Saturday, July 7, 2012

ရိုဟင်ဂျာအရေးနဲ့ ကျွန်ုပ်တို့တာဝန်


ရခိုင်ဒေသမှ သုံးပတ်ကျော်နေခဲ့ရတယ်။ ဒုက္ခသည်စခန်းတွေကို ကူညီခဲ့သလို ကိုးကျင်းကိုးကြောင်းလျှောက်ရင်း သတင်း ပလင်းတွေမေးခဲ့တယ်။ အဲဒီအချက်တွေကို မူတည်ပြီး အခုဆောင်းပါးကိုရေးပါတယ်။ သမိုင်းသုတေသီရဲ့ဆောင်းပါးမဟုတ်၊ သာမန်လူတစ်ယောက်ရဲ့ အမြင်သာဖြစ်ပါတယ်။ နှစ်ဘက်လုံးရဲ့အားနည်းချက်များကို မြင်တဲ့အတိုင်းရေးမိတဲ့အတွက် မကြိုက်သူများရှိလည်း သည်းခံကြပါ။

ဘူးသီးတောင်၊ မောင်တောကိစ္စ
ပြီးခဲ့တဲ့ရခိုင်အရေးအခင်းကို ကျောက်နီမှော၊ တောင်ကုတ်ကိစ္စနဲ့ ဘူးသီးတောင်မောင်တော၊ စစ်တွေကိစ္စဆိုပြီး နှစ်ပိုင်း ခွဲကြည့်သင့်တယ်။
ဒီနေရာမှာ ရိုဟင်ဂျာဟာတိုင်းရင်းသားဟုတ်မဟုတ်ဆိုတဲ့ကိစ္စ ဘာမှထပ်ပြောဖို့မရှိဘူး၊ မြန်မာနိုင်ငံရဲ့အစောဆုံးအထောက် အထား ဖြစ်တဲ့ ဘိုးတော်ဘုရားစစ်တမ်းရဲ့ တိုင်းရင်းသားအုပ်စုတွေစာရင်းမှာမပါဘူး၊ အင်္ဂလိပ်လက်ထက် သန်းခေါင် စာရင်းများမှာ ရိုဟင်ဂျာဆိုပြီး တိုင်းရင်းသား အုပ်စု သတ်မှတ်ခဲ့တာမရှိဘူး။ စစ်တကောင်းဘင်္ဂါလီလို့သာသုံးခဲ့တယ်၊ ၁၉၃၆ ခုနှစ် အင်္ဂလိပ်အစီရင်ခံစာတစ်ခုမှာ ရခိုင်ဒေသကို ဘင်္ဂါလီတွေအတားအဆီးမရှိ ၀င်ရောက်ခွင့်ပြုခဲ့တာကြောင့် မူဆလင်ဦးရေရအရမ်းများလာပြီ၊ ဒါကို မဖြေရှင်းရင် နောင်လူမျိုးရေးပြဿာဖြစ်လာနိုင်တယ်လို့ ရေးခဲ့တာတွေနဲ့တင် ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုးမဟုတ်ဘူးဆိုတာရှင်းနေပါပြီ။

အခုပြောချင်တာက ဘူးသီးတောင်၊မောင်တော အရေးအခင်းဘာ့ကြောင့်ဖြစ်ရလဲဆိုတဲ့ကိစ္စပဲ။ အဲဒီဒေသက ဘင်္ဂါလီတွေ ဟာ အခြေအနေပေးတိုင်း ဘူးသီးတောင်မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေကို မောင်းထုတ်ဖို့ကြိုးစားခဲ့တယ်။  ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်တုံးက မြန်မာနိုင်ငံကဆုတ်သွားတဲ့အင်္ဂလိပ်စစ်တပ်က ထုတ်ပေးခဲ့တဲ့လက်နက်တွေနဲ့ ရခိုင် တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်ခဲ့လို့ ရခိုင်နှစ်သောင်းကျော်သေခဲ့ရတယ်။ ၁၉၄၈ မူဂျာဟစ်အရေးအခင်းမှာလည်း နောက်ထပ် ရခိုင်တွေအသတ်ခံရ၊ ရွာတွေအဖျက်ခံရဖြစ်ခဲ့ရတယ်။ ၁၉၈၈ အရေးအခင်းစဖြစ်တော့လည်း မောင်တောမှာ ရခိုင်တွေကို တိုက်ခိုက်ဖို့လုပ်တော့ လုံထိန်းတပ်ရင်းက၀င်တားခဲ့ရတယ်။ ၁၉၉၂ ခုနှစ်မှာလည်း ရိုဟင်ဂျာလွတ်မြောက် ရေးအဖွဲ့က ရဲစခန်းတွေကို ၀င်စီးပြီး မူဂျာဟစ်ဒင်သူပုန်ပုံစံမျိုးပြန်လုပ်ဖို့ကြိုးစားပေ့မယ့် တပ်က စစ်ဆင်ရေးလုပ်တာ ကြောင့် ရပ်သွားခဲ့ရတယ်။

အခုတစ်ခါမှာ တောင်ကုတ်ကိစ္စကိုအကြောင်းပြုပြီး ရခိုင်တိုင်းရင်းသားတွေထွက်ပြေးအောင် ထပ်ပြီးတိုက်ခိုက်တယ်။ ဒီတစ်ခါ တိုက်ခိုက်မှုက ပိုပြီး ရည်ရွယ်ချက်ကြီးတယ်လို့ဆိုနိုင်တယ်။ ပေါ်လာတဲ့အခွင့်အရေးကို အသုံးချပြီးချိန်ကိုက်လုပ် တာလို့လည်းဆိုနိုင်တယ်။
ဘာ့ကြောင့်လည်းဆိုတော့ သမ္မတဦးသိန်းစိန်ရဲ့အစိုးရဟာ  ဒီမိုကရေစီအစိုးရလည်းဖြစ်တယ်၊ နိုင်ငံတကာ ရဲ့ သဘောထား ကိုလည်းအလေးထားနေရတဲ့အတွက်  ရခိုင်ပြည်နယ်က ဘင်္ဂါလီအကြမ်းဖက်မှုတွေကို စစ်အစိုးရအဆက်ဆက်ကလို ခပ်ကြမ်းကြမ်း မတုန့်ပြန်နိုင်ဘူးဆိုတာ ဒင်းတို့သိတယ်။ နောက်ပြီး တောင်ကုတ်ပြဿနာဟာ ၂၀၁၄ သန်းခေါင်စာရင်း မကောက်ယူခင်မှာ ဘူးသီးတောင်၊မောင်တောဒေသက ရခိုင်လူမျိုးတွေကို အပြီးအပိုင်ရှင်းထုတ်ဖို့အတွက်အခွင့်ကောင်း လို့မြင်တယ်။ ဒါ့ကြောင့် အခုလို တိုက်ခိုက်မှုတွေစပြီးလုပ်တာဖြစ်တယ်။ ဒါဟာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရေးလှုပ်ရှားမှုနဲ့လည်းဆက်စပ်နေတယ်။ ၂၀၁၀ နောက်ပိုင်းကစပြီး ရိုဟင်ဂျာကိစ္စက နိုင်ငံတကာမျက်နှာစာ မှာ အမေ့ခံဖြစ်နေခဲ့တယ်။ အစိုးရသစ်လက်ထက် အနောက်နဲ့ပြေလည်တဲ့အချိန်ကျတော့ ရိုဟင်ဂျာကိစ္စက စုန်းစုန်းမြုတ် တော့မယ့်အနေအထားရောက်သွားခဲ့တယ်။ ဒါ့ကြောင့် ဘူးသီးတောင်၊မောင်တောအရေးအခင်းကနေ ရိုဟင်ဂျာကိစ္စကို နိုင်ငံတကာကပြန်သတိရလာအောင်လုပ်တာပဲ၊

ဒီလိုလုပ်တာအောင်မြင်လို့ရှိရင် ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့အခါ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးအဖြစ် သန်းခေါင်စာရင်းမှာ မှတ်တမ်းတင်ခံရမှာဖြစ်တယ်။ ၁၉၇၃ သန်းခေါင်စာရင်းကောက် တော့ ဒင်းတို့ကို ဘင်္ဂါလီအဖြစ်ပဲစာရင်းသွင်းခဲ့တယ်။ ဒါကို အခုပြင်နိုင်ခွင့်ရမှာဖြစ်တယ်။

သန်းခေါင်စာရင်းကောက်ပြီးလို့ လူဦးရေစာရင်းထွက်တဲ့အခါ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာ တိုင်းရင်းသားက အများစုဆိုတာ ပေါ်လာမှာပဲ၊ အဲဒီအခါကျရင် အခြေခံဥပဒေပြဋ္ဌာန်းချက်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု တစ်စုဟာ နယ်နမိတ်အားဖြင့် ဆက်စပ်နေတဲ့အနည်းဆုံးမြိုနယ်နှစ်ခုမှာ လူဦးရေငါးဆယ်ရာခိုင်နှုန်း ထက်ကျော်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးရမယ်ဆိုတဲ့အချက်အရ ရိုဟင်ဂျာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးရတော့ မှာဖြစ်တယ်။  ဒါဆိုရင် ဘင်္ဂါလီတွေဟာ နှစ်ပေါင်းများစွာလက်နက်ကိုင်နည်းနဲ့ကြိုးစားခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို သေနတ်တစ်ချက်မှမဖောက်ရပဲရမှာဖြစ်တယ်။ ပြီးရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းဖို့ခွဲထွက်တဲ့အထိ ဖြစ်သွားမှာပဲ။
ဒါဟာ ဘူးသီးတောင်၊မောင်တောမှ ဘင်္ဂါလီတွေက ရခိုင်တိုင်းရင်းသားရွာတွေကို စတင်တိုက်ခိုက်မီးရှို့ရခြင်းရဲ့ အဓိက အကြောင်းပဲလို့ထင်ပါတယ်။

တောင်ကုတ်ကိစ္စ
ဘူးသီးတောင်၊မောင်တောကိစ္စဖြစ်ဖို့အတွက် ဘင်္ဂါလီတွေကို လက်နက်ပေးလိုက်တာကတော့ တောင်ကုတ်ကိစ္စပဲ။ ဒါဟာ ကျောက်နီမှော်ကိစ္စကို အစွန်းရောက်လူမျိုးရေးအမြင်နဲ့တုန့်ပြန်မှုသက်သက်သာဖြစ်တယ်။ ဒီလုပ်ရပ်ကို ဘယ်ရှုထောင့်က မှ ခွင့်လွှတ်လို့မရဘူး။ ဒါဘာ့ကြောင့်ဖြစ်သလဲ။ နားလည်သလောက်ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတွေ စပြီး စည်းရုံးချိန်ထဲက ပါတီတစ်ချို့ဟာ လူမျိုးရေးအစွန်းရောက်ဟောပြောမှုတွေနဲ့မဲဆွယ်ခဲ့တယ်။ မိမိတိုင်းရင်းသား လူမျိုး များရဲ့အခွင့်အရေးကိုတောင်းဆိုရမှာဖြစ်ပေမယ့် တိုင်းရင်းသားအခွင့်အရေးနဲ့ အစွန်းရောက်လူမျိုးရေးဝါဒကြားမှာ ခြားထား တဲ့စည်းက ပါးပါးလေးပဲရှိတယ်ဆိုတာ သတိပြုမပြုမိတာလား၊ သိရက်နဲ့လုပ်တာလားတော့ မဆိုနိုင်၊ သို့သော် ဘာပဲဖြစ် ဖြစ် ဗမာမုန်းတီးရေး၊ ကုလားမုန်းတီးရေးအယူအဆတွေ သိသိသာသာပေါ်လာတာတော့ အမှန်ပဲ။ ဒါဟာ တောင်ကုတ် ကိစ္စ၊ စစ်တွေရဲစခန်းအတိုက်ခံရတဲ့ကိစ္စတွေမှာ အဓိကအကြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ကျွန်တော်တော့ ယုံတယ်။ ဒါဟာ လည်း ရခိုင်ပြည်နယ်ထဲက ပါတီတွေစဉ်းစားရမယ့်အချက်ပဲ။ ဒီလိုမဟုတ်ရင် ရိုဟင်ဂျာပြဿနာဟာ လူမျိုးတုန်းသတ်ဖြတ် မှု၊ ဖိနှိပ်မှုအဖြစ် နိုင်ငံတကာကို ပုံဖော်ချင်တဲ့ထောင်ချောက်ထဲကို ကျသွားနိုင်တယ်။

ဘင်္ဂါလီတွေ ဘာ့ကြောင့်နေရာရနေလဲ
စစ်တွေ၊မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော ဒေသတွေမှာ ဘင်္ဂါလီတွေဘာ့ကြောင့်နေရာရနေသလဲလို့ ပြောတဲ့အခါ စစ်အစိုးရက လူဝင်ခွင့်ဥပဒေကို သေသေချာချာမလုပ်လို့၊ စစ်တပ်လူကြီးတွေက ကုလားနဲ့ပေါင်းလို့ ဆိုပြီး အပြစ်တင်ကြတယ်။ ဒါဟာ အချက်တစ်ခုဖြစ်ပေမယ့် အဲဒီဒေသက ရခိုင်တိုင်းရင်းသားများရဲ့ သဘောထားကိုလည်း လေ့လာသင့်တယ်။
တွေ့ခဲ့သမျှ၊ မေးခဲ့သမျှ ပြောရရင် ရခိုင်တိုင်းရင်းများဟာ ဘင်္ဂါလီတွေကို မကြိုက်ပေမယ့် တစ်ဘက်ကလည်း ဒင်းတို့ ကို မသုံးပဲမနေနိုင်တာတွေ့ရတယ်။ ရခိုင်အဖိုးကြီးတွေနဲ့ စကားပြောတဲ့အခါ ကုလားတွေကို ဟို အင်္ဂလိပ်ခေတ်ထဲက ရခိုင် မြေရှင်များက လယ်ကျွန်အဖြစ်ခိုင်းခဲ့ကြောင့် ဂုဏ်ယူပြောပြတယ်။ အခုအရေးအခင်းမဖြစ်ခင်ထိပဲ စစ်တွေမှာ ဈေးဝယ်တဲ့ အခါ ဈေးဝမှာရှိတဲ့ကုလားလူငယ်တွေကို နှစ်ရာ၊ ငါးရာ စသည်ဖြင့် ပေးပြီးခြင်းတောင်းဆွဲခိုင်းတယ်၊ အိမ်အထိ ပြန်ပို့ခိုင်း တယ်။ ပိုက်ဆံနည်းနည်းရှိလာရင် ခြံရှင်းတာကအစ ကုလားကို ငှားခိုင်းတယ်။ ဌာနဆိုင်ရာတွေတောင် သန့်ရှင်းရေး လုပ်တဲ့အခါ ၀န်ထမ်းတွေဘယ်တော့မှမလုပ်ဘူး။ ကုလားကို ငှားခိုင်းတယ်။ ဒီလိုပဲ လယ်လုပ်ငန်း၊ ပုဇွန်ကန်လုပ်ငန်းမှန် သမျှ စာရင်းငှား၊ အလုပ်ကြမ်းသမားများဟာ ကုလားတွေပဲ၊ အဲဒီကုလားဟာ တရားဝင်ရောက်တဲ့ကုလားလား၊ ခိုးဝင်လာ သူလား ဆိုတာဘယ်သူမှ မမေးဘူး။ ဒါဟာ ဘင်္ဂါလီတွေ မြို့ရွာတွေကို တစ်ဖြေးဖြေးဝင်ပြီးနေရာယူလာနိုင်တာရဲ့ အကြောင်း တစ်ချက်ဖြစ်မယ်လို့ထင်တာပဲ။ နောက်ပြီး ရီစရာကောင်းတာက အခု ရခိုင်အရေးအခင်းဖြစ်ပြီးတဲ့အခါ ရခိုင် တိုင်းရင်းသားများပိုင်လယ်များမှာ လယ်ယာလုပ်သားအခက်အခဲဖြစ်နေတာပဲ။ အခုစိုက်ပျိုးချိန်ရောက်ပြီ။ ဘင်္ဂါလီတွေ ပြေးတော့ ဘယ်သူ့ငှားရမှန်းမသိဖြစ်နေတဲ့မြို့နယ်တွေအများကြီးဘဲ၊ ဒါက ကျွန်တော်ရောက်ခဲ့တဲ့ စစ်တွေခရိုင်ဘက် အခြေအနေကိုပြောတာ။ ကိုယ်က ခိုင်းလာခဲ့တဲ့ ဘင်္ဂါလီတွေက တစ်ဖြေးဖြေးနဲ့ ဈေးဆိုင်ပိုင်ရှင်၊ လယ်ပိုင်ရှင်၊ ပုဇွန်ကန် ပိုင်ရှင်ဖြစ်လာရတဲ့အကြောင်းအရင်းကို သေသေချာချာ စိစစ်ပြီးပြင်သင့်တယ်ထင်တာပဲ။ ဒါမှလည်း စစ်မှန်သော အမျိုးချစ် တာဖြစ်မှာပါ။ ဒီလိုပြောရင် မကြိုက်သူတွေရှိမှာသေချာတယ်။ သို့သော် မြင်တာတော့ အဲဒီအတိုင်းပဲ။

ကျွန်တော်တို့တာဝန်
ရိုဟင်ဂျာအရေး နိုင်ငံတကာစာမျက်နှာပေါ်ရောက်သွားတာ ကျွန်တော်တို့မှာလည်းတာဝန်ရှိတယ်လို့ ဆိုချင်တယ်။ ၁၉၉၂ မှာ ရိုဟင်ဂျာတိုက်ခိုက်မှုတွေကိုအကြောင်းပြုပြီး လူဦးရေစာရင်းစစ်ဆေးမှုတွေကို လုပ်၊ တစ်ဖက်ကလည်း စစ်ဆင်ရေး လုပ်တဲ့အခါ ဘင်္ဂါလီအများအပြား ထွက်ပြေးကြတယ်။ အဲဒီအချိန်က ပြည်တွင်း၊ပြည်ပက အစိုးရကို ဆန့်ကျင်နေတဲ့  ပါတီ တွေ၊ အဖွဲ့အစည်းတွေအားလုံးက ဒီကိစ္စကို အကြောင်းပြုပြီး စစ်အစိုးရကို ထိုးနှက်ခဲ့တယ်။ ရိုဟင်ဂျာကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီစာရင်းထဲရောက်အောင်လုပ်ပေးခဲ့ကြတယ်။ တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် ( နောင်တွင်း/မှူး ၃) လက်ထက်မှာ ကျောင်းသား အားကစားပွဲတော်ကို အကြောင်းပြပြီး ကုလားရွာတွေကို ရွှေ့၊ အားကစားကွင်းဆောက်တော့ ရခိုင်ပါတီတွေရော၊ ဒီချုပ် ပါမကျန် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်ပြောခဲ့ကြတယ်။  အခု အဲဒီအမွေကို ကျွန်တော်တို့ ဆက်ခံနေရပြီ။ နောက်ဆုံး သံတမန်တွေ၊ ကုလအဖွဲ့တွေ၊ အင်န်ဂျီ အိုတွေကို ရခိုင်ကိုဝင်ခွင့်ပြုရ၊ ထွက်ပြေးသူတွေပြန်လက်ခံပါ့မယ်ပြောရ၊ဖြစ်ခဲ့တယ်။ အကျယ်ကတော့ လူအတော်များများ ရေးပြီးဖြစ်လို့ မပြောတော့ပါ။ ဆိုချင်တာကတော့ အချင်းချင်းမညီညွတ်လို့ ရှေ့နောက်မစဉ်းစားပဲ နိုင်ငံရေးတိုက်ကွက်ဖြစ်ပြီး ရိုဟင်ဂျာကိစ္စဟာ နိုင်ငံ တကာအဆင့်ရောက်ခဲ့ရတဲ့သင်ခန်းစာကို ယူဖို့ပါပဲ။

ပြီးတာတွေပြီးခဲ့ပြီ။ တံတားအောက်မှာ ရေတွေအများကြီးစီးသွားခဲ့ပြီ။ ဒီတစ်ခါ ဖြစ်စဉ်မှာတော့ အားလုံးညီညီညွတ်ညွှတ်နဲ့ ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ကြောင်း ရပ်တည်ဖို့လိုပြီ။ အခုအချိန်ထိ ဒီကိစ္စကို လက်ရှိအစိုးရကို ထိုးနှက်ဖို့ အတွက် မသိမသာသုံးချင်နေသူတွေလဲရှိသေးတယ်။ အဓိကရန်သူက ဘယ်သူလဲဆိုတာသိပြီး ကျောချင်းကပ်ရမယ့် အချိန်ကိုရောက်ပြီဆိုတာသတိပြုစေချင်ပါတယ်။ ဒီလိုမဟုတ်ပဲ နိုင်ငံရေးတိုက်ကွက်ရှာချင်တုံးပဲဆိုရင်တော့ ၂၀၁၅ မှာ ရိုဟင်ဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ကျွန်တော်တို့မြင်ရလိမ့်မယ်ဆိုတာ သတိပေးပါရစေ။

No comments: