Monday, August 17, 2015

“မပြောမပြီး မတီးမမြည်”


တက္ကသိုလ်နယ်မြေတစ်ခု ရောက်တဲ့အခါ ပျိုမျစ်နုနယ် ချစ်စဖွယ် ကောင်မလေးတွေကို မြင်တွေ့နေရတာ စိတ်ကြည်လင်ချမ်းမြေ့စရာပါ။ (မှတ်ချက်။ ။ ယောက်ျားလေးများမပါ။) ဒီတော့လည်း ကျောင်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားပေမယ့် အချိန်ဘယ်လောက်ကြာကြာ ပင်ပန်းတယ်လို့ မထင်မိပေါင်။
ကင်းဘရစ်ခ်ျတက္ကသိုလ် ပရဝုဏ်ထဲ အဲဒီလို လျှောက်သွားနေရင်း ရှေးခေတ် အဆောက်အအုံတစ်ခု ဝင်ပေါက်မှာ ဟိုဘွားတော်ကြီး ဓာတ်ပုံနဲ့ ဆိုင်းဘုတ်တစ်ခု ထောင်ထားတာ ဗြုံးကနဲ တွေ့တယ်။ ခေါင်းစဉ်က “အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်စဉ်” ဆိုလားပဲ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအခေါက် နေအိမ်အကျယ်ချုပ်က မလွတ်သေးဘူး။
ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်က အောက်စဖို့တက္ကသိုလ်ထွက် မဟုတ်လား။ ပြိုင်ဖက် ကင်းဘရစ်ခ်ျမှာ တခမ်းတနား ဟောပြောပွဲ ကျင်းပပြီး ဆွေးနွေးကြတာ စိတ်ဝင်စားစရာပဲ။ ဟောပြောပွဲလုပ်နေတာ အချိန်တောင် အတော်ကြာနေပြီဆိုတော့ ကျနော်လည်း အထဲကို ကပျာကယာ ဝင်ပြီး နားထောင်ပါတယ်။ ရှေးခေတ် သစ်သားခုံတန်းကြီးတွေနဲ့ ခန်းမထဲမှာ ပရိသတ်အပြည့်လောက်ရှိတယ်။ ဖျတ်ကနဲ ကြည့်လိုက်တော့ လူဖြူအများစုပါ။ မြန်မာပုံ၊ အာရှသားရုပ်မျိုး သိပ်မတွေ့မိဘူး။ ဟောပြောသူကလည်း အင်္ဂလိပ်အမျိုးသား ပရော်ဖက်ဆာ တစ်ယောက်ပါပဲ။ (ကျနော် နာမယ်မေ့နေလို့ခင်ဗျ။)
တစ်ပိုင်းတစ်စ ကြားဖြတ်ပြီး ကျနော်ဝင်ထိုင်လို့ ၁၀ မိနစ်လောက်ကြာတော့ ဟောပြောပွဲပြီးသွားပြီး အမေးအဖြေကဏ္ဍ လုပ်ပါတယ်။ မေးခွန်းအများစုက သမရိုးကျ ဖြစ်ပေမယ့် နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ရဲ့ မေးခွန်းကတော့ ထူးခြားပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာ မြန်မာတစ်ပြည်လုံး ပြည်သူလူထုက ဒီမိုကရေစီ တောင်းဆိုနေချိန်၊ စစ်တပ်က ဘာဖြစ်လို့ပြည်သူ့ဖက်က မပါခဲ့တာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်ကယ်လို့သာ စစ်တိုင်းမှူး၊ တပ်မမှူးတစ်ယောက်က ဒီမိုကရေစီအလံကို လွှင့်ထူပြီး ပြည်သူ့ဖက်က ရပ်တည်တယ်လို့ ကြေညာလိုက်ရင်၊ မြန်မာနိုင်ငံအခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်။ အဲဒီတပ်မှူးလည်းပဲ အမျိုးသားသူရဲကောင်းအဖြစ် ပြည်သူလူထုရဲ့ ချစ်ခင်ကြည်ညိုမှုကို ခံယူပြီး နောင်တစ်ချိန်မှာ ဖိလိပိုင်ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်လို ဂုဏ်သရေရှိ သမ္မတကြီးတောင် ဖြစ်လာနိုင်စရာ ရှိတယ်။ ဒါပေမယ့်၊ တပ်မှူးအဆင့် ဘယ်သူမှ တုပ်တုပ်မလှုပ်ခဲ့ကြတာ ဘာကြောင့်လဲ၊ ဟောပြောတဲ့ ပရော်ဖက်ဆာက အဲဒီမေးခွန်းကို “very good question” လို့ ချီးကျူးတဲ့အပြင် ပရိသတ်ကလည်း လက်ခုပ်တီးကြတယ်။
ပရော်ဖက်ဆာက သိပ်အရှည်ကြီးမဟုတ်ပေမယ့် တော်တော်ခြုံငုံပြီး ဖြေကြားပါတယ်။ မြန်မာစစ်တပ်ရဲ့ တပ်မှူးတွေဟာ (၁) လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်မှု မကင်းသူတွေ ဖြစ်ကြတယ် (၂) တရားမဝင် ရရှိပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အမြောက်အမြားနဲ့ ကျိကျိတက် ချမ်းသာကြွယ်ဝသူတွေ ဖြစ်ကြတယ်။
ဒါကြောင့် စစ်အစိုးရပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရ အုပ်ချုပ်ရင် သူတို့ကို ခုံရုံးတင် အပြစ်ပေးခံရမှာနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမှာကို သေမလောက် ကြောက်ကြတယ်။ ပြီးတော့၊ တိုင်းပြည်နဲ့ ပြည်သူလူထုကို တစ်စက်မှ စေတနာမရှိတဲ့ ကိုယ်ကျိုးသက်သက် အတ္တသမားတွေသာ ဖြစ်လို့ လက်ရှိအနေအထားကို အင်မတန် ကျေနပ်သာယာနေပြီး စွန့်လွှတ်ဖို့ လုံးဝ စိတ်ကူးမရှိကြဘူး။ ဒါကြောင့် အာဏာရှင်စစ်အစိုးရကိုသာ သစ္စာစောင့်သိရိုသေပြီး ပြည်သူ့ဘက်ကို မပါတာ ဖြစ်ကြောင်း ဖြေသွားတယ်။
တစ်ဆက်တည်းပဲ သူပြောတာက တပ်မတော်ခေါင်းဆောင်တွေရဲ့ အဲဒီလို ကြောက်ရွံ့စိုးရိမ်မှုကို ဒေါ်အောင်ဆန်းစုကြည်က နားလည်တဲ့အတွက် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါကြောင့်၊ သူက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး (national reconciliation) လုပ်နိုင်အောင် တွေ့ဆုံဆွေးနွေးရေး (dialogue) ကို တောင်းဆိုနေတာ ဖြစ်တယ်။
အဲဒီအချိန်က ပြည်တွင်းပြည်ပမှာ dialogue, dialogue နဲ့ တော်တော်ကို အသံကျယ်လောင်ခဲ့တာ မှတ်မိကြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတဲ့ ရည်ရွယ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေကို အပြစ်မှ ခွင့်လွှတ်ရေးကိစ္စ တိုင်ပင်ဆွေးနွေးဖို့ ဖြစ်သလို၊ တစ်ဖက်ကလည်း သေဆုံး၊ ဒုက္ခရောက်၊ ထောင်ကျခံရတဲ့ ပြည်သူလူထုကို ကျေရာကျေကြောင်း ဖျောင်းဖျနားချရမှာ ဖြစ်လို့ တော်တော်ခက်ခဲတဲ့ကိစ္စ ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်သွားပါတယ်။
ကျနော်ကတော့ မြန်မာတစ်ယောက်အနေနဲ့ ဆက်ပြီး တွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီပြဿနာကို ဖြေရှင်းမှသာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်နိုင်မှာပါ။
ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလေတိုင်း ၄၈ ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင်ဆိုတာတွေနဲ့ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ ခေါက်နေကြတော့ အလုပ်မဖြစ်ဖူးမဟုတ်လား။
အဓိကကျတဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ လူထုကိုယ်စားပြု ဒေါ်အောင်ဆန်းစုကြည်တို့ တံခါးပိတ်တွေ့ဆုံပြီး တေ့တေ့ဆိုင်ဆိုင် ပြောဆိုဆွေးနွေးရင် ညှိနှိုင်းလို့ ရမယ်ထင်ပါတယ်။
ဪ… ပြီးတော့၊ အဲဟို ပရော်ဖက်ဆာ ပြောသွားတဲ့အထဲမှာ မပါတဲ့ကိစ္စတစ်ခုကို ကျနော်ကတော့ မြန်မာတစ်ယောက်မို့ သိနေတယ်ခင်ဗျ။
ဖိလိပိုင်ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်ဟာ အမေရိကန်စစ်တက္ကသိုလ်က ဘွဲ့ရပါတယ်။ အီလီနွာတက္ကသိုလ်မှာ အင်ဂျင်နီယာ ပညာသင်ကြားခဲ့ပြီးမှ ဖိလိပိုင်စစ်တပ်မှာ ဝင်ရောက်အမှုထမ်းသူ ဖြစ်ပါတယ်။ မြို့ပြအင်ဂျင်နီယာလည်းဖြစ်၊ နိုင်ငံခြားမှာလည်း ပညာသင်ဖူးတော့ ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်ဟာ စစ်ရေးအမြင်၊ ခေတ်ရေးအမြင်၊ နိုင်ငံတကာအမြင်တွေနဲ့ အသိဉာဏ်ကြွယ်ဝတဲ့ စစ်ဖက်ခေါင်းဆောင်ကြီးပါ။
ဒါကြောင့်၊ အာဏာရှင် ဖာဒီနန် မာကို့စ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုဖက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့လို့ ဖိလိပိုင်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တာပါ။ ဗိုလ်ချုပ်ကြီး ရာမို့စ်လည်း ပြည်သူက ချစ်ခင်လေးစားပြီး နိုင်ငံတကာမှာ ဂုဏ်သရေရှိ သမ္မတကြီး ဖြစ်လာခဲ့တာပါ။
မြန်မာဗိုလ်ချုပ်တွေကတော့ စစ်ရေးအမြင်ဆိုတာ တစ်ခုတည်းနဲ့ စဉ်းစားဆင်ခြင်ဉာဏ်အားလုံး အမိုက်မှောင်ဖုံး နေကြတာကြောင့် တွေ့ဆုံဆွေးနွေးရေးကို ဝေးဝေးကရှောင်နေကြလေရဲ့။
(မှတ်ချက်။ ။ လူထုဖိုးမောင် ကျနော့ကီးဘုတ်ကို လာလုသွားပြန်ပြီ။)

Sunday, August 16, 2015

graphical counter
အိနိ္ဒယနိုင်ငံတောင်ပိုင်း ဆင်းရဲသားရပ်ကွက်လေးထဲမှ
ယခုအခါ ဂူဂဲလ်ကုမ်္ပဏီကြီး၏ စီအီးအိုဖြစ်လာသူ

==========


ဆန်ဒါပီချိုင်းသည် အိနိ္ဒယတောင်ပိုင်းဒေသရှိ အခန်း ၂ ခန်းပါ အိပ်ခန်းငယ်လေးတစ်ခုတွင် ကြီးပြင်းလာသူဖြစ်သည်။ စတန်းဖို့ဒ်တက္ကသိုလ်မှ ပညာသင်ဆုရရှိချိန်တွင် ဆန်ဖရန်စစ္စကိုသို့ ကျောင်းတက်ရန်သွားရောက်ရသည့် လေယာဉ်ခက ပီချိုင်း၏ဖခင် တစ်နှစ်ဝင်ငွေထက်ပိုများခဲ့သည်။ သို့သော် ထိုရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ်ဖြစ်ထွန်းခဲ့ပြီး ဂူဂဲလ်ကုမ္ပဏီတွင် ရာထူးအဆင့်ဆင့် လျင်မြန်စွာမြင့်တက်လာကာ ယခုအခါ အင်တာနက် ရှာဖွေရေးနှင့် ကြော်ငြာကုမ္ပဏီကြီး၏ အမှုဆောင်ချုပ်ဖြစ်လာခဲ့သည်။
ဆန်ဒါပီချိုင်းသည် ဆက်ဆံရေးကောင်းမွန်ပြီး မှတ်ဉာဏ်အလွန်ကောင်းသူ တစ်ဦးဖြစ်သည်ဟု အပေါင်းအသင်းများကဆိုသည်။ ပီချိုင်း ၁၂ နှစ်အရွယ်တွင် သူတို့အိမ်၌ ပထမဆုံး ဖုန်းတစ်လုံး တပ်ဆင်ချိန်တွင် ထိုသို့မှတ်ဉာဏ်ကောင်းသည်ကို စတင်တွေ့ရှိ ခဲ့ရသည်။ ပီချိုင်းသည် ဖုန်းနံပါတ်တစ်ခုကို တစ်ကြိမ်ဆက်ပြီးလျှင် အမြဲမှတ်မိနေတတ်တယ်။ သို့သော် ပီချိုင်းသည် အများနည်းပညာသရဲများကဲ့သို့ အခန်းအောင်းပြီး ကုဒ်များရေးနေ သူမဟုတ်ဘဲ အထက်တန်းကျောင်းသားဘ၀တွင် ကျောင်းခရစ်ကတ်အသင်းအား ဒေသတွင်းပြိုင်ပွဲတွင် အနိုင်ရရန် ဦးဆောင်နိုင်ခဲ့သည်။
ပီချိုင်း၏ ပညာရေးထူးချွန်မှုကြောင့် စတန်းဖို့ဒ်၌ တက်ရောက်ခွင့်ရချိန်တွင် ကျောပိုးအိတ်အတွက် ဒေါ်လာ ၆၀ ကိုပင် မတတ်နိုင်ခဲ့ဟုဆိုသည်။ စီးပွားရေးလောကတွင် ပိုမိုအာရုံစိုက်နိုင်ရန် PhDဘွဲ့ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။ ပီချိုင်းသည် ချစ်ပ်ထုတ်လုပ်သူ Applied Materials တွင် အလုပ်ဝင်ခဲ့ပြီးနောက် ၀ှတ်တွန်ကျောင်းမှ MBA ဘွဲ့ရခဲ့သည်။
၂၀၀၄ ခုနှစ် ဧပြီဖူးလ်ဒေးတွင်း ဂူဂဲလ်သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုနေ့တွင် ဂူဂဲလ်က Gmail ၀န်ဆောင်မှုကို စတင်ခဲ့ပြီး လူအများက နောက်ပြောင်မှုတစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသည်။ ပီချိုင်းသည် ဂူဂဲလ်တွင် မထင်မရှား လုပ်ငန်းများဖြစ်သည့် Forefox နှင့် IE ဘရောက်ဆာအတွက် ဂူဂဲလ် search bar ဖန်တီးမှုတွင် ပါဝင်ခဲ့သည်။
သို့သော် ဂူဂဲလ်အနေဖြင့် ကိုယ်ပိုင်ဘရောက်ဆာ ဖန်တီးသင့်ကြောင်း ပီချိုင်းကအကြံပြုခဲ့သဖြင့် အများ၏သတိပြုမှုခံခဲ့ရသည်။ အကြံပြုချက်ကို ထိုစဉ်က အမှုဆောင်ချုပ်အီ ရစ်ရှမစ်ကပယ်ချခဲ့သော်လည်း ပီချိုင်းက ဘရောက်ဆာဖန်တီးမှုကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အလွန်အောင်မြင်သည့် Google Chrome ဘရောက်ဆာကို ဖန်တီးနိုင်ခဲ့သည်။
ထို့နောက် ပီချိုင်းသည် လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ကလောက်ဒ်ဝန် ဆောင်မှုအဖြစ်ထားရှိသည်။ ဈေးသက်သာသော chromebook အစီအစဉ်ကိုမိတ်ဆက်ခဲ့သည်။ chrome book များသည် လက်ရှိ ပီစီရောင်းအား၏ ၄ ပုံ ၁ ပုံကို ရယူထားနိုင်သည်။ ၂၀၁၀ တွင် ပီချိုင်းအား ခေါ်ယူနိုင်ရန် တွစ်တာက ကြိုးစားလာသည့်အခါ ဂူဂဲလ်က ဒေါ်လာသန်း ဆယ်ဂဏန်းဆုကြေးပေး၍ ထိန်းသိမ်းခဲ့ရသည်ဟုဆိုသည်။ ဂူဂဲလ်တွင် သစ္စာရှိရှိဆက်ရှိနေခဲ့သည့် ပီချိုင်းမှာ အန်းဒရွိုက်ဌာန အကြီးအကဲဖြစ်လာခဲ့ပြီး ယခုအခါတွင် ဂူဂဲလ်၏အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သည်။

KHTun
The Ladies News Journal

Wednesday, August 12, 2015

NTU ၀င်ခွင့် Essay !

Application Essay for August Intake 2010

Mr.Aung San Htoo
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
As being education age, a person lacks of education is like to be living

in the blind world. Also, a country without enough educated persons can not

live proudly among other countries. My country, Myanmar is also trying to

improve its education standard to be well developed country like other

After completing my first degree - B.C.Sc at the University of

Computer Studies, Mandalay, in 2004, I started working in Diamond Palace

Company Limited as a System Engineer. I worked at the IT department of

Company for networking, web development and other computer related

works. I took responsibility all the IT work in company. Before working in

this company, together with my close friends, I founded a computer center

named ASP (Aspiration Computer Center) in Mandalay. I worked and

managed in the center as part time job.

While working for the Diamond Palace Company, I took Master

degree coursework including thesis research at the same university in

Myanmar. Then I changed part time job as a web developer position during

my studies for master course work.  I was quite difficult for timing to do all

my works - job, study and social charity works, but these struggles made me

some improvements acquired by experiences. In the final year of my B.C.Sc

course, I did a project with group as a team work. The project which was

titled “Space shouting Game developed with C++ programming and DirectX

9” was submitted as a part of the studies for B.C.Sc degree.

When the coursework for the Master of Computer Science degree had

been completed, I started doing my thesis research with title of

“Spreadsheets Data Transformation into Web Database using XSLT.” It was

until November, 2009. My thesis research was in the area of web database

and centralized server using XSLT for spreadsheets data as query processing

and transformation with XML documents on the Web. After completed

thesis research, I submitted research paper which was accepted by PSC

(Parallel and Software Computing) conference in Yangon, Myanmar for

December 31, 2009 (PSC 09 Conference).

Another study along with a project – a networking project that I

recently took was ICTTI Japan Network Engineering Course. This course

was a tough one that I had to do various ways of studies – team-works, daily

reports to be completed before 5:00pm in every study-day. It was for six

month Network Engineering course to acquire networking knowledge as my

final project. I also take part in World Shwegyin Buddish Association

Conference, 2009 in Mandalay as a member of Report & Information

committee for one month.

All studies and experiences shape my life to be more mature and to

get more improvement to aim more success for my career and contribution

for the society I live in. For that aim, my first dream is to get a Master

degree from NTU for my better qualification. I am living with this dream of

being a successful Software Engineer in the IT industry and using my every

experience as an opportunity for my dream come true. Nanyang Technology

University strives to develop a community of learners with a desire to

achieve excellence. Students are fully engaged in the learning process and

participating in many kinds of activities which encourage them active,

experiential, collaborative, and cross-disciplinary learning.  At Nanyang

Technological University, learning Computer Integrated Manufacturing

Programme is very similar to my current academic background. When given

the opportunity to attend NTU, I will uphold the traditions and practices as

stated in the qualifications for the ASEAN Scholarship Award.

If I get a chance to attend the course for Master degree in NTU, I

believe all my knowledge of computer science and qualification will be

improved much better. Furthermore, I can learn not only higher education

but also the industries of the Singapore, a developed country in ASEAN

region. I can also share my knowledge and experiences with my friends from

different countries in my class. At the same time, I will have a chance to

learn some aspects of their cultures and traditions as I believe that knowing

the cultures of each other makes us understand and united for peace and

The main reason why I want to attend the master course in NTU is I

want to serve my country as a better and skillful computer scientist

(engineer) in future. There are many things that I should and can do for my

country after I have studied the higher education in NTU. I’m sure if NTU

gives me the opportunity to attend M.Sc. course, I will try my best to

improve my qualification and to contribute society with what I can and to

serve my country. This is my dream that I’m pursuing for.

Sunday, May 11, 2014

လူငယ်တွေကို ဘယ်နားထားမှာလဲ

ကျွန်တော့်ဘ၀မှာ ကံကောင်းတယ်လို့ ပြောလို့ရတဲ့ အချက်က လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့် ရခြင်းပါပဲ။ ကျွန်တော့်ပင်ကိုယ်ဗီဇကိုက ဆရာလုပ်တတ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် မနေနိုင် မထိုင်နိုင် ပြောတတ်ဆိုတတ်တာကြောင့် ကျွန်တော်ဟာ တစ်ခါတလေမှာတော့ လူငယ်တွေရဲ့ အထင်ကြီး လေးစားသမှုကို ခံရတတ်ပြီး၊ တစ်ခါတစ်ခါမှာတော့ ဆရာကြီးလုပ်လွန်းတယ်လို့ အထင်ရောက် ခံရတတ်ပြန်ပါတယ်။

အခုတလော လူငယ်တွေနဲ့ အလုပ်တွေအတူ လုပ်နေရပြန်တယ်။ တချို့က စွာတယ်၊ တချို့က ပုံမှန်ပဲ၊ တချို့ကျတော့ ပုံမှန်အောက် ရောက်နေတယ်။ ဒါကလည်း အကြောင်းအမျိုးမျိုး ရှိပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံအရတော့ အချိန်တွေဟာ ပုံမှန်ကုန်လွန်နေတာဖြစ်ပြီး၊ ကိုယ်က တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင် နှမျောစရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် ကြုံတိုင်း လူငယ်တွေကို ကျွန်တော် မြှောက်ပေးပါတယ်၊ သူတို့ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်ချလိုက်ဖို့ပါ။ ခက်တာက သူတို့မှာလည်း ဘယ်ဟာကို ဘယ်လို စ လုပ်ရမှန်း မသိဖြစ်နေကြတာပါ။

ကျွန်တော်က လူငယ်တွေကို ကြည့်ရင် ကျွန်တော်နဲ့ ပြန်ပြန်ယှဉ်မိတယ်။ တစ်နေ့က လုပ်ငန်းတစ်ခုကို တာဝန်ခံ ဆောင်ရွက်နေသူကို အသက် မေးကြည့်တော့ အသက်က ၂၃ နှစ်တဲ့။ ကျွန်တော်က အသက် ၂၃ နှစ်မှာမှ အလုပ် စလုပ်တာ ဖြစ်ပါတယ်။ သူကတော့ လုပ်ငန်းတစ်ခုရဲ့ တာဝန်ခံ ဖြစ်နေပြီ၊ နိုင်ငံရပ်ခြားတွေ ဘာတွေလည်း သွားလာခဲ့ပြီးပြီ။ ဒါဆိုရင် တော်တဲ့လူငယ်လို့ ယေဘုယျ ကျွန်တော် ကောက်ချက်ချပါတယ်။

နောက်တစ်ယောက်ကို မေးတော့ အသက်က ၂၅ နှစ်ပါ။ နိုင်ငံရပ်ခြားမှာ ကျောင်းတက်၊ အလုပ် လုပ်ခဲ့လို့ ပြန်လာခဲ့ပြီးနောက် ရန်ကုန်မှာ လုပ်ငန်းတစ်ခုရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံလုပ်နေပါတယ်။ သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျင်နိုင်နင်းစွာ ပြောဆိုတတ်ပြီး အလုပ် လုပ်နေတဲ့ သူ့ကို ကြည့်ရတာ ကျွန်တော်ပါ တက်ကြွလာပါတယ်။ ကျွန်တော် ၂၅ နှစ် အရွယ်မှာ ပထမဆုံးအကြိမ် နိုင်ငံခြားကို ရောက်ဖူးတာပဲ ရှိပါသေးတယ်။ ဒီလူငယ်ကတော့ ဆရာကြီး ဖြစ်နေပါပြီ။

ဒီတော့ လူငယ်တွေထဲမှာလည်း တော်တဲ့သူတွေ ရှိသလို ပုံမှန်အဆင့်အတန်း ရှိတဲ့သူတွေ၊ ပုံမှန်အောက်ကို ရောက်နေသူတွေ ရှိပါတယ်။ ပုံမှန်လောက်ရှိသူတွေကတော့ ကိုယ့်အခြေအနေ ကိုယ်သိလို့ ကြိုးစားနေသူတွေဖြစ်ပြီး၊ ပုံမှန်အောက် ရောက်နေသူတွေအတွက်တော့ ကျွန်တော်က ကြားကနေ နေမထိ ထိုင်မသာဖြစ်ပြီး ရင်လေးနေမိပါတယ်။ တချို့က လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါရက်နဲ့ မလုပ်ကြဘဲ နေသာသလို နေနေကြပါတယ်။ တချို့ကတော့ အသက်သာ ၃၀ ရှိနေပြီ၊ ဘ၀မှာ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းတွေလည်း တွေ့ရပြန်ပါတယ်။

လူငယ်တွေ ဘာလုပ်မှာလဲ၊ ဘာလုပ်သင့်သလဲ

သာမန်လူငယ်တွေရဲ့ ဘ၀ဟာ ပညာချွန်တယ်ဆို (တစ်နှစ်တစ်တန်း မှန်မှန်အောင်တယ်ဆို) မိဘတွေက ၁၀ တန်းလောက်အထိတော့ ရုန်းကန်ကြိုးစားပြီး ကျောင်းထားပေးပါတယ်။ တချို့လည်း ဘွဲ့ရတဲ့အထိ မိဘက တာဝန်ယူပေးပါတယ်။ တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကျောင်းနုတ်ခံရပြီး မိဘကို ၀ိုင်းကူခဲ့ရပါတယ်။ တချို့လည်း ၁၀ တန်းအောင်ပြီး အဝေးသင်တက္ကသိုလ်တက်ရင်း အလုပ် လုပ်ရပါတယ်။ ဘ၀မှာ စတင် ရုန်းကန်ရပါတော့တယ်။ ဒီနေရာမှာ လူငယ်တွေ အနေနဲ့ ဘာလုပ်သင့်သလဲ၊ ဘာလုပ်ရမှာလဲဆိုတာကို နည်းနည်း ပြောပြချင်ပါတယ်။

ကျွန်တော့်အသက် ၁၇ နှစ် ၀န်းကျင်လောက်က စတင်ပြီး မိခင်နဲ့ရင်းနှီးတဲ့ လူကြီးမိဘတွေက ကျွန်တော့်ကို အလုပ် လုပ်ခိုင်းပါတယ်။ ကျွန်တော်က မလုပ်ပါဘူး။ ကျွန်တော် ဘွဲ့တစ်ခု ရချင်တယ်၊ ကျွန်တော်ဟာ ဘွဲ့တစ်ခုကို ရရှိထားသူ ဆိုတာမျိုး ဖြစ်ချင်ခဲ့ပါတယ်။ တကယ်တော့ မြန်မာပြည်က ဘွဲ့တွေဟာ တန်ဖိုး မရှိပါဘူးလို့ ဝေဖန်တာကို ခံရပါတယ်။

စစ်အစိုးရရဲ့ ပညာရေးကို နှိပ်ကွပ်ထားမှုကြောင့် ကျောင်းသားလူငယ်တွေဟာ မြို့စွန်တွေမှာ ကျောင်းတက်ကြရပြီး ဘွဲ့တွေကလည်း ဘာမှတန်ကြေး မရှိပါဘူး။ ဒီလိုဆိုရင် အဲဒီလို တန်ကြေး မရှိတဲ့၊ ပေါပေါပဲပဲ ပေးနေတဲ့ ဘွဲ့ကိုပဲ ရထားသလားလို့ မေးလာမှာကို ကျွန်တော် မခံနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ဘွဲ့တစ်ခု ရဖို့အတွက် လူကြီး၊ မိဘ၊ ဆရာသမားတွေနဲ့ အတိုက်အခံလုပ်ပြီး ဘွဲ့တစ်ခု (လက်မှတ်တစ်ခု) ကို ဖွင့်လိုက် ပိတ်လိုက် ကျောင်းတွေကို ကျွန်တော် တက်ရင်း စောင့်ယူခဲ့ပါတယ်။

ဒီတော့ လူငယ်တွေလည်း ပိုင်းပြတ်မှုတစ်ခုတော့ ရှိသင့်ပါတယ်။ အဖျင်းဆုံး အနေနဲ့ အဆင့်အတန်း မရှိဘူးဆိုတဲ့ ဘွဲ့တစ်ခုကို ရအောင် ယူမယ်၊ အလုပ်တစ်ခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီးပေါ့။ အလုပ် လုပ်တဲ့ နေရာမှာလည်း ၀ါသနာပါတာကို လုပ်ခဲ့ရင် ပိုပြီး အပင်ပန်းခံနိုင်တယ်၊ အဆင်းရဲခံနိုင်တယ်၊ အောင်မြင်ဖို့လည်း လမ်းစပေါ်တတ်ပါတယ်။

ငွေရပြီးရော လုပ်ရင်တော့ ငွေရတဲ့အခါ ကျေနပ်စရာ ကောင်းပေမယ့် လိုချင်တဲ့ ငွေလောက် မရတဲ့အခါ ဒါမှမဟုတ် ငွေအပြင် တခြားကျေနပ်စရာ တစ်ခုခုကို တောင့်တတဲ့အခါမှာ အလုပ်အပေါ် ကျေနပ်မှုလျော့လာတတ်ပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ဘာလုပ်မှာလဲ၊ ဘာလုပ်သင့်သလဲဆိုတာကို ကျေနပ်အောင် သေသေချာချာ စဉ်းစားသင့်ပါတယ်။

အဲဒီလို စဉ်းစားတာကို တစ်ခါတလေမှာ ကိုယ်တိုင်ကိုယ်ပိုင် အရည်အချင်းနဲ့ စဉ်းစားဆုံးဖြတ်နိုင်ပေမယ့် တစ်ခါတလေမှာတော့ လူကြီး၊ မိဘ၊ ဆရာသမား၊ အပေါင်းအသင်းတွေရဲ့ အားနဲ့ပါ စဉ်းစားဆုံးဖြတ်ရပါတယ်။ စီနီယာတွေရဲ့ လမ်းညွှန်မှုကို ယူတတ်ရပါတယ်။ ဆွေးနွေးပွဲတွေ တက်တာ၊ စာပေဟောပြောပွဲတွေ နားထောင်တာ၊ စာဖတ်တာ စတဲ့ လုပ်ဆောင်မှုတွေကနေလည်း စိတ်ကူးဥာဏ်တွေ ရှင်သန်စေပြီး ဆုံးဖြတ်ချက်ကို ခိုင်မာစေပါတယ်။ လူငယ်ဆိုတာကို ကျွန်တော်က အသက် ၂၀ ကနေ ၃၀ ကြားလို့ သတ်မှတ်ပါတယ်။

လူငယ်တွေရဲ့ အား

လူငယ်တွေမှာ စွမ်းဆောင်နိုင်တဲ့ အားတွေ ရှိပါတယ်။ တကယ် ကြိုးစားရင်၊ ကြိုးစားတဲ့ လမ်းကြောင်းကလည်း မှန်နေရင်၊ တည့်မတ် လမ်းညွှန်နိုင်တဲ့ ဆရာသမားကလည်း ရှိနေရင် လိုချင်၊ ရောက်ချင်တဲ့ နေရာကို ရောက်ဖို့က ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အသက် ၂၀ အရွယ်လောက်မှာ ကိုယ်တကယ် လုပ်ချင်နေတဲ့ အလုပ်ကို ရောက်နေရင်၊ လုပ်နေရရင် ကောင်းပါတယ်။ အသက် ၂၀ ကနေ ၂၅ နှစ်အထိဟာ အလုပ်လုပ်ဖို့ အကောင်းဆုံးနဲ့ အတက်ကြွဆုံး အရွယ် ဖြစ်ပါတယ်။

အသက် ၂၅ ကနေ အသက် ၃၀ ကြားမှာတော့ ကိုယ်လုပ်ချင်တာတွေကို ဖြည်းဖြည်းချင်း တီထွင် ဖန်တီး လုပ်နိုင်ဖို့ ကောင်းနေပါပြီ။ ပြီးခဲ့တဲ့ လေးငါးနှစ် အတွေ့အကြုံတွေကနေ အဲဒီထက် သာတဲ့ ကောင်းတဲ့ တခြားလူတွေ မလုပ်နိုင်လောက်တဲ့ အလုပ်တွေကို လုပ်ပြနိုင်မယ်ဆိုရင် အလွန်ကောင်းပါတယ်။ သာမန်အလုပ်၊ သူများ ခိုင်းတာလုပ်တဲ့ အလုပ်တွေကနေ သူများကို လမ်းညွှန်ပေးရတဲ့အလုပ်၊ အလုပ်တစ်ခုလုံးကို တာဝန်ယူ၊ တာဝန်ခံ လုပ်နေရတဲ့ အလုပ်နေရာမျိုးကို ရောက်နေတာမျိုး ဖြစ်သင့်ပါပြီ။

အသက် ၃၀ လောက်ကစပြီး စီမံခန့်ခွဲမှုနေရာကို တာဝန်ယူရတဲ့သူ ဖြစ်သင့်ပါပြီ။ အဲဒါမှပဲ အလုပ် လုပ်ရာမှာ တိုးတက်တဲ့ လမ်းကြောင်းမှန်ကို ရောက်နေသူလို့ ယေဘုယျကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်တစ်ခုမှာ ကိုယ်ဟာ အောင်မြင်နေသူ ဒါမှမဟုတ် မအောင်မြင်သူဆိုတာ တခြားလူက ဆုံးဖြတ်တာထက် အဲဒီ ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာ (ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တာ) က ပိုကောင်းပါတယ်။ ဒါ့ကြောင့် လူငယ်တွေဟာ အားသုံးရမယ့် အချိန်မှာ ယောင်တောင်ပေါင်တောင် မလုပ်ဘဲ သေသေချာချာ အချိန်ကိုက် အချိန်ပြည့် အလုပ်ကို ကြိုးစားသင့်ပါတယ်။ ကိုယ့်ခွင်ကို တိုးယူလို့ အစွမ်းပြ လုပ်ကိုင်သင့်ပါတယ်။

လူငယ်တွေကို ဘယ်နားထားမှာလဲ

လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးနဲ့ ဒီနေ့ခေတ်မှာ ကြုံနေကြရပါတယ်။ စိတ်ဓာတ်ကောင်းပြီး ဖန်တီးလိုစိတ် ရှိသူတွေအတွက် အလုပ် တွေက ပေါမှပေါပါပဲ။ လူငယ်တွေအတွက် နေရာကို လူငယ်တွေကပဲ ဖန်တီး ရယူရမှာ ဖြစ်ပါတယ်။ အလုပ်တွေက စိတ်ချရတဲ့လူ၊ နောက်ပြန် မကြည့်ရတဲ့ လူတွေကို လိုအပ်နေပါတယ်။

ဘာမှ မလုပ်တတ်ဘူး၊ သင်ယူလိုစိတ်လည်း မရှိဘူး၊ အပင်ပန်းလည်း မခံနိုင်ဘူးဆိုရင် လူငယ်တွေဟာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်တွေကို ဖြုန်းနေသလို ဖြစ်မှာပါ။ ဒီနေ့ခေတ်မှာ လူငယ်တချို့ဟာ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်၊ ဖြတ်လမ်းတွေကို ရှာချင် လျှောက်ချင်ကြပါတယ်။

စိတ်ထက်သန်တာက ကောင်းပါတယ်၊ ဒါပေမဲ့ အောင်မြင်သူတိုင်းဟာ အလွယ်တကူ အောင်မြင်တာ မဟုတ်ပါဘူး။ အခက်အခဲပေါင်းစုံကို အားကုန်ထုတ် ကြိုးပမ်းပြီးမှ အောင်မြင်ကြတာ၊ ချမ်းသာကြတာ ဖြစ်ပါတယ်။ တခဏချင်းမှာပဲ အောင်မြင်သွားသူတွေ၊ ကြီးပွားသွားသူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အရည်အချင်း မပါဘဲ ကံကြောင့် ကြွေတစ်လှည့် ကြက်တစ်ခုန်မျိုး ဖြစ်သွားတာ ဆိုရင်တော့ အဲဒီအောင်မြင်မှုတွေ၊ ကြီးပွားမှုတွေဟာ စိတ်မချရပါဘူး။

လူငယ်တွေကို နေရာပေးမယ့် လူတွေ၊ နေရာချမယ့် နေရာတွေက ရှိနေပြီးသားပါ။ ကြိုက်တယ် တန်တယ် ထင်ရင် ရအောင်ယူ၊ အစွမ်းပြဖို့ပဲ ရှိပါတယ်။ မဟုတ်သေးဘူး၊ ကိုယ်လိုချင်တဲ့ နေရာက မြင့်နေသေးတယ်၊ ဒီထက် တက်ချင်သေးတယ်ဆိုရင်လည်း သဘောပါပဲလေ။ ဒါဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်နေရာ ကိုယ်ရှာပြီး အထိုင်ချလိုက်ဖို့ပဲ မဟုတ်ဘူးလား။ လူငယ်တွေမှာ အရည်အချင်းတွေ ရှိနေတယ်၊ ပြည့်နေတယ်ဆိုရင် အဲဒီလို နေရာတွေမှာ တိုးယူ ထိုင်ချလိုက်တာကို ဘယ်သူတွေက ဘာများ ပြောနိုင်မှာလဲ။

မေ ၁၁၊ ၂၀၁၄
ရန်ကုန်။

နတ်ပြည်ယောင်...သွား .. မောင်ကျောင်းသား

နတ်ပြည်ယောင်...သွား .. မောင်ကျောင်းသား
=============================
စင်ကာပူကျောင်းဝင်ခွင့် လက်ခံစာ ကိုင်ပြီး ပျော်ရွှင်စွာ အိမ်ပြန်လာရင်း လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့် တွေ့ပြီး စကားစမြည်ပြောရင်း....
မင်းလက်ထဲက ဘာလဲ ဆိုသည့် မေးခွန်းကို ပြန်ဖြေလိုက်သည်။
စင်ကာပူကျောင်းတစ်ခုမှာ တက်ခွင့်ရတဲ့ လက်ခံစာပါ။
ဟ...ဒါဆို မင်းက နိုင်ငံခြားသွားတော့မှာပေါ့... ကောင်းပါတယ်ကွာ... မင်းကတော့ နတ်ပြည်ကို အရှင်လတ်လတ်ရောက်သွားသလိုပဲနေမှာ။
အရာရာ ပိတ်ဆို့ခြင်းခံထားရသော မြို့တစ်မြို့မှ လူငယ်များအတွက် နိုင်ငံခြားသည် နတ်ပြည်အလား..ထင်ယောင်စရာပင်။
သို့နှင့်.. ခရီးစနှင်လေပြီ။
လေယာဉ်ပေါ်မှ ကြည့်လိုက်တော့ မီးတွေ ထိန်ထိန်ညီးနေသည်။ အော်..ဒါ စင်ကာပူပါလား....
ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ကြယ်လေးများလို မှိတ်တုတ်မှိတ်တုတ်လင်းနေသော တိုင်းပြည်မှ ထွက်ခွာလာပြီး ထိန်ထိန်ညီးနေသော တိုင်းပြည်ပေါ်သို့ ဖြတ်သန်းလာတော့... ငါတို့ တိုင်းပြည် ဒီလို ထိန်ထိန်ညီးနေခဲ့လျှင် သိပ်ကောင်းမှာပဲ ဟု ... တွေးမိတော့သည်။
တက္ကစီ စီးပြီးနေရမည့် အိမ်ရှိရာ ဆင်ခြေဖုံးရပ်ကွက်သို့ သွားရာလမ်းတစ်လျှောက်ကို ကြည့်လိုက်တော့ အထင်ကြီးမိသော စိတ်များ ကွယ်ပျောက်သွားခဲ့သည်။ ဟင်.... ငါ့သူငယ်ချင်းတွေ ထင်ထားတဲ့ နတ်ပြည်ကြီးကလည်း ရန်ကုန်အတိုင်းပါပဲလား.....
ကျောင်းတက်လေပြီ။
မြန်မာနိုင်ငံမှ ချမ်းသာကြွယ်ဝသော မိသားစုအသိုင်းအ၀ိုင်းမှလာသော ကျောင်းသားများရှိသလို၊ ကိုယ်လိုသူလို ခြစ်ခြုတ်ကုတ်ကပ်ပြီး လာတက်ရသော ကျောင်းသားများလည်း အများအပြားပင်။
မြန်မာပြည်မှာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဟိတ်ကြီးဟန်ကြီးနဲ့ပဲ နေခဲ့နေခဲ့... စာသင်ခန်းရှိ လူများသည် ကျောင်းသားများသာ ဖြစ်သည် ဆိုသော ပြားရိုက်ခံရခြင်းကြောင်း အားလုံးသည် တစ်သားတည်းဖြစ်သွားသည်။ ကျောင်းလခအတွက် ချေးငွေလျှောက်ခွင့်ရပြန်တော့လည်း ထိုချမ်းသာသောသူများရော၊ ဆင်းရဲသောသူများပါ ချေးငွေလျှောက်ကြသည်။ (အချို့သောသူများသည် ခြွင်းချက်ဖြစ်သည်)
ကျောင်းတက်ပြီး လ အနည်းငယ်ကြာတော့ အချိန်ပိုင်း အလုပ်လုပ်ခွင့်ရပြီဖြစ်သဖြင့် အလုပ်ရှာရတော့သည်။
မျက်စေ့သူငယ်၊ နားငယ်နှင့် အလုပ်ဘယ်လိုရှာရမှန်းမသိတော့ အရင်က ရောက်နှင့်သော သူများကို မေးမြန်းကာ အလုပ်ဝင်ကြရတော့သည်။
အလုပ်အရ အလွယ်ကူဆုံးသည် ဟိုတယ် စားပွဲထိုးပင်။
လုံခြုံရေး တင်းကြပ်လှသော ဟိုတယ်အတွင်းသို့ ရောက်တော့ ကျောင်းမှ သူငယ်ချင်းများ အပြင် ကျောင်းအသီးသီးမှ လာကြသော ကျောင်းသားများကို ဟိုတယ် စားပွဲထိုး ၀တ်စုံဖြင့် တွေ့ရလေတော့သည်။ ITE, Poly, NTU, NUS မှသည် ကျောင်းအသီးသီးမှ လာကြသော ကျောင်းသားများသည် ကိုယ်လိုသူလို အလွှာစုံမှပါသည်။
ဟိုတယ် ခန်းမ တာဝန်ခံ မန်နေဂျာ၏ အဆူအငေါက်ခံရခြင်းများ၊ ငါ ကိုင်တုတ်ကာ အဆဲခံရခြင်းများ၊ စတဲ့ အဆင့်နိမ့်၊ ပညာနိမ့် လူတန်းစားတစ်ရပ်၏ ချိုးချိုးနှိမ်နှိမ် ဆက်ဆံမှုများကို ယနေ့ထိ စိတ်အစဉ်တွင် ဖျောက်မရတော့။ ထိုမန်နေဂျာများ ၊ တာဝန်ခံများသည် ကျောင်းပညာရေးတွင် မထွန်းပေါက်သော လူများဖြစ်ပြီး အလုပ်အကိုင် အတွေ့အကြုံကြောင့်သာ အဆင့်တစ်ခုသို့ ရောက်နေကြခြင်းပင်။
အလုပ်စစ၀င်ခြင်း နိမ့်ကျသော ဆက်ဆံရေးနှင့် စကြုံတွေ့ခဲ့ရသည့် ဟိုတယ်စားပွဲထိုးဘ၀သည် ခါးသက်လှသည်။ တစ်နေ့လျှင် အနည်းဆုံး ၈ နာရီ လုပ်ရပြီး ထိုင်ခွင့်မရ။ အိမ်ပြန်ရောက်ပြီဆိုလျှင် ခြေထောက်များ ကြိမ်းနေသည်။ အလုပ်စ၀င်စတွင် ပင်ပန်းလွန်းသဖြင့် အိပ်မရ။ နောက်တော့ အသားကျသွားသည်။ ကျွန်တော့်သူငယ်ချင်းများ ပြောသော နတ်ပြည်၊ ထိုပြည်တွင် ကျွန်ခံရခြင်းသည် အလွန်ပင် ပင်ပန်းလှသည်ကို သူတို့တစ်တွေ မသိနိုင်ကြပါ။
အချိန်ပိုင်းအလုပ်သည် မည်သည့်အလုပ်မျှ ယောင်ဝါးလုပ်မရပါ။ အလုပ်အတွင်းရောက်သည်နှင့် အနှိမ်ခံရခြင်းများ၊ အကျောခံရခြင်းများ၊ အချိန်ပြည့်လုပ်သားများ၏ အပါးခိုကာ အခိုင်းခံရခြင်းများ၊ မည်သူမျှ မလုပ်ချင်သော အလုပ်ကို လုပ်ရခြင်းများသည် အချိန်ပိုင်းလုပ်သူများအားလုံး ကြုံတွေ့ခဲ့ကြရသည်။
7Eleven, Factory, Survey, Hotel, Sales Promoter စသည်ဖြင့် အလုပ်ပေါင်းစုံ လုပ်ကြရသည့်အထဲတွင်... အသက်သာဆုံးဆိုလျှင်တော့ ဆာဗေးကောက်သည့်အလုပ်ဟု ထင်ရပါသည်။
7Eleven တွင် အရောင်းစာရေးလုပ်ရသည်ကို ကြည့်ပြီး ကျော့ကျော့လေး လုပ်ရသည်ထင်လျှင် လွဲပေအုံးမည်။ ၈ နာရီလုံး မထိုင်ရ၊ ထိုင်လျှင် အဆူခံရသည်။ Factory ဆိုလျှင် နေ့ခင်းလုပ်ရလျှင် တော်သေးသည်။ ညဆိုင်းများဆိုလျှင် အရမ်းပင်ပန်းသည်။ အချိန်ပိုင်းသည် သူများမလုပ်ချင်သော အချိန်များတွင် လိုအပ်သဖြင့် ညဆိုင်းများတွင် လုပ်ရသည်။
Sales Promoter ဆိုလျှင် ထိုအတိုင်းပင်။ သက်သာသယောင်ရှိသည်။ သို့သော် အိမ်ရောက်သည်နှင့် ခြေထောက်တွေ တောင့်နေသည်။ ကြာတော့ ကျင့်သားရသွားသည်။ Sales Promoter လုပ်ပြီးချိန်မှ စပြီး အနက်ရောက် ရှပ်အင်္ကျီရှည်နှင့်စတိုင်ဘောင်းဘီကို တစ်သက်လုံး ၀တ်ဆင်ဖို့ စိတ်ကူးမရှိတော့။ Sales Promoter များသည် အနက်ရောင် ဆင်တူ ၀တ်ကြရသည်။ မြန်မာပြည်ရှိ မော်ဒယ်များ အနက်ရောင် ဆင်တူ ၀တ်ကြသည်ကို မြင်လျှင် မိမိ အရောင်းအကူ လုပ်စဉ်က ပုံကို အမြဲ မြင်ယောင်မိသည်။
ပိုက်ဆံချမ်းသာသော ကျောင်းသားများပင်လျှင် အချိန်ပိုင်းအလုပ်ကို ၀င်လုပ်ကာ လစဉ်ကုန်ကျစရိတ်ကို ဖြေရှင်းကြရသည်။ မိဘပေးသော ပိုက်ဆံကို ကျောင်းလခအတွက်ထားကာ နေ့စဉ်အသုံးစရိတ်အတွက် အချိန်ပိုင်းအလုပ်ဖြင့် ရှာကြရသည်။ အလွန့်အလွန်တော်သော ကျောင်းသားများသည် ထိုငွေဖြင့်ပင် မိဘများအားပြန်လည် ထောက်ပံ့နိုင်ကြသည်။
ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် ရုန်းကန်ရသည့် နတ်ပြည်သွား ကျောင်းသားများ၏ ဘ၀သည် ကြမ်းတမ်းလွန်းသည်ကို မြန်ပြည်သားများ မသိကြရ။ မတူညီသော ပညာရေးစနစ်ရဲ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း အောင်မြင်မှုပန်းတိုင်ဖြစ်သော ဘွဲ့တစ်ခုရဖို့အတွက် ကြိုးစားခဲ့သည်များကို သူတို့ သိလေဟန်မတူ။
သူတို့ထင်နေကြသော နတ်ပြည်ကြီးတွင် အချို့သော ကျော့ကျော့လေး ကျောင်းတက်ခွင့်ရသော ကျောင်းသားအနည်းစု မှ လွဲပြီး ကျန်သော ကျောင်းသားများ၏ စိတ်အစဉ်၊ ဘ၀အစဉ် တို့သည် နာနာအရိုက်ခံရသော အိုးပမာဖြစ်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သွားကြသည်မှာတော့.... မလွဲဧကန်ပင်။
သို့သော်... ထူးဆန်းသည်မှာ... ထို နတ်ပြည်ယောင် ကြီးသို့ ရောက်နေကြသော သူများသည် မိမိတို့ ခံစားကြရသော ခံစားချက်များကို ဖုံးကွယ်ကာ ပျော်ရွှင်စရာများ၊ ကြည်နူးစရာများကိုသာ မြန်ပြည်သားများ မြင်သာအောင် အွန်လိုင်းစာမျက်နှာများတွင် တင်ကြသဖြင့် ကျန်ရစ်ခဲ့သော မိခင်မြန်ပြည်ကြီးမှ သူငယ်ချင်းများအတွက် ထို နတ်ပြည်ယောင်ကြီးသည် အမှန်တကယ် နတ်ပြည်ကြီးအလား... ထင်စေခဲ့လေတော့သည်။
----
အဲမွန်ကနောင်

Monday, May 5, 2014

နာဂစ်ဒေသ ပရလောက နှင့် ကြုံရဆုံရ ဘုံဘ၀ ဖြစ်ရပ်မှန် ကိုယ်တွေ့

graphical counterနာဂစ်ဒေသ ပရလောက နှင့် ကြုံရဆုံရ ဘုံဘဝ
ဖြစ်ရပ်မှန် ကိုယ်တွေ့
ရေးသူ အောင်မျိုးဦး
တွဲဘက်အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
အခန်း(၁)
ကိုယ်တိုင်ဝန်ခံချက်
ကျွန်တော်အောင်မျိုးဦးသည် ပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးဖြစ်ပါသည် ။ စာရေးဆရာမဟုတ် ပါ ။ ထို့အတူ ရန်ကုန်ကြည့်မြင်တိုင်သားဖြစ်ပါသည် ရေမကူးတတ်ပါ ။ ကျွန်တော်သည် ဗုဒ်္ဓဘာသာဟု အမည်ခံယုံ လောက်သာ ဘာသာရေးအသိရှိသူဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော် ယခုတင်ပြမည့်အကြောင်းအရာများသည် ဘာသာရေးရှုထောင့်မှလည်းရေးသားမည်မဟုတ်ပါ ။ ကျွန်တော်စာရေးတတ်သူမဟုတ်သောကြောင့်လည်း ပြေပြစ်ချင်မှပြေပြစ်ပါလိမ့်မည် ။
ထို့အတူ ကြုံရဆုံရဘုံဘ၀ ဆိုသဖြင့် ကွန်မြူနစ်ဝါဒအကြောင်း ရေးမည်မဟုတ် ၃၁ ဘုံ လောကသား တွေအကြောင်း ရေးမှာဖြစ်ပါသည် ။
ကျွန်တော် စည်းရုံးရေးခရီးထွက်ခဲ့ရသော ဘိုကလေးမြို့အောက်ဖက် ( တောင်ဘက် ) ဦးရှင်ကြီးကျွန်း (မိန်းမလှကျွန်း)တွင် ကျွန်တော်တို့ စက်လှေ လေမိုးမိ၍ တစ်ညတာရပ်နားစဉ် ဖြစ်ပျက်ခဲ့သမျှများကိုသာ မျှဝေယုံ သက်သက်ရေးသားတင်ပြရခြင်းဖြစ်သည်ကို နားလည်ပေးနိုင်ပါရန် မေတ်္တာရပ်ခံအပ်ပါသည် ။

အခန်း(၂)
ကျွန်တော်တို့အုပ်စုအကြောင်း
ဥက်္ကဌ ကိုညိုမင်းလွင် နောက်ပိုင်းတွင် ကိုညိုဟုသာရေးပါမည် ။ ခရစ်ယာန်ဘာသာ ။ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည် ။ ကိုတင်မောင်အေး ဒုဥက်္ကဌ-၂ အမည်ခံဗုဒ်္ဓဘာသာ ။ ကိုနေမျိုးဝေ ဘာသာမဲ့ ဘာသာရေးစာပေများကို ကျွန်တော်တို့ထက် ဖတ်ရှုထားသော်လည်း ဘုရား ဆိုသည်ကို အယုံအကြည်မရှိ လူသားတွေးခေါ်ပညာရှင်ကြီးများ လူမှုပြုပြင်ပြောင်းလဲရေးသမားများ ဟုသာ လက်ခံသည် ။ ပရလောကကို အယုံအကြည်မရှိသူ ။ ကွန်မြူနစ်မဟုတ် လစ်ဘရာယ် သမား ။ ကျွန်တော် အောင်မျိုးဦး နှင့် ဒေသခံ ပါတီဝင် သုံးယောက် စက်လှေမောင်းသူ ကိုသန်းနိုင်ဦး (ပါတီဝင်) တို့ ၈ ယောက် ဖြစ်ပါသည် ။
ကျွန်တော်တို့ အုပ်စုသည် မတူသော သဘာဝရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်း တော့ဖြစ်ပါပေသည် ။
အခန်း(၃)
နာဂစ်ဒေသ
၂၀၁၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ ဘိုကလေးမှ ကဒုံသို့သွားသော ခရီးစဉ် ။ ဘိုကလေးမှ နံနက် (၈း၀၀)နာရီ စက်လှေစထွက်လေပြီ ။
ကျွန်တော်ကား ရေလမ်းခရီးတွေ သိပ်မသွားဘူးသူဖြစ်ပါသည် ။ ရေလည်းမကူးတတ် သို့သော် ငပေငတေဖြစ်သည် ကြောက်စိတ်တော့သိပ်မရှိ ။ နံနက် ၈း ၀၀ နာရီတွင် ကျွန်တော်တို့ အုပ်စု ၈ ယောက်သား တက်တက်ကြွကြွဖြင့် ကိုနေမျိုးဝေအမ စီစဉ်ချက်ပြုပ်ပေးလိုက်သော ထမင်းအိုး များပန်းကန်ခွက်ယောက်များ ဟင်းချိုင့်များဆွဲကာ ဆိပ်ကမ်းသို့ချီတက်လာလေသည် ။
စက်လှေပေါ်သို့ရောက်လျှင်ရောက်ချင်း ထွက်ခွါဖို့ပြင်ဆင်ကြလေပြီ ။ ကိုနေမျိုးဝေက လှေထိုးသား လုပ်လေသည် ပဲ့နင်းကြီးကတော့ ကို သန်းနိုင်ဦးဖြစ်သည် ။ ကိုနေမျိုးဝေက လူရွတ်ဖြစ်လေသည် စက်လှေကို ကမ်းက ခွါရန် ကြိုးဖြုတ်သည်နှင့် ရေငံတစ်အိုးကုန်အောင်ချိုးပါတဲ့ ကြက်သူခိုးဘုရင် မတိုးလင်ခင်ဗျား စောင့်ပါရှောက်ပါ ဘာညာဟု သံဗြဲကြီး နှင့် ဟစ်လေသည် ။ ဒါကို ကိုညိုနှင့် ကိုတင်မောင်အေးတို့က မကြိုက် အပြစ်တင်ကြသည် ။ ကျွန်တော်က ဘာမျှမပြောသော်လည်း သိပ်တော့မကြည် ။
ဒီလို နှင့် ထွေရာလေးပါပြောလာကြသည် ။ ကျွန်တော် တို့ လမ်းကြုံ ဘယ်ရွာတွေကို ၀င်မလဲဆိုတာကို စဉ်းစားကြသည် ။ ဒီလမ်းခရီးမှာကိုနေမျိုးဝေက ဒေသခံဖြစ်လို့ သူ့ခရီးစဉ်အတိုင်း အလုပ်လုပ်ကြမည်ပေါ့ ။ အစစအရာရာ သူ့ကို ကွန်မန်ဒါအဖြစ်လွှဲထားသည် ။ ( ပေါက်ကရပြောတာမပါကြေးပေါ့ )
ကိုနေမျိုးဝေက လမ်းမှာ ဓမြချောင်း ( ဓမသုခ ရွာ ) ကို ၀င်မည် ။ ကမ်းဘေးတင် ရှိသည်လို့ အကြံပြုသည် ။ ကျွန်တော်တို့က ၀င်မည်ပေါ့ ။ ရွာသားတွေထဲက မိတ်ဆွေ သုံးလေးယောက်ကိုလည်း ကြိုမှာထားသည်တဲ့ စကားနဲနဲပါးပါးပြောကြမည် ။
ဒီလိုနှင့် တစ်လမ်းလုံး စက်လှေက တစ်ထုံးထုံး နှင့် ခုတ်မောင်းလာသည် ။ ဒီမှာတင် ဘိုကလေးသားတွေ ဘာ့ကြောင့် စကားကျယ်ကျယ်ပြောတဲ့ အကျင့် ရနေသလဲ နဲနဲသိလာရသည် ။ ဘာပြောပြော အော်ပြောနေရသည် လေ ။ ဒီလိုနှင့် နာဂစ်မှာ ဘယ်ရွာတွေဘယ်လောက် ထိခိုက်ပျက်ဆီးတဲ့အကြောင်းပါလာသည် ။
ကိုနေမျိုးဝေ နာဂစ်အပြီး ဘိုကလေးမှာ ကူညီရေးတွေလုပ်နေစဉ် နာဂစ်ဒဏ်ကြောင့် မကျွတ်မလွတ်သူတွေ အော်သံတွေ ကယ်ပါယူပါ ငိုကြွေးသံတွေ ကြားရသည်လို့ ကောလဟလ သတင်းထွက်နေသည် ။ ဒါကို ဘီဘီစီက ဖုန်းဆက်ပြီး အင်တာဗျူးလုပ်တဲ့အကြောင်း ကို ရောက်သွားသည် ။ ကိုနေမျိုးဝေ ကဖြေသည်တဲ့ --
““ ခင်ဗျားက ကမ်္ဘာကျော် သတင်းဌာနကြီး ကျွန်တော်က အင်ဂျင်နီယာ ဗျူးရမှာက သူရဲချောက် တဲ့အကြောင်း ရှက်စရာကောင်းလိုက်တာဗျာ ”” ဆိုတော့ ““ဒါဆိုကိုနေမျိုးဝေက သရဲချောက်တာမဟုတ်ဘူးလို့ ဆိုလိုတာလား ”” လို့ ဘီဘီစီကပြန်မေးတယ် ။
““ ခင်ဗျားသဘောမပေါက်ဘူးထင်တယ် ကျွန်တော်ပြောတာ ဒီအကြောင်းဆွေးနွေးရမှာ ဘလိုင်းကြီး ကိုရှက်နေတာဗျ ”” ဆိုတော့ --
ဘီဘီစီက အတင်းညှစ်ပြီး ““ခင်ဗျား အမြင်ကို ပြောပါ ”” လို့ ထပ်လုပ်တယ် ဒီတော့ ကိုနေမျိုးဝေ က
““ ဒီလိုပြောမယ်ဗျာ ဘုရားရှိရင် နတ်ရှိမယ် နတ်ရှိရင် သရဲရှိမယ် အဲ ကျွန်တော်ကတော့ ဘာသာမဲ့ ဒါပေမဲ့ သရဲချောက်တဲ့ သတင်း နောက်ဆက်တွဲတော့ ကျွန်တော် ပြောနိုင်တာ ရှိတယ်ဗျ ”” ဆိုတော့
““ နောက်ဆက်တွဲကို ပြောပါဦး ””ဆိုတော့
““သူရဲချောက်တာတော့အမှန်ဗျ ဒါပေမဲ့ ဒီသရဲတွေက ဆိုဒီယံမီးတွေ ထိန်နေအောင်ထွန်းရင် ကြောက် တယ်ဗျ ”” တဲ့
( အမှန်က ကိုနေမျိုးဝေက သရဲကိုအယုံအကြည်မရှိ ၃၁ ဘုံ လည်ပတ်နေတာကို မယုံ မှောင်မည်း တိတ်ဆိတ်ရင် ချောက်ခြားတတ်တာကြောင့် လျှပ်စစ်မီးထိန်နေရင် သရဲမချောက်ဟု ဆိုလိုချင်တာဖြစ်ပါသည် )
ကိုညိုက -- ““ခင်ဗျားတကယ်အဲလိုပြောလိုက်တာလား”” . .. လွှင့်ကောလွှင့်သေးလား ဆိုတော့
““အင်း လွှင့်တော့လွှင့်တယ်ဗျ ””
ကျွန်တော်က ““ ခင်ဗျားတော်တော်ရှုပ်တဲ့လူ ဗျာ ဘီဘီစီတောင်အလွတ်မပေးဘဲ သွားကျပ်တယ် ””
ဒီလိုနဲ့ စကားတပြောပြော အာခေါင်တွေလည်း ခြောက်လာ ....
...............................
ကောင်းကင်က မိုးတွင်းဆိုသော်ငြား တည်တည်ငြိမ်ငြိမ် ရှိလှသည် ။
တင်မောင်အေး က -- ““ဟေ့ကောင်နေမျိုးဝေ ဟိုရောက်ရင် ဘာတွေပြောမှာလည်းလုပ်ဦးဟ ””
““ ဒီလိုကွာ ငါတို့ ပါတီအကြောင်းတွေ ခေါင်းထဲက ခဏဖယ်ထားလိုက်ကွာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကို အရင်မိတ်ဆက်ပေးရအောင် ရွာသားတွေက ဘာမှနားလည်ကြတာမဟုတ်ဘူး ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်လိုလဲ ။ လွှတ်တော် ကိုယ်စားလှယ် ဆိုတာဘာတွေလုပ်ပေးတဲ့သူလဲ ။ မဲမထဲ့ရင်ဘာဖြစ်မလဲ ။ ကိုယ့်ဆန်္ဒမဲလက်မှတ်ကို တန်ဘိုးထားသင့်ကြောင်း ဒါမျိုးဘဲပြောရဦးမှာကွ ။ မဲထဲ့တာတော့ သူကြိုက်တဲ့သူ ထည့်ပစေပေါ့ကွာ အဲဒါ ငါတို့အတွက် သိပ်အရေးမကြီးပါဘူး ။ ””
တင်မောင်အေး က ........
““ မဟုတ်ဘူးလေကွာ အာဂျင်ဒါ တွေ ဘာတွေ ဘယ်လိုလုပ်မလဲ မေးတာဟ ””
ကျွန်တော်က ““ အာ ခင်ဗျားကလည်း အာဂျင်တီးနားကလာတဲ့ ဆိုဒါ ဆိုရင်တော့မဆိုးဘူး .. ခင်ဗျား က ရွာမှာ အာဂျင်ဒါတွေ ဘာတွေလုပ်မနေနဲ့ အသာလေး တောပြောတောင်ပြော ဟိုမေးဒီမေး ဒီလောက်ဘဲ လုပ်လို့ရ တာဗျ ။ ””
တင်မောင်အေးက ““ ဒါဆိုလဲပြီးရော ငါက အခမ်းအနားတွေ ဘာတွေချိန်းထားတယ်လားလို့ပါ ။ အေးပါ ရပါတယ် ငါလည်း အေးအေးဆေးဆေး ဓါတ်ပုံမှတ်တမ်းဘဲ လျှောက်ရိုက်ပေးတော့ မယ် ””
ကိုညိုက ““ အင်း ကောင်းတယ် မြို့ကြီးသား အခုမှသဘောပေါက်တော့တယ် အခု ရွာကိုရောက် နေပါပြီ ခင်ဗျာ””
နေမျိုးဝေက ........... ““ ဟေ့လူတွေ ဟိုမှာ ကြည့်စမ်း တွေ့လား ဟိုးရေလယ်က ချွန်းကွေ့ကွေ့နေရာ တွေ့လား ဦးရှင်ကြီးကို ရေစာ ကျွေးတဲ့နေရာပေါ့တဲ့ ””
ကျွန်တော်က ““ အင် ခင်ဗျားကလဲ ကျုပ်တို့ရန်ကုန်သားတွေဆီုပြီး ခပ်တည်တည်နဲ့ ဖြီးပြီ ””
............. ဟား ............ ဟား ........ ဟား ................ဟား ..............
အားလုံးဝိုင်းရီကြလေသည် ။
ပဲ့နင်းကြီး သန်းနိုင်ဦးက
““ ဦးရှင်ကြီးရေစာ ချမချတော့ မသိဘူး ဆရာရေ့ နာဂစ်တုံးက အဲဒီနားမှာ အလောင်းတွေ ဖောင်ဖွဲ့နေတာဘဲဗျ တစ်လလောက်ကို ဖွေးဖွေးကြီးတွေ ရှိသေးတယ်ဗျ ””
........................... အားလုံး တိတ်ဆိတ်သွားကြသည် ................... ။
ဓမြချောင်းသို့ရောက်လေပြီ ..............
လှေထိုးသား နေမျိုးဝေ .............. လက်စွမ်းပြလေသည် ဆိပ်ကမ်းသို့ ကပ် ပြီ စက်လှေကို တံတားမှာ ကြိုးချည်သည် ။ ရွာသား သုံးလေးယောက်ဆင်းလာကြသည် ။ မတူကွဲပြားကလူတွေလာတယ်ဟေ့တဲ့ .......
ကျွန်တော်တို့ပါတီကိုလည်း အစအဆုံးနာမည်မှန်အောင်ခေါ်နိုင်သူမရှိ ဘိုကလေးဘက်မှာတော့ အတော်ပေါက် သည် ။ ““တို့ကတော့ မတူကွဲပြားဘဲ”” ဟု ပြောဆိုကြသည်တဲ့ ။
““ဘိုကလေးသားတွေက မတူတာတို့ ကွဲတာတို့ အထိတော့ အတော်ကြိုက်ပုံရတယ် နောက်က ငြိမ်းချမ်းရေးတော့ ထဲ့မရွတ်ကြဘူး ”” ဟု ကိုညိုကနောက်သည် ။
ဟားဆရာတို့ လာကြလာကြ ဗျို့ ကျွန်တော်တို့ရွာက လူတွေတော့ အတော်စိတ်ဝင်စားနေတယ်ဗျ ...... တဲ့ ။ ကလေးလူကြီးယောက်ျားမိန်းမ ၁၅ ယောက်လောက် ပြေးလာကြသည် ““ပါတီဒွေ ရောက်ပီ””ဟုလည်း အော်သံကြားရသည် ။
ခနော်ခနဲ့ သစ်သားတံတားလေးကို ဖြတ်နင်းလာသည် ။ တင်မောင်အေးမြို့ကြီးသားကမဆိုး တောတံတားကောင်းကောင်းလျှောက်နိုင်သည် ။
ကျွန်တော် ရွာထဲမှာ ကွမ်းယာဆိုင်မျှော်သည် ။ ကွမ်းဗလဗြစ်နှင့် ရွာသားတစ်ယောက်နားကပ်သည် ။ ကွမ်းယာဆိုင်မေးသည် ။ ““ဟာ ဆရာကလည်း ကွမ်းကတော့ အလိုက်ကြီးဘဲလာခဲ့ ””ဟု ဆိုကာ ကွမ်းညှပ်ကြီးကြီး နှင့် ကော်ဇလုံထဲ ကွမ်းယာပစ်္စည်းမျိုးစုံ လုံးထွေးထဲ့ထားသည် ကွမ်းသီအမှည့် အလုံးလိုက် သုံးလေးလုံးရှိ သည် ။ ““စိတ်ကြိုက်ယာစားပေတော့ ””ဟုလည်းပြောသည် ။
ရွာသားက သူ့လို ကွမ်းကြိုက်သည့် ကျွန်တော့် သွားငချိတ်တွေကို ကြည့်ပြီး အတော်သဘော ကျသွားပုံရသည် ။ ““ဟား ဆရာကလည်း အတော်စားတာပဲ”” ဟုမှတ်ချက်ပြုသည် ။
ဒီလိုနဲ့ အိမ်ကြီးရခိုင်တခုအောက်အရင်လာသည် ။ ၀င်ကြသည် ။ စကားပြောကြလေသည် ။ ၂၀၁၀ မှာ ရွေးကောက်ပွဲတခု ရှိတယ်ဆိုတာ ရွာသားတွေက သိကြသည် ။ ပါတီတွေ ထောင်နေတာကို သိကြသည် ။ ဘယ်ပါတီတစ်ခုရဲ့ နာမည်ကိုမျှအပြည့်အစုံ မပြောနိုင် ။ ပါတီတွေကလူတွေ ယှဉ်ပြိုင်ကြမည်ဆိုတာ သိသည် ။ ယှဉ်ပြိုင်ပြီးရင် ဘာဖြစ်မယ်ဆိုတာမသိ ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာမသိ ။ လယ်ရောင်းလျှင် ဘယ်သူ့မျက်နှာမျှမကြည့်ဘဲ ရောင်းလို့ရချင်သည် ။ ကိုယ့်လယ်ထဲမှာ ကိုယ်ကြိုက်တဲ့ သီးနှံစိုက်ချင်သည် ။ သူတို့ ကိစ်္စတွေကို ကိုယ်စားပြုပြီး ပြောပေးဆိုပေးမဲ့သူတစ်ယောက်လောက်တော့လိုချင်သည်။စာတတ်ပေတတ် လူမိုက်တစ်ယောက် လောက် လိုချင်နေပုံရသည် ။ ဘယ်မင်းတက်တက် ကိုယ့်ထမင်းကိုယ်ရှာ စားရမည်လို့ ယုံကြည်ကြသည် ။ လူဝါးဝတဲ့သူ တွေကို မကြိုက် ။ တရားသူကြီးတွေ လာဘ်စားရင်မကြိုက် ။ ကျောင်းဆရာမတွေ လခယူပြီး ကျောင်းကို မလာရင်မကြိုက် ။ လျှပ်စစ်မီး လာဖို့မလာဖို့ စိတ်ကူးမရှိပြောသံ မကြား ။ နှစ်လုံးသုံးလုံးဒိုင်ကိုင်ပြီး ပေါက်လို့မလျှော်ရင်မကြိုက် ။ ကျမ်းမာရေးကိစ်္စ ဆေးရုံဆေးခန်းကိစ်္စ ကာကွယ်ဆေးကိစ်္စ ပြောသံမကြား ၊ ပြောရကောင်းမှန်းမသိ ၊ အန်ဂျီအိုနဲ့ ရပ်မိရပ်ဖ ပေါင်းပြီး ပစ်္စည်းဘုန်းတာသိ ။ ကလေးတွေ ကျောင်းအပ်ဖို့ တို့ ကျူရှင်ခတို့ ပြောသံမကြား ။ ကိုပီတာ (ကွန်ပျူတာ) နဲ့ အိမ်သာနတ် (အင်တာနက်) တို့ အကြောင်း မသိ ။ ဂျာနယ် မြင်ဘူးသည် ။
ဒီလိုနဲ့ တော်ကီတွေ များသွားသည် ။ ညနေ ၃ နာရီ ထိုးမှ နေ့လည်စာ ထမင်းစား ဖြစ်တော့သည် ။ စက်လှေပေါ်ရောက်မှစားဖြစ်တာဖြစ်သည် ။
ဒီလိုနဲ့ ဓမြချောင်းက ဆက်လက်ထွက်ခွါလာသည် ။
ကျွန်တော်တို့ စက်လှေက ဓမြချောင်းမှ တဖက်ချောင်းပေါက်ဘက် ဓါးလွယ်ခုတ်ဖြတ်ရသည် ။မိန်းမလှကျွန်း တန်းကြီးဘေးက သီ၍ ခုတ်မောင်းရသည် ။ မြစ်ပြင်ကကျယ်လွန်းသည် ။ သို့သော် ရွာသားတွေက ချောင်းလို့ဘဲခေါ်သည် ။ ကျယ်သာကျယ်သည် သောင်တွေ ရှိနေသည် ။
ပဲ့နင်းကြီး က ပြောသည် ကျွန်တော်တို့ နောက်ကျသွားတယ် ဒီအချိန် ရေကျနေပီ လွန်းတင်ရင် ပြဿနာရှိတယ်တဲ့ ။
ကိုနေမျိုးဝေ ကို မေးသည် ။ သူကလည်း ကျွန်တော် ဒီဘက်ချောင်းပေါက်တွေ အဆက်ပြတ်နေတာ အနှစ် ၂၀ ရှိပြီ လမ်းကြောင်း မသိတော့ ( ရေတိမ်ရေနက်လမ်းကြောင်း မသိတာကိုပြောတာ ) ရေအရောင်ကတော့ကွာသည် လေကိုကြောက်ရတယ်လို့ပြောသံကြားတယ် ။ ကျွန်တော်တို့နားစွန်နားဖျား ကြားတာသာဖြစ်သည် ။ ကျွန်တော်တို့ကို သိစေချင်ပုံမရ ။ ဒါနဲ့ ကျွန်တော်က မေးသည် ။
““ဟေ့လူတွေ တိုးတိုးတိုးတိုး မလုပ်နဲ့ ကျုပ်တို့လည်းပြောဦး””ဆိုတော့
““ ဒီလိုကွ ရေကျသွားပြီ ဒီချွန်းကို နာရီဝက်လောက်ဖြတ်ရမယ် လေတိုက်ရင် လွန်းတင်နိုင်တယ် ။လွန်းတင်ရင် အဆင်မသင့်ရင် စက်လှေကွဲပြီး အရှောဘဲ ””
ကိုညိုက ...... ““နာရီဝက်ကတော့ အခုလို လေငြိမ်နေတာနဲ့ ရပါတယ် ဖြတ်မယ်ဗျာ””လို့ ပြောလေ သည် ။ ပြောပြောဆိုဆို ဖြတ်လာတာ ၅ မိနစ်ခန့်ပင်ရှိနေပြီဖြစ်သည် ။ ဒီလိုနဲ့ ဖြတ်လာနေတုံး မိုးက ရုတ်တရက် ရွာလာသည် ။ လေကပါ ပါလာသည် ။ ရေတက်ဦးမိုးလို့ ပြောသံကြားရသည် ။ ကျွန်တော်တို့က သိပ်တော့မကြောက်တတ် ။ ကိုနေမျိုးဝေက ကိုသန်းနိုင်ဦးကို လှည့်ပြောသည် ။ ““ကမ်းဘေးက ကပ်မောင်းရင်ဘယ်လိုနေမလဲ”” တဲ့ ။ ““မရဘူးသောင်ရှိတယ်””ဟု ပြောသံကြားသည် ။ မထူးတော့ (၀ါတာဖလူး)ပလပ်စတစ် မိုးကာပိတ်စ ခြုံ၍ ကိုသန်းနိုင်ဦး ပဲ့ကိုင်နေသည် ။ ကိုနေမျိုးဝေ အပေါ်ပိုင်း အင်္ကျီ ဗလာနဲ့ ဘောင်းဘီတိုဝတ်ပြီး ရှေ့ထွက်သည် ။ မိုးပေါက်တွေက လေပြင်း နှင့် ဆော်သဖြင့် မျက်နှာတွေ ခနခန အုပ်သုတ်နေရတာကို လှမ်းတွေ့ရသည် ။
ကိုသန်းနိုင်ဦးကို လှမ်းအော်ပြောသည် ။ မကြားရ ။ ပဲ့ပိုင်းသို့လာ၍ ပြောသည် ။ စက်လှေပေါ်မှာ ဆန်ဆီ ဟင်းချက်စရာ ကြက်နှစ်ကောင် အစုံပါသည် ဘာမှလောဖို့ မလို ကျွန်းဘေးမှာ ခဏကပ်ထားရင် ကောင်းမည်လို့ပြောသံကြားရသည် ။
နှစ်ယောက်သား သဘောတူကြပုံရသည် ။ စက်လှေက ကမ်းဘက် ဦးလှည့်သွားတာတွေ့သည် ။ သိပ်မကြာလှ ကနစိုပင် ( ဘာပင်မှန်းကျွန်တော်မသိပါ နောက်မှကိုနေမျိုးဝေပြောသံကြား၍မှတ်ထားခြင်း ဖြစ်ပါသည် ) ခပ်လတ်လတ် တစ်ပင် နားသို့ အရှိန်နဲ့ ထိုးတင်လိုက်သည် ငြိမ့်ခနဲက ဖြစ်သွားသည် ကိုနေမျိုးဝေ ကမ်းပေါ်ခုန်ချ၍ ကနစိုပင်မှာ ကြိုးချည်နေတာ တွေ့ရသည် ။ ဘေးကင်းလုံခြုံသွားပြီဖြစ်သည် အားလုံး ပျော်နေကြသည် ။ .............................
သို့သော် .............................
မိုးက ပိုသည်းလာသည် ။ .......................
စက်လှေ အတွင်း ပိုင်းက လေလုံမိုးလုံရှိသည် အိမ်ကလေး တစ်ခန်းလို လုံနေသည် စက်သံမကြားလျှင် မိုးအေးအေး နှင့် အတော်ကွေးကောင်းမည့်ပုံဖြစ်သည် ။ ကမ်းကပ်ပြီးပြီမို အင်ဂျင်လည်း ရပ်လိုက်ပြီ ။ ဒီလို နှင့် ညနေ ၄း၃၀ လောက်မှာပင် မိုးမှောင်နေ၍ အတော်မိုးချုပ်နေပြီဟု ထင်မှတ်ရသည် ။
ကျွန်တော်တို့ မိုးခိုနေရင်း စားသောက်ဖို့ ချက်ပြုပ်ရန်တာစူသည် ။ စက်လှေပေါ်မှာ မီးဖို တခန်း အိမ်သာတစ်ခန်း လုပ်ထားတာ ပါသည် ။ အတော်အဆင်ပြေသည် ။ ဒေသခံ တောသား(ပါတီဝင်) သုံးယောက်ကလည်း ခပ်အေးအေးပင် ထမင်းဟင်းချက်ဖို့လုပ်နေသည် ။
စက်လှေပေါ်ပါ ကြက်အရှင် နှစ်ကောင်အနက် မှ တကောင်ကို ကိုသန်းဝင်းဆိုသူမှ လည်လှီးနေ တာတွေ့သည် ။ တင်မောင်အေးက ပြောသည် ဟာကွာ မင်းတို့ဟာကလည်းကြည့်လုပ်ကြပါဦးဟ ဒီကြက်သားကို ဘယ်လိုစားရမလဲတဲ့ ။
နေမျိုးဝေက ကျွန်တော့်ကိုလှမ်းပြီး မျက်စပစ်သည် ဟေ့ကောင်အောင်မျိုးဦးမင်းဘာတွေ့လဲတဲ့ ။ ကျွန်တော်ကလည်း ချက်ဆိုနားခွက်ကမီးတောက်သည် ။ နေမျိုးဝေ ပြောချင်တာက ဒီလို လို့ .......
မြို့ပေါ်မှာ လို ရေခဲသေတ်္တာ မရှိ ၊ ချက်ချင်းသွားဝယ်လို့ရတဲ့ အသားဈေးမရှိ ။ ချက်ပြီးသား ထမင်း ၀ယ်စားစရာမရှိ ။ သတ်ပြီးသားအသားဝယ်လာလျှင်ပုပ်မည် ။ တောရွာတွေက နာဂစ်ပြီးမှ အရင်လိုမဟုတ် ကြက်မျိုး ၊ ဘဲမျိုး မန်ဒါလီမျိုး ပြုတ်နေပြီ ။ ဟိုးယခင်ကလိုဆို တောသွားရင် အခုလို ကြက်အရှင်ဆောင် စရာမလို ဘဲငန်းသား ၊ မန်ဒါလီသား ၊ ကြက်သား ၊ ဘဲသား ၊ ကြက်ဥ ၊ ဘဲဥ ပေါလွန်းသည် ။ ယခု ဟင်းစား အကောင်တွေဆောင်လာရသည် ။ ရွာသားတွေအားနာဖို့ကောင်းသည် ။
ထို့အပြင် အဲဒီလို အရှင်သတ်မစားရင် ဆီဆမ်း ဆားဖြူး ကြက်သွန်နီကိုက်စားရမည် ။ ကြက်ဥကြော် စားရမည် ။ မြို့သားတွေ ပါလာလို့ နေမျိုးဝေက သူ့ညီအောင်ကိုလတ် အိမ်က ကြက်တွေ ဖမ်းလာတာဖြစ် သည် ။
အခန်း(၄)
ခြောက်ခြားစရာည
ထိုနေ့ တညနေလုံး ကမ်းကမခွါနိုင် မိုးလေသည်းနေသည် ။ မထူးတော့ ဒီတည ဒီမှာတင်စားသောက်ပြီး အိပ်လိုက်ကြတော့မည်ပေါ့ ။
ဒီလိုနဲ့ ညနေ ၆ နာရီလောက်မှာ ဆိုင်းသံကြားရသည် ။ သန်းနိုင်ဦး ၊ ကိုသန်းဝင်း ၊ ကိုမြင့်ဇော် ၊ ကိုတင်ထွန်း တို့ လေးဦး ဇဝေဇ၀ါဖြစ်နေသည် ။ ဟာ ဒီနားမှာ ရွာမရှိပါဘူး ဟု သန်းနိုင်ဦးကပြောသည် ။ ကိုသန်းဝင်းက နာဂစ် တုံးက လ၀ိုင်းကျွန်းသားတွေ ဒီဘက်မှာ ရွာတည်ပေးတယ်ကြားတယ်ကွ လို့ ပြော သည် ။ ဟုတ်တယ်မဟုတ်ဘူး ငြင်းလို့ကောင်းတုံး ။အဖြေပေါ်လာသည် ။
ကျွန်တော်တို့ စက်လှေဆိုက်ကပ်ထားရာ နေရာ နှင့် မလှမ်းမကမ်းမှာ တောတိုးလာတဲ့ လူတစ်စု ထွက်လာတာတွေ့ရသည် ။ ခမောက်တွေ ဆောင်းထားသည် ။ ( မှတ်ချက် အန်အယ်လ်ဒီတွေမဟုတ်ပါ ) ရွာသားမို့ ခမောက်ဆောင်းထားတာပါ ။ စက်လှေဘက် လှမ်းမျှော်ကြည့်ပြီး ထွက်လာကြသည် စုစုပေါင်း သုံးယောက်
ကျွန်တော့်လိုသွားငချိပ်နဲ့ က နှစ်ယောက်ပါသည် ။မိချောင်းမျက်နှာနှင့်တယောက်ပါသည် ။
ဗျို့ဆရာတို့ ဘာလိုလို့လဲဗျ ကျွန်တော်တို့ မော်တော်သံကြားကတည်းက တခုခုဖြစ်နေတယ်မှတ်တာ ။ဆရာတို့ ဘာမှမဖြစ်တော့ ကံကောင်းတာဘဲ ။
သန်းနိုင်ဦးက ..........
““ ဟေ့လူတွေ ခင်ဗျားတို့ သစ်တောက၀န်ထမ်းတွေလည်းမဟုတ်ပါဘူး ဘာလည်း ထင်းလာခုတ် နေကြတာလား ””
““ဟာ ဆရာကလည်း ကျွန်တော်တို့ ဒီမှာ ရွာတည်ပေးထားတယ်လေ ””
““ အော် ဆိုင်းသံကြားတာ ခင်ဗျားတို့ ရွာကလား ””
““ အစစ်ပေါ့ ဆရာရယ် ၀ါဆိုသင်္ကန်းကပ် နဲ့ ရှင်ပြုတွဲလုပ်နေတာ ဆရာတို့လိုက်ခဲ့ပါလားတဲ့ ””
တင်မောင်အေးက ...........
““ နေမျိုးဝေ ဟေ့ကောင်ခွင်ဘဲ တို့စကားပြောဖို့လူစုရင်မလာရဲဘူး ရွာထဲတက်ပြီး ဆိုင်းဆရာစုထားတဲ့ လူတွေ သွားဟောမယ် ””
ကိုညိုက ... ““အေးမဆိုးဘူးဟ မိုးလည်းစဲနေပြီ တို့သဘောင်္ထဲမှာ တောစီးဖိနပ် ၆ ရံတောင်ပါတယ် ””
ကျွန်တော်တို့လည်း စက်လှေထဲမှာ အစောင့်သုံးယောက်ထားပြီး ကျန်တဲ့သူ လိုက်လိုက လိုက်နိုင်ကြောင်း ပြောတော့ ပဲ့နင်းကြီး သန်းနိုင်ဦးက ကျွန်တော်နေခဲ့မယ်တဲ့ ။ ကိုတင်ထွန်းနဲ့ ကိုမြင့်ဇော်ကလည်း နေခဲ့မယ်တဲ့
ကျွန်တော်တို့ ၅ ယောက် ကမ်းပေါ်သို့ တက်ကြလေသည် ။ ကမ်းပါးကကြည့်တော့ တောကိုသာမြင်ရသော်လည်း ဓမင်းနွယ် တစ်ခြုံကို ကျော်လိုက်သည်နှင့် တာဖို့ထားသော လမ်းပြောင်ပြောင်လေးကို တွေ့ရသည် ။ မိုးရွာထားသဖြင့် မြေပြော့နေသော်လည်း ကျွန်တော်တို့တောစီးဖိနပ်များကြောင့် လမ်းကောင်းကောင်း လျှောက်၍ရသည် ။ လမ်းကလေးဘေးတွင် မီးကလေးများ မှိတ်တုတ်မှိတ်တုတ် နှင့် တဲငယ်ပုပုလေးတွေတွေ့ရ သည် ။
အနံ့အသက်ကမကောင်း ပုပ်အဲ့ အဲ့ နံနေသည် ဒါကို နေမျိုးဝေက ““ဟား အပုပ်နံ့ နံတယ်””ဟု ဗရမ်းဗတာ ပြောလေသည် ။ တင်မောင်အေးက ““မင်းရေးတဲ့ တဲဗြဲကြီးတွေ ရဲ့ အနံ့မျိုးလား””ဟု “စ” သည် ။ ““မဟုတ်ဘူးကွ ငါးပိနံ့ မဟုတ်ဘူး လူသေခွေးသေ ပုပ်သလိုမျိုး”” ဟု ပြောသည် ။ ကျွန်တော်က ““ ခင်ဗျားကလည်း လူတွေကို အနာလစ်ဆစ်လုပ်တာ အားမရဘူး အပုပ်နံ့အနာလစ်ဆစ်ဆက်လုပ်ဦးမလား””ဟုနောက်ပြောင်သည် ။
ဟုတ်တော့ ဟုတ်သည် အနံ့အသက်က အော်ဂလီဆန်ချင်စရာ သင်္ချိုင်းကုန်းထဲရောက်နေသလိုလို ။ ဒါနဲ့လမ်းဘေးဝဲယာမှာ တဲတွေ ကျိုးတိုးကျဲတဲ ထဲက လူတွေ က ကျွန်တော်တို့ကို ရီဝေနေသော မျက်လုံးများ နှင့် လှမ်းငေးသည် ။ သူတို့ မျက်လုံးတွေကို ကြည့်လိုက်လျှင် စိတ်မသက်မသာစရာကောင်းသည် ။ ခြောက်ချားစရာကောင်းသည် ။
ကျွန်တော်တို့ကို မီးရောင်တထိန်ထိန်နှင့် ပွဲဈေးထဲသို့ ဦးဆောင်ခေါ်လာသော လူသုံးယောက်ကား မျက်နှာထားတွေ တည်နေပြီး စကားပြောသံလုံးဝမကြားရ ။ ကျွန်တော်ကမေးသည် ဆိုင်းပွဲကို မသွားဘူး အလှူရှင်အိမ်ကို အရင်သွားရအောင်ဆိုတော့ အင်းဟု တစ်လုံးသာပြောသည် ။
ထူးခြားချက်တခုကို သွားတွေ့သည် မီးရောင်တွေ ထိန်နေတာကိုသာ မြင်ရသည် ထိုမီးရောင်တွေက ဟိုဟိုဒီဒီမပျံ့လွင့်သလို ခံစားရသည် ။ ကျွန်တော်တို့ လမ်းကို မှုန်ဝါးဝါးမြင်နေရသည် ။ နာရီဝက်လောက် လမ်းလျှောက်ပြီးသော ရှေးဟောင်း အိမ်ကြီးတစ်လုံးရှေ့ရောက်လာသည် ။
ပြောတော့ ရွာသစ်တည်ထားပေးသည်လို့ ပြောသည် ယခုရောက်နေတာက ရွာဟောင်းကြီး ရှေးဟောင်း အဆောက်အဦး ဒီဇိုင်းတွေ ရှေးမွန်ကရင် အိမ်ကြီးတွေလိုဖြစ်သည် ။ ဒီမှာကျတော့ စောစောက အပုပ်နံ့ မရတော့ဘဲ ထူးထူးခြား အမွေးနံ့ရနေပြန်သည် ။ ဘာနံ့မှန်းကို ခံစားလို့မရ မရင်းနှီးသည့်အနံ့တမျိုးဖြစ်သည် ။
ဒီလိုနဲ့ အိမ်ကြီးထဲက ယောက်ျားကြီး ၂၀ ခန့် မိန်းမများ ၁၀ ယောက်ခန့်ဝိုင်းထိုင်နေသည် မောင်ရင်လောင်း တစ်ယောက်ကိုလည်း အိနြေ်္ဒကြီးတစ်ခွဲသားနှင့် ရှိနေတာ တွေ့ရသည် ။ ၀တ်စားထားတာတွေက ရှေးခေတ်အ၀တ် အစားတွေဖြစ်သည် ။ ကျွန်တော်က ဘာမှသိပ်မတွေး ဒီဘက်ရွာတွေ ဓလေ့ဟုသာထင်သည် ။
ကျွန်တော်တို့ကိုမြင်တော့ ရောင်ထုံးကြီးနှင့်အကြီးအကဲဖြစ်ဟန်ရှိသူက ဖော်ဖော်ရွေရွေဧည့်ဝတ်ပြု သည် ။
ကိုနေမျိုးဝေက စတင်မိတ်ဆက်ပေးသည် ။ အဖိုးကြီးက ပါတီတွေဆိုတာပါလာတော့ သူက ဘာမှမသိ ““ပါတီဆိုတာ ဘာကိုခေါ်တာလည်း”” ဟုမေးသည် ။ မိန်းမတွေက တအံ့တသြဖြစ်နေပုံရသည် ။ ကျွန်တော်တို့ကို ဂြိုလ်သားတွေလို အထူးအဆန်းစူးစမ်းကြသည် ။
တင်မောင်အေးထံမှ အောင်မလေး ဟူသော အလန့်တကြားအော်သံကြား၍လှည့်ကြည့်တော့ သူ့နားက နန်းဝတ်နန်းစားနှင့်အမျိုးသမီးကြီးတစ်ယောက်က တင်မောင်အေး လက်ကိုဖမ်းကိုင်ကာ စူးစူးစမ်းစမ်းကြည့်နေသည် တင်မောင်အေးက အလန့်တကြားရုန်းနေတာတွေ့ရသည် ။ ခဏနေတော့ တင်မောင်အေးက ပြူးကြောင်ကြောင် ဖြစ်နေပြီး အမျိုးသမီးကြီးက လက်ကိုလွှတ်လိုက်တာ တွေ့ရသည် ။
နေမျိုးဝေက လှည့်ကြီးပြီး ခပ်အေးအေးပင် ။ အဖိုးကြီးနဲ့လေပေးဖြောင့်နေတုံးရှိသည် ။ ကျွန်တော် နိုင်ငံရေးကို မေ့သွားပြီ ဒီထက်စိတ်ဝင်စားစရာ အခြေအနေပေါ်လာလို့ဖြစ်သည် ။ ကိုညိုကို အမျိုးသမီးခပ် လတ်လတ်တစ်ယောက်နှင့် မိချောင်းမျက်နှာနှင့်လူက တစ်ဖက်တစ်ယောက် လှမ်းဆွဲပြီး အိမ်အပြင်ဘက်ကို ခေါ်သွားဖို့ပြင်နေတာတွေ့ရသည် ကိုညို့မျက်နှာက ဖြူဖတ်ဖြူရော် နှင့် ကျွန်တော့်ကို အကူအညီတောင်းသည့်ပုံစံနှင့် ကြည့်နေတာတွေ့ရသည် ။
ကျွန်တော်က ““ ကိုညို ဘယ်သွားမလို့လည်း ခနနေဦးလေ ဒီမှာ ကိစ်္စလေးတွေ ရှိသေးတယ်”” ဟု လှမ်းပြောလိုက်တော့ နေမျိုးဝေက အခြေအနေကို မြင်သွားသည် ။
““ကိုင်းကျွန်တော်တို့ အခုလိုရောက်တုံး လာရင်းကိစ်္စနဲနဲပြောမယ် ကိုညိုဒီကိုလာဗျာ ”” ဟု ခေါ်လိုက် သည် ။ ဘေးက နှစ်ယောက် မရှိတော့ ဘယ်ရောက်သွားသည် မသိ ။
ကျွန်တော် ၊ တင်မောင်အေး ၊ ကိုညို ၊ ကိုသန်းဝင်း ၊ နေမျိုးဝေ ......... အိမ်ရဲ့ အပြင်ဘက်ဝင်ပေါက်ကိုမျက်နှာ မူ၍ကပ်ထိုင်လိုက်ကြသည် ။ ကိုသန်းဝင်းကား မျက်နှာအတော်ပျက်နေလေပြီ ။
အိမ်တွင်းမှာ ရှိနေသော စောစောကယောက်ကျားကြီး မိန်းမကြီး စုစုပေါင်း ၃၀ လောက် အလျှိုအလျှို ပျောက်သွားသည် ။ အဖိုးကြီး အတွင်းခန်းထဲဝင်သွားသည်လို့ ထင်၍ ကြည့်သည် မတွေ့ ။ မီးရောင်တွေ ဆိုင်းသံတွေ ဝေး၍ဝေး၍သွားသလို ထင်ရသည် ။ အိမ်တွင်းမှာ လင်းနေသလိုလိုရှိသော်လည်း ဘာမီးမှထွန်းထားတာ မတွေ့ရ ။ ကြယ်ရောင်လိုလို လရောင်လိုလို ဖြစ်သည် တစ်ယောက်နှင့်တယောက် ရှင်းရှင်းလင်းလင်း တွေ့ရ သည် ။ အပြင်မှာကလည်း အတော်မှောင်မဲနေသောကြောင့် အံ့သြရသည် ။
သက်ရှိဟူ၍ ကျွန်တော်တို့ ငါးယောက်သာ ရှိနေတော့သည် ။ ပြဿနာစလေပြီ ။ တင်မောင်အေးမျက်နှာ ဆီးရွက်လောက်သာ ရှိတော့သည် ။
နေမျိုးဝေက ““ ကိုသန်းဝင်း ဘယ်လိုလဲဗျ ””ဟု မေးဆတ်ပြသည် ။ ““ ဟေ့လူ မဟန်ဘူး ကျုပ်တို့ခံရပီ ”” ကိုညိုက ..... ““နာနာဘာဝတွေထင်တယ်ဗျ ””““တင်မောင်အေးဘာလို့လန့်အော်တာလဲ””လို့ ကျွန်တော်ကမေးတော့ ။ ““လက် ... လက် ... လက်ကြီးကအေးစက်စက်ကြီးမို့ အော်မိတာဟ””ဟု ထစ်ထစ် အ အ ဖြေသည် ။ နေမျိုးဝေက -
““ဟေ့လူတွေ မကြောက်ပါနဲ့ဗျာ ဖိနပ်တွေ ကြည့်ဗျ အရေးကြီးတယ် ””ဟု ဆိုပြီး မဆီမဆိုင် တောစီးဖိနပ်တွေ ဓါတ်မီးနဲ့ လှမ်းထိုးသည် ။ ရှိသည် ။ ဒါနဲ့ ဖိနပ်တွေဆီထသွားပြီး ဖိနပ်ခွါဖက်က ကိုင်ပြီး အပေါက်ကို အောက်ဖက်ထားပြီး စောင့်လိုက် ကျနော်တို့ကို ပစ်ပေးလိုက်လုပ်နေသည် ။ ကျနော်က ““ဟေ့လူဘာ လုပ်နေတာတုံး””မေးတော့ ““အကောင်ဘလောင်ကြည့်တာဟ နင့် ဘိုးအေတွေက ပိုဆိုးတယ်””ဟု ဆိုသည် ။
ကျနော်တို့ အိပ်ပေါ်မှာတင် ဖိနပ်တွေ စီးလိုက်ကြသည် ။ ဖိနပ်ကို ထ၍ အလျှို တင်မောင်အေး ဒလိန့်ခေါက်ကွေး ပြိုလဲတာတွေ့သည် ။ဘယ်ကမှန်းမသိသော ရီသံတွေ စီကနဲထွက်လာသည် ။
နေရင်းထိုင်ရင် အိမ်ပေါ်မှာ ဘာဖြစ်တာတုံးဟ ဟု ပြောလည်းပြော အောက်ကို ဓါတ်မီးနဲ့အထိုး ခေါင်းထဲကဖျင်းကနဲ့ လန့်သွားသည် ။ တင်မောင်အေး တောစီးလည်ရှည်ကို လက်တဖက်ကကိုင်လျှက် အုတ်ပုံအဆွေးအပျက်ကြားထဲညပ်နေတာတွေ့ရသည် ။ မျက်နှာက ထိတ်လန့်ရှုံ့တွနေသည် ။ အိမ်ကြီးဆိုတာ မဟုတ် တော့ ခြုံကြီးတွေကြားမှာ ရောက်နေတာ တွေ့ရသည် ။
နေမျိုးဝေ အယုတ်တ အနတ်တတွေ အော်ပြီး အသကုန် ကြိမ်းမောင်း ဆဲဆို တော့သည် ။ ကိုသန်းဝင်းက နေမျိုးဝေကို တောင်းပန်သည် ။ ဓါတ်မီးနှင့် ဟိုဟိုဒီဒီထိုးကြည့်သည် ခြုံနွယ်တွေ ရေညှိတက်နေသော အုတ်ပုံတွေကြားထဲ အားလုံးရောက်နေတာတွေ့ရသည် ။ သချိုင်းကုန်းလား ဘုရားပျက်လား ဝေခွဲမရ လူအားလုံး တယောက်နဲ့တယောက် မမြင်ရတော့ ။ ဓါတ်မီး သုံးလက်ပါလာရာ နေမျိုးဝေ က ဓါတ်မီးတစ်လက်ကို မီးအိမ်ခွက် ဖြုတ်ပြစ်လိုက်ပြီး မီးတိုင်လိုလုပ်ထွန်းလိုက်သည် ပေ၂၀ /၃၀ ပတ်လည်လောက်တော့ အလင်းရောင်ပြန့်သွား သည် ။ တစ်ယောက်နဲ့တယောက်ပြန်မြင်ရသည် ။ ““သရဲဆိုတာ ဆိုဒီယံမီးကြောက် တယ်ကွ””ဟုနောက်နေ သေးသည် ။
““ဟေ့လူကိုသန်းဝင်း လမ်းရှာပြီးပြန်ကြမယ် ””ဟု အော်ပြောသည် ။ ကျွန်တော်တို့ဝင်လာသော တာလမ်းကလေးကို မီးနဲ့ပတ်ထိုး၍ရှာသည် မတွေ့ လမ်းဘယ်မှာဟုမသိရ ခြုံတောတွေသာ မြင်ရသည် ။ ကိုသန်းဝင်းက ဒီမှာတော့ စွတ်ကြောင်းတခု တွေ့တယ်ကွဟု လှမ်းခေါ်သည် ကျွန်တော် ကိုညို တင်မောင်အေး လက်ချင်းတွဲလျှက် ကိုညိုက ဓါတ်မီးတိုင်ကို ကိုင်လာသည် ။ နေမျိုးဝေ နှင့် ကိုသန်းဝင်း ဓါတ်မီးတစ်ယောက် တစ်လက်နှင့် လမ်းရှာသည် ။
စောစောကစွတ်ကြောင်းကလေးသာ အရာရှိသည် တောစီးဖိနပ်တွေအားကိုးနှင့်မိုက်ရတော့မည် ။ ထိုစဉ် . ... ခပ်လှမ်းလှမ်းက ခွေးတကောင် ဆွဲဆွဲငင်ငင်အူသံကြားရသည် ။ အပုပ်နံ့လိုတွေ ပြန်ရလာသည် ။
““မကြောက်နဲ့ ......... x ..... x .......... x ........ ”” နေမျိုးဝေထံက ဆဲဆိုသံတွေ ထပ်ထွက်လာသည် ။
ကလေးငိုသံတွေလိုလို ကြားရပြန်သည် ။ ကိုသန်းဝင်းထိုးလိုက်တဲ့ ဓါတ်မီးရောင်ထဲမှာ နန်းဝတ်နန်းစားနဲ့ထွက်ပြေး သွားတဲ့မိန်းမတစ်ယောက်ကို တွေ့သည် ။
““ကိုညိုမီးချစ်ပါလား””ဟု မေးသည် ။ ““ပါတယ်ဗျ ”” နေမျိုးဝေ လွယ်ထားတဲ့ အိတ်ထဲက စာစောင်တွေ
လုံးထွေး မီးရှို့ပြီးဟိုတစ်ခုဒီတစ်ခု လှမ်းပစ်သည် ။ ကိုညိုကတားသည် ““ဟေ့လူ တောမီးလောင်မယ် ”” ဘာညာလုပ်သည် ။ ကျွန်တော်က ““ဟာ မိုးတွင်းကြီး ဘာမှမဖြစ်ပါဘူး””လို့ ၀င်ပြောသည် ။
မီးရောင်တွေ ရှိတော့ အကြောက်နဲနဲပြေလာသလိုရှိသည် ။ တင်မောင်အေးက
““ဟေ့ကောင်လမ်းရှာကွ ”” ဟု လှမ်းကောသည် ။ ““နင့်ဂျီးဒေါ်ကြီး လျှောက်ရဲရင် ဒီစွတ်ကြောင်းအတိုင်း လိုက်ယုံဘဲ”” လို့ပြောသည် ။ ကိုညိုက ““လျှောက်ကြမယ်ဗျာ ဘယ်မှာဖြစ်ဖြစ် သိပ်မထူးပါဘူး”” ဆိုတော့ ...... ဒီလိုနဲ့ ကျွန်တော်တို့ ........... ကိုသန်းဝင်း အရှေ့ နေမျိုးဝေ အနောက်ဆုံးက လိုက်၍ အလယ်က ကျွန်တော်တို့ လျှောက်လေသည်။ ၁၅ မိနစ် လောက် လျှောက်မိကြလျှင် ““ဟား”” ဟု အရှေ့ဆုံးက ကိုသန်းဝင်း အော်သံကြားလေသည် ။ ““ဘာတုံးဟေ့”” ““ဟား ဟိုမှာလေ ........”” ယောကျာ်း မိန်းမ ကလေး အလောင်းများ ပုပ်ပွနေတာ မြင်မကောင်းရှုမကောင်းဖြစ်သည် သုံးလေး ဆယ် လောက်ရှိမည် ။ အနံ့အသက်ကလည်း အော်ဂလီဆန်နေသည် ။
တင်မောင်အေးလှည့်ပြေးဖို့လုပ်သည် ကျွန်တော်နဲ့နေမျိုးဝေက လှမ်းဆွဲထားသည် ။ ကိုညိုက မိုးလင်းသည့်တိုင် ကုန်းကောင်းကောင်းမှာ ထိုင်နေကြဖို့ပြောသည် ။ ကိုသန်းဝင်း နေမျိုးဝေ ကျွန်တော် ဆက်လျှောက်မည်ပေါ့ ။ တင်မောင်အေးကဘာမျှမပြော ဒီလို နှင့် သုံးမဲ ၁ မဲ ကြားနေမဲ တစ်မဲ လူသေတော ကို ဖြတ်လျှောက်ရန် ဆုံးဖြတ်သည် ။
အားလုံး နှာခေါင်းပိတ်၍ ဇွတ်ပေလျှောက်သည် ။ မကြာလှ ကျော်သွားသည် ။နောက်ပြန်လှည့်ကြည့် သည် ။ အတုအယောင် ဘာမျှမတွေ့ ။ စောန အလောင်းတွေ ပုပ်ပွနေတာတွေ မရှိတော့ ။
အခုမှ စဉ်းစားမိသည် လူတွေ အများကြီး ဒီမှာလာသေစရာမရှိ ။ နာဂစ်ကလည်း သုံး နှစ်ပင်ကျော်ပြီ ဟု ...............
ဒီလိုနှင့် ကျွန်တော်တို့ ဗြိုက်တောတွေထဲဖြတ်လာရာမှာ ........ ““ ဖြုန်း ...... ဖရူး ...... ဖရူး ... ””
ဟူသော အသံ နှင့်အတူ မဲမဲတကောင် ဖြတ်ပြေးသွားတာ တွေ့လိုက်သည် ခဏအကြာ ““ အိ အိ ”” ဟုအော်သံကြားရသည် ။ ကိုသန်းဝင်းက တောဝက်ထင်တယ်ဟု ရေရွတ်သည် ။
နေမျိုးဝေက ““ခွေးပါရင် အပိုင်ဘဲ ”” ဟု ပြောသည် ။
နာရီကို မီး ထိုးကြည့်သည် ည ၁ နာရီကျော်ပြီ အချိန်ကုန်လို့ကုန်မှန်းမသိ လူတွေ နုံးလာသည် ။ ရှေ့နားမှာ ကုန်းပြောင်ပြောင်နဲ့ ဇရပ်လို တစ်ခု တွေ့သည် ။ အမိုးအကာတော့မရှိ အောက်က တမံသလင်းခင်း ထားသည် ။
မထူးတော့ ခဏ နားမှဖြစ်မည် ။ ဇရပ်လိုထဲတွင် ခဏ၀င်ထိုင်ကြသည် ။ ဂျာနယ်တွေ ဖြန့်ခင်း၍ထိုင် သည် ။ ရွာသားတွေပြဖို့ ဂျာနယ်တွေ အထပ်လိုက်ဆောင်လာတဲ့နေမျိုးဝေကို ကျေးဇူးတင်သည် ။ စာပေကျေးဇူးကြီးလှသည် ။ တချို့ ဂျာနယ်တွေကို လုံးလိပ်၍ မီးရှို့ကာ ဟိုဒေါင့်ဒီဒေါင့် မကြာမကြာလှမ်း ပစ်သည် ။ ပါးစပ်ကလည်းပြောသေးသည် ““သရဲက ဆိုဒီယံမီးသာမကဘူး ရှို့မီးလည်း ကြောက်တယ်ကွ ””
မိုးမရွာလို့ တော်သေးသည် ။ မိုးရွာလျှင်အအေးပတ်၍ သေနိုင်သည် ။
ဇရပ်ထဲတွင် သစ်လုံးအတိုအစတွေ ရှိသည် ရေစိုနေ၍ မီးရှို့၍မလောင် ။ ဒီလို နှင့်ငုတ်တုတ် ငိုက်ကြ သည် ။ ............
................ ဂစ် ....... ဂစ် ............... ဂစ် .....................
ဟုသော အသံကြီး ကောင်းကင်က ထွက်လာသည် ။ ကျွန်တော်တို့ ထိတ်လန့်နေသည် ။ ““ငှက်ဆိုးထိုး””တယ်ဟု ကိုညိုကပြောသည် ။ နေမျိုးဝေက ““ ငှက်ကောင်းဗျ အဲဒါလင်ကောင်ပိုးလို့ခေါ်တယ် ကျွန်တော်တို့ ဘက်မှာ ဒီကောင်က လူကို အကျိုးပြုတယ် ......... ကြွက်ဖမ်းစာတယ်လေ ... နာဂစ်မှာ မုန်တိုင်း စက်ကွင်းက ရှောင်လို့မရအောင်ကျယ်တော့ ဒီကောင်တွေ မျိုးပြုတ်သွားတယ် ကြွက်တွေပေါတာ ဒါ့ကြောင်လဲ တစ်ခုပါတာပေါ့ဗျာ အခု ဒီကောင့်အသံကြားရတာ ကျွန်တော် စိတ်ချမ်းသာသွားတယ် ”” ဟု ဆိုလေသည် ။
