Monday, February 25, 2013

Professional ဆန်ပါမှ...

graphical counter
စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု၊ သူ့ရဲ့  ပထမဆုံး လစာကို.. သူကိုယ်တိုင် proposed လုပ်တော့ ကျန်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက '' မများလွန်းဘူးလား '' လို့ ၀ိုင်းပြောကြတယ်..။

'' မလောက်မငှ လစာလေးပေးပြီး ငါ့ကို လာဘ်စားစေချင်တာလား '' လို့ လီကွမ်ယုက တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်..။

အဲဒီစကားမှာ '' တန်အောင် ယူမယ်- ယူတာနဲ့တန်အောင် ပြန်ပေးဆပ်မယ် '' ဆိုတဲ့ သူ့စိတ်ပိုင်းဖြတ်မှု၊ သူ့ခံယူချက်ပေါ်လွင်နေခဲ့တယ်..။ အဲဒါဟာ professional စိတ်ဓါတ်ပဲ..။ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ တိုးတက်စေချင်တဲ့ စေတနာ အရင်းခံသည့်တိုင် ပြည်သူ့ဝန်ထမ်း၊ အစိုးရ၀န်ထမ်းတွေ professional စိတ်ဓါတ် ရှိဖို့ လိုကြောင်း လီကွမ်ယုက မီးမောင်းထိုးပြခဲ့တယ်..။

တိုင်းပြည်က အခုမှ ထူထောင်စ..။ ဘယ်မလဲ ဘတ်ဂျက်..။ ဒီလိုပဲ နည်းနည်းနဲ့ ကျဲကျဲဝိုင်းကြရမှာပေါ့..။ လိုအပ်ရင် အိပ်စိုက်.. စေတနာနဲ့ ကြီးတော်နွားကိုကျောင်းကြပါ..။

ဆိုတဲ့ ပေါ်လစီဟာ.. ကြားလို့တော့ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒီစိတ်ဓါတ်မျိုး လူတကာဆီက မျှော်လင့်ပြီး တိုင်းပြည်ထူထောင်ဖို့ဆိုတာ အိပ်မက်ဆန်လွန်းပါတယ်..။

နောက်ဆုံးတော့..

ငါလည်း တတ်နိုင်သလောက် လုပ်တာပဲ..။ မှားတာတော့လဲ ဘယ်တတ်နိုင်မလဲ..။ မင်းတို့က အပြစ်ပြော၊ ဝေဖန်ရအောင်.. ငါ့နေရာမင်းတို့လုပ်နိုင်လို့လား။ ငါလဲ မလွှဲသာလို့ လုပ်နေရတာ..။

ဆိုတာမှာ ဂိတ်ဆုံးတာပဲ..။

လုပ်မှားကိုင်မှားဆိုတာတော့ ရှိတတ်တာချည်းပဲ..။ အမှားနည်းအောင်.. မှားနေရင် တာဝန်ယူတတ်ဖို့ ဆိုတာ.. professional စိတ်ဓါတ်ရှိမှ ဖြစ်မှာ..။ စေတနာအရင်းခံတဲ့ လူတော်တော်များများဟာ အမှား လုပ်မိသည့်တိုင်.. အဲဒီအမှားကို.. သူတို့စေတနာနဲ့ ချေတွေး..တွေးတတ်ကြတယ်..။

ကာယကံရှင် မဆိုနဲ့..။ ဘေးက လူတွေကတောင်..

ဟိုက စေတနာနဲ့ လုပ်ပေးနေတာ.. လခလဲ လောက်လောက်လားလား ရတာမဟုတ်ဘူး.. ဒီကြားထဲ မင်းတို့က
မှားတယ်-မှန်တယ် ဝေဖန်ရအောင် မင်းတို့က ဘာကောင်လဲ၊ သူတို့စေတနာကို မင်းတို့ စော်ကားလိုက်တာပဲ..။

လို့ စွဲချက်တင်တတ်ကြတယ် မဟုတ်လား..။

တကယ်က.. စေတနာနဲ့လုပ်လုပ်၊ professional ဆန်ဆန်လုပ်လုပ် မှားတာဟာ- မှားတာပဲ။ စေတနာနဲ့ လုပ်တိုင်း မမှားဘူးဆိုတာ မရှိဘူး..။ မှားမှာပဲ..။ အရေးကြီးတာက အဲဒီအမှားကို ဘယ်လိုပြုပြင်မလဲ-ဘယ်လိုတာဝန်ယူမလဲ ဆိုတဲ့ စိတ်ရှိကြဖို့ပဲ..။

အထူးသဖြင့်.. ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူထားကြသူတွေ.. စေတနာအရင်းခံတဲ့ professional စိတ်ဓါတ်တွေ ထုံမွှန်း နေဖို့ လိုပါတယ်..။

လီကွမ်ယု.. သူ့လစာကို လောက်လောက်ငှငှ ယူခဲ့စဉ်က စင်ကာပူဆိုတာ မလေးရှားက အတင်းကန်ထုတ်လိုက် လို့ မရေမရာအနာဂါတ်နဲ့ တိုင်းပြည်မွှားစနောက်ဆိုတာ မမေ့သင့်ပါ..။

အခု ကျွန်တော်တို့ တိုင်းပြည်အခြေအနေက လီကွမ်ယုရဲ့ စင်ကာပူ '' စလုံးရေစ'' အခြေအနေထက် အများကြီး သာပါတယ်..။

ဒါကြောင့်..

မလွှဲသာလို့ပဲဖြစ်ဖြစ်-နည်းနည်းနဲ့ကျဲကျဲဝိုင်းရတာပဲဖြစ်ဖြစ်- စေတနာကိုအရင်းခံလို့ပဲဖြစ်ဖြစ်.. ဘယ်လိုပဲဖြစ်ဖြစ်.. တိုင်းရေးပြည်ရာကို professional ဆန်ဆန် လုပ်ကြပါမှ.. တာဝန်ယူကြပါမှ.. ရွှေမြန်မာတို့ ကမ္ဘာ့အလယ် ဆောလျင်စွာ  ပွဲလယ်တင့်နိုင်မယ် လို့ ယုံကြည်ရင်းစွဲနဲ့ ဒီစာလေး ရေးမိပါတယ်။

အချစ်ကံတွေ ဘာကြောင့် ဆိုးရတာလဲ?

လောကမှာ လူသားတိုင်းအချစ်နဲ့ ကင်းနိုင်တဲ့သူရယ်လို့ မရှိသလောက် ရှားပါတယ်။ အနည်းအကျဉ်းတော့ အချစ်နဲ့ကင်းနိုင်တဲ့ သူတွေတော့ရှိကြမှာပါ။ အမှန်တော့ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အနာဂါမ်မဖြစ်သရွှေ့တော့ အချစ်ဆိုတာ ရှိနေကြရဦးမှာပါ။ အချစ်ဆိုတာ ရှိနေသရွှေ့ အချစ်နဲ့ဆက်နွှယ်နေတဲ့ ခံစားမှုပြဿနာတွေကလည်း ကြုံတွေ့နေကြရဦးမှာပါ။ အချစ်နဲ့ပါတ်သက်တဲ့ပြဿနာတွေမှာ အချစ်ကြောင့်ဘ၀ပျက်သွားကြရတဲ့သူတွေ၊ အချစ်ကြောင့် ကိုယ့်ဘ၀ကိုအဆုံးသတ်သွားတဲ့သူတွေ၊ အချစ်အပေါ်မှာမူတည်ပြီး ဘ၀လမ်းကြောင်းတွေ ပြောင်းလဲသွားရတဲ့သူတွေ များစွာပါ။ ဒီတော့ အချစ်နဲ့ပါတ်သက်တဲ့ရောဂါတွေကို ကုသဖို့ဆေးကတော့ မရှိမဖြစ် လိုအပ်နေပြန်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားဆုံးမခဲ့တဲ့ တရားတော်တွေဟာ များသောအားဖြင့် စိတ်မှာဖြစ်တတ်တဲ့ ရောဂါတွေကို ကုသဖို့ တရားဆေးတွေပါပဲ။ ဆေးဆိုတဲ့နေရာမှာလည်း ရောဂါတစ်မျိုးတည်းအတွက် မဟုတ်ပြန်ပါဘူး။ ရောဂါမျိုးစုံအတွက်ပါ.. လူမှုရေးရောဂါ၊ ကျန်းမာရေးရောဂါ၊ စီးပွားရေးရောဂါ၊ ပညာရေးရောဂါ၊ နာရေးရောဂါ၊ သေရေးရောဂါ၊ အချစ်ရေးရောဂါ၊ အိမ်ထောင်ရေးရောဂါ စသည်စသည်ဖြင့် ရောဂါပေါင်းစုံပါပဲ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးမတွေဟာ လောကမှာရှိတဲ့ သတ္တ၀ါတွေအားလုံး ခံစားနေရတဲ့ရောဂါပေါင်းစုံကို ပျောက်ကင်းသက်သာသွားအောင် ကုသပေးနိုင်ပါတယ်။ အသုံးကျအောင် အသုံးချတတ်ဖို့ကတော့ အဓိက အကျဆုံးပေါ့။ လောကီမှာဖြစ်ပျက်နေတဲ့ သတ္တ၀ါတွေရဲ့ခံစားနေရတဲ့ ရောဂါအမျိုးက အမျိုးစုံလှတဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း အမျိုးစုံအောင် အကြောင်းရာစုံအောင် ဟောပြဆုံးမပေးခဲ့ပါတယ်။ ဒီတော့ လူသားတိုင်းမကင်းနိုင်တဲ့ အချစ်နဲ့ပါတ်သတ်တဲ့ ရောဂါကို နားရှက်စရာကြီးဆိုပြီး ချန်ထားခဲ့ရင် ရောဂါရသူတွေအတွက် အများကြီး နစ်နာပါတယ်။ လက်တွေ့လောကမှာ သေချာလေ့လာကြည့်ရင် အချစ်နဲ့ပတ်သက်လို့ ခံစားနေရတဲ့ ရောဂါသည်တွေ ရာခိုင်နှုန်းတစ်ခုအနေနဲ့ အတော်များများရှိပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အသည်းကွဲတာတို့၊ ကိုယ်ကသစ္စာရှိပေမယ့် သူကထားသွားတာတို့၊ ကိုယ်ဒီလောက်ချစ်တာကို သူကဘာလို့တန်ဖိုးမထားရတာလဲတို့၊ ကိုယ်ချစ်သလောက် ဘာလို့ပြန်မချစ်ရတာလဲတို့ စသည်စသည် များစွာပါပဲ။ ဒီတော့ အချစ်နဲ့ ပါတ်သက်လို့ ခံစားရတဲ့ရောဂါဝေဒနာကို သက်သာနိုင်ဖို့ နည်းလမ်းကတော့ အတော်လေးကို လိုအပ်နေတယ်ဆိုတာ အသေချာပါပဲ။

