မျက်နှာတစ်ခုလုံး နီမြန်းလျှက် ဆောင့် အောင့်ထွက်သွားတော့ ၏။ နောက်တစ်နေ့တွင်မူ ဆေးရုံမှ ဆရာ ဆရာမ များသည်သန့်ရှင်းရေးကို အားကြိုး မာန်တတ် လုပ်ကိုင်နေကြသည်ကို ထူးခြားစွာ တွေ့မြင်ရသောကြောင့် စုံစမ်းကြည့်ရာ မြို့တော်ဝန် လာရောက် စစ်ဆေးမည်ဟု သိရပေသည်။





သို့နှင့် မကြာမီ မြို့တော်ဝန်သည် ကူးစက်တတ်သော ရောဂါဆေးရုံသို့ စစ်ဆေးရန် ရောက်လာတော့သည်။



မြို့တော်ဝန်သည် ရှိသမျှ လူနာခန်းများကို အကုန်လုံးလိုက်လံ စစ်ဆေးပြီးနောက် ကျွန်တော်တို့ အခန်းကိုမူ နောက်ဆုံးမှ လာရောက်စစ်ဆေး ကြည့်ရှုပါသည်။



မြို့တော်ဝန်မှာ အင်္ဂလိပ်ကပြားဖြစ်သည်။ အခန်းထဲသို့ရောက်ပြီး လူနာများကို တစ်ယောက်ခြင်းလိုက် လံကြည့်ရှုသည်။ သခင်အောင်ဆန်းကို တွေ့တွေ့ခြင်း ``ဟလို--- သခင်အောင်ဆန်း ဂွတ်ဒ် မောနင်း ``ဟု နှုတ်ဆက်လေသည်။



သခင်အောင်ဆန်းမှာ အိပ်ယာမှ မထ၊ ဒူးတစ်ဖက်ကိုထောင်လျှက် အခြားတစ်ဖက်မှာ ထောင်ထားသော ဒူးပေါ်တွင် တင်ပြင်ချိတ်တင်ကာ မလှုပ်မယှက် နှင့် ``ဂွတ်ဒ် မောနင်း``ဟု ပြန်၍ နှုတ်ဆက်သည်။



ထိုအခါ မြို့တော်ဝန်က အင်္ဂလိပ်ဘာသာဖြင့်---



``ခင်ဗျား ဆေးရုံမှာနေတာ အစားအသောက် ဆင်းရဲသလား--``



သခင်အောင်ဆန်းက အင်္ဂလိပ်လိုပြန်ပြောသည်။



``ခံသာ ပါတယ်``



``အစား အသောက်နဲ့ ပတ်သတ်ပြီး ထမင်း ဟင်းတို့ မကောင်းရင် ဆရာဝန်ကိုပြောပါ ။ သူကောင်းအောင် စီစဉ်ပေးဘို့ ကျနော်ပြောခဲ့မယ်--``



``ကိစ္စမရှိဘူး စားနိုင်ပါတယ်``



``ကောင်းပါပြီ ဒါဖြင့် သွားလိုက်ပါဦးမယ်--``



ထိုသို့ နှုတ်ဆက်ပြီး အခန်းအပြင်သို့ အထွက်တွင် သခင်အောင်ဆန်းက ကျွန်တော်တို့ဘက် လှည့်ကာ ``မြို့တော်ဝန် လာစစ်ဆေးတာ တခြားအကြောင်းကြောင့် မဟုတ်ဘူး။ မနေ့က ဆရာမကြီးကို ကျွန်တော် ဘုဘောက် ပြောလိုက်တာနဲ့ သူတို့ တိုင်တန်းလို့ အကြောင်းရှာပြီး လာတာပါဟု မှတ်ချက် ချလိုက်သည်။ သူထင်သည့်အတိုင်းလည်း မှန်ပေသည်။ အဘယ့်ကြောင့်ဟူမူ ညအချိန် ဆွေးနွေးနေကျ လက်ထောက်ဆရာဝန်ထံမှ ထိုအတိုင်းဟုတ်မှန်ကြောင်း ကြားရခြင်းကြောင့်ဖြစ်သည်။



သခင်အောင်ဆန်း၏ စရိုက်မှာ အစဉ်လိုလို စာဖတ်လျှက်နေသည်။ တခါတလေ စာရေးနေတတ်သည်။ သူဖတ်သော စာအုပ်များမှာ များသောအားဖြင့် ဒေါက်တာ ဘမော်ထံမှ ငှားထားသော စာအုပ်များဖြစ်သည်။ တခါတရံလည်း ဝါးခမောက်ဆောင်းထားသော သခင်များ သူ့ထံသို့လာပြီး နိုင်ငံရေး ဆွေးနွေးကြသည်။ လွှတ်တော်မှ အမတ်များ မည်သို့ မည်ပုံဆွေးနွေးကြကြောင်း ပြောကြသည်။ အထူးသဖြင့် ဂဠုန်ဦးစောကို ပြင်းပြင်းထန်ထန် ဝေဖန်သံ ကြားရ၏။



ထိုအခါက နန်းရင်းဝန်မှာ ဂဠုန်ဦးစောဖြစ်သည်။ ဝါးခမောက်ဆောင်းထားသော သခင်များပြန် သွားကြပြီးနောက် သခင်အောင်ဆန်းသည် ကျွန်တော့်ဘက်သို့ လှည့်ကာ ``ဦးစောဟာ ဆင်ကြည့် ကြည့်လေ့ ရှိတယ် ဒီလူဟာ ဆင်ကြံကြံတတ်တယ်`` ဟု လှမ်းပြောလေသည်။



ထိုမှတ်ချက် မည်မျှတိကျမှန်ကန် သနည်းဟူမူ ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဦးစော၏ ဆင်ကြံကြံမှုကြောင့် ကြိုတင်၍ မှတ်ချက်ချထားခဲ့ဘူးသူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေတိမ်တွင် နစ်ခဲ့ရရှာ ပေသည်။



သခင်အောင်ဆန်းသည် ပြောသလိုလုပ်၍ လုပ်သလိုပြောသူတည်း။ ထိုစဉ်က သူသည် ဆေးပြင်းလိပ် သောက်၏။ တစ်နေ့တွင် ဆေးပြင်းလိပ် ကုန်သွားရာ သူ၏ ကုတင်ဘေးက လူနာတစ်ယောက်ဖြစ်သော ကိုကိုလေးဆိုသူ ပုလိပ်တစ်ယောက်က စီးကရက်တစ်လိပ်ထုတ်ပေးသည်။ သခင်အောင်ဆန်းက လက်မခံဘဲ ``ဟာ--- သခင်နဲ့ စီးကရက် ဘယ်အပ်စပ်မလည်းဗျာ--မသောက်တော့ပါဘူး ``ဟု ဆိုကာ တစ်နေ့လုံး အငတ်ခံ၍ နေသည်။ ညနေပိုင်း သူ့ နိုင်ငံရေးမိတ်ဆွေများ ရောက်လာတော့မှ ဆေးပြင်းလိပ်ဝယ်ခိုင်းပြီး အားပါးတရ ရှုရှိုက်နေသည်ကို တွေ့ရ၏။



ထို့ပြင်လည်း သူ၏ အကြောင်းကို အမှတ်တရ ရေးလိုက်ရပေဦးမည်။ ထိုအခါက ကျွန်တော်တို့ အခန်းတွင် တာဝန်ကျသော အမျိုးသမီးဆရာဝန် တစ်ယောက်ရှိသည်။ သူမ၏ အသက်မှာ ၂၅ နှစ်ခန့် ရှိပြီ ဖြစ်၍ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး သူမ၏ မျက်နှာမှာ လက်ခါရလောက်အောင်ပင် ချောမောလှပသူ ဖြစ်၏။ နေ့စဉ် ဘန်ကောက်ထဘီ တစ်ထည်ကျကို ပြောင်း၍ ပြောင်း၍ ဝတ်လာတတ်သေး၏။



တစ်နေ့သောအခါ ကျွန်တော်နှင့် သခင်အောင်ဆန်းထိုင်၍ စကားပြောနေစဉ် အဆိုပါ ဆရာဝန်မ သည် အခန်းထဲသို့ လာရောက်စစ်ဆေးပြီး နောက် ပြန်ထွက်သွား၏။ ကျွန်တော်နှင့် သခင်အောင်ဆန်းမှာ ဆရာဝန်မကလေးကို အမှတ်မထင်ကြည့်မိရာမှ သခင်အောင်ဆန်းက ``အင်း-- ကျုပ်တို့လည်း နောင်တစ်နေ့ မိန်းမယူရင် ဆရာမယူမှ ကောင်းမယ်ထင်တယ် သူတို့မှ လင်သားကို ပြုစုယုယ တတ်တယ်`` ဟုရယ်မောသလိုနှင့် မှတ်ချက်ချလိုက်လေသည်။



ထိုသို့ပြောလိုက်သည့် သခင်အောင်ဆန်း၏ စကားသံကို ကြားယောင်နေသော ကျွန်တော်သည် ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းက သူနာပြုဆရာမ ဒေါ်ခင်ကြည်ကို လပ်ထပ်လိုက်ကြောင်း ကြားသိရသောအခါ မည်သို့မျှ မအံ့သြမိတော့ချေ။



ထို့ပြင် မိုးကုတ်မြို့မှ သူဋ္ဌေးများက သီဟိုဠ်မှ ဘုရားတစ်ဆူအတွက် လှုဒါန်းသော စိန်ဖူးနှင့် ငှက်မြတ်နား မှာ ရွှေတိဂုံကုန်းတော်ပေါ်၌ သီဟိုဠ်သို့ မပို့မီ ဗုဒ္ဓဘာသာဝင်များ အတွက် စံပယ်လျှက် ရှိနေ၏။



၎င်းစိန်ဖူးကို ရန်ကုန်မြို့တွင်းသို့လည်း ဒေသစာရီလှည့်လည်ရန် စီစဉ်ထား၏။ အကြောင်းအားလျှော် စွာ တိုက်ဆိုင်နေသည်မှာ ရေကျော်မှ ဒို့ဗမာအစည်းအရုံးကလည်း ထိုနေ့၌ပင် အင်အားပြ လမ်းလျှောက်ရန် စီစဉ်ထားခြင်းပေတည်း။





အင်အားမပြမီ တစ်ရက်၏ ညနေပိုင်းတွင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ သခင်နုသည် ကန်တော်ကလေး ကူးစက်တတ်သော ဆေးရုံ အခန်းအမှတ် ၂ ရှိ သခင်အောင်ဆန်းထံသို့ ရောက်လာသည်။ ထိုစဉ်က သခင်နု၏ ကိုယ်လုံးကိုယ်ပေါက်မှာ မပိန်ပါ။ ဆံပင်မှာ မတိုမရှည် ညှပ်ထားသည်။ လမ်းလျှောက်လျှင် ခေါင်းအနည်းငယ်ငုံ့၍ လျှောက်တတ်သည်။ မြို့တော်ဝန် လာစဉ်က ဂရုမစိုက်ဘဲ အေးစက်စက်နေခဲ့သော သခင်အောင်ဆန်းသည် သခင်နု လာသောအခါ ကုတင်ပေါ်က ဖြတ်လတ်စွာဆင်းလျှက် သခင်နုကိုဆီးကြို လေသည်။



သခင်နုက ``သခင်အောင်ဆန်း မနက်ဖြန် ကျွန်တော်တို့ အစည်းအရုံးက အင်အားပြ လမ်းလျှောက် မလို့။ ဒါကြောင့် ခင်ဗျား ဆေးရုံက ဆင်းနိုင်ရင်လည်း ဆင်းဘို့ လာစုံစမ်းတာပါ``



``ကျနော့ ဆင်းရက်တော့ သဘက်ခါပဲ။ မနက်ဖြန်ခါ ကျွန်တော်မပါရင် မပြီးဘူးလား``



``ရတော့ ရတာဘဲ ဒါပေမယ့် ကျွန်တော်တို့ လူမစုံတော့ အား ရော့တာပေါ့``





``ဆင်းရက်က သဘက်ခါဆိုတော့ တစ်ရက်ကြိုဆင်းရရင် ဆေးရုံအနေနဲ့ သိပ်အရေးမကြီး ဘူးလို့ ကျနော်ထင်ပါတယ်။ သခင်နု အနေနဲ့ ဆရာဝန်ကြီးဆီ အခွင့်တောင်းကြည့်ပါ။ ကျနော် စောင့်နေမယ်``



