Friday, January 17, 2014

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း - သခင်တင်ဦး

"ဟုတ်ကဲ့ခင်ဗျ... ဗိုလ်ချုပ်" "မင်း အိုင်စီအက်စ် (ICS) ဦးတင်ထွဋ် နေတဲ့အိမ် သိလား" "သိပါတယ် ဗိုလ်ချုပ်၊ အင်းလျားလမ်း၊ နံပါတ် (၁) မှာပါ။ သူ့အိမ်က လမ်းထဲဝင်ဝင်ချင်းဆိုတော့ မှတ်ရတာ လွယ်ပါတယ်ဗိုလ်ချုပ်" "အေး၊ ဒီဖိတ်စာ ဦးတင်ထွဋ်ကို သွားပေးစမ်း။ ဖတ်ပြီးတော့ သူ ဘာပြန်ပြောမလဲဆိုတာ သေသေချာချာ နားထောင်ခဲ့" "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်" အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်းထံမှ စာကိုယူ၍ ချက်ချင်းထွက်လာခဲ့သည်။ လမ်းတွင် ဗိုလ်ထွန်းလှသည် အံ့သြ၍နေသည်။ ထိုကာလတွင် ကွန်မြူနစ်ပါတီ သတင်းစာမှ နေ့စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ဘက်ရေးသည်။ မကြာခဏ ရေးသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွေးအခေါ် အလွန်ညံ့ဖျင်းသည်။ ယခုအခါ သုံး၍မရသော ရှေးခေတ်နိုင်ငံရေးသမား ဦးဘဖေကို အသုံးပြုသည်၊ မကြာခဏ ဦးဘဖေအား ဖဆပလဌာနချုပ်သို့ ဖိတ်၍ ဆွေးနွေးသည်။ ထိုနည်းအတူ အလွန်ရှေးကျ၍ ခေတ်မမီတော့သော ဒီးဒုတ်ဦးဘချိုကို ဖဆပလ အမှုဆောင်အစည်းအဝေးကို ဖိတ်ကြားကာ အကြံဉာဏ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လူထု၏ အခြေအနေကို ဘာမျှမသိ၊ အင်္ဂလိပ်အစိုးရကို အညံ့ခံကာ ရာထူးလိုချင်ပုံ ပေါ်နေသည်။ အချောင်သမားစိတ် ၀င်နေသည်။ မည်သည့်ဝါဒကိုမှ မလေ့လာ၊ ပေါ်ပင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည်။ ဤသို့ မကြာခဏ ဗိုလ်ချုပ်အောင်ဆန်းအား မကောင်းရေးကာ ဖဆပလအဖွဲ့ချုပ်ကိုလည်း ဘာမျှရည်ရွယ်ချက်မရှိ၊ နောက်လိုက် နိုင်ငံရေးသမားများကို စုကာထားသည်။ အားလုံး အချောင်သမားများ ဖြစ်သည်။ ပြည်သူလူထုတို့အား ယုံကြည်ဖွယ်ရာ မရှိဟု နေ့စဉ် တစ်ခုတစ်မျိုး ရေးသား၍နေသည်။ ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးအား စွပ်စွဲနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အ င်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့် ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက တွေး၍နေသည်။ ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊ မည်သို့ အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့ တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ ဗိုလ်ထွန်းလှအား လာ၍ ခေါ်ပါသည်။ ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး ဦးတင်ထွဋ်အား တွေ့သောအခါ အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်ပါသည်။ ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊ ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ မောင်ရင်" ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း လက်ချောင်းကလေးများပင် တုန်၍နေပါသည်။ "ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု ဗိုလ်ထွန်းလှက ပြန်၍ပြောသည်။ "ပြီးတော့ ဦးအပြင် ဘယ်သူတွေကို ဖိတ်သေးလဲ" "သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ ကျွန်တော်မသိပါဘူး ဦးရဲ့" "စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့ မေးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့ ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က ပြောပါသည်။ "သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊ ကျွန်တော် ညနေ (၅)နာရီလောက် ကားနဲ့ လာခေါ်ပါ့မယ်" "ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅) နာရီအရောက် လာပါ့မယ်။ ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ" "ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။ မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင် ရွှေကြက်ယက်ကျောင်း လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။ ကျွန်တော် ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်" "ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။ နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း တွေ့ကြတာပေါ့" "ဟုတ်ကဲ့ခင်ဗျာ။ ခွင့်ပြုတော်မူပါဦး" ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ ပြန်၍မမေး။ နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် (၅)နာရီမထိုးမီ ဧည့်ခန်းသို့ ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍ စောင့်နေသည်။ ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း (၅)နာရီတွင် ရောက်လာသည်။ ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍ မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။ ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် အသင့်စောင့်ကြို၍ နေသည်။ ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ် ဆင်းလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။ "ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊ ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ သန်စွမ်းနေတာ။ အခုလည်း မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊ ညနေစာစားပြီးလည်း ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည် ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။ ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး ချက်ချင်းပင် ဗိုလ်ချုပ်က "ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ လိုချင်လို့ပါ" ဟု စကားစလိုက်သည်။ "အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော် တတ်နိုင်တာမှန်သမျှ ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်" "ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့ လူ (၃၀) လိုက်ရမယ်" "ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ် ရေတပ်သေနာပတိချုပ်က ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS) ဖြစ်ပေမယ့် သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့ အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊ လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး ဖြစ်လာတဲ့အထိပဲ" "ကျွန်တော်က ဦးကြီးလို သူ့အကြောင်း အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့ ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့ ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ မောင့်ဘက်တန်ကို သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ အချောဆုံး မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။ စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ် ဦးကြီး" "ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က သူ့အိမ်တော်မှာ ရှိသမျှ ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊ ခန်းစည်း၊ ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်" "ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က ကျွန်တော့်ကို ဖိတ်တာ ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောရင်း တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။ ဒါပေမယ့် နိုင်ငံရေးသမားတွေက မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း မခံချင်လို့ ထပြီး နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။ အချောင်သမားတွေ ၀င်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ လုပ်တာပါလို့ ဆက်ပြောတယ်" "တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို မှားတယ်လို့ ပြောတာတောင် ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍ ထောက်ပါသည်။ "ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင် မိတ္ထီလာက အင်္ဂလိပ်စစ်တပ် ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။ ကျွန်တော့်ကို မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့ နိုင်ငံရေးသမားလို့ ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။ ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး ကူညီကြလို့ အောင်မြင်တဲ့အကြောင်းသာ ပြောတယ်" "အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့ တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး ဆွေးနွေးဖို့ရာ ဘာမှ အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။ ဗိုလ်ချုပ်ကို ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက် ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို အစုံစမ်းခိုင်းမယ်ထင်တယ်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည် စစ်ပြီးသောအခါ Defeat into Victory စာအုပ် ရေးပါသည်။ မြန်မာနိုင်ငံမှ စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ အောင်မြင်ပုံကို ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ် ရေးသားဖော်ပြပါသည်။ ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပုံကို ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍ ကြိုဆိုသောအခါ လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ ဘယ်သူပါလိမ့်ဟု တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ နှုတ်ဆက်ပြီး "မင်း ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင် ဘာလုပ်မလဲ" ဟု မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့ တည်တည်ကြီး ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု ရေးသားထားပါသည်။ "ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀) အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊ အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့် ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်" "အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။ ကျွန်တော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က ၀မ်းသာအားရ ပြောပါသည်။ "ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး ဦးကြီးက သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်" "ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်" "ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊ ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး" "မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့ လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊ အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့ အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ တကယ့်ခေါင်းဆောင် ပီသပါပေတယ်" "အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ" "ဗိုလ်ချုပ်က ကြိုတင်ပြင်ဆင်ထားတာ အလွန်သင့်မြတ်လှတာပဲ။ တော်ဝင်ပုဂ္ဂိုလ်များနဲ့ စကားပြောတဲ့အခါမှာ မိုင်လော့ဒ် (My Lord) ဆိုတာ ထည့်ပြောရပါတယ် ဗိုလ်ချုပ်။ မိုင်လော့ဒ်ဟာ စာပေမှာ ရေးဖတ်ရပေမယ့် ပြောတဲ့အခါမှာ မလော့ဒ် ဖြစ်သွားပါတယ်။ သာမန်လူချင်း ပြောရာမှာ မူရင်းက How do you do (ဟောင်း ဒူး ယူ ဒူး) ဖြစ်ပေမယ့် စကားပြောတဲ့အခါ ဟောင်းဒယူဒူ လို့ အသံနိမ့်နဲ့ ပြောရပါတယ်။ Where do you go? (၀ှဲယားဒူးယူဂိုး) လို့ မေးတဲ့အခါ စကားသံက (၀ှဲဒယုဂို) ဖြစ်သွားပါတယ်။ အင်္ဂလိပ်စကားဟာ သူ့အတိုင်းပြောရင် သိပ်ပြီး ညင်သာပါတယ်။ ကျွန်တော်တို့ မြန်မာတွေကသာ Good (ဂွတ်ဒ်)၊ Book (ဘွတ်ခ်)၊ Look (လွတ်ခ်) နဲ့ ပြင်းပြင်းဆိုနေတာ အမှန်က (ဂုဒ်၊ ဘုခ်၊ လုခ်) လို့ ညင်ညင်သာသာ ထွက်ပါတယ်။ ဗိုလ်ချုပ်ကို တွေ့ရင်တွေ့ချင်း မောင့်ဘက်တန်က Good Morning General Aung San (ဂုဒ်မောနင်) လို့ နှုတ်ဆက်မယ်။ ဗိုလ်ချုပ်ကလည်း Good Morning My Lord (ဂုဒ်မောနင် မလော့ဒ်) လို့ ပြန်ဖြေရမယ်" "ကျွန်တော်နဲ့ အဆင့်ဆင့် တွေ့ရမယ့်ပုံ၊ ပြောရမယ့်စကားတွေကို အခုပဲ သင်ပေးပါ ဦးကြီး" "ဒီလိုဆိုရင် ကျွန်တော်တို့ လေယာဉ်ပေါ် တက်တာက စမယ်။ သိဟိုဠ်ကျွန်းကို ကုန်းတွေ ဖြတ်စရာမလိုဘူး။ ပင်လယ်ဖြတ်ပြီး (၄)နာရီလောက် သွားရင် ရောက်မယ်။ လမ်းမှာ အပန်းပြေ အချိုရည်တစ်ခုခုနဲ့ ဘီစကွတ်ကျွေးဖို့ရှိတယ်။ ဒီကထွက်တာ နောက်ကျရင်တော့ ဘူးနဲ့ နေ့လည်စာ ပေးမယ်။ ကန္ဒီမြို့တော်ရောက်ရင် သူတို့ကားတွေနဲ့ ကြိုပြီး တည်ခိုးဂေဟာ ခေါ်သွားမယ်။ ရောက်ပြီး အနားယူကြ။ ညနေစောင်းတော့ ရေချိုး။ ဆိုင်ရာက ညစာနီးရင် လာပြီး အကြောင်းကြားမယ်။ အချိန်ရောက်ရင် စားခန်းမ နီးရင် သူတို့နဲ့ ခြေလျင်သွားမယ်။ ဝေးရင်တော့ ကားနဲ့ ခေါ်မယ်။ ညစာစားဖို့ အ၀တ်က ပုဆိုးနဲ့ ရှပ်အင်္ကျီလက်တိုဆိုရင် တော်လောက်ပြီ။ လူတွေများတော့ တစ်ဦးစီကို ဗန်းတစ်ခုစီ လာချမယ်။ ပေါင်မုန့်၊ ဟင်း၊ အရွက်အသီး၊ Soup တစ်ခွက်စီ ပါမယ်။ စားပွဲကြီးအလယ်မှာ အရက်ပေါင်းစုံ ထားမယ်။ စားပြီးရင် အစာပိတ်တစ်ခုခု ကျွေးမယ်။ စားပွဲကုလားထိုင်တွေမှာ နာမည်တွေ ရေးထားမယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာထိုင်၊ အနားမှာ တစ်ဖက်တစ်ချက် ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို နေရာပေးမယ်။ အားလုံးစားပြီးရင် ဗိုလ်ချုပ်ထတဲ့အခါ အားလုံးထကြပြီး အသင့်စောင့်နေတဲ့ စားခန်းထဲက ပုဂ္ဂိုလ်တွေက အလာတုန်းက ကုလားထိုင်တွေ နေရာထိုးပေးသလို ကုလားထိုင်တွေကို နောက်ဘက် ဆွဲပေးကြမယ်။ လာလမ်းအတိုင်း ပြန်မယ်။ ပြန်ရောက်ရင် ပြောကြဆိုကြနဲ့ ညရောက်တော့ အပူသောက်စရာ လာပေးကြမယ်။ အဲဒါ ရောက်တဲ့နေ့ပဲ။ နောက်တစ်နေ့ မနက်မှာ ရေချိုး၊ အ၀တ်လဲ၊ မနက်စာ ကော်ဖီလက်ဖက်ရည်၊ ပေါင်မုန့်ထောပတ်သုတ်၊ ချိစ်၊ ဆန်ပြုတ်၊ ထမင်း၊ ပူတင်း၊ ကြက်ဥကြော်၊ ကော်ပြန့်ကြော်၊ အစိမ်းကြော် သူတို့ စီစဉ်ထားတာတွေနဲ့ လက်ဖက်ခြောက် ရေနွေး၊ စီးကရက်၊ မီးခြစ်ပေါင်းစုံနဲ့ ဧည့်ခံပါလိမ့်မယ်။ ၈ နာရီခွဲလောက်မှာ ဧည့်ကြိုတာဝန်ခံ အတွင်းဝန်က Lord နဲ့ တွေ့ဖို့ရာ ကားများ အသင့်ဖြစ်နေပါပြီလို့ လာပြောတဲ့အခါ နောက်က လိုက်သွားကြရမယ်။ (၁၅) မိနစ်ခန့် ကြိုတင်ပြီး ဧည့်ခန်းထဲကို ရောက်နေကြပါမယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်မှ လော့ဒ်မောင့်ဘက်တန် ထွက်လာပြီး ဗိုလ်ချုပ်နဲ့ အဖွဲ့ကို နှုတ်ဆက်ပါ့မယ်။ ပြီးတော့ အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး နောက်လိုက်ရပါ့မယ်။ လော့ဒ်မောင့်ဘက်တန် သူ့စားပွဲကို သူသွားထိုင်တဲ့အခါ ဗိုလ်ချုပ်က စားပွဲမရောက်ခင် (၅)ပေလောက်မှာ ဆက်မလိုက်ဘဲ ရပ်နေရပါ့မယ်။ လော့ဒ်မောင့်ဘက်တန်က ထိုင်ရာက ဗိုလ်ချုပ်ကို လှမ်းကြည့်ပြီး "ဂျင်နရယ်အောင်ဆန်း ပလိစ်ဆစ်ဒေါင်း (General Aung San Please Sit Down)" လို့ ပြောရင်း ထိုင်ရမယ့် ကုလားထိုင်နေရာကို ညွှန်ပြပါလိမ့်မယ်။ အဲဒီနေရာကို ဗိုလ်ချုပ်က ၀င်ထိုင်ပြီး ကျန်တဲ့လူတွေက သူ့နေရာနဲ့သူ ၀င်ထိုင်ရပါမယ်။ ကျွန်တော့်စိတ်အထင် ဗိုလ်ချုပ်ရဲ့ ညာဘက်မှာ အရပ်ဝတ်နဲ့ ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို ထားပြီး ဘယ်ဘက်မှာတော့ စစ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေ ထားမယ် ထင်ပါတယ်။ ကုလားထိုင်တွေမှာ နာမည်ကပ်ထားပြီး အသင့်စောင့်နေတဲ့ အဖွဲ့သားများက ကုလားထိုင်တွေကို ထိုင်ဖို့ နောက်ကို ဆွဲပေးကြပါမယ်။ ထိုင်မယ့်လူတွေဟာ ကုလားထိုင်မှာ ကပ်ထားတဲ့ စာကို ကိုယ့်နာမည် ဟုတ်၊ မဟုတ် ကြည့်ရပါမယ်။ များသောအားဖြင့် မမှားနိုင်ပါဘူး။ အစီအစဉ်က ဂုဏ်ထူးရာထူး အဆင့်အလိုက် ထားမှာပါ။ အထူးသတိပြုရမှာက အစားအသောက် ကျွေးတဲ့အခါ အသံမမြည်အောင် စားကြရပါမယ်။ ပါးစပ်၊ လက် ပေသွားရင် ဘေးမှာထားတဲ့ လက်သုတ်ပ၀ါနဲ့ ချက်ချင်းသုတ်ရပါမယ်။ ပြီးတော့ ဗိုလ်ချုပ်နောက်က လိုက်တဲ့အခါ ခြေထောက် အသံမမြည်အောင် လေ့ကျင့်ထားရပါမယ်။ လော့ဒ်မောင့်ဘက်တန်ရှေ့ ထိုင်ကြတဲ့အခါ ကိုယ်ကို မတ်မတ်ထားရပါမယ်။ လက်ကို စားပွဲပေါ် မတင်ရပါဘူး။ ဘေးမှာ ချထားရပါမယ်။ ချောင်းဆိုးချင်ရင် ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး ချောင်းဆိုးရပါမယ်။ မောင့်ဘက်တန် စကားပြောနေတုန်း အားလုံးဟာ သူ့ကိုပဲ ကြည့်နေကြရပါ့မယ်" "ဦးကြီး၊ သူက ဘယ်စကားကစပြီး ပြောမှာလဲ။ ဦးကြီးလည်း အများကြီးပြောရတာ မောရော့မယ်။ ကျွန်တော်တို့ မကြာခင် စားကြမယ်။ ဦးကြီး ဘာများ သောက်ထားမလဲ။ ၀ီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ၀ိုင်မျိုးစုံတော့ ရှိပါတယ်။ ဗိုလ်ထွန်းလှရေ၊ ပုလင်း လက်ဆွဲခြင်း (၂)လုံး ယူခဲ့ကွာ" "ရပါတယ် ဗိုလ်ချုပ်၊ ကိစ္စမရှိပါဘူး။ သူ ဘယ်စကားက စပြီးပြောမယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ လူကြီးများထုံးစံ ပဏာမမှာ နေရတာ အဆင်ပြေလား၊ လမ်းခရီး တော်တော်ပင်ပန်းသလား၊ ကျန်းမာရေးဆေးများလိုရင် ဧည့်သည်တာဝန်ခံကို ပြောပါ။ ရာသီဥတုက ဘာမှ ဆိုးဆိုးဝါးဝါး မရှိလို့ တော်သေးရဲ့ ဆိုတဲ့ စကားတွေနဲ့ စကြတာပဲ။ သိပ်များများ မပြောပါဘူး။ သူပြောရမယ့် စကားကို အဆင်ပြေအောင် ဂျင်နရယ်အောင်ဆန်းကို ဖိတ်ရတာ စစ်ကြီးလည်း ပြီးသွားတော့ တိုင်းပြည်ပြန်လည် ထူထောင်ရေးကို စီစဉ်ကြရတော့မယ်။ စစ်ကြီးကြောင့် ငွေကုန်လူပန်း ဖြစ်ကြတာ။ ဒါပေမယ့် အခြေအနေက ပျက်စီးတာတွေပြင်ဖို့ အသစ်လုပ်သင့်တာတွေ လုပ်ဖို့ မြန်မြန်စီစဉ်ရမှာပဲဆိုပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအနေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလို့ သူပြောချင်တာကို ပြောမယ်ထင်ရတာပဲ။ တိုင်းပြည်ခေါင်းဆောင်များ ထုံးစံ မိန့်ခွန်းပေးချင်ရင် သူပြောချင်တာကို မိန့်ခွန်းရေးဆရာကို အချက်အလက်ပေး အရေးခိုင်းပြီးတော့ ဖတ်ပြောတာပဲ။ ဆွေးနွေးပွဲဆိုရင် အချက်အလက်တွေပြောပြ၊ အတွင်းဝန်က အစီအစဉ်တွေလုပ်ပြီး အဲဒါကို ဆွေးနွေးရင်း ကြည့်ကြည့်ပြောတာပါပဲ ဗိုလ်ချုပ်ရယ်" "ဒီလိုဆို ကျွန်တော်ပြောချင်တာကို ဘယ်တော့ ပြောရမလဲ" "ဗိုလ်ချုပ်၊ လူကြီးကခေါ်ရင် သူပြောချင်တာရှိလို့ ခေါ်တာမို့ သူစပြီး ပြောချင်တာ ပြောပါစေ။ သူပြောနေတုန်း မကြိုက်တာ၊ ဆန့်ကျင်တာ ပြန်မပြောရပါဘူး။ အားလုံးပြီးမှ ကိုယ်ပြောချင်တာ တိုတိုအစီရင်ခံရပါတယ်။ သူပြောနေတုန်း Very Good My Lord (ဗက်ရိဂုဒ် မလော့ဒ်)၊ Excellent My Lord (အက်စ်ဆဲလင့်မလော့ဒ်)၊ ကျွန်တော်သိပ်ပြီး သဘောကျတာပဲ။ အဲဒီလို သူစကားပြောတာများလို့ နားပြီး အသက်ရှူတဲ့အခါ ချီးကျူးစကားသာ အားရပါးရ ပြောပါ" ထိုအချိန်တွင် ဗိုလ်ထွန်းလှက "ဗိုလ်ချုပ်၊ ထမင်းပွဲ ပြင်ပြီးပါပြီ" ဟု လာ၍ ခေါ်သဖြင့် လိုက်၍သွားကြသည်။ "တောင်ဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက်က အစိုးရစီမံကိန်းကို ခေါ်ပြောရင် ငါဟာ ပြောင်မြောက်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါလားလို့ ဂုဏ်ယူပြီး နားထောင်ပေးပါ။ ဘကြီးက မြေးကလေးကို ခေါ်ပြောသလို ကြုံရတဲ့အခါ လေးလေးစားစားနဲ့ နားထောင်သလို နားထောင်ပေးပါ။ သူပြောနေတဲ့အထဲ ကိုယ်မကြိုက်တာပါရင်လည်း ပြုံးပြုံးကလေးနေပါ။ နောက်ဆုံး သူက နိဂုံးချုပ်ပြီး မင်းလည်း ဘယ်လိုသဘောရလဲလို့ မေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း အရင်လိုက်ပြောသလိုပဲ အားလုံးကောင်းပါသည် ခင်ဗျား၊ Excellent My Lord (အက်စ်ဆဲလင့် မလော့ဒ်) လို့ ပြန်ပြောပါ။ သူလည်း တော်တော် သဘောကျသွားပါလိမ့်မယ်။ ပြီးတော့ သူပင်ပန်းလို့ အားရပါးရ အသက်ရှူနေတုန်း ဗိုလ်ချုပ်ပြောချင်တဲ့စကားကို ဖြည်းဖြည်းစပါ။ ဗိုလ်ချုပ် Lord ဆိုတဲ့ အသုံးအနှုန်းဟာ The Lord ဆိုရင် ခရစ်ယာန်ယေရှုလို့ အဓိပ္ပါယ်ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ တရားသူကြီးချုပ်တွေကို အစီရင်ခံမယ်ဆိုရင် အာလုပ်စကားဟာ My Lord ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ကိုယ်ပြောချင်တာ၊ အစီရင်ခံချင်တာ တင်ပြတော့မယ်ဆိုရင် တော်ဝင်ပုဂ္ဂိုလ်ကြီးကို ပထမဆုံး My Lord (မိုင်လော့ဒ်) လို့ ဆိုရပါမယ်။ မလော့ဒ်လို့ မခေါ်ရပါဘူး။ မလော့ဒ်က စကားပြောတဲ့အခါမှာသာ သုံးရတာပါ" "ဦးကြီး၊ ကျွန်တော် တင်ပြချင်တာကို ပထမရေးပြီး ဦးကြီးကို ပြင်ဆင်ဖြည့်စွက်ဖို့ ပေးပါမယ်။ ဦးကြီးက တည်းဖြတ်ပြီး အသံထွက်တွေပါ သင်ပေးပါ" ဗိုလ်ချုပ်အောင်ဆန်းက ပြောပြပါသည်။ "ဟုတ်ကဲ့ ဗိုလ်ချုပ်။ ဒီလို အလေးအနက်ထားမှပဲ ကိုယ်လိုရာရောက်မှာပေါ့။ တော်ဝင်ပုဂ္ဂိုလ်ကြီးကို တင်ပြရမှာ။ ပြီးတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ပြောရမှာဆိုတော့ သတိထားဆောင်ရွက်လေ ကောင်းလေပေါ့။ သူကတော့ သံတမန်ထုံးစံ ခေါင်းညိတ်နားထောင်ပြီး ဘာမှ ဆုံးဖြတ်ချက်ပေးမှာ မဟုတ်ဘူး" "ပြီးတော့ ဘယ်အခါ သူ့ဆီက ထပြန်ရမလဲ" "တော်လောက်ပါပြီ။ ညကျတော့ ညစာစားပွဲမှာ ထပ်တွေ့ကြသေးတာပေါ့လို့ ပြောရင်း မတ်တတ်ရပ်ပြီး ဗိုလ်ချုပ်ကို လက်ကမ်း နှုတ်ဆက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကလည်း မတ်တတ်ရပ် ဦးညွတ်ပြီး My Lord Goodbye မိုင်လော့ဒ်ဂဒ်ဘိုင်း လို့ သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ" "သူက ထမင်းစားဖိတ်တဲ့ညမှာ ဘာတွေ ပြောကြမှာလဲ" "ဘာမှ ထွေထွေထူးထူး ပြောမှာမဟုတ်ဘူး။ ထမင်းစားပွဲဆိုတာ ရယ်စရာမောစရာ ရွှင်စရာတွေသာ ပြောရတာပါ။ ကျွန်တော်တို့က ပြောဖို့ မလိုပါဘူး။ သူကသာ ပြောမှာပါ။ ပြီးတော့ ထမင်းစားရင်း ကြာမှာဆိုတော့ သူက ညာဘက်မှာ ဗိုလ်ချုပ်၊ ပြီးတော့ ကျွန်တော့်လည်း ထားမယ်ထင်တယ်။ ဘယ်ဘက်မှာတော့ ဦးဘဘေနဲ့ သခင်သန်းထွန်းတို့ ထားမယ်။ သူတို့နဲ့ အများဆုံးပြောမယ်။ ဒါမှ စိုပြည်မှာ။ သူတို့ကတော့ My Lord (မလော့ဒ်) တွေ ဘာတွေ ထည့်ပြောမှာ မဟုတ်ဘူး။ သူတို့ ဘယ်လိုပြောပြော အရပ်သားတွေအနေနဲ့ လက်ခံနိုင်ပါတယ်။ ဗိုလ်ချုပ်က ဘာမှ ၀င်မပြောပါနဲ့။ သူပြောတာကိုသာ လိုက်လိုက်လျောလျော My Lord (မလော့ဒ်) ထည့်ပြီး ပြောပေးပါ။ အားလုံး အရပ်ဝတ်အရပ်စားနဲ့ တက်ပါ။ ခေါင်းပေါင်းတွေ ဘာတွေ မလိုပါဘူး။ ဦးဘဘေကတော့ လူကြီးမို့ ခေါင်းပေါင်းပါမှာပေါ့" နောက်နေ့တွင် ဗိုလ်ချုပ်က သူတင်ပြလိုသော အကြောင်းများကို ရေးသားကာ ဦးတင်ထွဋ်ထံ ပေးပို့သည်။ နောက်နေ့တွင် ဦးတင်ထွဋ်က တည်းဖြတ်ပြင်ဆင်ပြီး အသံထွက်များကို အကျယ်ရေးသားကာ ပြန်ပေးသည်။ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း လေ့လာကာ ဦးတင်ထွဋ် သင်သည့်အတိုင်း ပြောမည့်စကားများကို အရကျက်၊ အော်၍ဖတ် လေ့ကျင့်သည်။ ထို့နောက် မောင့်ဘက်တန်က လေယာဉ်လွှတ်လိုက်သဖြင့် ဗိုလ်ချုပ်နှင့် အဖွဲ့သား (၃၀) သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ သွားကြသည်။ ubapemrclementattleegen.jpg [ဗိုလ်ချုပ်အောင်ဆန်း၏ ဘယ်ဘက်မှ ဆံပင်နောက်လှန်ဖြီးထားသူမှာ ဦးတင်ထွဋ် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ညာဘက်အစွန်မှ မျက်မှန်နှင့်ပုဂ္ဂိုလ်မှာ ဦးဘဘေ ဖြစ်ပါသည်။] လေယာဉ်ပေါ်မှ ဆင်းကတည်းက တွေ့ကြုံရပုံများမှာ ဦးတင်ထွဋ် ကြိုတင်ပြောပြသည့်အတိုင်း ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန်နှင့် တွေ့ရမည့်နေ့တွင် ဧည့်ခန်းဆောင်အတွင်းဝန် စီစဉ်ထားသည့်အတိုင်း ဗိုလ်ချုပ်က ကားတစ်စီး၊ ဦးဘဘေ၊ သခင်သန်းထွန်း၊ ဦးတင်ထွဋ်တို့က ကားတစ်စီး၊ ကျန်သည့် စစ်ဘက်မှ ပုဂ္ဂိုလ်များမှာ ကားကြီး (၂)စီးဖြင့် ထွက်ခဲ့ကြသည်။ အဆင်သင့်စောင့်ဆိုင်း၍နေသော လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်က ဆီးကြိုကာ ဗိုလ်ချုပ်နှင့် အဖွဲ့အား စီစဉ်ထားသည့်အတိုင်း ဧည့်ခန်းမကြီးတွင် နေရာချပေးသည်။ ဧည့်ခန်းမကြီးမှာ ကြီးကျယ်သော်လည်း လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များ၊ ရုံးအလုပ်သမားများနှင့် ပြည့်လျှံ၍ နေသည်။ လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များမှာ များပြားလှသည်။ လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ဖက်ဆစ်တိုက်ဖျက်ထုတ်ရေးတွင် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိ ဖြစ်သည်။ ဥရောပတွင် မဟာမိတ် တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန်စစ်ဘက် သေနာပတိ အီဆင်ဟောင်းဝါ (Esenhower) ဖြစ်၍ လက်အောက်ခံတပ်များမျာ ဥရောပနိုင်ငံ အသီးသီးမှ ဟစ်တလာ နာဇီတပ်များ သိမ်းပိုက်ခံရ၍ ပြန်လည်တော်လှန်ကြသော တပ်များဖြစ်သည်။ အရှေ့မြောက်အာရှ တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန် ကုန်းတပ်သေနာပတိ Mac Arthor (မက်အာသာ) ဖြစ်၍ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများကို ဖက်ဆစ်ဂျပန်လက်အောက်မှ ကယ်တင်ရန် ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ပြန်လည်ကယ်တင်ရန် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိဖြစ်သော်လည်း အနောက်နိုင်ငံတပ်များ မပါဝင်ဘဲ အမေရိကန်လေတပ်နှင့် ဗြိတိသျှတပ်များ၊ ကိုလိုနီနိုင်ငံ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ ဂေါ်ရခါးတပ်များ ပါဝင်သည်။ ဂျပန်ဖက်ဆစ် လက်တွင်းမှ ကယ်တင်ရန် နိုင်ငံများမှာ စင်ကာပူမှအစ များပြားလှသည်။ ထိုနိုင်ငံများကို စစ်ဆင်ရန်အတွက် စစ်တပ်ဖြန့်ချိမှု နိုင်ငံအလျောက် စစ်ရေးအတွင်းဝန်များ၊ ရန်သူထွက်သွားလျှင် တည်ငြိမ်ရန် အုပ်ချုပ်ရေး အတွင်းဝန်များ အားလုံး အတွင်းဝန် တစ်ဒါဇင်ကျော်မျှ ရှိသည်။ အတွင်းဝန်များမှာ အင်္ဂလိပ်လူမျိုးများသာဖြစ်၍ လုပ်သက်ရင့်သူများ ဖြစ်ကြသည်။ "ဟေ့ တင်ထွဋ်၊ မင်းက ဒီအဖွဲ့ထဲ ပါလာသလား" အတွင်းဝန် အင်္ဂလိပ်တစ်ယောက်က ဦးတင်ထွဋ်အား လှမ်း၍ အော်မေးပါသည်။ ဦးတင်ထွဋ်သည် အသံကြားရာသို့ လှမ်းကြည့်လိုက်ပြီး တွေ့လိုက်ရသည်မှာ အားလုံး သူ့အရင် အိုင်စီအက်စ် (ICS) ဖြစ်၍နေကြသော အင်္ဂလိပ်ဝါရင့် ပုဂ္ဂိုလ်ကြီးများကို တွေ့ရ၍ အားရ၀မ်းသာဖြစ်ပြီး "ဟုတ်ကဲ့၊ ကျွန်တော် မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါလာတယ်" ဟု ပြန်ပြောလိုက်သည်။ "အေး၊ မင်းကို တွေ့ရတာ ၀မ်းသာတယ်ကွာ။ ငါတို့ မတွေ့ရတာ ကြာပြီ။ မင်းက မင်းတိုင်းပြည်ထဲမှာပဲ လုပ်နေရတော့ တွေ့ဖို့ရာ မလွယ်ကြဘူးပေါ့" "ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော့်တိုင်းပြည်ကလည်း အာရှမှာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ရှိနေတော့ ပြင်ပနဲ့ အဆက်အသွယ်က သိပ်နည်းတာပေါ့" ဤတွင် အင်္ဂလိပ်အတွင်းဝန်တစ်ဦးက ၀င်၍ပြောသည်။ "ဟေ့ တင်ထွဋ်၊ မင်းတို့နိုင်ငံက လွတ်လပ်ရေး တောင်းနေတယ်လို့ ကြားတယ်။ အရမ်းမလုပ်ကြနဲ့နော်။ လွတ်လပ်ရေးဆိုတာ ကြားရတော့ သိပ်ကောင်းတာ၊ တကယ့်လက်တွေ့က လွတ်လပ်တဲ့နို်င်ငံနဲ့တူအောင် လုပ်ဖို့ရာ မလွယ်ဘူးကွ။ နိုင်ငံရေးက အော်လို့ရတယ်။ လွတ်လပ်ရေးက တိုင်းပြည်ကို အုပ်ချုပ်ပြီး ကြီးပွားတိုးတက်အောင် လုပ်ရတော့ အရည်အချင်းပြည့်မှ ရတယ်ကွ။ မင်းတို့ အင်္ဂလိပ်အုပ်ချုပ်တာနဲ့ ရောပြီး ပေါင်းလုပ်။ ကိုယ်က လုပ်တတ်လာပြီး ဌာနတိုင်းကို ကိုင်နိုင်တဲ့ အရည်အချင်းရှိမှ လွတ်လပ်ရေးယူကွ" ဦးတင်ထွဋ်က မည်သို့မျှ ပြန်၍မပြော။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်းက စကားဝိုင်းသို့ဝင်ပြီး ပြောသည်။ "Please Excuse me Sir" (ကျေးဇူးပြုပြီး ၀င်ခွင့်ပြုပါခင်ဗျာ) ဟု ပဏာမတောင်းပန်ပြီး "ကျွန်တော်တို့တစ်တွေဟာ နိုင်ငံလွတ်လပ်ပြီး ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်ခင်ဗျာ။ ဘာပြုလို့လဲဆိုတော့ ဗြိတိန်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နေပါတယ်။ ဘယ်သူတွေက ခေါင်းဆောင်နေလဲဆိုတော့ Oxford တက္ကသိုလ်၊ Camebridge တက္ကသိုလ်က သင်ကြားလာတဲ့ ပညာရှင်ကြီးတွေက ခေါင်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်က ပညာရေးဟာ အဲဒီတက္ကသိုလ်တွေက ပညာရေးနဲ့ အတူတူပါပဲ။ သင်ခန်းစာတွေဟာ ထပ်တူဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဗြိတိန်နိုင်ငံမှာလို ပညာရှင်တွေ ပေါများပါတယ်။ ဒီပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်" ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားကြောင့် အားလုံးတို့သည် မှင်တက်မိ၍ သွားသည်။ မည်သူမျှ ၀င်၍မပြော။ အင်္ဂလိပ်အတွင်းဝန်များ ငြိမ်သက်သွားသဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်၍ သွားသည်။ ဦးတင်ထွဋ်ကလည်း မလှုပ်။ မကြာမီပင် လော့ဒ်မောင့်ဘက်တန်၏ ဧည့်ဆောင်အတွင်းဝန်က "ကိုးနာရီထိုးတော့မယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းအား ပြောသည်။ အခန်းကြီးတံခါးဝသို့ သူသွား၍ ရပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း မတ်တတ်ရပ်၍ ရဲဘော်တို့ အသင့်အနေအထားမှာ နေကြဟု ပြောလိုက်ရာ အားလုံးတို့သည် ညီညာစွာ ရပ်၍ လာကြသည်။ ကိုးနာရီထိုးသည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အတွင်းဝန်က တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။ ထိုတံခါးပွင့်လာပြီး လော့ဒ်မောင့်ဘက်တန် ထွက်၍လာသည်။ ရေတပ်မတော် သေနာပတိ စစ်ဝတ်စုံအပြည့်နှင့် ဖြစ်သည်။ ခန်းမကြီးအတွင်းရှိ အားလုံးတို့လည်း မတ်တတ်ရပ်၍ အလေးပြုကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပေါက်ဝတွင်ရပ်ကာ စောင့်နေသော ဗိုလ်ချုပ်အောင်ဆန်းအား လက်ဆွဲနှုတ်ဆက်သည်။ ဦးတင်ထွဋ် ကြိုကာပြောထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်က ပြုလုပ်သည်။ ပြီးသော် အခန်းတွင်းသို့ ပြန်၍၀င်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ နောက်မှလိုက်၍ သွားကြသည်။ ဦးတင်ထွဋ် ကြိုတင်ကာ ပြောသည့်အတိုင်း အားလုံးတို့သည် ရိုသေလေးစားစွာ ထိုင်လိုက်ကြပြီး လော့ဒ်မောင့်ဘက်တန်၏ မိန့်ခွန်းကို နားထောင်ကြသည်။ ပြီးသော် အားလုံးတို့သည် အနားယူကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပန်းဖြေရင်း ဗိုလ်ချုပ်ကို ဖြည်းဖြည်းမေးသည်။ ဗိုလ်ချုပ်က ပြန်ဖြေပြီး မကြာမီ ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်လေ့လာထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်ကို ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တိုင်းသူပြည်သားများက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါရန် ပန်ကြားဖို့အတွက် သူလာရခြင်းဖြစ်ကြောင်း တင်ပြသည်။ လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်ချုပ်အောင်ဆန်းက တိုတိုနှင့်လိုရင်း ပြောပြသည်ကို နားထောင်နေပြီး နောက်ဆုံးတွင် ခေတ္တနားကာ ညတွင် ထမင်းစားပွဲသို့ ဗိုလ်ချုပ်နှင့်အဖွဲ့ ကြွလာရန် ဖိတ်ကြားပြီး စခန်းသိမ်းလိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် တည်းခိုဆောင်သို့ပြန်ကာ အနားယူကြသည်။ မကြာမီ တည်းခိုဆောင်တာဝန်ရှိသူများက နေ့လည်စာ သုံးဆောင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း လာရောက်ပန်ကြားသည်။ အားလုံးတို့သည် နေ့လယ်စာ စားသောက်ပြီး အဆောင်ပြန်ရောက်သည့်အခါ တရေးအိပ်စက်သူက အိပ်စက်၍ အချို့တို့က ၀ိုင်း၍ စကားပြောကြသည်။ ညနေတွင် အချိန်ရသခိုက် ရေချိုးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းစွာ အနားမယူနိုင်။ စိတ်စော၍နေသဖြင့် ဦးတင်ထွဋ် အခန်းသို့ သွားသည်။ "ဦးကြီး၊ ညစာစားပွဲမှာ ကျွန်တော်က ဘာမှမပြောဘဲ လော့ဒ်မောင့်ဘက်တန် ပြောတာကို နားထောင်ပြီး နောက်ကလိုက်ပြီး Oh, We have got fresh knowledge My Lord (အိုး၊ ၀ီဖ်ဂေါ့ထ်ဖရက်ရှနောလိလ်မလော့ဒ်) လို့ ပြောနေရုံနဲ့ ပြီးမှာလား" ဗိုလ်ချုပ်က ရောက်လျှင်ရောက်ချင်း ပြောပြသည်။ ဦးတင်ထွဋ်သည် ရုတ်တရက် ဗိုလ်ချုပ်ရောက်လာသဖြင့် အံ့အားသင့်နေသည်။ ခေတ္တမျှ စဉ်းစားပြီး ဦးတင်ထွဋ်က ပြောပြသည်။ "ဗိုလ်ချုပ်တွေးပြီး ပူမယ်ဆိုလည်း ပူစရာပဲ။ သူကချည်းပြောပြီး ကိုယ်က ဘာမှမပြောဘဲ နေတော့လည်း ဟုတ်တယ်။ စကားဝိုင်း စိုစိုပြည်ပြည် မဖြစ်ဘူး။ တစ်ခုရှိတာက ကိုယ်က လူငယ်၊ ထမင်းပွဲမှာ များများဝင်ပြောတော့လည်း မတော်လှဘူး။ တစ်ခုခုတော့ ပြောမှလည်းကောင်းမယ်" "ဟုတ်တယ်ဦးကြီး။ တော်ဝင်ပုဂ္ဂိုလ် မဟာမိတ်တပ်ဖွဲ့ စစ်သေနာပတိကြီးက ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ လေယာဉ်လွှတ်ပေး၊ ဧည့်ခံပွဲအမျိုးမျိုး လုပ်ပေးပြီး ထမင်းစားပွဲနဲ့ ပြုစု ပြန်လုပ်တယ်ဆိုတော့ အဖိတ်ခံရတဲ့ကောင်လေးက ဘာပြောမလဲ။ လူရာဝင်ချင်တဲ့စကားတွေ ပြောလို့က မဖြစ်။ တိုင်းပြည် လွတ်လပ်ရေးအကြောင်း ပြောလို့ကလည်း မဖြစ်။ စဉ်းစားရင်းနဲ့ အဖြေရှာမရတော့ ဦးကြီးဆီပဲ ပြေးလာရတာပေါ့" "ဗိုလ်ချုပ်က အခြေအနေကို အမှန်အတိုင်းတွေးတော့ တကယ်ပင်ပန်းတာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘာပြောရမှန်းမသိဘူး။ ထမင်းစားပွဲထုံးစံ ရယ်စရာမောစရာ ပြောရအောင် လူငယ်ဆိုတော့ လူကြီးကို ပုံဝတ္ထု ပြောလို့မဖြစ်၊ အတွေ့အကြုံ ပြောရအောင်လည်း ကိုယ်ကလည်း နိုင်ငံရေးဘ၀၊ နိုင်ငံငယ်ကလေးမှာ ကြုံရတာ ပြောလို့ကလည်း သေးသေးကွေးကွေး ဖြစ်နေမှာ စိုးရိမ်ရ။ ထမင်းစားပွဲဆိုတော့ (၂)နာရီ ပတ်ဝန်းကျင် ကြာမှာမို့ ပြောစရာရှိမှလည်း တော်လိမ့်မယ်" "ကျွန်တော်က အညာသားဆိုတော့ အညာမှာရှိတဲ့ ၀တ္ထု၊ စကားပုံ၊ ရာဇ၀င်တွေ ပြောစရာရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက တော်ဝင်နားလည်ဖို့ ပြုံးပျော်ဖြစ်ဖို့ ရှာမရဘူး ဦးကြီး" ဦးတင်ထွဋ်က ဗိုလ်ချုပ်ပြောသည်ကို နားထောင်ကာ စဉ်းစားရင်း တစ်စုံတစ်ခု တွေးတောရသဖြင့် ၀မ်းသာအားရ ဖြစ်၍သွားသည်။ "တစ်ခုတော့ လာပြီးတွေ့ရတယ်။ ရယ်စရာ မှတ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နားထောင်ချင်စရာ ဖြစ်မှာ။ ဘာလဲဆိုတော့ စကားပြောနေရင်း စကားဆက်ရမှာမို့လို့ ဦးဘဘေအကြောင်း တစ်နေရာမှာ ထည့်ပြောမယ်ဆိုရင် ပြောစရာရမယ်။ မြန်မာလူငယ်တစ်ဦး အနေနဲ့ နိုင်ငံရေးအသင်းအဖွဲ့ ထောင်ဖို့ရာ အခြေအနေအရ အနောက်တိုင်း YMCA ကို မှီပြီး အရှေ့တိုင်း YMBA ထောင်လိုက်ပုံ၊ နိုင်ငံမှာ သတင်းစာဟာ သိပ်ပြီး အရေးကြီးပြီး သတင်းစာနဲ့ လူထုကို လွှမ်းမိုးဖို့ The Sun သူရိယသတင်းစာ ထောင်လိုက်ပုံ။ ဒါတွေ ပြတ်တောင်းပြတ်တောင်း ထည့်ပြောရင် ဗိုလ်ချုပ် ပြောစရာတွေရမယ်" "ဟာ ကောင်းလိုက်တာ။ ကျွန်တော်သိသမျှ ရေးပေးမယ်။ ဦးကြီးက အဆင့်မြင့်အင်္ဂလိပ်စာနဲ့ ရေးပေးပါ" နှစ်ဦးသဘောတူ ရသဖြင့် ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ကောင်းကောင်းပြောနိုင်ခဲ့သည်။ ပြော၍အပြီး ထမင်းစားပွဲ နိဂုံးချုပ်၍ နှုတ်ဆက်ကြသည့်အခါ ဗိုလ်ချုပ်သည် ဦးတင်ထွဋ် ရေးပေးသည့်အတိုင်း အလွမ်းပြေ ခွဲခွါရသည့်အကြောင်း ပြောပြသည်။ နောက်နေ့ နိုင်ငံတော်သို့ ပြန်ကြသည်။ ဗိုလ်ချုပ်သည် ရွှင်ရွှင်လန်းလန်းဖြစ်ကာ လေယာဉ်ပေါ်တွင် နှုတ်ဆက်စကား ဦးတင်ထွဋ်အား ပြောလိုက်သည်။ "ဦးကြီး၊ ကျွန်တော် ဦးကြီးကို အရဲစွန့်ပြီး ချဉ်းကပ်တာ ထင်တာထက် အောင်မြင်တယ်။ ဦးကြီးကြောင့် လော့ဒ်မောင့်ဘက်တန်နဲ့ ဆက်သွယ်ရေး အံြ့ဥလောက်အောင် ထူးထူးခြားခြား အောင်မြင်တယ်။ အင်္ဂလိပ်စကားရဲ့ အသံထွက်ကိုလည်း ထားတတ်လာတယ်။ ဦးကြီးပြောမှ နာမ် Noun ကို သုံးရင် ရှေ့ကအသံကို ပြင်းပြင်းဆို၊ ကြိယာ Verb ကို သုံးရင် နောက်က စကားလုံးကို ပြင်းပြင်းဆို၊ နားလည်လာတယ် ဦးကြီးရယ်၊ နောက်ကိုလည်း အရေးကြုံလာရင် ကူညီပါ" "ဗိုလ်ချုပ်၊ ကျွန်တော်ကလည်း အခုလို ကူညီရတဲ့အတွက် ၀မ်းသာလို့ မဆုံးဘူး။ ဗိုလ်ချုပ် အလိုရှိတိုင်း ခေါ်ခိုင်းပါ" [မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၅၊ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၀၊ ၁၁၊ ၁၂] Aye Chan Mon# Credit To : စာအုပ်မြို့တော် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Tuesday, January 14, 2014

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ

မေတ္တာရှင် – ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -
graphical counter
  1. ၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
  2. ၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။
  3. ၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
  4. ၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
  5. ၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
  6. ၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
  7. ၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
  8. ၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။
  9. ၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
  10. ၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
  11. ၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။
သန်း – အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။
မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။
၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
~~~
၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

Friday, January 10, 2014

လူငယ်များနဲ့ ဘာသာတရား

လူငယ်များနဲ့ ဘာသာတရား
*******************
ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ
အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ
အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ်

လူငယ်များအကြောင်း အတွေးပေါင်းစုံ
ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား
ဆက်စပ်မှုရဲ့မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။

ဘုရားလက်ထက်ကအသက်(၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊
အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ
အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ
ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့

အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့
အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား
အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့
ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ်
ချိန်ထိုးကြည့်မိပြန်ပါတယ်။ လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ ကြားနေမိပါတယ်။

မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ
တိုးတက်ထိုးကား လာနေသလို
ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း
အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က
တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့
သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှုများက သတ္တ၀ါတွေရဲ့ သန္တာန်မှာ
သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ
စတဲ့ ကိလေသာတရားများ
တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။

ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့
ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက်
ဘာသာတရားအပေါ်အလေးမထားမှု၊ဘာသာတရား အဆုံးအမများနဲ့ ဝေးသွားစေမှုကို ဖြစ်စေပါတယ်။

ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ်
အလေးမထားမှု၊ ဘာသာတရားနဲ့
ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့
ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့
ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ
နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။

လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ်
အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့
ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့
ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။

သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ
ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့
ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့
လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက
ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။
သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊
အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့်
ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

လူငယ်များနဲ့ အနေများတော့
လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား
များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။
အများအားဖြင့်အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ
လူငယ်များဟာ အနှစ်သာရများထက်
အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။

အသောက်အစား အပျော်အပါးများနဲ့
ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ
ယုတ်လျော့လာမှုများက ဘာသာတရား
အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ
မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။

ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို
သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့
အပြင် ထားလိုက်ပါကွာ၊
ရပါတယ်ကွာဆိုတဲ့စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။
ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ်
စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး
လုပ်တာကိုပဲတိုးတိုးတိတ်တိတ်ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေတာ ဖြစ်ပါတယ်။
တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။

ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး
မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့်
တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။

နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့
လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ
ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ
ဖြစ်လာတာလည်း ရှိတတ်ပါတယ်။

တစ်ချို့က ဘာသာတရား
လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ
မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့
အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒအတိုင်း လိုက်လုပ်မိရာက
ဝါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊
နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု
မရှိတဲ့အပြင်ဘာသာရေးလုပ်ရင်းအပြောကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျတော့
ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ဖြစ်သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း
နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့်