အဓိကအနေနဲ့ အချစ်နဲ့ပတ်သက်ပြီး ဝေခွဲကြည့်လိုက်မယ်ဆိုရင် အချစ်ကံဆိုးခြင်းနဲ့ အချစ်ကံကောင်းခြင်းဆိုပြီး နှစ်မျိုးပဲ ထွက်လာပါမယ်။ အချစ်ကံဆိုးတယ်ဆိုတာကတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာမရှိပဲ ကိုယ့်ကိုထားသွားတာ၊ ကိုယ်တစ်ယောက်ထဲတင်မဟုတ်ပဲ ရည်းစားအများကြီးထားပြီး ကိုယ့်ကိုလိမ်ညာနေတာ၊ ကိုယ့်အချစ်ကို တန်ဖိုးမထားပဲ အပျော်သက်သက် သဘောထားတာတို့ စသည့် အချက်လက်တွေပေါ့။ အချစ်ကံကောင်းတယ်ဆိုတာတော့ ကိုယ်ကချစ်သလောက် ကိုယ့်ကိုသူကတန်ဖိုးထားတယ်၊ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာစောင့်သိတာ၊ ကိုယ့်အပေါ်မှာသစ္စာရှိတာတို့ပေါ့။ ဒီတော့ ကိုယ့်အနေနဲ့က အချစ်ကံကောင်းချင်တယ်ဆိုရင်.. အချစ်ကံဆိုးခြင်းရဲ့ အဓိကသိရမယ့် အချက်တွေကိုသိပြီး ရှောင်သင့်တာ ရှောင်မယ်ဆိုရင် အချစ်ကံကောင်းလာမယ်ဆိုတာလည်း မလွဲဧကန်ပါပဲ။ အကုသိုလ်ကံတွေရှောင်ရင် ကုသိုလ်ဖြစ်လာသလိုပါပဲ။ ချစ်နေရတဲ့သူတွေမှာလည်း အချစ်ကံဆိုးတာတွေ ရှောင်လိုက်ရင် အချစ်ကံကောင်းတွေ ဖြစ်လာမှာပါ။ ဒီတော့ အဓိကအနေနဲ့ အချစ်ကံကောင်းချင်တယ်ဆိုရင်.. အချစ်ကံဆိုးခြင်းရဲ့ အဓိက အချက်တွေနဲ့ ဘာလို့အချစ်ကံဆိုးရတာလည်းဆိုတာ သိဖို့လိုအပ်ပြီပေါ့။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ တရားတော်တွေဟာ အကြောင်းတရားကိုပြပြီး ဟောပြဆုံးမတဲ့ အဆုံးမတွေပါ။ ဒီအကြောင်းတရားတွေကြောင့် ဒီအကျိုးတရားတွေခံစားရတယ်.. ဒီအကျိုးတွေမခံစားရချင်ရင် အကြောင်းတရားတွေ ကင်းအောင်လုပ်ဆောင်ပါဆိုတဲ့ အတိုင်းပါပဲ။ အချစ်ကံဆိုးခြင်းရဲ့ အကျိုးတွေမခံစားရချင်ရင် အချစ်ကံဆိုးခြင်းရဲ့အကြောင်းတရားတွေသိဖို့ အရေးကြီးပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ ကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်ဘ၀က ကျူးလွန်ခဲ့လို့ပါ။ အတိတ်က ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်ကံလည်းပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ပိုင်းအတိတ်ကံတွေလည်း ပါဝင်ပါတယ်။အချစ်ကံခေခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တနည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူတောင်နေတာပါ။ အဲ့ဒီ့ကံတွေ အကျိုးပေးတဲ့ဘ၀မှာ သေချာပေါက် အချစ်ကံတွေဆိုးနေအုံးမှာပါပဲ။

အချစ်ကံဆိုးခြင်းရဲ့ အဓိကအကြောင်းရင်းကို ဆရာတော်အရှင်ဆန္ဒာဓိကက ဟောပြဆုံးမ ထားပြန်ပါသေးတယ်..“အချစ်ကံဆိုးခြင်းရဲ့ အဓိကနောက်တစ်ချက်အနေနဲ့ကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်းပါပဲ။ ကိုယ့်မှာ ချစ်တယ်လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျှက် တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး၊ တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သားကိုယ့်အပေါ်မှာ ကြွေသွားအောင် စတာနောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ်ကိုခံစားသွားရအောင် ကလိတာ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာအသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ ရှုပ်တာမျိုး၊ ပုံလာလာ ပြောတိုင်းယုံတတ်တဲ့ အလွယ်ယုံသူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ မဆွတ်ခင်က ညွတ်ချင်နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံ ကြံတာမျိုး၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် စားပြီးနားမလည် မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး စတဲ့ စတဲ့အချက်တွေကြောင့် အချစ်ကံဆိုးရတာပါ” လို့ ဆရာတော်က ဟောပြဆုံးမတော်မူပါတယ်။

နောက်တစ်ချက်အနေနဲ့ ဆရာတော်က လူအများစုမသိနိုင်တဲ့ တလွဲထင်ပြီး အကောင်းထင်နေတဲ့ အချစ်ကံဆိုးစေတဲ့ အချက်တွေကို ဟောပြဆုံးမထားပြန်ပါသေးတယ်။ “အချစ်ကံခေစေပြီး တလွဲအကောင်းထင်နေတဲ့ အလွဲအချက်တွေကတော့ အချစ်သ၀န်တိုခြင်း(သို့မဟုတ်) အချစ်သ၀န်ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်၊ သို့မဟုတ် အခြားအယောက်ပေါင်း များစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်မြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုဆိတ်ဖြစ်ပြီး ဟိုလူ့မချစ်ရ၊ ဒီလူ့မချစ်ရ၊ ဘယ်သူနဲ့မပေါင်းရ၊ ဘယ်ဝါနဲ့မပတ်သက်ရလို့ မနာလိုစကားတွေ ပြောကြားနေတာ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူးစုဆောင်းနေတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်းအရိုင်းသတ်မှတ်ပြီး ချစ်မင်မှုပျက်ပြားသွားအောင် လုပ်တာတွေဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေစေတဲ့ စိတ်ထားတွေပါပဲ” လို့ ဆရာတော်က ဟောပြဆုံးမထားပြန်ပါတယ်။ ဒီအချက်တွေဟာ လက်ရှိမျက်မှောက်အတွင်းမှာ အချစ်ကံဆိုးစေတဲ့ အချက်တွေကို ဆရာတော်က မြင်သာအောင် ဆွဲထုတ်ပြလိုက်တာပါပဲ။

နောက်အချစ်ကံဆိုးခြင်းကတော့.. ကိုယ်ကသစ္စာမေတ္တာတွေ စေတနာတွေမှန်ကန်စွာနဲ့ ချစ်ပေမယ့် ကိုယ်နဲ့တန်တဲ့စေတနာမျိုး ပြန်မရတဲ့ ချစ်ခြင်းတွေ ဆုံဆည်းကြရတဲ့ အချစ်ကံဆိုးခြင်းမျိုးပါ။ ငါဒီလောက်ချစ်တာ ငါ့ကိုပြန်မချစ်တာ ဘာလို့လဲဆိုတဲ့ အတွေးမျိုးပေါ့။ ငါဒီလောက်သူ့အပေါ်သစ္စာရှိတာ ငါ့ကိုဘာလို့ ပြန်ပြီးသစ္စာမရှိရတာလဲဆိုတဲ့ အတွေးမျိုးပါ။ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးရပါတယ်။ ဒါပေမယ့် ကောင်းတာတွေ လုပ်နေပေမယ့် ကောင်းတာတွေ မဖြစ်ကြသေးတာ ရှိကြသလို. ဆိုးတာတွေလုပ်နေပေမယ့်လည်း ဆိုးတာတွေမဖြစ်ကြသေးတာရှိတတ်ပါတယ်။ မကောင်းတာလုပ်တဲ့သူတွေပဲ ကောင်းစားပြီး ကောင်းတာလုပ်တဲ့သူတွေဆိုးနေရလို့ ငါလည်းမကောင်းတာလုပ်မယ်ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ ဗုဒ္ဓရဲ့အဆုံးမတွေဟာ တစ်ဘ၀ထဲကိုကွက်ကြည့်ပြီး.. ကောင်းတာတွေလုပ်နေတာ ကောင်းတာလည်း ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး။ သံသရာနဲ့ နှိုင်းယှဉ်တွေးတောကြည့်ရမယ့် အသိဥာဏ်နဲ့ယှဉ်တဲ့ အဆုံးမတွေပါ။ လက်ရှိမှာ ကောင်းတာတွေလုပ်နေပေမယ့် ကောင်းတာတွေဖြစ်မလာတာဟာ အတိတ်ကံအကျိုးပေးတွေနဲ့ သက်ဆိုင်ပါတယ်။ အတိတ်ကံမှာ သူများချစ်ခြင်းပျက်ဆီးအောင်၊ သူတစ်ပါးချစ်ခြင်း ကွေကွင်းစေအောင် နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တာတွေ၊ ကာမေသုကံကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေ၊ တစ်ပါးသူတွေ ချစ်ခင်နေကြတာကို စိတ်ဝမ်းကွဲအောင် ဂုန်းလျောခဲ့တာတွေ စသည့်အချက်တွေဟာ အချစ်ကံဆိုးခြင်းရဲ့ အတိတ်အကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ လက်ရှိအချစ်ကံတွေ ကိုယ်ကကောင်းအောင်လုပ်နေပေမယ့် အတိတ်ကဆိုးကံပါလာတဲ့အတွက် အချစ်ကံတွေ ဆိုးနေရတဲ့အချက်တွေပါပဲ။

အထက်ပါအချက်တွေဟာ အချစ်ကံဆိုးနေတဲ့သူတွေ အချစ်ကံကောင်းသွားစေနိုင်အောင်၊ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်မြတ်နိုးတတ်စေနိုင်ဖို့အတွက်.. ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဟောပြဆုံးမချက်တွေပါပဲ။ တကယ်လည်း လက်ရှိမျက်မှောက်မှာ ဖြစ်ပျက်နေတဲ့ လက်ရှိအဖြစ်ပျက်တွေကို ဘုရားရှင်၏တပည့်သားတစ်ပါးတစ်နေနဲ့ လူငယ်တွေ လမ်းလွှဲမရောက်ရအောင် နားလည်လွယ်အောင် စေတနာမေတ္တာအပြည့်နဲ့ ဟောပြဆုံးမပေးတဲ့ အင်မတန် တန်ဖိုးရှိတဲ့ မေတ္တာစကားတွေပါပဲ။ တကယ်တော့ ကိုယ့်ချစ်သူအပေါ်မှာ စစ်မှန်တဲ့မေတ္တာနဲ့ သစ္စာရှိရှိ မချစ်နိုင်တာဟာ ဗုဒ္ဓဘာသာရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ကံနဲ့ကံရဲ့အကျိုးကို မယုံကြည်ခြင်းပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်ဆိုတဲ့ ကံနဲ့ကံရဲ့အကျိုးအပေါ်မှာ မယုံကြည်ခြင်းပါ။ ကိုယ်မဟုတ်တာလုပ်တာ သူသိတာမှတ်လို့ဆိုပြီး လုပ်ချင်တာလုပ်တာဟာ ကိုယ့်ကိုယ်ကိုမကြည်ညိုတဲ့စိတ်တွေ များသထက်များအောင် အားထုတ်နေတာနဲ့တူပါတယ်။ သူတစ်ပါးမသိအောင် လိမ်ညာနေရတဲ့အတွက်လည်း အနည်းဆုံး ဗုဒ္ဓဘာသာရဲ့အခြေခံဖြစ်တဲ့ ငါးပါးသီလတောင် ပျက်ပြားသွားရပါတော့တယ်။ ဒီတော့ တစ်လိမ်ပေါ် နှစ်လိမ်ဆင့်ပြီး အကုသိုလ်တွေများသထက် များရပါတော့တယ်။ အကုသိုလ်တွေများလာခြင်းရဲ့အကြောင်းဟာ အဆိုးကံတွေဖြစ်သထက်ဖြစ်ဖို့လမ်းကို အရောက်မြန်သွားစေတဲ့ အချက်ပါပဲ။ နောက်ဆုံးတော့.. ကိုယ်က သစ္စာမစစ်တဲ့အချစ်တွေ သူများကိုပေးတော့.. ကိုယ့်အပေါ်လည်း သစ္စာမရှိတဲ့အချစ်တွေ ပေးတဲ့သူနဲ့ပဲ ဆုံဆည်းကြရတော့တာပေါ့။

အထက်မှာဖော်ပြခဲ့တဲ့အကြောင်းရာတွေဟာ အချစ်ကံဆိုးစေတဲ့အချက်တွေနဲ့.. အချစ်ကံဆိုးစေတဲ့ အကြောင်းရင်းတွေပါပဲ။ လူသားအများစု မကင်းနိုင်တဲ့အချစ်ကို ဘယ်သူမဆို အချစ်ကံကောင်းချင်ကြမယ်ဆိုတာ မလွဲပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ဆောင်နေတဲ့ အချစ်နဲ့ပတ်သက်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ အပြုမှုတွေဟာ အချစ်ကံဆိုးစေတဲ့အချက်တွေလား၊ ဒါမှမဟုတ် အချစ်ကံကောင်းစေတဲ့အချက်တွေလား ဆိုတာတော့ သေချာစမ်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကအချစ်ကံကောင်းအောင် သစ္စာရှိရှိ အကောင်းကံတွေ ချစ်နေပေမယ့် အချစ်ကံတွေဆိုးလာရင်လည်း အတိတ်ကံအကြောင်းတရားတွေကြောင့် ဖြစ်လာတယ်ဆိုတာကို နားလည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်နေနဲ့ အတိတ်ကံလည်း ဆိုးတာတွေလျော့နည်းလာအောင်.. လက်ရှိတွေ့ကြုံနေတဲ့ အချစ်ကံဆိုးတွေကို အကောင်းကံအချစ်တွေ ဖြစ်သထက်ဖြစ်လာအောင် သစ္စာတရားကို လက်ကိုင်ထားခြင်းဟာ အဓိကအခြေခံအချက်ပါပဲ။

ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ ဟောပြဆုံးမပေးတဲ့ ဥပမာအတိုင်းဆိုရင်တော့.. အချစ်ကံတွေကောင်းပြီး အကောင်းကံတွေဖြစ်ချင်ရင်တော့ ပက်ပယ်စက်စက်ရိုးသားလိုက်စမ်းပါ ဆိုတာပါပဲ။ ဒီစကားလေးဟာ ရှင်းရှင်းလေးနဲ့ အင်မတန် လေးနက်ပါတယ်နော်။ ဒီတော့ ဘယ်သူတွေဘယ်လောက် သစ္စာမရှိနေနေ.. ဘယ်သူတွေပဲ မိုးခါးရေသောက်နေပါစေလေ.. ပြုသူအသစ်ခံရသူအဟောင်းဆိုတဲ့အတိုင်း ဆိုတာလေးကို အရင်ဆုံး နှလုံးသွင်ဆင်ခြင်လိုက်ပါ။ ကိုယ့်အပေါ် သစ္စာမရှိတဲ့အချစ်တွေနဲ့ ချစ်လာခဲ့ရင်လည်း ကိုယ်ပေးဆပ်ရမယ့် အဟောင်းကြွေးတွေကျေသွားအောင် ဆပ်ပေးတဲ့အတွက် ကျေကျေနပ်နပ်ခွင့်လွှတ်လိုက်ပါ။ သူ့အတွက်တော့ အကုသိုလ်ကံအသစ်တွေကို ဘ၀သံသရာမှာ ခန္ဓာနဲ့ပေးဆပ်အုံးမှာပါလားဆိုပြီး ဂရုဏာသက်လိုက်ပါ။ ကိုယ့်အနေနဲ့လည်း အချစ်ကံဆိုးတွေ ထပ်မဖြစ်ရအောင် ကိုယ်ချစ်ရတဲ့သူကို သစ္စာရှိရှိနဲ့ရိုးရိုးသားသား ချစ်လိုက်ပါလို့ ပြောချင်မိပါတယ်။ ကဲ.. အချစ်ကံဆိုးတွေ ပျောက်စေချင်တယ်ဆိုရင်တော့ အကောင်းကံတွေ အမြဲချစ်နိုင်အောင် ကြိုးစားလိုက်ပါလို့ ပြောလိုက်ပါရစေ။ အချစ်ကံဆိုးတွေနဲ့ ဝေးနိုင်ကြပါစေ..။

မှတ်ချက်။ ။ ဆရာတော်အရှင်ဆန္ဒာဓိက၏ “အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်” ဆိုတဲ့ဓမ္မစာအုပ်ကို မှီငြမ်းကိုးကား၍ ရေးသားထားပါသည်။

Source : http://www.dhammamittar.com/ (မောင်ကောင်း)
photo credit to rkar25.wordpress.com

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ

လာလည်နိုင်ပါတယ် ( www.infinitydhamma.com)

အသံမဲ့ ချစ်ခြင်းမေတ္တာ

“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစားစပီကာမှ ချိုသာသောအသံသည် ရပ်ကွက်တိုင်းသို့ ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီသောခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော်လှည့်ရောင်းနေသော ဆွံအနားမကြားအဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။

ကျွန်မအသက်နှစ်ဆယ်ကျော်လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်ရှိခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင် နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။ ကျွန်မအရွယ် ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ကျွန်မထိုးမပစ်တတ်။ ထိုကလေးများကို ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။

အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ် အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသောပစ္စည်းမှာ အမေအပျိုတုန်းက ဘေးအိမ်မှအဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊ အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို ထုတ်ကြည့်နေတတ်သည်။

“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင် ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန် အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။ ထိုအပြုအမူကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊ မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။ အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။ စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာထွက်သွားသော ကျွန်မကိုကြည့်ရင်း အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။

အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။ ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။ လူအ,ကြီး၏သမီးအဖြစ် လူတိုင်းလိုလိုသိနေသော နေရာမှထွက်သွားနိုင်ရန် ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြုကုန်ကြပြီဖြစ်သော အစ်ကိုများ၏ ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည် ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကိုဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး ဤရွာလေးကို စွန့်မည်။

++++++++++++ +++++++++++++

အဖေသည် အမေရှိစဉ်ကချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏မီးရောင်မှိန်မှိန်အောက်တွင် ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သောအပြုံးနှင့် ပါးစပ်မှ ၀ူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ အောင်စာရင်းထွက်သောနေ့ဖြစ်သည်။

တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ် ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို ကျွန်မခူးထည့်ပေးလိုက်သည်။

“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်း သိသော်လည်း ကျွန်မစိတ်ကို ခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမူအရာကြောင့်ဖြစ်မည်။ ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး မူးနေခဲ့သည်။

အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့် ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။ ကျောင်းပြီးတော့ ရွာနှင့်မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင် မူလတန်းပြဆရာမအဖြစ် ကျွန်မအလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော အမှားများအတွက် အဖေ့ကို ဝန်ချတောင်းပန်ရဦးမည်။

ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။ သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ့်လှိမ့်ဖြင့် မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။ အဖေသည် သေလုမြောပါးဖြစ်နေသော ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏ ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင် သွေးပေါင်များ ကျနေခဲ့သည်။

အဖေမှာ ကိုယ်လက်အမူအရာများဖြင့် ဆရာဝန်အား ကျွန်ကို ကြိုးစားကယ်တင်ဖို့ တောင်းဆိုနေသည်။

“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”

ဆရာဝန်၏ပြောစကားကို အစ်ကိုက လက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။ ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊ ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိတော့သော အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြပြန်သည်။ သဘောမှာ.....

ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။ ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ငွေတွေကို ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။
အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊ ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင် ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီးပေးပါ့မယ်။ ကြိုးစားပြီး အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို တွေ့ကြုံဖူးသော်လည်း အဖေ့အမူအရာကိုကြည့်ပြီး ဆရာဝန်များနှင့် နပ်စ်များလည်း မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝမျက်ရည်မကျခဲ့....

အဖေ၏ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား ယုံကြည်မှုနှင့်ဆုံးဖြတ်ချက်ကိုပေးခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။ ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို ပွတ်သပ်ပေးပြီး ပါးစပ်မှားလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။

“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”

ကျွန်မဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။ အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက် အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။

တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသောအရိပ်ဖြင့် ပါးစပ်ကြီးဟလျှက် တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏ ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ်ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမူများကို အမှတ်အတေး မထားတတ်သော၊ အဖေ့၏ခွင့်လွှတ်တတ်သော စိတ်တို့ကြောင့်ပင် ကျွန်မအသက် ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

++++++++++++++++++

တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိကျန်းမာလာခဲ့သည်။ ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့ ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို ကျွန်မနှင့်အတူနေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရမနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အ,ကြီး၏သမီး” ဟု အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့ အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။

အဖေ၏စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။ ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့ပြီး အားရကျေနပ်စွာပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ အကြော်ရောင်းနေတတ်သည်။

လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့လိုသည်။ ခံယူမျှဝေတတ်ဖို့ လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို ဆွံအနားမကြားသောဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ခွန်အားကို သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့ တွန်းပို့ပေးခဲ့သည်။

“အနားပဲ့သောနေရာကို မကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည်ဝိုင်းစက်၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို လျစ်လျူရှုသော် လူတိုင်းသည်လူကောင်းဖြစ်၏”

မူရင်း-- http://soul.cn.yahoo.com/ypen/20120621/1127069.html ကို မြန်မာမှုပြုပြီး ဆီလျှော်အောင် ပြန်ဆိုရေးသားသည်။

နိုင်းနိုင်းစနေ (Friday, April 28, 2006)

'တစ်ဖက်သားရဲ့ အကုသိုလ်ကို ပြိုင်ပြီးတော့များ မကျင့်လိုက်လေနဲ့။ သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့...."

တစ်ဖက်သားရဲ့ အကုသိုလ်ကို ပြိုင်ပြီးတော့များ မကျင့်လိုက်လေနဲ့။ သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့။
တစ်ခါတုန်းက ကရင်တစ်ယောက်ဟာ မြန်မာမိတ်ဆွေဆီကို အိမ်လည်သွားတယ်။ အိမ်ရောက်တော့ ကရင်စီးလာတဲ့မြင်းကိုကြည့်ပြီး မြန်မာမိတ်ဆွေက “ကျွန်တောစီးကြည့်ချင်တယ်ဗျာ”လို့ ပြောတယ်။ ကရင်ကလည်း စီးပေါ့။ အဲဒါနဲ့ ဟိုဘက်ရွာထိပ်၊ ဒီဘက်ရွာထိပ် အပြန်ပြန်အလှန်လှန် စီးလိုက်တာ မြင်းခမျာ ဖတ်ဖတ်ကိုမောရောတဲ့။
ကရင်မိတ်ဆွေက သူ့မြင်းမောနေတာကို ကြည့်ပြီး “ဒင်းကိုလည်း လက်စားပြန်ချေမှပဲ”ဆိုပြီး မြန်မာမိတ်ဆွေရှိတဲ့ လှေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း အပြန်ပြန်အလှန်လှန် စီးပစ်လိုက်ရောတဲ့။ အားရအောင်စီးပြီး လှေကမမောဘဲ ကိုယ်တိုင်ပဲမောနေတာဆိုတော့ ကရင်မိတ်ဆွေက ဘာပြောသလဲဆိုတော့ “နင့်ကိုလက်စားချေရတာ ငါပဲမောတယ်”လို့ ပြန်ပြောလိုက်တယ်တဲ့။
ရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)
(အချစ်နှင့်ဝိပဿနာစာအုပ်မှ) နှလုံးသားအာဟာရ

တပ်ဦးဗိုလ်ချုပ်

graphical counter
တပ်ဦးဗိုလ်ချုပ်ကို ရန်သူနဲ့ ရန်သူ့ဘက်တော်သားတွေက စုပြုံပစ်ခတ်ကြတာဟာ ဓမ္မတာပဲ။ ဆရာတော်ဦးဝီရသူဟာ ဘင်္ဂါလီကျူးကျော်မှုကာကွယ်ရေးမှာ အမျိုး၊ဘာသာ၊သာသနာကာကွယ်ရေးမှာ ကာချုပ်တစ်ယောက်အဆင့်ရှိပါတယ်။ အမျိုးသားရေးအင်အားစုများရဲ့ ဦးဆောင်ဗိုလ်ချုပ်ကြီးသဖွယ်ဖြစ်ပါတယ်။ သစ်ပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း ဆရာတော်ဦးဝီရသူရဲ့ လုပ်ဆောင်ချက်တွေ၊ ဟောပြောချက်တွေကလည်း ထိရောက်လေတော့  မတရားတဲ့နည်းနဲ့ ဘာသာရေးနယ်ချဲ့လိုသူတွေနဲ့ ဘင်္ဂါလီဓားရိုးကမ်းချင်သူတွေအတွက်တော့ ဦးဝီရသူဟာ သူတို့ မျက်စိထဲ ငါးစင်ရိုင်းဝင်သလို ဖြစ်နေပါတော့တယ်။ ဒါကြောင့်လည်း ဆရာတော်က အမျိုးသားရေးတရားတစ်ပုဒ်ဟောလိုက်တိုင်းမှာ ဘင်္ဂါလီတွေနဲ့ ဘင်္ဂါလီဓားရိုးကမ်းတွေဆီကနေ ဆဲသံတွေက ညံ ကနဲထွက်လာလေ့ရှိပါတယ်။

ဘင်္ဂါလီတွေ မွတ်ဆလင်တွေဟာ အစိုးရကို မကြောက်ပါဘူး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ကြက်တူရွေးလို အော်ဖို့ကလွဲရင် အမျိုး၊ဘာသာ၊သာသနာကို အလေးအနက်မထားတဲ့ နိုင်ငံရေးသမားတွေကို မကြောက်ပါဘူး။ ဦးဝီရသူကိုတော့ ဖင်တုန်အောင်ကြောက်ကြပါတယ်။ အမျိုး၊ဘာသာ၊သာသနာအတွက် အသက်ပင်စွန့်ရဲတဲ့ ရဟန်းထုအပေါ်၊ လူထုအပေါ်သြဇာကြီးမားတဲ့ ဦးဝီရသူကို အစိုးရကလည်း အတော်ရှိန်ပါတယ်။

နိုင်ငံရေးပါတီတွေက ပါတီဝင်များဖို့၊ မဲရဖို့လောက် အာရုံစိုက်နေကြတော့ ဦးဝီရသူက မနေနိုင်လို့ ဘယ်သူမှမပြောရဲတာကို လူမုန်းခံပြီး ၁၃မိနစ်စာလေး ဟောပြောပါတယ်။ ဆရာတော်က NLD တစ်ပါတီတည်းကို ဝေဖန်တာလည်း မဟုတ်ပါဘူး။  ဒီ ဟောပြောချက် ဗီဒီယိုခွေလေးမှာပါတီတစ်ခုတည်းကို မဟုတ်ဘဲ NLD၊ ကြံ့ခိုင်ရေး၊ ၈၈ မျိုးဆက် အကုန်ပါပါတယ်။ ပြည်သူတွေကို ဆုံးမတာလဲပါပါတယ်။ ခုလိုပြောတာကလည်း အပုတ်ချချင်လို့ဆိုတာထက် ဆရာဝန်တစ်ဦးက လူနာမှာ ကင်ဆာဆဲလ်တွေစဖြစ်နေပြီဆိုတာကို ရောဂါမရင့်ခင်မှာ ကုသနိုင်အောင် စေတနာနဲ့သတိပေးပြောပြတဲ့သဘောပါ။ဒီအခွေနဲ့ ပတ်သတ်ပြီး NLDပါတီရုံးက ကုလားအိမ်မှာဖွင့်ထားလို့ ကုလားက ခွင့်မပြုလို့ အာဇာနည်နေ့မှာ ဘုန်းကြီးတောင် ဆွမ်းကပ်ခွင့်မရဘူးလို့ အဖြစ်မှန်ကို ဟောလိုက်တော့ မွတ်ဒေါင်းတွေ ခြေထောက်အနာပေါ် ငရုတ်ဆုံပြုတ်ကျသလို ဆတ်ဆတ်ခါ နာကုန်ကြတယ်။
တကယ်ဆို ပါတီတွင်းအဖြစ်မှန်ကို ပြောပြတဲ့ ဆရာတော်ကို ကျေးဇူးတင်ရမှာ။တကယ်နာသင့်တာ စိတ်ဆိုးသင့်တာက  အာဇာနည်နေ့မှာ ဗုဒ္ဓဘာသာအများစုရှိတဲ့ NLDကို ဗုဒ္ဓဘာသာဘုန်းကြီးကို ဆွမ်းကပ်ခွင့်မပေးတဲ့ ကုလားကို စိတ်ဆိုးရမှာ နာရမှာ။ ကုလားရဲ့ မယားပါသားသမီးမွတ်ဒေါင်းတွေက  ကုလားကို မနာဘဲ ဆရာတော်ကို ၀ိုင်းဆဲကြပါလေရော။

ဆရာတော်ကို အရပ်ထဲမှာ အတင်းလှည့်တုတ်တဲ့ မိန်းမနဲ့ နှိုင်းဆဲကြတယ်။ သီလပျက်တယ်ပြောတယ်။ ပလ္လင်ပေါ်မှာ ငုတ်တုတ်ထိုင်တရားဟောတယ်ပြောတဲ့ သူကရှိသေးတယ်။ ဆရာတော်က ပလ္လင်ပေါ်မှာ ငုတ်တုတ်ထိုင်တရားမဟောလို့ ကင်းမီးကောက်ထောင်ပြီး တရားဟောရမှာလား? သာသနာ့ဝတ်ရုံခြုံပြီး ဘာသာရေးမုန်းတီးမှုတွေ လုပ်တယ်ပြောကြတယ်။

 ဆရာတော်ဦးဝီရသူဆိုတာ အွန်လိုင်းမှာ ကီးဘုတ်သမားလောက်မဟုတ်ဘူး။ မန္တလေးက ပထမသံဃာ့အရေးအခင်းဆိုတာ အမျိုးသားရေးတရားတွေဟောလို့ဆိုပြီး ဦးဝီရသူကို ဖမ်းတာကနေစဖြစ်ခဲ့တာ။ အမျိုးသားရေးလုပ်လို့ ထောင်ကပြန်ထွက်လာတာတောင် မကြာသေးဘူး။  ဘုန်းကြီးနဲ့မဆိုင်တာတွေ လုပ်နေတယ်ပြောကြလို့ ဆရာတော်ဟာ
မြန်မာပြည်ပရိယတ္တိသာသနာမှာ နာမည်ကျော်မစိုးရိမ်တိုက်က စာချဆရာတော်ကြီးပါ။ မြတ်စွာဘုရားအလိုတော်အတိုင်း စာချပြီးပရိယတ္တိသာသနာပြုနေသူပါ။ ဓမ္မကထိကတွေထဲမှာ လူဝတ်ကြောင်တွေသာမက ရဟန်းတော်များပါ ထူးထူးခြားခြား ကြည်ညိုခြင်းကိုခံရတဲ့ဆရာတော်ပါ။ ဘုန်းကြီးဟောတဲ့တရားတွေ ဘုန်းကြီးတွေ သီလရှင်တွေ ရာနဲ့ချီပြီးနာကြားကြတာ ဆရာတော်ဦးဝီရသူတရားပွဲမှာပဲ တွေ့ရပါတယ်။
အမျိုးသားရေးအတွက် ဦးဆောင်လုပ်မဲ့လူမရှိလို့ ဆရာတော်က သင်္ကန်းဝတ်ထားပေမဲ့ လုပ်နေရတာဖြစ်ပါတယ်။

ပါတီကို အပြုသဘောနဲ့ ဝေဖန်တာကို ဆတ်ဆတ်ခါ နာတတ်ပြီး ဗုဒ္ဓသာသနာတော်ကြီးကို ပါတီလောက်တောင် တန်ဖိုးထားမချစ်တတ်တဲ့သူတွေ များနေရင်တော့ တိုင်းပြည်အနာဂတ်မကောင်းဘူး။
 အမျိုး၊ဘာသာ၊သာသနာအတွက် နာရကောင်းမှန်းမသိဘဲ ပါတီထဲမှာ ကြီးစိုးနေတဲ့ မွတ်ဆလင်ကိစ္စကို ထောက်ပြတာကို အမျိုးသားရေးခေါင်းဆောင် ဘုရားသားတော် တစ်ပါးကို စော်ကားတဲ့ ပါတီဝင်တွေ များနေရင် အဲဒီ ပါတီဟာ ခေါင်းဆောင်ဘယ်လောက်ကောင်းကောင်း တစ်နေ့ကျဆူံးမှာပဲ။ NLDဟာ ခုချိန်မှာတောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းမျက်နှာကြောင့် လူထုထောက်ခံမှု ဒီလောက်ရရှိနေတာပါ။
ဒီလိုသာ မွတ်ဆလင်တွေပါတီထဲမှာ များလာမယ် မွတ်ဆလင်ကို ထိတာနဲ့ဆတ်ဆတိခါနာတတ်တဲ့ မွတ်ဒေါင်းတွေများလာမယ်ဆိုရင်  ဒေါ်စု အလွန် NLD ရဲ့အနာဂတ်ဟာ မလှပနိုင်ပါဘူး။အမျိုးသားရေးဝါဒီတွေရဲ့ ဒဏ်ခတ်တာ ခံရပါလိမ့်မယ်။
 ခုနေမှာ ရွေးကောက်ပွဲက လိုသေးလို့ ပါတီအကျိုးအတွက် ပါတီထဲမှာ မွတ်ဆလင်တွေကြီးစိုးနေတာတွေကို ပြင်မယ်ဆိုရင် သာသနာထက် မွတ်စ်ကိုပိုချစ်တဲ့ မွတ်ဒေါင်းတွေကို ဖယ်ရှားမယ်အရေးယူမယ်ဆိုရင်တော့ အချိန်မီပါသေးတယ်။

ဘကတအဖွဲ့က သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်လုံးကို ထောက်ခံပါတယ်။ ဒါပေမဲ့ အမျိုးသားရေးအတွက် ထိခိုက်မဲ့ကိစ္စတွေကိုတော့  ကြံ့ခိုင်ရေးနဲ့ NLD ပါတီတွေ အပါအ၀င် ပါတီအားလုံးကို ဘယ်ပါတီကိုမဆို ပြတ်ပြတ်သားသားဝေဖန်မှာဖြစ်ပါတယ်။

ဘင်္ဂါလီကျူးကျော်မှုတားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့
23.02.2013

Sunday, February 24, 2013

သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

graphical counter
သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ…

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…

ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…

ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”

“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…

မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…

အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…”

တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…

သူဘာအကြံအစည်တွေရှိနေပါလိမ့်…

ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”

ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”

ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…

နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်…

“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…

အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကိုကောက်ထိုးလိုက်တယ်…

“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”

ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…

မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…

ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…

တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…

“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…

“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်…

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…

“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…

“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…

“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…

“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…

မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….

ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…

အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…

သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…

ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….

ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…

“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…

ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…

“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”

ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”

“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”

သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…

ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…

ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…

“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”

ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…

နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ… လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…

“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…

ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး… သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ… နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေးမရှိတော့ပါဘူးလေ…

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…

နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…

ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…

ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…

သူလဲ နိုးလာပြီ…

သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”

ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…

“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”

အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…

“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…

ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…

“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…

သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…”

ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…

ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…

“စားတော့…”

ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…

“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…

“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….

စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…”

“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…

သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…

သူလဲ ငြိမ်သက်သွားတယ်…

အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…

ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝဟာတာတာဖြစ်သွားတယ်…

စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…

အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…

“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…

အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…

“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”

ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…

ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…

ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”

ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…

အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…

ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…

“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…

ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!

နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?

“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”

“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”

သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…

“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ… “ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”

ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…

“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”

ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…

ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…

မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်…
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…

သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…”

ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”

“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”

“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…

“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…

“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…

“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…

“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…

အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…

ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်…

ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…”

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…

{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…

@[1203802796:2048:Zane]
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ <3

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…

{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