ကျွန်တော်က ... ““ဟင် ခင်ဗျားကလည်း ကျွန်တော်တို့ ကြောက်မှာစိုးလို့ ဖြီးပြန်ပြီ ”” ဆိုတော့ ...
ကိုသန်းဝင်းက ““ ဟုတ်တယ်ဗျ နေမျိုးဝေပြောတာ အမှန်ဘဲ ”” ဟု ရှေ့နေလိုက်သည် ။
ဒီလို နှင့် ကျွန်တော်တို့ နိုင်ငံရေးစကားဘက်ရောက်သွားပြန်သည် ။ ““တင်မောင်အေးရေ ခင်ဗျားတရားဟောမှာကို သဘောကျလို့ ဦးရှင်ကြီး နှမတော်တွေ လာဆွဲတာလားမသိဘူးနော် ””ဟုကျနော်က နောက်သည် ။
ကျနော်က ““ရောင်ထုံးကြီး နှင့် အဖိုးကြီးက သိုက်ချုပ်ဘိုးဘိုးကြီးလို ရာထူးဖြစ်မယ်ဗျ”” ဆိုတော့ ကိုညိုက ““နတ်စိမ်း စီအီးစီ ထဲက တစ်ယောက်ယောက်နေမှာပေါ့ ””ဆိုတော့ ရယ်ရသေးသည် ။
““နတ်စိမ်းတွေ ပါတီဆိုတာကို မကြားဘူးကြဘူး အတော်ခေတ်မမှီဘူးဗျ”” လို့ နေမျိုးဝေက နတ်ဝေဘန် ရေးစသည် ။ ““အခေါ်အဝေါ်ကွာလို့နေမယ်ကွ နတ်သဘင်ညီလာခံတို့ဘာတို့ ဆိုတာရှိတယ်မလား သူတို့လည်း တို့လိုဘဲ ရှိမယ်ကွ ””လို့တင်မောင်အေးက အကြောက်ပြေစကားဝင်စလာသည် ။
““ခင်ဗျားတို့ တကယ့်လူတွေဗျာ တတ်လည်းတတ်နိုင်တယ် ခုနကတော့ သေပြီမှတ်နေတာ လန့်ဖြန့်နေကြတာ နည်းနည်းလေး အသက်ရှုချောင်တာနဲ့ ဇာတိကပြလာပြီ ””လို့ကိုသန်းဝင်းက ထောက် သည် ။
““ငါတို့ ပါတီရဲ့ အကြောင်း ပြောပြတော့ အဘိုးကြီးက ခေါင်းတညိမ့်ညိမ့်နဲ့ကွ ... ငါက ဥပဒေပြုတယ်ဆိုတာ ဘာညာနဲ့ ပြောနေတော့ အဘိုးကြီးက ငါတို့ ဆီမှာတော့ အစောဆုံးရောက်တဲ့သူက ဥပဒေပြုတာဘဲ ဆိုတာကို ငါကသဘောမပေါက်ဘူး ။ ””
““ဟို မောင်ရှင်လောင်း ကိုရင်လေးဆိုတာ ဦးရှင်ကြီးများလားကွာ ”” လို့တင်မောင်အေးက စပ်စု သည် ။ ““ နင့်ဂျီးဒေါ်ကြီး ငါက နတ် လ၀က မှမဟုတ်တာ သိမလားဟ ငါသိတာတော့ ကောင်လေး နတ်မဲပေးလို့ မရဘူး ၁၈ နှစ်မပြည့်လို့ ”” ဟုနေမျိုးဝေက လုပ်သည် ။
ဂျာနယ်တွေ လုံးထွေးမီးရှို့ပြီးဟိုဒီပစ်ပြန်သည် ။ ကိုညိုက သူ့အင်တာဗျူးပါသော ဂျာနယ်လေးတွေ မီးထဲပါသွားမှာဆိုးသောကြောင့် ဓါတ်မီးရောင်နှင့် ဖြဲရှာသည် ။ နေမျိုးဝေက အသုံးချ ပညာရေးကျွမ်းကျင်သည် ဂျာနယ်တွေ ဒီအချိန်မှာထုတ်ပြီး မီးရှို့ရကောင်းမှန်းသိသည် ။ အလင်းရောင်က အကြောက်ပြေစေသည်ကတော့ အမှန် ။ အိတ်ထဲက ဂျာနယ် တစ်ထပ်ကြီး အတော်ပါးသွားပြီ ရောင်နီက မတက်သေး ( ကနေဒါမှာ သေနေလို့ဖြစ်မည် )။
ဒီလိုနှင့် ခြောက်ခြားစရာ ညဥ့်ကို ထက်ဝက်ကျော်ခဲ့ပြီ ။ ကျွန်တော် ငုတ်တုတ် ငိုက်၍ မှေးကနဲ ပျော်သွားသည် ။ ၀ူးဝူး ၀ါးဝါးတွေ ကြားရသည် ကိုညိုက အတင်းလှုပ်နှိုးသည် ။ မဲမဲ မဲမဲ နှင့် လူရိပ်တွေလို ကျွန်တော်တို့ နားနေတဲ့ကုန်းပတ်လည်မှာတွေ့ရသည် ယိမ်းထိုးလှုပ်ရှားနေ၍ ကုန်းကုန်းကွကွသဏ္ဍန်တွေ ဖြစ် သည် ။ နေမျိုးဝေ မီးရှို့ထားသော စာစောင် အလုံးတွေ နှင့် လှမ်းလှမ်းပြစ်နေသည် ကုန်းကုန်းကွကွ အရိပ်မဲတွေ နေရာကိုတော့မရောက် မီးရောင် အစပ်လောက်က ဟန်ရေးပြနေကြတာဖြစ်သည် ကျွန်တော်တို့တစ်ပတ်လည်တွင် အရေအတွက် သုံးလေးဆယ်လောက်ရှိသည် ကိုသန်းဝင်း ဘုရားစာတွေ ကပေါက်တိကပေါက်ချာထရွတ် နေသံကြားရသည် နေမျိုးဝေကတော့ စိန်ခေါ် ဆဲဆိုနေသည် သူလဲ အရှေ့တော့ထွက်မလိုက် ။
ကျွန်တော်က ““ခင်ဗျား မီးလုံးနဲ့ လိုက်ပစ်ကြည့်ပါလား””ဟု ပြောသည် ။ ကိုညိုနဲ့တင်မောင်အေးက တား သည် ။ နေမျိုးဝေ တောစီးဘိနပ်ကို ပြင်စီးသည် ။ပုဆိုးတိုတိုဝတ်သည် ။ ဂျာနယ်လက်ကျန်တွေ ၁၀ လုံးလောက် လုံးလိပ်ပြီး စုကိုင်သည် တစ်ခုကို မီးတို့၍ ကုန်းအောက်ကို ဆင်းပြီး မဲမဲတွေနောက်ဆဲဆိုလိုက် သည် ။ အနားရောက်တော့ မီးလုံးနှင့် ပြစ်သည် ။ ကျွန်တော်တို့ ကြည့်နေရာ မဲမဲသဏ္ဍန်တွေ မမြင်ရတော့ နေမျိုးဝေ ပြစ်ကောင်းဆဲ လက်ထဲက စာရွက်လုံးတွေ ကုန်တော့ ပြန်လှည့်လာသည် ။
အနီးကပ်အူလိုက်သော ခွေးအူသံတွေ ခြောက်ချား စရာ ကြားရသည် ။ အုပ်စုလိုက်အူညည်း နေသလိုဖြစ်သည် ။ ထိုအခိုက် ရောင်နီတက်လာသည်လို့ထင်သည် အရှေ့ဘက်က အနီရောင်အလင်းရလာ သည် ။ ၀မ်းသာမှု ခဏသာခံသည် ရောင်နီမဟုတ် မီးလုံးကြီးတစ်လုံးကောင်းကင်က တရွေ့ရွေ့ ချဉ်းကပ်လာတာဖြစ်သည် ။ ကျွန်တော်တို့ ကုန်း အပေါ်က ကျော်၍ မီးများတဖွားဖွားကျကာ ရွေ့သွားသည် ။
ကျွန်တော်က ..““ ဟေ့လူ ခင်ဗျားကို သရဲတွေက တန်ပြန်တော်လှန်ရေး လုပ်တာဖြစ်မယ်ဗျ ”” ဟုစတော့
နေမျိုးဝေ မချိသွားဖြဲရယ်သည် ။
သရဲတွေက မီးကို မီးနဲ့ တိုက်သည်လား မဝေခွဲတတ် ။ မကြာလှ တရွှီးရွှီးနဲ့ အသံတွေကြားရသည် ။ ဘယ်ဘက်ကမှန်းမခန့်မှန်းတတ် ။ မြွေသံတွေဟုထင်၍ ခေါင်းနပန်းကြီးသွားသည် ။ ဓါတ်မီး တွေ နဲ့ ပတ်လည်ကို ထိုးကြည့်သည် ။ ဘာမှမတွေ့ရ ။ အသံကရပ်မသွား ဒီကြားထဲ ခေါင်းဖြုတ်၍ မီးတိုင်လုပ်ထွန်းထားသော ဓါတ်မီးတစ်လက် မီးသီးကျွမ်းသွားသည် ။ ပတ်ဝင်းကျင်တခုလုံး မှောင်မဲသွားသည် ။ စာရွက်တွေလည်း မီးရှို့စရာ မကျန်တော့ ။ အမှောင်ထုက စိတ်ကို ပိုခြောက်ချားလာစေသည် ။ လက်မှ နာရီကို မီးထိုးကြည့်သည် ။ ၄း၃၀ တော်သေးသည် အလင်းရောင် တက်လာတော့မည် ။
ဒီလို နှင့် ခြောက်ချားစရာ ညက ကုန်လွန်သွားသည် ။ ရောင်နီတက်လာပြီ ( အွန်လိုင်းပေါ် ) ။ အလင်းရောင်ရလေပြီ ။ ကျွန်တော်တို့လည်း ခြေကုန်လက်ပန်းကျနေပြီ ။ ပတ်ဝန်းကျင်မှအသံပလံများလည်း ပြောင်းသွားပြီ။ ငှက်လေးများ အသံ ပကျီပကျာ ကြားရသည် စိတ်ကြည်နှုးစရာကောင်းသည် ။ လုံခြုံသည်ဟု ခံစားလာရသည် မှေးကနဲ အိပ်ပျော်သွားသည် ။ ကျွန်တော်သာမဟုတ် ။ အားလုံး ။
““ ဟေ့လူတွေ ........... ဟာ .................... ဒီမှာ လာငိုက်နေတယ် ဘာလို့ ညက ပြန်မလာ တာလဲ ””ဟူသော ကိုသန်းနိုင်ဦး အသံကြားမှ လန့်နိုးကုန်တော့သည် ။ ““ကျွန်တော်တို့ညက စိတ်ပူနေတာ မနက်လင်းမှ ထရှာတော့ ခင်ဗျားတို့ ဒီနားတင် အိပ်နေကြတာကိုးဗျ ”” ဟူသော စကားကြားရတော့ ကျွန်တော်တို့ ကြောင်ကုန်သည် ။
““ဘာလဲဟ ဒီနားတင်ဆိုတာ ”” နေမျိုးဝေက မေးတော့ ““ ဟိုမှာလေ စက်လှေကပ်ထားတာ ””
ဟုတ်သည် ကျွန်တော်တို့ ဓနိတန်းလေးကျော်လိုက်သည်နှင့် ညကဆိုက်ကပ်ထားသော စက်လှေကို လှမ်းတွေ့ရ သည် တခေါ်လောက်ပင်မရှိ ။
ဖြစ်မှဖြစ်ရလေ ကျွန်တော်တို့ တညလုံး ဆင်းရဲဒုက်္ခခံ၍ ခြောက်ချားစဖွယ်ကုန်ဆုံးခဲ့သော ည ။ အမှန်က နီးနီးလေးဖြစ်သည် ။
ဒါဘဲဖြစ်သည် ။ ကျွန်တော် .......... နာနာဘာဝကို မယုံ ................ နေမျိုးဝေ .......... ပိုဆိုး ........
ယခု ကျွန်တော်တို့ ဘာကို ပြန်လည် ဆုံးဖြတ်ရမည်နည်း ။
.....................................................................
......................................................................
အောင်မျိုးဦး
(၀၁၅၀၀၆၁၀)
တွဲဘက်အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

Wednesday, April 30, 2014

နောင် ပွင့်တော်မူမည့် Aramaedaeya မြတ်စွာဘုရား သမိုင်း (ချမ်းမြေ့မြိုင်ဆရာတော်ဘုရားကြီး )

အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ... ၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

အရိမေတ္တေယျဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူမှာ အခုဘုရားလေးဆူးပွင့် ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရဖို့  ၁။ မကောင်းမှု ကိုရှောင်ရမယ် ။ ၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။ ၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သော ကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်း အောက် - ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကားဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း...
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကို ဖွားတော်မူ လိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်း ချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အ စုံပါတဲ့ တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက် ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့် စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ် တစ်ဆောင် ကို တိုက်ခန်းကခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးက တစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ် တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်း တစ်သောင်းခြောက် ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင် တို့ဖြင့်ဖျော်ဖြေ ကြ လိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း...
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ် အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။
အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မ ဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိ တာတောင်မှသင်္ခ စကြဝတေး မင်းနှင့် တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေး ချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်...
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း...
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်...
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား...
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည် တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန် ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်း ထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်  တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

credit to ဆရာ ဦးတင်မောင်လှိုင်