ဝိပဿနာတရား အားထုတ်တော့မယ်ဆိုရင်
ဆရာကောင်း သမားကောင်းကို အရင်ဆုံး
ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင်အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး
ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက်
ပေါင်းသင်းဆက်ဆံရေးမှာအဆင်မပြေတာတွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။

အသောက်အစား အပျော်အပါး
ဝါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ
မလုပ်နိုင်ဘဲ တစ်ယောက်တည်း
အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား
လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့
ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း
နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း
တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ
ဖြစ်လာတော့အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့
ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။

တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့
သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ
ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။
ဘာသာတရားအဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ
အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊
လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့
သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊
ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက်
ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင်
တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို
ဖြစ်လာကာ ဘာသာတရားအတိုင်း
နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း
ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ
လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့
လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။

ကိလေသာအာရုံများမှာ လိုက်စားမှု
အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း
ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ်
မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့
သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ
ထိခိုက်လာတာတော့ မဟုတ်ပါဘူး။

အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က
သောတာပန်စတဲ့ အရိယာဘ၀နဲ့ လူမှုရေးရော
သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ
ဖြစ်သွားကြတဲ့သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။
အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊
အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။
စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။

ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆိုရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့
ဂုဏ်တော်ထဲမှာကိုကဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ
ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြင်း၊
ဝေဖန်ခံနိုင်ခြင်း၊
လုပ်နိုင်ရင်လုပ်နိုင်တဲ့အလျောက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ၀ိသေသဂုဏ်များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။
တစ်ချို့လူငယ်တွေဆိုရင်
ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ၀ိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက်
သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊
နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ
နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ
အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။

ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့
အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ
တွေ့ရတတ်ပါတယ်။

ဒါဟာ ငယ်ပေမယ့်
ဘာသာတရား အဆုံးအမတိုင်း
လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး
လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။

အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး သာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊
ဘာအားနည်းတယ်၊ညာအားနည်းတယ်ဆိုတဲ့ ယူဆချက်တွေဟာ
ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား
အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့
အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။

ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့
လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ
အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက
ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။

ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား
အထင်မှား အမြင်မှားနေတာတွေဟာ
ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊
တိုးပွားလာတဲ့ ကိလေသာတရားများ၊
လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့

ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ
သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ
ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား
မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Monday, January 6, 2014

ပါတော်မူခြင်း

graphical counterပါတော်မူခြင်း ဆိုတာသီပေါမင်း မဟုတ်ဘူး ။ စုဖုရားလတ် မဟုတ်ဘူး။ မှူးကြီးမတ်ရာတွေ မဟုတ်ပါဘူး ။ ဘာသာရေး ဆိုင်ရာ ရောနှော ယှက် တင်မှုတွေ ၊ သမိုင်းရေးရာ အထောက်အထားတွေ ပြာမှုန်အဖြစ်က ပြန် ရနိုင်တော့ပါဘူး။ အဖောက်ခံလိုက်ရတဲ့ ဘုရားစေတီ ဋ္ဌာပနာတွေ တိုင်း တပါး ပြတိုက်တွေမှာ နေရာယူထားဆဲ ။ မြေကြီးအောက် ရောက်သွားခဲ့ ရတဲ့ မြန်မာ့မြေပေါ်က ရှေးရှေး ရာဇဝင် အောင်မြေ ဌာနတွေ ပြန်ရှာဖွေ ဖို့ အချက်အလက်မှတ်တမ်းတွေ ပြန်မရနိုင်တော့ပါဘူး။ ပျက်စီးသွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ဒဏ္ဍာရီထဲ ပါးစပ်ရာဇဝင်ထဲ ရောက်သွား ခဲ့ရတဲ့ သမိုင်းကြောင်း ဆိုင်ရာ အဖြစ်အပျက်တွေ ပြန်လည် မနိုးထနိုင် သေးပါဘူး။
::::::: ဦး ယဉ်ကျေး ::::::: 21 hours ago ၁၂၄၇ တန်ဆောင်မုန်းတွင် မြန်မာနိုင်ငံ လုံးလုံးလျားလျားလွတ်လပ်ရေး ကို ဆုံးရှုံးရ၏ ။ ရှင်ဘုရင် သီပေါမင်း နှင့် မိဖုရား စုဖုရားလတ်တို့ကြောင့် ပေလား။ ကင်းဝန်မင်းကြီး ဦးကောင်း သစ္စာဖောက် ၍လော ။ ဤအခြေခံ အကြောင်းချက် လောက်နှင့်ပင် လွတ်လပ်ရေး ဆုံးရှုံးရသည်ဟု မဆိုသာ ပေ။ မင်းတုန်းမင်းကြီးလက်ထက်တော်မှအစပြုပြီး သားတော်အချင်းချင်း အာဏာလုမှု များမှသည် ၊ ညီတော် ကနောင်မင်းသားကို ဆုံးရှုံးရပြီး နိုင် ငံတော်ငြိမ်ဝပ်မှု ၊ စုစည်းမှု ရှိအောင် မဆောင်ရွက်နိုင်တော့ပါပဲ ရှင်ဘုရင် နတ်ရွာစံသော အခါတွင် သီပေါ မင်းသားကို နန်းတင်ရန် မှူးမတ်များ ညှိ နှိုင်းပြီးမှ ညီညွတ်တော့ မလိုလို နှင့် တဖြည်းဖြည်း မှူးမတ်နှစ်စုကွဲ ၊ ဝါဒ နှစ်မျိုးကွဲလာ ခဲ့လေ၏ ။ ပထမဝါဒမှာ ကင်းဝန် မင်းကြီးက ဦးဆောင်၏ ။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အောက်ပိုင်းကို ပိတ်ဆို့ထား၍ မင်းတုန်းမင်းကြီး လက်ထက်က ကဲ့သို့ပင် ကုလားဖြူ အင်္ဂလိပ်နှင့် သင့်မြတ်အောင် အရှည်မဟာမိတ်အဖြစ် ဖြစ်စေ မှသင့်မည်ဟု ယူဆပြီး - ဒုတိယ ဝါဒမှာ မိဖုရားခေါင်ကြီး နှင့် မယ်တော် ၊ တိုင်းတား မင်းကြီးတို့မှ ခေါင်းဆောင်ကာ ၊ ကုလားဖြူများ ၏ ပြည်တွင်းရေး စွက်ဖက်မှု များကို၊ မလိုလားပဲ ၊ အင်္ဂလိပ် နှင့် တိုက်ခိုက် ၊ ရပါကလည်း ခုခံမည်ဟုသဘော ထားရှိကြလေ၏ ။ ထိုသို့ ရတနာပုံနေပြည်တော်ကြီး၏ ဗဟိုအစိုးရတွင်ကား ဝါဒပဋိပက္ခ ကွဲ ပြားနေကြစဉ် သူ့လူ ၊ ငါ့လူရယ်လို့ ခွဲခြားနေခြင်းကြောင့် နိုင်ငံတော်၏ စီ ရင်အုပ်ချုပ်မှု ဆိုင်ရာများ အားနည်း ခဲ့ရပြီးတစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ် ထွေး လာခဲ့ပြီး နိုင်ငံတော် ဥပဒေ ခိုင်မာမှု မရှိသော အခါတွင် ဖြစ်လေ့ရှိ သော နိုင်ငံနယ်ပယ် နယ်စွန်များတွင် အဂတိများ ဖောင်းပွလျက် ဥပဒေ ကို မခန့်မညား ပြုပြီး ပုန်ကန်ထကြွ အကြမ်းဖက်မှုများ ပေါ်ပေါက် လာခဲ့ ကြသည် ။ သီပေါမင်း နန်းစံသက် ၅ နှစ်ခန့်အတွင်း ၁၂၄၅ ခုနှစ်တွင် နေပြည်တော် ၏ အနောက်ဖက်ဖြစ်သော စစ်ကိုင်း၊ ရွှေဘိုနယ်တို့တွင် ဓါးပြဗိုလ် ငလှဦး နှင့်၎င်း၏ညီများဖြစ်သော ငရွှေကုံ ၊ ငရွှေပွင့် ၊ ငကြာလှိုင်တို့မှ လွန်စွာဆိုး သွမ်းတိုက်ခိုက် လုယက် အကြမ်းဖက်ကြသည် ။ နေပြည်တော်၏အရှေ့ဘက်နှင့်တောင်ဘက်တခွင်ပင်တွင်လည်း မြို့စား ရွာစားတို့ မငြိမ်သက် ရှိရကား၊ မင်းတုန်းမင်းတရားကြီးလက်ထက်တော် တွင်သော မင်းညီမင်းသားများ နှင့် သီပေါမင်းသား ၊ နန်းတက်စဉ် ကအ လွတ်တိမ်း ခဲ့ကြသော မင်းသားတို့သည်မြို့ရွာစားများနှင့် အဆက်အဆံ ပြုပြီး ၊ အချို့မှာ အရှေ့ဘက်ရှိ ၊ မြို့ရွာစားများ နှင့် ပူးပေါင်းပြီး နေပြည် တော် သို့ပင်ဝင်ရောက်နှောက်ယှက်နေကြခြင်းကြောင့် ဗဟိုအုပ်ချုပ်ရေး မှာ အာရုံထွေပြားလျက်နိုင်ငံတော်၏ အစွန်အဖျားဖြစ်သောအောက်ပြည် ရွာ တို့မှ အထောက်တော်တို့ ၏ ၊ ကုလားဖြူတို့ရန်ုပြုနိုင်သည့် အစီရင်ခံ စာများ အဆက်မပြတ် ရောက်လာနေသော်လည်းပဲ အရာမထင်ခဲ့ပါချေ။ ဗိုလ်ချုပ် နောက်ဝင်းတော်မှူးမှ လွှတ်တော်သို့ လျှောက်သော အရေး တ ကြီးကြေး နန်းစာ ၊ ဘန်းယည်မြို့စား အမတ်မြို့စာရေး တို့မှ လွှတ်တော် လျှောက်လွှာ တင်သော အစီရင်ခံစာ ၊ တို့သည်ကား ဝါဒနှစ်ခု အားပြိုင်မှု နှင့် သူ့လူ အစိတ်သား ၊ ငါ့လူ ဆယ့် ငါးကျပ်သား စသဖြင့် အမျက်စောင် မာန်တို့ ကြားတွင် ဝါဒကွဲများလည်း ပြန်လည် စေ့စပ်၍ မရ ၊ မယောင်ရာ ဆီလူးနေသောဖော်လန် ဖားပြီး နန်းတွင်း အရေးတွင်ပြဿနာတစ်စုံတစ် ခု ဖြစ်လာပါက သူ့လူ ကိုယ့်လူ အပြစ်ပေးရေး လက်ညိုးထိုးရေးချောက် တွန်း နိုင်ရန်သာ အာရုံစိုက် နေကြပြီး သတိမမူ ဂူမမြင်ပဲ ၁၂၄၇ သို့တိုင်၊ ရောက်သောအခါ ကုလားဖြူ တို့ အရေးပိုင် (သံတမန်) သည် မြန်မာမင်း အား ခွင့် မတိုင်ကြားပဲ ရတနာပုံ မြို့တော်မှ ရုတ်တရက် ထွက်ခွာသွားရာ ပြည်သူများမှ ၊ အင်္ဂလိပ် မြန်မာ စစ်မက် ဖြစ်တော့မည် ဟု ထိတ်လန့်ကြ လျက် မြို့တော်မှ အစပြုပြီး နိုင်ငံတွင်း အရောင်း အဝယ် များ ပျက်ပြား၊ ရပ်တန့်သရွေ့ ပျက်ပြားပြီး တဖြည်းဖြည်း ချွတ်ခြုံကြလာလေတော့၏။ ထိုစဉ် မတိုင်မှီ ကတည်းက အင်္ဂလိပ် ကုလားဖြူ များသည် မြန်မာ နိုင်ငံ အောက်ပိုင်းသတင်းစာများနှင့် အင်္ဂလိပ်မင်းပိုင် အင်္ဂလန်နှင့်အိန္ဒိယနိုင်ငံ ရှိ သတင်းစာများမှ မြန်မာမင်း ၏ မကောင်းသည့် သတင်းများ ၊ မြန်မာ ပြည်အောက်ပိုင်း ဟံသာဝတီ ၊ ရန်ကုန်ရှိကုန်သည်အသင်းများမှ မြန်မာ မင်း အုပ်ချုပ်ပုံ ညံ့ဖျင်းပြီး ၊ ယဉ်ကျေးသော လူမျိုးတို့၏ အုပ်ချုပ်ခြင်းမျိုး မဟုတ် ပါပဲ ၊ ပဋိပက္ခ များသော မြန်မာ အစိုးရအား ဖြုတ်ချပြီး အထက် မြန်မာပြည်ကိုလည်း အင်္ဂလိပ်မင်းသိမ်းယူမှ သာလျင် ဖြစ်ချေတော့မည်၊ ဟူသော သဘောမျိုး သက်ရောက်သည့်၊ အစည်းအဝေးများ ပြုလုပ်ကြ ပြီးလျင် ဆုံးဖြတ်ချက် များအား ကုလားဖြူ အင်္ဂလိပ်မင်း ထောက်ခံမှုဖြင့် အတည်ပြု ကြလေ၏ ။ ထိုအချိန်နှင့်တပြိုင်နက် အနောက်ဘက် အရပ် ရွှေဘို ၌ထကြွ နေသော ဓါးပြတို့သည် ပိုမို အင်အားကောင်း လာကြပြီး ၊ နေပြည်တော်နှင့် မနီးမ ဝေး မတ္တရာ ၊ အုတ်ဖို စသည့် အရပ်များ အထိပင် ဝင်ရောက် နေရာယူ လာလျက် တိုက်ခိုက်မှု ပြုလာလေသည် ။ ထိုကဲ့သို့ အဖက်ဖက်မှ ဝိုင်းရံ လာသော ဖိအား ပြဿနာတို့ကို ကြုံတွေ့လာရသော အခါတွင် အပြင်ပ ရန်ကို ခဏထားပြီး အတွင်းရန် ဖြစ်သော ဓါးပြတို့အား ဖြေရှင်းရန် ဗဟို အစိုးရမှ မှူးမတ် အဖွဲ့သည် အသင့်ဆုံး ၊ လူကို မဲပေး ရွေးချယ်ကြပြီး ၊ စစ်ကိုင်း ၊ ရွှေဘို ဘက်သို့ အာဏာကုန် ပေးပြီး စေလွှတ်ရ လေသည် ။ အရွေးခံရသူကား လှေသင်း အတွင်းဝန် စလေမြို့စားဖြစ်၏ ။ စလေမြို့စားလည်း လက်နက် လူသူ အပြည့်အစုံနှင့် ဓါးပြများ သောင်း ကျန်းနေသော အနောက်ဖက် သို့ အထောက်တော် လွှတ် စုံစမ်း စေရာ ဓါးပြများမှာ နောက်လိုက် အင်အားများပြားလှပြီးနယ်မြေ ကျယ်ဝန်းလှ သည့် အပြင် ၎င်းတို့ ကျင်လည် ရာတွင် တော တောင် ထူထပ်လှသည် ကြောင့် လက်နက်ဖြင့် နှိပ်ကွပ်ရန်ကားမတတ်နိင် ဖြစ်ရသည်တွင် နှလုံး ရည်ဖြင့် သိမ်းသွင်းမှ ဖြစ်ချေမည်ဟု နှိုင်းချိန် ကြံဆပြီးလျှင် ဓါးပြဟူသ မျှသည်လက်နက်ချဝင်ရောက်၍ နောင်သောအခါကောင်းမွန်စွာနေထိုင် ပါမည်ကြောင်း ခံဝန်ပြုလျှင်ပြစ်ဒဏ် တစ်စုံတစ်ရာ မရစေရ။ ချွင်းချက် မရှိ လွတ်ကင်းစေမည် ဟု ကြေငြာသော အခါတွင် ၊ ဓါးပြ ၂၀၀၀ကျော် သည်လက်နက်ချလေ၏ ။ လက်နက်ချဝင်ရောက် လာသူများအား ကြေ ငြာချက်အတိုင်း မည်သည့်ပြစ်ဒဏ်မျှမပေးပဲ လက်ဝဲ လက်မောင်း၌ (မ ဆိုးနှင့်)၊ လက်ယာ လက်မောင်း၌ (သတိထား)ဟု ဆေးမှင် ထိုးပြီး ဤ တစ်ကြိမ်တွင် အပြစ်မှ ချမ်းသာခွင့် ပေးပြီး နောင်သောအခါ ထပ်မံကျူး လွန်ပါက လုံးဝသက်ညှာခြင်း အလျင်းမရှိ ကြီးစွာသော အပြစ် ဒါဏ်ကို ပေးမည်ဟု၍ သတိပေး စကား ဆိုပြီး လွှတ်လေသည် ။ သို့သော်လည်း ထို စီမံချက်အရ အနည်းငယ် ငြိမ်သက် သွားသာလို ရှိခဲ့ သော်လည်း ဓါးပြဗိုလ် ငလှဦးမှာ ၊ စစ်ကိုင်းတွင် ဆက်လက် ဆိုးသွမ်းမြဲ ဆိုးသွမ်းလျက် ၊ သီပေါမင်း နန်းကျပြီး တစ်နှစ် ခန့်တွင် မှသာ သေလေ သောကြောင့် စီမံချက်မှာ အောင်မြင်ခြင်းမရှိကြောင်းပေါ်လွင်ပေ၏ ။ ထိုကဲ့သို့ မြန်မာမင်း အစိုးရ ၏ အတွင်းရေး အခက်အခဲများတွင် အထူး အားနည်း နေကြောင်းကို ကုလားဖြူ အထောက်တော်များမှတဆင့် ကု လားဖြူတို့ သိလေလေ အင်္ဂလိပ်ပိုင် နိုင်ငံများတွင် မြန်မာ အစိုးရ၏ ညံ့ ဖျင်းမှု များကို ပိုပိုသာသာ ဝေဝေဆာဆာ ဖော်ပြ နေကြပြီး မယဉ်ကျေး သောလူမျိုးများဟု ဝါဒဖြန့်မှုများကို ပြင်းပြင်း ထန်ထန် ပြုလုပ်ပြီး သိမ်း ပိုက်မှသာ သင့်မည်ဟု ဇောင်းပေး ဖော်ပြမှုများ လာခဲ့သည် ။ ၁၈၈၅ (၁၂၄၇) တွင် ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ် အတွင်းမှာ မေဂျာ စစ်ဗိုလ် တစ်ဦးအဖြစ် လိုက်ပါလာခဲ့ဖူးသာ" လော်ရီ "ဆိုသူမှ ( မြန်မာ နိုင်ငံနှင့် ကျွန်ုပ်တို့အဆက်အဆံ) ