Monday, November 19, 2012

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် မွန်းလွဲ ၂ နာရီခွဲကျော်က ပြောကြားခဲ့ သောအမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန

(အချို့နေရာများတွင် အသံများလုံးထွေးနေမှုကြောင့် ဖော်ပြနိုင်ခြင်းမရှိပါ)

ကျနော်ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့အတွက် ဒီနိုင်ငံကို ပထမဆုံး တက်ခွင့်ရတဲ့ အမေရိကန်သမ္မတဦးဖြစ်တဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူမိပါတယ်။ ကျနော်ကို ဒီကိုလာတာက ဒီနိုင်ငံရဲ့အရေးပါမှုကြောင့်ပါပဲ။ လူကြီးမင်းတို့က အရှေ့နဲ့တောင်အာရှဆက်စပ်ပေးတဲ့လမ်းဆုံလမ်းခွမှာ ရောက်နေတဲ့အတွက် အရေးပါနေတာ။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံတွေနဲ့ လူကြီးမင်းတို့က နယ်မြေချင်းဆက်နေပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ရဲ့နိုင်ငံသမိုင်းက လည်း နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သလို ကမ္ဘာ့အလျှင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသရဲ့ကံကြမ္မာကိုပံ့ပိုးပေး နိုင်တဲ့စွမ်းအား တွေရှိနေပါတယ်။

ကျနော် ဒီကိုရောက်လာတာက လူကြီးမင်းတို့နိုင်ငံရဲ့လှပတင့်တယ်မှုနဲ့ ထူးခြား မတူကွဲပြားမှုတွေကြောင့်။ ကျနော်ရွှေတိဂုံ စေတီတော်ကြီးကို စောစောကပဲ မြင်တွေ့ခဲ့ရပါတယ်။

ဒီကိုရောက်လာခြင်းတခုကတော့ ဒီတက္ကသိုလ်ကို လေးစားလို့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးမှာ ကိုလိုနီဆန့်ကျင်ရေးကို စတင်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးမှာပဲ ကိုအောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကို မစတင်ခင်မှာ မဂ္ဂဇင်းအယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာပဲ ဦးသန့်က ကုလသမဂ္ဂကို မဦးဆောင်ခင်မှာ ဒီကျောင်းတော်ကြီးမှာပဲ ကမ္ဘာကြီးအကြောင်းကို ဆည်းပူးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ပညာရှင်တွေရုန်းကန်ကြိုးစား ခဲ့ကြသလို ကျောင်းတော်သူ ကျောင်းတော်သားတွေကလည်း သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ကို တောင်းဆိုခဲ့ကြပါတယ်။ အခုအခါမှာတော့ လွှတ်တော်က ဒီတက္ကသိုလ်ကို အားသစ်ပြန်လောင်းဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အနည်းဆုံးချမှတ်ခဲ့ပြီးပါပြီ။ ဒီနိုင်ငံရဲ့အနာဂတ်ကို ဒီနိုင်ငံရဲ့လူငယ်တွေရဲ့ပညာရေးကသာ အဆုံးအဖြတ်ပေးမှာဖြစ်လို့ ဒီကျောင်းတော်ကြီးက တချိန်က သူရဲ့ကြီးကျယ်မြင့်မြတ်မှု ကို ပြန်လည်ဆောင်ကြဉ်းရမှာမလွဲတော့ပါဘူး။

နောက်ဒီကို ရောက်လာခြင်းက ကျနော်တို့နှစ်နိုင်ငံကြားက ဆက်စပ်မှုကြောင့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်ကုန်သည်တွေ၊ သာသနာပြုသူတွေက ကုန်သွယ်မှု၊ သာသနာပြုမှုတွေ အတွက် ရောက်ရှိခဲ့ကြပါတယ်။ ဒီနယ်နိမိတ်အတွင်းမှာပဲ ဒုတိယကမ္ဘာစစ်အတွင်းက ကျနော်တို့ရဲ့ လေသူရဲတွေက တရုတ်ပြည်ကို ပျံသန်းခဲ့ကြသလို ကျနော်တို့ရဲ့ တပ်ဖွဲ့အများအပြားကလည်း ဒီမြေပေါ်မှာပဲ အသက်ပေးခဲ့ကြပါတယ်။ ကျနော်တို့နှစ်နိုင်ငံနှစ်ခုစလုံးက ဗြိတိသျှအင်ပါယာအတွင်းက ပေါ်ထွန်းလာတဲ့ နိုင်ငံဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုပါဝင်ခဲ့ပါတယ်။

အမေရိကန်ယာဉ်ကျေးမှုဗဟိုဌာနကို ရန်ကုန်မှာထူထောင်နိုင်ခဲ့ပြီး ဒီကျောင်းတော်ကြီးမျိုးတွေနဲ့ ပညာအပြန်အလှန်တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ မတူကွဲပြားမှုတွေရှိနေတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာပဲ အမေရိကန်လူမျိုးတွေက ဒီနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် သံယောဇဉ်ရှိခဲ့ကြပါတယ်။

အားလုံးထဲက အရေးကြီးတချက် ဒီကိုရောက်လာခဲ့တာက လူ့ဂုဏ်သိက္ခာအပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံတွေက တစိမ်းတွေဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ မြန်မာပြည်သူတွေအတွက် အမြဲတမ်းပဲမျှော်လင့်ချက်ထားခဲ့ကြတယ်ဆိုတာကိုပြောနိုင်ပါတယ်။ မြန်မာပြည်သူတွေက ကျနော်တို့ကို မျှော်လင့်ချက်တွေပေးခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေရဲ့ သတ္တိတွေကိုလည်း ကျနော်တို့မျက်မြင်တွေ့ခဲ့ရပါတယ်။ အဖြူရောင်ဝတ်ထားကြတဲ့ လှုပ်ရှားတက်ကြွသူတွေက တနင်္ဂနွေနေ့မှာ နိုင်ငံရေးမိသားစုတွေဆီ သွားတွေ့ခဲ့ကြတာတွေ။ ရွှေဝါရောင်သင်္ကန်းဝတ်ထားတဲ့ သံဃာတော်တွေက လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာတွေကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကို တုံ့ပြန်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့စည်းခဲ့ကြတဲ့ မြန်မာပြည်သူတွေအကြောင်းလည်း သိခဲ့ရပါတယ်။ လွတ်လပ်မှုအသံကို ဟစ်ကြွေးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့အသံတွေ၊ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်းကျနော်တို့ကြားခဲ့ရပါတယ်။ မိမိတို့ရဲ့ မိသားစုတွေနဲ့ပဲဖြစ်ဖြစ် ဘိုးဘွားတွေနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်မပြတ်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေကိုလည်း သိခဲ့ရပါတယ်။

ရင်ထဲက မျှော်လင့်ချက်ရှင်သန်နေမျှ ဘယ်လူသားကိုမှ အမှန်တကယ် အကျဉ်းချထားလို့မရဘူးဆိုတာ သက်သေပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုတွေ၊ ဂုဏ်သိက္ခာတွေကြောင့် ကျနော်တို့မှာ အတွေးသစ်တွေနိုးကြားခဲ့ရပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေက ရုပ်လုံးပေါ်လာပါတယ်။ အခုဆိုရင် အရပ်သားဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော်တွေ ခိုင်ခိုင်မာမာရှိနေပြီ။ အရင်က ဥပေဒပြင်ပလို့ သတ်မှတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်းရွေးကောက်ပွဲဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်လာခဲ့ပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ရာပေါင်းများစွာကို လွှတ်ပေးခဲ့သလို အဓမ္မစေခိုင်းမှုတွေကိုလည်း တားမြစ်နိုင်ခဲ့ပါပြီ။

တိုင်းရင်းသားတပ်မတော်များနဲ့ကနဦးအပစ်အခတ်ရပ်စဲနိုင်ခဲ့သလို ပိုမိုပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်များကိုလည်း ဖွင့်ပေးနေပါပြီ။ ဒီတော့ ကျနော်က ကျနော့်ကတိတည်ဖို့ ခင်မင်ရင်းနှီးမှုကမ်းလင့် လက်ကို ဆန့်တန်းဖို့ရောက်လာခဲ့တာပါ။ ဒီနေ့ အမေရိကန်သံအမတ်ရန်ကုန်မှာရှိနေပြီ၊ စီးပွားရေးပိတ်ဆို့မှုတွေ ကိုလည်းဖြေလျော့ထားပါပြီ။ ဒီနိုင်ငံရဲ့ လူထုအတွက် အခွင့်အရေးတွေပေးလာမယ့် ကမ္ဘာ့ကြီးရဲ့ တိုးတက်မှုကို မောင်းနှင်ပေးမယ့်အင်ဂျင်တလုံးအဖြစ် ရပ်တည်လာမယ့် စီးပွားရေးတရပ်ကို ပြန်လည်တည်ဆောက်ရာမှာကျနော်တို့ကူညီပံ့ပိုးသွားပါ့မယ်။ ဒါပေမဲ့ ဒီထူးခြားလှတဲ့ ခရီးက အခုက အစသာရှိပါသေးတယ်။ ကျနော်တို့ အများကြီးဆက်သွားရဦးမယ်။

ထိပ်ပိုင်းက ပြုပြင်ပြောင်းလဲမှုတွေက ဒီမိုကရေစီအခြေခံဖြစ်တဲ့ နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီရပါလိမ့်မယ်။ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှု
ရောင်ခြည်ဖြိုးဖျ ကလည်း ငြိမ်းသွားလို့မရပါဘူး။ ဒီမီးလျှံလေးက ဒီနိုင်ငံရဲ့ လူထုအတွက် ထိန်လင်းတဲ့ ဓူဝံကြယ်ကြီးမဖြစ်မနေ ဖြစ်လာရပါတယ်။ ဒီအတွက်အားထုတ်ရာမှာ မြန်မာပြည်သူတွေရဲ့အောင်မြင်မှုက ကျနော့်အတွက် ၊ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးလှပါတယ်။ ကျနော်တို့ လာခဲ့ကြတဲ့ လမ်းကြောင်းတွေမတူညီကြပေမယ့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်ရွေးချင်တာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ချင်တာ၊ ပညာရေးတရပ်ကို ရရှိပြီး ကောင်းမွန်စွာ အသက်မွေးချင်တာ၊ ကိုယ့်မိသားစုတွေနဲ့ ကိုယ့်အသိုင်းအ၀ိုင်းတွေအပေါ် မေတ္တာထားချင်တာဆိုတဲ့ ကျနော်တို့အိမ်မက်တွေက တူညီကြပါတယ်။

ဒါကြောင့် လွတ်လပ်မှုနဲ့ ကျနော်တို့ရဲ့ယုံကြည်ချက်တွေက ဒြပ်မဲ့သဘောတရားမဟုတ်ပါဘူး။ လွတ်လပ်မှုက လူသားတို့ရဲ့အောင်မြင်မှုကို ဖြစ်လာစေတဲ့ တခုတည်းသောအရာဖြစ်ပါတယ်။ လွတ်လပ်မှုက မဲရုံမှာသာမဟုတ်ဘဲ ကျနော်တို့်ရဲ့ နေ့စဉ်ဘ၀မှာပါ ရှိနေရမှာပါ။ အမေရိကန်နိုင်ငံရဲ့ကြီးမြတ်တဲ့ သမ္မတတဦးဖြစ်တဲ့ ရုစဖဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့အရေးက မဲပေးပိုင်ခွင့်ထက် ထက်ပိုတယ်လို့ဖွင့်ဆိုခဲ့ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လိုချင်မှုများက လွတ်လပ်ခွင့်၊ သက်ဝင်မှုများက လွတ်လပ်ခွင့်ဆိုတဲ့ အခြေခံလွတ်လပ်ခွင့်လေးရပ်ကို လက်ကမ်းကြဖို့ ကမ္ဘာကြီးကိုတောင်းဆိုခဲ့ပါတယ်။ ဒီလွတ်လပ်ခွင့်လေးခုက တခုအပေါ် တခုအပြန်အလှန်အားဖြည့်နေပါတယ်။ ပြီးတော့လည်း ဒီလေးခုထဲက တခုကိုမဖော်ဆောင်ဘဲ ကျန်တခုကို မရနိုင်ပါဘူး။ အဲဒါက လူအားလုံးအတွက် ကျနော်တို့လိုချင်တဲ့ အနာဂတ်ပါပဲ။
အားလုံးပြောချင်တဲ့ အကြောင်းအရာပါပဲ။

ကျနော်တို့က လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်ပါတယ်။ ဒါမှသာ ပြည်သူတွေရဲ့အသံတွေကို ကြားနိုင်ပြီး အစိုးရတွေအနေနဲ့ သူတို့ရဲ့သဘောဆန္ဒကို သိနိုင်မှာပါ။
ဒီအခွင့်အရေးတွေကို ဖော်ဆောင်တဲ့နေရာမှာ တနိုင်ငံနဲ့တနိုင်ငံမတူညီနိုင်ပါဘူး။ဒီနိုင်ငံရဲ့ပြည်သူတွေအားလုံးရဲ့ အင်အားကိုသာ စုစည်းသွားမယ်ဆိုရင် ဒီနိုင်ငံက ပိုပြီးခိုင်မာတောင့်တင်းမယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ အဲဒီအချက်ကပဲ နိုင်ငံများကို အောင်မြင်စေတာဖြစ်ပါတယ်။ အဲဒီအချက်ကိုသာ ပြုပြင်ပြောင်းလဲရေးက စတင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အမိန့်နဲ့ ချုပ်ခြယ်ထားမယ့်အစား လူထုရဲ့စုဝေးခွင့်ကို အခုအခါမှာ အပြည့်အ၀လေးစားရမယ်။ မီဒီယာဆင်ဆာဖြတ်တောက်မှု အသံတွေကိုပိတ်ဆို့ထားမယ့်အစား မီဒီယာလွတ်လပ်ခွင့်ကို ဆက်ပေးထားရပါလိမ့်မယ်။ ဒီခြေလှမ်းတွေကို လှမ်းသွားရင်းနဲ့ဒီမိုကရေစီခရီးကို ရောက်ရှိဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

မြစ်ဆုံဆည်တည်ဆောက်ရေးကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အသံကို လျစ်လျူရှုထားမယ့်အစား ကြားနာပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီများကိုလည်း ဥပဒေပြင်ပကလို့သတ်မှတ်မယ့်အစား နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့်
ပေးခဲ့တယ်။ လွှတ်တော်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တဦးက ပြောခဲ့ပါတယ်။ ကျနော်တို့ မိဘတွေ၊ ဘိုးဘွားတွေ အခုလို မဲပေးခွင့်ရအောင်အစောင့်ကြီး စောင့်ဆိုင်းခဲ့ရပေမယ့် မြင်မသွားကြရပါဘူးတဲ့။ မဲဆန္ဒရှင်တွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အာဏာရှိသူများက လုပ်ရပါလိမ့်မယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အမေရိကန်စနစ်ကို ရေးဆွဲထားတာပါ။

အမေရိကန်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပေမယ့် အရပ်သားထိန်းချုပ်မှုအောက်ကို စစ်တပ်ကို ထားရှိပါတယ်။ အခု ကာကွယ်ရေးဦးစီးချုပ်တဦးအနေနဲ့ ကျနော်ဖြစ်ချင်တာတွေကို ဇွတ်အတင်းပြဋ္ဌာန်းလို့မရပါဘူး။ အဲလိုလုပ်လို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးရုံသာ တွေးမိပါတယ်။ တရားသူကြီးတွေကိုလည်း ကျနော်ခန့်ထားပါတယ်။ သူတို့ကလည်းကျနော့်ကိုစစ်တယ်၊ ကျနော်ရဲ့အာဏာကို စစ်ပါတယ်။ ဘယ်လိုတရားစီရင်ရမယ်လို့ ကျနော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ကလေးတဦးကစပြီး သမ္မတအထိ လူတိုင်းလူတိုင်းက ဥပဒေအရ တန်းတူညီတူ ခံစားခွင့်ရှိလို့ပါပဲ။ ဒါကြောင့် တရားသူကြီးတွေက ကျနော် ဥပဒေလိုက်နာသလား၊ မလိုက်နာဘူးလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။

ကျနော်ပြောချင်ပါတယ်။ ဒါက မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်ပါပဲ။ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်းရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုးရတွေ၊ ဘယ်ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက်တင်မြှောက်လိုက်သူများကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်။

အဲဒီခရီးကို ချီတက်ရာမှာ အရပ်သားလူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူညီထောက်ပံ့မှု အသုံးပြုပြီးတော့သော်လည်းကောင်း တပ်မတော်ကိုလည်း တပ်ကိုကျွမ်းကျင် ပြုလုပ်ပြီး လူ့အခွင့်အရေးများကို ပူးပေါင်းဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးရောက်ရေးမှာ စီးပွားရေးနဲ့ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်းတလျှောက် ကို ဖော်ဆောင်ရေးကို ကူညီသွားမှာပါ။

ဒီခရီးကို ရှေ့ဆက်သွားရာကနေ လူတိုင်းက လိုအင်ဆန္ဒများ လွတ်လပ်သင့်တယ်ဆိုတဲ့ ယုံကြည်မှုကိုအခြေခံတဲ့ ဒုတိယလွတ်လပ်ခွင့်ကိုရောက်ရှိလာပါလိမ့်မယ်။

ဟာနေတဲ့ ၀မ်းတွေ ဖြည့်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လူထုက တင်မြှောက်တဲ့ အစိုးရ ၊ လူထုအတွက် အစိုးရက ပိုပြီးကြွယ်ဝမှုပေးနိုင်တယ်ဆိုတာက သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေနဲ့ တွဲဖက်ဆောင်ရွက်ချင်တယ်ဆိုတာ အဲဒါပါပဲ။ မြန်မာပြည်သူတွေရဲ့အနာဂတ်အတွက် ပြောခွင့်ရှိလာတဲ့အခါ မြန်မာပြည်သူတွေရဲ့ မြေကို ယူလို့မရပါဘူး။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေးများမှာ ကိုယ်နေထိုင်ရာမြေ ကိုယ်အလုပ်လုပ်ရာ မြေပိုင်ဆိုင်ခွင့် အထောက်အထားဆိုတဲ့ပိုင်ဆိုင်မှုအားလုံးအနက် အခြေခံအကျဆုံး နိုင်ငံသူနိုင်ငံသားများရရှိအောင်ဆောင်ရွက်ပေးဖို့လိုတယ်။

လူတွေရဲ့ပါရမီအစွမ်းအစတွေကို ဆွဲထုတ်လိုက်တဲ့အခါ အခွင့်အလမ်းတွေကို လူတိုင်းအတွက်ဖန်တီးပေးနိုင်မှာပါ။

အကျင့်ပျက်ခြစားမှုကို ထားရစ်နိုင်ခဲ့မှ စီးပွားရေးတိုးတက်မှုဖန်တီးနိုင်မှာပါ။အမေရိကန်ကုမ္ပဏီတွေက ပွင့်လင်းမှုနဲ့အမြင့်ဆုံးစံသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းနေပါတယ်။

ပြုပြင်ပြောင်းလဲရေးက ဆာလောင်နေသူတွေ၊ ဖျားနာသူတွေ၊ လျှပ်စစ်ဓာတ်အားမရှိ၊ ရေမရှိဘဲ နေရသူတွေဆီ ရောက်ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက သူ့တာဝန်သူယူသွားပါမယ်။
အာရှစပါးကျီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ကိုယ့်လူထုကို ထမင်း၀၀ကျွေးနိုင်၊ ကိုယ့်ကလေးတွေကို စာသင်ပေးနိုင်အောင်၊ကိုယ့်ပြည်သူတွေ အိမ်ဆောက်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ မိတ်ဖက်နိုင်ငံတဦးအဖြစ် အမေရိကန်က ရပ်တည်သွားမယ်။

တတိယလွတ်လပ်ခွင့်က လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာပါပဲ။ ဒီတိုင်းပြည်မှာလည်း မတူကွဲပြားမှုတွေ အများကြီးရှိပါတယ်။ လူတိုင်းလူတိုင်းက ဘာသာတခုတည်းကို ကိုးကွယ်ကြတာမဟုတ်ဘူး။ ဘုရားတွေ၊ ခရစ်ယာန်တွေ၊ ဗလီတွေ ရှိနေကြပါတယ်။ တိုင်းရင်းသားလူမျိုးတရာကျော်ကလည်း အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာပေးဆပ်ခဲ့ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်မှုမရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။အခုအခါမှာတော့ အပစ်အခတ်ရပ်စဲရေးအသွင်ပြောင်းနိုင်တဲ့ ကချင်ပြည်နယ်အပါအ၀င် ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ထူးခြားတဲ့အခွင့်အလမ်းတခုကို ရရှိနေပါပြီ။ ဒီအားထုတ်မှုက လိုအပ်နေသူအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိနိုင်ဖို့၊ ရွှေ့ပြောင်းခံရသူတွေ ကိုယ့်နေရပ်ကိုယ်ပြန်နိုင်ဖို့ အပါအ၀င် ပိုမိုတရားမျှတပြီး ပိုမိုတည်တံ့တဲ့ငြိမ်းချမ်းရေးဖော်ဆောင်သွားဖို့လိုပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေဆက်လက်ဖြစ်နိုင်မယ့်အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင်တိုင်းရင်းသားများအပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန်ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ကာလရှည်ကြာစွာရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။
ရိုဟင်ဂျာတွေလည်း အခြားပြည်သူတွေလို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့သူတို့ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့အနာဂတ်အတွက်ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ။ တရားမျှတမှု၊ တာဝန်ခံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒီပြည်နယ်က ပြည်သူပြည်သားများရဲ့ အရေးကိစ္စ အစိုးရဆောင်ရွက်မှုကို ကျနော်ကြိုဆိုပါတယ်။

မတူကွဲပြားမှုဆိုတာက အင်အားဆိုတာ ကျနော်ယုံကြည်ပါတယ်။ အားသာချက်ပါ။ အားနည်းချက်မဟုတ်ပါဘူး။ ဒီလိုပြောရတာ ကျနော့်နိုင်ငံနဲ့ ကျနော့်ရဲ့ဘ၀ပေးအတွေ့အကြုံရ ကျနော်သိလာတာပါ။
ဒီခရီးစဉ်ကြောင့် လူတွေအများစုကို အားကျစေမယ်။ ဒီနိုင်ငံအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေကို အောင်အောင်မြင်မြင်လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတဲ့ စမ်းသပ်မှုကြီးလည်းဖြစ်တယ်။

မြောက်ကိုရီးယားခေါင်းဆောင်တွေကို ရွေးချယ်စရာ ကမ်းလှမ်းချင်ပါတယ်။ နူကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့တိုးတက်မှုလမ်းကြောင်းပေါ် တက်လှမ်းလာခဲ့ပါ။ အမေရိကန်ဘက်က လက်ကမ်းကြိုဆိုပါ။ ၂၁ ရာစုမှာ တောင်မြောက်ကွဲပြားမှုတွေကို ဆက်စွဲစရာမလိုပါဘူး။
အဲလိုကမ္ဘာမျိုးကို သမိုင်းဝင်ရန်ကုန်ခရီးကနေ စတင်တည်ဆောက်လို့ရပါပြီ။ ဒီနိုင်ငံအနေနဲ့ အများကြီး ၀ိုင်းပစ်ပယ်ခံခဲ့ရပါတယ်။ အခုတော့ ဒီနိုင်ငံက ပြနိုင်တာက အစကောင်းမှုရဲ့ စွမ်းအားပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ တပါတည်း တွဲယူသွားနိုင်တာကို ပြနိုင်တာပဲဖြစ်ပါတယ်။

ဒီနိုင်ငံထဲမှာ ခင်ဗျားတို့ ရနေတဲ့ အခွင့်အလမ်းတွေကို မရဘဲ ဆုံးရှုံးနေရသူတွေ မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာ သိထားလို့ပါ။ လျှပ်စစ်မီးမရတဲ့သူတွေ၊ လွတ်မယ့်ရက်ကိုစောင့်ဆိုင်းနေတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ၊ မျှော်လင့်ချက်တွေ အလှမ်းဝေးနေတဲ့ နေရပ်ပျောက်ဆုံးနေတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးနေရသူတွေလည်း စခန်းတွေမှာ ဆက်ရှိနေပါတယ်။ ဒီနေ့ပြောပါရစေ၊

ဒီနေ့ဒီနိုင်ငံမှာရှိတဲံ ပြည်သူအားလုံးကိုလည်း ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ပြီး ရပ်တည်သွားမယ်။ မြန်မာပြည်သူတွေ ဖြစ်ပျက်ခံစားရတာတွေ ကျနော်တို့ခေါင်းထဲမှာရှိနေပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၁ ရာစုမှာ နည်းပညာတွေ တိုးတက်လာတာ၊ နိုင်ငံတွေကြားက အတားအဆီးတွေ ပြိုလဲသွားတာတွေကြောင့် လွတ်လပ်မှုရဲ့ရှေ့တန်းနယ်မြေတွေက နိုင်ငံအတွင်းမှာပဲရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူတိုင်းရဲ့အလုပ်ပါ။ နိုင်ငံရေးသမား တွေရဲ့အလုပ်သက်သက်မဟုတ်ပါဘူး။ နိုင်ငံသားတဦးကောင်းဖြစ်ဖို့ အဲဒီအချက်ရှိဖို့လိုပါတယ်။တာဝန်သိတဲ့ နိုင်ငံသားတွေဖြစ်ဖို့။ အခုလို ထူးခြားတဲ့ကာလ စိန်ခေါ်ချက်တွေအများကြီးရှိနေပေမယ့် အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ်လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်။ လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ အပြောင်းအလဲလုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့်သူတွေရှိလာမှာပါ။

ဒါပေမယ့်ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော်ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေစတင်နေပါပြီ။ နောက်ပြန်ဆွဲလို့မရနိုင်ပါဘူး။ ပြည်သူတွေရဲ့စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင်လုပ်ယူပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာသင်ခန်းစာဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ။ ပန်းတိုင်ရောက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

Monday, November 5, 2012

အယုံအကြည် ကင်းမဲ့ခြင်းက လူ့အဖွဲ့နှစ်ခုကြား ကင်းကွာမှု ပိုကြီးလာစေ

ဟိန္ဒူသတင်းစာ | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် အပြင်ပန်းအားဖြင့်တော့ ငြိမ်သက်နေသည်။ စနေနေ့ နေ့လည်စာ စားချိန်တွင် လမ်းမပေါ်၌ စက်ဘီးစီးနေသူများ၊ မော်တော်ဆိုင်ကယ်ဖြင့် သွားနေသူများ၊ ကားဖြင့် သွားနေသူအချို့၊ လမ်းဘေး တွင် လျှေက်နေသူများ၊ လမ်းဘေး လ္ဘက်ရည်ဆိုင်များတွင် ထိုင်နေသူများတို့ဖြင့် စစ်တွေမြို့လမ်းမကြီးသည် စည်ကားနေသည်။

ကုလားတန် ဘက်စုံစီမံကိန်းအတွက် လုပ်နေသော အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် ESSAR ၏ စီမံကိန်းမှာလည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နေသည်။ ကမ္ဘာလှည့် ခရီးသွားများကိုပင် တွေ့ရသေးသည်။

သို့သော် မြို့မှ မိုင် ၂ဝ လောက် ကားမောင်းသွားလျှင်ပင် စစ်တွေ တက္ကသိုလ်အကျော်၊ ပုဇွန် မွေးမြူရေးကန်များနှင့် လယ်ကွင်းများကို ကျော်လျှင်ပင် ဤဆိပ်ကမ်းမြို့ကလေးမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကင်းကွာကွဲပြားနေမှုများကို ထင်ထင်ရှားရှား တွေ့မြင်ရနိုင်ပြီ ဖြစ်သည်။

စစ်တွေနှင့် အခြား ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ရိုဟင်ဂျာ မူဆလင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအကြား
နှစ်ကြိမ်တိုင် ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ယင်းကိစ္စသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် စိုးရိမ်စရာ
ဖြစ်လာသည်။

သဲထူသော လမ်းတလျှောက် ဖြစ်ကတတ်ဆန်း ဆောက်ထားသော စခန်းများထဲ၌ နေထိုင်နေကြသူများမှာ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများ ဖြစ်ကြပြီး အစိုးရကတော့ သူတို့ကို ဘင်္ဂါလီများဟုသာ ရည်ညွှန်းပြောကြားသည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်သည်ဟု ဆိုသောအမှု ဖြစ်ပွါးခဲ့ပြီး ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည့်  ယခုနှစ် ဇွန်လ ကတည်းက သူတို့ မိမိတို့ အိုးအိမ်များကို စွန့်ခွါကာ ဤစခန်းများသို့ ရောက်လာခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုများအတွင်း ၇၈ ဦး သေဆုံးခဲ့ရပြီး အိမ်ပေါင်း ၅,ဝဝဝ မီးလောင် ကျွမ်းခံခဲ့ရသည်။ လူပေါင်း ၇၅,ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အောက်တိုဘာ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း တကျော့ပြန် ဖြစ်ပွါးခဲ့သော အကြမ်းဘက်မှုများအပြီး
နောက်ထပ်လူအများ ထိုဒုက္ခသည် စခန်းများသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ ထို ဒုတိယ အကြိမ် အကြမ်းဘက်မှုများ တွင်း လူပေါင်း ၈၉ ဦးသေ၊ ၁၃၆ ဦးဒဏ်ရာရ၊ အိမ်ပေါင်း ၅,၃၅၁ လုံးမီးလောင်ကျွမ်း၊ လူပေါင်း ၃၂,ဝဝဝ ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်ဟု မကြာသေးခင်က သမ္မတ ဦးသိန်းစိန်က ကြေညာပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး စစ်တွေမြို့တွင်မူ ည ၁ဝ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။

ဇွန်လ ဆူပူအကြမ်းဘက်မှုများအပြီး အိုးအိမ်စွန့် ထွက်ပြေးလာရသော ရခိုင် ဗုဒ္ဓဘာသာဝင်များအတွက် စခန်း ၄ ခုမှာ မြို့တွင်းမှာပင်ရှိပြီး ယင်းတို့မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများထက် အခြေအနေကောင်းသည်။ သူတို့သည် ယာယီ ဆောက်လုပ်ထားသော အိမ်များ တန်းလျားများတွင် နေထိုင်ကြပြီး အရေအတွက်လည်း နည်းသည်။ စခန်းတခုစီတွင် ဒုက္ခသည် တထောင်ခန့်သာ ရှိသည်။

ဒုက္ခသည် စခန်းများ သီးခြားစီ ရှိနေသည်ကို ကြည့်လျှင် လူ့အဖွဲ့အစည်း နှစ်ခုအကြား မည်မျှ စိတ်ဝမ်းကွဲပြားနေ သည်ကို မြင်နိုင်သည်။ စစ်တွေရှိ မည်သည့်ရခိုင်မျှ ရိုဟင်ဂျာ စခန်းများအနီးသို့ မသွားလိုကြဘဲ အလားတူပင် မူဆလင်များကလည်း ရခိုင်စခန်းများသို့ မသွားကြပေ။

“သူတို့က ကျနော်တို့ကို မုန်းနေတာလေ။ ဘင်္ဂါလီ စခန်းတွေနား သွားရင် ကျနော့်ကို သူတို့က သတ်ကြမှာ။ ကျနော်တို့ကို မြင်တာနဲ့တင် သူတို့က ဒေါသထွက်နေကြတာ” ဟု ရခိုင်လူငယ်တဦးက ကျနော့်ကို ပြောသည်။

မူဆလင် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ပေးရန် ကျနော်ပြောသည်ကို သူက ခါးခါးသီးသီး ငြင်းဆန်ပြီး ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများသို့သာ လိုက်ပို့သည်။

ကျနော် သွားခဲ့သော ပထမဆုံး ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင် လူငယ်လူကြီး၊ ယောက်ျားမိန်းမ၊ မိန်းကလေး
ယောက်ျားလေး၊ မွေးကင်းစကလေး၊ မတ်တပ်စမ်းစ ကလေး စသဖြင့် အရွယ်စုံဖြင့် ပြည့်နှက်နေသည်။ တရားဝင် ထုတ်ပြန်ထားသော ဒုက္ခသည် အရေအတွက်က ၁၈,၅ဝဝ သာ ရှိသော်လည်း နောက်ထပ် ရောက်လာသူများပါ ထည့်ပေါင်းလိုက်လျှင် ထို့ထက် များဘို့သာ ရှိပါသည်။

သူတို့အများစုမှာ ၁ဝ ပေ x ပေ ၂ဝ သာ ရှိသော တဲတလုံးလျှင် လူအယောက် ၈ဝ မှ ၁ဝဝ အထိ ပြွတ်သိပ်နေကြရ သည်။ မိသားစု ၂ဝ ခန့်မှ အမျိုးသမီးများသည် တဲအပြင်ဘက် ထွက်၍ ညနေစာကို ထင်းမီးများဖြင့် ချက်ပြုတ်နေကြ သည်။ သူတို့အတွက် စားနပ်ရိက္ခာ ဝေပုံကျကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ပေးကမ်းထား သည်။

သဲချောင်းစခန်းသို့ နောက်ထပ် ရောက်ရှိလာသူများမှာ ကျောက်ဖြူမှ ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓါတ်ပုံအရ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွါးခဲ့သော အရေးအခင်းတွင် အိမ်အလုံး ၈ဝဝ ပြာကျသွားခဲ့ရကြောင်း တွေ့ရှိရသည်။ ထိုနေရာမှ ထွက်ပြေးလာခဲ့သော လူ ၂,၅ဝဝ-၃,ဝဝဝ ခန့်မှာ သဲချောင်း ဒုက္ခသည် စခန်းအနီး ရွာထဲရှိ အိမ်များနှင့် မူဆလင် ဘာသာရေး ကျောင်းများထဲတွင် ခိုလှုံနေကြရသည်။

“ရခိုင် လူအုပ်ကြီးက ကျမတို့ အိမ်အားလုံးကို ရှစ်နာရီလောက်အတွင်း မီးရှို့ပစ်လိုက်ကြတာ။ ကျမအထင် ဒီလူအုပ်ကြီးက လူ ၅,ဝဝဝ လောက် ရှိမယ်။ လူ ၁ဝဝ သေတယ်။ ကျမတို့လဲ လှေတွေနဲ့ ထွက်ပြေးလာရတာ” ဟု မူရီယမ်ဘီဘီ က ပြောသည်။

သဲချောင်းရွာ အရောက် မြစ်ကြောင်းအတိုင်း နာရီ ၂ဝ ခန့် လာခဲ့ရသည်။ မူရီယမ်ဘီဘီနှင့် သူနှင့်အတူလာသူ အခြား ဒုက္ခသည်များ လှေပေါ်မှ ဆင်းခွင့်ရရေး၊ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့် ရရေးအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို နောက်ထပ် ၃-၄ ရက်ခန့် စောင့်ခဲ့ရသည်။

“ရွာကိုတော့ ပြန်နိုင်တော့မယ် မထင်ဘူး။ ပြန်ရင် ရခိုင်တွေက ကျမတို့ကို သတ်မှာ သေချာတယ်။ အဲဒီမှာလည်း ဘာမှ မကျန်တော့ပါဘူးလေ။ အားလုံး မီးရှို့လိုက်လို့ ပြာကျကုန်ပြီ” ဟု ယခုအခါ မူဆလင် ဘာသာရေး စာသင်ကျောင်း ပထမ
ထပ်တွင် မိသားစုနှင့်အတူ နေထိုင်သူ မူရီယမ်ဘီဘီ က ပြောသည်။

စခန်း၏ အခြားတဘက်တွင် နေသူများမှာ ဇွန်လအတွင်းက သူတို့နေအိမ်များ မီးရှို့ခံခဲ့ရသည့် စစ်တွေ နာဇီရပ်ကွက်မှ လူများ ဖြစ်သည်။ သူတို့အတွက် လှူဒါန်းလိုက်သော အဝတ်အစားထုပ်ကို ရရန် သူတို့ အလုအယက် လုယူနေကြရ သည်။ ဘယ်အဝတ်အစားမျှ ဝတ်လို့ရသည်လို့မရှိ။ စုတ်ပြဲနေသော အတွင်းခံများ၊ ရွှံ့များပေကျံ အစွန်းအထင်းများ ရှိနေသည့် ရှပ်အင်္ကျီများ၊ ရှပ်အင်္ကျီလည်းမဟုတ် မိန်းမဝတ် ဘလောက်စ်လည်း မဟုတ်သည့် အထည်များသာ ဖြစ်သည်။

“ကျနော်တို့ ဒါတွေကို ဝတ်လို့ရမယ်လို့ သူတို့ ဘယ်လိုများ ထင်သလဲမသိဘူး” ဟု ဘယ်လိုပြောရမှန်းတောင် မသိသည့် အဝတ်စ တစကို ပြရင်း လူတဦးက စိတ်ဆိုးမာန်ဆိုး ပြောသည်။

ထိုအထည်စက လူအများကို ပွဲကျသွားစေသည်။ တယောက်က “အင်ဒိုနီးရှားနဲ့ မလေးရှားက ပို့တာက အထည်
ကောင်းတွေ၊ ဒါတွေကို အာဏာပိုင်တွေက ခိုးထားလိုက်ပြီး ကျနော်တို့ကို ပေးတာကျတော့ ဒါတွေပဲ” ဟု ဒေါသဖြင့်
ပြောသည်။

သူပြောနေသည့် စကားမှာ ဘင်္ဂါလီစကားနှင့် ဆင်သည်။ သို့သော် စခန်းထဲမှ အများစုမှာ အံ့သြစရာကောင်းလောက်
အောင် အူရဒူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြသည်။ ဘောလိဝုဒ် (ဘုံဘေ)မှ ရုပ်ရှင်များကို ကြည့်ပြီး သူတို့ ပြောတတ်လာခြင်း ဖြစ်သည်ဟု ရှင်းပြကြသည်။

“ကျနော်တို့ ဘာသာစကားက ဘင်္ဂါလီဆိုတော့ အစိုးရက ကျနော်တို့ကို ဘင်္ဂါလီ လူမျိုးတွေလို့ ခေါ်တယ်။ သူတို့က ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်က လာတဲ့ သူတွေလို့ ပြောဘို့ လုပ်နေတာ။ တကယ်က ကျနော်တို့က ရိုဟင်ဂျာ လူမျိုး
တွေပါ။ ရခိုင်မှာ မျိုးဆက်ပေါင်း များစွာ နေလာတဲ့သူတွေလို့ ကျနော်တို့ မိဘတွေ၊ အဖိုးအဖွားတွေက ပြောပြကြပါ တယ်” ဟု အဗ္ဗဒူလ်ကာရင် က ပြောသည်။

စစ်တွေမြို့၏ တောင်ဘက် ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးလေး တဦး ဇွန်လအတွင်းက မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု သတင်းများ ပျံ့နှံ့သွားကတည်းက သူတို့အတွက် ဘေးဒုက္ခဆိုးကြီး ကျရောက်လာခဲ့ခြင်း ဖြစ်ကြောင်း နာဇီဘတ်စတီး ကျေးရွာမှ ထွက်ပြေးလာသူများထဲမှ တဦးဖြစ်သူ အိုမာအလီ က ပြောသည်။

ထိုပဋိပက္ခအကြောင်း စုံစမ်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ပေးသည်။ သို့သော် သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ မပြီးစီးနိုင်သည့်အတွက် နိုဝင်ဘာလလယ်အထိ အချိန်ထပ်တိုးပေးရန်
တောင်းခံထားသည်။

ရခိုင်ဒုက္ခသည် စခန်းများကတော့ ပိုမိုအစီအစဉ်တကျ နေသားတကျ ရှိပါသည်။ ရိုဟင်ဂျာစခန်းများမှာလို တိုးဝှေ့ တက်နင်းမိသည့် အဖြစ်မျိုး မရှိပါ။ စခန်း တခုစီတွင် လူ ၇၀၀ မှ ၁,ဝဝဝ ခန့်သာ ရှိသည်။ သစ်ဖြင့် ဆောက်ထားကာ သွပ်မိုးထားသည့် စခန်းထဲတွင် သင်ဖြူးဖျာများဖြင့် နေထိုင်ကြသည်။ စခန်းတခုစီတွင် အိမ်သာများလည်း တန်းစီ
ဆောက်ထားပေးသည်။

ဇွန်လ အတွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး နာဇီစခန်းထဲ ရောက်နေသူ ဦးချစ်မောင်က သူ့ရပ်ကွက်ကို မူဆလင် လူအုပ်ကြီးက မီးရှို့ခဲ့ကြောင်းပြောပြသည်။

“ဘာလို့ မီးရှို့ကြတယ်ဆိုတာ ပြောရခက်ပါတယ်ဗျာ။ ရခိုင်ပြည်နယ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရေရှည်စီမံကိန်း သူတို့မှာ ရှိတာတော့ ကျနော်သိတယ်” ဟု သူက ပြောသည်။

သူ့ဘိုးဘွားများ အာသံပြည်နယ်မှ မြန်မာနိုင်ငံတွင်းသို့ လာရောက် အခြေစိုက်ခဲ့သည် ဆိုသော ကျော်သာဘာရူးဝါး ကမူ ဤစီမံကိန်းသည် “သူတို့က ကျနော်တို့ အားလုံးကို အစ္စလာမ်ဘာသာဝင်တွေ ဖြစ်အောင် လုပ်ပစ်လိုက်ပြီး ရခိုင်ကို သိမ်းယူဘို့ပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာတွေ၊ ဒါမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု ပြောသည်။

ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော အကူအညီပေးရေး အဖွဲ့အစည်းများသည် “အစ္စလာမ်
နိုင်ငံများ” မှ ငွေများယူပြီး လုပ်နေကြကြောင်း ထို့ကြောင့် “ဘင်္ဂါလီစခန်းများ” သို့သာ ဘက်လိုက် ဆောင်ရွက်နေကြ
ကြောင်း အခြားတဦးကလည်း စွပ်စွဲပြောကြားသည်။

လွန်ခဲ့သော လက ရခိုင်ဗုဒ္ဓဘာသာဝင်များက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများကို စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော် ကုလသမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များဖြစ်
သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ငတ်မွတ်မှု တိုက်ဖျက်ရေးအဖွဲ့ (Action Against Hunger) များကမူ
အစိုးရ လုံခြုံရေး အကူအညီဖြင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေး အကူအညီများ ဆက်လက်ပေးနေ
ကြသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂ ခိုလှုံသူများနှင့် လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့ (United Nations Resident Humanitarian) ညှိနှိုင်း ဆောင်ရွက်ရေးမှူး အရှုပ်နီဂမ်းက ယခုအပတ်အတွင်း ဟိန္ဒူသတင်းစာ (The Hindu) သို့ ပြောရာတွင်မူ ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ် စွန့်ခွါလာရသည့် ဒုက္ခသည်များကို ကုလသမဂ္ဂနှင့် အစိုးရ ပူးပေါင်းဆောင်လုပ်သည့် ဂေဟာများ၌ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။

အလားတူ ဂေဟာများကို ဇွန်လအရေးအခင်းကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ မူဆလင်များအတွက်လည်း စစ်တွေတွင် လတ်တလော အစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်း ဆောက်လုပ်နေသည်ဟု သူက ပြောသည်။
အောက်တိုဘာလတွင် ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ အများစုမှာမူ အစိုးရ စာရင်းများအရ မူဆလင်များ ဖြစ်ကြသည်။

“ဒီလူတွေ အားလုံးဟာ ကျနော်တို့ ကူညီဆောင်ရွက်ပေးရမယ့် လူတွေချည်းပဲ။ ကျနော်တို့ကတော့ မူဆလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မခွဲခြားပါဘူး။ အကူအညီ လိုအပ်နေသူတိုင်းအတွက် အကူအညီပေးနေတယ်။ သူတို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်”

ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင်ရော၊ ရခိုင်ဗုဒ္ဓဘာသာဝင် စခန်းများတွင်ပါ အားလုံး စိတ်ဝင်စားနေကြသည့် တူညီသည့် အကြောင်းအရာတရပ်မှာ သြဂုတ်လအတွင်း အာသံပြည်နယ်တွင် ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများ
ဖြစ်သည်။

“မူဆလင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတယ်၊ ထွက်ပြေးသွားရတယ်လို့ ကျနော်တို့ ကြားတယ် အဲဒါ ဟုတ်သလား” ဟု ရိုဟင်ဂျာ စခန်းများမှ လူများက မေးကြသည်။ “ဘိုရိုတွေ အများကြီး အသတ်ခံရတယ်လို့ ကျနော်တို့ကြားတယ်။ အဲဒါ ဟုတ်သလား” ဟု ရခိုင်ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများမှ လူများက မေးကြသည်။

နှစ်ဘက်လုံးက သူတို့ကြုံခဲ့ရသော ပဋိပက္ခများနှင့် အာသံတွင် မကြာသေးခင်က ဖြစ်ပွါးခဲ့သော ရုန်းရင်းဆန်ခတ်မှု များကို မျဉ်းပြိုင်ဆွဲယူ ထပ်တူပြုလိုနေကြသည်။

Sunday, November 4, 2012

“ ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ”

Eleven Media Group က အသက် ၁၈နှစ်အရွယ်မျိုးချစ်အယ်ဒီတာလေးက ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီမီဒီယာက ကိုအောင်ဇော်ရေးထားတဲ့ဆောင်းပါးကို ဝေဖန်ထားတာပါ။ ပြည်တွင်းမီဒီယာနဲ့ ပြည်ပမီဒီယာ ဘာကွာတာလဲဆိုတာ ထင်ထင်ရှားရှားပြလိုက်တဲ့ သက်သေပါပဲ။ ပြည်တွင်းမီဒီယာတွေမှာ လူငယ်လေးတွေတောင် မျိုးချစ်စိတ်ဓာတ်နဲ့ မိမိတိုင်းပြည်နဲ့လူမျိုးဘက်က ရပ်တည်ပြီး အမှန်အတိုင်း ရေးသားနေကြပေမဲ့ ပြည်ပက အိုနာကျိုးကန်း မီဒီယာသမားတွေကအသက်ကြီး...
ပေမဲ့ အသိတရားမရှိဘဲ ဒေါ်လာသာအမိ ဒေါ်လာသာ အဖဆိုပြီး ဘင်္ဂါလီအားပေးလုပ်နေကြတာဟာ အဓိက ကွာခြားချက်ဖြစ်ပါတယ်။
ဘကတအဖွဲ့က အမျိုးသားရေးဘက်ကရပ်တည်တဲ့ မျိုးချစ်ပြည်တွင်းမီဒီယာသမားတိုင်းကို လေးစားဂုဏ်ယူပါတယ်။

-------------------------------------
“ ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ”

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။

‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည
်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်းဟာ နောက်ပြန်လှည့်သွားနိုင်ပါတယ်’ လို့ အကို ရေးခဲ့တယ်။

ဘာကြောင့် ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာလဲ။ ကိုအောင်ဇော်ကတော့ ဒါဟာ ဘာသာရေးဆိုင်ရာလည်း မဟုတ်သလို လူမျိုးရေးဆိုင်ရာလည်း မဟုတ်ပါဘူးလို့ ရည်ညွှန်းထားပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝန်ရဲ့ ‘ဒီကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတစ်ရပ် ဖြစ်တယ်’ ဆိုတဲ့ စကားကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် လူတစ်စုကနေ ဒီကိစ္စတွေ ဖန်တီးဖို့ နောက်ကွယ်က ကြံစည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း တုံ့ပြန်ဖို့ လက်နှေးနေတဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။

ကိုအောင်ဇော်အနေနဲ့ သီအိုရီနှစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ သီအိုရီ တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီအတွင်းက အမာခံ ခေါင်းဆောင် တစ်ချို့ကနေ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ နောက်သီအိုရီ တစ်ခုကတော့ စစ်တပ်ကို လူမြင်ကွင်းထဲ ပြန်ခေါ်လာပြီး အာဏာကို ပြန်ထိန်းဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်.....

ကိုအောင်ဇော်အနေနဲ့ ကျန်ခဲ့တဲ့ အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ ကျတဲ့ နေရာ တစ်ခုမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံကနေ တစ်ဆင့် အန္ဒိယ သမုဒ္ဒရာဆီကို ထွက်ပေါက်ရဖို့ တရုတ်က ကြိုးစားနေသလို တရုတ်ရဲ့ ဩဇာအာဏာကို ပြန်ထိန်းဖို့ အမေရိကန်ကနေ မြန်မာနိုင်ငံကို အလိုရှိနေပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံအနေနဲ့ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ ယူဆပါတယ်။ အခု နောက်ဆုံး ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ မင်ဒါနာအိုက မူဆလင် အကြမ်းဖက်သမားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးခဲ့ရတာကို ကိုအောင်ဇော်သိမှာပါ။ (ပြည်ထောင်စု အစိုးရကနေ စွတ်ဖက်ခွင့် မရှိ သလောက် ဖြစ်သွားတယ်။) ဇွန်လအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အစွန်းရောက် မူဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေကို တိုက်ဆိုင်မှုလို့တော့ ပြောလို့ မဖြစ်နိုင်ပါဘူး။

အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်။

ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ့ အချိန်က နိုင်ငံတကာကလည်း ဒီအရေးကို အလေးထားခဲ့ကြပါတယ်။ဘာပဲပြောပြောဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ကင်တာနားတို့ OIC တို့ က လူ့အခွင့်ရေးဆိုတာတွေ အသံပိုကျယ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာ ပြန်လည် ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း OIC ကို လက်ခံခဲ့ပြီး ကင်တားနားကိုလည်း မြန်မာနိုင်ငံကို လာဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ဖို့ ကိစ္စတွေကို တစ်နိုင်ငံလုံးနီးပါး လက်မခံ နိုင်ကြောင်းဆန္ဒပြခဲ့ကြတယ်။ အဲဒီ့ ဆန္ဒပြမှုတွေကြောင့်OIC ကိစ္စတစ်ခန်းရပ်ပြီးချိန်မှာ ရခိုင် ပဋိပက္ခကတွေ ချက်ချင်းပဲတစ်ကျော့ပြန်ဖြစ်တာလို့ ဆိုကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ ဖြစ်ပြန်တော့လည်း အာဆီယံ ထိပ်သီး အစည်းအဝေး မလုပ်ခင်လေးတင်ပါပဲ။ အာဆီယံမှာ ဒီကိစ္စကို ရှေ့တန်းတင်လာ နိုင်ပါသလား။ (အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။) အာဆီယံအနေနဲ့ အဓိကပြဿနာတွေကို ဆွေးနွေးတိုင်ပင်မှု မပြုပဲ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စတစ်ခုလို သဘောထားလို့ မဖြစ်ပါဘူး။ ပြီးတော့ အခုပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကျောက်ဖြူဒေသဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုလည်း ၂၀၁၃ မှာ လည်ပတ်နိုင်အောင် လုပ်ဆောင်နေချိန်မှာ ချိန်ကိုက်ပြီး ပဋိပက္ခတွေ ဖန်တီးခဲ့သလားဆိုတာလည်း စဉ်းစားစရာပါပဲ။

ကိုအောင်ဇော်ရေ ဒါကို တိုက်ဆိုင်မှုတွေလို့ပဲ မြင်သလားဘယ်လိုမျိုး မြင်ပါသလဲ။ ကျွန်တော်ကတော့ ဒါတွေဟာတိုက်ဆိုင်မှုလို့မထင်ပါဘူး။ တကယ်လို့ အဲဒီ့ အကြမ်းဖက်မှုတွေကို အစွန်းရောက် မူဆလင် အုပ်စုတစ်စုကနေ လုပ်နေပြီးတော့ ဖိလစ်ပိုင် တုန်းကလိုမျိုး အကြွင်းမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆို မလို့လား။ မြန်မာနိုင်ငံသား အများစုဟာ ဘင်္ဂါလီတွေကို မြန်မာ့တိုင်းရင်းသား လူမျိုးအဖြစ် လက်မခံချင်ဘူးဆိုတာ မှန်ပေမယ့် နိုင်ငံသားအဖြစ် (လုံးဝ) လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ မြန်မာဘာသာစကားနဲ့ စာပေကို ကျွမ်းကျင်ပြီး တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေကိုတော့ နိုင်ငံသားပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်းမှာ နေလာတဲ့ သူတွေကိုလည်း မြန်မာစာပေ ကျွမ်းကျင်မှုရှိရင် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လူမျိုးစုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လို့ရပါတယ်။ အရင်လည်း နေခဲ့ကြဖူးပါတယ်။ ဒါကို ဘယ်သူတွေ ဖျက်ခဲ့ကြတာလဲ။

အလေးအနက်ထားဖို့ လိုတဲ့ အချက် နောက်တစ်ချက်ရှိပါသေးတယ်။ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်းတွေနဲ့ ထားတာ မကောင်းပါဘူး။ ဒုက္ခသည် စခန်းတွေကနေ အစွန်းရောက်တွေ ပေါက်ဖွားတာမျိုး မလိုချင်ပါဘူး။ လက်ရှိ မြန်မာပြည်တွင်းကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို သူတို့ရဲ့ မူရင်းနိုင်ငံ ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို ပို့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ခွဲခြားပြီး ထားလိုက်မယ်ဆိုရင် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်လာတဲ့ အချိန်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့တွေ အနေနဲ့ မဲပေးပိုင်ခွင့် လွှတ်တော် ထဲဝင်ရောက်ခွင့်တို့ တောင်းဆိုလာနိုင်ပါတယ်။ (ဧည့်နိုင်ငံသားတွေ အနေနဲ့ ဒီလုပ်ပိုင်ခွင့်တွေ မရှိပါဘူး။) ဒါ့ကြောင့် သူတို့ကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အတူတူ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ရခိုင်ဒေသမှာ စီပွားရေးနဲ့ ပညာရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသတစ်ခုဟာ ဖွံ့ဖြိုးလာပြီး ဒေသခံတွေ အသိဉာဏ် ကြွယ်ဝလာပြီဆိုရင် ဒီလိုမျိုး ပဋိပက္ခတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါပေမယ့် မဲပေးဖို့တော့ မျိုးဆက် ၂ဆက်ထက်မနည်း စောင့်ရပါမယ်။ ဒါ့အပြင် ဘင်္ဂါလီ ဝန်ထုပ် ဝန်ပိုးကို ရခိုင်ဒေသ၊ ရခိုင်လူမျိုး တွေချည်းပဲ ထမ်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံသား မှတ်ပုံတင် စီစစ်ပြီး နိုင်ငံသား စစ်မှန်ရင် နိုင်ငံသားတွေ နည်းတူ အခွင့်အရေး ပေးရမှာပဲပေါ့။ တစ်နိုင်ငံလုံးမှာ လှည့်လည် သွားလာခွင့်လည်း ပေးရပါမယ်။

ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ.....

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ အမျိုးသားရေး ပြဿနာ၊ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တင်ပြပြီး ဖြေရှင်းရမယ့် နိုင်ငံတကာ အရေးကိစ္စမျိုး မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဒေသတွင်းမှာသာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ ကျောက်ဖြူ ပိုက်လိုင်း ကိစ္စလိုမျိုး စီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ တရုတ်ရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုကိုလည်း မခံရအောင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုလည်း နည်းပါးအောင် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒီလို စီမံကိန်းတွေကနေ ဒေသခံတွေ အတွက် အကျိုးအမြတ်တွေ ရရှိအောင် ဖန်တီးရပါလိမ့်မယ်။

ကျနော့် အနေနဲ့ပြောရရင်တော့ ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့သလိုမျိုး အုပ်ချုပ်မှု ညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တရားဥပဒေစိုးမိုးရေးကိစ္စတစ်ခုတည်းကြောင့် မဟုတ်သလို၊ လက်ရှိကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေ၊ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး နဲ့ လက်ရှိနိုင်ငံရဲ့ အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာပါ။

ကိုအောင်ဇော်ရေ တကယ်တော့ ဒီပြဿနာဟာ သာမန် အုပ်ချုပ်မှုဆိုင်ရာနဲ့ နိုင်ငံရေး အကျပ်အတည်းလည်း မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒီကိစ္စကို အစိုးရချည်းသက်သက် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အတိုက်အခံတွေ အနေနဲ့လည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်တွေကို မြင်နေရပါမယ်။ပြည်ထောင်စုစစ်စစ်ကိုလိုလားတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေအားလုံး ၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ အစွန်းရောက် ဘာသာရေးသမား အဲဒီ့လိုလူတွေ လက်ထဲကို ကျရောက်သွားလို့ မဖြစ်ပါဘူး။ ဒီအချက်ကို ဧရာဝတီ အနေနဲ့ လစ်လျူရှုထားတာလား။ ထည့်စဉ်းစားဖို့ပဲ မေ့နေခဲ့တာလား။ ဒါမှမဟုတ် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားမှုတွေကြားမှာ မလွန်ဆန်နိုင်တာလား။

စာရေးသူ
အမည် ဇေယျာနန္ဒ
မွေးသက္ကရာဇ် ၁၉၉၄
အသက် ၁၈ နှစ်
ရာထူး အယ်ဒီတာ
ပညာအရည်အချင်း First Year (Political Science)
(ယခုရေးသားသူမှာ အသက် ၁၈နှစ်သာ ရှိသေးသော EMG ၏ လူငယ် အယ်ဒီတာ တစ်ဦးဖြစ်ပါသည်။ ၎င်း၏ အင်္ဂလိပ် ဘာသာဖြင့် ရေးသားချက်ကို ANN တွင်လည်း ဆက်လက်ဖော်ပြသွားပါမည်။ ၎င်း၏ ရေးသားချက်သည် EMG ၏ အာဘော်လည်း ဖြစ်ပါသည်။)

Eleven Media Group
See More