Saturday, May 25, 2013

သေခါနီးလျှင် ကိုယ်တိုင်သိနိုင်သော ကိုယ့်အကြောင်း

graphical counter
သေခါနီးလျှင် ကိုယ်တိုင်သိနိုင်သော ကိုယ့်အကြောင်း

"တမလွန်ဘ၀" ဟူသည် ဘာသာရေးကျမ်းစာ၊
ဘုရားသခင် သတ်မှတ်၍ ရှိနေရသော အရာမဟုတ်၊
ဓမ္မနိယာမ၊ ကမ္မနိယာမ ပင်တည်း။
တမလွန်ဘ၀ကို ဖန်ဆင်းသူမှာ အခြားမဟုတ်။
မိမိသာလျှင် ဖြစ်သည်။

နက်ဖြန် အလုပ်များသည် ယနေ့ လုပ်လက်စများသာ ဖြစ်ကုန်၏။
ယနေ့  လုပ်သမျှကို နက်ဖြန်က
တာဝန်ယူရသည်။ ယခုဘ၀က ထိထိခိုက်ခိုက် စိတ်လိုက်မာန်ပါ လုပ်ထားသောအရာ(ကိုယ် နှုတ် စိတ်=ကံများ) သည်ပင်လျှင် တမလွန်ဘ၀ကို ပုံဖော်၍ ပေးလိုက်၏။

ဤဘ၀၌ ထိထိခိုက်ခိုက် ဆောင်ရွက်ချက်များ မရှိလျှင်၊ ရှိသော်လည်း အင်အား နည်းနေလျှင် တစ်သံသရာလုံးက လုပ်ခဲ.သော ထိထိမိမိကံများက တမလွန်ဘ၀ကို ဖန်တီးပေးကြသည်။ တစ်သံရာလုံး လုပ်ခဲ.သမျှ အကုသိုလ်သာများ၍ ကုသိုလ်ကား မဆိုစလောက်။

သေခါနီးလာလျှင် သံသရာနှင့်ချီ၍ မိမိလုပ်ခဲ့သမျှ အဆိုးအကောင်း သောင်းပြောင်းထွေလာ အမှတ်ထင်ထင် ဖြစ်ရပ်များစွာတို့ သည် တမလွန်ဘ၀ ပုံဖော်ရန် သူ.ထက်ငါ တောင်းဆိုလာကြ၏။
ထိုဖြစ်ရပ် ဇာတ်လမ်းများသည် တစ်ခုပြီးတစ်ခု ဘိုင်စကုတ် ပြသကဲ.သို. အထင်းသားမြင်နေရသည်။
ကမ္မနိမိတ် ဟုခေါ်၏။ လူကို သတ်ခဲ.လျှင် လက်နက်များ၊ ထိုးသတ်ပုံများ၊ သေသွားပုံများကို အသေးစိတ် ပြန်၍ မြင်ကြရသည်။ မမြင်ချင်၍ မရတော.ပြီ။

ကမ္မနိမိတ် အတိတ်ဇာတ်လမ်းများ ပီပြင်ထင်ရှားရာအလိုက် ပေါ်လာပြီး နောက်တမလွန်ဘ၀သို. ဆက်လက် ကူးပြောင်းရမည်. အသွင်သဏ္ဌာန်များ ဆက်၍ ထင်ပြလာ၏။ ယင်းကို ဂတိနိမတ် ဟုခေါ်သည်။
နတ်ပြည်သွားရမည်.သူများက နတ်ဗိမာန်များ။
ငရဲသွားမည်.သူများက ငရဲမီးလျှံများ။ ထိုသဘောတရားကို မည်သူမျှ ရှောင်၍ မရချေ။
မိမိ ပြုလုပ်မှားခဲ.သည်ကို မည်မျှလောက် ပိရိအောင် ဖုံးကွယ် ကျိတ်မှိတ်၍ မေ.ဖျောက်ပစ်ထားသော်လည်း ကံကိုလိမ်၍ မရတော.ပြီ။
ဘ၀တစ်ခုသို. ကူးပြောင်းတော.မည်. လူတစ်ယောက်အတွက် နောက်ဘ၀ မရောက်မီကပင် ကမ္မနိယာမ ဟူသော တရားသူကြီး၏ စီရင်ချက်ကို ကိုယ်တိုင် လက်ခံနေရပြီ ဖြစ်၍ ကောင်းစွာ သိသွားနိုင်ကြသည်။ ထို သဘောတရားကြီးကို မည်သူမျှ ရှောင်လွှဲ၍ မရစကောင်းချေ။

ကုသိုလ်ကို ဖြစ်စေ၊ အကုသိုလ်ကို ဖြစ်စေ အကျိုးမပေးလောက်ပါဘူးဟု မထီမဲ.မြင် မလုပ်သင်. ကြောင်း မြတ်စွားဘုရား ဟောကြား သတိပေးတော်မူ၏။
အကြောင်းအမျိုးမျိုးကြောင်. ထို သတိပေးချက်ကို လက်မခံလိုကြ။ ငြင်းဆန်သူ ငြင်းဆန်ကြ၏။
မည်သို.ဖြစ်စေ ထိုသူတို. ကိုယ်တိုင်ပင် တမလွန်ဘ၀သို. ရောက်ကြရသောအခါ
ထောက်ခံသောအားဖြင်. ကျေးဇူးတင်ဝမ်းမြောက်စကား ပြောသူတို.က ပြောလာကြသည်။
မချိတင်ကဲ ၀မ်းနည်းကြေကွဲကာ နောင်တ စကားဆိုသူတို.က ဆိုလာကြကုန်၏။

သေခါနီးမှ တရားနာကြားသွားရသော ဖားသတ္တ၀ါကလေး၊ ဘုရားကို လျှပ်တပြက်မျှသာ မြင်ရုံမြင်သွားရသော မဋ္ဌကုဏ္ဍလီ မိစ္ဆာဒိဋ္ဌိလုလင်၊ ရှင်မဟာကဿပကို ပေါက်ပေါက်လှူပြီး မြွေကိုက်၍ ဆုံးခဲ.ရရှာသော လယ်သူမလေး စသူတို.က-
ဒီလောက် ကုသိုလ်ကလေးနဲ. ဒီလို ကြီးကျယ်တဲ. နတ်စည်းစိမ် ချမ်းသာကြီးကို ရမယ်မထင်ဘူး။ ခုတော. အဟုတ်ရနေပြီကော။ မြတ်စွားဘုရားရှင်နှင်. သံဃာတော်မြတ်တွေရဲ. ကျေးဇူးက ကြီးမာလိုက်ပါဘိ ဟု ၀မ်းမြောက်ကြရသည်။ လူ.ပြည်သို.ဆင်း၍လည်း ကျေးဇူးတင်စကား လျှောက်ထားသူများလည်း မနည်းချေ။

ဒီလောက်မကောင်းမှုကလေး လုပ်မိတာနဲ. ခုလို ငရဲဘ၀၊ ပြိတ္တာဘ၀ ရောက်ရလိမ်.မယ် မထင်မိလို. လုပ်ခဲ.မိပါပြီ။ နောက်များ လူ.ဘ၀ကို ပြန်ရလျှင်တော. ဆင်ခြင်ပါတော.မယ် ဟု မိမိလုပ်ခဲ.သည်. မကောင်းမှုနှင်. ရရှိခံစားနေရသော အပါယ်ဒုက္ခကြီးကို ဖြောင်.ချက်ပေးကာ နောင်တဖြစ်နေရှာသူများကား အထင်အရှားပင် ရှိကုန်၏။ (လက္ခဏာသံယုတ်၊ ပေတ၀တ္ထုပါဠိတော်တို.၌) မြတ်စွာဘုရားရှင် အတည်.အလင်းပင် ဟောကြားတော်မူခဲ.သည်။ ထို.ကြောင်. ကိုယ်.ကိုယ်ကို သနားလျှင် မကောင်းမှုမှ
ရှောင်ရှားကြ ဟု တဖွဖွ ဆုံးမတော်မူရလေသည်။ သို့ ရာတွင် လက်တွေ.ကိုမှ ယုံချင်ကြသူတွေများကြ၏။
နောက်မှရသော နောင်တကား ပြင်၍ မရစကောင်းပြီ။

ရတနာသုံးပါးကျေးဇူးကာ ပထမဆုံး လူတိုင်းလိုက်နာရမည့် ငါးပါးသီလမျှလောက်ကိုပင် လေးလေးစားစား
လိုက်နာကျင်.သုံးပါက အပါယ်လေးပါးဘေးကြီးမှ လွတ်မြောက်စေနိုင်၏။
ငါးပါးသီလမျှ မလုံသူကား ကြောက်ဖွယ်ကောင်းလေစွ။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါး ဘေးကြီးကား ဘုရားစင်အနီး၌ပင် ရှိနေလေပြီ။

အလွန်ကြုံခဲလှသော အခွင်.ကောင်းကြီးကို ရနေခိုက်တွင် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အာနာပါန သတိပဋ္ဌာန် လုပ်ငန်းတို.ကို (တရားဋ္ဌာနများသို. မသွားမရောက်နိုင်ကြသေးစေကာမူ) တစ်နေ. နည်းနည်း နည်းနည်းဖြင်. အိမ်မှာပင် လေ.ကျင်.သွားပါက အပါယ်ဘေးကြီးမှ ပို၍ စိတ်ချပေသည်။
ရေဗူးနှင့် ဖိနပ်မပါ နွေခါမှ သိမည်။
ဒါန နှင့် သီလမပါ သေခါမှ သိမည်။
မည်သို.ဖြစ်စေ ဤဘ၀ကုန်ဆုံးပြီးသည်နှင့် တမလွန်ဘဝ
အရေးကား ပြေး၍ မလွတ်ပါချေ။

(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ရေးသော ရတနာသုံးပါး ကျေးဇူး စာအုပ်မှ)
မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

အေးချမ်းမွန် Credit & Copy From >အနှိုင်းမဲ့ စာတိုပေစများ < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments: