Monday, November 5, 2012

အယုံအကြည် ကင်းမဲ့ခြင်းက လူ့အဖွဲ့နှစ်ခုကြား ကင်းကွာမှု ပိုကြီးလာစေ

ဟိန္ဒူသတင်းစာ | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် အပြင်ပန်းအားဖြင့်တော့ ငြိမ်သက်နေသည်။ စနေနေ့ နေ့လည်စာ စားချိန်တွင် လမ်းမပေါ်၌ စက်ဘီးစီးနေသူများ၊ မော်တော်ဆိုင်ကယ်ဖြင့် သွားနေသူများ၊ ကားဖြင့် သွားနေသူအချို့၊ လမ်းဘေး တွင် လျှေက်နေသူများ၊ လမ်းဘေး လ္ဘက်ရည်ဆိုင်များတွင် ထိုင်နေသူများတို့ဖြင့် စစ်တွေမြို့လမ်းမကြီးသည် စည်ကားနေသည်။

ကုလားတန် ဘက်စုံစီမံကိန်းအတွက် လုပ်နေသော အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် ESSAR ၏ စီမံကိန်းမှာလည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နေသည်။ ကမ္ဘာလှည့် ခရီးသွားများကိုပင် တွေ့ရသေးသည်။

သို့သော် မြို့မှ မိုင် ၂ဝ လောက် ကားမောင်းသွားလျှင်ပင် စစ်တွေ တက္ကသိုလ်အကျော်၊ ပုဇွန် မွေးမြူရေးကန်များနှင့် လယ်ကွင်းများကို ကျော်လျှင်ပင် ဤဆိပ်ကမ်းမြို့ကလေးမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကင်းကွာကွဲပြားနေမှုများကို ထင်ထင်ရှားရှား တွေ့မြင်ရနိုင်ပြီ ဖြစ်သည်။

စစ်တွေနှင့် အခြား ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ရိုဟင်ဂျာ မူဆလင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအကြား
နှစ်ကြိမ်တိုင် ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ယင်းကိစ္စသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် စိုးရိမ်စရာ
ဖြစ်လာသည်။

သဲထူသော လမ်းတလျှောက် ဖြစ်ကတတ်ဆန်း ဆောက်ထားသော စခန်းများထဲ၌ နေထိုင်နေကြသူများမှာ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများ ဖြစ်ကြပြီး အစိုးရကတော့ သူတို့ကို ဘင်္ဂါလီများဟုသာ ရည်ညွှန်းပြောကြားသည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်သည်ဟု ဆိုသောအမှု ဖြစ်ပွါးခဲ့ပြီး ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည့်  ယခုနှစ် ဇွန်လ ကတည်းက သူတို့ မိမိတို့ အိုးအိမ်များကို စွန့်ခွါကာ ဤစခန်းများသို့ ရောက်လာခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုများအတွင်း ၇၈ ဦး သေဆုံးခဲ့ရပြီး အိမ်ပေါင်း ၅,ဝဝဝ မီးလောင် ကျွမ်းခံခဲ့ရသည်။ လူပေါင်း ၇၅,ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အောက်တိုဘာ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း တကျော့ပြန် ဖြစ်ပွါးခဲ့သော အကြမ်းဘက်မှုများအပြီး
နောက်ထပ်လူအများ ထိုဒုက္ခသည် စခန်းများသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ ထို ဒုတိယ အကြိမ် အကြမ်းဘက်မှုများ တွင်း လူပေါင်း ၈၉ ဦးသေ၊ ၁၃၆ ဦးဒဏ်ရာရ၊ အိမ်ပေါင်း ၅,၃၅၁ လုံးမီးလောင်ကျွမ်း၊ လူပေါင်း ၃၂,ဝဝဝ ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်ဟု မကြာသေးခင်က သမ္မတ ဦးသိန်းစိန်က ကြေညာပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး စစ်တွေမြို့တွင်မူ ည ၁ဝ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။

ဇွန်လ ဆူပူအကြမ်းဘက်မှုများအပြီး အိုးအိမ်စွန့် ထွက်ပြေးလာရသော ရခိုင် ဗုဒ္ဓဘာသာဝင်များအတွက် စခန်း ၄ ခုမှာ မြို့တွင်းမှာပင်ရှိပြီး ယင်းတို့မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများထက် အခြေအနေကောင်းသည်။ သူတို့သည် ယာယီ ဆောက်လုပ်ထားသော အိမ်များ တန်းလျားများတွင် နေထိုင်ကြပြီး အရေအတွက်လည်း နည်းသည်။ စခန်းတခုစီတွင် ဒုက္ခသည် တထောင်ခန့်သာ ရှိသည်။

ဒုက္ခသည် စခန်းများ သီးခြားစီ ရှိနေသည်ကို ကြည့်လျှင် လူ့အဖွဲ့အစည်း နှစ်ခုအကြား မည်မျှ စိတ်ဝမ်းကွဲပြားနေ သည်ကို မြင်နိုင်သည်။ စစ်တွေရှိ မည်သည့်ရခိုင်မျှ ရိုဟင်ဂျာ စခန်းများအနီးသို့ မသွားလိုကြဘဲ အလားတူပင် မူဆလင်များကလည်း ရခိုင်စခန်းများသို့ မသွားကြပေ။

“သူတို့က ကျနော်တို့ကို မုန်းနေတာလေ။ ဘင်္ဂါလီ စခန်းတွေနား သွားရင် ကျနော့်ကို သူတို့က သတ်ကြမှာ။ ကျနော်တို့ကို မြင်တာနဲ့တင် သူတို့က ဒေါသထွက်နေကြတာ” ဟု ရခိုင်လူငယ်တဦးက ကျနော့်ကို ပြောသည်။

မူဆလင် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ပေးရန် ကျနော်ပြောသည်ကို သူက ခါးခါးသီးသီး ငြင်းဆန်ပြီး ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများသို့သာ လိုက်ပို့သည်။

ကျနော် သွားခဲ့သော ပထမဆုံး ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင် လူငယ်လူကြီး၊ ယောက်ျားမိန်းမ၊ မိန်းကလေး
ယောက်ျားလေး၊ မွေးကင်းစကလေး၊ မတ်တပ်စမ်းစ ကလေး စသဖြင့် အရွယ်စုံဖြင့် ပြည့်နှက်နေသည်။ တရားဝင် ထုတ်ပြန်ထားသော ဒုက္ခသည် အရေအတွက်က ၁၈,၅ဝဝ သာ ရှိသော်လည်း နောက်ထပ် ရောက်လာသူများပါ ထည့်ပေါင်းလိုက်လျှင် ထို့ထက် များဘို့သာ ရှိပါသည်။

သူတို့အများစုမှာ ၁ဝ ပေ x ပေ ၂ဝ သာ ရှိသော တဲတလုံးလျှင် လူအယောက် ၈ဝ မှ ၁ဝဝ အထိ ပြွတ်သိပ်နေကြရ သည်။ မိသားစု ၂ဝ ခန့်မှ အမျိုးသမီးများသည် တဲအပြင်ဘက် ထွက်၍ ညနေစာကို ထင်းမီးများဖြင့် ချက်ပြုတ်နေကြ သည်။ သူတို့အတွက် စားနပ်ရိက္ခာ ဝေပုံကျကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ပေးကမ်းထား သည်။

သဲချောင်းစခန်းသို့ နောက်ထပ် ရောက်ရှိလာသူများမှာ ကျောက်ဖြူမှ ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓါတ်ပုံအရ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွါးခဲ့သော အရေးအခင်းတွင် အိမ်အလုံး ၈ဝဝ ပြာကျသွားခဲ့ရကြောင်း တွေ့ရှိရသည်။ ထိုနေရာမှ ထွက်ပြေးလာခဲ့သော လူ ၂,၅ဝဝ-၃,ဝဝဝ ခန့်မှာ သဲချောင်း ဒုက္ခသည် စခန်းအနီး ရွာထဲရှိ အိမ်များနှင့် မူဆလင် ဘာသာရေး ကျောင်းများထဲတွင် ခိုလှုံနေကြရသည်။

“ရခိုင် လူအုပ်ကြီးက ကျမတို့ အိမ်အားလုံးကို ရှစ်နာရီလောက်အတွင်း မီးရှို့ပစ်လိုက်ကြတာ။ ကျမအထင် ဒီလူအုပ်ကြီးက လူ ၅,ဝဝဝ လောက် ရှိမယ်။ လူ ၁ဝဝ သေတယ်။ ကျမတို့လဲ လှေတွေနဲ့ ထွက်ပြေးလာရတာ” ဟု မူရီယမ်ဘီဘီ က ပြောသည်။

သဲချောင်းရွာ အရောက် မြစ်ကြောင်းအတိုင်း နာရီ ၂ဝ ခန့် လာခဲ့ရသည်။ မူရီယမ်ဘီဘီနှင့် သူနှင့်အတူလာသူ အခြား ဒုက္ခသည်များ လှေပေါ်မှ ဆင်းခွင့်ရရေး၊ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့် ရရေးအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို နောက်ထပ် ၃-၄ ရက်ခန့် စောင့်ခဲ့ရသည်။

“ရွာကိုတော့ ပြန်နိုင်တော့မယ် မထင်ဘူး။ ပြန်ရင် ရခိုင်တွေက ကျမတို့ကို သတ်မှာ သေချာတယ်။ အဲဒီမှာလည်း ဘာမှ မကျန်တော့ပါဘူးလေ။ အားလုံး မီးရှို့လိုက်လို့ ပြာကျကုန်ပြီ” ဟု ယခုအခါ မူဆလင် ဘာသာရေး စာသင်ကျောင်း ပထမ
ထပ်တွင် မိသားစုနှင့်အတူ နေထိုင်သူ မူရီယမ်ဘီဘီ က ပြောသည်။

စခန်း၏ အခြားတဘက်တွင် နေသူများမှာ ဇွန်လအတွင်းက သူတို့နေအိမ်များ မီးရှို့ခံခဲ့ရသည့် စစ်တွေ နာဇီရပ်ကွက်မှ လူများ ဖြစ်သည်။ သူတို့အတွက် လှူဒါန်းလိုက်သော အဝတ်အစားထုပ်ကို ရရန် သူတို့ အလုအယက် လုယူနေကြရ သည်။ ဘယ်အဝတ်အစားမျှ ဝတ်လို့ရသည်လို့မရှိ။ စုတ်ပြဲနေသော အတွင်းခံများ၊ ရွှံ့များပေကျံ အစွန်းအထင်းများ ရှိနေသည့် ရှပ်အင်္ကျီများ၊ ရှပ်အင်္ကျီလည်းမဟုတ် မိန်းမဝတ် ဘလောက်စ်လည်း မဟုတ်သည့် အထည်များသာ ဖြစ်သည်။

“ကျနော်တို့ ဒါတွေကို ဝတ်လို့ရမယ်လို့ သူတို့ ဘယ်လိုများ ထင်သလဲမသိဘူး” ဟု ဘယ်လိုပြောရမှန်းတောင် မသိသည့် အဝတ်စ တစကို ပြရင်း လူတဦးက စိတ်ဆိုးမာန်ဆိုး ပြောသည်။

ထိုအထည်စက လူအများကို ပွဲကျသွားစေသည်။ တယောက်က “အင်ဒိုနီးရှားနဲ့ မလေးရှားက ပို့တာက အထည်
ကောင်းတွေ၊ ဒါတွေကို အာဏာပိုင်တွေက ခိုးထားလိုက်ပြီး ကျနော်တို့ကို ပေးတာကျတော့ ဒါတွေပဲ” ဟု ဒေါသဖြင့်
ပြောသည်။

သူပြောနေသည့် စကားမှာ ဘင်္ဂါလီစကားနှင့် ဆင်သည်။ သို့သော် စခန်းထဲမှ အများစုမှာ အံ့သြစရာကောင်းလောက်
အောင် အူရဒူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြသည်။ ဘောလိဝုဒ် (ဘုံဘေ)မှ ရုပ်ရှင်များကို ကြည့်ပြီး သူတို့ ပြောတတ်လာခြင်း ဖြစ်သည်ဟု ရှင်းပြကြသည်။

“ကျနော်တို့ ဘာသာစကားက ဘင်္ဂါလီဆိုတော့ အစိုးရက ကျနော်တို့ကို ဘင်္ဂါလီ လူမျိုးတွေလို့ ခေါ်တယ်။ သူတို့က ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်က လာတဲ့ သူတွေလို့ ပြောဘို့ လုပ်နေတာ။ တကယ်က ကျနော်တို့က ရိုဟင်ဂျာ လူမျိုး
တွေပါ။ ရခိုင်မှာ မျိုးဆက်ပေါင်း များစွာ နေလာတဲ့သူတွေလို့ ကျနော်တို့ မိဘတွေ၊ အဖိုးအဖွားတွေက ပြောပြကြပါ တယ်” ဟု အဗ္ဗဒူလ်ကာရင် က ပြောသည်။

စစ်တွေမြို့၏ တောင်ဘက် ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးလေး တဦး ဇွန်လအတွင်းက မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု သတင်းများ ပျံ့နှံ့သွားကတည်းက သူတို့အတွက် ဘေးဒုက္ခဆိုးကြီး ကျရောက်လာခဲ့ခြင်း ဖြစ်ကြောင်း နာဇီဘတ်စတီး ကျေးရွာမှ ထွက်ပြေးလာသူများထဲမှ တဦးဖြစ်သူ အိုမာအလီ က ပြောသည်။

ထိုပဋိပက္ခအကြောင်း စုံစမ်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ပေးသည်။ သို့သော် သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ မပြီးစီးနိုင်သည့်အတွက် နိုဝင်ဘာလလယ်အထိ အချိန်ထပ်တိုးပေးရန်
တောင်းခံထားသည်။

ရခိုင်ဒုက္ခသည် စခန်းများကတော့ ပိုမိုအစီအစဉ်တကျ နေသားတကျ ရှိပါသည်။ ရိုဟင်ဂျာစခန်းများမှာလို တိုးဝှေ့ တက်နင်းမိသည့် အဖြစ်မျိုး မရှိပါ။ စခန်း တခုစီတွင် လူ ၇၀၀ မှ ၁,ဝဝဝ ခန့်သာ ရှိသည်။ သစ်ဖြင့် ဆောက်ထားကာ သွပ်မိုးထားသည့် စခန်းထဲတွင် သင်ဖြူးဖျာများဖြင့် နေထိုင်ကြသည်။ စခန်းတခုစီတွင် အိမ်သာများလည်း တန်းစီ
ဆောက်ထားပေးသည်။

ဇွန်လ အတွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး နာဇီစခန်းထဲ ရောက်နေသူ ဦးချစ်မောင်က သူ့ရပ်ကွက်ကို မူဆလင် လူအုပ်ကြီးက မီးရှို့ခဲ့ကြောင်းပြောပြသည်။

“ဘာလို့ မီးရှို့ကြတယ်ဆိုတာ ပြောရခက်ပါတယ်ဗျာ။ ရခိုင်ပြည်နယ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရေရှည်စီမံကိန်း သူတို့မှာ ရှိတာတော့ ကျနော်သိတယ်” ဟု သူက ပြောသည်။

သူ့ဘိုးဘွားများ အာသံပြည်နယ်မှ မြန်မာနိုင်ငံတွင်းသို့ လာရောက် အခြေစိုက်ခဲ့သည် ဆိုသော ကျော်သာဘာရူးဝါး ကမူ ဤစီမံကိန်းသည် “သူတို့က ကျနော်တို့ အားလုံးကို အစ္စလာမ်ဘာသာဝင်တွေ ဖြစ်အောင် လုပ်ပစ်လိုက်ပြီး ရခိုင်ကို သိမ်းယူဘို့ပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာတွေ၊ ဒါမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု ပြောသည်။

ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော အကူအညီပေးရေး အဖွဲ့အစည်းများသည် “အစ္စလာမ်
နိုင်ငံများ” မှ ငွေများယူပြီး လုပ်နေကြကြောင်း ထို့ကြောင့် “ဘင်္ဂါလီစခန်းများ” သို့သာ ဘက်လိုက် ဆောင်ရွက်နေကြ
ကြောင်း အခြားတဦးကလည်း စွပ်စွဲပြောကြားသည်။

လွန်ခဲ့သော လက ရခိုင်ဗုဒ္ဓဘာသာဝင်များက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများကို စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော် ကုလသမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များဖြစ်
သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ငတ်မွတ်မှု တိုက်ဖျက်ရေးအဖွဲ့ (Action Against Hunger) များကမူ
အစိုးရ လုံခြုံရေး အကူအညီဖြင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေး အကူအညီများ ဆက်လက်ပေးနေ
ကြသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂ ခိုလှုံသူများနှင့် လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့ (United Nations Resident Humanitarian) ညှိနှိုင်း ဆောင်ရွက်ရေးမှူး အရှုပ်နီဂမ်းက ယခုအပတ်အတွင်း ဟိန္ဒူသတင်းစာ (The Hindu) သို့ ပြောရာတွင်မူ ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ် စွန့်ခွါလာရသည့် ဒုက္ခသည်များကို ကုလသမဂ္ဂနှင့် အစိုးရ ပူးပေါင်းဆောင်လုပ်သည့် ဂေဟာများ၌ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။

အလားတူ ဂေဟာများကို ဇွန်လအရေးအခင်းကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ မူဆလင်များအတွက်လည်း စစ်တွေတွင် လတ်တလော အစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်း ဆောက်လုပ်နေသည်ဟု သူက ပြောသည်။
အောက်တိုဘာလတွင် ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ အများစုမှာမူ အစိုးရ စာရင်းများအရ မူဆလင်များ ဖြစ်ကြသည်။

“ဒီလူတွေ အားလုံးဟာ ကျနော်တို့ ကူညီဆောင်ရွက်ပေးရမယ့် လူတွေချည်းပဲ။ ကျနော်တို့ကတော့ မူဆလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မခွဲခြားပါဘူး။ အကူအညီ လိုအပ်နေသူတိုင်းအတွက် အကူအညီပေးနေတယ်။ သူတို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်”

ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင်ရော၊ ရခိုင်ဗုဒ္ဓဘာသာဝင် စခန်းများတွင်ပါ အားလုံး စိတ်ဝင်စားနေကြသည့် တူညီသည့် အကြောင်းအရာတရပ်မှာ သြဂုတ်လအတွင်း အာသံပြည်နယ်တွင် ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများ
ဖြစ်သည်။

“မူဆလင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတယ်၊ ထွက်ပြေးသွားရတယ်လို့ ကျနော်တို့ ကြားတယ် အဲဒါ ဟုတ်သလား” ဟု ရိုဟင်ဂျာ စခန်းများမှ လူများက မေးကြသည်။ “ဘိုရိုတွေ အများကြီး အသတ်ခံရတယ်လို့ ကျနော်တို့ကြားတယ်။ အဲဒါ ဟုတ်သလား” ဟု ရခိုင်ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများမှ လူများက မေးကြသည်။

နှစ်ဘက်လုံးက သူတို့ကြုံခဲ့ရသော ပဋိပက္ခများနှင့် အာသံတွင် မကြာသေးခင်က ဖြစ်ပွါးခဲ့သော ရုန်းရင်းဆန်ခတ်မှု များကို မျဉ်းပြိုင်ဆွဲယူ ထပ်တူပြုလိုနေကြသည်။

Sunday, November 4, 2012

“ ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ”

Eleven Media Group က အသက် ၁၈နှစ်အရွယ်မျိုးချစ်အယ်ဒီတာလေးက ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီမီဒီယာက ကိုအောင်ဇော်ရေးထားတဲ့ဆောင်းပါးကို ဝေဖန်ထားတာပါ။ ပြည်တွင်းမီဒီယာနဲ့ ပြည်ပမီဒီယာ ဘာကွာတာလဲဆိုတာ ထင်ထင်ရှားရှားပြလိုက်တဲ့ သက်သေပါပဲ။ ပြည်တွင်းမီဒီယာတွေမှာ လူငယ်လေးတွေတောင် မျိုးချစ်စိတ်ဓာတ်နဲ့ မိမိတိုင်းပြည်နဲ့လူမျိုးဘက်က ရပ်တည်ပြီး အမှန်အတိုင်း ရေးသားနေကြပေမဲ့ ပြည်ပက အိုနာကျိုးကန်း မီဒီယာသမားတွေကအသက်ကြီး...
ပေမဲ့ အသိတရားမရှိဘဲ ဒေါ်လာသာအမိ ဒေါ်လာသာ အဖဆိုပြီး ဘင်္ဂါလီအားပေးလုပ်နေကြတာဟာ အဓိက ကွာခြားချက်ဖြစ်ပါတယ်။
ဘကတအဖွဲ့က အမျိုးသားရေးဘက်ကရပ်တည်တဲ့ မျိုးချစ်ပြည်တွင်းမီဒီယာသမားတိုင်းကို လေးစားဂုဏ်ယူပါတယ်။

-------------------------------------
“ ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ”

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။

‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည
်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်းဟာ နောက်ပြန်လှည့်သွားနိုင်ပါတယ်’ လို့ အကို ရေးခဲ့တယ်။

ဘာကြောင့် ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာလဲ။ ကိုအောင်ဇော်ကတော့ ဒါဟာ ဘာသာရေးဆိုင်ရာလည်း မဟုတ်သလို လူမျိုးရေးဆိုင်ရာလည်း မဟုတ်ပါဘူးလို့ ရည်ညွှန်းထားပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝန်ရဲ့ ‘ဒီကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတစ်ရပ် ဖြစ်တယ်’ ဆိုတဲ့ စကားကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် လူတစ်စုကနေ ဒီကိစ္စတွေ ဖန်တီးဖို့ နောက်ကွယ်က ကြံစည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း တုံ့ပြန်ဖို့ လက်နှေးနေတဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။

ကိုအောင်ဇော်အနေနဲ့ သီအိုရီနှစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ သီအိုရီ တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီအတွင်းက အမာခံ ခေါင်းဆောင် တစ်ချို့ကနေ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ နောက်သီအိုရီ တစ်ခုကတော့ စစ်တပ်ကို လူမြင်ကွင်းထဲ ပြန်ခေါ်လာပြီး အာဏာကို ပြန်ထိန်းဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်.....

ကိုအောင်ဇော်အနေနဲ့ ကျန်ခဲ့တဲ့ အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ ကျတဲ့ နေရာ တစ်ခုမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံကနေ တစ်ဆင့် အန္ဒိယ သမုဒ္ဒရာဆီကို ထွက်ပေါက်ရဖို့ တရုတ်က ကြိုးစားနေသလို တရုတ်ရဲ့ ဩဇာအာဏာကို ပြန်ထိန်းဖို့ အမေရိကန်ကနေ မြန်မာနိုင်ငံကို အလိုရှိနေပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံအနေနဲ့ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ ယူဆပါတယ်။ အခု နောက်ဆုံး ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ မင်ဒါနာအိုက မူဆလင် အကြမ်းဖက်သမားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးခဲ့ရတာကို ကိုအောင်ဇော်သိမှာပါ။ (ပြည်ထောင်စု အစိုးရကနေ စွတ်ဖက်ခွင့် မရှိ သလောက် ဖြစ်သွားတယ်။) ဇွန်လအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အစွန်းရောက် မူဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေကို တိုက်ဆိုင်မှုလို့တော့ ပြောလို့ မဖြစ်နိုင်ပါဘူး။

အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်။

ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ့ အချိန်က နိုင်ငံတကာကလည်း ဒီအရေးကို အလေးထားခဲ့ကြပါတယ်။ဘာပဲပြောပြောဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ကင်တာနားတို့ OIC တို့ က လူ့အခွင့်ရေးဆိုတာတွေ အသံပိုကျယ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာ ပြန်လည် ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း OIC ကို လက်ခံခဲ့ပြီး ကင်တားနားကိုလည်း မြန်မာနိုင်ငံကို လာဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ဖို့ ကိစ္စတွေကို တစ်နိုင်ငံလုံးနီးပါး လက်မခံ နိုင်ကြောင်းဆန္ဒပြခဲ့ကြတယ်။ အဲဒီ့ ဆန္ဒပြမှုတွေကြောင့်OIC ကိစ္စတစ်ခန်းရပ်ပြီးချိန်မှာ ရခိုင် ပဋိပက္ခကတွေ ချက်ချင်းပဲတစ်ကျော့ပြန်ဖြစ်တာလို့ ဆိုကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ ဖြစ်ပြန်တော့လည်း အာဆီယံ ထိပ်သီး အစည်းအဝေး မလုပ်ခင်လေးတင်ပါပဲ။ အာဆီယံမှာ ဒီကိစ္စကို ရှေ့တန်းတင်လာ နိုင်ပါသလား။ (အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။) အာဆီယံအနေနဲ့ အဓိကပြဿနာတွေကို ဆွေးနွေးတိုင်ပင်မှု မပြုပဲ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စတစ်ခုလို သဘောထားလို့ မဖြစ်ပါဘူး။ ပြီးတော့ အခုပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကျောက်ဖြူဒေသဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုလည်း ၂၀၁၃ မှာ လည်ပတ်နိုင်အောင် လုပ်ဆောင်နေချိန်မှာ ချိန်ကိုက်ပြီး ပဋိပက္ခတွေ ဖန်တီးခဲ့သလားဆိုတာလည်း စဉ်းစားစရာပါပဲ။

ကိုအောင်ဇော်ရေ ဒါကို တိုက်ဆိုင်မှုတွေလို့ပဲ မြင်သလားဘယ်လိုမျိုး မြင်ပါသလဲ။ ကျွန်တော်ကတော့ ဒါတွေဟာတိုက်ဆိုင်မှုလို့မထင်ပါဘူး။ တကယ်လို့ အဲဒီ့ အကြမ်းဖက်မှုတွေကို အစွန်းရောက် မူဆလင် အုပ်စုတစ်စုကနေ လုပ်နေပြီးတော့ ဖိလစ်ပိုင် တုန်းကလိုမျိုး အကြွင်းမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆို မလို့လား။ မြန်မာနိုင်ငံသား အများစုဟာ ဘင်္ဂါလီတွေကို မြန်မာ့တိုင်းရင်းသား လူမျိုးအဖြစ် လက်မခံချင်ဘူးဆိုတာ မှန်ပေမယ့် နိုင်ငံသားအဖြစ် (လုံးဝ) လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ မြန်မာဘာသာစကားနဲ့ စာပေကို ကျွမ်းကျင်ပြီး တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေကိုတော့ နိုင်ငံသားပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်းမှာ နေလာတဲ့ သူတွေကိုလည်း မြန်မာစာပေ ကျွမ်းကျင်မှုရှိရင် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လူမျိုးစုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လို့ရပါတယ်။ အရင်လည်း နေခဲ့ကြဖူးပါတယ်။ ဒါကို ဘယ်သူတွေ ဖျက်ခဲ့ကြတာလဲ။

အလေးအနက်ထားဖို့ လိုတဲ့ အချက် နောက်တစ်ချက်ရှိပါသေးတယ်။ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်းတွေနဲ့ ထားတာ မကောင်းပါဘူး။ ဒုက္ခသည် စခန်းတွေကနေ အစွန်းရောက်တွေ ပေါက်ဖွားတာမျိုး မလိုချင်ပါဘူး။ လက်ရှိ မြန်မာပြည်တွင်းကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို သူတို့ရဲ့ မူရင်းနိုင်ငံ ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို ပို့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ခွဲခြားပြီး ထားလိုက်မယ်ဆိုရင် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်လာတဲ့ အချိန်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့တွေ အနေနဲ့ မဲပေးပိုင်ခွင့် လွှတ်တော် ထဲဝင်ရောက်ခွင့်တို့ တောင်းဆိုလာနိုင်ပါတယ်။ (ဧည့်နိုင်ငံသားတွေ အနေနဲ့ ဒီလုပ်ပိုင်ခွင့်တွေ မရှိပါဘူး။) ဒါ့ကြောင့် သူတို့ကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အတူတူ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ရခိုင်ဒေသမှာ စီပွားရေးနဲ့ ပညာရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသတစ်ခုဟာ ဖွံ့ဖြိုးလာပြီး ဒေသခံတွေ အသိဉာဏ် ကြွယ်ဝလာပြီဆိုရင် ဒီလိုမျိုး ပဋိပက္ခတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါပေမယ့် မဲပေးဖို့တော့ မျိုးဆက် ၂ဆက်ထက်မနည်း စောင့်ရပါမယ်။ ဒါ့အပြင် ဘင်္ဂါလီ ဝန်ထုပ် ဝန်ပိုးကို ရခိုင်ဒေသ၊ ရခိုင်လူမျိုး တွေချည်းပဲ ထမ်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံသား မှတ်ပုံတင် စီစစ်ပြီး နိုင်ငံသား စစ်မှန်ရင် နိုင်ငံသားတွေ နည်းတူ အခွင့်အရေး ပေးရမှာပဲပေါ့။ တစ်နိုင်ငံလုံးမှာ လှည့်လည် သွားလာခွင့်လည်း ပေးရပါမယ်။

ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ.....

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ အမျိုးသားရေး ပြဿနာ၊ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တင်ပြပြီး ဖြေရှင်းရမယ့် နိုင်ငံတကာ အရေးကိစ္စမျိုး မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဒေသတွင်းမှာသာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ ကျောက်ဖြူ ပိုက်လိုင်း ကိစ္စလိုမျိုး စီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ တရုတ်ရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုကိုလည်း မခံရအောင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုလည်း နည်းပါးအောင် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒီလို စီမံကိန်းတွေကနေ ဒေသခံတွေ အတွက် အကျိုးအမြတ်တွေ ရရှိအောင် ဖန်တီးရပါလိမ့်မယ်။

ကျနော့် အနေနဲ့ပြောရရင်တော့ ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့သလိုမျိုး အုပ်ချုပ်မှု ညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တရားဥပဒေစိုးမိုးရေးကိစ္စတစ်ခုတည်းကြောင့် မဟုတ်သလို၊ လက်ရှိကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေ၊ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး နဲ့ လက်ရှိနိုင်ငံရဲ့ အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာပါ။

ကိုအောင်ဇော်ရေ တကယ်တော့ ဒီပြဿနာဟာ သာမန် အုပ်ချုပ်မှုဆိုင်ရာနဲ့ နိုင်ငံရေး အကျပ်အတည်းလည်း မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒီကိစ္စကို အစိုးရချည်းသက်သက် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အတိုက်အခံတွေ အနေနဲ့လည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်တွေကို မြင်နေရပါမယ်။ပြည်ထောင်စုစစ်စစ်ကိုလိုလားတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေအားလုံး ၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ အစွန်းရောက် ဘာသာရေးသမား အဲဒီ့လိုလူတွေ လက်ထဲကို ကျရောက်သွားလို့ မဖြစ်ပါဘူး။ ဒီအချက်ကို ဧရာဝတီ အနေနဲ့ လစ်လျူရှုထားတာလား။ ထည့်စဉ်းစားဖို့ပဲ မေ့နေခဲ့တာလား။ ဒါမှမဟုတ် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားမှုတွေကြားမှာ မလွန်ဆန်နိုင်တာလား။

စာရေးသူ
အမည် ဇေယျာနန္ဒ
မွေးသက္ကရာဇ် ၁၉၉၄
အသက် ၁၈ နှစ်
ရာထူး အယ်ဒီတာ
ပညာအရည်အချင်း First Year (Political Science)
(ယခုရေးသားသူမှာ အသက် ၁၈နှစ်သာ ရှိသေးသော EMG ၏ လူငယ် အယ်ဒီတာ တစ်ဦးဖြစ်ပါသည်။ ၎င်း၏ အင်္ဂလိပ် ဘာသာဖြင့် ရေးသားချက်ကို ANN တွင်လည်း ဆက်လက်ဖော်ပြသွားပါမည်။ ၎င်း၏ ရေးသားချက်သည် EMG ၏ အာဘော်လည်း ဖြစ်ပါသည်။)

Eleven Media Group
See More

Friday, October 19, 2012

နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံထက် များသော နိုင်ငံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။

မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။

ကုန်ခဲ့သည့် နှစ်ငါးဆယ် မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ အများက လေးစား ခံ့ညားရသည့် နိုင်ငံကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်စေရန်လည်း လွတ်လပ်ရေး ရပြီး အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် ရပ်တည်ချိန်မှ စကာ နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို ထိုခေတ် ပညာရေး စနစ်က မြှင့်တင် ပေးခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံသားတို့၏ အသိပညာ ရေချိန်နှင့် နိုင်ငံကြီးသားများ အဖြစ် လေ့ကျင့် မြှင့်တင် ပေးရေး အတွက် အဓိက အရေးကြီးသည်မှာ Civic Education ခေါ် ပြည်သူ့ နီတိ ဖြစ်ပါသည်။ ထိုခေတ်က ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းမှ စကာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ် အဆင့်အထိ သူ့အဆင့်နှင့်သူ လိုက်လျောညီထွေ ရှိမည့် ပြည်သူ့နီတိကို သင်ကြားပေးပါသည်။ ထိုပညာရေး စနစ်ကြောင့်ပင်လျှင် မြန်မာနိုင်ငံနှင့် နိုင်ငံ သား များ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ အဆင့်တန်း မြင့်မြင့် ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးတွင် နိုင်ငံတော်၏ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအပြင် စိတ်ပိုင်း ပါ ဖွံ့ဖြိုးစေရန် အလို့ငှာ အာဏာသုံးရပ် အပါအဝင်၊ စတုတ္ထ မဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်တို့တွင် ရှိနေသူ အားလုံး ပြည်သူ့နီတိကို လေ့လာ သင်ယူကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့လွှတ်တော်အတွင်း ရောက် ရှိနေကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့အတွင်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝန်ကြီး အဖြစ် တာဝန် ယူထားသူများ၊ တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပြည်သူ့နီတိကို အခြေခံမှ စကာ ယခုပင် လေ့လာသင်ယူ သင့်လှပါသည်။ သို့မှသာ ပြည်သူ့နီတိသည် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့တွင် မည်ရွေ့မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက်လာမည် ဖြစ်ပါသည်။

လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူ အဓိက ခေါင်းဆောင်များ၊ Stakeholder များ အနေနှင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှသည် အနှစ်ငါးဆယ် တစ်ရာ တိုင်သည် အထိ မျိုးဆက်သစ် များစွာတို့ ဆင့်ပွား အမွေ ခံကြရမည့် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ခေါင်းမော့ ရင်ကော့နိုင်သည် အထိ မျှော်တွေး စဉ်းစား ကြပါမည့်အကြောင်း အထူး တိုက်တွန်း အပ်ပါသည်။

အယ်ဒီတာ (၁၈-၁၀-၂၀၁၂)

Thursday, October 11, 2012

တိုင်းပြည်ကို အန္တရယ်တွင်းထဲ တွန်းပို့နေသူ သို့မဟုတ် ဝေနှင်းပွင့်သုန်

(OIC မြန်မာပြည် ခြေချခွင့်ရအောင် တွန်းပို့သူထဲမှာ သူလဲ ပါလို့ FB မှာ ပြန်လည် မျှဝေလိုက်ပါတယ်။ မှားမှား မှန်မှန် သူတို့တွေ သူတို့ ဘာသာရေး အတွက် ဘယ်လို ဝိုင်းလုပ်နေကြတယ် ဆိုတာကို မြင်အောင် ကြည့်စေချင်လို့ပါ)

ဘလော့ဂ်လေးမှာ စာမရေးဖြစ်ခဲ့တာ တစ်နှစ်လောက်တောင် ရှိသွားပြီ။ အစကတော့ ပို့စ် အဟောင်းလေး ဘာလေး ပြန်တင်သေးတယ်။ နောက်တော့ ဘာမျှကို မလုပ်နိုင်တော့ဘူး။ ကိုယ့်ဘလော့ဂ်က လူသိတာ မဟုတ်ပေမဲ့ ခုရက်ပိုင်း စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေခဲ့တယ်။ မရေးဖြစ်ခဲ့ပါဘူး။ ခု ရေးဖြစ်ပြန်တော့လဲ ကိုယ်မရေးချင်တာကြီးက စရေးရမယ်။ မရေးချင်ပေမဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ရေးသင့်လို့ ရေးလိုက်ရတာပါ။

တစ်နေ့က ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ တင်ထားတဲ့ “ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ” ဆိုတဲ့ မြေးမြန်းခန်းကို ဖတ်မိတယ်။ “မြန်မာ့ ဒီမိုကရေစီ ရေးရာ ဆွေးနွေးခန်း” ကဏ္ဍမှာ တင်ပြသွားတဲ့ ဆွေးနွေးခန်းပါ။ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက လန်ဒန် အခြေစိုက် Burma Campaign UK မှ မဝေနှင်းပွင့်သုန်ကို မေးမြန်းထားတာကို တင်ပြထားတာပါ။

ဖတ်ကြည့်တော့ မဝေနှင်းရဲ့ စကားအချို့ဟာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ လိုရာ ဆွဲပြောထားတာ၊ misleading လိုမျိုးစကားတွေ ပြောထားတာတွေ တွေ့ရတယ်။ အစကတော့ ခပ်ကောင်းကောင်းပဲ။ သူစပြောတာက -

“ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။”တဲ့။ မျှမျှတတ မြင်ပြီး ပြောတာဆိုရင် သိပ်ကောင်းမည့် စကားပါ။ မေးမြန်းခန်း တစ်ခုလုံးကို ဖတ်ကြည့်အပြီးမှာတော့ သူမက ရခိုင်တွေက ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တယ်လို့ ယူဆလို့ ဒီစကားနှင့် အစပျိုးတယ်လို့ သဘောပေါက်မိတယ်။ ဒီမှာ မေးစရာရှိတာက

၁။ ရခိုင်တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တယ်လို့ ယူဆရင် ရိုဟင်ဂျာတွေကကော ရခိုင်တိုင်းရင်းသားတွေ အပေါ် အကြမ်းမဖက်ဘူးလား။ ပုံကြီးချဲ့ လိမ်လည် တင်ပြထားတာတွေကို ထောက်ပြီး ဇွတ်တော့ မငြင်းစေချင်ဘူး။ ဘာလို့လဲဆို ရိုဟင်ဂျာတွေက တစ်ခြားမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံတွေကို ပြင်ပြီး ရခိုင်မှာ ဖြစ်နေတာတွေလို့ ကမ္ဘာကို လိမ်နေကြလို့ပါ။ အဲဒါတွေကို သိသိကြီးနှင့် လုပ်နေတယ်ဆိုရင် ဝေနှင်းလည်း ကြံရာပါလို့ ပြောရပါတော့မယ်။

၂။ ကမ္ဘာမှာ အကြမ်းဖက်မှုတွေကို ကြည့်လိုက်ရင် အစ္စလမ် ဘာသာဝင်တွေချည်းပဲလိုလို ဖြစ်နေတာကို မသိတာလားလို့ မေးချင်ပါတယ်။ အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းမဖက်ပေမဲ့ အကြမ်းဖက်သူတိုင်း လိုလိုကတော့ အစ္စလမ်ဘာသာဝင်တွေ ဖြစ်နေတာကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့မြင်နိုင်ပါတယ်။ ဒါက မသိချင် မမြင်ချင် အဆုံးပါ။ ဒါကို မဝေနှင်း ဘယ်လို ပြောမလဲ။ ဥပမာ 9/ 11 အဖြစ်အပျက်မျိုးပါ။ အပြစ်မဲ့ မူဆလင်ဘာသာဝင်တွေ အပါအဝင် အပြစ်မဲ့ လေယာဉ်ခရီးသည်တွေ၊ အပြစ်မဲ့ အမွှာမျှော်စင်ပေါ်က လူ (သုံးထောင်ကျော်)ဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နှင့် သေခဲ့ကြရတယ်။

နောက်တစ်ခု ကြည့်ကြည့်ရအောင်။ သူမက (ရိုဟင်ဂျာတွေဟာ) “တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။” လို့ ပြောတယ်။ ဒီစကားရပ်တွေက တော်တော်ကို ဆိုးပါတယ်။

“တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။”လို့ မေးရအောင်က တရားမဝင်လာနေတဲ့သူတွေ (သို့မဟုတ်) ရိုဟင်ဂျာတွေကို ဘယ်သူက လူမဟုတ်ဘူးလို့ ပြောနေလို့လဲ။ လူမှန်းလဲသိတယ်။ လူလို့လဲ အသိအမှတ်ပြုတယ်။ အသိအမှတ်မပြုတာက စာရေးသူအထင် တစ်ချို့လူတွေက ခိုးဝင်လာတာ၊ နောက် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတာသာဖြစ်ပါတယ်။ မဆိုင်ပဲနှင့် သူတို့က လူမဟုတ်ဘူးလားလို့ မေးတာကတော့ ပြဿနာကို ကြီးအောင် တမင်သက်သက် ဖန်တီးတယ်၊ ကိုယ့်ဘာသာဝင် အရေးမို့ ပုံကြီးချဲ့တယ်ဆိုတာ သိသာပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပဲ ဖြစ်ဖြစ်၊ တခြား မူဆလင်တွေပဲ ဖြစ်ဖြစ် ဘာသာရေးကို ဘာသာရေးအနေနှင့်ပဲ လုပ်ရင် လုပ်ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဗလီပေါင်း တစ်ထောင်ကျော် ရှိနေတယ် ဆိုတာကိုက အချို့ အစ္စလမ် နိုင်ငံတွေနှင့် စာရင် ဘာသာရေး လွတ်လပ်ခွင့် အများကြီး ရနေတာပါ။ တစ်ချို့မူဆလင် နိုင်ငံတွေမှာဆို ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ပါတဲ့ စာအိပ်ခေါင်းတောင် ဝင်ခွင့်မပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။ တော်တော် ခေတ်မီပါတယ် လွပ်လပ်ပါတယ် ဆိုတဲ့ ဆော်ဒီနိုင်ငံမှာ ဗုဒ္ဓရုပ်တု တွေ့ရုံနှင့် ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနေတာတွေနှင့် စာရင် မြန်မာပြည်က ဘာသာရေး လွတ်လပ်ခွင့်ဟာ အများကြီး မသာပေဘူးလား။ ဗုဒ္ဓဆင်းတု ကိုးကွယ်လို့ ဆိုပြီး ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေကိုတော့ လူ့အခွင့်အရေး ဆရာတွေ ဘာမျှ မပြောကြ မလုပ်ကြဘူးလားလို့ ပြန်မေးရပါတော့မယ်။ တကယ်ဆို “လူတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်” ဆိုတာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေး တစ်ရပ် မဟုတ်ပါလား။

လူ့အခွင့်အရေးကို တကယ် ယုံကြည် မြတ်နိုးလို့ ဆောင်ရွက်တယ် ဆိုရင် ထောက်ခံ အားပေးပါတယ်။ အသိအမှတ်ပြု လေးစားပါတယ်။ တစ်ခုတော့ ရှိတယ်။ စလုပ်ရမှာကတော့ မူဆလင်နိုင်ငံတွေကို ပညာပေး စည်းရုံး တိုက်ပွဲဝင်ဖို့ပါပဲ။ မဝေနှင်းကိုယ်တိုင် ဗလီတက်ခွင့်ရအောင် အရင် လုပ်ပါဦး။ နောက်တစ်ဆင့်ကတော့ အမျိုးသမီး ဗလီဆရာ ဖြစ်အောင် လုပ်ပါဦးလို့ အကြံပေးပါရစေ။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ဖက်သတ် ချိုးဖောက် ဖိနှိပ်ထားတာတွေနှင့် စာရင် မြန်မာနိုင်ငံက ဘာသာရေး လွပ်လပ်ခွင့်ဟာ အများကြီး ကောင်းနေပါသေးတယ်။ ဒီလိုပြောလို့ မြန်မာ အစိုးရဘက်က လိုက်ပြောတယ် မထင်လိုက်နှင့်။ စာရေးသူဟာလည်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် ညှဉ်းပန်း အုပ်ချုပ်မှုကို စက်ဆုတ် ရွံရှာတဲ့ သူပါ။

လူ့အခွင့်အရေး သို့မဟုတ် အကြမ်းဖက် အသတ်ခံရမှုလို့ ပြောရင် ရိုဟင်ဂျာတွေ ထိခိုက် ဒဏ်ရာရတာ၊ သေဆုံးတာသာ လူ့အခွင့်အရေး ဖောက်ဖျက်ခံရတာ သို့မဟုတ် အကြမ်းဖက် အသတ်ခံရတာမဟုတ်ဘူး၊ ရခိုင် တိုင်းရင်းသားတွေ ရိုဟင်ဂျာတွေရဲ့ အသတ်ခံရတာ၊ အိမ်းတွေ မီးရှို့ခံရတာတွေဟာလည်း လူ့အခွင့်အရေး ဆုံးရှုံးတာ၊ အကြမ်းဖက်ခံရတာပဲ။ တရားမျှတတဲ့ မှန်ကန်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူသာ မှန်ခဲ့ရင် မဝေနှင်းဟာ ဒီလို တရားမျှတစွာ မြင်မှာပဲလို့ ယုံကြည်တယ်။

မဝေနှင်းရဲ့ “မင်း ဒီနိုင်ငံက မဟုတ်ဘူး ဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား”လို့ ပြန်မေးခွန်းထုတ်တာကတော့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ အခုဖြစ်နေတာက အပြန်အလှန် သတ်နေကြတာပါ။ ဒဏ်ရာရကြ အသတ်ခံကြရတဲ့ ရိုဟင်ဂျာတွေ ရှိသလို ရခိုင် တိုင်းရင်းသားတွေထဲမှာလည်း သေဆုံးသူ ဒဏ်ရာရသူတွေ အများကြီးပါ။ ဒါတွေဟာ မြန်မာတိုင်း သိနေတဲ့ ကိစ္စပါ။ ဒါကို မသိဟန်ဆောင်ပြီး ရိုဟင်ဂျာတွေကို ဘာသာမတူလို့ သို့မဟုတ် လူမျိုးမတူလို့ (သို့မဟုတ်) ခိုးဝင်လာလို့ ရခိုင်တွေက သတ်နေသယောင်ယောင် ဘာရောင်ရောင်နှင့် ပြောဆိုဆွေးနွေးသွာတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ရခိုင်တိုင်းရင်းသားတွေကို လူမျိုးတုန်း သတ်ဖြတ်သူတွေလို့ အထင်ခံရအောင် ဝါဒဖြန့်သလို ဖြစ်နေတယ်။ တစ်နည်းပြောရလျှင် မြန်မာ (ဗုဒ္ဓဘာသာဝင်အများစု) အစိုးရဟာ အစ္စလမ်ဘာသာဝင်တွေကို မျိုးတုန်းသတ်ဖြတ်နေတယ်လို့ ကမ္ဘာက မြင်လာအောင် ပုံဖော်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။ အထူးသဖြင့် အစ္စလမ် နိုင်ငံတွေက မြင်လာအောင် ပြောတြာ ဖစ်နိုင်ပါတယ်။

အမှန်ကို မျှမျှတတ မမြင်နိုင်ပဲ မွတ်ဆလင်ဘာသာဝင်များ အသာရရေး၊ ရိုဟင်ဂျာကိစ္စ အောင်မြင်ရေး အတွက် အဲဒီလို တဖက်သတ် ဇောင်းပေးပြီး ပြောဆို လုပ်ဆောင်နေတာတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ အပေါ် ကမ္ဘာက တစ်မျိုးမြင်လာနိုင်တာကိုတော့ ထည့်မထွက်တော့ဘူးလား။ အထူးသဖြင့် အစ္စလမ်နိုင်ငံတွေက မြင်လာပြီး ရန်ပြုမှာမျိုးကြတော့ လူ့အခွင့်အရေးဘက်က ကာကွယ် ပြောဆိုနေတဲ့ ဝေနှင်းတို့ ထည့်မတွက်တော့ဘူးလား။ ဒီကိစ္စက မြန်မာ အစိုးရတင် သိက္ခာကျတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အားလုံး၊ မြန်မာတိုင်းရင်းသား အားလုံး အတွက် သိက္ခာကျစရာ ဖြစ်ရတယ်။ မဝေနှင်းရဲ့ ဒီလိုမျိုး လိုသလို ကောက်ချက်ချ၊ ဘက်လိုက် ပြောဆိုနေတာတွေဟာ မြန်မာအစိုးရကိုသာ မက မြန်မာနိုင်ငံသား အားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ်။

အစ္စလမ် အစွန်းရောက်ပီသတယ် ပြောရမလားပဲ။ ဝေနှင်းတို့က ဒီကိစ္စကို ဗြိတိသျှ ပါလီမန်အထိရောက်အောင် တင်တယ်။ ကြံရာပါတွေက သမတ အိုဘားမား အစိုးရအထိ တက်လိမ်တယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်လို့ လုပ်တယ်ဆို လက်ခံပါတယ်။ ခုတော့ မူဆလင် ရိုဟင်ဂျာတွေပဲ ခံနေရသလိုလို၊ ရခိုင်တိုင်းရင်းသားများနှင့် အစိုးရက ဘာသာမတူလို့ နှိပ်ကွပ်နေသလိုလို လုပ်နေတာကတော့ မျှတမှုကင်းတဲ့ သာသာရေး ရည်ရွယ်ချက်နှင့် လုပ်နေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ရခိုင်ပြည်နယ် အရေးဟာ လူမျိုးရေး ပဋိပက္ခဖြစ်နိုင်တယ်။ ဘာသာရေးနှင့်တော့ တိုက်ရိုက် မဆိုင်ပါဘူး။ မျိုးတုန်း သတ်ဖြတ်မှု ဆိုတာကတော့ ပိုလို့တောင် မဟုတ်သေး။ အပြန်အလန် အကြမ်းဖက်မှုဆိုရင်တော့ ဟုတ်ပါတယ်။ နယ်မြေကျူးကျော်သူနှင့် အကျူးကျော်ခံရသူတို့ရဲ့ ပဋိပက္ခဆိုရင်လည်း မမှားနိုင်ပါဘူး။

ဝေနှင်းတို့လို မှန်မှန် မမှန်မှန်၊ ကောင်းကောင်း မကောင်းကောင်း ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဘာသာဝင်တွေ အမြတ်ရ ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနှင့် ပေါက်ကရလိုက်လုပ်လို့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ အီရန်လို အစ္စလမ်နိုင်ငံတွေရဲ့ စွပ်စွဲတာ ခံနေကြရပါပြီ။ ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်း မြန်မာ ဗုဒ္ဓဘာသာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်လို့ ဆိုပါတယ်။

အခုဆို မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားတာ ခံနေရပါပြီ။ တစ်နိုင်ငံလုံးဟာ မွတ်စလင် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပါပြီ။ မြန်မာကို ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်တဲ့ (TTP)ကလည်း လက်တုန့်ပြန် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သြဂုတ်လ (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ သတင်းမှာ ဆိုရင် “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနိုင်တယ်” လို့ အင်ဒိုနီးရှားမှ အကြမ်းဖက်သမား အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက်လာပါတယ်။

ဒါမျိုးက သမိုင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပါဘူး။ လူ့အခွင့်အရေး ပန်းပြပြီး ကိုယ့်အတွက်၊ ကိုယ့်ဘာသာဝင်တွေ အတွက် အမြတ်ထုတ်နေတဲ့ သူတွေကြောင့်သာ မကြုံစဖူး အခြိမ်းခြောက် ခံနေရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကချင်လို တိုင်းရင်းသား အစစ်ကတောင် ခရစ်ယန်ဘာသာ ကိုးကွယ်လို့ မျိုးတုန်းသတ်ဖြတ်တယ်လို့ တစ်လုံးတစ်ပါဒ မပြောပဲ ခိုးဝင်လာတဲ့သူတွေက ဒီလို ပြောတာ မလွန်လွန်းဘူးလား။ တရားမျှတပါရဲ့လား။ မဝေနှင်းပွင့်သုန် အနေနှင့် စဉ်းစားစေချင်တယ်။ ဝေနှင်းရဲ့ မျက်စိတွေဟာ ဘာသာရေး တိမ်သလာ ဖုန်းနေလို ဖြစ်နေတယ် ထင်တယ်။

ဆွေးနွေးခန်း အဆုံးမှာ ဝေနှင်းက ပြောသွားတယ်။ “ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ် ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးက စတာလို့ပဲ ကျမမြင်မိပါတယ်”တဲ့။ ဒါဆို အထက်က ပြောခဲ့သလို ကချင်တိုင်းရင်းသားတွေကိုလည်း ဘာသာ မတူလို့ အစိုးရက ထိုးစစ်ဆင်နေတာလား။ ကချင်က ရိုးသားတော့ အဲဒီလို မဟုတ်မတရား မပြောဘူး။ တကယ်လို့ မဝေနှင်း ပြောသလို ဘာသာရေးက စတာဆိုရင်လည်း တစ်ခြားဘာသာဝင်တွေ အပေါ် အမြဲပဲ ရန်ပြုတတ်တဲ့ အစွန်းရောက် မွတ်စလင်တွေကြောင့် စဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ “အခြားသော ဘာသာဝင်များကို မကူညီရဘူး” လို့ အစ္စလမ်က လွဲရင် တစ်ခြား ဘယ်ဘာသာတရားကမျှ သင်ကြားတယ်လို့ မထင်ဘူး။ ဗလီတွေမှာ အခြားဘာသာဝင်တွေကို ဆဲရေးကြိမ်းမောင်းနေတာ၊ ရန်သူလို ပြောဟောနေတာတွေကို ဒီနေ့ လူတွေ ပိုသိလာနေကြပါပြီ။ သမိုင်းကို ပြန်ကြည့်ရင်လည်း အာဖဂန်၊ အင်ဒိုနီးရှား၊ မလေးရှား အပါအဝင် ဗုဒ္ဓဘာသာနိုင်ငံ များကို မူဆလင်တွေက အကြမ်းဖက် တိုက်ခိုက် သိမ်းယူပြီး အစ္စလမ်နိုင်ငံ တည်ထောင်ခဲ့တာပါ။

ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေနှင့် ပတ်သက်ပြီး တစ်ခုတော့ အသေအချာ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ပြည်တွင်းရှိ အပြစ်ကင်းတဲ့ မူစလင်တွေလည်း ပြန်လည် အကြမ်းဖက်တာ ခံရနိုင်ပါတယ်။ ဒီလို ပြောလို့ စာရေးသူက လက်တုန့်ပြန်မယ်၊ လက်တုန့်ပြန်အောင် ဆွပေးတယ်လို့ မထင်နှင့်။ စာရေးသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်တာကြောင့် ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး။ အကြမ်းဖက်အောင်လည်း မတိုက်တွန်းဘူး။ ဘုရားဥပဒေအရ ရဟန်းတစ်ပါးဟာ လုပ်လည်း မလုပ်ကောင်းပါဘူး။ လူသတ်ခိုင်းလို့ သတ်လို့ လူသေရင် အလိုလို လူဖြစ်သွားပါပြီ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဒီလို ပြောနိုင်တာကတော့ “အကြမ်းဖက် လုပ်ရပ်ဟာ အကြမ်းဖက်မှုတွေနှင့်ပဲ သံသရာလည်တတ်တဲ့ သဘောရှိတာကြောင့်”ပါ။

နှစ်ဖက်မှ အပြစ်မဲ့ ပြည်သူတွေသာ သေကြရရင် လူ့အခွင့်အရေး ဟန်ပြပြီး အမြတ်ထုတ်လိုသူတွေ၊ ဝေနှင်းတို့လို ကိုယ့်ဘာသာဝင်တွေ အကျိုးစီးပွားသက်သက် အတွက် မြန်မာ တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေကို လူလို့ မသတ်မှတ်ပဲ သတ်နေတယ်လို့ ကမ္ဘာကို လိမ်ညာ ဝါဒဖြန့် ပြောဆိုနေသူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ အခိုင်အမာ ဆိုလိုက်ရပါတယ်။

လူ့အခွင့်အရေး အတွက် တကယ် အနစ်နာခံ ကြိုးစား လုပ်ကိုင် ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည် တိုးတက်ရေး အတွက် တကယ် အနစ်နာခံ လုပ်ဆောင်နေကြသူတွေ၊ မျိးချစ် မြန်မာတွေကိုလည်း လေးစားပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်းလည်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

သြဂုတ်လ (၉) ရက် ၂၀၁၂ က ဘလောဂ်မှာ တင်ခဲ့တဲ့ ပို့စ်ပါ။

ကွန်မန့်ပေးလိုက လွပ်လွပ်လပ်လပ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓရဲ့ ဂုဏ်တော်များကို ငဲ့ပြီး ဆဲရေး တိုင်းထွာတာတွေတော့ မလုပ်ကြပါနှင့်လို့ စာဖတ်သူများကို လေးလေးစားစား မေတ္တာရပ်ခံပါတယ်။

မေတ္တာဖြင့်

ဘုန်းဉာဏ်

ဘလော့ဂ်လေးမှာ စာမရေးဖြစ်ခဲ့တာ တစ်နှစ်လောက်တောင် ရှိသွားပြီ။ အစကတော့ ပို့စ် အဟောင်းလေး ဘာလေး ပြန်တင်သေးတယ်။ နောက်တော့ ဘာမျှကို မလုပ်နိုင်တော့ဘူး။ ကိုယ့်ဘလော့ဂ်က လူသိတာ မဟုတ်ပေမဲ့ ခုရက်ပိုင်း စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေခဲ့တယ်။ မရေးဖြစ်ခဲ့ပါဘူး။ ခု ရေးဖြစ်ပြန်တော့လဲ ကိုယ်မရေးချင်တာကြီးက စရေးရမယ်။ မရေးချင်ပေမဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ရေးသင့်လို့ ရေးလိုက်ရတာပါ။

တစ်နေ့က ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ တင်ထားတဲ့ “ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ” ဆိုတဲ့ မြေးမြန်းခန်းကို ဖတ်မိတယ်။ “မြန်မာ့ ဒီမိုကရေစီ ရေးရာ ဆွေးနွေးခန်း” ကဏ္ဍမှာ တင်ပြသွားတဲ့ ဆွေးနွေးခန်းပါ။ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက လန်ဒန် အခြေစိုက် Burma Campaign UK မှ မဝေနှင်းပွင့်သုန်ကို မေးမြန်းထားတာကို တင်ပြထားတာပါ။

“တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။”လို့ မေးရအောင်က တရားမဝင်လာနေတဲ့သူတွေ (သို့မဟုတ်) ရိုဟင်ဂျာတွေကို ဘယ်သူက လူမဟုတ်ဘူးလို့ ပြောနေလို့လဲ။ လူမှန်းလဲသိတယ်။ လူလို့လဲ အသိအမှတ်ပြုတယ်။ အသိအမှတ်မပြုတာက စာရေးသူအထင် တစ်ချို့လူတွေက ခိုးဝင်လာတာ၊ နောက် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတာသာဖြစ်ပါတယ်။ မဆိုင်ပဲနှင့် သူတို့က လူမဟုတ်ဘူးလားလို့ မေးတာကတော့ ပြဿနာကို ကြီးအောင် တမင်သက်သက် ဖန်တီးတယ်၊ ကိုယ့်ဘာသာဝင် အရေးမို့ ပုံကြီးချဲ့တယ်ဆိုတာ သိသာပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပဲ ဖြစ်ဖြစ်၊ တခြား မူဆလင်တွေပဲ ဖြစ်ဖြစ် ဘာသာရေးကို ဘာသာရေးအနေနှင့်ပဲ လုပ်ရင် လုပ်ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဗလီပေါင်း တစ်ထောင်ကျော် ရှိနေတယ် ဆိုတာကိုက အချို့ အစ္စလမ် နိုင်ငံတွေနှင့် စာရင် ဘာသာရေး လွတ်လပ်ခွင့် အများကြီး ရနေတာပါ။ တစ်ချို့မူဆလင် နိုင်ငံတွေမှာဆို ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ပါတဲ့ စာအိပ်ခေါင်းတောင် ဝင်ခွင့်မပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။ တော်တော် ခေတ်မီပါတယ် လွပ်လပ်ပါတယ် ဆိုတဲ့ ဆော်ဒီနိုင်ငံမှာ ဗုဒ္ဓရုပ်တု တွေ့ရုံနှင့် ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနေတာတွေနှင့် စာရင် မြန်မာပြည်က ဘာသာရေး လွတ်လပ်ခွင့်ဟာ အများကြီး မသာပေဘူးလား။ ဗုဒ္ဓဆင်းတု ကိုးကွယ်လို့ ဆိုပြီး ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေကိုတော့ လူ့အခွင့်အရေး ဆရာတွေ ဘာမျှ မပြောကြ မလုပ်ကြဘူးလားလို့ ပြန်မေးရပါတော့မယ်။ တကယ်ဆို “လူတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်” ဆိုတာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေး တစ်ရပ် မဟုတ်ပါလား။

လူ့အခွင့်အရေးကို တကယ် ယုံကြည် မြတ်နိုးလို့ ဆောင်ရွက်တယ် ဆိုရင် ထောက်ခံ အားပေးပါတယ်။ အသိအမှတ်ပြု လေးစားပါတယ်။ တစ်ခုတော့ ရှိတယ်။ စလုပ်ရမှာကတော့ မူဆလင်နိုင်ငံတွေကို ပညာပေး စည်းရုံး တိုက်ပွဲဝင်ဖို့ပါပဲ။ မဝေနှင်းကိုယ်တိုင် ဗလီတက်ခွင့်ရအောင် အရင် လုပ်ပါဦး။ နောက်တစ်ဆင့်ကတော့ အမျိုးသမီး ဗလီဆရာ ဖြစ်အောင် လုပ်ပါဦးလို့ အကြံပေးပါရစေ။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ဖက်သတ် ချိုးဖောက် ဖိနှိပ်ထားတာတွေနှင့် စာရင် မြန်မာနိုင်ငံက ဘာသာရေး လွပ်လပ်ခွင့်ဟာ အများကြီး ကောင်းနေပါသေးတယ်။ ဒီလိုပြောလို့ မြန်မာ အစိုးရဘက်က လိုက်ပြောတယ် မထင်လိုက်နှင့်။ စာရေးသူဟာလည်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် ညှဉ်းပန်း အုပ်ချုပ်မှုကို စက်ဆုတ် ရွံရှာတဲ့ သူပါ။

မဝေနှင်းရဲ့ “မင်း ဒီနိုင်ငံက မဟုတ်ဘူး ဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား”လို့ ပြန်မေးခွန်းထုတ်တာကတော့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ အခုဖြစ်နေတာက အပြန်အလှန် သတ်နေကြတာပါ။ ဒဏ်ရာရကြ အသတ်ခံကြရတဲ့ ရိုဟင်ဂျာတွေ ရှိသလို ရခိုင် တိုင်းရင်းသားတွေထဲမှာလည်း သေဆုံးသူ ဒဏ်ရာရသူတွေ အများကြီးပါ။ ဒါတွေဟာ မြန်မာတိုင်း သိနေတဲ့ ကိစ္စပါ။ ဒါကို မသိဟန်ဆောင်ပြီး ရိုဟင်ဂျာတွေကို ဘာသာမတူလို့ သို့မဟုတ် လူမျိုးမတူလို့ (သို့မဟုတ်) ခိုးဝင်လာလို့ ရခိုင်တွေက သတ်နေသယောင်ယောင် ဘာရောင်ရောင်နှင့် ပြောဆိုဆွေးနွေးသွာတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ရခိုင်တိုင်းရင်းသားတွေကို လူမျိုးတုန်း သတ်ဖြတ်သူတွေလို့ အထင်ခံရအောင် ဝါဒဖြန့်သလို ဖြစ်နေတယ်။ တစ်နည်းပြောရလျှင် မြန်မာ (ဗုဒ္ဓဘာသာဝင်အများစု) အစိုးရဟာ အစ္စလမ်ဘာသာဝင်တွေကို မျိုးတုန်းသတ်ဖြတ်နေတယ်လို့ ကမ္ဘာက မြင်လာအောင် ပုံဖော်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။ အထူးသဖြင့် အစ္စလမ် နိုင်ငံတွေက မြင်လာအောင် ပြောတြာ ဖစ်နိုင်ပါတယ်။

အမှန်ကို မျှမျှတတ မမြင်နိုင်ပဲ မွတ်ဆလင်ဘာသာဝင်များ အသာရရေး၊ ရိုဟင်ဂျာကိစ္စ အောင်မြင်ရေး အတွက် အဲဒီလို တဖက်သတ် ဇောင်းပေးပြီး ပြောဆို လုပ်ဆောင်နေတာတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ အပေါ် ကမ္ဘာက တစ်မျိုးမြင်လာနိုင်တာကိုတော့ ထည့်မထွက်တော့ဘူးလား။ အထူးသဖြင့် အစ္စလမ်နိုင်ငံတွေက မြင်လာပြီး ရန်ပြုမှာမျိုးကြတော့ လူ့အခွင့်အရေးဘက်က ကာကွယ် ပြောဆိုနေတဲ့ ဝေနှင်းတို့ ထည့်မတွက်တော့ဘူးလား။ ဒီကိစ္စက မြန်မာ အစိုးရတင် သိက္ခာကျတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အားလုံး၊ မြန်မာတိုင်းရင်းသား အားလုံး အတွက် သိက္ခာကျစရာ ဖြစ်ရတယ်။ မဝေနှင်းရဲ့ ဒီလိုမျိုး လိုသလို ကောက်ချက်ချ၊ ဘက်လိုက် ပြောဆိုနေတာတွေဟာ မြန်မာအစိုးရကိုသာ မက မြန်မာနိုင်ငံသား အားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ်။

အစ္စလမ် အစွန်းရောက်ပီသတယ် ပြောရမလားပဲ။ ဝေနှင်းတို့က ဒီကိစ္စကို ဗြိတိသျှ ပါလီမန်အထိရောက်အောင် တင်တယ်။ ကြံရာပါတွေက သမတ အိုဘားမား အစိုးရအထိ တက်လိမ်တယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်လို့ လုပ်တယ်ဆို လက်ခံပါတယ်။ ခုတော့ မူဆလင် ရိုဟင်ဂျာတွေပဲ ခံနေရသလိုလို၊ ရခိုင်တိုင်းရင်းသားများနှင့် အစိုးရက ဘာသာမတူလို့ နှိပ်ကွပ်နေသလိုလို လုပ်နေတာကတော့ မျှတမှုကင်းတဲ့ သာသာရေး ရည်ရွယ်ချက်နှင့် လုပ်နေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ရခိုင်ပြည်နယ် အရေးဟာ လူမျိုးရေး ပဋိပက္ခဖြစ်နိုင်တယ်။ ဘာသာရေးနှင့်တော့ တိုက်ရိုက် မဆိုင်ပါဘူး။ မျိုးတုန်း သတ်ဖြတ်မှု ဆိုတာကတော့ ပိုလို့တောင် မဟုတ်သေး။ အပြန်အလန် အကြမ်းဖက်မှုဆိုရင်တော့ ဟုတ်ပါတယ်။ နယ်မြေကျူးကျော်သူနှင့် အကျူးကျော်ခံရသူတို့ရဲ့ ပဋိပက္ခဆိုရင်လည်း မမှားနိုင်ပါဘူး။

ဝေနှင်းတို့လို မှန်မှန် မမှန်မှန်၊ ကောင်းကောင်း မကောင်းကောင်း ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဘာသာဝင်တွေ အမြတ်ရ ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနှင့် ပေါက်ကရလိုက်လုပ်လို့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ အီရန်လို အစ္စလမ်နိုင်ငံတွေရဲ့ စွပ်စွဲတာ ခံနေကြရပါပြီ။ ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်း မြန်မာ ဗုဒ္ဓဘာသာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်လို့ ဆိုပါတယ်။

အခုဆို မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားတာ ခံနေရပါပြီ။ တစ်နိုင်ငံလုံးဟာ မွတ်စလင် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပါပြီ။ မြန်မာကို ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်တဲ့ (TTP)ကလည်း လက်တုန့်ပြန် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သြဂုတ်လ (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ သတင်းမှာ ဆိုရင် “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနိုင်တယ်” လို့ အင်ဒိုနီးရှားမှ အကြမ်းဖက်သမား အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက်လာပါတယ်။

ဒါမျိုးက သမိုင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပါဘူး။ လူ့အခွင့်အရေး ပန်းပြပြီး ကိုယ့်အတွက်၊ ကိုယ့်ဘာသာဝင်တွေ အတွက် အမြတ်ထုတ်နေတဲ့ သူတွေကြောင့်သာ မကြုံစဖူး အခြိမ်းခြောက် ခံနေရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကချင်လို တိုင်းရင်းသား အစစ်ကတောင် ခရစ်ယန်ဘာသာ ကိုးကွယ်လို့ မျိုးတုန်းသတ်ဖြတ်တယ်လို့ တစ်လုံးတစ်ပါဒ မပြောပဲ ခိုးဝင်လာတဲ့သူတွေက ဒီလို ပြောတာ မလွန်လွန်းဘူးလား။ တရားမျှတပါရဲ့လား။ မဝေနှင်းပွင့်သုန် အနေနှင့် စဉ်းစားစေချင်တယ်။ ဝေနှင်းရဲ့ မျက်စိတွေဟာ ဘာသာရေး တိမ်သလာ ဖုန်းနေလို ဖြစ်နေတယ် ထင်တယ်။

ဆွေးနွေးခန်း အဆုံးမှာ ဝေနှင်းက ပြောသွားတယ်။ “ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ် ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးက စတာလို့ပဲ ကျမမြင်မိပါတယ်”တဲ့။ ဒါဆို အထက်က ပြောခဲ့သလို ကချင်တိုင်းရင်းသားတွေကိုလည်း ဘာသာ မတူလို့ အစိုးရက ထိုးစစ်ဆင်နေတာလား။ ကချင်က ရိုးသားတော့ အဲဒီလို မဟုတ်မတရား မပြောဘူး။ တကယ်လို့ မဝေနှင်း ပြောသလို ဘာသာရေးက စတာဆိုရင်လည်း တစ်ခြားဘာသာဝင်တွေ အပေါ် အမြဲပဲ ရန်ပြုတတ်တဲ့ အစွန်းရောက် မွတ်စလင်တွေကြောင့် စဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ “အခြားသော ဘာသာဝင်များကို မကူညီရဘူး” လို့ အစ္စလမ်က လွဲရင် တစ်ခြား ဘယ်ဘာသာတရားကမျှ သင်ကြားတယ်လို့ မထင်ဘူး။ ဗလီတွေမှာ အခြားဘာသာဝင်တွေကို ဆဲရေးကြိမ်းမောင်းနေတာ၊ ရန်သူလို ပြောဟောနေတာတွေကို ဒီနေ့ လူတွေ ပိုသိလာနေကြပါပြီ။ သမိုင်းကို ပြန်ကြည့်ရင်လည်း အာဖဂန်၊ အင်ဒိုနီးရှား၊ မလေးရှား အပါအဝင် ဗုဒ္ဓဘာသာနိုင်ငံ များကို မူဆလင်တွေက အကြမ်းဖက် တိုက်ခိုက် သိမ်းယူပြီး အစ္စလမ်နိုင်ငံ တည်ထောင်ခဲ့တာပါ။

ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေနှင့် ပတ်သက်ပြီး တစ်ခုတော့ အသေအချာ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ပြည်တွင်းရှိ အပြစ်ကင်းတဲ့ မူစလင်တွေလည်း ပြန်လည် အကြမ်းဖက်တာ ခံရနိုင်ပါတယ်။ ဒီလို ပြောလို့ စာရေးသူက လက်တုန့်ပြန်မယ်၊ လက်တုန့်ပြန်အောင် ဆွပေးတယ်လို့ မထင်နှင့်။ စာရေးသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်တာကြောင့် ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး။ အကြမ်းဖက်အောင်လည်း မတိုက်တွန်းဘူး။ ဘုရားဥပဒေအရ ရဟန်းတစ်ပါးဟာ လုပ်လည်း မလုပ်ကောင်းပါဘူး။ လူသတ်ခိုင်းလို့ သတ်လို့ လူသေရင် အလိုလို လူဖြစ်သွားပါပြီ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဒီလို ပြောနိုင်တာကတော့ “အကြမ်းဖက် လုပ်ရပ်ဟာ အကြမ်းဖက်မှုတွေနှင့်ပဲ သံသရာလည်တတ်တဲ့ သဘောရှိတာကြောင့်”ပါ။

နှစ်ဖက်မှ အပြစ်မဲ့ ပြည်သူတွေသာ သေကြရရင် လူ့အခွင့်အရေး ဟန်ပြပြီး အမြတ်ထုတ်လိုသူတွေ၊ ဝေနှင်းတို့လို ကိုယ့်ဘာသာဝင်တွေ အကျိုးစီးပွားသက်သက် အတွက် မြန်မာ တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေကို လူလို့ မသတ်မှတ်ပဲ သတ်နေတယ်လို့ ကမ္ဘာကို လိမ်ညာ ဝါဒဖြန့် ပြောဆိုနေသူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ အခိုင်အမာ ဆိုလိုက်ရပါတယ်။

လူ့အခွင့်အရေး အတွက် တကယ် အနစ်နာခံ ကြိုးစား လုပ်ကိုင် ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည် တိုးတက်ရေး အတွက် တကယ် အနစ်နာခံ လုပ်ဆောင်နေကြသူတွေ၊ မျိးချစ် မြန်မာတွေကိုလည်း လေးစားပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်းလည်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

သြဂုတ်လ (၉) ရက် ၂၀၁၂ က ဘလောဂ်မှာ တင်ခဲ့တဲ့ ပို့စ်ပါ။

ကွန်မန့်ပေးလိုက လွပ်လွပ်လပ်လပ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓရဲ့ ဂုဏ်တော်များကို ငဲ့ပြီး ဆဲရေး တိုင်းထွာတာတွေတော့ မလုပ်ကြပါနှင့်လို့ စာဖတ်သူများကို လေးလေးစားစား မေတ္တာရပ်ခံပါတယ်။

မေတ္တာဖြင့်

ဘုန်းဉာဏ်

Sunday, October 7, 2012

သက်ရှိ ခေါင်းဆောင်ကောင်း

ခေါင်းဆောင်ကောင်းသည် သမိုင်းစာအုပ် ထဲတွင်သာ ရှိသည်ဟု နားလည် ရမလို ဖြစ်ခဲ့ကြရာမှ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကျေးဇူးကြောင့် ယခုအခါ သက်ရှိထင်ရှား မြင်တွေ့ ကြားသိနေကြရပြီ ဖြစ်သည်။ မြန်မာ့ ပြုပြင် ပြောင်းလဲရေး အရှိန်မြန်လာသည်နှင့် အမျှ၊ စာမျက်နှာသစ်တို့ တစ်ရွက်ပြီး တစ်ရွက် ဖွင့်လှစ်သည်နှင့် အမျှ မြန်မာနိုင်ငံ သည်လည်း မျက်နှာ ပွင့်လန်း လာခဲ့သည်။ ပြုပြင် ပြောင်းလဲ ရေးတွင် ရှေ့မှ ဦးဆောင်နေသော ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် နိုင်ငံတကာ သတင်း မီဒီယာတွင် မပါ မဖြစ်သော ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
မြန်မာနိုင်ငံသားတို့ ယခင်က ခေါင်းငုံ့ နေခဲ့ရာမှ ထိုခေါင်းဆောင် တို့ကြောင့် ခေါ်ချင် ပြောချင်သူများ များပြားလာ ခဲ့သည်။ ယခင်က နိုင်ငံရပ်ခြားသို့ အစည်းအဝေး၊ ညီလာခံ၊ ဆွေးနွေးပွဲတို့ သွားလျှင် မြန်မာတို့ ခပ်ကုပ်ကုပ် နေကြရသည်။ ဆွေးနွေးရင်း နိုင်ငံရေးပိုင်း ရောက်သွားလျှင် မြန်မာကို တွယ်လိုသူက ခပ်များများ။ အစိုးရကို ဝေဖန်ခြင်းဖြစ်သော်လည်း Myanmar ဟု သုံးနှုန်း သောကြောင့် နိုင်ငံ၊ လူမျိုးကို ပြောသလို ခံစားရသည်။ မြန်မာကို ခပ်ဖော့ဖော ပြောတတ်သည့် အာဆီယံနှင့် ဆက်စပ် ညီလာခံ များတွင်ပင် ရိသံ၊ ထေ့သံများဖြင့် ခပ်ဟားဟားလုပ်တတ်ကြသည်။
ကမ္ဘောဒီးယားမှ အစည်းအဝေး တက်ဖော် တက်ဖက်များက တကယ် သနားပုံ မရဘဲနှင့် သနားသလိုလို စုပ်တသတ်သတ် အပြောမျိုး ခပ်ဖိဖိ အပြောခံရသည့် အတွက် ကမ္ဘောဒီးယားကဲ့သို့ ခမာနီ သတ်သောကြောင့် တစ်သန်းကျော် အခြောက်တိုက် မသေခဲ့ပါဟု တုံ့ပြန် ပြောဆို မိခဲ့ဖူး ကြောင်း သူငယ်ချင်းတစ်ဦးက ပြောပြဖူးသည်။
ယခု အချိန်တွင်တော့ နိုင်ငံ တကာ အစည်းအဝေးတို့တွင် မြန်မာတို့ကို မေးလို မြန်းလိုသူ၊ ခေါ်လို ပြောလိုသူတို့ဖြင့် ပွဲလယ်တင့်ကြပြီ။ မြန်မာတို့၏ အတွေ့အကြုံ၊ ရင်ဆိုင်ရသည့် အခက်အခဲများကို စိတ်ဝင်တစား တလေးတစား နားထောင်ကြသည်၊ မေးမြန်းကြသည်။ အနောက် ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံမှ အစိုးရ အရာရှိ မိတ်ဆွေ တစ်ဦးက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကဲ့သို့ ခေါင်းဆောင် များကို မြန်မာနိုင်ငံ ရထားသည်မှာ အလွန် ကံကောင်းသည်တဲ့။ မဲရရေးသာ ဦးတည်ပြီး အလုပ်မဖြစ်သည့်’No action,talk only’ ‘မလုပ်သမား၊ အပြောသမား’ သူ့နိုင်ငံမှ အကျော်အမော် နိုင်ငံရေးသမား တို့ကို စိတ်ကုန်နေသည့်ပုံ။
အရှေ့တောင်အာရှ စီးပွားရေး ထွန်းသစ်စ ဗီယက်နမ်မှ သတင်းစာဆရာ သူငယ်ချင်းကလည်း ဦးသိန်းစိန်နှင့် ဘီဘီစီ hard talk အင်တာဗျူးကို ကြည့်ကာ ‘မင်းတို့ကို မနာလိုလိုက်တာ’ ဟု ချီးကျူး စကား ဆိုသည်။ ထိုင်းနိုင်ငံမှ နိုင်ငံရေး သိပ္ပံ ပါမောက္ခ ကျောင်းဆရာ တစ်ဦးနှင့် ထိုင်းနိုင်ငံရေး အကြောင်း ပြောမိရာမှ မြန်မာ့နိုင်ငံရေး အကြောင်း ရောက်သွားသည့်အခါ “မင်းတို့ မြန်မာပြည်ကတော့ ထိုင်းကို ကျော်တက် သွားပါပြီ” ဟု အားကျသံနှင့် သူကပြောသည်။
တကယ်တမ်းတွင် ထိုင်းထက် ပိုအားထုတ်လျှင်ပင် ထိုင်းကို နိုင်ငံရေး၊ စီးပွားရေး လိုက်မီဖို့ နှစ်နှစ်ဆယ် သုံးဆယ် လိုသေးသော်လည်း မြန်မာနိုင်ငံ၏ အပြောင်း အလဲကို အားကျနေကြောင်း သူပြောလိုရင်းဖြစ်သည်။ အများ အသိအမှတ် ပြုကြသည့် ဦးသိန်းစိန်၏ ထူးခြားချက်မှာ ရိုးသားမှုပင်ဖြစ်သည်။ လူချင်း တွေ့လိုက်သည်နှင့် ရိုးသားသည့် အရှိန်ဟပ်ကာ သူ့အား ယုံကြည်မှု ရသွားသည်။
အဟောင်းနှင့် အသစ် အားပြိုင်ကြသည့် အချိန်၊ ဖုန်ထသည့် အချိန်၊ ကြားကာလကို လက်တွေ့ တာဝန်ယူရသည့် ခေါင်းဆောင် အဖြစ် ဦးသိန်းစိန်၏ တာဝန်မှာ ကြီးလေးလှသည်။ တိုင်းပြည် ပြောင်းပြီဟူသော အသိကြောင့် မျှော်လင့်ချက်တို့ အလိပ်လိပ်တက် လာသလို အနှစ်နှစ် အလလ ဆယ်စုနှစ် များစွာက ဖော်ထုတ်ခွင့် မရခဲ့သည့် ဆန္ဒတို့ကို မီဒီယာ၊ လမ်းမပေါ်တို့တွင် ဖော်ထုတ်ခွင့်ပေး လိုက်ပြီဖြစ်သဖြင့် ဆန္ဒများစွာတို့ ရုန်းကြွ လာကြသည်။ ဆန္ဒတို့ တိုးတက် လာရုံဖြင့် ဖန်တီး ပေးနိုင်သည့် စွမ်းရည်၊ အခြေအနေ တို့က အလိုလို လိုက်ပါ တိုးတက်လာမည် မဟုတ်သောကြောင့် တိုင်းပြည် တည်ငြိမ်ရန် ကြိုးပမ်းရမည့် တာဝန်က ရှိလာပြန်သည်။ အသေးအမွှား အပြောင်းအလဲ များတွင်ပင် တွေ့ရလေ့ရှိသည့် ‘ပြောင်းလိုသူနှင့် မပြောင်းလိုသူ’၊ ‘ပြောင်းနိုင်သူနှင့် မပြောင်းနိုင်သူ’၊ ‘ပြောင်းသွားမှန်း သိသူနှင့် အိပ်ပျော်နေသူ’ တို့အကြား လွန်ဆွဲပွဲများကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ် ချီတက်ရမည်မှာလည်း သူ၏ တာဝန် တစ်ရပ်ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး၏ အသီးအပွင့်ကို ပြည်သူ အများစု ခံစားရ မရကို လွှတ်တော်၊ နိုင်ငံတကာ လေဆိပ်တို့ထက် မိသားစု ထမင်းဝိုင်း၊ ဘတ်စ်ကား၊ ဈေး၊ ကျောင်း၊ ဆေးရုံတို့တွင် မြင်တွေ့ရမည် ဖြစ်သောကြောင့် ထိုအခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည့် တိုင်းပြည် စီးပွားရေး ကို ထူထောင်ရန်မှာလည်း ကြီးလေးလှသော တာဝန်ပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်များ ထောက်ခံမှု popular support ဖြင့် တက်လာသူ ဖြစ်သော်လည်း လူထုကြိုက်လောက်မည့် အရာကိုသာ ရွေးပြောသူမျိုး မဟုတ်ရုံ သာမက နားခါး နိုင်သည့် အကြောင်းအရာကိုပါ ဟုတ်မှန်ပြီး အကျိုးရှိလျှင် ပြောသူအဖြစ် မြင်တွေ့ ရသည်။ ခေတ်အပြောင်း၊ စနစ်အပြောင်းတွင် ဒေါ်အောင်ဆန်းစုကြည် ယူနေရသော တာဝန်သည် သိမ်မွေ့ နက်နဲ လှသလို သူ့အပေါ် ထားသော မျှော်လင့်ချက်များမှာ ကြီးမား လှသည့်အတွက် ခံစားချက်ပြင်းပြင်း အရေးများတွင် မှတ်ချက် မည်သို့ပင် ချချ သက်ဆိုင်ရာ ဘက်အားလုံး က ကျေနပ်ရန် ခဲယဉ်းကြောင်းမူ တွေ့ခဲ့ကြရပြီးပြီ။
ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့သမား (pragmatist) အဖြစ် ပေါ်ထွက်လာခဲ့သောကြောင့် သူ့အား တရားသေသမား (dog-matist) ဟု အချို့က မှတ်ချက် ချခဲ့ခြင်းများ ယခုအခါ မှေးမှိန် သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ်ဘာသာဖြင့် Opposition ကို ဘာသာပြန် ထားသည့်“အတိုက်အခံဟူသော စကားလုံးကို အဓိပ္ပာယ် ပြောင်းဖွင့် လိုက်သည်။ အတိုက်အခံ ဆိုသော ကြောင့် အစိုးရ လုပ်သမျှ ကန့်လန့် တိုက်ရမည်ဟု ရုတ်တရက်နား လည် ရမလိုဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကမူ အကြောင်း အရာကိုအခြေခံ(issue-based)သည်။ ကတိသစ္စာပြုရေး စကားလုံးနှင့် ပတ်သက်ပြီး လွှတ်တော်သို့ ဝင်မဝင် အငြင်းပွားမှု အရှိန်တက်လာသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဆုံးဖြတ်ပြီး လွှတ် တော်သို့ ဝင်ခဲ့သည်။ ယခုအခါ လွှတ်တော်၏ အရေးကြီး ကော်မတီဖြစ် သည့် တရားဥပဒေ စိုးမိုးရေး ကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ပင် ယူလိုက်ပြီ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လျှင်လည်း သဘောထား ပြောင်းလဲသွားပြီး အရေးယူ ပိတ်ဆို့မှု ဖွင့်ရန် သဘောတူ လိုက်သောကြောင့် အရေးယူ ပိတ်ဆို့မှုများ လျော့ကျ သွားခဲ့သည်။ ခေါင်းတွဲက ပြောင်းသွားသောကြောင့် နောက်တွဲများလည်း လိုက်ပြောင်းသွားပြီး အမျိုးသား ရင်ကြားစေ့ရေး ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းနိုင် ခဲ့သည်။
ပူးပေါင်း ဆောင်ရွက်ရေးဟူသော မြန်မာတို့နှင့် စိမ်းသည့်၊ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနှင့် စိမ်းသည့်၊ ကျင့်သုံးရန် အားနည်းခဲ့သည့် စကားလုံးကို ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ယောက်ပေါင်းပြီး အဓိပ္ပာယ်သစ် ဖွင့်ခဲ့ကြသူများ ဖြစ်သည်။ ယနေ့ ဖြစ်ပေါ်နေသော တိုးတက်မှု အများအပြားသည် သူတို့နှစ်ဦး ပူးပေါင်းအားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်တွင် မရှိသောအား၊ တစ်ယောက်တွင် ရှိသလို အပြန် အလှန် ကူပံ့ ကွက်လပ်ဖြည့်ကြ(complementary)သည်။ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် ပြည်ထောင်စုတွင် ဆုံခဲ့ ကြသည့်ပုံမှာ မြင်ရသူ အပေါင်း စိတ်ကြည်နူးရသည်။ တစ်ဖက်နှင့် တစ်ဖက် လေးစားမှု အပြည့် ရှိကြသလို မောင်နှမသဖွယ် ခင်ခင်မင်မင် ရှိပုံလည်း ရကြသည်။
လူဆိုသည်မှာ ချီးကျူး ဂုဏ်ပြုခံရမှုကို မိမိတစ်ဦးတည်း ပိုင်ချင်ကြလေ့ ရှိသော်လည်း ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အသိအမှတ် ပြုကြသည်။ မနောကံဖြင့် စိတ်ထဲကသာ အသိအမှတ်ပြုခြင်းမျိုး မဟုတ်ဘဲ လူသိရှင်ကြား ဝစီကံဖြင့်လည်း အသိအမှတ်ပြု ချီးကျူး ကြသည်။ ဦးသိန်းစိန်ကြောင့် မြန်မာ့ပြုပြင် ပြောင်းလဲရေးများ ဖြစ်ထွန်းလာခြင်းဟု အမေရိကန် ကွန်ဂရက်တွင် ဆုလက်ခံချိန်၌ ဒေါ်အောင်ဆန်းစုကြည်က လေးလေးနက်နက် ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံက ဂုဏ်ပြုခြင်းများအား မြန်မာနိုင်ငံသား တစ်ဦး အနေဖြင့် ဂုဏ်ယူကြောင်း အခြားသောနိုင်ငံ ခေါင်းဆောင်များ၏ ရှေ့မှောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဦးသိန်းစိန်ကလည်း ဂုဏ်ပြု ပြောကြားခဲ့သည်။
နောက်ခံ သမိုင်းကြောင်းချင်း၊ အတွေးအခေါ် အယူအဆချင်း ကွာခြားကောင်း ကွာခြားမည် ဖြစ်သော်လည်း သူတို့ နှစ်ဦးလုံးတွင် ပေါ်လွင်နေသည်မှာ မြန်မာနိုင်ငံ အပေါ်ထားသော စိတ်စေတနာပင် ဖြစ်ပြီး ထိုစိတ် စေတနာကြောင့် ပင်လျှင် ပူးပေါင်း ဆောင်ရွက် နိုင်ကြခြင်း ဖြစ်သည်။

Wednesday, October 3, 2012

OIC ရုံးနဲ့ ဦးသိန်းစိန်အစိုးရ

graphical counter
OIC အဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း(၅၇)နိုင်ငံနဲ့ ဖွဲ့စည်းထားတယ်။ OIC မှာ အခြားနိုင်ငံ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ (၁၂)ခုလည်း လေ့လာသူများအဖြစ် ပါဝင်တယ်။ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအစ္စလမ္မစ်အဖွဲ့တို့မှာ OIC လေ့လာရေးအဖွ
ဲ့မှာ ပါဝင်တယ်။ ကုလသမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM)၊ အာရပ်အဖွဲ့ချုပ် (LAS)၊ အဖရိကသမဂ္ဂ (AU)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECO)လို အဖွဲ့ကြီးတွေလည်း လေ့လာဆဲအဖွဲ့ဝင်တွေမှာ ပါဝင်တယ်။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သမ္မတသိန်းစိန်နဲ့ တွေ့တုန်း OIC နဲ့ သတိထားဆက်ဆံဖို့ ပြောခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကမ္ဘာ့ဇာတ်ခုံမှာ ကုလသမဂ္ဂပြီးယင် ဒုတိယအကြီးဆုံးအဖွဲ့ ဖြစ်လို့ပါပဲ။

OIC အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တတိယနိုင်ငံများမှာ ပြန့်ကျဲူနေတယ့် ဘင်္ဂါလီလူမျိုးများကို စုစည်းပြီး Myanmar Arakan Rohingya အဖွဲ့ အမည်နဲ့ ထူထောင်ပေးခဲ့တယ်။ ဒီအဖွဲ့ကို ဒေါက်တာဝါကာအူဒင်ကို ဦးဆောင်စေပါတယ်။ ဒေါက်တာဝါကာအူဒင်က အမေရိကန်မှာ ပါမောက္ခတစ်ဦးအနေနဲ့ ရပ်တည်နေပြီး လက်ရှိ OIC အထွေထွေအတွင်းရေးမှူး တူရကီနိုင်ငံသား အက္ခမီလဒ္ဒင် အီးစင်နော့ခ်လူလည်း ပညာတတ်တစ်ဦးပါ။ ဒီပုဂ္ဂိုလ်နှစ်ဦးက ကုလသမဂ္ဂအကူအညီကို အမိအရ ယူပြီး ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူစလင်များကို ရိုဟင်ဂျာလူမျိုးများအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံသားများဖြစ်ကြောင်း အသိအမှတ်ပြုပေးဖို့ လုပ်မှာ ဖြစ်တယ်။

လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအက္ခမီလဒ္ဒင် အီးစင်နောခ်လူမှာ (၉)ဦးမြောက် ဖြစ်ပြီး မဲစနစ်နဲ့ တက်လာသူ ဖြစ်တယ်။ သူက သိပ္ပံဆိုင်ရာ၊ အစ္စလမ္မစ်ဆိုင်ရာ ကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ပြင်သစ်နဲ့ အီရန်ဘာသာစကားကိုလည်း တတ်မြောက်သူ ဖြစ်တယ်။ ပညာရှင်တစ်ဦး ဖြစ်ရုံမျှမက သံတမန်ရေးမှာလည်း ဆရာတစ်ဆူ ဖြစ်ကြောင်း သိရတယ်။ OIC ဦးစီးတယ့် Contact Group Meeting တစ်ခုမှာ မြန်မာရိုဟင်ဂျာတွေက အပြည့်အဝ ထောက်ခံမှု ရကြပြီး မစ္စတာအက္ခမီလဒ္ဒင်က မြန်မာရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်ကို မြန်မာအစိုးရက အာမခံချက်ပေးမှ မြန်မာနိုင်ငံကို အလည်လာမယ်လို့ ဆိုပါတယ်။ (တိုက်ရိုက်ဘာသာပြန်ချက်မဟုတ်)

OIC အဖွဲ့သမိုင်းကို ပြန်ကြည့်ယင် အစ္စလမ္မစ်အစွန်းရောက်များရဲ့ အကြမ်းဖက်မှုကို တာဝန်ခံလေ့ မရှိတာကို တွေ့ရတယ်။ ဥပမာ ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအကြမ်းဖက်သမားများ၊ ထိုင်းတောင်ပိုင်းရှိ မူစလင်အကြမ်းဖက်သမားများ၊ ရခိုင်ဒေသရှိဘင်္ဂါလီအကြမ်းဖက်သမားများ၊ မနေ့တနေ့က ပန်းဝါတိုက်ခိုက်မှုများကို တာဝန်ခံခြင်းမရှိပါ။ OIC အဖွဲ့ဟာ မူစလင်ဘာသာဝင်များ အချင်းချင်းကူးလူးဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရိုင်းပင်းကူညီရေးအတွက် အဓိကဖွဲ့စည်းထားလို့ ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများ၊ မူစလင်ဘာသာဝင်များ တိုက်ခိုက်ခံရပါက အပြည့်အဝ တာဝန်ယူဖြေရှင်းပေးလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်အရေးအခင်းဖြစ်တော့ OIC က သူ့မူအတိုင်း သံတမန်ရေးအရ တတ်နိုင်သမျှ ဖိအားပေးခဲ့ပြီး ဘင်္ဂါလီများကို ကူညီပေးဖို့ မြန်မာနိုင်ငံကို ဝင်လာခြင်းဖြစ်တယ်။ OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ဝင်လာခြင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ဖို့သက်သက်မဟုတ်ကြောင်း၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာရိုဟင်ဂျာကို နိုင်ငံသားဖြစ်ဖို့ ကူညီပေးဖို့ ဖြစ်ကြောင်း မစ္စတာအက္ခမီလဒ္ဒင်က အတိအလင်း ပြောခဲ့ပြီဖြစ်ပါတယ်။

ဒါဖြစ်ယင် မြန်မာနိုင်ငံက OIC အဖွဲ့ဝင်လည်း မဟုတ်၊ OIC ကလည်း မူစလင်ဘာသာဝင်များကိုပဲ ကူညီပေးမယ်မှန်းသိရက်နဲ့ သိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ OIC ရုံးကို ဘာကြောင့် အခြေစိုက်ခွင့် ပေးခဲ့သလဲ။ အရှင်းဆုံးပြောရယင် OIC နဲ့ အစ္စလမ္မစ်စစ်သွေးကြွများအနက် တစ်ခုကို ရွေးခိုင်းတယ့်နေရာမှာ သိပ်မထူးပေမယ့် ဂုဏ်သရေရှိ OIC ကို ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ OIC ကို လက်ခံလိုက်ယင် ကျည်ဆံအစား ကယ်ဆယ်ရေးပစ္စည်းတွေ ဝင်လာမှာ၊ ရိုဟင်ဂျာအမည်ခံပြီး သတင်းမှားပေးနေတယ့် မူစလင်ဘာသာဝင်အချို့လည်း အကြံပျက်မှာဖြစ်တယ်။ ငန်ကြားမြွေလည်း အဆိပ်ရှိတာပဲ၊ မြွေဟောက်လည်း အဆိပ်ရှိတာပဲ၊ ဒါပေမယ့် ငန်းကြားမြွေရှိနေယင် ဘာမြွေမှ မလာတော့ဘူး။ အဲဒီမြွေကို ထားထားယင် ကျန်သမျှမြွေအန္တရာယ် ကင်းစင်တယ်။ လစ်ဗျားမှာ ဖြစ်တယ့်ကိစ္စ၊ ဒဂုံဆိပ်ကမ်းရောက် လက်နက်များဟာ ပါကစ္စတန်က မြစ်ဖျားခံခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ပူပူနွေးနွေး ကော့ခ်ဘဇား ရာမူး(ပန်းဝါ) အကြမ်းဖက်မှုဟာ ရိုဟင်ဂျာတို့လက်ချက် ဖြစ်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက စွပ်စွဲထားပါတယ်။

ရခိုင်လူမျိုးတွေဟာ ပါလက်တိုင်းက အစ္စလာမ်နိုင်ငံ မဖြစ်သေးတယ့် ၁၂ ရာစုမတိုင်မီအထိ အိန္ဒိယနိုင်ငံနဲ့ အေးချမ်းစွာ နေထိုင်နိုင်ခဲ့တယ်။ ရခိုင်လူမျိုးများဟာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများဖြစ်ပေမယ့် ယဉ်ကျေးမှုမြင့်မားကြသူများဖြစ်တယ်။ မိမိကို ရန်မရှာယင် ပြန်မလုပ်တတ်ကြပါ။ ဒါကို OIC သိအောင် လုပ်ရမယ်။ သိန်းစိန်အစိုးရအနေနဲ့ မြန်မာမူစလင်များကို ကုလားမခေါ်ဖို့ လုပ်ခဲ့သလို ရခိုင်တွေလည်း မကြိုက် ရှိလည်း မရှိဖူးတယ့် ရိုဟင်ဂျာအမည်ကို မသုံးဖို့၊ မြန်မာပြည်တွင်းရေးကို မစွပ်ဖက်ဖို့ OIC ကို ဖိအားပေးလို့ ရပါတယ်။ OIC ဟာ ပြဿနာကို ဖန်တီး၊ မြန်မာပြည်ကို ဝင်သိမ်းဖို့ ဝင်လာတယ့် ဗြိတိသျှကိုယ်စားလှယ်လို မဖြစ်ဖို့ သတိထားရပါ့မယ်။ ဒီဗြိတိသျှကိုယ်စားလှယ်တွေကြောင့် မန္တလေးနေပြည်တော်ဟာ သက်တမ်း(၂၆)နှစ်မျှလောက်ပဲ မြန်မာဘုရင်တွေ နန်းစိုက်နိုင်ခဲ့တယ်။

ဒါပေမယ့် OIC ဟာ အဖွဲ့ကြီးဖြစ်ပေမယ့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်လို့တော့ မရပါဘူး။ သိန်းစိန်အစိုးရအနေနဲ့ အဲဒီနိုင်ငံတကာဥပဒေကို အသုံးချပြီး မိမိနိုင်ငံကို ကာကွယ်နိုင်သလို ရခိုင်နဲ့ မြန်မာ့မူစလင်များအတွက်လည်း ဥပဒေအရ အကျိုးဆောင်ပေးနိုင်မှာ ဖြစ်တယ်။ ရခိုင်ဒေသ ငြိမ်သက်သွားတာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ OIC ကို သံတမန်ရေးအရ လုပ်ဆောင်နိုင်ပါစေ။

(မိမိအမြင်မျှသာ)
Ven Ravika

မူရင်းလင့်

Monday, October 1, 2012

စင်္ကာပူကိုလာသင့်မလာသင့်!!!!!!!!!

တလောက မြန်မာမီဒီယာ တစ်ခုကလာဗျူးတဲ့ အထဲမှာ မြန်မာပြည်ထဲက ပညာတတ် ဘွဲ့ရလူငယ်တွေ စင်္ကာပူ ကိုလာဖို့ တော်တော်များများ ကြိုးစားနေကြတယ်။ အဲဒါဘယ်လိုထင်ပါသလဲဆိုတဲ့ မေးခွန်းတစ်မျိုးလည်းပါဝင်ပါတယ်။ နောက်ပြီး ဖေ့(စ်)ဘွတ်ပေါ်က လူငယ်တစ်ချို့ရဲ့ အသံကို နားစွင့်ကြည့်ပြန်တော့ ဒီသဘောမျိုးလေးတွေ ရှိနေတာကိုခံစားရပါတယ်။

လာသင့်မလာသင့်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေတော့ ထွက်မယ်မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေတချို့တော့ ကျနော်လက်လှမ်းမှီသ၍ ရေးကြည့်ချင်ပါတယ်။ ကျနော့် အဖြေကိုကပဲ "Yes " နဲ့ "No" ပါ။

ကျနော်ကိုယ်တိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရစဉ်တုန်းက သူငယ်ချင်းတစ်ယောက်က သူလည်းလာချင်တယ်လို့ ပြောပါတယ်။ (စင်္ကာပူမှာ မဟုတ်ပါ။ ရွာမှာတုန်းကပါ။) ကိုယ့်အခက်အခဲတွေကိုပဲသိတဲ့ ကျနော်က သိပ်ပြီးဆန္ဒမစောဖို့ ပြောခဲ့ဖူးပါတယ်။ သူတကယ်တမ်းရောက်လာတော့ ကျနော်တွေ့ရတဲ့ အခက်အခဲတွေ သူမတွေ့ရဘဲ ချောမွေ့နေတာကို ၀မ်းပမ်းတသာတွေ့ရပါတယ်။ အဲဒီနောက်တော့ တစ်ဖက်သတ်ဆန်တဲ့ အဖြေကိုပေးတာထက် အကြောင်းအကျိုးလောက်ထောက်ပြပေးတာ အန္တရာယ်ပိုကင်းတယ်ဆိုတာ သဘောပေါက်လာမိတယ်။ ဒါကြောင့်ညီငယ် ညီမငယ် တွေအတွက် ကျနော့်ခံယူချက်က "Yes" (သို့) "No" ပါပဲ။

ဘာကြောင့် "Yes" လဲ
၁။ စင်္ကာပူဗီဇာက အနာက်နိုင်ငံကြီးတွေနဲ့ စာရင် ပိုလွယ်ပြီး လေယာဉ်လက်မှတ်ဖိုးကလည်း လူလတ်တန်းစားတွေတတ်နိုင်လောက်တဲ့ပမာဏမှာပဲရှိတယ်။ လူနေမှုအဆင့်အတန်းနဲ့ နည်းပညာက အနောက်နဲ့ မတိမ်းမယိမ်းမှာရှိတယ်။ သင်ယူခွင့် ၊ လေ့လာ ရှာဖွေခွင့်တွေ အများကြီးရမယ်။

၂။ နိုင်ငံခြား တိုင်းပြည်တွေထဲမှာ စင်္ကာပူဟာ မြန်မာအငွေ့အသက်အရဆုံးလို့ပြောရင် မမှားနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ တစ်နေရာကနေ တစ်နေရာသွာဖို့ဆိုတာကလည်း တစ်နာရီကျော်ကြာအောင် သွားရတဲ့ခရီးကနည်းပါတယ်။ နာရီဝက်အတွင်း လက်လှမ်းမီတဲ့ ခရီးတွေများပါတယ်။

၃။ လစာအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာအများဆုံး၊ ဒီမှာအလုပ်အကိုင်စနစ်တကျရှိရင် ရွာကမိသားစုကို တော်တော်လေး အထောက်အကူ ပေးနိုင်ပါတယ်။ ဘာပဲလုပ်လုပ် စင်္ကာပူက စနစ်ရှိတယ်။ ဒီစနစ်တွေကို ပါးပါးနပ်နပ်လေ့လာနိုင်ရင် အကျိုးရှိစရာတွေ အများကြီးရှိတယ်။

အခြားအကြောင်းတရားတွေ အများကြီး ရှိပါတယ်။ သန့်ရှင်းတာ၊ လုံခြုံစိတ်ချရတာ စတာတွေပါ။ ဒါကြောင့် " Yes " အောက်မှာ အကျယ်ကြီး မရေးတော့ပါဘူး။ အဆင်ပြေရင် ကြိုးစားကြည့်ကြဖို့ အားပေးပါတယ်။ သို့သော်...

ဘာကြောင့် "No" ရတာလဲ။
ပထမဆုံး စင်္ကာပူရဲ့ မူနဲ့ပတ်သက်လို့ အဓိကအချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ ယေဘုယျသဘောကိုကြည့်တာမို့ တစ်ဦးချင်းမတိုက်ဆိုင်တာများရှိရင် ခွင့်လွှတ်စေချင်ပါတယ်။

၁။ စင်္ကာပူရဲ့ အဓိကပစ်မှတ်တွေက တရုတ်ပြည်မကြီးက တရုတ်တွေ၊ အိန္ဒိယန်း ပညာတတ်တွေနဲ့ အခုနောက်ပိုင်းမှာ ဥရောပနဲ့ အမေရိကတို့က လူတွေပါ။

၂။ မြန်မာပီအာတွေက စီတီဇင်ခံယူတာနည်းပါတယ်။ ဒီမှာ အနှစ် (၂၀) ကျော်နေလာပြီးသားမြန်မာတွေကတောင် မြန်မာပြည်ကိုပြန်ဖို့ ခြေတစ်လှမ်း မမြဲပြင်နေတတ်ကြပါတယ်။ ဒါကိုစင်္ကာပူအစိုးရက သဘောမပေါက်ဘဲနေမှာ မဟုတ်ပါ။

၃။ လွတ်လပ်လာတဲ့နောက်မြန်မာလူမျိုးတွေအများစု စင်္ကာပူမှာ အခြေချနေထိုင်ဖို့ဟာ ရာနှုန်းပိုနည်းသွားပါတယ်။ ဒါကြောင့် ဖေ့(စ်)ဘွတ်ထဲမှာ လူငယ်တွေ ကွန်မင့်ရေးသလို့ မြန်မာတွေအတွက် ပိုပြီးအကျပ်အတည်းရှိနိုင်ပါတယ်။

၎။ ပညာသင်ဆု စကောလားတွေပေးရာမှာလည်း မြန်မာကျောင်းသားတွေက သူများတွေလောက် အခွင့်အရေးမရ ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီမှာပညာသင်ပေးပြီး ရန်ကုန်ကိုပြန်ပြေး ၊ သူတို့ကိုပြန်ဆော်မှာ စိုးရိမ်လို့ပါ။ သူတို့မှန်ပါတယ်။

ဒီလေးချက်ကို နည်းနည်းထပ်ချဲ့ပါမယ်။
အင်္ဂလိပ်စကား ရုံးသုံးလို့ဒီမှာသတ်မှတ်ခဲ့ပေမယ့် စင်္ကာပူဟာ တရုတ်စကားကို မျက်ခြေမပြတ်ခဲ့ပါဘူး ။ ဒါကြောင့် သူ့လူမျိုးတွေကို တရုတ်မင်ဒရင်း သင်အောင်တိုက်တွန်းသလို တရုတ်ပြည်မကြီးထဲကလူတွေကို ဒီရောက်အောင်ဆွဲသွင်းပြီး နိုင်ငံအလိုက် တရုတ်စကားပိုတိုးတက်အောင် ကြိုးစားနေတာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ။

အိန္ဒိယန်းတွေကိုလည်း သူတို့ကြိုက်ပါတယ်။ အိန္ဒိယန်း ပညာတတ်တိုင်းဟာ အင်္ဂလိပ်စကားကိုကောင်းကောင်းမွန်မွန်ပြောနိုင်ပါတယ်။ အထူးသဖြင့် အိုင်တီနဲ့ ရှေ့နေတွေမှာ အိန္ဒိယန်းတွေတော်တော်များပါတယ်။ တော်လည်းတကယ်တော်ကြပါတယ်။

တိုးတက်လာတဲ့ နိုင်ငံရဲ့အနေအထားကြောင့် အခုဆိုရင် အနောက်ကလူတွေ လာရောက်နေထိုင်ကြတာတောင် အရင်ထက် ပိုများလာနေပါတယ်။ လူဦးရေအကန့်အသတ်နဲ့ပဲထားနိုင်တဲ့ မြေမရှိတဲ့နိုင်ငံငယ်ဟာ ဘယ်သူ့ကိုလက်ခံမလဲဆိုတာ သေသေချာချာ စဉ်းစားပါလိမ့်မယ်။

ဒါကြောင့် သူတို့ အလိုချင်ဆုံး စီတီဇင်တွေဟာ တရုတ် ၊ အိန္ဒိယ ၊ လူဖြူတွေပါ။ အာရပ်မူစလင်တွေကို လိုချင်တယ်လို့ လီကွမ်းယုပြောနေတာတွေဟာ နိုင်ငံရေးစကားလို့ ယုံကြည်ပါတယ်။

နံပါတ်နှစ်ကတော့ စင်္ကာပူအစိုးရမကြိုက်ဆုံး မြန်မာတွေရဲ့ ခံယူချက်လို့ထင်ပါတယ်။ ကျနော်သိတဲ့ ဆရာကြီးတစ်ယောက်ဆိုရင် အသက် (၇၀) ကျော်ပါပြီ။ အခုထိ စင်္ကာပူမှာ အခြေမကျရှာပါဘူး ။ ဟိုမှာပြန်ပြီး ဘာလုပ်ရမှန်းမသိလို့သာနေနေရတာဆိုပြီး စင်္ကာပူနေလိုက် ၊ အမေရိကထွက်သွားလိုက်နဲ့ပါ။ သူမြန်မာပြည်ကိုစိတ်နဲ့ပြန်နေတာပဲ နှစ်ပေါင်း (၄၀) ကျော်ပြီလို့ဆိုပါတယ်။

နောက်ပြီး ပညာတတ်မြန်မာတွေဟာ ဘာသာရေးနဲ့ယဉ်ကျေးမှုကို တော်တော်တန်ဖိုးထားကြပါတယ်။ တချို့ဆိုရင် ဒီကပညာရေးက အဆများစွာ ပိုကောင်းပါလျက် ကလေးရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုကို စိုးရိမ်လို့ဆိုပြီး ရန်ကုန်ပြန်ပြီးကျောင်းထားကြတာတောင်ရှိပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ ဘာသာနဲ့ယဉ်ကျေးမှု တော်တော်ရောက်သွားပြီ ဆိုတော့မှ ဒီကိုပြန်ခေါ်ပြီး ကျောင်းထားကြဖို့ စီစဉ်ကြတယ်ပါ။ ဒီအတွက် ပညာရေးနောက်ကျသွားမယ်ဆိုတာကို သူတို့ သဘောပေါက်ကြပါတယ်။ ဒါပေမယ့် သူတို့ ဒါကို အရဲစွန့်ကြတယ်။

ဘာကြောင့်ဒီစိတ်ဓါတ်ကို စင်္ကာပူအစိုးရက မကြိုက်တာလဲ။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက သူတို့ဓလေ့စရိုက် ၊ သူတို့ ယဉ်ကျေးမှုတွေ သင်ပေးပြီး သူတို့လူမျိုးဖြစ်အောင် ကြိုးစားနေတဲ့ သူတို့မူနဲ့ လုံးဝ ဆန့်ကျင်နေလို့ပါပဲ။

ဦးသိန်းစိန်တက်လာပြီး တံခါးတွေ ပွင့်လာတဲ့နောက် စင်္ကာပူအစိုးရက မြန်မာတွေကို ဘယ်အချိန် ပြန်သွားမယ့်ကောင်တွေလဲလို့သာ ကြည့်နေပါလိမ့်မယ်။ မှန်လည်း မှန်ပါတယ်။ မြန်မာအများစုက အိမ်လွမ်းတတ်ကြတယ်။ တရုတ်တွေဆိုရင် ရောက်တဲ့နေရာ သူတို့အိမ်ပဲ။ မြန်မာပြည်ဖွား တရုတ်တွေအတွက် မြန်မာပြည်သာ သူတို့နိုင်ငံပါ။ မလေးရှား၊ အင်ဒိုနီးရှားတို့က တရုတ်တွေလည်း ဒီအတိုင်းပါပဲ။ မြန်မာ၊ ဂျပန်၊ ကိုးရီးယားတွေက ဘယ်ရောက်ရောက် သူတို့ ဇာတိမပျောက်ကြပါဘူး။

အခုဆိုရင် နိုင်ငံခြားမှာ အခြေချဖို့ဆိုတာထက် နိုင်ငံခြားမှာ အခြေကျပြီးသားတွေတောင် ပြန်မယ် တကဲကဲ (တကယ်ဟုတ်မဟုတ်တော့ မသိပါ) ဖြစ်နေကြပါပြီ။ စောင့်ကြည့်နေကြပါပြီ။ ဒါကြောင့် မြန်မာတွေအပေါ် စင်္ကာပူက ပိုပြီး သံသယရှိနေပါလိမ့်မယ်။

နံပါတ်လေးကတော့ သူတို့အကြောက်ဆုံးပါပဲ။
ဘောလုံးစကားနဲ့ ပြောရရင် ပရီးမီးယားလိဂ်က ကလပ်တွေဟာ သူတို့ဘောလုံးသမားကောင်း တစ်ယောက်ကို တခြားပရီးမီးယားလိဂ်ကလပ်ကို မရောင်းချင်ကြသလိုပါပဲ။ ကိုယ့်ကိုအနီးကပ် ဒုက္ခပေးတော့မှာ မဟုတ်လား။ မန်ယူရောက်သွားတဲ့ ဗန်ပါစီကို အာစင်နယ် ကြောက်ရသလို၊ မန်စီးတီးရောက်သွားတဲ့ တက်ဗက်ကို မန်ယူကြောက်ရသလိုပါပဲ။

NUS လို၊ NTU လို တက္ကသိုလ်တွေကနေ သုတေသနတွေလုပ်၊ ဒေါက်တာဘွဲ့တွေယူ၊ ဘွဲ့လည်းရရော ဒီကျောင်းသားက ခဏသာ သူတို့အတွက်လုပ်ပေးပြီး သူ့နိုင်ငံကို ပြန်သွားရင် စင်္ကာပူတော့ နာပြီပေါ့။ အဲဒီကျောင်းသား အနောက်ကို ထွက်သွားတာတောင် စင်္ကာပူက ဒီလောက် မကြောက်ဘူး။ ဒီကျောင်းသားက အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်သွားပြီး သူ့ကိုယ်သိ၊ ကိုယ့်သူသိ ပြန်ဆော်မှာကို သူတို့ကြောက်တာပါ။

ဒီတော့ မြန်မာကျောင်းသားတွေ ညည်းညူတတ်တဲ့ “စင်္ကာပူက မြန်မာတွေကို ဦးစားမပေးဘူး” ဆိုတာ မှန်သလို စင်္ကာပူရဲ့ သူ့နိုင်ငံကို ကာကွယ်တဲ့ပေါ်လစီလည်း မှန်တာပါပဲ။

ဒါတွေက စင်္ကာပူရဲ့မူတွေပါ။ ဒါတွေပြီးရင် မြန်မာတွေဘက်ကိုလည်း ပြန်ကြည့်ကြပါဦးစို့။ အဓိက နှစ်ချက်ပဲ ဆွဲထုတ်လိုက်ပါတယ်။ ဖြည့်လိုက ဖြည့်ပါ။

၁။ မြန်မာတွေဟာ အင်္ဂလိပ်စာ ညံ့တယ်။ ဒီတော့ ရှေ့ရောက်မလာတတ်ဘူး။
၂။ စင်္ကာပူမှာ ရတဲ့ငွေနဲ့ မြန်မာပြည်က ဈေးကွက်ကိုလိုက်ဖို့ ခက်တတ်တယ်။

သခင်မျိုးဟေ့တွေ ဘာတွေ မအော်ဘဲ အင်္ဂလိပ်စာ (အထူးသဖြင့် အင်္ဂလိပ်စကားပြော) ညံ့တာကို လက်ခံထားကြရအောင်။ အနောက်တက္ကသိုလ်ကြီးတွေမှာ ကျောင်းပြီးပါတယ်ဆိုတဲ့ သူတွေတောင် အရေးနဲ့ အဖတ်မှာတော်ပြီး အပြောပိုင်းမှာ ညံ့နေတတ်ပါတယ်။ မချောဘူး။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စကားပြောနိုင်ငံထဲ ရောက်သွားသူတွေသာ အင်္ဂလိပ်စကား ချောပါတယ်။

ဒါကလည်း ဘာကို အပြစ်တင်ရမှန်း မသိပါဘူး။ ဒီပြင်နိုင်ငံတွေ အသာထား၊ နီပေါလို နိုင်ငံက ကျောင်းသားတွေတောင်မှ အထက်တန်းအဆင့်ထိ ကျောင်းတက်ခဲ့ရင် အင်္ဂလိပ်စကားက ချောနေပါတယ်။ ထားပါတော့။

အင်္ဂလိပ်စကားပြောက ဒီလောက် အရေးပါလို့လား။

သိပ်အရေးပါပါတယ်။ ကုမ္ပဏီတွေမှာ Contribution နဲ့ Performance အလေးထားပါတယ်။ ကွန်ထရီဗြူးရှင်းလည်းရှိ၊ ပါဖောင်းမင့်လည်းရှိဆိုရင် ရှေ့ရောက်ဖို့ ပိုပြီး အားကောင်းပါတယ်။ အင်္ဂလိပ်စာ အားနည်းတော့ ပါဖောင်းမင့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကွန်မြူနီကေးရှင်းမှာ ညံ့သွားတော့တယ်။ မြန်မာတွေဟာ ရိုးသားတယ်၊ ကြိုးစားတယ်၊ သည်းခံတယ်၊ စောဒက သိပ်မတက်တတ်ဘူး (နိုင်ငံခြားသားအပေါ်မှာ)။ ဒီတော့ ကွန်ထရီဗြူးရှင်းမှာ နာမည်ရတတ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားက မချောတော့ အရေးတကြီးပွဲတွေမှာ မ၀င်ရတော့ဘူး။ အရေးကြီးတဲ့ လူတွေနဲ့ ဆက်ဆံခွင့် သိပ်မရတော့ဘူး။ ဒီတော့ လခစားပဲ ဖြစ်နေလိမ့်မယ်။ ( နှစ်ဖက်စလုံးတော်တဲ့ မြန်မာတွေ မရှိလို့ မဆိုလိုပါ။ ရှိပါတယ်။ နည်းပါတယ်။) စီးပွားရေး သဘောတရားတွေ လက်တွေ့လေ့လာရဖို့ စီးပွားရေးပညာရှင်တွေနဲ့ နဖူးတွေ့ဒူးတွေ့ စကားပြောခွင့်တွေ သိပ်ရမှာ မဟုတ်တော့ဘူး။

ဒီတော့ အတွေ့အကြုံရရင် တော်ပြီဆိုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ဘော့(စ်)လုပ်ချင်သူတွေ ဒီကို လုံးဝ မလာသင့်ပါဘူး။ Small fish in a big pond ထက် Big fish in a small pond က တစ်ခါတခါ အလုပ်ပိုဖြစ်တတ်ပါတယ်။

နံပါတ်နှစ်က အနာဂတ်နဲ့ ပိုဆိုင်ပါတယ်။
စင်္ကာပူမှာ ဒေါ်လာရပေမယ့် မြန်မာ့ဈေးကွက်နဲ့ ချိတ်ဆက်မထားနိုင်ရင် ဒေါ်လာနဲ့ မြန်မာ့ဈေးကွက်ကို လိုက်လို့မရနိုင်ဘူး။ ပုဂ္ဂိုလ်ရေးအရ ကျနော်သိတဲ့ ဆရာတစ်ယောက်အကြောင်း ပြောပြပါ့မယ်။ ကလေးသုံးယောက်နဲ့အတူ စင်္ကာပူကို ရောက်လာကြတယ်။ ဆရာက ထိပ်သီးနိုင်ငံခြားဘွဲ့တစ်ခု ရထားတယ်။ ကလေးတွေကို ကျောင်းထား၊ ဇနီးက အိမ်ရှင်မဆိုတော့ ရန်ကုန်မှာ ရှိတဲ့အိမ်ဝင်းတွေပါ ရောင်းချပြီး ကလေးတွေရဲ့ ကျောင်းစရိတ် ထုတ်ခဲ့ကြတယ်။ သူက ပြောတယ်။ စင်္ကာပူမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ်ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူးတဲ့။

ကျနော့် ကောက်ချက်က မြန်မာပြည်ရဲ့ ဈေးကွက်နဲ့ လုံးဝအဆက်ပြတ်ခဲ့တယ်။ ဒီတော့ ဒေါ်လာနဲ့ လိုက်တာတောင်မှ သိပ်မမီဘူး။

နောက်ကျနော်သိတဲ့ ဇနီးမောင်နှံရှိတယ်။ သူတို့က ဒီမှာ အလုပ်လုပ်ပေမယ့် မြန်မာ့ဈေးကွက်နဲ့ အဆက်မပြတ်ဘူး။ ဒီမှာရှိတဲ့ အိမ်ကိုရောင်းပြီး ရန်ကုန်မှာ အိမ်ဝယ်ထားလိုက်တယ်။ သိန်းထောင့်ရှစ်ရာလောက် တန်တဲ့အိမ်က ဒီနှစ်ကျနော်ပြန်လို့ သူတို့နဲ့တွေ့တော့ သိန်းငါးထောင် ပေးပြီး လာဝယ်တယ်တဲ့။ ကဲ … လစာရတဲ့ဒေါ်လာနဲ့ အဲဒီဈေးကွက်ကို ဘယ်လိုလိုက်မလဲ။ တစ်လ ငါးထောင်ဝင်တယ်ထား၊ တစ်နှစ်ခြောက်သောင်းပဲ ရှိသေးတယ်။

ဒီတော့ ကျနော်တို့ ကောက်ချက်တစ်ခု ဆွဲနိုင်ပြီ။
သူ့လစာယူ၊ သူခိုင်းတာလုပ်၊ စင်္ကာပူကို လာသင့်တယ်။

အိပ်မက်ကြီးတဲ့သူတွေ ဒီကို မလာသင့်ဘူး။ အိပ်မက်တော့ ရှိတယ်၊ အရင်းအနှီးက မရှိတော့ ဘယ်လို လုပ်မလဲဆိုတဲ့ ပုဂ္ဂလိကမေးခွန်းလည်း ရှိပါတယ်။ စင်္ကာပူမှာ သုံးလေးနှစ်အလုပ်လုပ်ပြီး အရင်းနှီးရဖို့ ငွေစုမယ်ဆိုရင်လည်း ကိုယ်စုထားတဲ့ငွေက လာမယ့်သုံးလေးနှစ် မြန်မာ့ဈေးကွက်ထဲမှာ မလုံမလောက် ရှိနေဦးမှာပါပဲ။

မြန်မာပြည်မှာ အခွင့်အလမ်း နည်းနည်းရှိတယ်ဆိုဦး၊ အဲဒါကို လိုက်တာက ရေရှည်မှာ ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။

ဘောလုံးစကားနဲ့ ပြောရရင် အိမ်ကွင်းက ပရိသတ်ရှိတယ်။ ဒိုင်က မသိမသာဆို (၅၀/၅၀ဆိုရင်) ကိုယ်အသာစီးရတယ်။ စင်္ကာပူမှာ ၅၀/၅၀ ဆိုရင် ကိုယ်ရှုံးပြီးသားပဲ။

နောက်ဆုံးပြောချင်တာကတော့ တရုတ်၊ အိန္ဒိယတို့ဆီက ထိပ်တန်းပညာရှင်တွေ စင်္ကာပူကို မလာကြဘူး။ အဲဒီထိပ်တန်းတွေကို မယှဉ်နိုင်တဲ့ ဒုတိယတန်းစားတွေ ဒီကို လာကြတယ်။

အဖြေက … ကျနော့် သဘောအရကတော့ ဟင်းလင်းပွင့်ပါပဲ။ ဆရာကြီးဂိုက်ဖမ်းတာ မဟုတ်ပါ။ ညီငယ် ညီမငယ်တွေအတွက် ကြုံရဖတ်ရသမျှ ဖြန့်ဝေတာပါ။ ဒါကို သဘောပေါက်ပေးရင် ကျေးကျေးပေါ့။