"ဟုတ်ကဲ့ခင်ဗျ... ဗိုလ်ချုပ်"
"မင်း အိုင်စီအက်စ် (ICS) ဦးတင်ထွဋ်
နေတဲ့အိမ် သိလား"
"သိပါတယ် ဗိုလ်ချုပ်၊ အင်းလျားလမ်း၊ နံပါတ် (၁) မှာပါ။ သူ့အိမ်က
လမ်းထဲဝင်ဝင်ချင်းဆိုတော့ မှတ်ရတာ လွယ်ပါတယ်ဗိုလ်ချုပ်"
"အေး၊ ဒီဖိတ်စာ ဦးတင်ထွဋ်ကို သွားပေးစမ်း။ ဖတ်ပြီးတော့ သူ
ဘာပြန်ပြောမလဲဆိုတာ သေသေချာချာ နားထောင်ခဲ့"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်းထံမှ စာကိုယူ၍
ချက်ချင်းထွက်လာခဲ့သည်။
လမ်းတွင် ဗိုလ်ထွန်းလှသည် အံ့သြ၍နေသည်။ ထိုကာလတွင် ကွန်မြူနစ်ပါတီ
သတင်းစာမှ နေ့စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ဘက်ရေးသည်။ မကြာခဏ
ရေးသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွေးအခေါ် အလွန်ညံ့ဖျင်းသည်။ ယခုအခါ
သုံး၍မရသော ရှေးခေတ်နိုင်ငံရေးသမား ဦးဘဖေကို အသုံးပြုသည်၊ မကြာခဏ ဦးဘဖေအား
ဖဆပလဌာနချုပ်သို့ ဖိတ်၍ ဆွေးနွေးသည်။ ထိုနည်းအတူ အလွန်ရှေးကျ၍
ခေတ်မမီတော့သော ဒီးဒုတ်ဦးဘချိုကို ဖဆပလ အမှုဆောင်အစည်းအဝေးကို ဖိတ်ကြားကာ
အကြံဉာဏ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လူထု၏ အခြေအနေကို
ဘာမျှမသိ၊ အင်္ဂလိပ်အစိုးရကို အညံ့ခံကာ ရာထူးလိုချင်ပုံ ပေါ်နေသည်။
အချောင်သမားစိတ် ၀င်နေသည်။ မည်သည့်ဝါဒကိုမှ မလေ့လာ၊ ပေါ်ပင်နိုင်ငံရေးသမား
တစ်ယောက်ဖြစ်သည်။
ဤသို့ မကြာခဏ ဗိုလ်ချုပ်အောင်ဆန်းအား မကောင်းရေးကာ ဖဆပလအဖွဲ့ချုပ်ကိုလည်း
ဘာမျှရည်ရွယ်ချက်မရှိ၊ နောက်လိုက် နိုင်ငံရေးသမားများကို စုကာထားသည်။
အားလုံး အချောင်သမားများ ဖြစ်သည်။ ပြည်သူလူထုတို့အား ယုံကြည်ဖွယ်ရာ မရှိဟု
နေ့စဉ် တစ်ခုတစ်မျိုး ရေးသား၍နေသည်။
ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးအား
စွပ်စွဲနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အ
င်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏
အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့်
ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက တွေး၍နေသည်။
ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက
ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊ မည်သို့
အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့
တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ
ဗိုလ်ထွန်းလှအား လာ၍ ခေါ်ပါသည်။
ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး ဦးတင်ထွဋ်အား တွေ့သောအခါ
အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်ပါသည်။
ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊ တိုင်းပြည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊ ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ
မောင်ရင်"
ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း လက်ချောင်းကလေးများပင် တုန်၍နေပါသည်။
"ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က
အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု ဗိုလ်ထွန်းလှက
ပြန်၍ပြောသည်။
"ပြီးတော့ ဦးအပြင် ဘယ်သူတွေကို ဖိတ်သေးလဲ"
"သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ ကျွန်တော်မသိပါဘူး ဦးရဲ့"
"စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့ မေးထားတယ်။
ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့
ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က
ပြောပါသည်။
"သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊ ကျွန်တော် ညနေ (၅)နာရီလောက်
ကားနဲ့ လာခေါ်ပါ့မယ်"
"ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅) နာရီအရောက် လာပါ့မယ်။
ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ"
"ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။ မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း
Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင် ရွှေကြက်ယက်ကျောင်း
လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။ ကျွန်တော်
ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်"
"ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။ နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း
တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ခင်ဗျာ။ ခွင့်ပြုတော်မူပါဦး"
ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို ဗိုလ်ချုပ်အောင်ဆန်းအား
တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ ပြန်၍မမေး။
နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် (၅)နာရီမထိုးမီ ဧည့်ခန်းသို့
ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍ စောင့်နေသည်။
ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း (၅)နာရီတွင် ရောက်လာသည်။
ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍
မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။
ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည်
အသင့်စောင့်ကြို၍ နေသည်။
ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ် ဆင်းလာသောအခါ
ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု
ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။
"ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊
ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ သန်စွမ်းနေတာ။ အခုလည်း
မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊ ညနေစာစားပြီးလည်း
ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည်
ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။
ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး ချက်ချင်းပင် ဗိုလ်ချုပ်က
"ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ လိုချင်လို့ပါ" ဟု
စကားစလိုက်သည်။
"အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော် တတ်နိုင်တာမှန်သမျှ
ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်"
"ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က
သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့
လူ (၃၀) လိုက်ရမယ်"
"ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ် ရေတပ်သေနာပတိချုပ်က
ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS) ဖြစ်ပေမယ့်
သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ
မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို
တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့
အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊
လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး
ဖြစ်လာတဲ့အထိပဲ"
"ကျွန်တော်က ဦးကြီးလို သူ့အကြောင်း အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့
ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့ ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ
ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ မောင့်ဘက်တန်ကို
သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ အချောဆုံး
မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။
စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ်
ဦးကြီး"
"ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က သူ့အိမ်တော်မှာ ရှိသမျှ
ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊ ခန်းစည်း၊
ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး
သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်"
"ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က ကျွန်တော့်ကို ဖိတ်တာ
ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း
ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု
စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ
မိန့်ခွန်းပြောရင်း တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။
ဒါပေမယ့် နိုင်ငံရေးသမားတွေက မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု
ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း မခံချင်လို့ ထပြီး
နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။ အချောင်သမားတွေ
ဝင်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း
ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ
လုပ်တာပါလို့ ဆက်ပြောတယ်"
"တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို မှားတယ်လို့ ပြောတာတောင်
ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍ ထောက်ပါသည်။
"ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင် မိတ္ထီလာက အင်္ဂလိပ်စစ်တပ်
ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။ ကျွန်တော့်ကို
မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က
ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့
နိုင်ငံရေးသမားလို့ ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။
ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး
ကူညီကြလို့ အောင်မြင်တဲ့အကြောင်းသာ ပြောတယ်"
"အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့
တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး ဆွေးနွေးဖို့ရာ ဘာမှ
အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။ ဗိုလ်ချုပ်ကို
ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက်
ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ
အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို
အစုံစမ်းခိုင်းမယ်ထင်တယ်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည်
စစ်ပြီးသောအခါ Defeat into Victory စာအုပ် ရေးပါသည်။ မြန်မာနိုင်ငံမှ
စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ အောင်မြင်ပုံကို
ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ် ရေးသားဖော်ပြပါသည်။
ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပုံကို
ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး ရန်ကုန်မြို့ရှိ
ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍ ကြိုဆိုသောအခါ
လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ ဘယ်သူပါလိမ့်ဟု
တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု
လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ နှုတ်ဆက်ပြီး "မင်း
ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင် ဘာလုပ်မလဲ" ဟု
မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို
လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့
တည်တည်ကြီး ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု
ရေးသားထားပါသည်။
"ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး
ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ်
အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀) အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ
ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊
အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း
တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့်
ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်"
"အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။ ကျွန်တော့်ကို အားကိုးရင်
ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က
ဝမ်းသာအားရ ပြောပါသည်။
"ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ်
စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော်
ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး ဦးကြီးက
သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်"
"ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ
ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို
ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။
တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက
လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့
ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော်
ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က
အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ်
ဗိုလ်ချုပ်ရယ်"
"ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော်
နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို
ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။
အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း
သိပါတယ်။ ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ
စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ
ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊
ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက
အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ
မဟုတ်ဘူး"
"မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ
အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို
ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ
တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို
အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး
ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့
လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊
အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့
အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ
တကယ့်ခေါင်းဆောင် ပီသပါပေတယ်"
"အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက
စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ"
"ဗိုလ်ချုပ်က ကြိုတင်ပြင်ဆင်ထားတာ အလွန်သင့်မြတ်လှတာပဲ။
တော်ဝင်ပုဂ္ဂိုလ်များနဲ့ စကားပြောတဲ့အခါမှာ မိုင်လော့ဒ် (My Lord) ဆိုတာ
ထည့်ပြောရပါတယ် ဗိုလ်ချုပ်။ မိုင်လော့ဒ်ဟာ စာပေမှာ ရေးဖတ်ရပေမယ့်
ပြောတဲ့အခါမှာ မလော့ဒ် ဖြစ်သွားပါတယ်။ သာမန်လူချင်း ပြောရာမှာ မူရင်းက How
do you do (ဟောင်း ဒူး ယူ ဒူး) ဖြစ်ပေမယ့် စကားပြောတဲ့အခါ ဟောင်းဒယူဒူ လို့
အသံနိမ့်နဲ့ ပြောရပါတယ်။ Where do you go? (၀ှဲယားဒူးယူဂိုး) လို့
မေးတဲ့အခါ စကားသံက (၀ှဲဒယုဂို) ဖြစ်သွားပါတယ်။ အင်္ဂလိပ်စကားဟာ
သူ့အတိုင်းပြောရင် သိပ်ပြီး ညင်သာပါတယ်။ ကျွန်တော်တို့ မြန်မာတွေကသာ Good
(ဂွတ်ဒ်)၊ Book (ဘွတ်ခ်)၊ Look (လွတ်ခ်) နဲ့ ပြင်းပြင်းဆိုနေတာ အမှန်က
(ဂုဒ်၊ ဘုခ်၊ လုခ်) လို့ ညင်ညင်သာသာ ထွက်ပါတယ်။
ဗိုလ်ချုပ်ကို တွေ့ရင်တွေ့ချင်း မောင့်ဘက်တန်က Good Morning General Aung
San (ဂုဒ်မောနင်) လို့ နှုတ်ဆက်မယ်။ ဗိုလ်ချုပ်ကလည်း Good Morning My Lord
(ဂုဒ်မောနင် မလော့ဒ်) လို့ ပြန်ဖြေရမယ်"
"ကျွန်တော်နဲ့ အဆင့်ဆင့် တွေ့ရမယ့်ပုံ၊ ပြောရမယ့်စကားတွေကို အခုပဲ သင်ပေးပါ
ဦးကြီး"
"ဒီလိုဆိုရင် ကျွန်တော်တို့ လေယာဉ်ပေါ် တက်တာက စမယ်။ သိဟိုဠ်ကျွန်းကို
ကုန်းတွေ ဖြတ်စရာမလိုဘူး။ ပင်လယ်ဖြတ်ပြီး (၄)နာရီလောက် သွားရင် ရောက်မယ်။
လမ်းမှာ အပန်းပြေ အချိုရည်တစ်ခုခုနဲ့ ဘီစကွတ်ကျွေးဖို့ရှိတယ်။ ဒီကထွက်တာ
နောက်ကျရင်တော့ ဘူးနဲ့ နေ့လည်စာ ပေးမယ်။ ကန္ဒီမြို့တော်ရောက်ရင်
သူတို့ကားတွေနဲ့ ကြိုပြီး တည်ခိုးဂေဟာ ခေါ်သွားမယ်။ ရောက်ပြီး အနားယူကြ။
ညနေစောင်းတော့ ရေချိုး။ ဆိုင်ရာက ညစာနီးရင် လာပြီး အကြောင်းကြားမယ်။
အချိန်ရောက်ရင် စားခန်းမ နီးရင် သူတို့နဲ့ ခြေလျင်သွားမယ်။ ဝေးရင်တော့
ကားနဲ့ ခေါ်မယ်။ ညစာစားဖို့ အ၀တ်က ပုဆိုးနဲ့ ရှပ်အင်္ကျီလက်တိုဆိုရင်
တော်လောက်ပြီ။ လူတွေများတော့ တစ်ဦးစီကို ဗန်းတစ်ခုစီ လာချမယ်။ ပေါင်မုန့်၊
ဟင်း၊ အရွက်အသီး၊ Soup တစ်ခွက်စီ ပါမယ်။ စားပွဲကြီးအလယ်မှာ အရက်ပေါင်းစုံ
ထားမယ်။ စားပြီးရင် အစာပိတ်တစ်ခုခု ကျွေးမယ်။ စားပွဲကုလားထိုင်တွေမှာ
နာမည်တွေ ရေးထားမယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာထိုင်၊ အနားမှာ
တစ်ဖက်တစ်ချက် ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို နေရာပေးမယ်။
အားလုံးစားပြီးရင် ဗိုလ်ချုပ်ထတဲ့အခါ အားလုံးထကြပြီး အသင့်စောင့်နေတဲ့
စားခန်းထဲက ပုဂ္ဂိုလ်တွေက အလာတုန်းက ကုလားထိုင်တွေ နေရာထိုးပေးသလို
ကုလားထိုင်တွေကို နောက်ဘက် ဆွဲပေးကြမယ်။ လာလမ်းအတိုင်း ပြန်မယ်။
ပြန်ရောက်ရင် ပြောကြဆိုကြနဲ့ ညရောက်တော့ အပူသောက်စရာ လာပေးကြမယ်။ အဲဒါ
ရောက်တဲ့နေ့ပဲ။
နောက်တစ်နေ့ မနက်မှာ ရေချိုး၊ အ၀တ်လဲ၊ မနက်စာ ကော်ဖီလက်ဖက်ရည်၊
ပေါင်မုန့်ထောပတ်သုတ်၊ ချိစ်၊ ဆန်ပြုတ်၊ ထမင်း၊ ပူတင်း၊ ကြက်ဥကြော်၊
ကော်ပြန့်ကြော်၊ အစိမ်းကြော် သူတို့ စီစဉ်ထားတာတွေနဲ့ လက်ဖက်ခြောက် ရေနွေး၊
စီးကရက်၊ မီးခြစ်ပေါင်းစုံနဲ့ ဧည့်ခံပါလိမ့်မယ်။ ၈ နာရီခွဲလောက်မှာ
ဧည့်ကြိုတာဝန်ခံ အတွင်းဝန်က Lord နဲ့ တွေ့ဖို့ရာ ကားများ
အသင့်ဖြစ်နေပါပြီလို့ လာပြောတဲ့အခါ နောက်က လိုက်သွားကြရမယ်။ (၁၅) မိနစ်ခန့်
ကြိုတင်ပြီး ဧည့်ခန်းထဲကို ရောက်နေကြပါမယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်မှ
လော့ဒ်မောင့်ဘက်တန် ထွက်လာပြီး ဗိုလ်ချုပ်နဲ့ အဖွဲ့ကို နှုတ်ဆက်ပါ့မယ်။
ပြီးတော့ အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး
နောက်လိုက်ရပါ့မယ်။
လော့ဒ်မောင့်ဘက်တန် သူ့စားပွဲကို သူသွားထိုင်တဲ့အခါ ဗိုလ်ချုပ်က
စားပွဲမရောက်ခင် (၅)ပေလောက်မှာ ဆက်မလိုက်ဘဲ ရပ်နေရပါ့မယ်။
လော့ဒ်မောင့်ဘက်တန်က ထိုင်ရာက ဗိုလ်ချုပ်ကို လှမ်းကြည့်ပြီး
"ဂျင်နရယ်အောင်ဆန်း ပလိစ်ဆစ်ဒေါင်း (General Aung San Please Sit Down)"
လို့ ပြောရင်း ထိုင်ရမယ့် ကုလားထိုင်နေရာကို ညွှန်ပြပါလိမ့်မယ်။
အဲဒီနေရာကို ဗိုလ်ချုပ်က ၀င်ထိုင်ပြီး ကျန်တဲ့လူတွေက သူ့နေရာနဲ့သူ
ဝင်ထိုင်ရပါမယ်။
ကျွန်တော့်စိတ်အထင် ဗိုလ်ချုပ်ရဲ့ ညာဘက်မှာ အရပ်ဝတ်နဲ့ ဦးဘဘေ၊
သခင်သန်းထွန်း၊ ကျွန်တော်တို့ကို ထားပြီး ဘယ်ဘက်မှာတော့ စစ်ဝတ်နဲ့
ပုဂ္ဂိုလ်တွေ ထားမယ် ထင်ပါတယ်။ ကုလားထိုင်တွေမှာ နာမည်ကပ်ထားပြီး
အသင့်စောင့်နေတဲ့ အဖွဲ့သားများက ကုလားထိုင်တွေကို ထိုင်ဖို့ နောက်ကို
ဆွဲပေးကြပါမယ်။
ထိုင်မယ့်လူတွေဟာ ကုလားထိုင်မှာ ကပ်ထားတဲ့ စာကို ကိုယ့်နာမည် ဟုတ်၊ မဟုတ်
ကြည့်ရပါမယ်။ များသောအားဖြင့် မမှားနိုင်ပါဘူး။ အစီအစဉ်က ဂုဏ်ထူးရာထူး
အဆင့်အလိုက် ထားမှာပါ။
အထူးသတိပြုရမှာက အစားအသောက် ကျွေးတဲ့အခါ အသံမမြည်အောင် စားကြရပါမယ်။
ပါးစပ်၊ လက် ပေသွားရင် ဘေးမှာထားတဲ့ လက်သုတ်ပ၀ါနဲ့ ချက်ချင်းသုတ်ရပါမယ်။
ပြီးတော့ ဗိုလ်ချုပ်နောက်က လိုက်တဲ့အခါ ခြေထောက် အသံမမြည်အောင်
လေ့ကျင့်ထားရပါမယ်။ လော့ဒ်မောင့်ဘက်တန်ရှေ့ ထိုင်ကြတဲ့အခါ ကိုယ်ကို
မတ်မတ်ထားရပါမယ်။ လက်ကို စားပွဲပေါ် မတင်ရပါဘူး။ ဘေးမှာ ချထားရပါမယ်။
ချောင်းဆိုးချင်ရင် ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး ချောင်းဆိုးရပါမယ်။
မောင့်ဘက်တန် စကားပြောနေတုန်း အားလုံးဟာ သူ့ကိုပဲ ကြည့်နေကြရပါ့မယ်"
"ဦးကြီး၊ သူက ဘယ်စကားကစပြီး ပြောမှာလဲ။ ဦးကြီးလည်း အများကြီးပြောရတာ
မောရော့မယ်။ ကျွန်တော်တို့ မကြာခင် စားကြမယ်။ ဦးကြီး ဘာများ သောက်ထားမလဲ။
ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ၀ိုင်မျိုးစုံတော့ ရှိပါတယ်။ ဗိုလ်ထွန်းလှရေ၊ ပုလင်း
လက်ဆွဲခြင်း (၂)လုံး ယူခဲ့ကွာ"
"ရပါတယ် ဗိုလ်ချုပ်၊ ကိစ္စမရှိပါဘူး။ သူ ဘယ်စကားက စပြီးပြောမယ်ဆိုတာတော့
ခန့်မှန်းလို့ မရဘူး။ လူကြီးများထုံးစံ ပဏာမမှာ နေရတာ အဆင်ပြေလား၊ လမ်းခရီး
တော်တော်ပင်ပန်းသလား၊ ကျန်းမာရေးဆေးများလိုရင် ဧည့်သည်တာဝန်ခံကို ပြောပါ။
ရာသီဥတုက ဘာမှ ဆိုးဆိုးဝါးဝါး မရှိလို့ တော်သေးရဲ့ ဆိုတဲ့ စကားတွေနဲ့
စကြတာပဲ။ သိပ်များများ မပြောပါဘူး။ သူပြောရမယ့် စကားကို အဆင်ပြေအောင်
ဂျင်နရယ်အောင်ဆန်းကို ဖိတ်ရတာ စစ်ကြီးလည်း ပြီးသွားတော့ တိုင်းပြည်ပြန်လည်
ထူထောင်ရေးကို စီစဉ်ကြရတော့မယ်။ စစ်ကြီးကြောင့် ငွေကုန်လူပန်း ဖြစ်ကြတာ။
ဒါပေမယ့် အခြေအနေက ပျက်စီးတာတွေပြင်ဖို့ အသစ်လုပ်သင့်တာတွေ လုပ်ဖို့
မြန်မြန်စီစဉ်ရမှာပဲဆိုပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအနေနဲ့
ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလို့ သူပြောချင်တာကို ပြောမယ်ထင်ရတာပဲ။
တိုင်းပြည်ခေါင်းဆောင်များ ထုံးစံ မိန့်ခွန်းပေးချင်ရင် သူပြောချင်တာကို
မိန့်ခွန်းရေးဆရာကို အချက်အလက်ပေး အရေးခိုင်းပြီးတော့ ဖတ်ပြောတာပဲ။
ဆွေးနွေးပွဲဆိုရင် အချက်အလက်တွေပြောပြ၊ အတွင်းဝန်က အစီအစဉ်တွေလုပ်ပြီး
အဲဒါကို ဆွေးနွေးရင်း ကြည့်ကြည့်ပြောတာပါပဲ ဗိုလ်ချုပ်ရယ်"
"ဒီလိုဆို ကျွန်တော်ပြောချင်တာကို ဘယ်တော့ ပြောရမလဲ"
"ဗိုလ်ချုပ်၊ လူကြီးကခေါ်ရင် သူပြောချင်တာရှိလို့ ခေါ်တာမို့ သူစပြီး
ပြောချင်တာ ပြောပါစေ။ သူပြောနေတုန်း မကြိုက်တာ၊ ဆန့်ကျင်တာ
ပြန်မပြောရပါဘူး။ အားလုံးပြီးမှ ကိုယ်ပြောချင်တာ တိုတိုအစီရင်ခံရပါတယ်။
သူပြောနေတုန်း Very Good My Lord (ဗက်ရိဂုဒ် မလော့ဒ်)၊ Excellent My Lord
(အက်စ်ဆဲလင့်မလော့ဒ်)၊ ကျွန်တော်သိပ်ပြီး သဘောကျတာပဲ။ အဲဒီလို
သူစကားပြောတာများလို့ နားပြီး အသက်ရှူတဲ့အခါ ချီးကျူးစကားသာ အားရပါးရ
ပြောပါ"
ထိုအချိန်တွင် ဗိုလ်ထွန်းလှက "ဗိုလ်ချုပ်၊ ထမင်းပွဲ ပြင်ပြီးပါပြီ" ဟု လာ၍
ခေါ်သဖြင့် လိုက်၍သွားကြသည်။
"တောင်ဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက်က အစိုးရစီမံကိန်းကို ခေါ်ပြောရင် ငါဟာ
ပြောင်မြောက်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါလားလို့ ဂုဏ်ယူပြီး နားထောင်ပေးပါ။
ဘကြီးက မြေးကလေးကို ခေါ်ပြောသလို ကြုံရတဲ့အခါ လေးလေးစားစားနဲ့ နားထောင်သလို
နားထောင်ပေးပါ။ သူပြောနေတဲ့အထဲ ကိုယ်မကြိုက်တာပါရင်လည်း
ပြုံးပြုံးကလေးနေပါ။ နောက်ဆုံး သူက နိဂုံးချုပ်ပြီး မင်းလည်း
ဘယ်လိုသဘောရလဲလို့ မေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း အရင်လိုက်ပြောသလိုပဲ
အားလုံးကောင်းပါသည် ခင်ဗျား၊ Excellent My Lord (အက်စ်ဆဲလင့် မလော့ဒ်) လို့
ပြန်ပြောပါ။ သူလည်း တော်တော် သဘောကျသွားပါလိမ့်မယ်။
ပြီးတော့ သူပင်ပန်းလို့ အားရပါးရ အသက်ရှူနေတုန်း
ဗိုလ်ချုပ်ပြောချင်တဲ့စကားကို ဖြည်းဖြည်းစပါ။ ဗိုလ်ချုပ် Lord ဆိုတဲ့
အသုံးအနှုန်းဟာ The Lord ဆိုရင် ခရစ်ယာန်ယေရှုလို့ အဓိပ္ပါယ်ရပါတယ်။
ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ တရားသူကြီးချုပ်တွေကို အစီရင်ခံမယ်ဆိုရင်
အာလုပ်စကားဟာ My Lord ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ကိုယ်ပြောချင်တာ၊
အစီရင်ခံချင်တာ တင်ပြတော့မယ်ဆိုရင် တော်ဝင်ပုဂ္ဂိုလ်ကြီးကို ပထမဆုံး My Lord
(မိုင်လော့ဒ်) လို့ ဆိုရပါမယ်။ မလော့ဒ်လို့ မခေါ်ရပါဘူး။ မလော့ဒ်က
စကားပြောတဲ့အခါမှာသာ သုံးရတာပါ"
"ဦးကြီး၊ ကျွန်တော် တင်ပြချင်တာကို ပထမရေးပြီး ဦးကြီးကို
ပြင်ဆင်ဖြည့်စွက်ဖို့ ပေးပါမယ်။ ဦးကြီးက တည်းဖြတ်ပြီး အသံထွက်တွေပါ
သင်ပေးပါ" ဗိုလ်ချုပ်အောင်ဆန်းက ပြောပြပါသည်။
"ဟုတ်ကဲ့ ဗိုလ်ချုပ်။ ဒီလို အလေးအနက်ထားမှပဲ ကိုယ်လိုရာရောက်မှာပေါ့။
တော်ဝင်ပုဂ္ဂိုလ်ကြီးကို တင်ပြရမှာ။ ပြီးတော့ တိုင်းပြည်ရဲ့
ခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ပြောရမှာဆိုတော့ သတိထားဆောင်ရွက်လေ
ကောင်းလေပေါ့။ သူကတော့ သံတမန်ထုံးစံ ခေါင်းညိတ်နားထောင်ပြီး ဘာမှ
ဆုံးဖြတ်ချက်ပေးမှာ မဟုတ်ဘူး"
"ပြီးတော့ ဘယ်အခါ သူ့ဆီက ထပြန်ရမလဲ"
"တော်လောက်ပါပြီ။ ညကျတော့ ညစာစားပွဲမှာ ထပ်တွေ့ကြသေးတာပေါ့လို့ ပြောရင်း
မတ်တတ်ရပ်ပြီး ဗိုလ်ချုပ်ကို လက်ကမ်း နှုတ်ဆက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကလည်း
မတ်တတ်ရပ် ဦးညွတ်ပြီး My Lord Goodbye မိုင်လော့ဒ်ဂဒ်ဘိုင်း လို့
သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ"
"သူက ထမင်းစားဖိတ်တဲ့ညမှာ ဘာတွေ ပြောကြမှာလဲ"
"ဘာမှ ထွေထွေထူးထူး ပြောမှာမဟုတ်ဘူး။ ထမင်းစားပွဲဆိုတာ ရယ်စရာမောစရာ
ရွှင်စရာတွေသာ ပြောရတာပါ။ ကျွန်တော်တို့က ပြောဖို့ မလိုပါဘူး။ သူကသာ
ပြောမှာပါ။ ပြီးတော့ ထမင်းစားရင်း ကြာမှာဆိုတော့ သူက ညာဘက်မှာ ဗိုလ်ချုပ်၊
ပြီးတော့ ကျွန်တော့်လည်း ထားမယ်ထင်တယ်။ ဘယ်ဘက်မှာတော့ ဦးဘဘေနဲ့
သခင်သန်းထွန်းတို့ ထားမယ်။ သူတို့နဲ့ အများဆုံးပြောမယ်။ ဒါမှ စိုပြည်မှာ။
သူတို့ကတော့ My Lord (မလော့ဒ်) တွေ ဘာတွေ ထည့်ပြောမှာ မဟုတ်ဘူး။ သူတို့
ဘယ်လိုပြောပြော အရပ်သားတွေအနေနဲ့ လက်ခံနိုင်ပါတယ်။ ဗိုလ်ချုပ်က ဘာမှ
ဝင်မပြောပါနဲ့။ သူပြောတာကိုသာ လိုက်လိုက်လျောလျော My Lord (မလော့ဒ်)
ထည့်ပြီး ပြောပေးပါ။ အားလုံး အရပ်ဝတ်အရပ်စားနဲ့ တက်ပါ။ ခေါင်းပေါင်းတွေ
ဘာတွေ မလိုပါဘူး။ ဦးဘဘေကတော့ လူကြီးမို့ ခေါင်းပေါင်းပါမှာပေါ့"
နောက်နေ့တွင် ဗိုလ်ချုပ်က သူတင်ပြလိုသော အကြောင်းများကို ရေးသားကာ
ဦးတင်ထွဋ်ထံ ပေးပို့သည်။ နောက်နေ့တွင် ဦးတင်ထွဋ်က တည်းဖြတ်ပြင်ဆင်ပြီး
အသံထွက်များကို အကျယ်ရေးသားကာ ပြန်ပေးသည်။
အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း လေ့လာကာ ဦးတင်ထွဋ် သင်သည့်အတိုင်း
ပြောမည့်စကားများကို အရကျက်၊ အော်၍ဖတ် လေ့ကျင့်သည်။
ထို့နောက် မောင့်ဘက်တန်က လေယာဉ်လွှတ်လိုက်သဖြင့် ဗိုလ်ချုပ်နှင့် အဖွဲ့သား
(၃၀) သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ သွားကြသည်။
ubapemrclementattleegen.jpg
[ဗိုလ်ချုပ်အောင်ဆန်း၏ ဘယ်ဘက်မှ ဆံပင်နောက်လှန်ဖြီးထားသူမှာ ဦးတင်ထွဋ်
ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ညာဘက်အစွန်မှ မျက်မှန်နှင့်ပုဂ္ဂိုလ်မှာ ဦးဘဘေ
ဖြစ်ပါသည်။]
လေယာဉ်ပေါ်မှ ဆင်းကတည်းက တွေ့ကြုံရပုံများမှာ ဦးတင်ထွဋ်
ကြိုတင်ပြောပြသည့်အတိုင်း ဖြစ်သည်။
လော့ဒ်မောင့်ဘက်တန်နှင့် တွေ့ရမည့်နေ့တွင် ဧည့်ခန်းဆောင်အတွင်းဝန်
စီစဉ်ထားသည့်အတိုင်း ဗိုလ်ချုပ်က ကားတစ်စီး၊ ဦးဘဘေ၊ သခင်သန်းထွန်း၊
ဦးတင်ထွဋ်တို့က ကားတစ်စီး၊ ကျန်သည့် စစ်ဘက်မှ ပုဂ္ဂိုလ်များမှာ ကားကြီး
(၂)စီးဖြင့် ထွက်ခဲ့ကြသည်။
အဆင်သင့်စောင့်ဆိုင်း၍နေသော လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်က ဆီးကြိုကာ
ဗိုလ်ချုပ်နှင့် အဖွဲ့အား စီစဉ်ထားသည့်အတိုင်း ဧည့်ခန်းမကြီးတွင်
နေရာချပေးသည်။
ဧည့်ခန်းမကြီးမှာ ကြီးကျယ်သော်လည်း လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များ၊
ရုံးအလုပ်သမားများနှင့် ပြည့်လျှံ၍ နေသည်။
လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များမှာ များပြားလှသည်။
လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ဖက်ဆစ်တိုက်ဖျက်ထုတ်ရေးတွင်
မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိ ဖြစ်သည်။ ဥရောပတွင် မဟာမိတ် တပ်ပေါင်းစု၏
သေနာပတိမှာ အမေရိကန်စစ်ဘက် သေနာပတိ အီဆင်ဟောင်းဝါ (Esenhower) ဖြစ်၍
လက်အောက်ခံတပ်များမျာ ဥရောပနိုင်ငံ အသီးသီးမှ ဟစ်တလာ နာဇီတပ်များ
သိမ်းပိုက်ခံရ၍ ပြန်လည်တော်လှန်ကြသော တပ်များဖြစ်သည်။ အရှေ့မြောက်အာရှ
တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန် ကုန်းတပ်သေနာပတိ Mac Arthor (မက်အာသာ)
ဖြစ်၍ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများကို ဖက်ဆစ်ဂျပန်လက်အောက်မှ
ကယ်တင်ရန် ဖြစ်သည်။
လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ပြန်လည်ကယ်တင်ရန်
မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိဖြစ်သော်လည်း အနောက်နိုင်ငံတပ်များ မပါဝင်ဘဲ
အမေရိကန်လေတပ်နှင့် ဗြိတိသျှတပ်များ၊ ကိုလိုနီနိုင်ငံ အိန္ဒိယ၊ သီဟိုဠ်၊
နီပေါ ဂေါ်ရခါးတပ်များ ပါဝင်သည်။ ဂျပန်ဖက်ဆစ် လက်တွင်းမှ ကယ်တင်ရန်
နိုင်ငံများမှာ စင်ကာပူမှအစ များပြားလှသည်။
ထိုနိုင်ငံများကို စစ်ဆင်ရန်အတွက် စစ်တပ်ဖြန့်ချိမှု နိုင်ငံအလျောက်
စစ်ရေးအတွင်းဝန်များ၊ ရန်သူထွက်သွားလျှင် တည်ငြိမ်ရန် အုပ်ချုပ်ရေး
အတွင်းဝန်များ အားလုံး အတွင်းဝန် တစ်ဒါဇင်ကျော်မျှ ရှိသည်။
အတွင်းဝန်များမှာ အင်္ဂလိပ်လူမျိုးများသာဖြစ်၍ လုပ်သက်ရင့်သူများ ဖြစ်ကြသည်။
"ဟေ့ တင်ထွဋ်၊ မင်းက ဒီအဖွဲ့ထဲ ပါလာသလား" အတွင်းဝန် အင်္ဂလိပ်တစ်ယောက်က
ဦးတင်ထွဋ်အား လှမ်း၍ အော်မေးပါသည်။
ဦးတင်ထွဋ်သည် အသံကြားရာသို့ လှမ်းကြည့်လိုက်ပြီး တွေ့လိုက်ရသည်မှာ အားလုံး
သူ့အရင် အိုင်စီအက်စ် (ICS) ဖြစ်၍နေကြသော အင်္ဂလိပ်ဝါရင့်
ပုဂ္ဂိုလ်ကြီးများကို တွေ့ရ၍ အားရ၀မ်းသာဖြစ်ပြီး "ဟုတ်ကဲ့၊ ကျွန်တော်
မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါလာတယ်" ဟု ပြန်ပြောလိုက်သည်။
"အေး၊ မင်းကို တွေ့ရတာ ၀မ်းသာတယ်ကွာ။ ငါတို့ မတွေ့ရတာ ကြာပြီ။ မင်းက
မင်းတိုင်းပြည်ထဲမှာပဲ လုပ်နေရတော့ တွေ့ဖို့ရာ မလွယ်ကြဘူးပေါ့"
"ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော့်တိုင်းပြည်ကလည်း အာရှမှာ ကမ္ဘာ့လူဦးရေအများဆုံး
နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ရှိနေတော့ ပြင်ပနဲ့ အဆက်အသွယ်က
သိပ်နည်းတာပေါ့"
ဤတွင် အင်္ဂလိပ်အတွင်းဝန်တစ်ဦးက ၀င်၍ပြောသည်။ "ဟေ့ တင်ထွဋ်၊ မင်းတို့နိုင်ငံက
လွတ်လပ်ရေး တောင်းနေတယ်လို့ ကြားတယ်။ အရမ်းမလုပ်ကြနဲ့နော်။
လွတ်လပ်ရေးဆိုတာ ကြားရတော့ သိပ်ကောင်းတာ၊ တကယ့်လက်တွေ့က
လွတ်လပ်တဲ့နို်င်ငံနဲ့တူအောင် လုပ်ဖို့ရာ မလွယ်ဘူးကွ။ နိုင်ငံရေးက
အော်လို့ရတယ်။ လွတ်လပ်ရေးက တိုင်းပြည်ကို အုပ်ချုပ်ပြီး
ကြီးပွားတိုးတက်အောင် လုပ်ရတော့ အရည်အချင်းပြည့်မှ ရတယ်ကွ။ မင်းတို့
အင်္ဂလိပ်အုပ်ချုပ်တာနဲ့ ရောပြီး ပေါင်းလုပ်။ ကိုယ်က လုပ်တတ်လာပြီး
ဌာနတိုင်းကို ကိုင်နိုင်တဲ့ အရည်အချင်းရှိမှ လွတ်လပ်ရေးယူကွ"
ဦးတင်ထွဋ်က မည်သို့မျှ ပြန်၍မပြော။
ဤတွင် ဗိုလ်ချုပ်အောင်ဆန်းက စကားဝိုင်းသို့ဝင်ပြီး ပြောသည်။
"Please Excuse me Sir" (ကျေးဇူးပြုပြီး ၀င်ခွင့်ပြုပါခင်ဗျာ) ဟု
ပဏာမတောင်းပန်ပြီး "ကျွန်တော်တို့တစ်တွေဟာ နိုင်ငံလွတ်လပ်ပြီး
ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်ခင်ဗျာ။ ဘာပြုလို့လဲဆိုတော့
ဗြိတိန်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ့်နိုင်ငံကိုယ်
အုပ်ချုပ်နေပါတယ်။ ဘယ်သူတွေက ခေါင်းဆောင်နေလဲဆိုတော့ Oxford တက္ကသိုလ်၊
Camebridge တက္ကသိုလ်က သင်ကြားလာတဲ့ ပညာရှင်ကြီးတွေက ခေါင်းဆောင်နေပါတယ်။
ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်က ပညာရေးဟာ အဲဒီတက္ကသိုလ်တွေက ပညာရေးနဲ့
အတူတူပါပဲ။ သင်ခန်းစာတွေဟာ ထပ်တူဖြစ်ပါတယ်။ အဲဒါကြောင့်
ကျွန်တော်တို့နိုင်ငံမှာ ဗြိတိန်နိုင်ငံမှာလို ပညာရှင်တွေ ပေါများပါတယ်။
ဒီပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်"
ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားကြောင့် အားလုံးတို့သည် မှင်တက်မိ၍ သွားသည်။
မည်သူမျှ ၀င်၍မပြော။ အင်္ဂလိပ်အတွင်းဝန်များ ငြိမ်သက်သွားသဖြင့်
ခန်းမတစ်ခုလုံး တိတ်ဆိတ်၍ သွားသည်။ ဦးတင်ထွဋ်ကလည်း မလှုပ်။
မကြာမီပင် လော့ဒ်မောင့်ဘက်တန်၏ ဧည့်ဆောင်အတွင်းဝန်က "ကိုးနာရီထိုးတော့မယ်"
ဟု ဗိုလ်ချုပ်အောင်ဆန်းအား ပြောသည်။ အခန်းကြီးတံခါးဝသို့ သူသွား၍ ရပ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကလည်း မတ်တတ်ရပ်၍ ရဲဘော်တို့ အသင့်အနေအထားမှာ နေကြဟု
ပြောလိုက်ရာ အားလုံးတို့သည် ညီညာစွာ ရပ်၍ လာကြသည်။
ကိုးနာရီထိုးသည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အတွင်းဝန်က တံခါးကို
ဖြည်းညင်းစွာ ခေါက်လိုက်သည်။ ထိုတံခါးပွင့်လာပြီး လော့ဒ်မောင့်ဘက်တန်
ထွက်၍လာသည်။ ရေတပ်မတော် သေနာပတိ စစ်ဝတ်စုံအပြည့်နှင့် ဖြစ်သည်။
ခန်းမကြီးအတွင်းရှိ အားလုံးတို့လည်း မတ်တတ်ရပ်၍ အလေးပြုကြသည်။
လော့ဒ်မောင့်ဘက်တန်သည် အပေါက်ဝတွင်ရပ်ကာ စောင့်နေသော
ဗိုလ်ချုပ်အောင်ဆန်းအား လက်ဆွဲနှုတ်ဆက်သည်။ ဦးတင်ထွဋ်
ကြိုကာပြောထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်က ပြုလုပ်သည်။ ပြီးသော်
အခန်းတွင်းသို့ ပြန်၍၀င်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ နောက်မှလိုက်၍
သွားကြသည်။
ဦးတင်ထွဋ် ကြိုတင်ကာ ပြောသည့်အတိုင်း အားလုံးတို့သည် ရိုသေလေးစားစွာ
ထိုင်လိုက်ကြပြီး လော့ဒ်မောင့်ဘက်တန်၏ မိန့်ခွန်းကို နားထောင်ကြသည်။
ပြီးသော် အားလုံးတို့သည် အနားယူကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပန်းဖြေရင်း
ဗိုလ်ချုပ်ကို ဖြည်းဖြည်းမေးသည်။ ဗိုလ်ချုပ်က ပြန်ဖြေပြီး မကြာမီ
ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်လေ့လာထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်ကို
ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တိုင်းသူပြည်သားများက တစ်နှစ်အတွင်း
လွတ်လပ်ရေးပေးပါရန် ပန်ကြားဖို့အတွက် သူလာရခြင်းဖြစ်ကြောင်း တင်ပြသည်။
လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်ချုပ်အောင်ဆန်းက တိုတိုနှင့်လိုရင်း
ပြောပြသည်ကို နားထောင်နေပြီး နောက်ဆုံးတွင် ခေတ္တနားကာ ညတွင်
ထမင်းစားပွဲသို့ ဗိုလ်ချုပ်နှင့်အဖွဲ့ ကြွလာရန် ဖိတ်ကြားပြီး
စခန်းသိမ်းလိုက်ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် တည်းခိုဆောင်သို့ပြန်ကာ အနားယူကြသည်။
မကြာမီ တည်းခိုဆောင်တာဝန်ရှိသူများက နေ့လည်စာ သုံးဆောင်ရန်
အချိန်ရောက်ပြီဖြစ်ကြောင်း လာရောက်ပန်ကြားသည်။
အားလုံးတို့သည် နေ့လယ်စာ စားသောက်ပြီး အဆောင်ပြန်ရောက်သည့်အခါ
တရေးအိပ်စက်သူက အိပ်စက်၍ အချို့တို့က ၀ိုင်း၍ စကားပြောကြသည်။ ညနေတွင်
အချိန်ရသခိုက် ရေချိုးကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းစွာ အနားမယူနိုင်။ စိတ်စော၍နေသဖြင့်
ဦးတင်ထွဋ် အခန်းသို့ သွားသည်။
"ဦးကြီး၊ ညစာစားပွဲမှာ ကျွန်တော်က ဘာမှမပြောဘဲ လော့ဒ်မောင့်ဘက်တန်
ပြောတာကို နားထောင်ပြီး နောက်ကလိုက်ပြီး Oh, We have got fresh knowledge
My Lord (အိုး၊ ၀ီဖ်ဂေါ့ထ်ဖရက်ရှနောလိလ်မလော့ဒ်) လို့ ပြောနေရုံနဲ့
ပြီးမှာလား" ဗိုလ်ချုပ်က ရောက်လျှင်ရောက်ချင်း ပြောပြသည်။
ဦးတင်ထွဋ်သည် ရုတ်တရက် ဗိုလ်ချုပ်ရောက်လာသဖြင့် အံ့အားသင့်နေသည်။ ခေတ္တမျှ
စဉ်းစားပြီး ဦးတင်ထွဋ်က ပြောပြသည်။
"ဗိုလ်ချုပ်တွေးပြီး ပူမယ်ဆိုလည်း ပူစရာပဲ။ သူကချည်းပြောပြီး ကိုယ်က
ဘာမှမပြောဘဲ နေတော့လည်း ဟုတ်တယ်။ စကားဝိုင်း စိုစိုပြည်ပြည် မဖြစ်ဘူး။
တစ်ခုရှိတာက ကိုယ်က လူငယ်၊ ထမင်းပွဲမှာ များများဝင်ပြောတော့လည်း
မတော်လှဘူး။ တစ်ခုခုတော့ ပြောမှလည်းကောင်းမယ်"
"ဟုတ်တယ်ဦးကြီး။ တော်ဝင်ပုဂ္ဂိုလ် မဟာမိတ်တပ်ဖွဲ့ စစ်သေနာပတိကြီးက
ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ လေယာဉ်လွှတ်ပေး၊ ဧည့်ခံပွဲအမျိုးမျိုး လုပ်ပေးပြီး
ထမင်းစားပွဲနဲ့ ပြုစု ပြန်လုပ်တယ်ဆိုတော့ အဖိတ်ခံရတဲ့ကောင်လေးက ဘာပြောမလဲ။
လူရာဝင်ချင်တဲ့စကားတွေ ပြောလို့က မဖြစ်။ တိုင်းပြည် လွတ်လပ်ရေးအကြောင်း
ပြောလို့ကလည်း မဖြစ်။ စဉ်းစားရင်းနဲ့ အဖြေရှာမရတော့ ဦးကြီးဆီပဲ
ပြေးလာရတာပေါ့"
"ဗိုလ်ချုပ်က အခြေအနေကို အမှန်အတိုင်းတွေးတော့ တကယ်ပင်ပန်းတာပေါ့။
ကျွန်တော်ကိုယ်တိုင် ဘာပြောရမှန်းမသိဘူး။ ထမင်းစားပွဲထုံးစံ ရယ်စရာမောစရာ
ပြောရအောင် လူငယ်ဆိုတော့ လူကြီးကို ပုံဝတ္ထု ပြောလို့မဖြစ်၊ အတွေ့အကြုံ
ပြောရအောင်လည်း ကိုယ်ကလည်း နိုင်ငံရေးဘ၀၊ နိုင်ငံငယ်ကလေးမှာ ကြုံရတာ
ပြောလို့ကလည်း သေးသေးကွေးကွေး ဖြစ်နေမှာ စိုးရိမ်ရ။ ထမင်းစားပွဲဆိုတော့
(၂)နာရီ ပတ်ဝန်းကျင် ကြာမှာမို့ ပြောစရာရှိမှလည်း တော်လိမ့်မယ်"
"ကျွန်တော်က အညာသားဆိုတော့ အညာမှာရှိတဲ့ ၀တ္ထု၊ စကားပုံ၊ ရာဇ၀င်တွေ
ပြောစရာရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက တော်ဝင်နားလည်ဖို့
ပြုံးပျော်ဖြစ်ဖို့ ရှာမရဘူး ဦးကြီး"
ဦးတင်ထွဋ်က ဗိုလ်ချုပ်ပြောသည်ကို နားထောင်ကာ စဉ်းစားရင်း တစ်စုံတစ်ခု
တွေးတောရသဖြင့် ၀မ်းသာအားရ ဖြစ်၍သွားသည်။
"တစ်ခုတော့ လာပြီးတွေ့ရတယ်။ ရယ်စရာ မှတ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်
နားထောင်ချင်စရာ ဖြစ်မှာ။ ဘာလဲဆိုတော့ စကားပြောနေရင်း စကားဆက်ရမှာမို့လို့
ဦးဘဘေအကြောင်း တစ်နေရာမှာ ထည့်ပြောမယ်ဆိုရင် ပြောစရာရမယ်။ မြန်မာလူငယ်တစ်ဦး
အနေနဲ့ နိုင်ငံရေးအသင်းအဖွဲ့ ထောင်ဖို့ရာ အခြေအနေအရ အနောက်တိုင်း YMCA ကို
မှီပြီး အရှေ့တိုင်း YMBA ထောင်လိုက်ပုံ၊ နိုင်ငံမှာ သတင်းစာဟာ သိပ်ပြီး
အရေးကြီးပြီး သတင်းစာနဲ့ လူထုကို လွှမ်းမိုးဖို့ The Sun သူရိယသတင်းစာ
ထောင်လိုက်ပုံ။ ဒါတွေ ပြတ်တောင်းပြတ်တောင်း ထည့်ပြောရင် ဗိုလ်ချုပ်
ပြောစရာတွေရမယ်"
"ဟာ ကောင်းလိုက်တာ။ ကျွန်တော်သိသမျှ ရေးပေးမယ်။ ဦးကြီးက
အဆင့်မြင့်အင်္ဂလိပ်စာနဲ့ ရေးပေးပါ"
နှစ်ဦးသဘောတူ ရသဖြင့် ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း
ကောင်းကောင်းပြောနိုင်ခဲ့သည်။ ပြော၍အပြီး ထမင်းစားပွဲ နိဂုံးချုပ်၍
နှုတ်ဆက်ကြသည့်အခါ ဗိုလ်ချုပ်သည် ဦးတင်ထွဋ် ရေးပေးသည့်အတိုင်း အလွမ်းပြေ
ခွဲခွါရသည့်အကြောင်း ပြောပြသည်။
နောက်နေ့ နိုင်ငံတော်သို့ ပြန်ကြသည်။
ဗိုလ်ချုပ်သည် ရွှင်ရွှင်လန်းလန်းဖြစ်ကာ လေယာဉ်ပေါ်တွင် နှုတ်ဆက်စကား
ဦးတင်ထွဋ်အား ပြောလိုက်သည်။
"ဦးကြီး၊ ကျွန်တော် ဦးကြီးကို အရဲစွန့်ပြီး ချဉ်းကပ်တာ ထင်တာထက်
အောင်မြင်တယ်။ ဦးကြီးကြောင့် လော့ဒ်မောင့်ဘက်တန်နဲ့ ဆက်သွယ်ရေး
အံြ့ဥလောက်အောင် ထူးထူးခြားခြား အောင်မြင်တယ်။ အင်္ဂလိပ်စကားရဲ့
အသံထွက်ကိုလည်း ထားတတ်လာတယ်။ ဦးကြီးပြောမှ နာမ် Noun ကို သုံးရင်
ရှေ့ကအသံကို ပြင်းပြင်းဆို၊ ကြိယာ Verb ကို သုံးရင် နောက်က စကားလုံးကို
ပြင်းပြင်းဆို၊ နားလည်လာတယ် ဦးကြီးရယ်၊ နောက်ကိုလည်း အရေးကြုံလာရင် ကူညီပါ"
"ဗိုလ်ချုပ်၊ ကျွန်တော်ကလည်း အခုလို ကူညီရတဲ့အတွက် ၀မ်းသာလို့ မဆုံးဘူး။
ဗိုလ်ချုပ် အလိုရှိတိုင်း ခေါ်ခိုင်းပါ"
[မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၅၊ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်၊
စာမျက်နှာ-၁၀၊ ၁၁၊ ၁၂]
Aye Chan Mon# Credit To : စာအုပ်မြို့တော် > ပြန်လည် မျဝေခြင်း
ဖြစ်ပါသည်
Friday, January 17, 2014
Tuesday, January 14, 2014
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ
မေတ္တာရှင် – ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -
မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။
၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
~~~
၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

- ၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
- ၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။
- ၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
- ၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
- ၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
- ၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
- ၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
- ၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။
- ၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
- ၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
- ၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။
မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။
၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
~~~
၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။
Friday, January 10, 2014
လူငယ်များနဲ့ ဘာသာတရား
လူငယ်များနဲ့ ဘာသာတရား
*******************
ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ
အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ
အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ်
လူငယ်များအကြောင်း အတွေးပေါင်းစုံ
ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား
ဆက်စပ်မှုရဲ့မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။
ဘုရားလက်ထက်ကအသက်(၇)နှစ်အရွ ယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊
အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ
အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ
ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့
အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့
အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား
အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့
ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ်
ချိန်ထိုးကြည့်မိပြန်ပါတယ်။ လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ ကြားနေမိပါတယ်။
မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ
တိုးတက်ထိုးကား လာနေသလို
ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း
အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က
တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့
သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှုများက သတ္တ၀ါတွေရဲ့ သန္တာန်မှာ
သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ
စတဲ့ ကိလေသာတရားများ
တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။
ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့
ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက်
ဘာသာတရားအပေါ်အလေးမထားမှု၊ဘာသာတရား အဆုံးအမများနဲ့ ဝေးသွားစေမှုကို ဖြစ်စေပါတယ်။
ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ်
အလေးမထားမှု၊ ဘာသာတရားနဲ့
ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့
ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့
ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ
နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။
လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ်
အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့
ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့
ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။
သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ
ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့
ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့
လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက
ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။
သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊
အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့်
ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
လူငယ်များနဲ့ အနေများတော့
လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား
များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။
အများအားဖြင့်အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ
လူငယ်များဟာ အနှစ်သာရများထက်
အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။
အသောက်အစား အပျော်အပါးများနဲ့
ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ
ယုတ်လျော့လာမှုများက ဘာသာတရား
အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ
မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။
ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို
သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့
အပြင် ထားလိုက်ပါကွာ၊
ရပါတယ်ကွာဆိုတဲ့စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။
ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ်
စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး
လုပ်တာကိုပဲတိုးတိုးတိတ်တိတ်ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေတာ ဖြစ်ပါတယ်။
တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။
ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး
မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့်
တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။
နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့
လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ
ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ
ဖြစ်လာတာလည်း ရှိတတ်ပါတယ်။
တစ်ချို့က ဘာသာတရား
လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ
မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့
အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒအတိုင်း လိုက်လုပ်မိရာက
ဝါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊
နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု
မရှိတဲ့အပြင်ဘာသာရေးလုပ်ရင်းအပြောကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျတော့
ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ဖြ စ်သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။
အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း
နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့်
ဝိပဿနာတရား အားထုတ်တော့မယ်ဆိုရင်
ဆရာကောင်း သမားကောင်းကို အရင်ဆုံး
ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
ဒါ့အပြင်အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး
ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက်
ပေါင်းသင်းဆက်ဆံရေးမှာအဆင်မ ပြေတာတွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။
အသောက်အစား အပျော်အပါး
ဝါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ
မလုပ်နိုင်ဘဲ တစ်ယောက်တည်း
အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား
လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့
ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း
နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း
တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ
ဖြစ်လာတော့အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့
ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။
တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့
သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ
ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။
ဘာသာတရားအဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ
အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊
လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့
သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊
ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက်
ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင်
တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို
ဖြစ်လာကာ ဘာသာတရားအတိုင်း
နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း
ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ
လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့
လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။
ကိလေသာအာရုံများမှာ လိုက်စားမှု
အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း
ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ်
မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့
သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ
ထိခိုက်လာတာတော့ မဟုတ်ပါဘူး။
အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က
သောတာပန်စတဲ့ အရိယာဘ၀နဲ့ လူမှုရေးရော
သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ
ဖြစ်သွားကြတဲ့သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။
အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊
အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။
အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။
စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။
ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆို ရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့
ဂုဏ်တော်ထဲမှာကိုကဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ
ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြ င်း၊
ဝေဖန်ခံနိုင်ခြင်း၊
လုပ်နိုင်ရင်လုပ်နိုင်တဲ့အေ လျာက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ၀ိသေသဂုဏ်များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။
တစ်ချို့လူငယ်တွေဆိုရင်
ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ၀ိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက်
သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊
နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ
နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ
အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။
ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့
အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ
တွေ့ရတတ်ပါတယ်။
ဒါဟာ ငယ်ပေမယ့်
ဘာသာတရား အဆုံးအမတိုင်း
လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး
လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။
အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး သာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊
ဘာအားနည်းတယ်၊ညာအားနည်းတယ်ဆိုတဲ့ ယူဆချက်တွေဟာ
ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား
အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့
အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။
ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့
လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ
အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက
ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။
ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား
အထင်မှား အမြင်မှားနေတာတွေဟာ
ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊
တိုးပွားလာတဲ့ ကိလေသာတရားများ၊
လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့
ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ
သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ
ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား
မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
*******************
ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ
အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ
အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ်
လူငယ်များအကြောင်း အတွေးပေါင်းစုံ
ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား
ဆက်စပ်မှုရဲ့မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။
ဘုရားလက်ထက်ကအသက်(၇)နှစ်အရွ
အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ
အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ
ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့
အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့
အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား
အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့
ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ်
ချိန်ထိုးကြည့်မိပြန်ပါတယ်။
မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ
တိုးတက်ထိုးကား လာနေသလို
ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း
အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က
တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့
သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှုများက သတ္တ၀ါတွေရဲ့ သန္တာန်မှာ
သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ
စတဲ့ ကိလေသာတရားများ
တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။
ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့
ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက်
ဘာသာတရားအပေါ်အလေးမထားမှု၊ဘာသ
ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ်
အလေးမထားမှု၊ ဘာသာတရားနဲ့
ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့
ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့
ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ
နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။
လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ်
အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့
ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့
ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။
သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ
ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့
ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့
လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက
ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။
သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊
အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့်
ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
လူငယ်များနဲ့ အနေများတော့
လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား
များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။
အများအားဖြင့်အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ
လူငယ်များဟာ အနှစ်သာရများထက်
အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။
အသောက်အစား အပျော်အပါးများနဲ့
ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ
ယုတ်လျော့လာမှုများက ဘာသာတရား
အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ
မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။
ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို
သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့
အပြင် ထားလိုက်ပါကွာ၊
ရပါတယ်ကွာဆိုတဲ့စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။
ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ်
စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး
လုပ်တာကိုပဲတိုးတိုးတိတ်တိတ
တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။
ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး
မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့်
တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။
နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့
လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ
ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ
ဖြစ်လာတာလည်း ရှိတတ်ပါတယ်။
တစ်ချို့က ဘာသာတရား
လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ
မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့
အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒအတိုင်း လိုက်လုပ်မိရာက
ဝါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊
နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု
မရှိတဲ့အပြင်ဘာသာရေးလုပ်ရင်
ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ဖြ
အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း
နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့်
ဝိပဿနာတရား အားထုတ်တော့မယ်ဆိုရင်
ဆရာကောင်း သမားကောင်းကို အရင်ဆုံး
ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
ဒါ့အပြင်အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး
ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက်
ပေါင်းသင်းဆက်ဆံရေးမှာအဆင်မ
အသောက်အစား အပျော်အပါး
ဝါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ
မလုပ်နိုင်ဘဲ တစ်ယောက်တည်း
အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား
လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့
ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း
နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း
တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ
ဖြစ်လာတော့အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့
ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။
တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့
သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ
ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။
ဘာသာတရားအဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ
အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊
လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့
သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊
ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက်
ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင်
တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို
ဖြစ်လာကာ ဘာသာတရားအတိုင်း
နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း
ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ
လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့
လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။
ကိလေသာအာရုံများမှာ လိုက်စားမှု
အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း
ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ်
မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့
သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ
ထိခိုက်လာတာတော့ မဟုတ်ပါဘူး။
အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က
သောတာပန်စတဲ့ အရိယာဘ၀နဲ့ လူမှုရေးရော
သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ
ဖြစ်သွားကြတဲ့သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။
အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊
အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။
အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။
စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။
ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆို
ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့
ဂုဏ်တော်ထဲမှာကိုကဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ
ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြ
ဝေဖန်ခံနိုင်ခြင်း၊
လုပ်နိုင်ရင်လုပ်နိုင်တဲ့အေ
တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။
တစ်ချို့လူငယ်တွေဆိုရင်
ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ၀ိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက်
သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊
နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ
နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ
အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။
ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့
အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ
တွေ့ရတတ်ပါတယ်။
ဒါဟာ ငယ်ပေမယ့်
ဘာသာတရား အဆုံးအမတိုင်း
လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး
လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။
အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး သာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊
ဘာအားနည်းတယ်၊ညာအားနည်းတယ်ဆ
ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်
အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့
အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။
ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့
လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ
အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက
ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။
ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား
အထင်မှား အမြင်မှားနေတာတွေဟာ
ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊
တိုးပွားလာတဲ့ ကိလေသာတရားများ၊
လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့
ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ
သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ
ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား
မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
Monday, January 6, 2014
ပါတော်မူခြင်း
Sunday, November 3, 2013
စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး!!!
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆရာအောင်သင်းသည် ၁၉၅၈
ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင်
ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်
မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင်
အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ်
သင်ကြားပို့ချပေးခဲ့သည်။
ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများကိုလည်း လိုက်လံဟောပြောနေသည်။
ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။
(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)
ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။
စာရေးဆရာ အောင်သင်း (photo : www.aungthin.com)
“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”
၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။
“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”
အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။
“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”
လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။
“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”
အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။
“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”
ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့
ဝေဖန်ကြတဲ့ အပေါ်မှာကော။“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”
သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့
ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။
“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”
သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။
“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”
ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။
“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”
ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။
“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”
တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ
မျှော်မှန်းလို့ရနိုင်လဲ။“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”
ပြည်ထောင်စု အစိုးရအပေါ်မှာကော။
“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”
ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။
“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”
“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”
အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။
“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”
လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။
“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”
ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။
“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”
မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။
“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”
ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။
“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

Wednesday, October 9, 2013
ဆရာမ တယောက်အတွက် လျော်ကြေး
ငယ်စဉ်က
ကျမရဲ့အိမ်မက်ဟာ ပညာ တတ်အောင်သင်ပြီး မိဘတွေကို ကောင်းကောင်း
ထားနိုင်စေမယ်လို့ ရည်မှန်းခဲ့တာပါ။ အဲဒီခေတ်က ကျမတို့နယ် တခုလုံးမှာ
ကွန်ပျူတာကျောင်း ဝင်ခွင့်ရတာဆိုလို့ ကျမတယောက်ပဲ ရှိပါတယ်။
မွေးရပ်မြေမှာတော့ ဂုဏ်ဆောင်သူတယောက် ဖြစ်ခဲ့သလို နောက်က
ကျောင်းသူကျောင်းသားတွေ အတွက်လည်း စံပြတယောက် ဖြစ်ခဲ့ပါတယ်။ ကျမ
မိဘတွေဟာလည်း သာမန် ဝန်ထမ်းတွေဖြစ်ပေမယ့် ကုန်ကျစရိတ် ကြီးလှတဲ့
ဒီကျောင်းကို ၇ နှစ် ကျော်သည်ထိ ထားပေးခဲ့ပါတယ်။
Master (မဟာ)ဘွဲ့
ရပြီးနောက်မှာ ကျမဟာ ကွန်ပျူတာတက္ကသိုလ်မှာ လစာ သုံးသောင်းကျော်နဲ့
စတင်ပြီး လေးနှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။ ခန့်စာ ရတုန်းကဆို
မိဘတွေမှာ သူတို့သမီး တက္ကသိုလ်ဆရာမ ဖြစ်ပြီဆိုပြီး အတိုင်းမသိ
ပျော်ခဲ့ပါတယ်။
တာဝန် ထမ်းဆောင်စဉ် ကာလတလျှောက်လုံး
နယ်စွန်နယ်ဖျားပါမကျန် ကျရာအရပ်မှာ ဝန်ထမ်းစည်းကမ်းနဲ့အညီ နေထိုင်ခဲ့ သလို
တပည့် ကျောင်းသားကျောင်းသူတွေ အပေါ်မှာလည်း တတ်သည့်ပညာ အိတ်သွန်ဖာမှောက်
သင်ခဲ့ပါတယ်။
depressed teacherဒါပေမယ့် ကွန်ပျူတာ တက္ကသိုလ်ဆရာမ
အလုပ်ဟာ မိသားစု အဆင်ပြေတဲ့ သူတွေအတွက်သာ သင့်တော်တယ် ဆိုတာ
အလုပ်လုပ်နေရင်းနဲ့မှ သိလာခဲ့ပါတယ်။
တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက်လုံး ကျမ မိဘတွေကပဲ လစဉ် ငွေပို့ခဲ့ရတယ်။ အိမ်က ပို့တဲ့ ငွေကို သွားထုတ်ရတိုင်း မျက်ရည်ကျ ခဲ့ရပါတယ်။
ဝန်ထမ်း စလုပ်တုန်းကတော့ တနေ့ Ph.d တက်မယ်လို့ တွေးခဲ့ပေမယ့်လေ Ph.d
ပြီးဖို့အပြင်ကို ၁၅ သိန်း အသားတင် ပေးရတယ်ဆို တာနဲ့တင် အဲဒီ အစီအစဉ်ကို
ဖျက်ခဲ့ပါတယ်။
လေးနှစ်ကျော်မှ လစာ ငါးသောင်းကျော် ရပေမယ့်
အဲဒီလစာနဲ့ မလောက်တော့ ကျမကိုယ်တိုင် အလုပ်ထွက်မယ် ပြောပေမယ့် မိသားစုက
သူတို့ပို့ပေးပါ့မယ် ဆိုပြီး တားခဲ့ကြတယ်။
ကျမဘဝမှာ တက္ကသိုလ်ဆရာမ
ဆိုတာ တခုကလွဲရင် အရာအားလုံး ဆုံးရှုံးပြီး စိတ်ဓာတ်လည်း တဖြေးဖြေး ကျလာခဲ့
ပါတယ်။ ကျမ အိမ်ထောင်ကျပြီးပြန်တော့ ကျမကိုယ်ပိုင် မိသားစုအတွက်လည်း
ဘာတခုမှ ကူညီပေးနိုင်ခဲ့တာ မရှိသလို မိသားစုကပဲ ဝိုင်းပြီး ငွေ
ပို့ပေးခဲ့ရပါတယ်။ တာဝန်ကျတဲ့အရပ်နဲ့ အိမ်နဲ့ ဝေးကွာတာကြောင့် ကျမ
မိသားစုဆီ တခါသွားဖို့ဆိုရင် လစာ နှစ်လစာဟာ အသွားစရိတ်ပဲ ရှိခဲ့တာပါ။
ဒါတွေကို တွေးမိတိုင်း ငါ့ကြောင့် မိသားစုတွေ အားလုံး ဝန်ထုတ်ဝန်ပိုး
ဖြစ်ရတယ်လို့ ခံစားရပြီး ငိုရပါတယ်။ အဲဒီနောက် ကျမ မိသားစုမှာလည်း
ငွေရေးကြေးရေး အဆင်မပြေဘဲ ကြွေးတင်နေခဲ့ရပြန်တယ်။ ဒါပေမယ့် ကျမအတွက်
လစဉ်ငွေ ပုံမှန်ရောက်အောင် ပို့ပေးခဲ့ပါတယ်။ ကျမ မိဘတွေဘက်မှာလည်း
ပင်စင်ယူသွားတော့ ရတဲ့ပင်စင်နဲ့ ခြံသေးသေး ဝယ်ပြီး အိမ်ကိုတော့
ချေးငှားပြီး ဆောက်ခဲ့ရတယ်။
အဖေအမေတို့မှာလည်း အိမ်ဆောက်ရတဲ့
သူတို့အကြွေးတွေနဲ့ကြားက သမီးကို ငွေမျှပို့မယ်လို့ ပြောခဲ့ပါတယ်။ ကျမ အသက်
၃ဝ နား အရွယ်ထိ မိဘတွေ မိသားစုတွေရဲ့ အကူအညီနဲ့ပဲ ဒီအလုပ်ကို ဆက်ခဲ့ရတာပါ။
အလုပ်ပြောင်းဖို့ ကလည်း နီးစပ်ရာ ကွန်ပျူတာ တက္ကသိုလ်တွေ မရှိသလို
ဝန်ထမ်းအပြောင်းဆိုတာ အားလုံးသိကြသလို မလွယ်ကူ ပါဘူး။ အလုပ်တခုရဖို့
မလွယ်တာရော၊ တတ်ထားတဲ့ ပညာကို နှမြော တာရောကြောင့် တခြားဝန်ကြီှးဌာနကို
ပြောင်းချင်ပေမယ့်လည်း ဒီလိုလုပ်လို့မရဘူးလို့ သိထားပါတယ်ရှင်။ နောက်ပိုင်း
ကျန်းမာရေးပါ မကောင်းတော့ ဆရာမ အလုပ်က ထွက်ခဲ့ရပါတယ်။
အလုပ်ထွက်ပြီး ဆေးကုနေစဉ်မှာပဲ ကျမ တာဝန် နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့
ကွန်ပျူတာ တက္ကသိုလ်ကနေ လျော်ကြေးငွေ တောင်းစာတွေ ရောက်လာတော့တာပါပဲ။
မိဘတွေ၊ မိသားစုတွေ၊ မောင်နှမတွေဆီ ဒီစာတွေ ရောက်လာပါတယ်။ လေးနှစ်ကျော်
တာဝန်ထမ်းဆောင်ခဲ့တာတောင် Master နဲ့အလုပ်ထွက်လို့် ဆိုပြီး သိန်း ၃ဝ ကျော်
အတောင်းခံရပါတယ်။
ဒီလောက် ကျန်းမာရေးပါ ထိလောက်သည်ထိ
ပေးဆပ်ခဲ့တာတောင် ဒီလိုလုပ်ပါလားဆိုပြီး အရမ်းကို စိတ်ပျက်မိပါ တယ်။ ဒီ
Master ကိုတောင် အိမ်က ဆင်ထားတာလေးတွေ ထုခွဲပြီး ပြီးခဲ့ရတာပါ။ ခု
ဒီအလုပ်ကနေ ထွက်လို့ အလျော်တောင်းတာမှာ ချမ်းသာလို့ ပေးနိုင်တဲ့သူတွေမှာ
ပြသာနာမဖြစ်ပေမယ့် အဆင်မပြေလို့မှ အလုပ်ထွက်ထားတဲ့ ကျမတို့လို သူတွေအတွက်
အရမ်းကို လွန်ပါတယ်။
အသက်ကြီးပြီး ပင်စင်စား မိဘနှစ်ပါးမှာ
အိမ်ဆောက်တာနဲ့တင် အကြွေး ကိစ္စကြောင့် စိတ်ညစ်နေရတာပါ။ လျော်ကြေး အကြွေး
တောင်းတာက တခေါက်မှာတော့ ပတ်ဝန်းကျင်မှာ ကျမမိဘတွေကို အရှက်ရအောင်
ပြောဆိုသွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျမမိခင်က နဂို ရောဂါအခံကလည်း ရှိတော့
ဆေးရုံတင်ခဲ့ရပါတယ်။ မိဘ ဆေးရုံတင်တယ် ကြားတော့ နေမကောင်းတဲ့ ကျမလည်း
အမေ့ဆီ သွားဖို့ လုပ်ပါတယ်။ အဲဒီ အခြေအနေမှာတောင် အဲဒီ လျော်ကြေးကိစ္စက
ဆေးရုံထိ လာတောင်း မယ်လို့ ဆိုပါတယ်။
စဉ်းစားကြည့်ပါရှင်…။
ဒီလိုအခြေအနေမှာ ကျမ ဘာဆက်လုပ်ရမလဲ။ ကျမလိုပဲ ဘဝတူ သူငယ်ချင်းဆရာမတွေလည်း
အဲလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ စိတ်ဓါတ်ကျဆင်းပြီး မိသားစုတွေပါ
စိတ်ညစ်နေရပါတယ်။
အမြဲပဲ အကြွေးတောင်းသလို တောင်းနေတာတွေကို
ဖြေရှင်းပေးစေ လိုပါတယ်။ မိဘပေးလိုက်တဲ့ ပညာအမွေနဲ့ အလုပ်မှာလည်း
ကြိုးစားခဲ့တဲ့ အသီးအပွင့်ရဲ့ရလဒ်က ဒါပဲလားရှင်။
ဒါကြောင့်
သက်ဆိုင်ရာ လူကြီးများအနေနဲ့ ဒီပြဿနာတွေကို လူသားချင်း စာနာပြီး
ဖြေရှင်းပေးစေလိုပါတယ်။ ကျမလို ဘဝတူ ညီအမများလည်း ဒီပြဿနာတွေကြောင့်
စိတ်ဆင်းရဲရခြင်းမှ ကင်းဝေးစေလိုပါတယ်ရှင်…။
ဆရာမဟောင်းတဦး
Tuesday, September 3, 2013
ကမ္ဘာကျော်ပေမဲ့ မြန်မာ မကျော်တဲ့သူ
မန္တလေးတက္ကသိုလ်
ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဦးဘမော်ဟာ ပုံတောင်ဂျီးဟား ခေါ်တဲ့
လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ကလူသားရဲ့ကျောက်ဖြစ်ရုပ်ကြွင်
းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့ တယ်။ လူသားများရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ သီအိုရီအဟောင်းတွေကို လည်း ပြောင်းပြန်လှန်ပစ်ခဲ့တယ်။
ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်သတ်မှတ်သလို နိုင်ငံတကာ အတ္ထုပ္ပတ္တိမှတ်တမ်းပြုစုရာမှာ ထည့်သွင်းခံရတယ်။ အမေရိကန် ပြည်ထောင်စုက Smitsonian Institute က 50 Great Man of 21 Century လို့ သူ့ကိုထည့်သွင်း သတ်မှတ်တယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့သိပ္ပံဂျာနယ်တွေဖြစ်တဲ့  Nature တို့ Science တို့လိုနေရာ တွေမှာ ဆရာဦးဘမော်က သုတေသနဆောင်းပါးတွေရေးသားတာမို့ နိုင်ငံတကာကထိပ်တန်းသိပ္ပံ ပညာရှင်လောကက လေးစားအသိအမှတ်ပြုခံရတယ်။
ဝါးလုံးခေါင်းထဲ လသာတယ်လို့ လူတွေပြောလေ့ရှိကြတယ်။ ဆရာဦးဘမော်ကတော့ အဲသည်စကားနဲ့ ပြောင်းပြန်။ သူကနိုင်ငံတကာ သိပ္ပံပညာရှင်လောကမှာ ထင်ရှားပေမဲ့ မဆလခေတ်ပညာရှင်နယ်ပယ် မှာ အခွေအခေါက်ခံရတယ်။ သူ့လုပ်ရပ်ကို လူတွေကသိပေမဲ့ သူ့ကိုမသိကြဘူး။
တစ်မနက်မှာတော့ မန္တလေးမြို့က မော်ဒန်ဂျာနယ် အထက်မြန်မာပြည်ရုံးခွဲကို ဦးဘမော် ဆိုက်ကား တစ်စီးစီးပြီး ပေါက်ချလာတယ်။ အသက်က ၈၀ ကျော်ပြီမို့ ကျန်းမာရေးက ချူချာပုံရတယ်။ လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက ပညာရှင်များ၏ ၂၁ ရာစုအတွေးသစ်အမြင်သစ်စာအုပ်ကို ရေးဖို့ ဆရာဦးဘမော်ကို ကျွန်တော်အင်တာဗျူးလုပ်ဖူးတော့ အချင်းချင်းရင်းနှီးနေကြပါပြီ။ ကျွန်တော်တို့ ရုံးခန်းကို သူရောက်လာတော့ စကားစမြည်ပြောဖြစ်ကြတယ်။ ဆရာက တောသား။ သူ့ငယ်ဘဝကို ကျွန်တော်ကမေးတယ်။
'ကျွန်တော့်ကိုမွေးတာက မုံရွာမြို့နယ် ကြာပိုင်ရွာ၊ အမှန်အတိုင်းပြောရရင် ဂျပန်ခေတ်တစ်ခေတ်လုံး ကျွန်တော်ကျောင်းမနေရဘူး၊ ဘုန်းကြီးကျောင်းလိုက်တာ၊ အဖေကလယ်သမား၊ ကျွန်တော်က အဖေနဲ့ လယ်ထဲလိုက်ရတယ်၊ ပျိုးပင်တွေထမ်းပေးရတယ်၊ တစ်ခါတော့ ကတွတ်ပေါက်နား ပျိုးစည်း တွေထမ်းရင်း လဲကျတယ်၊ အဖေ့ကို ကျွန်တော် တောင်သူတော့မလုပ်ပါရစေနဲ့တော့၊ ပညာပဲသင်ပါရ စေလို့ ပြောလိုက်တယ်'
ဆရာဦးဘမော် အဲဒီအချိန်က ကတွတ်ပေါက်နားမှာ လဲကျလိုက်တာ အားလုံးအတွက် ကံကောင်းတာ ပဲလို့ ကျွန်တော်တွေးလိုက်မိပါတယ်။
'ဂျပန်ခေတ်ကုန်တော့ ကျွန်တော်က ၁၀ နှစ်သား၊ ကျွန်တော့်ဘကြီး အထက်တန်းပြဆရာကြီး ဦးစိုးဖေ က မုံရွာခေါ်ပြီး ပညာသင်ပေးတာ၊ ကျွန်တော်ကစာလိုက်နိုင်တော့ ငါးတန်းကစထားပေးတယ်၊ တစ်နှစ်တည်းနဲ့ ငါးတန်းအောင်တယ်'
'အောင်တော့' လို့ကျွန်တော်က စကားထောက်ပေးပါတယ်။
'ကျွန်တော့်အဖေက ချောင်ဦးသားဆိုတော့ ခြောက်တန်းကကိုးတန်းအထိ ချောင်းဦး State High School မှာနေတယ်၊ ကိုးတန်းမှာ မုံရွာ ဦးမောင်မောင် အမျိုးသားကျောင်းပြောင်းတက်တယ်၊ ဆယ် တန်းအောင်တယ်၊ တစ်နှစ်တည်းနဲ့အောင်တာပါ'
'တက္ကသိုလ်ဆက်တက်တော့'
'မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်တက်တယ်၊ မန္တလေးတက္ကသိုလ်မှာ ဘူမိဗေဒသင်မယ့် ဆရာမရှိလို့ ရန်ကုန်ပြောင်းတယ်'
'အဲဒီအချိန်က ဘူမိဗေဒကခေတ်မစားသေးဘူး၊ ဘာကြောင့်ဆရာက စိတ်ဝင်စားရတာလဲ'
'သူငယ်ချင်းတစ်ယောက်က ဘူမိဗေဒယူတယ်၊ သူငယ်ချင်းယူတဲ့ဘာသာကို လိုက်ယူတဲ့သဘောပါပဲ'
ဆရာဦးဘမော်က ရိုးရိုးသားသားပဲ ပြောတယ်။ တက္ကသိုလ်တက်ဖို့ ရန်ကုန်မှာနေထိုင်ပုံကို ကျွန်တော် ကမေးတယ်။
'ဘုန်းကြီးကျောင်းမှာ ခဏနေတယ်၊ နောက်ကျသူငယ်ချင်းကိုဘိုနီနေတဲ့
သထုံဟောမှာနေတယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က ခိုးနေတာတစ်ယောက်
စာအဆောင်ကြေးသွင်းပြီး ကျန်တဲ့ သူကကပ်နေတာ၊ ထမင်းတော့အပြင်မှာ
ဝယ်စားတာပေါ့'
ကျွန်တော်က ဆရာ့နောက်ခံဘဏ္ဍာရေးကို မေးတယ်။
'ကျွန်တော်အဘွားက ချမ်းသာတယ်၊ လယ်တွေရှိတယ်၊ လယ်တွေရောင်းပေးနိုင်တယ်၊ ကျွန်တော်က ကျောင်းမှာစတိုင်ပင်လဲရတယ်'
'ဆရာကြီးရဲ့ သူငယ်ချင်းလဲ ဘူမိဗေဒဘွဲ့ပဲရသလား'
'သူက Chemistry မလိုက်နိုင်လို့ Geography ပြောင်းယူတယ်၊ ကျွန်တော်က မခံချင်တဲ့စိတ်ရှိတယ်၊ ဓာတုဗေဒကြောင့် စာမေးပွဲကျရမှာလားဆိုပြီး ဖိကြိုးစားတယ်၊ စာမေးပွဲမှာ objective question (ဓမ္မ ဓိဋ္ဌာန်မေးခွန်း) ၁၀၀ မေးရင် ကျွန်တော်က ၁၀၀ လုံးမှန်တယ်၊ ၁၉၆၀ ခုမှာ ဘီအက်စ်စီဘွဲ့ရတယ်'
'ဆရာကြီး ဘီအက်စ်စီဘွဲ့ရတော့ ဘာဆက်လုပ်သလဲ'
'ကျွန်တော်က အဲဒီအချိန်မှာ အိမ်ထောင်ကျနေပြီ၊ ၁၉၆၀ ခုဇန်နဝါရီ ၂ ရက်နေ့မှာ အိမ်ထောင်ကျ တယ်၊ အိမ်ထောင်ဖက်က မန္တလေးဆေးရုံကြီးက စစ္စတာ ဒေါ်အေးစီ၊ စာမေးပွဲအောင်စာရင်းလဲ ထွက် ရော ကျူတာလုပ်ချင်တယ်လို့ လျှောက်လွှာရေးတင်လိုက်တာ၊ နောက်နေ့ကျ ခန့်စာထွက်လာရော၊ ကျွန်တော် ဒါလောက်မြန်မယ်မထင်ဘူး'
'တက္ကသိုလ်မှာ ဆရာလုပ်ရင်း အမ်အက်စ်စီ ဆက်တက်တာလား'
'ကွာလီဖိုင်း requirement (လိုအပ်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်) ပြည့်အောင် နှစ်နှစ်တက်ရတယ်၊ requirement ဖြစ်တော့ thesis (ဘွဲ့အတွက် သုတေသနစာတမ်း) တင်ရတယ်၊ ၁၉၆၈ ခုမှာ အမ်အက်စ်စီရတယ်၊ ကွာလီဖိုင်းအပြီး ၁၉၆၅-၆၆ ခုမှာ မကွေးကောလိပ်မှာ ဘူမိဗေဒဌာန အသစ်ဖွင့် တော့ ဌာနမှူးအနေနဲ့ ပို့လိုက်တယ်'
'ဆရာကြီးကျ သုတေသန အလုပ်တွေကို ဘယ်လိုဝါသနာပါခဲ့တာလဲ'
'ကျွန်တော် မကွေးရောက်တော့ မကွေးနားက ရေနံထွက်တဲ့ဖလန်းညိုဆိုတာရှိတယ် ၊
အဲဒီမှာ ရေနံ ထွက်တဲ့ ကျောက်တွေကို ကျွန်တော်လေ့လာတာ၊ ကျွန်တော်က
ငယ်ငယ်တုန်းကတည်းက သုတေ သနဝါသနာပါတာ၊ ကျွန်တော်ရေးထားတာ စာတမ်းပေါင်း ၂၀
ကျော်ရှိတယ်၊ မကွေးမှာတုန်းက သစ်ရာကောက်ကိုလဲ သွားလေ့လာတယ်၊ ရှေးဆင်၊
အစောဆုံးဆင်ပေါ့၊ အဲဒီဆင်ရဲ့ ကျောက်ဖြစ်ရုပ် ကြွင်းတွေကို တွေ့တယ်'
မကွေးဒေသကိုသွားခဲ့တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေအချို့လည်း ယခုလောလောဆယ်ပဲ အလွန်ကြီးတဲ့ ဆင်အံကျောက်ဖြစ်ရုပ်ကြွင်းကြီးေ တွကို
ရှာဖွေရရှိခဲ့တယ်။ အစောဆုံးဆင်ပေါ့။ အင်မတန်ကြီးမားတဲ့ သွားကြီးတွေနဲ့
မေးရိုးကိုတွေ့တာဖြစ်တယ်။ သူကတော့ဒါဟာ ကမ္ဘာဦးကာလက ဒိုင်နိုဆောရဲ့
ကျောက်ဖြစ်ရုပ်ကြွင်းလို့ထင်တယ် ။ ဆရာကြီးကိုမေးတော့ မဟုတ်ဘူး။ ဆင်ပဲလို့ပြန်ဖြေတယ်။
'ကျောက်ဖြစ်ရုပ်ကြွင်း ဘာသာရပ်ကို လေ့လာဖို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ပညာရှင်တစ်ယောက် အနေနဲ့ စာအုပ်စာတမ်းလဲ ပြည့်ပြည့်စုံစုံမရှိဘူး၊ နှစ်သန်းပေါင်းများစွာ ကြာတာတွေကို သက်တမ်းတွေ ဆုံးဖြတ်ဖို့ ဓာတ်ခွဲခန်းလဲအဆင့်မီမီရှိတာ မဟုတ်ဘူး၊ ဆရာကြီးဘယ်လိုလုပ်သလဲ'
ဆရာဦးဘမော်က ရယ်မောတယ်။ ပြီးမှ ဆက်ပြောတယ်။
'ခင်ဗျားသေသေချာချာမှတ်ထား၊ MGSI-Memorial of Geological Survey of India ရယ်၊ RGSI-Record of Geogical Survey of India ကမြန်မာပြည်နဲ့ အိန္ဒိယမှာ လေ့လာထားတဲ့ paper (သုတေသနစာတမ်း) ၁၀၀ ကျော်လောက်ရှိတယ်၊ ရှိသင့်သလောက် ဒီမှာရှိတယ်၊ လေ့လာနိုင်တယ်'
'သက်တမ်းဓာတ်ခွဲတာ'
'မြန်မာပြည်မှာ လေ့လာလာပြီး specimen (နမူနာပစ္စည်း) ကို အိန္ဒိယမှာ တစ်ခုထားတယ်၊ လန်ဒန်မှာ တစ်ခုရထားတယ်၊ အဲဒါတွေကို သက်တမ်းခွဲခြားလေ့လာတယ်'
'ဆရာကြီး ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ပုံကို ပြောပါဦး'
ဆရာဦးဘမော်က သူ့ပခုံးကိုကျော်ပြီး ဘယ်ညာကြည့်တယ်၊ ခုနေပြောလို့ သိပ်ကိစ္စရှိမယ်မထင်ပါဘူး လို့ စကားခံပြီးမှဆက်ပြောတယ်။
'၁၉၂၇ ခုက အင်္ဂလန်က ဒေါက်တာဘလက်ဂရင်းဆိုတာက ပုံတောင်ပုံညာဒေသ ဖန်ကန်ရွာအနီးမှာ စတွေ့ဖူးတယ်။ ဒါပေမဲ့ complete (ပြည့်စုံမှု) မဖြစ်ဘူး၊ ပြင်သစ်တွေ၊ အမေရိကန်တွေက မပြည့်စုံလို့ လက်မခံဘူး၊ ဒါကြောင့် အမေရိကန်က ဒေါက်တာဆဲဗစ်က သူ့တပည့် Dr.RL Ciochol (ဒေါက်တာစီ ရဟန်း) ကို တွေ့အောင်ရှာပါလို့ လွှတ်တယ်'
'သူနဲ့အတူတွဲပြီး ရှာကြရတာပေါ့'
'၁၉၇၆ ခုနှစ်မှာ အမေရိကန်က ဒေါက်တာစီရဟန်းလာလေ့လာတယ်၊ ကျွန်တော့်လာဆက်သွယ် တယ်၊ ကျွန်တော့်အတွက် ဒါက ဘာမျှမခက်ဘူး၊ ပုံတောင် formation (မြေသားဖြစ်ပေါ်မှုပုံစံ) ဆိုတာ က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ ကပုံစံ၊ ဒီကောင်တွေ ရှိနိုင်တဲ့မြေအမျိုးအစားဆိုတာ သိတာပေါ့'
ကျွန်တော်တို့ရုံးက မသဲနုရင်က ဆရာဦးဘမော်ရှေ့ကစားပွဲပေါ်မှာ ကော်ဖီ၊ ရေနွေးကြမ်းတွေလာချ ပြီး ဧည့်ခံတယ်၊ ဆရာကြီးကလဲ ပြောရတာ အာခြောက်ပုံရတယ်။ ရေနွေးကြမ်းသောက်ပါတယ်။
'ကျောရိုးရှိသတ္တဝါတွေရှိနိုင်တာ ကျွန်တော်သိတယ်။ ကျွန်တော့်ကို (ဘူမိဗေဒ) ဌာနကလဲ လွှတ်တယ်၊ လူမိုက်နှင်းတောတိုးထည့်လိုက်တာ နဲ့ တူပါတယ်'
ဆရာဦးဘမော်က ပြောရင်းပြုံးတယ်။
'အဲဒီဒေသက တစ်ချိန်က အလံနီကွန်မြူနစ်တွေ စိုးမိုးခဲ့တဲ့နေရာ၊ ကာရန်မတော်ရင် မြေမြုပ်မိုင်းတက် နင်းမိပြီး ခြေထောက်ပြတ်နိုင်တယ်၊ တောတွေ တောင်တွေထဲ ကျွန်တော်ကတော့ သွားတာပဲ'
'ဘယ်ကိုသွားတာလဲ'
'အရင်ကတွေ့ဖူးတဲ့ လက်စရှိတဲ့ဖန်ကန်ရွာကို သွားတယ်၊ ဖန်ကန်ရွညတောင်ဘက်မှာ clay deposit (အနည်ကျကျောက် ရွှံ့စေးတွေ) တွေ့တယ်၊ အဲဒီမှာ အရပ်အခေါ်ကတော့ ကျစ်ချောင်လို့ခေါ်တယ်၊ ဒီမှာဒါမျိုးတွေ့တယ်၊ အခြားဘယ်နေရာရှိသေးလဲ၊ ဒါမျိုးကျစ်ရှိတဲ့နေရာတွေလိုက်ြ ပပါလို့ ရွာသားတွေ ကိုခိုင်းတော့လဲ ကန်ရွာ လယ်ဒါးမရွာ၊ နောက်နေ့မိုးကောင်းရွာနားမှာ တွေ့တယ်'
'မိုးကောင်းရွာနားမှာ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့တော့ ဒါကအလွန်အရေးကြီးတဲ့ဟာ၊ သက်တမ်းနှစ်ပေါင်းဘယ်လောက်ကြာကြာက ဆိုတာတွေ့တွေ့ချင်း ဆုံးဖြတ်လို့ရသလား'
'ပြောနိုင်တာပေါ့၊ သူ့မြေ formation ကနှစ်သန်း ၄၀၊ ဒီထဲကတွေ့တာမို့ သက်တမ်းက ဒါလောက်ကြာ ပြီလို့ တန်းပြောနိုင်တယ်၊ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းမှာ
molar (အံသွား) သုံးချောင်းပါတယ်၊ pre-mola ကသုံးချောင်းပါတယ်။
လူနဲ့နွယ်တာက pre-mola နှစ်ချောင်းပဲပါတာ၊ အံသွားတွေက အဆင့်
မြင့်ရောအဆင့်နိမ့်ရောနဲ့တူလို့ အကုန်လုံးကလက်ခံတာ'
'ကမ္ဘာမှာတွေ့ခဲ့သမျှထဲမှာ ဒါကသက်တမ်းအကြာဆုံးလို့ ပြောနိုင်တာပေါ့'
'ပြောနိုင်တာပေါ့၊ အာဖရိကမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက သက်တမ်း ၂၈ သန်းပဲရှိသေးတာ၊ ကျုပ်တို့က သန်း ၄၀ ဆိုတော့ အစောဆုံးပဲဆိုတာသိပြီ'
'ဒေါက်တာစီရဟန်းကတော့ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာယူသွားသေးသလား'
'မယူဘူး၊ plaster cast (ပလပ်စတစ်ပုံစံတူ) ပဲလုပ်ပေးလိုက်တာ၊ သူ့ဆရာကိုပြတော့ တွေ့ပြီကွဆိုပြီး သူ့ဆရာက ချက်ချင်းလိုက်လာတယ်၊ ကျွန်တော်ကလဲ ကျွန်တော့်ဆီမှာရှိတာကို ပြပေးလိုက်တယ်၊ ခုတော့ နေပြည်တော်မှာ National Treasure ဆိုပြီး အမျိုးသားပြတိုက်မှာ ဖန်ပေါင်းချောင်လေးနဲ့ ပြထားတယ်ပြောတာပဲ'
'အဲဒီတွေ့ရှိချက်အပေါ်နိုင်ငံတကာ ရဲ့ တုံ့ပြန်ချက်ကို ပြောပါဦး'
'ကျွန်တော်တို့ စာတမ်းဖတ်တယ်၊ စာတမ်းကို ဟို (အမေရိကန်) လဲပို့တယ်၊ Science ဂျာနယ်က cover story ဆိုပြီးထည့်တယ်'
'ဆရာကြီးကို နိုင်ငံတကာက အသိအမှတ်ပြု ဂုဏ်ပြုနေကြတဲ့အချိန်၊ ပြည်တွင်းက တက္ကသိုလ်လော ကမှာတော့ အတိုက်အခိုက်တွေခံရတယ်လို့ ကြားဖူးပါတယ်'
'ခံရတာပေါ့၊ ဒီလိုလုပ်ရကောင်းလားလို့ ပါမောက္ခက အစည်းအဝေးထဲမှာ ငေါက်တယ်၊ ကျွန်တော် ဘယ်ခံချင်ပါ့မလဲ'
'ဆရာကြီးရဲ့ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိချက်က သိပ္ပံလောကအတွက် ဘယ်လောက် အကျိုးများသလဲ'
'ဒါဝင်ရဲ့ Evolution Theory (လူသားဆင့်ကဲဖြစ်တည်ပြောင်းလဲလာ ခြင်း
အယူအဆ) မှာ missing link (ကွင်းဆက်ပြတ်နေတဲ့အချက်အလက်) တွေကို
ဖြည့်နိုင်တယ်၊ မြန်မာတွေဟာ မွန်ဂိုလီယား တောင်ပေါ်ဒေသကနေ မြေပြန့်ကို
ဆင်းလာတယ်ဆိုတဲ့ Migration Theory (လူသားများ တစ်နေရာ မှ တစ်နေရာသို့
ပြောင်းရွှေ့လာခြင်း အယူအဆ) လဲပျက်သွားတယ်၊ ဒီကနေမှ လူတွေပြန်သွားတဲ့
Divergent Theory (ခွဲဖြာထွက်ခြင်းအယူအဆ) ကို ကမန်တော်စာတမ်းရေးတယ်'
'အဲဒီလိုအကြောင်းအရာတွေ နိုင်ငံတကာပညာရှင်တွေဘက်က တုံ့ပြန်မှုကော'
'ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းေ တွ့ရှိမှုနဲ့
ပတ်သက်ပြီး နိုင်ငံတကာက မနုဿဗေဒပါမောက္ခ ၄၀ က ချီးကျူးဂုဏ်ပြုစာကို
လက်မှတ်ထိုးပြီး ပို့ပေးကြတယ်၊ Drivergent Theory နဲ့ပတ်သက်တဲ့ စာတမ်းကို
ဆန်ဖရန်စစ်စကိုတက္ကသိုလ်က ပါမောက္ခဂျက်ဗလွန်စကီက သိပ်သဘောကျတာ၊ ကျွန်တော်က
Bioseen horse အကြောင်းလဲရေးတယ်၊ ဥရောပတိုက်သားတွေက အာရှမှာ
အရင်ကမြင်းမရှိဘူးလို့ ယူဆတာ၊ ကျွန်တော်က သာစည်နယ်က
လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၄ သန်းကမြင်းရဲ့မေးရိုးနဲ့သွားကို တွေ့တာနဲ့ရေးတာ၊ ဥရောပတိုက်သားတွေရဲ့ အယူအဆပျက်သွားတယ်'
'ဆရာကြီးမွေးဖွားခဲ့တာက ကျေးရွာ၊ မိဘကလယ်သမား၊ ဆရာကြီးဘာကြောင့် ဒီအခြေအနေကို ရောက်လာတာလဲ'
'ဘူမိဗေဒဌာနမှာ နိုင်ငံတကာစာအုပ်တွေ အများကြီးရှိတယ်၊ ကျုပ်ကထုတ်ထုန်ဖတ်တယ်၊ ဘာ ကြောင့်ဖတ်တာလဲဆိုရင် သူတို့လိုကိုယ်လဲ တတ်သင့်တယ်ထင်လို့၊ စာဖတ်တဲ့သူနဲ့ မဖတ်တဲ့သူ နှစ်ကြာလာတော့ စာဖတ်တဲ့လူက တိုးတက်တာပေါ့'
Published on Monday, 02 September 2013 14:43
Written by ကျော်ရင်မြင့်
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၇၂)၊ သြဂုတ် ၃၀၊ ၂၀၁၃
ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်သတ်မှတ်သလို နိုင်ငံတကာ အတ္ထုပ္ပတ္တိမှတ်တမ်းပြုစုရာမှာ ထည့်သွင်းခံရတယ်။ အမေရိကန် ပြည်ထောင်စုက Smitsonian Institute က 50 Great Man of 21 Century လို့ သူ့ကိုထည့်သွင်း သတ်မှတ်တယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့သိပ္ပံဂျာနယ်တွေဖြစ်တဲ
ဝါးလုံးခေါင်းထဲ လသာတယ်လို့ လူတွေပြောလေ့ရှိကြတယ်။ ဆရာဦးဘမော်ကတော့ အဲသည်စကားနဲ့ ပြောင်းပြန်။ သူကနိုင်ငံတကာ သိပ္ပံပညာရှင်လောကမှာ ထင်ရှားပေမဲ့ မဆလခေတ်ပညာရှင်နယ်ပယ် မှာ အခွေအခေါက်ခံရတယ်။ သူ့လုပ်ရပ်ကို လူတွေကသိပေမဲ့ သူ့ကိုမသိကြဘူး။
တစ်မနက်မှာတော့ မန္တလေးမြို့က မော်ဒန်ဂျာနယ် အထက်မြန်မာပြည်ရုံးခွဲကို ဦးဘမော် ဆိုက်ကား တစ်စီးစီးပြီး ပေါက်ချလာတယ်။ အသက်က ၈၀ ကျော်ပြီမို့ ကျန်းမာရေးက ချူချာပုံရတယ်။ လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက ပညာရှင်များ၏ ၂၁ ရာစုအတွေးသစ်အမြင်သစ်စာအုပ်ကို ရေးဖို့ ဆရာဦးဘမော်ကို ကျွန်တော်အင်တာဗျူးလုပ်ဖူးတော့ အချင်းချင်းရင်းနှီးနေကြပါပြီ။ ကျွန်တော်တို့ ရုံးခန်းကို သူရောက်လာတော့ စကားစမြည်ပြောဖြစ်ကြတယ်။ ဆရာက တောသား။ သူ့ငယ်ဘဝကို ကျွန်တော်ကမေးတယ်။
'ကျွန်တော့်ကိုမွေးတာက မုံရွာမြို့နယ် ကြာပိုင်ရွာ၊ အမှန်အတိုင်းပြောရရင် ဂျပန်ခေတ်တစ်ခေတ်လုံး ကျွန်တော်ကျောင်းမနေရဘူး၊ ဘုန်းကြီးကျောင်းလိုက်တာ၊ အဖေကလယ်သမား၊ ကျွန်တော်က အဖေနဲ့ လယ်ထဲလိုက်ရတယ်၊ ပျိုးပင်တွေထမ်းပေးရတယ်၊ တစ်ခါတော့ ကတွတ်ပေါက်နား ပျိုးစည်း တွေထမ်းရင်း လဲကျတယ်၊ အဖေ့ကို ကျွန်တော် တောင်သူတော့မလုပ်ပါရစေနဲ့တော့၊ ပညာပဲသင်ပါရ စေလို့ ပြောလိုက်တယ်'
ဆရာဦးဘမော် အဲဒီအချိန်က ကတွတ်ပေါက်နားမှာ လဲကျလိုက်တာ အားလုံးအတွက် ကံကောင်းတာ ပဲလို့ ကျွန်တော်တွေးလိုက်မိပါတယ်။
'ဂျပန်ခေတ်ကုန်တော့ ကျွန်တော်က ၁၀ နှစ်သား၊ ကျွန်တော့်ဘကြီး အထက်တန်းပြဆရာကြီး ဦးစိုးဖေ က မုံရွာခေါ်ပြီး ပညာသင်ပေးတာ၊ ကျွန်တော်ကစာလိုက်နိုင်တော့ ငါးတန်းကစထားပေးတယ်၊ တစ်နှစ်တည်းနဲ့ ငါးတန်းအောင်တယ်'
'အောင်တော့' လို့ကျွန်တော်က စကားထောက်ပေးပါတယ်။
'ကျွန်တော့်အဖေက ချောင်ဦးသားဆိုတော့ ခြောက်တန်းကကိုးတန်းအထိ ချောင်းဦး State High School မှာနေတယ်၊ ကိုးတန်းမှာ မုံရွာ ဦးမောင်မောင် အမျိုးသားကျောင်းပြောင်းတက်တယ်၊
'တက္ကသိုလ်ဆက်တက်တော့'
'မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်တက်တယ်၊ မန္တလေးတက္ကသိုလ်မှာ ဘူမိဗေဒသင်မယ့် ဆရာမရှိလို့ ရန်ကုန်ပြောင်းတယ်'
'အဲဒီအချိန်က ဘူမိဗေဒကခေတ်မစားသေးဘူး၊ ဘာကြောင့်ဆရာက စိတ်ဝင်စားရတာလဲ'
'သူငယ်ချင်းတစ်ယောက်က ဘူမိဗေဒယူတယ်၊ သူငယ်ချင်းယူတဲ့ဘာသာကို လိုက်ယူတဲ့သဘောပါပဲ'
ဆရာဦးဘမော်က ရိုးရိုးသားသားပဲ ပြောတယ်။ တက္ကသိုလ်တက်ဖို့ ရန်ကုန်မှာနေထိုင်ပုံကို ကျွန်တော် ကမေးတယ်။
'ဘုန်းကြီးကျောင်းမှာ ခဏနေတယ်၊ နောက်ကျသူငယ်ချင်းကိုဘိုနီနေတဲ့
ကျွန်တော်က ဆရာ့နောက်ခံဘဏ္ဍာရေးကို မေးတယ်။
'ကျွန်တော်အဘွားက ချမ်းသာတယ်၊ လယ်တွေရှိတယ်၊ လယ်တွေရောင်းပေးနိုင်တယ်၊ ကျွန်တော်က ကျောင်းမှာစတိုင်ပင်လဲရတယ်'
'ဆရာကြီးရဲ့ သူငယ်ချင်းလဲ ဘူမိဗေဒဘွဲ့ပဲရသလား'
'သူက Chemistry မလိုက်နိုင်လို့ Geography ပြောင်းယူတယ်၊ ကျွန်တော်က မခံချင်တဲ့စိတ်ရှိတယ်၊ ဓာတုဗေဒကြောင့် စာမေးပွဲကျရမှာလားဆိုပြီး ဖိကြိုးစားတယ်၊ စာမေးပွဲမှာ objective question (ဓမ္မ ဓိဋ္ဌာန်မေးခွန်း) ၁၀၀ မေးရင် ကျွန်တော်က ၁၀၀ လုံးမှန်တယ်၊ ၁၉၆၀ ခုမှာ ဘီအက်စ်စီဘွဲ့ရတယ်'
'ဆရာကြီး ဘီအက်စ်စီဘွဲ့ရတော့ ဘာဆက်လုပ်သလဲ'
'ကျွန်တော်က အဲဒီအချိန်မှာ အိမ်ထောင်ကျနေပြီ၊ ၁၉၆၀ ခုဇန်နဝါရီ ၂ ရက်နေ့မှာ အိမ်ထောင်ကျ တယ်၊ အိမ်ထောင်ဖက်က မန္တလေးဆေးရုံကြီးက စစ္စတာ ဒေါ်အေးစီ၊ စာမေးပွဲအောင်စာရင်းလဲ ထွက် ရော ကျူတာလုပ်ချင်တယ်လို့ လျှောက်လွှာရေးတင်လိုက်တာ၊ နောက်နေ့ကျ ခန့်စာထွက်လာရော၊ ကျွန်တော် ဒါလောက်မြန်မယ်မထင်ဘူး'
'တက္ကသိုလ်မှာ ဆရာလုပ်ရင်း အမ်အက်စ်စီ ဆက်တက်တာလား'
'ကွာလီဖိုင်း requirement (လိုအပ်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်) ပြည့်အောင် နှစ်နှစ်တက်ရတယ်၊ requirement ဖြစ်တော့ thesis (ဘွဲ့အတွက် သုတေသနစာတမ်း) တင်ရတယ်၊ ၁၉၆၈ ခုမှာ အမ်အက်စ်စီရတယ်၊ ကွာလီဖိုင်းအပြီး ၁၉၆၅-၆၆ ခုမှာ မကွေးကောလိပ်မှာ ဘူမိဗေဒဌာန အသစ်ဖွင့် တော့ ဌာနမှူးအနေနဲ့ ပို့လိုက်တယ်'
'ဆရာကြီးကျ သုတေသန အလုပ်တွေကို ဘယ်လိုဝါသနာပါခဲ့တာလဲ'
'ကျွန်တော် မကွေးရောက်တော့ မကွေးနားက ရေနံထွက်တဲ့ဖလန်းညိုဆိုတာရှိတယ်
မကွေးဒေသကိုသွားခဲ့တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေအချို့လည်း ယခုလောလောဆယ်ပဲ အလွန်ကြီးတဲ့ ဆင်အံကျောက်ဖြစ်ရုပ်ကြွင်းကြီးေ
'ကျောက်ဖြစ်ရုပ်ကြွင်း ဘာသာရပ်ကို လေ့လာဖို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ပညာရှင်တစ်ယောက် အနေနဲ့ စာအုပ်စာတမ်းလဲ ပြည့်ပြည့်စုံစုံမရှိဘူး၊ နှစ်သန်းပေါင်းများစွာ ကြာတာတွေကို သက်တမ်းတွေ ဆုံးဖြတ်ဖို့ ဓာတ်ခွဲခန်းလဲအဆင့်မီမီရှိတာ မဟုတ်ဘူး၊ ဆရာကြီးဘယ်လိုလုပ်သလဲ'
ဆရာဦးဘမော်က ရယ်မောတယ်။ ပြီးမှ ဆက်ပြောတယ်။
'ခင်ဗျားသေသေချာချာမှတ်ထား၊ MGSI-Memorial of Geological Survey of India ရယ်၊ RGSI-Record of Geogical Survey of India ကမြန်မာပြည်နဲ့ အိန္ဒိယမှာ လေ့လာထားတဲ့ paper (သုတေသနစာတမ်း) ၁၀၀ ကျော်လောက်ရှိတယ်၊ ရှိသင့်သလောက် ဒီမှာရှိတယ်၊ လေ့လာနိုင်တယ်'
'သက်တမ်းဓာတ်ခွဲတာ'
'မြန်မာပြည်မှာ လေ့လာလာပြီး specimen (နမူနာပစ္စည်း) ကို အိန္ဒိယမှာ တစ်ခုထားတယ်၊ လန်ဒန်မှာ တစ်ခုရထားတယ်၊ အဲဒါတွေကို သက်တမ်းခွဲခြားလေ့လာတယ်'
'ဆရာကြီး ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းတေ
ဆရာဦးဘမော်က သူ့ပခုံးကိုကျော်ပြီး ဘယ်ညာကြည့်တယ်၊ ခုနေပြောလို့ သိပ်ကိစ္စရှိမယ်မထင်ပါဘူး လို့ စကားခံပြီးမှဆက်ပြောတယ်။
'၁၉၂၇ ခုက အင်္ဂလန်က ဒေါက်တာဘလက်ဂရင်းဆိုတာက ပုံတောင်ပုံညာဒေသ ဖန်ကန်ရွာအနီးမှာ စတွေ့ဖူးတယ်။ ဒါပေမဲ့ complete (ပြည့်စုံမှု) မဖြစ်ဘူး၊ ပြင်သစ်တွေ၊ အမေရိကန်တွေက မပြည့်စုံလို့ လက်မခံဘူး၊ ဒါကြောင့် အမေရိကန်က ဒေါက်တာဆဲဗစ်က သူ့တပည့် Dr.RL Ciochol (ဒေါက်တာစီ ရဟန်း) ကို တွေ့အောင်ရှာပါလို့ လွှတ်တယ်'
'သူနဲ့အတူတွဲပြီး ရှာကြရတာပေါ့'
'၁၉၇၆ ခုနှစ်မှာ အမေရိကန်က ဒေါက်တာစီရဟန်းလာလေ့လာတယ်၊ ကျွန်တော့်လာဆက်သွယ် တယ်၊ ကျွန်တော့်အတွက် ဒါက ဘာမျှမခက်ဘူး၊ ပုံတောင် formation (မြေသားဖြစ်ပေါ်မှုပုံစံ) ဆိုတာ က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ ကပုံစံ၊ ဒီကောင်တွေ ရှိနိုင်တဲ့မြေအမျိုးအစားဆိုတာ သိတာပေါ့'
ကျွန်တော်တို့ရုံးက မသဲနုရင်က ဆရာဦးဘမော်ရှေ့ကစားပွဲပေါ်မှာ ကော်ဖီ၊ ရေနွေးကြမ်းတွေလာချ ပြီး ဧည့်ခံတယ်၊ ဆရာကြီးကလဲ ပြောရတာ အာခြောက်ပုံရတယ်။ ရေနွေးကြမ်းသောက်ပါတယ်။
'ကျောရိုးရှိသတ္တဝါတွေရှိနိုင်တာ
ဆရာဦးဘမော်က ပြောရင်းပြုံးတယ်။
'အဲဒီဒေသက တစ်ချိန်က အလံနီကွန်မြူနစ်တွေ စိုးမိုးခဲ့တဲ့နေရာ၊ ကာရန်မတော်ရင် မြေမြုပ်မိုင်းတက် နင်းမိပြီး ခြေထောက်ပြတ်နိုင်တယ်၊ တောတွေ တောင်တွေထဲ ကျွန်တော်ကတော့ သွားတာပဲ'
'ဘယ်ကိုသွားတာလဲ'
'အရင်ကတွေ့ဖူးတဲ့ လက်စရှိတဲ့ဖန်ကန်ရွာကို သွားတယ်၊ ဖန်ကန်ရွညတောင်ဘက်မှာ clay deposit (အနည်ကျကျောက် ရွှံ့စေးတွေ) တွေ့တယ်၊ အဲဒီမှာ အရပ်အခေါ်ကတော့ ကျစ်ချောင်လို့ခေါ်တယ်၊ ဒီမှာဒါမျိုးတွေ့တယ်၊ အခြားဘယ်နေရာရှိသေးလဲ၊ ဒါမျိုးကျစ်ရှိတဲ့နေရာတွေလိုက်ြ
'မိုးကောင်းရွာနားမှာ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကု
'ပြောနိုင်တာပေါ့၊ သူ့မြေ formation ကနှစ်သန်း ၄၀၊ ဒီထဲကတွေ့တာမို့ သက်တမ်းက ဒါလောက်ကြာ ပြီလို့ တန်းပြောနိုင်တယ်၊ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းမှ
'ကမ္ဘာမှာတွေ့ခဲ့သမျှထဲမှာ ဒါကသက်တမ်းအကြာဆုံးလို့ ပြောနိုင်တာပေါ့'
'ပြောနိုင်တာပေါ့၊ အာဖရိကမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက သက်တမ်း ၂၈ သန်းပဲရှိသေးတာ၊ ကျုပ်တို့က သန်း ၄၀ ဆိုတော့ အစောဆုံးပဲဆိုတာသိပြီ'
'ဒေါက်တာစီရဟန်းကတော့ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာယူသွာ
'မယူဘူး၊ plaster cast (ပလပ်စတစ်ပုံစံတူ) ပဲလုပ်ပေးလိုက်တာ၊ သူ့ဆရာကိုပြတော့ တွေ့ပြီကွဆိုပြီး သူ့ဆရာက ချက်ချင်းလိုက်လာတယ်၊ ကျွန်တော်ကလဲ ကျွန်တော့်ဆီမှာရှိတာကို ပြပေးလိုက်တယ်၊ ခုတော့ နေပြည်တော်မှာ National Treasure ဆိုပြီး အမျိုးသားပြတိုက်မှာ ဖန်ပေါင်းချောင်လေးနဲ့ ပြထားတယ်ပြောတာပဲ'
'အဲဒီတွေ့ရှိချက်အပေါ်နိုင်ငံတကာ
'ကျွန်တော်တို့ စာတမ်းဖတ်တယ်၊ စာတမ်းကို ဟို (အမေရိကန်) လဲပို့တယ်၊ Science ဂျာနယ်က cover story ဆိုပြီးထည့်တယ်'
'ဆရာကြီးကို နိုင်ငံတကာက အသိအမှတ်ပြု ဂုဏ်ပြုနေကြတဲ့အချိန်၊ ပြည်တွင်းက တက္ကသိုလ်လော ကမှာတော့ အတိုက်အခိုက်တွေခံရတယ်လို့ ကြားဖူးပါတယ်'
'ခံရတာပေါ့၊ ဒီလိုလုပ်ရကောင်းလားလို့ ပါမောက္ခက အစည်းအဝေးထဲမှာ ငေါက်တယ်၊ ကျွန်တော် ဘယ်ခံချင်ပါ့မလဲ'
'ဆရာကြီးရဲ့ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကု
'ဒါဝင်ရဲ့ Evolution Theory (လူသားဆင့်ကဲဖြစ်တည်ပြောင်းလဲလာ
'အဲဒီလိုအကြောင်းအရာတွေ နိုင်ငံတကာပညာရှင်တွေဘက်က တုံ့ပြန်မှုကော'
'ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းေ
'ဆရာကြီးမွေးဖွားခဲ့တာက ကျေးရွာ၊ မိဘကလယ်သမား၊ ဆရာကြီးဘာကြောင့် ဒီအခြေအနေကို ရောက်လာတာလဲ'
'ဘူမိဗေဒဌာနမှာ နိုင်ငံတကာစာအုပ်တွေ အများကြီးရှိတယ်၊ ကျုပ်ကထုတ်ထုန်ဖတ်တယ်၊ ဘာ ကြောင့်ဖတ်တာလဲဆိုရင် သူတို့လိုကိုယ်လဲ တတ်သင့်တယ်ထင်လို့၊ စာဖတ်တဲ့သူနဲ့ မဖတ်တဲ့သူ နှစ်ကြာလာတော့ စာဖတ်တဲ့လူက တိုးတက်တာပေါ့'
Published on Monday, 02 September 2013 14:43
Written by ကျော်ရင်မြင့်
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၇၂)၊ သြဂုတ် ၃၀၊ ၂၀၁၃
Subscribe to:
Posts (Atom)