Friday, July 27, 2012

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။

 
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။

ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (USA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။

လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ၀ တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့ တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။

ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မပါပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။

ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော် ဖြစ်ပေါ်လာပုံ..။



ဝပြည်သွေးစည်းညီညွတ်ရေးအလံ..။




ဝ တောင်ပိုင်း မြောက်ပိုင်း။





ငြိမ်းချမ်းရေး နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ် တပ်စစ်နေပုံ.. ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင် မြန်မာ-တရုတ်) အလံနှစ်ခု ထောင်ထားသည်။




ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ  ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။  အဲဒီလိုတွေ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ် ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက သုံးသပ်ခဲ့ကြပါတယ်..။
တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့ အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒါကြောင်  “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။  အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။

အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့်  ၀ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။


ခေါ်ဝေါ်ပုံ
ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ

    ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
    ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။


ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး


တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။



တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။



တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး



ငြိမ်းချမ်းရေး နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK 47 အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့် ကြည့်နေခဲ့ရသည်။



၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ



ဝမြို့တော် ပန်ဆန်း




တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ

၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။  စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။

ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။  သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။


ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။

၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။

မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။

“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။

ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော  ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။

အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။  ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။

ရန်အောင်..
မည်သူမဆို ရှဲနိုင်ပါတယ်..။

ဘင်္ဂလီအရေး (သို့) ဒေသတွင်းနိုင်ငံများ၏ အရေး (အပိုင်း ၁)

 


မိမိဌာနေတိုင်းနိုင်ငံတွင် ရတက်မအေးထွက်ပြေးကြရရှာသော အာသံပြည်သူများ
ဘင်္ဂလီအရေးကို လုပ်လာတဲ့ သက်တမ်းတလျှောက် အမြဲတမ်းပြောလာခဲ့တာ တစ်ခုရှိတယ်။ ဒီအရေးဟာ အနောက်ဘက် မောင်တော၊ ဘူးသီးတောင်မြို့တွေရဲ့ အရေးပဲ မဟုတ်ဘူး။ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ အရေးပဲ မဟုတ်ဘူး။ မြန်မာပြည်တစ်ခုတည်းနဲ့ဆိုင်တဲ့ အရေးမဟုတ်ဘူး။ ဒီကိစ္စဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆိုင်တယ်။ အိန္ဒိယနဲ့လည်း ဆိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေဖြစ်နေလဲ၊ အိန္ဒိယမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အကုန်လုံး ခြုံငုံသုံးသပ်မှသာလျှင် ဒီကိစ္စရဲ့ အတိမ်အနက်ကို သေချာမြင်နိုင်မှာဖြစ်တယ်။ (Anna Jones and BBC Protest Speech)

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသလို တခြားဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပြီး၊ ဘယ်လိုဖြေရှင်းနေကြသလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီး ဘယ်လိုကာကွယ်ကြလဲ ဆိုတာတွေကို လေ့လာနည်းနာယူကြရမှာ ဖြစ်တယ်။


မြန်မာပြည်မှာ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မောင်တောမြို့မှာရှိတဲ့ ဘင်္ဂလီတွေက ဗလီအဆင်းမှာ အကွက်ကျကျ တိုက်ခိုက်ခဲ့ကြလို့ အဓိကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့ရသလို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာလည်း အဓိကရုဏ်းတွေ ဖြစ်နေပြန်ပါပြီ။ ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလီအကြား ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အနည်းဆုံး လူပေါင်း ၄၅ ဦးသေဆုံးသွားပြီးဖြစ်ပြီး အိမ်ပေါင်းများစွာ မီးရှို့ခံခဲ့ကြရပါတယ်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ပြည်နယ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထားတွဲတွေ သောင်တင်ကြရတယ်။


အခုတကြိမ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက လျော့ရဲတဲ့ နယ်စပ်လုံခြုံရေးနဲ့ အကျင့်ပျက်အမှုထမ်းတွေကြောင့်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေဟာ အိန္ဒိယနယ်စပ်စောင့်တပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားတွေကို ပိုက်ဆံလေး နည်းနည်းပါးပါး လာဘ်ထိုးရုံနဲ့ အလွယ်တကူဝင်ထွက်သွားလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကို နိုင်ငံရေးသမားတွေကလည်း လစ်လျူရှုထားခဲ့ကြရုံမက ပိုမိုဝင်ရောက်လာအောင်တောင် မြူဆွယ်ခဲ့ကြပါတယ်။ မိမိနိုင်ငံအကျိုးစီးပွားထက် မိမိပါတီ၊ မိမိကိုယ်ကျိုးကို ရှေ့တန်းတင်ခဲ့ကြတယ်။ အခုဆိုရင် တရားမ၀င်ဝင်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ နိုင်ငံရေးသမားတွေကို လွှမ်းမိုးလာခဲ့ပြီး မိမိဒေသခံတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေခဲ့ပါပြီ။


အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ သတင်းတွေကို ထုတ်ဝေနေတဲ့ အိုးပန်း မဂ္ဂဇင်းရဲ့ တွဲဖက်စာတည်းချုပ် ရာဟူး ပန်ဒိတာက “နိုင်ငံရေးသမားတွေဟာ သူတို့ မဲရရှိဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အိန္ဒိယနိုင်ငံသားစာရွက်စာတမ်းတွေ ထုတ်ပေးပြီး ၁၉၇၁ (ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက်သော နှစ်)  ခုနှစ်ကနေ မြူဆွယ်နေခဲ့ကြတယ်”လို့ ဆိုပါတယ်။ သန့်ရှင်းဖဆပလ မဲနိုင်ဖို့အတွက် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်တယ်လို့ ဦးနုက ဆိုခဲ့သလိုပါပဲ။




အိန္ဒိယနှင့် "ကြက်လည်ရိုး" ပထ၀ီနိုင်ငံရေး


အရှေ့မြောက်ဒေသတွေဟာ အိန္ဒိယရဲ့ နိုင်ငံရေးချက်မ နယူးဒေလီကနေ အလှမ်းဝေးတာကြောင့် ဗဟိုအစိုးရရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်။ (အိန္ဒိယရဲ့ နာမည်ကြီး မီဒီယာတွေကလည်း အရှေ့မြောက်ဒေသအရေးတွေကို လျစ်လျူရှုထားတတ်ကြတယ်။) တရားမ၀င် ၀င်ရောက်လာနေကြတဲ့ ဘင်္ဂလီတွေရဲ့ အန္တရာယ်တွေကို အာသံပြည်သူတွေဟာ ဗဟိုအစိုးရကို တင်ပြလာခဲ့ကြတာပါ။ ဥပမာ - အာသံအုပ်ချုပ်ရေးမှုး ဒုဗိုလ်ချုပ်ကြီး ဆင်ဟာ (SK Sinha) ဆိုရင် တရားမ၀င်လာရောက်ကြတဲ့ ဘင်္ဂလီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်အကိုင်ရှားပါးမှု အပါအ၀င် သက်ရောက်မှုဆိုးကျိုးတွေကို ဌာနေအာသံပြည်သူတွေ လက်ရှိကြုံတွေ့နေရပုံ၊ ပါကစ္စတန် ခွဲထွက်ရေးကာလကတည်းက အာသံပြည်ကို အရှေ့ပါကစ္စတန်ထဲ ထည့်သွင်းဖို့ လိုလားခဲ့ကြပုံ (ခေါ်တော ဘင်္ဂလီတွေ မောင်တော၊ ဘူးသီးတောင်နယ်ကို ၁၉၄၇ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့သလိုပါပဲ။) ၊ အာသံပြည်ရော၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ ကပ်နေတဲ့ ခရိုင်တချို့ကိုပါ ကက်ရှ်မီးယားဒေသကဲ့သို့ ပါကစ္စတန်ရရှိသင့်ကြောင်း ပါကစ္စတန်ခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပုံ၊ အိန္ဒိယကူညီမှုကြောင့် လွတ်လပ်ရေးရလာပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ရှိတ်ခ် မူဂျီဘာ ရာမန် ကိုယ်တိုင် သစ်တောထွက်နဲ့ တွင်းထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ အာသံပြည်ကို လိုချင်ခဲ့ပုံတွေကို ၁၉၉၈ ခုနှစ်တုန်းက အိန္ဒိယသမ္မတထံ အစီရင်ခံတင်ပြခဲ့ဖူးပါတယ်။ လက်ရှိအနေအထားအရ အရှေ့မြောက်ဒေသနဲ့ အိန္ဒိယပြည်မကို "ကြက်လည်ရိုး"လမ်းကြောင်းလေးက ဆက်စပ်ထားပြီး မကြာခင်ဖြစ်ပွားလာမယ့် လူဦးရေလွှမ်းမိုးမှုနဲ့အတူ ကြက်လည်ရိုးလမ်းကြောင်းဒေသတွေအပါအ၀င် ဘင်္ဂလားဒေ့ရှ်နဲ့ နီးစပ်နေတဲ့ အိန္ဒိယ ခရိုင်တွေကသာ ဘင်္ဂလားဒေ့ရှ်နဲ့ တချိန်မှာ ပူးပေါင်းသွားပါက အိန္ဒိယနိုင်ငံနှစ်ခြမ်းခွဲပြီး ပြည်ထောင်စုကြီးကို အများကြီးအနှောင့်အယှက်ပေးနိုင်ကြောင်း မဟာဗျူဟာကျကျ တင်ပြခဲ့ဖူးပါတယ်။


ဒါပေမယ့် ဗဟိုအစိုးရဟာ လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဆင်ဟာကိုတောင် လူမျိုးရေး တင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ဗဟိုအစိုးရဟာ တွင်းထွက်ပစ္စည်းကြွယ်ဝတဲ့ အာသံပြည်က ယူချင်တာကို ယူပြီး ပေးစရာရှိတာကျတော့ ပြန်မပေးခဲ့ကြဘူး။ (ရခိုင်ပြည်က ရွှေဂတ်စ်တွေကို ဗဟိုအစိုးရတွေက ယူသလိုပါပဲ။) ဗဟိုအစိုးရနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ပြည်သူတွေဟာ မတရားမှုတွေကို မျိုသိပ်နေခဲ့ကြရတယ်။ တချို့ကျတော့လည်း ခွဲထွက်ဖို့လုပ်ခဲ့ကြတယ်။ အင်အားချင်းပြိုင်နေကြတဲ့ တရုတ်ကလည်း ခွဲထွက်ရေးသူပုန်တွေကို ပံ့ပိုးမှုတချို့ ပေးခဲ့ကြတယ်။ အမေရိကရဲ့ စီအိုင်အေတောင် စစ်အေးတိုက်ပွဲကာလ အိန္ဒိယနဲ့ ဆိုဗီယက်ပြည်ထောင်စု ပနံသင့်နေတုန်းက အရှေ့မြောက်ဒေသရဲ့ ခွဲထွက်ရေးလုပ်ငန်းတွေကို ပံ့ပိုးမှုတွေ ရှိခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေက ဆိုတယ်။


ဝါးခြမ်းပြားလေးတစ်ခြမ်းကို လက်နှစ်ဖက်နဲ့ အားစိုက်လိုက်ရင် ချက်ချင်း မကျိုးရင်တောင် ၀ါးခြမ်းပြားက တောင့်မခံနိုင်တော့တဲ့ တချိန်ကျရင် ကျိုးတာပါပဲ။ ငလျင်လှုပ်တယ် ဆိုတာကလည်း ကမ္ဘာကို တည်ဆောက်ထားတဲ့ Plate လို့ ခေါ်တဲ့ ကမ္ဘာ့အလွှာပြားကြီးနှစ်ခု တစ်ခုနဲ့ တစ်ခု တွန်းကြရာကနေ တစ်ဘက်ကတောင့်မခံနိုင်တော့လို့ နောက်ဆုံး ငလျင်လှုပ်ခါပြီး သိုလှောင်ထားတဲ့ တွန်းအားတွေကို ထုတ်ပစ်ကြတယ်။ အခုဖြစ်တဲ့ အာသံပြည်နယ်ရဲ့ အနောက်ဘက်မှာ ဖြစ်တဲ့ အရေးအခင်းဟာလည်းပဲ ဘင်္ဂလီတွေရဲ့ တရားမ၀င်ခိုးဝင်လာမှု တွန်းအားတွေကို မခံမရပ်နိုင်တော့လို့ ပေါက်ကွဲကြတာပါပဲ။


ဘင်္ဂလီတွေရဲ့ တရားမ၀င်ကျူးကျော်မှုတွေဟာ ဒေသခံ ဘိုဒိုစတဲ့ တိုင်းရင်းသားတွေကို တောက်လျှောက် ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးစပ်တဲ့ ဒူဘရီစတဲ့ ခရိုင်တွေမှာ ဆိုရင် လူဦးရေတိုးပွားနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲမှာတင် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ (စီအိုင်အေရဲ့ ၂၀၁၁ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးနှုန်းဟာ ၁.၀၇ ပဲ ရှိပါတယ်။) တချို့ခရိုင်တွေမှာဆိုရင် ရခိုင်ပြည်က မောင်တော၊ ဘူးသီးတောင်တွေလိုပဲ ဘင်္ဂလီတွေက လူများစု ဖြစ်လို့ လာနေပါပြီ။ ဗဟိုအစိုးရကလည်း ဘာမှ ထိထိရောက်ရောက်မကာကွယ်ပေးခဲ့ဘူး။ အာသံပြည်သူတွေရဲ့ မွန်းကျပ်နေတဲ့ မခံမရပ်နိုင်မှုတွေကို ဘိုဒိုလူမျိုး ၄ ဦးအသတ်ခံရတာကနေ စပြီး အခုဆိုရင် လူပေါင်းများစွာ သွေးထွက်သံယိုဖြစ်ကြရတဲ့ အဓိကရုဏ်းကြီးအဖြစ်ကို ပြောင်းလဲသွားပါပြီ။



ကိုကရာဂျာတွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော အဘွားအို

ဒီလိုမျိုးအဓိကရုဏ်းတွေဟာ အိန္ဒိယရဲ့ အာသံတစ်ခုတည်းမှာပဲ ကွက်ကျား ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါဟာ အာသံအရေးတစ်ခုတည်း မဟုတ်ပါဘူး။ အနောက်ဘင်္ဂလားစတဲ့ အိန္ဒိယရဲ့ တခြားပြည်နယ်တွေမှာလည်း တရားမ၀င်ဘင်္ဂလီတွေရဲ့ လူဦးရေအသာစီး ခြိမ်းခြောက်မှုတွေကို ခံလာနေရပါပြီ။ မြန်မာပြည်က ခေါ်တောတွေဟာ ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူးလို့ ငြင်းသလိုပဲ အိန္ဒိယမှာ ရှိတဲ့ တရားမ၀င် ဘင်္ဂလီတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဆီက မဟုတ်ဘူးလို့ ဗြောင်တင်းတင်း ငြင်းနေပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုယ်ပဲ အရှေ့ဘက် စစ်တကောင်းတောင်တန်းပေါ်မှာ ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေရဲ့ လယ်မြေတွေကို လုတာမျိုး၊ မီးတိုက်နှင်ထုတ်တာမျိုး စတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး မနေရဲအောင် အမျိုးမျိုးယုတ်မာနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုအချိန်ထိ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းဦးသားများရဲ့ အခွင့်အရေးကြေညာချက်ကြီးကို လက်မှတ်ထိုးဖို့ ငြင်းဆန်ထားပါတယ်။

အပိုင်း (၂) ကို မကြာမီ ဆက်လက်တင်ပေးသွားပါမည်။

  by Ko Htoo
မှီငြမ်း

1. Indian soldiers patrol Assam state following deadly riots

2. India riots: Illegal immigration is behind deadly clashes in Assam

3. CIA Factbook: Bangladesh

4. Population Density

5. Wikipedia: Assam

6. Assam violence: Army deploys 13,000 troops, train services remain stalled

7. Assam riots: Fruits of living in denial over Bangladesh influx

8. Wikipedia: People of Assam

9. Wikipedia: Sylhet

10. The Rise of Islam and the Bengal Frontier (1204-1760)

11. World Statistics

12. Problem of Bangladeshi migrants

Sunday, July 22, 2012

မာ့ခ် ဖာမနာ (Mark Farmaner) ၏ ဖြေရှင်းချက်အား သုံးသပ်ခြင်း

 


Burma Campaign (UK) ၏ ဒါရိုက်တာဖြစ်သော မာ့ခ်ဖာမနာ (Mark Farmaner) ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် ပါတ်သက်ပြီး BC (UK) အဖွဲ့ တိုက်ခိုက်ခံရမှုများအား ရေးသားထားခြင်းနှင့် ၎င်းတို့အဖွဲ့အား အထင်လွဲနေသည် ဆိုသည့် ဖြေရှင်းချက်စာတန်းကို ဖတ်လိုက်ရပါတယ်။ အဆိုပါ စာတန်းကို ဖတ်ရှုပြီးသည့်နောက် စိတ်ထဲမှာ အချို့သော အကြောင်းအရာလေးများ ပေါ်လာတဲ့အတွက် ချရေးဖြစ်ပါတယ်။


Burma Campaign (UK) ဟာ အမှန်တကယ်ပဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဆောင်ရွက်နေပါသလား။

အဆိုပါအချက်နှင့် ပါတ်သက်၍ သံသယရှိစရာမလိုပါ၊ BC (UK) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရးနှင့် ပါတ်သက်၍ ၎င်းတို့ ကျရာ ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ သို့သော် ၎င်းတို့၏ Activities အများစုမှာ မြန်မာတိုင်းရင်းသားအဖြစ် အငြင်းပွားဖွယ် ဖြစ်နေသည့်၊ တနည်းအားဖြင့် မြန်မာတိုင်းရင်းသားဟု ကြွေးကျော်နေသည့် ရိုဟင်ဂျာများအရေး လှုပ်ရှားမှုများသာ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် များစွာရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးတယူလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို အထင်သား လေ့လာတွေ့ရှိခဲ့ရပါသည်။


ထိုင်း-မြန်မာ နယ်စပ်မှ သနားစဖွယ် နယ်မြေမဲ့ ကလေးငယ်များ

အဘယ့်ကြောင့်ဆိုသော် Stateless People of Myanmar ဟုခေါ်သည့် နယ်မြေမရှိသည့် မြန်မာလူမျိုးများဟု ခေါ်ဆိုလျှင် တိုင်းရင်းသား စစ်သည် မစစ်သည် မသေခြာသော ရိုဟင်ဂျာများထက် မြန်မာပြည် အရှေ့ပိုင်းရှိ ထိုင်း၊ မြန်မာနယ်စပ်မှ ဒုက္ခသည် စခန်းများအား ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် စေတနာ မှန်ကန်ပါက မြန်မာလူမျိုး စစ်စစ်များ၏ အကျိုးစီးပွားအား ရှေ့တန်းတင်ရမည် ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မဖြစ်ညစ်ကျယ် ပံ့ပိုးမှုကို ရရှိနေသည့် ထိုင်း၊ မြန်မာ နယ်စပ် တလျှောက်မှ ဒုက္ခသည် စခန်းများထက် ထောက်ပံ့မှု အပြည့်အ၀ ရရှိနေပြီး ၁ နှစ်လျင် ခန့်မှန်း ဒေါ်လာ သန်း ရာဂဏန်းခန့် အကူအညီများအား INGO များနှင့် ပရောဂျက် ခေါင်းစဉ်ပေါင်း မြောက်များစွာမှ ရရှိနေသည့် ရိုဟင်ဂျာများ အရေးကိုသာ ဦးစားပေး ဆောင်ရွက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။


BC (UK) အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား အမှန်တကယ် ဆောင်ရွက်သလော

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး မေးစရာ ရှိလာသည်မှာ ရိုဟင်ဂျာ လူမျိုးများအား အခြားသော နိုင်ငံများ၊ အထူးသဖြင့် ၎င်းတို့နှင့် ဘာသာတူ နိုင်ငံများမှ နှိမ်ချ ဆက်ဆံခြင်း၊ လူ့အခွင့်အရေး တားမြစ်ပိတ်ပင်ခြင်း အစရှိသည်များ ပြုလုပ်ခြင်းများစွာ ရှိနေသော်လည်း လူသိရှင်ကြား အမည်နာမ ထုတ်ဖော်ဝေဖန်ခြင်းများအား မတွေ့ရှိခဲ့ရပါ။ ဤနေရာတွင် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ဆော်ဒီနိုင်ငံတွင် တရားရုံးမှ ဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာများ နေထိုင်ခွင့်နှင့် ပါတ်သက်ပြီး BC (UK) မှ လူသိရှင်ကြား ဝေဖန်ခြင်း မရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဆိုပါ ကိစ္စအား The 300,000 Rohingyas in Saudi are in limbo ဆိုသည့် ဆောင်းပါးတွင်

Mr Abdul Majid’s family moved to Saudi in 1954, two years after he was born, and was granted legal resident status as it was among the first Burmese groups to arrive. But a decree issued two decades later forced Rohingya older than 18 who were not born in the kingdom to obtain a non-Saudi passport.

ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရိုဟင်ဂျာ ကလေးငယ်များအနေဖြင့် အစိုးရ ကျောင်းများတွင် တက်ခွင့် မရသည်ကိုလည်း

Without residency permits, their children cannot enrol in public schools. Mr Abdul Majid said Burmese children attend charity schools created for the community by Saudi donors and wealthy Burmese

ဟု ဖော်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပါတ်သက်ပြီး ရိုဟင်ဂျာအရေးအား ဆောင်ရွက်သည့် အဖွဲ့အစည်းအများစုထဲမှ တစ်ခုဖြစ်သော BC (UK) သည်လည်း ဝေဖန်ခြင်း မပြုခဲ့သည်ကို မာ့ခ် ဖာမနာ အနေဖြင့် မည်သို့ ဆင်ခြေပေးမည်လည်း စိတ်ဝင်စားမိပါသည်။ အထူးသဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား နိုင်ငံပေါ်မူတည်၍ ဆောင်ရွက်လေသလောဟု သံသယဖြစ်လာပါသည်။


BC (UK) သည် မည်သည့်အလှူရှင်၏ လှူငွေဖြင့် ရပ်တည်နေသနည်း

အဆိုပါ ကိစ္စနှင့် ပါတ်သက်၍လည်း မာ့ခ် ဖာမနာမှ ရှင်းရှင်းလင်းလင်း ပြောထားခြင်း မရှိပါ။ ၎င်း၏အဆိုအရ BC (UK) မှာ အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း (Non-Government Organization) ဖြစ်သည်ဟု ဖော်ပြထားပါသည်။ သို့ဆိုလျင် NGO တစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများ လည်ပါတ်နိုင်ရန် အလှူရှင်၏ လှူငွေများနှင့် လည်ပါတ်နေရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် အလှူရှင်များ၏ လှူငွေများနှင့် ရပ်တည်ရသဖြင့် BC (UK) အနေဖြင့် အလှူရှင်များ၏ အလှူငွေဖြင့် ရပ်တည်နေသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ အခြားသော INGO အဖွဲ့အစည်းများကဲ့သို့ Mission များစွာနှင့် ဆင်းရဲသော ကမ္ဘာ့နိုင်ငံများအား ဆောင်ရွက်နေခြင်း မရှိသော BC (UK) အနေဖြင့် အလှူငွေများအား လက်ခံရရှိရန် ကြိုးပန်းရမည်မှာ အခက်အခဲတွေ့မည်မှာ သေခြာပါသည်။ သို့ဖြစ်သည့်အတွက် မည်သည့်နေရာမှ အလှူငွေများ ရရှိသနည်း ၎င်းအချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။

ဤနေရာတွင် BC (UK) နှင့် ရိုဟင်ဂျာ အဖွဲ့အစည်းများဖြစ်သော Rohingya Solidarity Organization (RSO) နှင့် Arakan Rohingya National Organisation (ARNO) တို့နှင့် အတူတွဲလျက် ရှိသည့် ဓါတ်ပုံများကို အထင်အရှား တွေ့လာရပါသည်။ (မှတ်ချက် ။ ။ ၀ီကီလိခ်နှင့် အခြားသော လုံခြုံရေး အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်တွင် RSO နှင့် ARNO တို့အား အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် အန္တရာယ်ရှိ အဖွဲ့အစည်းဖြစ် သုံးသပ်ထားသည်ကို လေ့လာသိရှိနိုင်ပါသည်။) တစ်ချိန်တည်းမှာပင် RSO, ARNO နှင့် OIC တို့၏ ပါတ်သက်နေမှု သတင်းဓါတ်ပုံများကိုလည်း တဆက်တည်း တွေ့လာရသဖြင့် BC (UK) အနေဖြင့် မပြေးသော်လည်း ကံရာရှိနေပြီ ဖြစ်ပါသည်။


BC (UK) သည် မည်သည့်ရိုဟင်ဂျာ အဖွဲ့အစည်းများမှ ရခိုင်ဒေသအား ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟု ပြောဆိုသည်ကို မကြားဘူးကြောင်း သေခြာသလော

အဆိုပါ ကိစ္စနှင့် ပါတ်သက်ပြီးလည်း မာ့ခ် ဖာမနာအား မေးစရာ မေးခွန်းများ ရှိလာပါသည်။ အထူးသဖြင့် အမေရိကန် နိုင်ငံအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စောင့်ကြည့် အဖွဲ့အစည်းများမှ ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး တညီတညွတ်တည်း ဖော်ပြသည်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည် ဆိုသည်ပင်။ မကြာခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင်လည်း အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ ပါဝင်ပါတ်သက်နေသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါသည်။


ရိုဟင်ဂျာများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိရန် ကြိုးပန်းနေမှုများအား http://www.globalasia.org/ တွင် ဆောင်းပါးရှင် Thanawat Pimoljinda မှ ၂၀၁၀ မတ်လတွင် ရေးခဲ့သည် Ethno-Religious Movements As a Barrier to an ASEAN Community တွင်
The Rohingya Solidarity Organization (RSO) and the Arakan Rohingya National Organization (ARNO) in Burma have been fighting to liberate Arakan from Buddhist rule, with the aim of establishing an Islamic state.

ဟု ဖော်ပြထားပြီး Wikipedia ရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပါတ်သက်ပြီး ရေးသားထားသည်တွင် Post War တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို သိရှိနိုင်ပါသည်။

The Mujahid party was founded by Rohingya elders who supported jihad movement in northern Arakan in 1947.[28] The aim of Mujihid party was to create a Muslim Autonomous state in Arakan.

ထို့အတူ Jane's World Insurgency and Terrorism တွင် ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး ဖော်ပြထားသည်တွင် RSO နှင့်ပါတ်သက်ပြီး

The group also aimed to establish an Islamic autonomous Rakhine (Arakan) state, uniting the Rohingya people of Myanmar and Bangladesh

ဟု ရေးသားထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ဆောင်းပါးများစွာ ရေးခဲ့သည့် ဘာတီးလစ်တာနာ ဆောင်းပါးများတွင် လေ့လာလျင်လည်း တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မာ့ခ် ဖာမနာ ပြောဆိုသည့် we have never even heard any Rohingya organization saying they want their own state ဆိုသည်မှာ မုသားမျှသာ ဖြစ်ပေသည်။


ဝေနှင့်ပွင့်သုံအား ဆန့်ကျင်သည်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်၍လော ရိုဟင်ဂျာအား ထောက်ခံ၍လော

အဆိုပါကိစ္စအား အထူးအထွေ ပြောဆိုရန်ပင် မလိုအပ်သော်ငြား မာ့ခ် ဖာမနာအနေဖြင့် အစ္စလာမ်ဘာသာနှင့် ရန်တိုက်သည့်သဖွယ် attacking her because she is a Muslim ဟု ရေးသားလာသည့်အတွက် ဆိုရေးရှိက ဆိုအပ်ရပါတော့မည်။ ဝေနှင်းပွင့်သုံ အင်္ဂလန် လွှတ်တော်တွင် My father, my father စသည်ဖြင့် ကလေးပင်ဖြစ်သောငြား မာန်ပါပါဖြင့် ပြောကြားခဲ့စဉ်က တခဲနက် ထောက်ခံခဲ့သူများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုပါဝင်ခဲ့သည်ကို မေ့ထား၍ မရပါ။ ကလေးပင် ဖြစ်သော်ငြား စစ်အစိုးရ၏ ဖိနှိပ်မှုအား တွန်းလှန်ရန် ၎င်း၏ ကြိုးစားအားထုတ်မှုအား မြန်မာနိုင်ငံရေးတွင် ပါတ်သက်ခဲ့သူများမှ လေးစား ချီးကျူးခဲ့သည်များမှာ ရှိခဲ့သည်မှာ သမိုင်းသက်သေ ရှိခဲ့ပါသည်။

ထို့အတူ မြန်မာနိုင်ငံအတွက် အမြင့်ခုန် ခဲ့ရာတွင်လည်း အားပေးခဲ့သည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ပါသည်။ သို့ရာတွင် ထိုမှ တဆင့်တက်၍ ဒေါ်အောင်ဆန်းစုကြည် အငယ်စားဟု ချီးမြှောက်လာသည်တွင် မြန်မာလူမျိုးများစိတ်တွင် လက်ခံရန် ခက်ခဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန်ဖြစ်၍ ဒီမိုကရေစီအား မြတ်နိုးသည့် မြန်မာလူမျိုးအများစုအား ကိုယ်စားပြုသဖြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာမက အခြားသော နိုင်ငံများတွင်လည်း မိမိတို့ တန်ဖိုးထား လေးစားသည့် ခေါင်းဆောင်နှင့် တစ်တန်းတည်း တင်စားလာသူများအား လက်မခံသည်မှာ အထင်အရှားပင် ရှိပါသည်။ သူမ အစ္စလာမ်ဘာသာဝင် ဖြစ်၍ မဟုတ်ပေ။

မြန်မာလူမျိုးများအနေဖြင့် မည်သည့်ဘာသာဝင် ဖြစ်နေပါစေ အများပြည်သူ ဆန္ဒအား အတိုက်အခံ ပြုလုပ်လာပါက မည်သူ့ကိုမဆို ဆန့်ကျင်ရန် ၀န်မလေးသည်ကို ဖြစ်ပျက်ခဲ့သည် လူထု အုံကြွမှုကြီးများဖြင့် သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် မည်မျှပင် အစိုးရနှင့် ပါတ်သက်နေသော်ငြား ပြည်သူလူထုနှင့် စိတ်သဘောထား မတိုက်ဆိုင်သည်ကို အတင်းအကြပ် ပြုလုပ်လာပါက ဆန့်ကျင်ခံရသည်ကို ဥပမာအနေဖြင့် ငါးမင်းဆွေအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြခြင်းများအား လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် ဝေနှင်းပွင့်သုံအား ဆန့်ကျင်နေကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်၍ မဟုတ်ပဲ အများပြည်သူ သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေ၍ ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာလူမျိုးများအနေဖြင့် အမှားမြင်၍ အမှန်ပြင်သူများကို ခွင့်လွှတ်ကြသည်ကို မမေ့ရန် လိုအပ်သကဲ့သို့ အမှန်ပြင်လာပါကလည်း ကြိုဆိုကြမည်မှာ မလွဲပေ။ ဝေနှင်းပွင့်သုံ၏ ဖခင်ဖြစ်သော ကိုမြအေးမှလည်း ရိုဟင်ဂျာများအား တိုင်းရင်းသား မဟုတ်ဟု ပြတ်ပြတ်သားသား ဆိုလာသဖြင့် ဝေနှင်းပွင့်သုံအနေနှင့် အမှားကို ပြင်လာပါက မြန်မာပြည်သူများနှင့် ဆန့်ကျင်ဘက် မဖြစ်တော့မည်ကို သတိချပ်ဖို့ လိုပါသည်။


ဘာကြောင့် ရခိုင်အဖွဲ့အစည်းများမှ BC (UK) အား မဆက်သွယ်သနည်း

အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး အထွေအထူး ရှင်းပြရန် မလိုအပ်တော့ပေ။ မိမိ၏ ရန်ဘက်အဖွဲ့အစည်းနှင့် ပုလဲနံပ သင့်နေသည့် အဖွဲ့အစည်းအား မည်သည့်အဖွဲ့အစည်းမျှ အဆက်အဆံ မလုပ်ချင်သည်ကို အထူးအားဖြင့် ပြောရန် မလိုတော့ပေ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ပင် အခန့်မသင်ပါက အတိုက်ခံသည်ကို ကြည့်ခြင်းအားဖြင့် သာမာန် အဖွဲ့လေးဖြစ်သော BC (UK) မှာမူ ဆိုဖွယ်ရာ မရှိသည်ကို မာ့ခ် ဖာမနာအနေဖြင့် စဉ်းစား ဆင်ခြင် သုံးသပ်သင့်ပေသည်။


မည်သည့်အတွက် မာ့ခ် ဖာမနာ ဒီစာကို ရေးသနည်း

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အသင့်မြတ်ဆုံးသော လမ်းကြောင်းပေါ်မှ သွားနေသဖြင့် နိုင်ငံတကာ အရေးယူမှုများ လျော့ကျလာချိန်တွင် ပြည်ပမှနေ၍ မြန်မာနိုင်ငံအရေးအား ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ရံပုံငွေ (သို့) အလှူငွေ ရရှိရန်မှာ ယခင်ကဲ့သို့ မသေခြာတော့သဖြင့် မြန်မာပြည်တွင်းတွင် အခြေစိုက်မှ ရံပုံငွေများ ရရှိမည်ကို အလွန်လူရည်လည်သည့် မာ့ခ် ဖာမနာအနေဖြင့် သိရှိပြီး ဖြစ်ပါသည်။ ထိုသို့သိရှိခြင်းအားလည်း ၎င်းကိုယ်တိုင် ၀န်ခံထားသည့် မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာရောက်ခဲ့သည့် ခရီးစဉ်အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်နေသော အစိုးရနှင့် တိတ်တဆိတ် လာရောက်ညှိနှိုင်းရန် ကြိုးပန်းမှု ခြေလှမ်းဖြစ်နေသောကြောင့်ပင်။ ၎င်းတို့အနေဖြင့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု ရှိပါက ၎င်းတို့ ခရီးစဉ်အား ထိုကဲ့သို့ လျှို့ဝှက်လာရန် လိုအပ်မည် မဟုတ်ပေ။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းတို့အား ရိုဟင်ဂျာများနှင့် ပါတ်သက်မှုများကို မေးမြန်းခံခဲ့ရခြင်းမှ အစပြု၍ ထိတ်လန့်လာခဲ့သဖြင့် အဆိုပါစာအား ထုတ်ဖော်ရေးသားခြင်းအား On my recent trip to Burma, even very senior democracy leaders in Rangoon talked about it. ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အနှစ်ချုပ်ရသော် မာ့ခ် ဖာမနာအနေဖြင့် အင်္ဂလန်တွင် ရုံးစိုက်၍ မြန်မာနိုင်ငံအရေးများအား ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို သိရှိလာသဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဆက်လက်ရုံးစိုက်နိုင်ရန် ကြိုးပန်းနေချိန်တွင် ၎င်းတို့ အရေးမထားခဲ့သည့် အွန်လိုင်းမှ အသံများကြောင့် ၎င်းတို့ အလေးထားသည့် မြန်မာနိုင်ငံရေးတွင် ပါတ်သက်နေသည့် သူများ၏ အရေးတယူ မေးမြန်းမှုများကြောင့် အထင်မြင်လွှဲမှားနေမှုများအား ဖြေရှင်းချက် တစ်ခုအနေဖြင့်သာ မှတ်ယူရပါသည်။ တနည်းအားဖြင့် မတတ်သာ၍ လျှောက်လဲချက် ပေးခြင်းသာဖြစ်ပြီး ၎င်းတို့လုပ်ရပ်အား ဖုံးကွယ်ရန် ကြိုးစားနေခြင်းများကို အထက်တွင် ဖော်ပြထားသည့် အချက်များအား လေ့လာခြင်းဖြင့် သိရှိနိုင်သည့်အတွက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံနှင့် ပါတ်သက်ပြီး လုပ်စားလာကြမည့် နိုင်ငံရေးလုပ်စားများအား သတိထားရန် လိုအပ်ပြီး ၎င်းတို့ လှည့်ကွက်အတွင်း မ၀င်ရောက်မိစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Shared by

LWIN PWIN

Wednesday, July 18, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း”ဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။


တစ်ခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော “ပဲပြုတ် နံပြား” စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။

“ပူဆာ”သည်ဟု ဆိုရခြင်းမှာ “ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ် ၊ မနက်စောစော အသင့်ဝယ်ထားလိုက်”ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။

အထက်ဖော်ပြပါ စာတိုကလေးကို ဗီုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ ၊ လေ့လာသူ ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။

သို့သော် ယင်းစာတိုကလေးနှင့် ပတ်သတ်၍ သဘောထားကွဲလွဲမှု ၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။

သဘောထားကွဲလွဲမှု ၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။

ယင်းစာတိုကလေးနှင့် ပတ်သတ်၍ အငြင်းပွားမှုအကြောင်း အနည်းငယ်မျှရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး ၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနာဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း ၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။

ဥပမာ ဇူလိုင် ၊ ၉၄ထုတ် “နွယ်နီ” မဂ္ဂဇင်းမှ ကျွန်တော်၏ “ငါးမူးတန်းမှ ရုပ်၇ှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။

“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Character ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲ့ကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”

ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော်ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ ရနိုင်မည့် ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင် ----

၁၉၄၆ခုနှစ် ၊ စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံး) သို့ နေ့စဉ်ရုံးတက်ခဲ့ရပါသည်။

သူ၏ ရာထူး (တရားဝင် အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။ (ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိအဖြစ် ဦးဆောင်စည်းဝေးရပါသည်။ လွတ်လပ်ရေးမရသေးမီ ကာလဖြစ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာန သုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲသုံးနီာခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ချင်းပင်သူ၏ ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။

ထို့နေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတန်းများ ၊ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

“ဘာများလဲ ဗိုလ်ချုပ်”

ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်သလို ဟန်မျိုးဖြင့်

“ငါအခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ”ဟု ပြောပါသည်။

ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါပြီ။

ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့်နှစ်ဦးအား နံနက်စာ ထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခုဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်၍လားမသိ။ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာလက်ဆေး၍ ရုံးသွားရန် ပြင်ဆင်ခဲ့ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက်အလုပ်လုပ်နေရချိန်တွင် ဘာမျှ မစားသောက်ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။

(မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရေသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ)

ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခုဝယ်ကျွေးစိတ် ဖြစ်ပေါ်လာမိပါသည်။

“ဗိုလ်ချုပ် ဘာများစားချင်လို့လဲ”

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

“ဘာလဲ ၊ မင်းက ငါ့ကိုဝယ်ကျွေးမလို့လား။ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကော ရှိလို့လား”

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။ သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့လူငယ်တွေကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတါင် ထိုနေ့ကတော့ သူဗိုက်ဆာ၍ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကိုမပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ”

ကျွန်တော်က ခပ်တည်တည်နှင့် အကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်ပါသည်။ အမှန်က ကျွန်တော်၏ အကျီအိတ်ထဲတွင် ငွေငါးကျပ်တန်တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက် ၊ စုစုပေါင်းငွေ ခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။

“ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း ( ရွှေဘုံသာလမ်း)က ပလာတာနှင့် ခပတ်စားချင်တယ်ကွာ”

“ဟုတ်ကဲ့ ၊ ဒါဆိုရင်လဲရပါတယ်။ ကျွန်တော့်မှာ ပါတဲ့ ငွေနဲ့လုံလောက်ပါတယ်။ ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့ ။ ကိုင်းလာပါ ဗိုလ်ချုပ်”

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

“ဟေ့ ငါတို့ရုံးဆင်းတော့မယ်။ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”ဟု ညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးအောက်သို့ ဆင်းခဲ့ပါသည်။

ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း) ၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ် အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွားလိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကို ကျွေးရန် မည်သို့မည်ပုံပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီး ဖြစ်သည်။

မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် လွန်စွာဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။

“ဒီမယ် ခင်ဗျား ၊ ကျုပ်ကိုသိတယ်မဟုတ်လား ၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ။ ဟိုမှာ ထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်။ ခက်တာက ကျူပ်မှာ ပိုက်ဆံအလုံအလောက်မပါဘူး။ ဒါကြောင့် ကျူပ်တို့အခုစားလို့ ကျသင့်တဲ့ ငွေကို နက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ။ နောက်ပြီး ကျူပ်တို့ပြန်ခါနီး ဗိုလ်ချုပ်က မေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ။ ကျူပ်မှာ ပိုက်ဆံမပါလာတာကို သူ မသိစေချင်ဘူး”

ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှလှမ်းကြည့်လိုက်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

“စိတ်ချပါ ဆပ် ။ ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ။ ရပါတယ်။ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပါပြီလို့ ဖြေပေးပါ့မယ်”

ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။

ပလာတာနှင့် ခပတ်နှစ်ပွဲရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကိုကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါတကားဟု စိတ်ထဲမှကျိတ်၍ မှတ်ချက်ချမိသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင်စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

“ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်”ဟုပြောရာ ကျွန်တော်လည်း

“ရှင်းပြီးပါပြီ ဗိုလ်ချုပ်။ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ်”ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း အချက်ပြခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အားရိုသေစွာ ဆလံပေးအလေးပြုရင်း

“ပိုက်ဆံရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

“ဘယ်နှယ့်လဲ ဗိုလ်ချုပ် ။ စားလို့ကောင်းပါရဲ့လား”

ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း “အေးကွ မစားရတာ ကြာလို့လား မသိဘူး။ အလွန်စားလို့ကောင်းတယ်” ဟု ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။

ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်းတာဝါလိန်းလမ် (နတ်မောက်လမ်း) နေအိမ်သို့မောင်းပြန်လာခဲ့ပါသည်။

နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း(ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

၁၉၄၆ခုနှစ် ၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ ၊ ဟင်္သာတဦးမြ ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။

ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ် ၊ မော်တော်ယာဉ် ၊ မီးရထား ၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမည်းညူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် “မောရစ်၂၅” အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း ၊ ရခိုင်ဖက်တွင်လည်း နွားလှည့်တစ်လှည့် ၊ ခြေကျင်တစ်ခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓါတ်မကျဘဲ ပျော်ရွှင်ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။

[မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတါင်လည်း စစ်ဖက်ရာထူးမေဂျာဂျင်နရယ် (ဗိုလ်ချုပ်)အလံ ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး အလံဟူ၍ အလံသုံးခုဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည် ]

ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင် တစ်ဝိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ် သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ် ၊ သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။

သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍ ခပ်တိုးတိုးမေးပါသည်။

“ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”

“ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ”

ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။

“ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆို၇င် မဖြစ်ဘူးထင်တယ်ကွ”

“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်”

“ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။

ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့် ဝေးဝေးပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။

သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေုငာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့်

“ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်” ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာ စိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ခေါင်းညိတ်ပြပါသည်။

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ်ပြန်လျှောက်သွားလိုက်ပါသည်။

“ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်”

ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး “ပေါင်းမိုး” လှေဝမ်းအပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။

လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။

လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည်ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်

“ဗိုလ်ချုပ် အခုသွားရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း ၊ ညတုန်းကလဲ စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တစ်ရေးလောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ်” ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး ၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ့လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့်

“ဟေ့ကောင် လုပ်စမ်းပါဦးကွ ၊ ငါဘယ်လိုဝတ်ရမှာလဲ”ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ “နက်ကတိုင်” လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။

ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ် ၊ ချက်ချင်းလိုပင် အိပ်ပျော်သွားရှာပါသည်။

သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။

ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။

မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား ၊ အင်းအိုင်မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန် ၊ ရေကူးအသင်း ( swimming club ) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမ၈္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသားကိုအောင်ဆန်းအနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။

ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။

တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍မရပါ။ ယင်းကိစ္စနှင့် ပတ်သတ်၍ ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော

“လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ်” ဟူသော သွန်သင်ဆုံးမချက် ၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and Love Of Truth) ဟု ပြောခဲ့သည့်အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဤဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။

ရိုဟင်ဂျာ ပြဿနာ အာဆီယံတွင် မီးပွားလွင့်

 
အရှေ့တောင်အာရှအာဆီယံဒေသတွင်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ အအောင်မြင်ဆုံးအသွင်ကူးပြောင်းနိုင်ခဲ့သော မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း၌ ဥက္ကဋ္ဌရာထူးကို ရယူနိုင်သည်အထိ အာဆီယံအလယ်တွင် ယခုနှစ်အတွင်းမှစတင်၍ တင့်တယ်လာခဲ့သည်။ သို့သော် လွန်ခဲ့သောရက်သတ္တလေးပတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာပဋိပက္ခသည် မြန်မာနိုင်ငံကိုထပ်မံ၍ အာဆီယံအလယ်တွင် စိုးရိမ်သောကဗျာပါရများပွေရန် အကြောင်းဖန်လာခဲ့ရပြန်သည်။ မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကိုပင်လျှင် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် ၎င်းတို့နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးကိစ္စများဆွေးနွေးကြမည့် အမေရိက၊ အီးယူ၊ ပြင်သစ်၊ ရုရှား၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်စသည့် မဟာအင်အားကြီးများတက်ရောက်ကြသည့် (၁၉) ကြိမ်မြောက်အာဆီယံဒေသတွင်း အစည်းအဝေးမင်းပရိတ်သတ်ဗိုလ်ပုံအလယ်တွင် ယင်းပြဿနာကို အထုပ်ဖြေကာပြောရဆိုရ ရှင်းပြရမည့် ဆွေးနွေးစရာအထိပင် ဖြစ်လာရန်ရှိနေသည်။ ထိုပြဿနာမှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံးက ဘင်္ဂါလီဟုသတ်မှတ်ကြပြီး နိုင်ငံတကာတွင် ရိုဟင်ဂျာဟု အမည်ထွက်နေသည့် အနောက်ဘက်မှ ကူးလာသူတို့ကြောင့်ပင်ဖြစ်သည်။

အာဆီယံလူဦးရေ သန်း ၅၉ဝ၏ ၄၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်ဘာသာဝင် လူမျိုးများဖြစ်ပြီး ယင်းလူဦးရေအနက် အာဆီယံစတင်ဖွဲ့စည်းရာတွင် ပါဝင် သည့် အင်ဒိုနီးရှားနှင့် မလေးရှားပေါင်း လျှင် သန်း ၂၂၀ ခန့်ရှိနေသည်။ မြန်မာ နိုင်ငံသည် အာဆီယံတွင် ထိုင်းနိုင်ငံပြီး လျှင် ပဉ္ဓမမြောက်မွတ်ဆလင်ဘာသာဝင် လူမျိုးများနေထိုင်သော နိုင်ငံဖြစ်ပြီး နှစ်သန်းခန့်အရေအတွက်ရှိနေသည်။ မြန်မာနိုင်ငံတွင်နေထိုင်သော အဆိုပါ မွတ်ဆလင်ဘာသာဝင်အရေအတွက်သည် အရှေ့အလယ်ပိုင်းရှိ ကာတာနှင့် ဘာရိန်း တွင်ရှိသော မွတ်ဆလင်ဘာသာဝင် အရေအတွက်နှင့် ပမာဏတူညီလျက်ရှိ သည်။ ကမ္ဘာပေါ်တွင် အင်အားအကောင်း ဆုံး ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ၊ ကမ္ဘာ့လူဦးရေ အများဆုံးမွတ်ဆလင် နိုင်ငံ အင်ဒိုနီးရှား၊ မလေးရှားနှင့် နိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် ခရစ်ယာန် ဘာသာဝင်များအဖြစ်ပါဝင်နေသော ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထား သည့် အာဆီယံအဖွဲ့ကြီးတွင်းကလည်း ထိုပဋိပက္ခကို မြန်မာအစိုးရ မည်သို့ ဖြေရှင်းမည်ကိုလည်း စောင့်ကြည်လျက်ရှိ သည်။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာစူရင်းက ''အာဆီယံက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ကို ဆွေးနွေးဖို့ရှိတယ်'' ဟု (၁၉)ကြိမ် မြောက် အာဆီယံဒေသတွင်း အစည်း အဝေးမတိုင်မီရက်ပိုင်း အာဆီယံဒေသ တွင်း သတင်းစာဆရာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ သားတို့နှင့် မွတ်ဆလင်ဘာသာဝင် အာဆီယံနိုင်ငံအချို့တွင် ရိုဟင်ဂျာနှင့် ပတ်သက်၍ အမြင်မတူညီကြပါ။

ကမ္ဘာ့လူဦးရေအများဆုံး မွတ်ဆလင် နိုင်ငံဖြစ်သော အင်ဒိုနီးရှားမှ သတင်းစာ ဆရာတစ်ဦးက အင်ဒိုနီးရှားတို့ ရိုဟင်ဂျာ ပြဿနာသည် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်ဘာသာဝင်လူနည်းစုတို့ ဖြစ်သည့် ပြဿနာဟု မှတ်ယူကြသည် ဟုပြောသည်။ အင်ဒိုနီးရှားနိုင်ငံမှ ဩဇာရှိသော ဂျာကာတာပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်က မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေမှုများကို ဒေသတွင်းထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် ဖြစ်ပွားနေသည့် မွတ်ဆလင် ဘာသာဝင်များအတွက် ကြားဝင်ညှိနှိုင်းသကဲ့သို့ အင်ဒိုနီးရှား အစိုးရနှင့် မွတ်ဆလင်အဖွဲ့အစည်းများ က ဖြေရှင်းသင့်သည်ဟုပင် ပြီးခဲ့သည့် ဇွန်လအတွင်း ပဋိပက္ခများဖြစ်ပွားနေစဉ် ရေးသားသည်။

သို့သော်မြန်မာနိုင်ငံမှ ထင်ရှား သော နိုင်ငံရေးလှုပ်ရှားသူ ကိုကိုကြီးက ''အခုဖြစ်တဲ့ကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းကဖြစ်နေတဲ့ စိတ်ခံစား မှုတွေလို့ ကျွန်တော်မြင်ပါတယ်။ မြန်မာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ပြဿနာလို့ မမြင်ပါဘူး။ တစ်ဖက်က ဝင်လာတဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရ တာပါ။ တစ်ဖက်က ဝင်လာတဲ့ သူတွေ များလာတဲ့အတွက် အခုလိုပြဿနာတွေ ဖြစ်လာတာပါ။ ကျွန်တော်တို့က လူသား ချင်း စာနာမှုအရ လက်ခံထားတာရယ်၊ နိုင်ငံတကာ ဆက်ဆံရေးတွေကြောင့် အားနာလို့ လက်ခံထားခဲ့တာပါ။ သဘော ကောင်းခဲ့တာကို ဖိအားပေးလာတဲ့ သဘောပါ။ ကျွန်တော်တို့ကတော့ အချုပ် အခြာအာဏာကို အထိပါးမခံနိုင်ပါဘူး။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ် လို့ လက်မခံနိုင်ပါဘူး'' ဟု ပြောကြား သည်။ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ ကျော်ထဲတွင် မရှိသကဲ့သို့ မိမိတို့၏ တိုင်းရင်းသားလူမျိုးလည်း မဟုတ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ငြင်းဆိုခဲ့သည်။

ရိုဟင်ဂျာဆိုသည်မှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှစ၍ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှ အင်္ဂလိပ် များနှင့်အတူ ဝင်ရောက်လာသော လူမျိုး များဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာချိန်တွင် အချို့ကိုလက်နက်ကိုင် တော်လှန်ရေးအတွက် ချန်ထားခဲ့သူများ က ၎င်းတို့ကိုယ်တိုင် ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ် သည်ဟု ဝန်ကြီးက ပြောဆိုသည်။ သို့ သော်ပြီးခဲ့သည့် ဇူလိုင်လ ၁ဝရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီ စီမြို့တော်ရှိ သတင်းထောက်များ အသင်းတိုက်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အမြင်သဘောထားများကို ရှင်းလင်းခဲ့ ကြသည်။ ဘင်္ဂါလီ ရိုဟင်ဂျာများသည် ဘာသာရေးကိုအခြေခံပြီး ဖိနှိပ်ခံနေရ ကြောင်း၊ နိုင်ငံမဲ့ဖြစ်နေသည့်အတွက် ရရှိသင့်သော ပညာသင်ခွင့်၊ ခရီးသွား လာခွင့်များ ဆုံးရှုံးနေကြောင်း၊ ထို့အပြင် လူမျိုးတစ်ခုထဲကို ဦးတည်ပြဋ္ဌာန်းသည့် လက်ထပ်ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေရ ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

'မြန်မာနိုင်ငံကို ယခုအခါ ဒီမိုကရေစီအရေးအတွက် တွန်းအားပေးဆောင်ရွက်နေသော နိုင်ငံတကာက ယင်းလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော်ပြော ဆိုသင့်ကြောင်းလည်း ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတစ်ဦးက ပြောကြားသည်။ အမေရိကန်ခေါင်းဆောင်များနှင့်တကွ နိုင်ငံတကာခေါင်းဆောင်များကို ဘင်္ဂါလီ ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုရေး တိုက်တွန်းကြ ရန်လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့၏ အာရှပစိဖိတ်ရေးရာ လှုံ့ဆော် ရေးမှူး မစ္စတာတီကူးမားက ဝါရှင်တန် တွင် ပြောကြားသွားခဲ့သည်။ 'မြန်မာ ပြည်သူများ၏ လုံခြုံမှုကို ထိပါးရန် လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေရန်လည်းကောင်း ဆောင်ရွက်သူများ သည် မည်သည့်ဘာသာဝင်၊ မည့်သည် လူမျိုး၊ မည်သည့် အဖွဲ့အစည်းဝင် ဖြစ်စေကာမူ တစ်မျိုးသားလုံး၏ရန်သူ" Enemy of State ဖြစ်ပါသည်' ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိကြီး တစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော ပဋိပက္ခဖြစ်ပွားနေစဉ် အတွင်းက ရေးသားဖော်ပြသည်။

ရိုဟင်ဂျာနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံအတွင်း၌အစိုးရကိုယခင်က ဆန့်ကျင်သူများကပင် အစိုးရနှင့် အမြင် တူကြသည်။ မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော အာဆီယံပဋိညာဉ်အရ အာဆီယံဒေသ အတွင်းတွင် မည်သည့်အိမ်နီးချင်းနိုင်ငံ ကမျှ ပြည်တွင်းရေးကိုဝင်ရောက်စွက် ဖက်ခွင့်မရှိ။ သို့သော်လည်း အာဆီယံက ထိုကိစ္စကို သိရှိလိုသည်ဟုပြောလာခြင်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ အာဆီယံ အတွင်းရေးမှူးချုပ် သက်တမ်း ၅လခန့် သာကျန်တော့သည့် ဒေါက်တာစူရင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတို့နှင့် နိုင်ငံ အတွင်းဖြစ်ပွားခဲ့သော ကိစ္စများကို နိုင်ငံ အတွင်း အရေးတယူဆောင်ရွက်နေပြီး မြန်မာအစိုးရက နိုင်ငံတကာအသိုင်း အဝိုင်းသို့ပြည့်ပြည့်စုံစုံရှင်းပြမည်ဟု ယူဆ ကြောင်းဖနွမ်းပင်တွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စ ပြဿနာကို ပွင့်ပွင့်လင်းလင်း အရေး တယူကိုင်တွယ်လျက်ရှိပြီး မြန်မာနိုင်ငံ သားအဖြစ်ပြဋ္ဌာန်းမည့် ဥပဒေတစ်ရပ်၊ လူ့အခွင့်အရေးမူဝါဒနှင့် လျော်ညီ သည့် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းရန်ကို လည်း နိုင်ငံတကာကတိုက်တွန်းကြ သည်။ ထိုသို့နိုင်ငံတကာတောင်းဆိုမှု များကိုအလေးထားခြင်းနှင့် မြန်မာအစိုးရ သည် အာဆီယံတွင် ဒီမိုကရေစီနိုင်ငံ ဖြစ်သည်ဆိုသည်ကို စစ်မှန်စွာပြရန် အတွက် ပြဿနာများကိုအကြမ်းမဖက် ဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်မှာ အထူး အရေးကြီးပြီး အကြမ်းဖက်မှုများနှင့်သာ ဖြေရှင်းပါက နိုင်ငံတကာအပါအဝင် အာဆီယံက နောက်ကြောင်းပြန်လမ်းပေါ် ဦးလည်သွားသည်ဟုဆိုကာ ဖြစ်ထွန်းစ မြန်မာနိုင်ငံပေါ်ယုံကြည်မှုများ ရုတ် တရက်ပျောက်ကွယ်သွားပါလိမ့်မည်။

နောက်ကြောင်းပြန်သော အာဏာ ရှင်လုပ်ရပ်ဟု နိုင်ငံတကာတွင် တံဆိပ် ကပ်ခံခြင်းကို ခံရပါလိမ့်မည်။ ထို့အတွက် ကြောင့် ရိုဟင်ဂျာပြဿနာသည် စစ် အုပ်ချုပ်ရေးမှ ပြောင်းလဲလာသော မြန်မာအစိုးရကို ဒီမိုကရေစီနိုင်ငံ စစ် မစစ် နိုင်ငံတကာက စမ်းသပ်သော၊ လူ့အခွင့် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာက မှတ်ချက်ပေးမည့် နိုင်ငံတကာမှ အကဲ ဖြတ်ချက်တစ်ခုဖြစ်လာနိုင်သော ကိစ္စ ဖြစ်ပြီး မကြာမီအာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာ နိုင်ငံက ယင်းကာလမတိုင်မီယင်းကိစ္စ ကို မည်သို့မည်ပုံဖြေရှင်းမည်ကို စောင့် ကြည့်နေကြမည်လည်းဖြစ်ပါသည်။ ထိုသို့ နိုင်ငံတကာတောင်းဆိုမှု များကို အလေးထားခြင်းနှင့် မြန်မာ အစိုးရသည် အာဆီယံတွင် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည်ဆိုသည်ကို စစ်မှန်စွာပြ ရန်အတွက် ပြဿနာများကို အကြမ်း မဖက်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ခရီးစဉ်များအပြီး မြန်မာ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြသည့်အမေရိကနှင့် ဗြိတိန်တို့မှ စီးပွားရေးအုပ်စုများကို လူ့အခွင့်အရေး များချိုးဖောက်ဆဲဟုဆို၍ အကြောင်းပြ ကာ ရင်းနှီးမှုမပြုလုပ်ရန် စပျစ်သီးချဉ် သည် ဥပမာကဲ့သို့ အချိန်ကိုက်လုပ်ကြံမှု ကြီးတစ်ရပ်လည်း အထူးဖြစ်နိုင်ခြေရှိ ပါသည်။

Saturday, July 14, 2012

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှု ရှာပုံတော် ( ခေါင်းဆောင်တို့၏ ခေါင်းဆောင်)


ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်အဖြစ် တစ်ခေတ်တွင် တစ်ယောက် အောင်မြင်မှုရခဲ့ခြင်းမှာ သူသည် သာမန်ခေါင်းဆောင် မဟုတ်ဘဲ ခေါင်းဆောင်များကို ခေါင်းဆောင်သော ခေါင်းဆောင် leader of leaders ဖြစ်သောကြောင့်ဖြစ်သည်။

အချို့ခေါင်းဆောင်များသည် သူ့ထက်တော်မည်ဟု ထင်ရသောသူများအား နေရာပေးလေ့ မရှိ။ အကြောင်းမှာ သူ့ထက် သာလွန်တောက်ပသွားမည် စိုးသောကြောင့် ဖြစ်သည်။ ထိုသို့ လူတော်ကို နေရာမပေးသည့် အခါ၊ လူတော်လျှင် ချောင်ထိုး ထားတတ်သည့်အခါ တစ်ခါမဟုတ် နှစ်ခါမဟုတ် အစဉ်အလာသဘော ဖြစ်လာလျှင် အဖွဲ့သားများက သိလာပြီး အစွမ်းမပြ၊ မကြိုးစားတော့ချေ။ အစွမ်းပြ ကြိုးစားပါက လမ်းဘေးရောက်မည်ကို သိလာသောကြောင့် မိမိအရည်အချင်းကို ထုတ်မပြတော့ဘဲ လျှိုထားတတ်ကြသည်။

သို့ဖြင့် အဖွဲ့အစည်းအတွင်းတွင် “မလုပ်၊ မရှုပ်၊ မပြုတ်” စိတ်ထား မင်းမူလာတော့သည်။ လျှိုထားသည်မှာ ကြာလာသည့်အခါ တကယ့်အရေးအကြောင်းတွင်ပင် အရည်အချင်းကို မထုတ်နိုင်တော့ပေ။ ထိုသို့သော ခပ်ချာချာ အဖွဲ့သားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ရည်မှန်းချက် ရောက်မည်မဟုတ်။ အခက်အခဲများကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထိုခေါင်းဆောင်မျိုးများ အောက်လူကို နေရာမပေးခြင်း၊ တော်သူနှင့် လက်တွဲမလုပ်ရဲခြင်းမှာ သူတို့၏ အရည်အချင်းကို သူတို့ကိုယ်တိုင် သံသယ ဝင်နေသောကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ အဖွဲ့အစည်း၏ ရည်မှန်းချက်ထက် သူ၏ ပုဂ္ဂလိက ရည်မှန်းချက်ကို ဦးစားပေးသောကြောင့် ဖြစ်နိုင်သည်။

အဖွဲ့အစည်း၏ ရည်မှန်းချက် ပြည့်စေလိုသူသည် ထိုရည်မှန်းချက်ပြည့်အောင် ဖြည့်ဆည်းနိုင်မည့်ပုဂ္ဂိုလ်များ အဖွဲ့တွင်း ရောက်လာရေး၊ အဖွဲ့တွင်းတွင် အစွမ်းပြခွင့်ကို နေရာပေး လိုသူ ဖြစ်သည်။ စောစောက ပြောခဲ့သည့် ခေါင်းဆောင်မျိုးမှာမူ အဖွဲ့အစည်း ညံ့သွား၊ မသွားကို စိတ်မဝင်စားဘဲ မိမိခေါင်းဆောင်နေရာ မလှုပ်ရေးကိုသာ ဦးစားပေး စဉ်းစားသောကြောင့် “တော်သူ” ကို မလိုလားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းမှာမူ ထိုသို့သောသူ မဟုတ်ဘဲ “လူတော်ကိုချစ်” သူဖြစ်သည်။ သူသည် သူ၏ အဖွဲ့ကို “ကျော်စွာ” များဖြင့် ဖွဲ့စည်းလိုသူ ဖြစ်သည်။ ယခင်က ရန်သူဖြစ်ခဲ့သော သူများကို လက်တွဲရန် ဖိတ်ခေါ်သည်။ အဖွဲ့တွင်းတွင် နေရာကောင်းများပေးသည်။ မိမိနှင့် လတ်တလော ပြိုင်ဘက်များကိုလည်း အဖွဲ့တွင်းတွင် နေရာပေးသည်။ နောက်ဆုံးတွင် နိုင်ငံ့အကျိုးနှင့် လုံးဝဖီလာ ဆန့်ကျင် လာမှသာ ရင်နာနာနှင့် ကျောခိုင်းခဲ့ရသည်ကို ကွန်မြူနစ်ပါတီအား ဖဆပလအဖွဲ့တွင်းမှ ထုတ်ပစ်ခဲ့ခြင်း ဥပမာတွင် တွေ့ရသည်။

သူသည် လူတော်ကို မကြောက်ခြင်းမှာ သူကိုယ်တိုင်လည်း လူတော်ဖြစ်သောကြောင့် ဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်ချက် ရှိသည်။ မိမိကိုယ်ကို ယုံကြည်သောသူသည် မနာလိုဝန်တိုခြင်း နည်းသည်။ တော်သောသူအား တွေ့ရလျှင် စိတ်မသက်မသာ ခံစားရခြင်း နည်းသည်။ ထို့ပြင်သူသည် မိမိအရေးထက် သာလွန်မြင့်မြတ်သော Greater Good ဖြစ်သည့် နိုင်ငံအရေးကို ဦးထိပ်ထားသည်။ လူတော်များနှင့်သာ နိုင်ငံ့လွတ်လပ်ရေးကို အရယူနိုင်မည်ဟု သဘောပေါက်သူပီပီ စွမ်းဆောင်ရည် မြင့်သောသူများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းသူဖြစ်သည်။

ခေါင်းဆောင်များကို ခေါင်းဆောင်နိုင်မှသာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်မည်ကို သိသည်။ ခပ်ချာချာများကို ခေါင်းဆောင်နေလျှင် မည်သို့ ပေါက်မြောက်အံ့နည်း။ ထို့ကြောင့်လည်း ရန်သူဖြစ်ခဲ့ဖူးသူများနှင့်ပင် အတူအလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။ အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အဓိက ထားတတ်သောကြောင့် သူ့ထက်သာလျှင် သူ့အထက်က ခေါင်းဆောင် လုပ်လိုလုပ်၊ စိတ်မပျက်ဘဲ ကျရာနေရာက တာဝန်ကျေအောင် ထမ်းဆောင်သူဖြစ်သည်။ မိမိ ခေါင်းဆောင်လုပ်ရမှဟူသော စိတ်ထားမျိုးမရှိ၊ မိမိထက် အဖွဲ့ကို ဦးစားပေးသူ ဖြစ်ကြောင်း အောက်ပါ ဥပမာများက ထင်ထင်ရှားရှား ဖော်ပြသည်။

“၁၉၃၅-၃၆ ခုနှစ်ကျတော့လဲ အမှုဆောင်များအဖြစ် တင်မြှောက်ခံကြရတဲ့အခါ ကျောင်းသား ကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူး အနေနဲ့ အလုပ် သိပ်လုပ်ပြချင်တယ်။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တွေက သူ့ရဲ့ ဆက်ဆံမှုကို အားမရသေးတဲ့ အတွက် သူ့ရဲ့စွမ်းရည်ကို ကလောင်ဖြင့်ပြစေဘို့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူစေတယ်။ လုပ်ပြချင်တာ မလုပ်ရလို့ သူစိတ်ကောက် သွားသလား၊ မကောက်ပါဘူး။ ထားတဲ့နေရာကနေ၊ သူ့စွမ်းရည်ကို ပြပြီး၊ ကျောင်းသား ကိစ္စအဝဝကို ဆောင်ရွက်ခဲ့ပါတယ်။ သာမန်အားဖြင့် သာဆိုရင် ငါတော်ရဲ့သားနဲ့ ငါ့ကို နေရာ မပေးရကောင်းလားဆိုပြီး စိတ်လိုက်မာန်ပါ ဂွလုပ်မှာဘဲ။” (အောင်သန်း၏ အောင်ဆန်း၊ ၄၁)

“ပြင်ပ ကျောင်းသားကြီး တစ်ယောက်ကို ဥက္ကဌ၊ သူ့ကို ဒုတိယဥက္ကဌ နေရာမှာထားပြီး ဆောင်ရွက်ကြစေတယ်။ ဒီလိုလုပ်ရင်လဲ သူဟာ ဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်မယ်ဟေ့ဆိုတဲ့ စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖော်ကိုင်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမံ လုပ်ပြပြန်ပါတယ်။” ( ၄၂။ အောင်သန်း၏ အောင်ဆန်း)

မူလက သူသည် ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက်သာ ဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍသည် မြင့်မားသည်ထက် မြင့်မားလာခဲ့သည်။ လွတ်လပ်ရေးအတွက် ဂိုဏ်းဂဏ္ဍပေါင်းစုံ ဖွဲ့စည်းပါဝင်သော ဗမာ့ထွက်ရပ်ဂိုဏ်း Burma Freedom Bloc တွင် နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်က ဥက္ကဋ္ဌဖြစ်စဉ် သခင်အောင်ဆန်းသည် အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဂျပန်နှင့်အတူ ဘီအိုင်အေဖွဲ့ကာ မြန်မာနိုင်ငံတွင်းသို့ ဝင်လာအပြီး သူ၏ ခေါင်းဆောင်မှုသည် အမျိုးသား ခေါင်းဆောင်အဆင့်သို့ တက်လှမ်းလာခဲ့သည်။ ဂျပန်အထွက်၊ အင်္ဂလိပ်အဝင်တွင်မူ သူ၏ အမျိုးသားခေါင်းဆောင်နေရာမှာ ပိုမို ပီပြင်လာခဲ့ကာ သူ့ထက် ဝါကြီးသော ခေါင်းဆောင်များပင် သူ၏ လက်ထောက် ခေါင်းဆောင်များနေရာကို လက်ခံယူလာကြသည်။

ထိုစဉ်က ထိပ်တန်း ခေါင်းဆောင်များ စာရင်းကိုကြည့်ပါ။ သခင်နု၊ သခင်သန်းထွန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်)၊ ကျော်ငြိမ်း၊ ဗဆွေ၊ သခင်စိုး၊ သခင်မြ၊ ဦးဘဖေ အားလုံး သူနှင့် ရွယ်တူတန်းတူ သူငယ်ချင်းများနှင့် သူ့ထက် ဝါများစွာရင့် သူများလည်း ပါရှိသည်။ ဥပမာ ကိုနု (နောင်ဝန်ကြီးချုပ်ဟောင်း ဦးနု) သည် ဗိုလ်ချုပ်က ကိုကြီးနုဟု ခေါ်ရသူဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် မွေးဖွားသောကြောင့် ၁၉၁၅ ဖွား ကိုအောင်ဆန်းထက် ၈ နှစ် ကြီးပေသည်။ သို့သော် ဗိုလ်ချုပ်သည် အဆိုပါ ခေါင်းဆောင်တကာတို့၏ ခေါင်းဆောင် leader of leaders ဖြစ်လာခဲ့သည်။ သူသည် ထိုနေရာကို အလွယ်တကူရခဲ့ခြင်း မဟုတ်၊ ကြိုးစားအားထုတ်ပြီး ထိုက်တန်သောကြောင့်သာ ရခဲ့ခြင်း ဖြစ်သည်။

လူတော်ကို မကြောက်သည့်၊ လူတော်တို့ကို စုစည်းထားနိုင်သော ခေါင်းဆောင်တို့၏ ခေါင်းဆောင် စိတ်ဓာတ်မျိုးရှိသော ခေါင်းဆောင် တို့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ရအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် တစ်ခေတ်တစ်ယောက် ခေါင်းဆောင်မျိုး ဖြစ်ခဲ့ပေသည်

Friday, July 13, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

 
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။