Saturday, August 18, 2012

ပြောဆိုနေတဲ့ ရိုဟင်ဂျာဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်သည်ဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့ အကြုံတစ်ခု ဖြစ်ပါတယ်။ မျိုးချစ်စိတ် ရှိသူများအတွက် မျှဝေပေးလိုက် ပါတယ်။

ကျနော် ဒီရိုဟင်ဂျာ ကိစ္စကို တင်ချင်နေတာ ကြာပါပြီ... ကိုယ်တိုင်သေချာမသိသေးတာကြောင့်မတင်ဖြစ်တာပါ။ ဒီပြဿနာက မြန်မာလူမျိုးတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေပါ။ ဖတ်ကြည့်ပါ.... စဉ်းစားကြည့်ပါ.... ပြီးမှ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာကို ဆုံးဖြတ်ပါ... မျိုးချစ်စိတ်ရှိသော တိုင်းရင်သားများ... တိုးပွားနိုင်ကြပါစေ...

( နိုင်ငံတကာမှာ
ပြောဆိုနေတဲ့ ရိုဟင်ဂျာဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး
စစ်သည်ဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့ အကြုံတစ်ခု ဖြစ်ပါတယ်။
မျိုးချစ်စိတ် ရှိသူများအတွက် မျှဝေပေးလိုက် ပါတယ်။ )

ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကိုမူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။
ကျွန်တော်စိန်ခေါ်လိုပါသည်။

မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ်
ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ် တမ်းတွေမှာရိုဟင်ဂျာ လူမျိုးဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။
ဘယ်တော့မှတွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင်ရိုဟင်ဂျာလူမျိုးဟု မရှိပါ။

ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်း
ကုလားများက ရခိုင်ပြည်သားများကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားက
လာခြင်းဖြစ်သည်။
ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့ ရခိုင်ပြည်သား
နံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅၀ ပြည့်လွန်နှစ်များတွင်တီထွင်ခဲ့ခြင်းဖြစ်သည်။

ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသား
ဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။
ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။

ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်က
မူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။
ရခိုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာ
မြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။

ဘိုးတော်ဘုရား လက်ထက်
စစ်တမ်းတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟု

ဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည်
အန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊
ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့်စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။

ထိုအချိန်ကတစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။
သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မီရခိုင်လူကြီးများက ရှင်းပြဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ
၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေ
ခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။

ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့်လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။
ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်း
ဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။

ထိုအချိန်ကထုတ်ခဲ့သည့် အင်္ဂလိပ် အစိုးရ ဘားမားဂေဇက် စာအုပ်တွင် ၁၈၇၁ ခုနှစ်တွင်
မောင်တော မြို့နယ်၌ မူဆလင် ကုလားနှစ်သောင်း ရှစ်ထောင်ကျော် ရှိရာမှ၁၉၁၁ခုနှစ်တွင် ကုလား တစ်သိန်းခုနှစ်သောင်းကျော် ဖြစ်လာသည်ဟု ဆိုသည်။

ထိုဒေသတွင် ရောက်လာသော ကုလားများမှာ တစ်ဖြေးဖြေးနှင့် ရခိုင်များကို
မောင်းထုတ်ရန် ကြိုးစား လာခဲ့သည်။

ယနေ့အထိ ရခိုင်လူမျိုးတို့ မေ့မရသည့် ကိစ္စတစ်ခုမှာ ၁၉၄၂ ခုနှစ် ရခိုင်-
ကုလား အဓိကရုဏ်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အင်္ဂလိပ်တပ်များ
ဆုတ်ခွာသွားပြီး ဘီအိုင်အေတပ်များ ရောက်မလာမီ ကြားတွင် ဘူးသီးတောင်၊ရသေ့တောင်နဲ့ မောင်တောနယ်တွေမှာ ရှိသည့် ရခိုင်ရွာများကို ဘင်္ဂလာလီ
ကုလားများက မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများ လုပ်ခဲ့သည်။

ပြဿနာ အစမှာ
မြေပုံမြို့နယ်တွင် ရခိုင်လူမျိုး သူကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်
ကုလားနှစ်ဦးကို ရွာသားများက သတ်ပစ်ရာမှ စခဲ့သော်လည်း နောက်ဆုံးတွင်နယ်စပ်ဒေသမှ ရခိုင်လူမျိုးများကို ယခုခေတ်အခေါ် လူမျိုးတုံး
သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ် သွားခဲ့ရသည်။

ဆုတ်ခွာသွားသည့် အင်္ဂလိပ်တပ်များက နယ်စပ်ဒေသ ကုလားများကို လက်နက်များ ထုတ်ပေးပြီး နယ်ခြားစောင့်တပ်သဖွယ် တာဝန်ပေးခဲ့ခြင်းကြောင့် အခြေအနေပိုဆိုး သွားခြင်းလည်း ဖြစ်သည်။

ထိုပြဿနာကြောင့် ရခိုင်လူမျိုး နှစ်သောင်းခန့် သေဆုံးသည်ဟု
ရှေးလူကြီးများက ပြောကြ သော်လည်း အထောက်အထား မတွေ့ရ။

သို့သော်
စစ်ပြီးခေတ် ကတ်စ်ဘီအစိုးရ အစီရင်ခံစာတွင် ထိုအချိန်က ရခိုင်ပြည်နယ်
တောင်ပိုင်းသို့ ထွက်ပြေးလာသော ရခိုင်လူမျိုးများကို ပြန်လည် နေရာချ
ပေးရာတွင် မူလက မောင်တောဒေသတွင် ရခိုင်ရွာ ၁၂၉ ရွာရှိခဲ့ရာ ၆၈
ရွာသာပြန်လည်ထူ ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအချိန် ကစပြီး
ဘင်္ဂလီ ကုလားတို့က ဘူးသီးတောင်၊ မောင် တော ဒေသတွင် လူများစု
ဖြစ်သွားခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အန္ဒိယနိုင်ငံ လွတ်လပ်ရေး
အတွက် ကြိုးပမ်းမှု များလည်း တစ်ပြိုင်တည်း ပေါ်ခဲ့သည်။
ထိုသို့ဆောင်ရွက်စဉ် အန္ဒိယနိုင်ငံထဲမှ မူဆလင် အများစု နေထိုင်ရာ
ဒေသများကို ခွဲထုတ်ပြီး ပါကစ္စတန်နိုင်ငံ ထူထောင်ပေးရေး လှုပ်ရှားမှုများ
ပေါ်လာ၏။ ထိုသို့ ဖွဲ့စည်းမည့် ပါကစ္စတန် နိုင်ငံတွင် ဘင်္ဂလားပြည်နယ်က
အရှေ့ပါကစ္စတန် အဖြစ် ပါဝင်မည်ဖြစ်သည်။
ထိုအခါ ဘူသီးတောင်၊ မောင်တော ဒေသက
ကုလားများကလည်း ထိုဒေသများကို ပါကစ္စတန်နှင့် ပူးပေါင်းရန်
တောင်းဆိုမှုများ ပြုခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း
လန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန်အသွား အန္ဒိယနိုင်ငံတွင်
ခေါင်းဆောင်ကြီး နေရူးနှင့် တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြ ပါသည်။
သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နိုင်ငံ သမ္မတဖြစ်လာမည့်
အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်းပေလိမ့်မည်။

တက္ကသိုလ်နေ၀င်း၏
ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်တွင်
ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီးနောက် အလီဂျင်းနားက ဘူသီးတောင်၊ မောင်တော
ဒေသကို ပါကစ္စတန်နိုင်ငံအတွင်း ထည့်သွင်းရန် တောင်းဆိုမှုများကို
လက်မခံကြောင်း၊ ထိုဒေသများသည် မြန်မာပိုင် ဖြစ်သည်ကို အသိအမှတ်
ပြုကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ထိုတောင်းဆိုမှုများ မအောင်မြင်သည့်အခါ မူဂျာဟစ် အမည်ခံ ကုလားဆိုး
သောင်းကျန်း သူများ ပေါ်လာသည်။
နယ်စပ်ဒေသတွင် အခြေခံပြီး ဘူးသီးတောင်၊
မောင်တော ဒေသကို သီးခြားပြည်နယ် ထူထောင်ဖို့ လုပ်ခဲ့သည်။
အစိုးရစခန်းများကို တိုက်သည်။ ရခိုင်လူမျိုးများကို မောင်းထုတ်သည်။

တပ်မတော်ကလည်း ကေအင်ဒီအို အရေးနှင့် လုံးပန်းနေရသဖြင့် အမြစ်ပြတ်အောင်မတိုက်နိုင်၊ ၁၉၅၄ ခုနှစ်မှသာ နယ်စပ်ရှိ မူဂျာဟစ်တို့၏ တောင်ပြိုစခန်းကို
သိမ်းပိုက် နိုင်ခဲ့သည်။

ထိုအချိန်က သတင်းစာများကို ပြန်ဖတ်လျှင် ၁၉၄၈ မှ
၁၉၅၄ အကြားတွင် ကုလားဆိုးဟု သတင်းစာများက ခေါ်သည့် မူဂျာဟစ်များ မည်မျှရက်စက်ခဲ့သည်ကို တွေ့နိုင်သည်။

သို့သော် စစ်ရေးတွင် အရေးနိမ့်သွားသည့် ကုလားများက နိုင်ငံရေးနယ်တွင်
ခေါင်းထောင်လာ ပြန်သည်။ ထိုကဲ့သို့ ခေါင်းထောင်နိုင်ခြင်းမှာမူ ဖဆပလတွင်တာဝန်ရှိပေသည်။

ထိုအချိန်က ရခိုင် ဒေသ ( ပြည်နယ်မဖြစ်သေး) တွင် ဖဆပလက
အင်အားမကောင်းပဲ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးအဖွဲ့ ရတညကအင်အားကောင်းသည်။

ထိုအခါ ဖဆပလက ဘင်္ဂလီကုလားများကို ဖဆပ လအတွင်းဝင်ရန်နှင့်အမတ်အရွေးခံရန် ခွင့်ပြုခဲ့သည်။
ဤသို့ဖြင့် မှတ်ပုံတင်မရှိသောကုလားများမှာ ကုလားသူကြီးက ထောက်ခံစာရေးပေးလျှင် မဲပေးခွင့်ရခဲ့သည်။

ထို့ကြောင့် အဒူဂေါ်ဖား၊ စူလတန် အာမက်၊ အဘူခိုက်၊ အဘူဘော်ရှော့ ဆိုသည့်မုတ်ဆိတ်ဖားဖား ကုလားများသည် ဖဆပလ အမတ်များ ဖြစ်လာသည်။

ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ် စူလတန်မာမွတ်
ဆိုသူဖြစ်ခဲ့ဘူးသည်။ လ၀က အတွင်းဝန် ကုလားတစ်ယောက်လည်း ရှိခဲ့သေးသည်။
နံမည်မမှတ်မိတော့။ ကုလားကို လ၀က အတွင်းဝန် ခန့်ခဲ့သည်ဆိုလျှင်
ဘာတွေဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့။ ထိုခေတ် ဖဆပလ အစိုးရက ရာသီအလိုက်စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် အရှေ့ပါကစ္စတန်မှကုလားများကို ပါမစ်ဖြင့် ၀င်ခွင့်ပြုခဲ့သည်။
ထိုသို့ဝင်လာသူ အများစုကပြန်မသွားပဲ ဘူးသီးတောင်၊ မောင်တောဒေသတွင် ကျန်နေခဲ့သည်။

၁၉၅၉ ခုနှစ်အိမ်စောင့်အစိုးရတက်မှသာ ထိုသို့ ပါမစ်ဖြင့် ၀င်ခွင့်ပြုခြင်းကို
ပိတ်ပစ်ခဲ့ရသည်။
ရိုဟင်ဂျာ ဆိုသည့် စကားလုံးကိုလည်း ၁၉၅၁ ခုနှစ်တွင် ဖဆပလ
အမတ်ဖြစ်နေသည့် ကုလားများက စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။

သူတို့ကိုယ်သူတို့ ရခိုင်မူဆလင်ဟု ဆိုသည်။
တကယ်တော့ ကုလားသည် ကုလား၊
ရခိုင်သည် ရခိုင်သာဖြစ်၏။
ရခိုင်လူမျိုးတွင် ဗုဒ္ဓဘာသာဝင်များသာရှိသည်။မူဆလင်မရှိ။

တော်လှန်ရေး ကောင်စီလက်ထက်တွင် နယ်စပ်ဒေသ၌ ခိုးဝင်မှုများ ရှိသေးသော်လည်း
ယခင်ကလောက်မများတော့။
ကုလားဆိုးများလည်း နိဂုံးချုပ်သွားသည်။

သို့သော်
၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူများထံမှ
အဆိုပြုချက်များတောင်းသည့်အခါ ဘူးသီးတောင်၊ မောင်တောက ကုလားများက
ဘူးသီးတောင်၊မောင်တောဒေသကို မေယုတိုင်းဟု သီးခြားဖွဲ့စည်းရန်။
အလံတွင်လည်း ကြယ် ၁၄ လုံးအစား ၁၅ လုံးထည့်ပေးရန်
စာတမ်းများပြုစုတင်ပြခဲ့သည်။ အတော်ပင် အရှက်မဲ့ ရဲတင်း သောလုပ်ရပ်ဖြစ်၏။

ဤသို့ဆိုလျှင် ရိုဟင်ဂျာဆိုသည့် လူမျိုးရှိမရှိဆိုသည်ကို

ရှင်းလောက်ပြီဟုထင်ပါသည်။
ထိုသို့ ခိုးဝင် အခြေချနေသည့် ကုလားများကို
စိစစ်ရန်အတွက် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ၁၉၇၈ ခုနှစ်တွင် လည်းကောင်း၊
န၀တ အစိုးရ လက်ထက်က ၁၉၉၁ ခုနှစ်တွင်လည်းကောင်း မှတ်ပုံတင်စိစစ်မှုများပြုလုပ်ခဲ့သည်။

ထိုသို့လုပ်တိုင်း မှတ်ပုံတင်မရှိသည့်ကုလားများက
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ပြီး သူတို့ကို မြန်မာအာဏာပိုင်များက
နှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည်ဟု အော်သည်။ နှစ်ကြိမ် လုံးတွင်
မြန်မာဘက်က လွတ်လပ်ရေးမရမီ ကာလထဲက မိဘများ
မြန်မာနိုင်ငံတွင်နေခဲ့ကြောင်း အထောက်အထား ပြနိုင်သူများကို
ပြန်လက်ခံခဲ့သည်။
ထိုအခါ ခိုးဝင်လာ သူတွေက ဒုက္ခသည် နံမည်ခံပြီး
ဘင်္ဂလားဒေ့ရှ်မှ ကျန်နေခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ဟု နံမည်ခံလာကြသည်။

ရိုဟင်ဂျာတပ်ဦး ဆိုပြီး သောင်းကျန်းသူ အဖွဲ့ဖွဲ့သည်။
အခု ထိုင်းမှာ၊ မလေးရှားမှာ ရှိနေသည့် ရိုဟင်ဂျာ ဆိုသူများသည်
ဘင်္ဂလားဒေ့ရှ် မှ ထွက်ခွာလာသည့် ကုလားများသာဖြစ်သည်။

ထိုနိုင်ငံတွေကို
သွားသလို မြန်မာနိုင်ငံထဲသို့လဲ ခိုးဝင်ဖို့ ကြိုးစား နေဆဲဖြစ်သည်။

ဒါ့ကြောင့်လဲ အစိုးရက နယ်စပ်မှာ လ၀ကတွေကို အများအပြား ချထားပြီး နယ်စပ်ဒေသကို ထိန်းသိမ်း နေရသည်။
သို့သော် ကုလားများက မြန်မာနိုင်ငံမှ
ထွက်ပြေးလာသည့် ရိုဟင်ဂျာ များဖြစ်သည်၊ မြန်မာတို့က နှိပ်စက်သဖြင့်
ထွက်ပြေးလာရပါသည်ဆိုပြီး ထိုင်းမှာ၊ မလေးရှားမှာ နိုင်ငံရေးခိုလှုံခွင့်ရအောင် ကုလားမူ၊ ကုလားချွဲလုပ်သည်။

ဘာအကြောင်းဖြစ်ဖြစ်
မြန်မာအစိုးရကို တွယ်ဖို့ အခွင့်အရေးရလျှင် တော်ပြီဆိုသည့် အတိုက်အခံ
များကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ၏ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုအဖြစ် ပုံဖော်နိုင်အောင် မီဒီယာ ပေါ်တင်လာကြသည်။

သို့သော် ယခုကိစ္စသည် တပ်မတော် အစိုးရနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်၊အမျိုးသား ရေးဖြစ်သည်။

သမိုင်းတစ်လျှောက် မြန်မာနိုင်ငံထဲကို
နည်းမျိုးစုံဖြင့် ထိုးဖောက် လာခဲ့သည့် ကုလားများက သမိုင်းတွင် မရှိသည့်
လူမျိုးစုနံမည်ကို ဖန်တီးပြီး မြန်မာနိုင်ငံထဲတွင် တရားဝင်ခြေကုတ်ယူဖို့
လုပ် လာခြင်းဖြစ်သည်။ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါ။ လူ့အခွင့်အရေး ပြဿနာမဟုတ်ပါ။
မိမိတို့ချင်း သဘောထား ကွဲပြားမှုများကို ဘေးချိတ်ပြီး
ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း

နိုင်ငံ တကာမျက်နှာစာမှာ
ခိုင်ခိုင်မာမာ ရပ်တည်ရမည့် အချိန်ဖြစ်ပါ၏။



ရွှေမြန်မာဆိုဒ်မှ ကိုမောင်မောင် ရေးသားပါသည်...
( သိချင်တဲ့ ရိုဟင်ဂျာ ဆိုတာ သိရလို့  ကျေးဇူးတင်ပါသည်...))

Wednesday, August 8, 2012

ဆလုံ






ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းေ
ကြာင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ၀ါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။

ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။

(ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျှင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမျှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျှသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။)

တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။


“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘ၀၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။

ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ

(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။

ကျန်းမာရေး
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။

ဝတ်စားဆင်ယင်ခြင်း
ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစား ၀တ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အ၀တ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ၀တ်ဆင်လာကြပေပြီ။

အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အစားအသောက်

ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အလုပ်အကိုင်

ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ၀ိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြ ပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။

ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူ ဖမ်းဆီးကြ ပါသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။ သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း

ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။

သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ၀ိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေ ပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။

ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။

တစ္ဆေကြီးပွဲ

တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀ါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော
 

Friday, July 27, 2012

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။

 
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။

ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (USA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။

လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ၀ တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့ တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။

ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မပါပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။

ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော် ဖြစ်ပေါ်လာပုံ..။



ဝပြည်သွေးစည်းညီညွတ်ရေးအလံ..။




ဝ တောင်ပိုင်း မြောက်ပိုင်း။





ငြိမ်းချမ်းရေး နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ် တပ်စစ်နေပုံ.. ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင် မြန်မာ-တရုတ်) အလံနှစ်ခု ထောင်ထားသည်။




ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ  ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။  အဲဒီလိုတွေ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ် ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက သုံးသပ်ခဲ့ကြပါတယ်..။
တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့ အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒါကြောင်  “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။  အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။

အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့်  ၀ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။


ခေါ်ဝေါ်ပုံ
ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ

    ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
    ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။


ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး


တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။



တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။



တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး



ငြိမ်းချမ်းရေး နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK 47 အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့် ကြည့်နေခဲ့ရသည်။



၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ



ဝမြို့တော် ပန်ဆန်း




တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ

၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။  စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။

ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။  သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။


ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။

၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။

မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။

“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။

ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော  ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။

အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။  ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။

ရန်အောင်..
မည်သူမဆို ရှဲနိုင်ပါတယ်..။

ဘင်္ဂလီအရေး (သို့) ဒေသတွင်းနိုင်ငံများ၏ အရေး (အပိုင်း ၁)

 


မိမိဌာနေတိုင်းနိုင်ငံတွင် ရတက်မအေးထွက်ပြေးကြရရှာသော အာသံပြည်သူများ
ဘင်္ဂလီအရေးကို လုပ်လာတဲ့ သက်တမ်းတလျှောက် အမြဲတမ်းပြောလာခဲ့တာ တစ်ခုရှိတယ်။ ဒီအရေးဟာ အနောက်ဘက် မောင်တော၊ ဘူးသီးတောင်မြို့တွေရဲ့ အရေးပဲ မဟုတ်ဘူး။ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ အရေးပဲ မဟုတ်ဘူး။ မြန်မာပြည်တစ်ခုတည်းနဲ့ဆိုင်တဲ့ အရေးမဟုတ်ဘူး။ ဒီကိစ္စဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆိုင်တယ်။ အိန္ဒိယနဲ့လည်း ဆိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေဖြစ်နေလဲ၊ အိန္ဒိယမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အကုန်လုံး ခြုံငုံသုံးသပ်မှသာလျှင် ဒီကိစ္စရဲ့ အတိမ်အနက်ကို သေချာမြင်နိုင်မှာဖြစ်တယ်။ (Anna Jones and BBC Protest Speech)

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသလို တခြားဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပြီး၊ ဘယ်လိုဖြေရှင်းနေကြသလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီး ဘယ်လိုကာကွယ်ကြလဲ ဆိုတာတွေကို လေ့လာနည်းနာယူကြရမှာ ဖြစ်တယ်။


မြန်မာပြည်မှာ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မောင်တောမြို့မှာရှိတဲ့ ဘင်္ဂလီတွေက ဗလီအဆင်းမှာ အကွက်ကျကျ တိုက်ခိုက်ခဲ့ကြလို့ အဓိကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့ရသလို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာလည်း အဓိကရုဏ်းတွေ ဖြစ်နေပြန်ပါပြီ။ ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလီအကြား ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အနည်းဆုံး လူပေါင်း ၄၅ ဦးသေဆုံးသွားပြီးဖြစ်ပြီး အိမ်ပေါင်းများစွာ မီးရှို့ခံခဲ့ကြရပါတယ်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ပြည်နယ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထားတွဲတွေ သောင်တင်ကြရတယ်။


အခုတကြိမ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက လျော့ရဲတဲ့ နယ်စပ်လုံခြုံရေးနဲ့ အကျင့်ပျက်အမှုထမ်းတွေကြောင့်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေဟာ အိန္ဒိယနယ်စပ်စောင့်တပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားတွေကို ပိုက်ဆံလေး နည်းနည်းပါးပါး လာဘ်ထိုးရုံနဲ့ အလွယ်တကူဝင်ထွက်သွားလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကို နိုင်ငံရေးသမားတွေကလည်း လစ်လျူရှုထားခဲ့ကြရုံမက ပိုမိုဝင်ရောက်လာအောင်တောင် မြူဆွယ်ခဲ့ကြပါတယ်။ မိမိနိုင်ငံအကျိုးစီးပွားထက် မိမိပါတီ၊ မိမိကိုယ်ကျိုးကို ရှေ့တန်းတင်ခဲ့ကြတယ်။ အခုဆိုရင် တရားမ၀င်ဝင်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ နိုင်ငံရေးသမားတွေကို လွှမ်းမိုးလာခဲ့ပြီး မိမိဒေသခံတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေခဲ့ပါပြီ။


အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ သတင်းတွေကို ထုတ်ဝေနေတဲ့ အိုးပန်း မဂ္ဂဇင်းရဲ့ တွဲဖက်စာတည်းချုပ် ရာဟူး ပန်ဒိတာက “နိုင်ငံရေးသမားတွေဟာ သူတို့ မဲရရှိဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အိန္ဒိယနိုင်ငံသားစာရွက်စာတမ်းတွေ ထုတ်ပေးပြီး ၁၉၇၁ (ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက်သော နှစ်)  ခုနှစ်ကနေ မြူဆွယ်နေခဲ့ကြတယ်”လို့ ဆိုပါတယ်။ သန့်ရှင်းဖဆပလ မဲနိုင်ဖို့အတွက် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်တယ်လို့ ဦးနုက ဆိုခဲ့သလိုပါပဲ။




အိန္ဒိယနှင့် "ကြက်လည်ရိုး" ပထ၀ီနိုင်ငံရေး


အရှေ့မြောက်ဒေသတွေဟာ အိန္ဒိယရဲ့ နိုင်ငံရေးချက်မ နယူးဒေလီကနေ အလှမ်းဝေးတာကြောင့် ဗဟိုအစိုးရရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်။ (အိန္ဒိယရဲ့ နာမည်ကြီး မီဒီယာတွေကလည်း အရှေ့မြောက်ဒေသအရေးတွေကို လျစ်လျူရှုထားတတ်ကြတယ်။) တရားမ၀င် ၀င်ရောက်လာနေကြတဲ့ ဘင်္ဂလီတွေရဲ့ အန္တရာယ်တွေကို အာသံပြည်သူတွေဟာ ဗဟိုအစိုးရကို တင်ပြလာခဲ့ကြတာပါ။ ဥပမာ - အာသံအုပ်ချုပ်ရေးမှုး ဒုဗိုလ်ချုပ်ကြီး ဆင်ဟာ (SK Sinha) ဆိုရင် တရားမ၀င်လာရောက်ကြတဲ့ ဘင်္ဂလီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်အကိုင်ရှားပါးမှု အပါအ၀င် သက်ရောက်မှုဆိုးကျိုးတွေကို ဌာနေအာသံပြည်သူတွေ လက်ရှိကြုံတွေ့နေရပုံ၊ ပါကစ္စတန် ခွဲထွက်ရေးကာလကတည်းက အာသံပြည်ကို အရှေ့ပါကစ္စတန်ထဲ ထည့်သွင်းဖို့ လိုလားခဲ့ကြပုံ (ခေါ်တော ဘင်္ဂလီတွေ မောင်တော၊ ဘူးသီးတောင်နယ်ကို ၁၉၄၇ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့သလိုပါပဲ။) ၊ အာသံပြည်ရော၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ ကပ်နေတဲ့ ခရိုင်တချို့ကိုပါ ကက်ရှ်မီးယားဒေသကဲ့သို့ ပါကစ္စတန်ရရှိသင့်ကြောင်း ပါကစ္စတန်ခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပုံ၊ အိန္ဒိယကူညီမှုကြောင့် လွတ်လပ်ရေးရလာပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ရှိတ်ခ် မူဂျီဘာ ရာမန် ကိုယ်တိုင် သစ်တောထွက်နဲ့ တွင်းထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ အာသံပြည်ကို လိုချင်ခဲ့ပုံတွေကို ၁၉၉၈ ခုနှစ်တုန်းက အိန္ဒိယသမ္မတထံ အစီရင်ခံတင်ပြခဲ့ဖူးပါတယ်။ လက်ရှိအနေအထားအရ အရှေ့မြောက်ဒေသနဲ့ အိန္ဒိယပြည်မကို "ကြက်လည်ရိုး"လမ်းကြောင်းလေးက ဆက်စပ်ထားပြီး မကြာခင်ဖြစ်ပွားလာမယ့် လူဦးရေလွှမ်းမိုးမှုနဲ့အတူ ကြက်လည်ရိုးလမ်းကြောင်းဒေသတွေအပါအ၀င် ဘင်္ဂလားဒေ့ရှ်နဲ့ နီးစပ်နေတဲ့ အိန္ဒိယ ခရိုင်တွေကသာ ဘင်္ဂလားဒေ့ရှ်နဲ့ တချိန်မှာ ပူးပေါင်းသွားပါက အိန္ဒိယနိုင်ငံနှစ်ခြမ်းခွဲပြီး ပြည်ထောင်စုကြီးကို အများကြီးအနှောင့်အယှက်ပေးနိုင်ကြောင်း မဟာဗျူဟာကျကျ တင်ပြခဲ့ဖူးပါတယ်။


ဒါပေမယ့် ဗဟိုအစိုးရဟာ လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဆင်ဟာကိုတောင် လူမျိုးရေး တင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ဗဟိုအစိုးရဟာ တွင်းထွက်ပစ္စည်းကြွယ်ဝတဲ့ အာသံပြည်က ယူချင်တာကို ယူပြီး ပေးစရာရှိတာကျတော့ ပြန်မပေးခဲ့ကြဘူး။ (ရခိုင်ပြည်က ရွှေဂတ်စ်တွေကို ဗဟိုအစိုးရတွေက ယူသလိုပါပဲ။) ဗဟိုအစိုးရနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ပြည်သူတွေဟာ မတရားမှုတွေကို မျိုသိပ်နေခဲ့ကြရတယ်။ တချို့ကျတော့လည်း ခွဲထွက်ဖို့လုပ်ခဲ့ကြတယ်။ အင်အားချင်းပြိုင်နေကြတဲ့ တရုတ်ကလည်း ခွဲထွက်ရေးသူပုန်တွေကို ပံ့ပိုးမှုတချို့ ပေးခဲ့ကြတယ်။ အမေရိကရဲ့ စီအိုင်အေတောင် စစ်အေးတိုက်ပွဲကာလ အိန္ဒိယနဲ့ ဆိုဗီယက်ပြည်ထောင်စု ပနံသင့်နေတုန်းက အရှေ့မြောက်ဒေသရဲ့ ခွဲထွက်ရေးလုပ်ငန်းတွေကို ပံ့ပိုးမှုတွေ ရှိခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေက ဆိုတယ်။


ဝါးခြမ်းပြားလေးတစ်ခြမ်းကို လက်နှစ်ဖက်နဲ့ အားစိုက်လိုက်ရင် ချက်ချင်း မကျိုးရင်တောင် ၀ါးခြမ်းပြားက တောင့်မခံနိုင်တော့တဲ့ တချိန်ကျရင် ကျိုးတာပါပဲ။ ငလျင်လှုပ်တယ် ဆိုတာကလည်း ကမ္ဘာကို တည်ဆောက်ထားတဲ့ Plate လို့ ခေါ်တဲ့ ကမ္ဘာ့အလွှာပြားကြီးနှစ်ခု တစ်ခုနဲ့ တစ်ခု တွန်းကြရာကနေ တစ်ဘက်ကတောင့်မခံနိုင်တော့လို့ နောက်ဆုံး ငလျင်လှုပ်ခါပြီး သိုလှောင်ထားတဲ့ တွန်းအားတွေကို ထုတ်ပစ်ကြတယ်။ အခုဖြစ်တဲ့ အာသံပြည်နယ်ရဲ့ အနောက်ဘက်မှာ ဖြစ်တဲ့ အရေးအခင်းဟာလည်းပဲ ဘင်္ဂလီတွေရဲ့ တရားမ၀င်ခိုးဝင်လာမှု တွန်းအားတွေကို မခံမရပ်နိုင်တော့လို့ ပေါက်ကွဲကြတာပါပဲ။


ဘင်္ဂလီတွေရဲ့ တရားမ၀င်ကျူးကျော်မှုတွေဟာ ဒေသခံ ဘိုဒိုစတဲ့ တိုင်းရင်းသားတွေကို တောက်လျှောက် ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးစပ်တဲ့ ဒူဘရီစတဲ့ ခရိုင်တွေမှာ ဆိုရင် လူဦးရေတိုးပွားနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲမှာတင် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ (စီအိုင်အေရဲ့ ၂၀၁၁ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးနှုန်းဟာ ၁.၀၇ ပဲ ရှိပါတယ်။) တချို့ခရိုင်တွေမှာဆိုရင် ရခိုင်ပြည်က မောင်တော၊ ဘူးသီးတောင်တွေလိုပဲ ဘင်္ဂလီတွေက လူများစု ဖြစ်လို့ လာနေပါပြီ။ ဗဟိုအစိုးရကလည်း ဘာမှ ထိထိရောက်ရောက်မကာကွယ်ပေးခဲ့ဘူး။ အာသံပြည်သူတွေရဲ့ မွန်းကျပ်နေတဲ့ မခံမရပ်နိုင်မှုတွေကို ဘိုဒိုလူမျိုး ၄ ဦးအသတ်ခံရတာကနေ စပြီး အခုဆိုရင် လူပေါင်းများစွာ သွေးထွက်သံယိုဖြစ်ကြရတဲ့ အဓိကရုဏ်းကြီးအဖြစ်ကို ပြောင်းလဲသွားပါပြီ။



ကိုကရာဂျာတွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော အဘွားအို

ဒီလိုမျိုးအဓိကရုဏ်းတွေဟာ အိန္ဒိယရဲ့ အာသံတစ်ခုတည်းမှာပဲ ကွက်ကျား ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါဟာ အာသံအရေးတစ်ခုတည်း မဟုတ်ပါဘူး။ အနောက်ဘင်္ဂလားစတဲ့ အိန္ဒိယရဲ့ တခြားပြည်နယ်တွေမှာလည်း တရားမ၀င်ဘင်္ဂလီတွေရဲ့ လူဦးရေအသာစီး ခြိမ်းခြောက်မှုတွေကို ခံလာနေရပါပြီ။ မြန်မာပြည်က ခေါ်တောတွေဟာ ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူးလို့ ငြင်းသလိုပဲ အိန္ဒိယမှာ ရှိတဲ့ တရားမ၀င် ဘင်္ဂလီတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဆီက မဟုတ်ဘူးလို့ ဗြောင်တင်းတင်း ငြင်းနေပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုယ်ပဲ အရှေ့ဘက် စစ်တကောင်းတောင်တန်းပေါ်မှာ ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေရဲ့ လယ်မြေတွေကို လုတာမျိုး၊ မီးတိုက်နှင်ထုတ်တာမျိုး စတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး မနေရဲအောင် အမျိုးမျိုးယုတ်မာနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုအချိန်ထိ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းဦးသားများရဲ့ အခွင့်အရေးကြေညာချက်ကြီးကို လက်မှတ်ထိုးဖို့ ငြင်းဆန်ထားပါတယ်။

အပိုင်း (၂) ကို မကြာမီ ဆက်လက်တင်ပေးသွားပါမည်။

  by Ko Htoo
မှီငြမ်း

1. Indian soldiers patrol Assam state following deadly riots

2. India riots: Illegal immigration is behind deadly clashes in Assam

3. CIA Factbook: Bangladesh

4. Population Density

5. Wikipedia: Assam

6. Assam violence: Army deploys 13,000 troops, train services remain stalled

7. Assam riots: Fruits of living in denial over Bangladesh influx

8. Wikipedia: People of Assam

9. Wikipedia: Sylhet

10. The Rise of Islam and the Bengal Frontier (1204-1760)

11. World Statistics

12. Problem of Bangladeshi migrants

Sunday, July 22, 2012

မာ့ခ် ဖာမနာ (Mark Farmaner) ၏ ဖြေရှင်းချက်အား သုံးသပ်ခြင်း

 


Burma Campaign (UK) ၏ ဒါရိုက်တာဖြစ်သော မာ့ခ်ဖာမနာ (Mark Farmaner) ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် ပါတ်သက်ပြီး BC (UK) အဖွဲ့ တိုက်ခိုက်ခံရမှုများအား ရေးသားထားခြင်းနှင့် ၎င်းတို့အဖွဲ့အား အထင်လွဲနေသည် ဆိုသည့် ဖြေရှင်းချက်စာတန်းကို ဖတ်လိုက်ရပါတယ်။ အဆိုပါ စာတန်းကို ဖတ်ရှုပြီးသည့်နောက် စိတ်ထဲမှာ အချို့သော အကြောင်းအရာလေးများ ပေါ်လာတဲ့အတွက် ချရေးဖြစ်ပါတယ်။


Burma Campaign (UK) ဟာ အမှန်တကယ်ပဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဆောင်ရွက်နေပါသလား။

အဆိုပါအချက်နှင့် ပါတ်သက်၍ သံသယရှိစရာမလိုပါ၊ BC (UK) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရးနှင့် ပါတ်သက်၍ ၎င်းတို့ ကျရာ ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ သို့သော် ၎င်းတို့၏ Activities အများစုမှာ မြန်မာတိုင်းရင်းသားအဖြစ် အငြင်းပွားဖွယ် ဖြစ်နေသည့်၊ တနည်းအားဖြင့် မြန်မာတိုင်းရင်းသားဟု ကြွေးကျော်နေသည့် ရိုဟင်ဂျာများအရေး လှုပ်ရှားမှုများသာ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် များစွာရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးတယူလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို အထင်သား လေ့လာတွေ့ရှိခဲ့ရပါသည်။


ထိုင်း-မြန်မာ နယ်စပ်မှ သနားစဖွယ် နယ်မြေမဲ့ ကလေးငယ်များ

အဘယ့်ကြောင့်ဆိုသော် Stateless People of Myanmar ဟုခေါ်သည့် နယ်မြေမရှိသည့် မြန်မာလူမျိုးများဟု ခေါ်ဆိုလျှင် တိုင်းရင်းသား စစ်သည် မစစ်သည် မသေခြာသော ရိုဟင်ဂျာများထက် မြန်မာပြည် အရှေ့ပိုင်းရှိ ထိုင်း၊ မြန်မာနယ်စပ်မှ ဒုက္ခသည် စခန်းများအား ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် စေတနာ မှန်ကန်ပါက မြန်မာလူမျိုး စစ်စစ်များ၏ အကျိုးစီးပွားအား ရှေ့တန်းတင်ရမည် ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မဖြစ်ညစ်ကျယ် ပံ့ပိုးမှုကို ရရှိနေသည့် ထိုင်း၊ မြန်မာ နယ်စပ် တလျှောက်မှ ဒုက္ခသည် စခန်းများထက် ထောက်ပံ့မှု အပြည့်အ၀ ရရှိနေပြီး ၁ နှစ်လျင် ခန့်မှန်း ဒေါ်လာ သန်း ရာဂဏန်းခန့် အကူအညီများအား INGO များနှင့် ပရောဂျက် ခေါင်းစဉ်ပေါင်း မြောက်များစွာမှ ရရှိနေသည့် ရိုဟင်ဂျာများ အရေးကိုသာ ဦးစားပေး ဆောင်ရွက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။


BC (UK) အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား အမှန်တကယ် ဆောင်ရွက်သလော

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး မေးစရာ ရှိလာသည်မှာ ရိုဟင်ဂျာ လူမျိုးများအား အခြားသော နိုင်ငံများ၊ အထူးသဖြင့် ၎င်းတို့နှင့် ဘာသာတူ နိုင်ငံများမှ နှိမ်ချ ဆက်ဆံခြင်း၊ လူ့အခွင့်အရေး တားမြစ်ပိတ်ပင်ခြင်း အစရှိသည်များ ပြုလုပ်ခြင်းများစွာ ရှိနေသော်လည်း လူသိရှင်ကြား အမည်နာမ ထုတ်ဖော်ဝေဖန်ခြင်းများအား မတွေ့ရှိခဲ့ရပါ။ ဤနေရာတွင် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ဆော်ဒီနိုင်ငံတွင် တရားရုံးမှ ဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာများ နေထိုင်ခွင့်နှင့် ပါတ်သက်ပြီး BC (UK) မှ လူသိရှင်ကြား ဝေဖန်ခြင်း မရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဆိုပါ ကိစ္စအား The 300,000 Rohingyas in Saudi are in limbo ဆိုသည့် ဆောင်းပါးတွင်

Mr Abdul Majid’s family moved to Saudi in 1954, two years after he was born, and was granted legal resident status as it was among the first Burmese groups to arrive. But a decree issued two decades later forced Rohingya older than 18 who were not born in the kingdom to obtain a non-Saudi passport.

ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရိုဟင်ဂျာ ကလေးငယ်များအနေဖြင့် အစိုးရ ကျောင်းများတွင် တက်ခွင့် မရသည်ကိုလည်း

Without residency permits, their children cannot enrol in public schools. Mr Abdul Majid said Burmese children attend charity schools created for the community by Saudi donors and wealthy Burmese

ဟု ဖော်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပါတ်သက်ပြီး ရိုဟင်ဂျာအရေးအား ဆောင်ရွက်သည့် အဖွဲ့အစည်းအများစုထဲမှ တစ်ခုဖြစ်သော BC (UK) သည်လည်း ဝေဖန်ခြင်း မပြုခဲ့သည်ကို မာ့ခ် ဖာမနာ အနေဖြင့် မည်သို့ ဆင်ခြေပေးမည်လည်း စိတ်ဝင်စားမိပါသည်။ အထူးသဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား နိုင်ငံပေါ်မူတည်၍ ဆောင်ရွက်လေသလောဟု သံသယဖြစ်လာပါသည်။


BC (UK) သည် မည်သည့်အလှူရှင်၏ လှူငွေဖြင့် ရပ်တည်နေသနည်း

အဆိုပါ ကိစ္စနှင့် ပါတ်သက်၍လည်း မာ့ခ် ဖာမနာမှ ရှင်းရှင်းလင်းလင်း ပြောထားခြင်း မရှိပါ။ ၎င်း၏အဆိုအရ BC (UK) မှာ အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း (Non-Government Organization) ဖြစ်သည်ဟု ဖော်ပြထားပါသည်။ သို့ဆိုလျင် NGO တစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများ လည်ပါတ်နိုင်ရန် အလှူရှင်၏ လှူငွေများနှင့် လည်ပါတ်နေရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် အလှူရှင်များ၏ လှူငွေများနှင့် ရပ်တည်ရသဖြင့် BC (UK) အနေဖြင့် အလှူရှင်များ၏ အလှူငွေဖြင့် ရပ်တည်နေသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ အခြားသော INGO အဖွဲ့အစည်းများကဲ့သို့ Mission များစွာနှင့် ဆင်းရဲသော ကမ္ဘာ့နိုင်ငံများအား ဆောင်ရွက်နေခြင်း မရှိသော BC (UK) အနေဖြင့် အလှူငွေများအား လက်ခံရရှိရန် ကြိုးပန်းရမည်မှာ အခက်အခဲတွေ့မည်မှာ သေခြာပါသည်။ သို့ဖြစ်သည့်အတွက် မည်သည့်နေရာမှ အလှူငွေများ ရရှိသနည်း ၎င်းအချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။

ဤနေရာတွင် BC (UK) နှင့် ရိုဟင်ဂျာ အဖွဲ့အစည်းများဖြစ်သော Rohingya Solidarity Organization (RSO) နှင့် Arakan Rohingya National Organisation (ARNO) တို့နှင့် အတူတွဲလျက် ရှိသည့် ဓါတ်ပုံများကို အထင်အရှား တွေ့လာရပါသည်။ (မှတ်ချက် ။ ။ ၀ီကီလိခ်နှင့် အခြားသော လုံခြုံရေး အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်တွင် RSO နှင့် ARNO တို့အား အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် အန္တရာယ်ရှိ အဖွဲ့အစည်းဖြစ် သုံးသပ်ထားသည်ကို လေ့လာသိရှိနိုင်ပါသည်။) တစ်ချိန်တည်းမှာပင် RSO, ARNO နှင့် OIC တို့၏ ပါတ်သက်နေမှု သတင်းဓါတ်ပုံများကိုလည်း တဆက်တည်း တွေ့လာရသဖြင့် BC (UK) အနေဖြင့် မပြေးသော်လည်း ကံရာရှိနေပြီ ဖြစ်ပါသည်။


BC (UK) သည် မည်သည့်ရိုဟင်ဂျာ အဖွဲ့အစည်းများမှ ရခိုင်ဒေသအား ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟု ပြောဆိုသည်ကို မကြားဘူးကြောင်း သေခြာသလော

အဆိုပါ ကိစ္စနှင့် ပါတ်သက်ပြီးလည်း မာ့ခ် ဖာမနာအား မေးစရာ မေးခွန်းများ ရှိလာပါသည်။ အထူးသဖြင့် အမေရိကန် နိုင်ငံအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စောင့်ကြည့် အဖွဲ့အစည်းများမှ ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး တညီတညွတ်တည်း ဖော်ပြသည်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည် ဆိုသည်ပင်။ မကြာခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင်လည်း အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ ပါဝင်ပါတ်သက်နေသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါသည်။


ရိုဟင်ဂျာများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိရန် ကြိုးပန်းနေမှုများအား http://www.globalasia.org/ တွင် ဆောင်းပါးရှင် Thanawat Pimoljinda မှ ၂၀၁၀ မတ်လတွင် ရေးခဲ့သည် Ethno-Religious Movements As a Barrier to an ASEAN Community တွင်
The Rohingya Solidarity Organization (RSO) and the Arakan Rohingya National Organization (ARNO) in Burma have been fighting to liberate Arakan from Buddhist rule, with the aim of establishing an Islamic state.

ဟု ဖော်ပြထားပြီး Wikipedia ရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပါတ်သက်ပြီး ရေးသားထားသည်တွင် Post War တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို သိရှိနိုင်ပါသည်။

The Mujahid party was founded by Rohingya elders who supported jihad movement in northern Arakan in 1947.[28] The aim of Mujihid party was to create a Muslim Autonomous state in Arakan.

ထို့အတူ Jane's World Insurgency and Terrorism တွင် ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး ဖော်ပြထားသည်တွင် RSO နှင့်ပါတ်သက်ပြီး

The group also aimed to establish an Islamic autonomous Rakhine (Arakan) state, uniting the Rohingya people of Myanmar and Bangladesh

ဟု ရေးသားထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ဆောင်းပါးများစွာ ရေးခဲ့သည့် ဘာတီးလစ်တာနာ ဆောင်းပါးများတွင် လေ့လာလျင်လည်း တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မာ့ခ် ဖာမနာ ပြောဆိုသည့် we have never even heard any Rohingya organization saying they want their own state ဆိုသည်မှာ မုသားမျှသာ ဖြစ်ပေသည်။


ဝေနှင့်ပွင့်သုံအား ဆန့်ကျင်သည်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်၍လော ရိုဟင်ဂျာအား ထောက်ခံ၍လော

အဆိုပါကိစ္စအား အထူးအထွေ ပြောဆိုရန်ပင် မလိုအပ်သော်ငြား မာ့ခ် ဖာမနာအနေဖြင့် အစ္စလာမ်ဘာသာနှင့် ရန်တိုက်သည့်သဖွယ် attacking her because she is a Muslim ဟု ရေးသားလာသည့်အတွက် ဆိုရေးရှိက ဆိုအပ်ရပါတော့မည်။ ဝေနှင်းပွင့်သုံ အင်္ဂလန် လွှတ်တော်တွင် My father, my father စသည်ဖြင့် ကလေးပင်ဖြစ်သောငြား မာန်ပါပါဖြင့် ပြောကြားခဲ့စဉ်က တခဲနက် ထောက်ခံခဲ့သူများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုပါဝင်ခဲ့သည်ကို မေ့ထား၍ မရပါ။ ကလေးပင် ဖြစ်သော်ငြား စစ်အစိုးရ၏ ဖိနှိပ်မှုအား တွန်းလှန်ရန် ၎င်း၏ ကြိုးစားအားထုတ်မှုအား မြန်မာနိုင်ငံရေးတွင် ပါတ်သက်ခဲ့သူများမှ လေးစား ချီးကျူးခဲ့သည်များမှာ ရှိခဲ့သည်မှာ သမိုင်းသက်သေ ရှိခဲ့ပါသည်။

ထို့အတူ မြန်မာနိုင်ငံအတွက် အမြင့်ခုန် ခဲ့ရာတွင်လည်း အားပေးခဲ့သည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ပါသည်။ သို့ရာတွင် ထိုမှ တဆင့်တက်၍ ဒေါ်အောင်ဆန်းစုကြည် အငယ်စားဟု ချီးမြှောက်လာသည်တွင် မြန်မာလူမျိုးများစိတ်တွင် လက်ခံရန် ခက်ခဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန်ဖြစ်၍ ဒီမိုကရေစီအား မြတ်နိုးသည့် မြန်မာလူမျိုးအများစုအား ကိုယ်စားပြုသဖြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာမက အခြားသော နိုင်ငံများတွင်လည်း မိမိတို့ တန်ဖိုးထား လေးစားသည့် ခေါင်းဆောင်နှင့် တစ်တန်းတည်း တင်စားလာသူများအား လက်မခံသည်မှာ အထင်အရှားပင် ရှိပါသည်။ သူမ အစ္စလာမ်ဘာသာဝင် ဖြစ်၍ မဟုတ်ပေ။

မြန်မာလူမျိုးများအနေဖြင့် မည်သည့်ဘာသာဝင် ဖြစ်နေပါစေ အများပြည်သူ ဆန္ဒအား အတိုက်အခံ ပြုလုပ်လာပါက မည်သူ့ကိုမဆို ဆန့်ကျင်ရန် ၀န်မလေးသည်ကို ဖြစ်ပျက်ခဲ့သည် လူထု အုံကြွမှုကြီးများဖြင့် သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် မည်မျှပင် အစိုးရနှင့် ပါတ်သက်နေသော်ငြား ပြည်သူလူထုနှင့် စိတ်သဘောထား မတိုက်ဆိုင်သည်ကို အတင်းအကြပ် ပြုလုပ်လာပါက ဆန့်ကျင်ခံရသည်ကို ဥပမာအနေဖြင့် ငါးမင်းဆွေအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြခြင်းများအား လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် ဝေနှင်းပွင့်သုံအား ဆန့်ကျင်နေကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်၍ မဟုတ်ပဲ အများပြည်သူ သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေ၍ ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာလူမျိုးများအနေဖြင့် အမှားမြင်၍ အမှန်ပြင်သူများကို ခွင့်လွှတ်ကြသည်ကို မမေ့ရန် လိုအပ်သကဲ့သို့ အမှန်ပြင်လာပါကလည်း ကြိုဆိုကြမည်မှာ မလွဲပေ။ ဝေနှင်းပွင့်သုံ၏ ဖခင်ဖြစ်သော ကိုမြအေးမှလည်း ရိုဟင်ဂျာများအား တိုင်းရင်းသား မဟုတ်ဟု ပြတ်ပြတ်သားသား ဆိုလာသဖြင့် ဝေနှင်းပွင့်သုံအနေနှင့် အမှားကို ပြင်လာပါက မြန်မာပြည်သူများနှင့် ဆန့်ကျင်ဘက် မဖြစ်တော့မည်ကို သတိချပ်ဖို့ လိုပါသည်။


ဘာကြောင့် ရခိုင်အဖွဲ့အစည်းများမှ BC (UK) အား မဆက်သွယ်သနည်း

အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး အထွေအထူး ရှင်းပြရန် မလိုအပ်တော့ပေ။ မိမိ၏ ရန်ဘက်အဖွဲ့အစည်းနှင့် ပုလဲနံပ သင့်နေသည့် အဖွဲ့အစည်းအား မည်သည့်အဖွဲ့အစည်းမျှ အဆက်အဆံ မလုပ်ချင်သည်ကို အထူးအားဖြင့် ပြောရန် မလိုတော့ပေ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ပင် အခန့်မသင်ပါက အတိုက်ခံသည်ကို ကြည့်ခြင်းအားဖြင့် သာမာန် အဖွဲ့လေးဖြစ်သော BC (UK) မှာမူ ဆိုဖွယ်ရာ မရှိသည်ကို မာ့ခ် ဖာမနာအနေဖြင့် စဉ်းစား ဆင်ခြင် သုံးသပ်သင့်ပေသည်။


မည်သည့်အတွက် မာ့ခ် ဖာမနာ ဒီစာကို ရေးသနည်း

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အသင့်မြတ်ဆုံးသော လမ်းကြောင်းပေါ်မှ သွားနေသဖြင့် နိုင်ငံတကာ အရေးယူမှုများ လျော့ကျလာချိန်တွင် ပြည်ပမှနေ၍ မြန်မာနိုင်ငံအရေးအား ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ရံပုံငွေ (သို့) အလှူငွေ ရရှိရန်မှာ ယခင်ကဲ့သို့ မသေခြာတော့သဖြင့် မြန်မာပြည်တွင်းတွင် အခြေစိုက်မှ ရံပုံငွေများ ရရှိမည်ကို အလွန်လူရည်လည်သည့် မာ့ခ် ဖာမနာအနေဖြင့် သိရှိပြီး ဖြစ်ပါသည်။ ထိုသို့သိရှိခြင်းအားလည်း ၎င်းကိုယ်တိုင် ၀န်ခံထားသည့် မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာရောက်ခဲ့သည့် ခရီးစဉ်အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်နေသော အစိုးရနှင့် တိတ်တဆိတ် လာရောက်ညှိနှိုင်းရန် ကြိုးပန်းမှု ခြေလှမ်းဖြစ်နေသောကြောင့်ပင်။ ၎င်းတို့အနေဖြင့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု ရှိပါက ၎င်းတို့ ခရီးစဉ်အား ထိုကဲ့သို့ လျှို့ဝှက်လာရန် လိုအပ်မည် မဟုတ်ပေ။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းတို့အား ရိုဟင်ဂျာများနှင့် ပါတ်သက်မှုများကို မေးမြန်းခံခဲ့ရခြင်းမှ အစပြု၍ ထိတ်လန့်လာခဲ့သဖြင့် အဆိုပါစာအား ထုတ်ဖော်ရေးသားခြင်းအား On my recent trip to Burma, even very senior democracy leaders in Rangoon talked about it. ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အနှစ်ချုပ်ရသော် မာ့ခ် ဖာမနာအနေဖြင့် အင်္ဂလန်တွင် ရုံးစိုက်၍ မြန်မာနိုင်ငံအရေးများအား ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို သိရှိလာသဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဆက်လက်ရုံးစိုက်နိုင်ရန် ကြိုးပန်းနေချိန်တွင် ၎င်းတို့ အရေးမထားခဲ့သည့် အွန်လိုင်းမှ အသံများကြောင့် ၎င်းတို့ အလေးထားသည့် မြန်မာနိုင်ငံရေးတွင် ပါတ်သက်နေသည့် သူများ၏ အရေးတယူ မေးမြန်းမှုများကြောင့် အထင်မြင်လွှဲမှားနေမှုများအား ဖြေရှင်းချက် တစ်ခုအနေဖြင့်သာ မှတ်ယူရပါသည်။ တနည်းအားဖြင့် မတတ်သာ၍ လျှောက်လဲချက် ပေးခြင်းသာဖြစ်ပြီး ၎င်းတို့လုပ်ရပ်အား ဖုံးကွယ်ရန် ကြိုးစားနေခြင်းများကို အထက်တွင် ဖော်ပြထားသည့် အချက်များအား လေ့လာခြင်းဖြင့် သိရှိနိုင်သည့်အတွက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံနှင့် ပါတ်သက်ပြီး လုပ်စားလာကြမည့် နိုင်ငံရေးလုပ်စားများအား သတိထားရန် လိုအပ်ပြီး ၎င်းတို့ လှည့်ကွက်အတွင်း မ၀င်ရောက်မိစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Shared by

LWIN PWIN

Wednesday, July 18, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း”ဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။


တစ်ခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော “ပဲပြုတ် နံပြား” စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။

“ပူဆာ”သည်ဟု ဆိုရခြင်းမှာ “ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ် ၊ မနက်စောစော အသင့်ဝယ်ထားလိုက်”ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။

အထက်ဖော်ပြပါ စာတိုကလေးကို ဗီုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ ၊ လေ့လာသူ ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။

သို့သော် ယင်းစာတိုကလေးနှင့် ပတ်သတ်၍ သဘောထားကွဲလွဲမှု ၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။

သဘောထားကွဲလွဲမှု ၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။

ယင်းစာတိုကလေးနှင့် ပတ်သတ်၍ အငြင်းပွားမှုအကြောင်း အနည်းငယ်မျှရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး ၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနာဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း ၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။

ဥပမာ ဇူလိုင် ၊ ၉၄ထုတ် “နွယ်နီ” မဂ္ဂဇင်းမှ ကျွန်တော်၏ “ငါးမူးတန်းမှ ရုပ်၇ှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။

“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Character ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲ့ကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”

ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော်ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ ရနိုင်မည့် ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင် ----

၁၉၄၆ခုနှစ် ၊ စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံး) သို့ နေ့စဉ်ရုံးတက်ခဲ့ရပါသည်။

သူ၏ ရာထူး (တရားဝင် အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။ (ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိအဖြစ် ဦးဆောင်စည်းဝေးရပါသည်။ လွတ်လပ်ရေးမရသေးမီ ကာလဖြစ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာန သုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲသုံးနီာခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ချင်းပင်သူ၏ ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။

ထို့နေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတန်းများ ၊ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

“ဘာများလဲ ဗိုလ်ချုပ်”

ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်သလို ဟန်မျိုးဖြင့်

“ငါအခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ”ဟု ပြောပါသည်။

ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါပြီ။

ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့်နှစ်ဦးအား နံနက်စာ ထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခုဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်၍လားမသိ။ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာလက်ဆေး၍ ရုံးသွားရန် ပြင်ဆင်ခဲ့ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက်အလုပ်လုပ်နေရချိန်တွင် ဘာမျှ မစားသောက်ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။

(မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရေသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ)

ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခုဝယ်ကျွေးစိတ် ဖြစ်ပေါ်လာမိပါသည်။

“ဗိုလ်ချုပ် ဘာများစားချင်လို့လဲ”

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

“ဘာလဲ ၊ မင်းက ငါ့ကိုဝယ်ကျွေးမလို့လား။ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကော ရှိလို့လား”

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။ သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့လူငယ်တွေကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတါင် ထိုနေ့ကတော့ သူဗိုက်ဆာ၍ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကိုမပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ”

ကျွန်တော်က ခပ်တည်တည်နှင့် အကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်ပါသည်။ အမှန်က ကျွန်တော်၏ အကျီအိတ်ထဲတွင် ငွေငါးကျပ်တန်တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက် ၊ စုစုပေါင်းငွေ ခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။

“ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း ( ရွှေဘုံသာလမ်း)က ပလာတာနှင့် ခပတ်စားချင်တယ်ကွာ”

“ဟုတ်ကဲ့ ၊ ဒါဆိုရင်လဲရပါတယ်။ ကျွန်တော့်မှာ ပါတဲ့ ငွေနဲ့လုံလောက်ပါတယ်။ ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့ ။ ကိုင်းလာပါ ဗိုလ်ချုပ်”

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

“ဟေ့ ငါတို့ရုံးဆင်းတော့မယ်။ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”ဟု ညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးအောက်သို့ ဆင်းခဲ့ပါသည်။

ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း) ၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ် အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွားလိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကို ကျွေးရန် မည်သို့မည်ပုံပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီး ဖြစ်သည်။

မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် လွန်စွာဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။

“ဒီမယ် ခင်ဗျား ၊ ကျုပ်ကိုသိတယ်မဟုတ်လား ၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ။ ဟိုမှာ ထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်။ ခက်တာက ကျူပ်မှာ ပိုက်ဆံအလုံအလောက်မပါဘူး။ ဒါကြောင့် ကျူပ်တို့အခုစားလို့ ကျသင့်တဲ့ ငွေကို နက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ။ နောက်ပြီး ကျူပ်တို့ပြန်ခါနီး ဗိုလ်ချုပ်က မေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ။ ကျူပ်မှာ ပိုက်ဆံမပါလာတာကို သူ မသိစေချင်ဘူး”

ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှလှမ်းကြည့်လိုက်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

“စိတ်ချပါ ဆပ် ။ ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ။ ရပါတယ်။ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပါပြီလို့ ဖြေပေးပါ့မယ်”

ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။

ပလာတာနှင့် ခပတ်နှစ်ပွဲရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကိုကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါတကားဟု စိတ်ထဲမှကျိတ်၍ မှတ်ချက်ချမိသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင်စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

“ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်”ဟုပြောရာ ကျွန်တော်လည်း

“ရှင်းပြီးပါပြီ ဗိုလ်ချုပ်။ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ်”ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း အချက်ပြခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အားရိုသေစွာ ဆလံပေးအလေးပြုရင်း

“ပိုက်ဆံရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

“ဘယ်နှယ့်လဲ ဗိုလ်ချုပ် ။ စားလို့ကောင်းပါရဲ့လား”

ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း “အေးကွ မစားရတာ ကြာလို့လား မသိဘူး။ အလွန်စားလို့ကောင်းတယ်” ဟု ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။

ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်းတာဝါလိန်းလမ် (နတ်မောက်လမ်း) နေအိမ်သို့မောင်းပြန်လာခဲ့ပါသည်။

နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း(ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

၁၉၄၆ခုနှစ် ၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ ၊ ဟင်္သာတဦးမြ ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။

ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ် ၊ မော်တော်ယာဉ် ၊ မီးရထား ၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမည်းညူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် “မောရစ်၂၅” အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း ၊ ရခိုင်ဖက်တွင်လည်း နွားလှည့်တစ်လှည့် ၊ ခြေကျင်တစ်ခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓါတ်မကျဘဲ ပျော်ရွှင်ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။

[မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတါင်လည်း စစ်ဖက်ရာထူးမေဂျာဂျင်နရယ် (ဗိုလ်ချုပ်)အလံ ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး အလံဟူ၍ အလံသုံးခုဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည် ]

ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင် တစ်ဝိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ် သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ် ၊ သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။

သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍ ခပ်တိုးတိုးမေးပါသည်။

“ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”

“ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ”

ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။

“ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆို၇င် မဖြစ်ဘူးထင်တယ်ကွ”

“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်”

“ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။

ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့် ဝေးဝေးပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။

သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေုငာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့်

“ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်” ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာ စိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ခေါင်းညိတ်ပြပါသည်။

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ်ပြန်လျှောက်သွားလိုက်ပါသည်။

“ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်”

ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး “ပေါင်းမိုး” လှေဝမ်းအပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။

လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။

လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည်ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်

“ဗိုလ်ချုပ် အခုသွားရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း ၊ ညတုန်းကလဲ စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တစ်ရေးလောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ်” ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး ၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ့လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့်

“ဟေ့ကောင် လုပ်စမ်းပါဦးကွ ၊ ငါဘယ်လိုဝတ်ရမှာလဲ”ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ “နက်ကတိုင်” လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။

ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ် ၊ ချက်ချင်းလိုပင် အိပ်ပျော်သွားရှာပါသည်။

သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။

ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။

မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား ၊ အင်းအိုင်မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန် ၊ ရေကူးအသင်း ( swimming club ) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမ၈္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသားကိုအောင်ဆန်းအနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။

ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။

တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍မရပါ။ ယင်းကိစ္စနှင့် ပတ်သတ်၍ ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော

“လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ်” ဟူသော သွန်သင်ဆုံးမချက် ၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and Love Of Truth) ဟု ပြောခဲ့သည့်အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဤဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။