ထိုအခါ သခင်နုက ဟိုတုန်းက လျောက်နေကြအတိုင်း ခေါင်းအနည်းငယ်ငုံ့လျှက် ဆရာဝန်ကြီး ထံ သွားလေသည်။ ဆရာဝန်ကြီးမှာ ကုလားလူမျိုးဖြစ်လေသည်။ မကြာသေးမီက မေထရွန်တစ်ဦးကို ဘုဘောက် လုပ်ခဲ့သော သခင်အောင်ဆန်းအား စိတ်မကျသေးဟန်ဖြင့် ချက်ကောင်းယူကာ ဆင်းခွင့်မပြုချေ။ သူ့အကြောင်းပြချက်ကို သခင်နုမှတစ်ဆင့်သခင်အောင်ဆန်း သိရသည်မှာ --



လူနာများကို ဆေးရုံမှ ရက်မစေ့ပဲ လွှတ်လိုက်ခြင်းကြောင့် ရောဂါပျံ့ပွား ကူးစက်သွားလျှင် ဆရာဝန်ကြီး၏ တာဝန်ဖြစ်လိမ့်မည်။ ထို့ကြောင့်သူက ခွင့်မပြုနိုင်ကြောင်းပင်ဖြစ်သည်။



ထိုအခါ သခင်အောင်ဆန်းက ချက်ချင်းပင် သခင်နုကို ``ကျနော် လိုက်ဘို့ ဆုံးဖြတ်ပြီးပြီ ဘာဘဲဖြစ်ဖြစ် ကျနော်လိုက်မယ်`` ဟု ဇွတ်တရွတ် ကတိပေးလိုက်သည်။



သို့သော် ထိုအချိန်တွင် လူနာများကို ၃ နာရီတစ်ကြိမ်ခန့် လဲလှယ်စောင့်ရှောက်၍ တာဝန်ကျနေ သော ဆိုခဲ့ပြီးသည့် အမျိုးသမီး ဆရာဝန်မက ထိုအကြောင်းကြားသဖြင့် ``သခင်အောင်ဆန်း အခုဆင်းသွား ရင် ကျမ အချိန်တွင် ဖြစ်နေပါတယ်။ ကျမ မှာတာဝန်ရှိပါတယ်။ ဒါကြောင့် ကျမအချိန်က ညနေ ၆ နာရီအထိ ဖြစ်ပါတယ်။ ထွက်သွားချင်ရင် ၆ နာရီထိုးပြီးမှ ထွက်ဖို့ ကျမ တောင်းပန်ပါတယ်`` ဟုမေတ္တာရပ်ခံလေရာ သခင်အောင်ဆန်းမှာ မှုံကုပ်စွာ ခေတ္တမျှ စဉ်းစားနေပြီး----



``ကောင်းပြီလေ ဗမာ အမျိုးသမီးတစ်ယောက် ထိခိုက်နစ်နာမယ်ဆိုရင် ခင်ဗျားပြောတဲ့အတိုင်း ၆ နာရီအထိ စောင့်မယ်။ ဒါပေမယ့် ၆ နာရီထိုးပြီးရင်တော့ ထွက်ရလိမ့်မယ်`` ဟုပြောလိုက်လေသည်။

ထို့နောက် သခင်အောင်ဆန်းသည် အခန်းစောင့် ကုလားလေးတစ်ယောက်ကို ဆေးရုံက သိမ်းဆည်း ထားသော သူ့အင်္ကျီနှင့် လုံခြည်များ ယူခိုင်းရာ ကုလားလေးမှာ အထက်လူကြီးများသိပြီး သူ့ကို အလုပ်ဖြုတ်မည် စိုးသည့်အတွက် မယူပေးဝန့်ကြောင်း တောင်းပန်ခယ ပြောတော့သည်။



သခင်အောင်ဆန်းလည်း ကုလားလေး၏ အခက်ခဲကို သနားသွားသဖြင့် ``ဒါဖြင့်လည်း နေပေ့စီ --ရော့ မင်းအတွက် ဘောက်ဆူး`` ဟုဆိုကာ သောက်ရေခွက်ထဲရှိ ပိုက်ဆံအကြွေအားလုံးကို သွန်၍ပေး လိုက်၏။

ဆေးရုံရောက်ကတည်းက လူနာများ ဝတ်လာကြသော အရပ်ဝတ်အရပ်စားများကို ဆေးရုံမှ သိမ်းဆည်းထားပြီး လူနာအမှတ်အသား မျင်းကြားအင်္ကျီ ဘောင်းဘီကိုသာ ပေးဝတ်ထား၇ာ သခင်အောင်ဆန်းမှာ ဒေါင်-- ဒေါင် စသဖြင့် ၆ နာရီထိုးသည်နှင့်တပြိုင်နက် ဆေးရုံမှ အဝတ်အစား များကို ဝတ်မြဲဝတ်လျှက်ပင် ကျန်လူနာ အားလုံးကို စတင်နှုတ်ဆက်တော့သည်။



ကျွန်တော်၏ လိပ်စာကိုလည်း တောင်းသည်။ ကျွန်တော်ကလည်း ပေးလိုက်၏။ သူ့လိပ်စာကို တောင်းသောအခါ၌မူ သူက လိပ်စာ အတည်တကျ မရှ ``သခင်အောင်ဆန်း မြန်မာပြည်`` ဟုရေးမှ ရမည်။ သူ ဘယ်အချုပ်ထောင်မှာ ကျရောက်ပြီးနေမည်ကိုတောင် မသိသေးဟု ပြောလေသည်။





ထို့နောက် စာအုပ်များကို ပိုက်လျှက် သခင်နုနှင့်အတူ ဂိတ်ပေါက် တူရူသို့ ရောက်သွားကြသည်။ ဂိတ်ပေါက်စောင့် ကုလားမှာ မြင်းကျားအင်္ကျီနှင့် ဘောင်းဘီကို ဝတ်လာသော သခင်အောင်ဆန်းအား မြင်သည်နှင့်တပြိုင်နက် လူနာဖြစ်ကြောင်း တပ်အပ်သိသည့်အလျောက် အတင်းတားကာ ဂိတ်ပေါက်ကို ပိတ်ထားလေသည်။





သခင်အောင်ဆန်းမှာလည်း သွားရန် သံန္နိဋ္ဌာန် ချထားသည့်အတိုင်း သူ့အားအတင်းအကျပ် ဟန့်တားထားသော ဂိတ်ပေါက်စောင့် ကုလားကို လက်သီးဖြင့် တအားကြုံးထိုးလိုက်ကာ ခပ်တည်တည် ထွက်သွားလေတော့သည်။ ဂိတ်စောင့်ကုလားမှာ ``အပါးပါး``ဟု မချိမဆန့်အော်လျှက်သာ ကျန်ရစ်နေခဲ့ ၏။



နောက် နှစ်ရက်ကြာသောအခါ သခင်အောင်ဆန်းနှင့် နိုင်ငံရေး ဆွေးနွေးနေကျ ဖြစ်သော ဆရာဝန်သည် ကျွန်တော်တို့ အခန်းထဲသို့ သတင်းစာတစ်စောင်ကို ကိုင်လျှက် ပြုံးပြုံးကြီး ဝင်လာလေသည်။ ထို့နောက် ကျွန်တော်တို့အား``ဖတ်ကြည့်ပါဦး တနေ့ညက ဂိတ်ပေါက်မှာ ဆူဆူညံညံ လုပ်သွားတဲ့ သခင်အောင်ဆန်းရဲ့ သတင်းကို ``ဟု ပြောလိုက်သဖြင့် ကျွန်တော်တို့ လူနာတစ်စု သတင်းစာကို အလုအယက် ဖတ်ကြရာ လူထုအင်အားကြီးမားလှသော ဒို့ဗမာ အစည်းအရုံး၏ အင်အားပြပွဲ ဓါတ်ပုံနှင့် တကွ ဗိုလ်တစ်ထောင် ဘုရားပွဲ၌ သခင်အောင်ဆန်း တတ်ရောက်ဟောပြောသော သတင်းကို ဝမ်းသာ အားရ ဖတ်ရှုကြရ ပေသတည်း။ ။

ဗိုလ်ခွန်ဖြူ

Share via . .
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၀)
By Ernesto Kee Ling