Monday, July 9, 2012

ရခိုင်ပြည် ဗုဒ္ဓသာသနာသည် ဒ္ဓဘုရားရှင်ကိုယ်တိုင် ကြွရောက်ချီးမြှင့် ခဲ့ တဲ့ သာသနာဖြစ်သည်

ငါတို့ ရခိုင်ပြည် ဗုဒ္ဓသာသနာသည် သီရီလင်္ကာမှ ဝင်လာခဲ့ တာလဲ့ မဟုတ်ဘူး။ တိဘက်မှဆင်းသက်လာတာလေ့  မဟုတ်ဘူး။ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ကြွရောက်ချီးမြှင့် ခဲ့ တဲ့ သာသနာဖြစ်တယ်။ ငါတို့ ရခိုင်လူမျိုးတိုင်း အသက်နှင့် ရင်းပြီးကာကွယ်ရမယ်။

ကျော်မင်းထွန်း (စစ်တွေ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၊ စန္ဒမုနိကျောင်းတိုက်တွင် ကိန်းဝပ်စံပါယ်လျှက်ရှိတော်မူသော ဗုဒ္ဓရှင်တော် ဂေါတမ၏ လက်ဝဲအောက် အံတော်

ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသည့် နောက် ကြွင်းကျန်ခဲ့ သော ဗုဒ္ဓရုပ်ကလပ်တော်အား တေဇောဓါတ်မီးဖြင့် မပူဇော်မီ တန်ခိုးကဒ္ဓိပါဒ်နှင့် ပြည့် စုံသော ဓမ္မိကရှင်ရသေ့ က ဗုဒ္ဓအံတော်မြတ်တစ်ဆူအား တန်ခိုးဖြင့် ပင့် ဆောင်ယူသွားပြီး သီရိလင်္ကာ(ခေါ်) သီဟိုဋ္ဌ်ကျွန်း ဝနဘယအမည်ရှိသော တောင်နှာမောင်းထိပ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့ လေသည်။`

နှစ်ပေါင်းများစွာ ကြာညောင်းလာသောအခါ ထိုစေတီမြတ်မှာ ပြိုပျက်လျှက်ရှိနေချိန် သီဟိုဋ္ဌ်ကျွန်းတွင် ဘုရင်ရာဇသီဟမင်းသည် ဖခင်ကိုသတ်ပြီး နန်းတက်ကာ ဟိန္ဒူဝါဒသို့ ကူးပြောင်းလျှက် ရဟန်းသံဃာတော်များကို သတ်ဖြတ်ခြင်း၊ ပိဋကတ်တော်၊ ကျန်းဂန်များကို မီးရှို့ ဖျက်ဆီးခြင်းတို့ ကို ပြုလုပ်သဖြင့်  ဗုဒ္ဓသာသနာတော်အရေးမှာ ညှိုးနွမ်းကွယ်ပျောက်လုမတတ် ဖြစ်ခဲ့ ရလေသည်။ ထိုမင်းနန်းကျ၍ ဝိမလဓမ္မသူရိယမင်း နန်းတက်လာသောအခါ ရခိုင်ပြည်ကြီးတွင်လည်း သီရိသူရိယ မင်းလှရာဇာနန်းစိုးစံနေစဉ် ရခိုင်ပြည်မှ သီဟိုဋ္ဌ်သို့  သာသနာပြုဆရာတော်သံဃာတော်များ စေလွှတ်ပေးပို့ ရန် ဆက်စာနှင့် အတူ သင်္ဘောများစေလွှတ်လိုက်လေသည်။

ထိုအခါသီရိသူရိယမင်း၏ တိုက်တွန်းတောင်းပန်ချက်အတိုင်း ဒွါရဝတီသံတွဲမြို့ ရှိ သာသနာပိုင်ဆရာတော်ကြီး အရှင်တေဇာသာရအား အမှူးပြု၍ မြောက်ဦးမြို့ ၊ မြတန်စောင်း ဆရာတော်ဓမ္မဝိလာသထေရ်သျှင် အပါအဝင် သံဃာတော်အပါး (၂၀)၊ သံတွဲမြို့ စား ဖစောသီရိနှင့် တကွဗိုလ်ပါစစ်သည်တို့ သည် သီဟိုဋ္ဌ်သို့  သွားရောက်ကာ ဗုဒ္ဓသာသနာတော် စည်ပင်ပြန့် ပွားသန့် ရှင်းတိုးတက်အောင် ပြုစုပျိုးထောင်ခဲ့ ကြသည်။

ထိုနောက် ရခိုင်ပြည်ကြီးသို့  ပြန်အကြွတွင် သီဟိုဋ္ဌ်မင်းက ဆက်သလိုက်သည့် ဓမ္မိကရှင်ရသေ့ ကိုးကွယ်တည်ထားခဲ့ သော ဝနဘယတောင်နှာမောင်းဖျားရှိ စေတီဟောင်း ပြိုပျက်ရာမှ ရရှိကိုးကွယ်ထားသည့် လက်ဝဲအောက်အံတော်မြတ်ကို တစ်ပါတည်း ပင့် ဆောင်ယူခဲ့ ကြပြီး ဒွါရာဝတီသံတွဲမြို့ တွင် ကြွရောက်စံပါယ်တော်မူခဲ့ ပါသည်။ ဖစောသီရိသည် သံတွဲစားအဖြစ်ဖြင့်  တာဝန်ထမ်းဆောင်စဉ် သက္ကရာဇ်-၈၈၇၊(AD-၁၅၂၅) တွင် ဒွါရာဝတီရှိဝါသုရတောင်ကလပ်၌ စေတီတစ်ဆူ တည်ထားကာ ၎င်းအံတော်မြတ်ကို ဋ္ဌာပနာထားပြီးကိုးကွယ်ခဲ့ လေသည်။

သက္ကရာဇ်-၈၉၃ခု၊ (AD-၁၅၃၁)တွင် ဖစောသီရိသည် သံတွဲစားအဖြစ်မှ မင်းဖြစ်မည့် အတိတ်တပေါင် ပေါ်ပေါက်လာလေသည်။ ယင်းတပေါင်က-
" ကြွက်က လေးမည် ရှေ့ ဖျားတည်
ကြံစည်ကောင်းခြင်း သံတွဲမင်း။
သံတွဲမြွေဟောက် အစွယ်ပေါက်
လက်ကောက်ဝတ်လောက် ရှိပြီတကား။
မြောက်ဦးရွှေနန်း တောင်သာစွန်းမှာ
နဂါးမောက်ကြီး ဖြန့် လိမ့် မည်။ "

တပေါင်၏ အဓိပ္ပါယ်မှာ-
မင်းစောမွန် - ကြာသပတေးသား
ဘစောဖြူမင်း - ကြာသပတေးသား
မင်းဒေါလျာ - ကြာသပတေးသား
မင်းခေါင်ရာဇာ - ကြာသပတေးသား

ယင်းမင်းလေးဆက်စံပြီးနောက် စနေသား မြွေနဂါးဖစောသီရိမင်းဖြစ်လာလိမ့် မည်ဟု တပေါင်ပေါ်ပြီးနောက် ဖစောသီရိသည် မြောက်ဦးရွှေနန်းတော်ကို သိမ်းပိုက်ပြီး မင်းဗာကြီး (ခေါ်) သီရိသူရိယစန္ဒမဟာဓမ္မရာဇာဘွဲ့ ကို ခံယူကာမင်းအဖြစ် အုပ်ချုပ်စိုးစံတော်မူလေသည်

ထိုအခါ သံတွဲမြို့ တွင် ဋ္ဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့ သော ဗုဒ္ဓဘုရားရှင်၏ အံတော်မြတ်အားမြောက်ဦးမြို့  ရွှေနန်းတော်၏ အရှေ့ ဘက်ရှိ နိဗ္ဗာန်ဆောင်တွင် ပတ္တမြားစီသော ရွှေကလပ်ပေါ်တွင်တင်ကာ မင်းဗာဘုရင်မှစ၍ မင်းဖလောင်းလက်ထက်တိုင်အောင် ၎င်းနိဗ္ဗာန်ဆောင်မှာပင် ကိန်းဝပ်စံပါယ် အပူဇော်ခံခဲ့ လေသည်။

မင်းဖလောင်းစိုးစံနေခိုက် တခါသော် နန်းတော်အတွင်း လူမျိုးခြားပေါ်တူဂီတို့ နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြစဉ် နိဗ္ဗာန်ဆောင်တော်ရှိ အံတော်မြတ်မှာ ရောင်ခြည်တော်များ ကွန်မြူးလျှက် တန်ခိုးဗျာဋ္ဋိဟာ ပြတော်မူလေသည်။ ထိုအခါ မင်းနှင့် တကွ နန်းတွင်းသူ၊ နန်းတွင်းသားများ တအံ့ တဩဖူးတွေ့ ရသဖြင့်  ကြည်ညိုသဒ္ဓါ လွန်စွာပွားများခဲ့ ကြရာ လူမျိုးခြားပေါ်တူဂီတို့ မှာလည်း ရင်သပ်ရှုမော အံ့ ဩမဆုံး ဖြစ်ကြရလေသည်။

သို့ ဖြစ်၍ ဗုဒ္ဓဘုရားရှင်၏ အံတော်မြတ်ကို နန်းတော်အတွင်း နိဗ္ဗာန်ဆောင်၌ လူပုဂ္ဂိုလ်တို့ နှင့်  ရောနှောပြီး မကိုးကွယ်သင့် ကောင်း ပညာရှိပုဏ္ဏားတို့ က လျှောက်ထားကြရာ ဘုရင်မင်းရာဇာကြီးသည် ကောဇာသက္ကရာဇ် ၈၈၃ခု (အေဒီ-၁၅၂၁) ခုနှစ်တွင် ဘုရင်မင်းလှရာဇာစောမွန်တည်ထားကိုးကွယ်ခဲ့ သော ပုထိုးတော်ကြီးကို ခြံငုံပြီး၊ ကောဇာသက္ကရာဇ်-၉၅၈ခု ( အေဒီ-၁၅၉၆) ခုနှစ်တွင် အလွန်ဆန်းကြည်သောခြူပန်း၊ ခြူးနွယ်တို့ တင့် တယ်စွာဖြင့်  အံတော်မြတ်အား ဠာပနာထည့် ကာ အံတော်သိမ်ပုထိုးတော်ကြီးကို ပြည်တည်ထား ကိုးကွယ်ခဲ့ သည်။

ရခိုင်ပြည်ကြီးသည် သက္ကရာဇ်-၁၁၄၆ ခုနှစ်သို့ ရောက်ရှိသောအခါ အမရပူရပြည်ရှင် ဘိုးတော်ဘုရား၏ သိမ်းပိုက်မှုကြောင့် ပြိုကွဲပျက်စီးနေချိန် အံတော်သိမ်ပုထိုးတော်ကြီးမှာလည်း ခြုံနွှယ်မြက်သစ်ပင်များပေါက်ရောက်ကာ ပြုပြင်သုတ်သင်မည့် သူ ကင်းမဲ့ လျှက်ရှိလေသည်။ထိုသို့ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ခြုံနွယ်များဖုံးလွှမ်းလျှက်ရှိနေချိန် မသာမာသူလူတစ်စုတို့ က အခွင့် ကောင်းယူကာ သက္ကရာဇ်-၁၂၂၁ ခုနှစ်တွင် အံတော်သိမ်ပုထိုးတော်ကြီးကို ဖောက်ထွင်းပြီး ဠာပနာတိုက်ကိုဖွင့် ကာ ဗုဒ္ဓအံတော်ဓါတ်နှင့် စိန်ဘုရားတုငယ်နှစ်ဆူ အပါအဝင် အခြားသောပစ္စည်းအချို့ ကို ယူဆောင်သွားကြလေသည်။

ထိုအခါ တစ်မြို့ လုံးရှိ ရခိုင်အမျိုးသားအပေါင်းတို့ မှာ အသက်တမျှ အထွဋ်အမြတ် တန်ဖိုးထားသော ဗုဒ္ဓဘုရားရှင်၏အံတော်ဓါတ် ပျောက်ဆုံးသွားကြောင်း သိကြရသဖြင့်  ယူကြုံးမရ နှမြောတသ ဝမ်းနည်းပူဆွေးသောက ရောက်ကြရရှာလေသည်။ ထိုသို့ ပျောက်ဆုံးသွားခြင်းကြောင့်  ကြိမ်မီးအုံးပမာ ရင်ထုမနာဖြင့် ဗုဒ္ဓအံတော်မြတ်ခိုးသူအား အခဲမကျေ၊ မကျေမနပ်၊ ဒေါသအမျက် ထောင်းထောင်းထွက်လျက်ရှိကြလေသည်။ များမကြာမီ ညောင်ပင်ဈေးရပ်ကွက်မှ အံတော်သိမ်အနီး ယာလုပ်ကိုင်စားသောက်နေသူ တစ်ဦးက အမျိုးသားစိတ်ဓါတ်ဖြင့်  သတင်းပေးချက်အရ အလယ်ဈေးရပ်ကွက်နေ ကုလားလူမျိုး ချော်ဘီနေအိမ်သို့  မြို့ လူထုနှင့် တကွ(မြို့ အုပ်)၊ ဌာနအုပ် ဦးမောင်မှိုင်းဦးစီးသော ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တို့  သွားရောက်ဝိုင်းဝန်းကြလေသည်။ ထိုအချိန် ကုလားချော်ဘီမှာ နေအိမ်တွင် မရှိခိုက်နှင့် ကြုံသဖြင့်  သူ၏ဇနီးဖြစ်သူက ကြောက်အားလန့် အားဖြင့်  မိမိလင်ယောင်္ကျား ခိုးယူခဲ့ သော အဝတ်ဖြင့် ထုပ်ပိုးထားသည့်  အထုပ်အား အိမ်နောက်ဖေးတံခါးပေါက်မှ မြေကြီးသို့ လွှင့် ပစ်လိုက်လေသည်။ ထိုအဝတ်ထုပ်တွင် ပါရှိသွားသော အံတော်ဓါတ်နှင့် စိန်ဘုရားဆင်းထုတော်ငယ်မှာ တန်ခိုးတော်ကြောင့်  မြေသို့ မခဘဲ နာနတ်ပင်ပေါ်၌တင်လျှက်ရောင်ခြည်တော်ကွန့် မြူး၍ တန်ခိုးဗျာဋ္ဋိဟာပြလျှက် ရှိနေလေသည်။ ပြည်သူလူထုအများစုမှာ တအံတဩဖူးမျှော်တွေ့ မြင်ကြရသဖြင့်  ဝမ်းမြောက်ကြည်ညိုဖြစ်ကြလျှက် တပျော်တပါး ဝမ်းသာအားရဖြင့်  ပြန်လည်ပင့် ဆောင်ခဲ့ ကြလေသည်။

ထိုအံတော်မြတ်အား မူလစံပါယ်ကိန်းဝပ်ခဲ့ ရာ အံတော်သိမ်ပုထိုးတော်ကြီး၌ ပြန်လည်ဠာပနာထားရန် အလို့ ငှာ လုံခြုံမှုအတွက် စိတ်မချရသဖြင့်  တစ်မြို့ နယ်လုံးလူထုဆန္ဒသဘောအရ ဘုရားပေါ်ကျောင်းဟောင်း (စိုင်းပြင်ကျောင်း) ဆရာတော်ကြီးထံ အပ်နှံကာ ရဟန်းရှင်လူပြည်သူအများ၏ ကြည်ညိုဖူးမျှော်ခြင်းကို ခံယူလျှက် စံပါယ်တော်မူခဲ့ လေသည်။

ထိုဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် စိန်ဘုရားငယ်တစ်ဆူသည် ၎င်းကျောင်းမှာပင်လျှင် သီတင်းသုံးလျှက်ရှိခဲ့ ပါသည်။ အံတော်မြတ်အား လောကမာရ်အောင်ကျောင်း (ခေါ်) ဘုံကျောင်းကို ဒေသစာရီကြွမြန်းခဲ့ ရပြန်သည်။ ထိုမှတဖန် ဟာရီတောင် တောင်ခြေရင်းရှိ ညောင်ပင်ဈေး ကျောင်းတိုက်တွင်ဂန္ဓကုဋီတိုက်ဆောက်လုပ်၍ အပူဇော်ခံ ကိန်းဝပ်စံပါယ်တော်မူခဲ့ လေသည်။ ထိုကဲ့ သို့  ဒေသစာရီ ကြွမြန်းကိန်းဝပ် စံပါယ်လာခဲ့ သည်မှာ (၄၂)နှစ် တိုင်အောင် ကြာညောင်းခဲ့ လေသည်။

သက္ကရာဇ်(၁၂၆၂)ခုနှစ်သို့  ရောက်ရှိလာသောအခါ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော မြို့ ပေါ်သို့  အံတော်ဓါတ် လှည့် လည်ပူဇော်ပွဲကျင်းပရန် မြို့ ပေါ်ရပ်ကွက် (၇)ခုတို့ မှ ရပ်ကွက်လူကြီးများကို ဖိတ်ကြားပြီး ဗုဒ္ဓအံတော်မြတ်လှည့် လည်အပူဇော်ခံမည့်  အစီအစဉ်များ ပြုလုပ်ရန် အစည်းအဝေးတစ်ရပ် ကျင်းပကြလေသည်။ ယင်း (၇)ရွာထဲမှ တောင်ရပ်အုပ်စု၊ င/ခြောက်ဈေးရပ်ကွက်မှ လူကြီးများက ယခုနှစ်တွင် အံတော်ဓါတ်မြတ်လှည့် လည်အပူဇော်ခံရန် သင့် တော်မည်မဟုတ်ကြောင်း အဆိုကို တင်သွင်းကြလေသည်။ ကျန်ရပ်ကွက် (၆)ရပ်မှ ၎င်းအဆိုကို သဘောမတူဘဲ ကန့် ကွက်ခဲ့ ကြသဖြင့်  အံတော်ဓါတ်လှည့်လည်ရန် အတည်ဖြစ်သဖြင့်  တောင်ရပ်စု၊ င/ခြောက်ဈေးရပ်ကွက်မှ လူကြီးများက အရှုံးပေးလက်လွှတ်လိုက်ရလေသည်။
သို့ ဖြစ်၍ သက္ကရာဇ်(၁၂၆၂)ခု၊ တန်ဆောင်းမုန်းလပြည့် (အေဒီ-၁၉၀၀)ပြည့် နှစ်၊ နိုဝင်ဘာလ(၅)ရက်၊ တနင်္လာနေ့ တွင် မြို့ ပေါ်သို့  မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲအံတော်ဓါတ်ကို လှည့် လည်အပူဇော်ခံရန် ညောက်ပင်ဈေးကျောင်းတိုက်မှ စတင်ထွက်ခွါလာခဲ့ ကြရာ သစ်သားဖြင့် ပြုလုပ်ထားသော ညောင်ပင်ဈေး တံတားပေါ် အရောက်တွင် မမျှော်လင့် ဘဲ တံတားမှာကျိုးကျသွားသဖြင့် ထမ်းစင်ဖြင့် ထမ်းကာ သယ်ယူပင့် ဆောင်လာသော ဗုဒ္ဓအံတော်ဓါတ်မှာ လူထုပရိသတ်အချို့ နှင့် အတူ ထမ်းစင်ပါ ရေထဲသို့  ကျသွားလေသည်။

ထိုကဲ့ သို့ ရေထဲသို့ ကျသွားချိန်တွင် အံတော်ဓါတ်မြတ် ပင့် ဆောင်လာသော ထမ်းစင်ပေါ်မှ ဝုန်းဒိုင်းဆိုသော မြည်သံနှင့် အတူ အလွန်အံ့ ဩဖွယ်ရာ မီးလုံးကြီးတစ်လုံးသည် ထန်းတစ်ဖျားခန့် အပေါ်သို့ မြင့် တက်သွားခဲ့ သည်ကို အနီးအနားရှိ ပရိသတ်အပေါင်းမှာ ဖူးမျှော်တွေ့ မြင်လိုက်ရလေသည်။ ထိုသို့ ဗုဒ္ဓအံတော်ဓါတ် ပြန်လည်ပျောက်ဆုံးသွားသဖြင့် လူထုပရိသတ်အပေါင်းတို့ မှာ အလွန်ယူကျုံးမရ နှမြောတသ ဝမ်းနည်းပူဆွေးခြင်း ဖြစ်ကြရလေသည်။

ရေထဲသို့ ကျသွားပြီး မကြာမီ ရေထဲတွင် နည်းမျိုးစုံဖြင့်  နေ့ ရောညရော ပိုက်စိပ်တိုက် မနားတမ်း (၆)ရက်ခန့်  ရှာဖွေကြသော်လည်း အချည်းအနှီးပင် အစအန မတွေ့ ကြရပေ။ ထိုအခါတွင် ဂေါပကလူကြီးအချို့ မှာ ဗုဒ္ဓအံတော်ဓါတ်ကို ရှာမတွေ့ ၍ ရေထဲတွင် ကိန်းဝပ်သွားသည်သာ ဖြစ်မည်ဟု ယူဆကာ ပူဇော်ထိုက်၍ ဖူးတွေ့ မြင်ရသော ပုဂ္ဂိုလ်သည်သာလျှင် အပိုင်ယူပူဇော်နိုင်ပြီဟု ဆိုကာစိတ်ပျက်လက်လျှော့ သွားကြလေသည်။

ထိုအချိန်တွင် အချို့ ဇွဲကောင်းသော ပုဂ္ဂိုလ်တို့ မှာကား လက်မလျှော့ ဘဲ ဇွဲနဘဲကြီးစွာဖြင့် ဘုရားရှင်၏ ဂုဏ်တော်ကို ဦးထိပ်ထားလျှက် ရှာဖွေမြဲရှာဖွေနေကြသော ပုဂ္ဂိုလ်များအနက် ကံထူးရှင် ဇွဲကောင်းသူ ထိုက်တန်သူဟု ဆိုရမည့် ပုဂ္ဂိုလ်ထူးတစ်ဦး ပေါ်ပေါက်လာခဲ့ လေသည်။ ထိုပုဂ္ဂိုလ်မှာ တောင်ရပ်အုပ်စု၊ c/ ခြောက်ဈေးရပ်ကွက်မှ ဆေးဆရာကြီး ဦးတက်ခါးဖြူ ဖြစ်သည်။

တစ်နေ့ သော် ဆေးဆရာကြီး ဦးတက်ခါးဖြူမှာ ဗုဒ္ဓအံတော်ဓါတ်အား ဇွဲကောင်းကောင်းဖြင့်  နည်းမျိုးစုံရှာဖွေပြီး မောပန်းသဖြင့်  အညောင်းအညာပြေစေလိုသော သဘောဖြင့်  အနီးရှိ ရက္ခတောင်ခြေရင်းသို့  တက်သွားစဉ် လုံးဝမမျှော်လင့် ဘဲ ရုတ်တရက် တောင်ကလပ်ရှိ ခြုံနွယ်ပေါ်တွင် ရောင်ခြည်တော် ကွန့် မြူးစံပါယ်နေသည်ကို အံ့ ဩဖွယ်ရာ ဖူးမျှော်တွေ့ မြင်ရလေသည်။

ထိုကဲ့ သို့  ကံထူးရှင်ထိုက်တန်၍ တွေ့ ရှိရသဖြင့်  ဦးခေါင်းမှ ခေါင်းပေါင်းကို ချွတ်ကာ ဗုဒ္ဓအံတော်ဓါတ်အား ယူငင်ကာ ထုပ်လျှက် တိတ်ဆိတ်ငြိမ်သက်စွာ မိမိနေအိမ်သို့  ပင့် ဆောင်ယူလာခဲ့ လေသည်။ ထိုကဲ့ သို့  ထိုက်တန်၍ ပူဇော်ခွင့် ရရှိလာခဲ့ သော ဆေးဆရာကြီးဦးတက်ခါးဖြူ နေအိမ်တွင် ကိုးကွယ်ပူဇော်ထားလေရာ ညောင်ပင်ဈေးရပ်ကွက်၊ အလယ်ဈေးရပ်ကွက် လူကြီးတို့ က မူလ ကိုးကွယ်ပူဇော်ထားခဲ့ သော ညောင်ပင်ဈေးကျောင်းတိုက် ဟာရီတောင်အနီး တောင်ခြေရင်း၌ အသင့် ရှိသော အံတော်သိမ်တွင် ပြန်လည်ကိန်းဝပ် အပူဇော်ခံသင့် ကြောင်း တင်ပြကြသည်။
င/ခြောက်ဈေးရပ်ကွက် လူကြီးများကလည်း ညောင်ပင်ဈေး တံတားကျိုးကျစဉ်က ဗုဒ္ဓအံတော်ဓါတ်မျာ ရေထဲသို့ ကျပျောက်ဆုံးသွားခဲ့ သည်ဟု ယူဆခဲ့ ကြသောကြောင့်  ကုန်းတစ်ဝက်၊ ရေအဆုံးဟု ဆိုသော စကားရိုး၊ စကားထာအရ င/ခြောက်ဈေးတွင်သာ အပူဇော်ခံ ကိုးကွယ်ထားသင့် ကြောင်း စသည်ဖြင့်  သူရသင့် သည်၊ ငါရသင့် သည် ဟူသော အငြင်းအခုံ ဖြစ်လာခဲ့ ကြသည်။

ထိုအခါ မြောက်ဦးမြို့ (ခေါ်) မြို့ ဟောင်းမြို့ ရှိ တရားပိုင် မင်းထံလျှောက်ထားတင်ပြကြသဖြင့်  ၎င်းတရားပိုင်မင်းမှလည်း ကုန်းတစ်ဝက်၊ ရေအဆုံးတည်းဟူသော ရခိုင်ထုံးတမ်းစဉ်လာ စကားထာအား အကိုးအကားပြုလျှက် ယခုလက်ရှိရရှိထားသော သူသာလျှင် ပိုင်သင့် သည်ဟု အဆုံးအဖြတ် ပေးလိုက်ရာ ကျန်ရပ်ကွက် ( ၆ ) ခုမှ လူကြီးများမှာ မကျေမနပ်ဖြစ်ကြသဖြင့်  အဆင့် ဆင့်  တရားရုံးသို့  လျှောက်ထားခဲ့ ကြလေသည်။ နောက်ဆုံးအဆင့်  ဘုရင်တရားရုံးတော်မှလည်း အောက်ရုံးတော်မှ အဆုံးအဖြတ်ပေးထားသည့် အတိုင်းပင် င/ခြောက်ဈေးရပ်ကွက်တွင်ထားပြီး ကိုးကွယ်ပူဇော်ကြစေဟု ဝိတိုရိယဘုရင်မကိုယ်တိုင်လက်မှတ်ရေးထိုး၍ အဆုံးအဖြတ်ပေးလိုက်သည်။

ထိုတရားရုံးအမိန့် စာကို ဆေးဆရာကြီးဦးတက်ဖြူ ရရှိလာသောအခါ မြင်းစိုင်းပြင်ရပ်နေ သမာဓိလူကြီး ဦအောင်ပြည့် စုံဇနီး ဒေါ်လှဇံဦး ( တစ်ချိန်က ရခိုင်ပြည်နယ်ရေးဝန်ကြီး ဦးဘမြိုင်၏ ယောက္ခမများ) တို့ ထံသို့  တရားရုံးအမိန့် စာကို အပ်နှင်းထားလိုက်လေသည်။ ထိုအခါမှ ဆေးဆရာကြီး ဦးတက်ခါးဖြူနေအိမ်တွင် ကိုးကွယ်ပူဇော်ထားခဲ့ သော ဗုဒ္ဓအံတော်ဓါတ်ကို မြို့ နယ်လူထုနှင့်  ဗုဒ္ဓဘာသာဝင်ပရိသတ်အပေါင်းတို့ ကိုးကွယ်ပူဇော်လျှက်ရှိသော ဗန္ဓုလကျောင်းတိုက်ကို စတင်တည်ထောင်လာခဲ့ သော ဆရာတော်ကြီး ဦးပုညလက်ထဲသို့  အပ်နှံလှူဒါန်းလိုက်လေသည်။

ထိုသို့ ဖြင့် ရပ်ကွက်သမာဓိလူကြီးများဖြစ်ကြသော ဦးအောင်ပြည့် စုံ၊ ဒေါ်လှဇံဦး၊ ဦးသာထွန်းဦး၊ ဒေါ်ကာလာဦးတို့ နှင့် အတူ ဆေးဆရာကြီး ဦးတက်ခါးဖြူတို့ သည် ကောဇာသက္ကရာဇ် (၁၂၆၃)ခု၊ ကဆုန်လဆန်း (၅)ရက်၊ အေဒီ-၁၉၀၂ခု၊ မေလ(၁၁)ရက်၊ တနင်္ဂနွေနေ့  မွန်းလွှဲ(၁)နာရီအချိန်တွင် သွားရောက်အပ်နှံလှူဒါန်းခဲ့ ကြခြင်းဖြစ်သည်။

ဗုဒ္ဓအံတော်ဓါတ်သည် ဗန္ဓုလကျောင်းတိုက်တွင် (၂)ရက်ခန့်  စံပါယ်တော်မူပြီးနောက် ဗုဒ္ဓအံတော်ဓါတ်နှင့် အတူ ဘုရားပေါ်ကျောင်းဟောင်းတွင် သီတင်းသုံးခဲ့ စဉ်က တာဝန်ယူ ပင့် ဆောင်ကိုးကွယ်ခဲ့ သော စိန်ဘုရားဆင်းထုတော်တစ်ဆူကို ဒုတိယမြောက် ဘုရားပေါ်ဆရာတော်ကလည်းကောင်း၊ မြင်းစိုင်ပြင်ရပ်မှ ဦးရွှေထွန်းဘော် (ဒေါ်မသာဦးခင်ဘခင်)က ညောင်ပင်ဈေးတံတား ကျိုးကျစဉ်က တံတားအနီးအနား၌ ရှာဖွေတွေ့ ရှိထားသော အံတော်မြတ်ကိန်းဝပ်သော ငွေကြုပ် (သီရိလင်္ကာနိုင်ငံမှ ပင့် ဆောင်လာစဉ်က ကိန်းဝပ်ပါလာသည်) အား လည်းကောင်း ဗန္ဓုလကျောင်းတိုက် မူလဆရာတော်ကြီးထံလာရောက်အပ်နှံပြီး လှူဒါန်းကြလေသည်။

ယင်းဗုဒ္ဓအံတော်မြတ်ကို မသာမာသူတို့ လက်ထဲကို ရောက်ရှိသွားမှာကို စိုးရိမ်သဖြင့်  ယခုအခါ စန္ဒမုနိကျောင်းတိုက် (ဗန္ဓုလကျောင်းတိုက်) တွင် မီးခံသတ္တာထဲမှာ သော့ (၃)တန်ဖြင့် စောင့် ကြပ်ထားသည်။ ၎င်းသော့ (၃)ချောင်းစုံမှ မီးခံသတ္တာကိုဖွင့် ပနာ အပြင်ထုတ်၍ ရဟန်းရှင်လူ ပြည်သူများ ဖူးမျှော်နိုင်ရန်အတွက် သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းစသည့် ရက်ကြီး ရက်မြတ်နေ့ တို့ တွင် အပူဇော်ခံယူသည်။

အံတော်ဓါတ်-ဂေါပကအဖွဲ့  မှ ထုတ်ဝေသော စာအုပ်မှ ကူးယူတင်ပြပါသည်။

No comments: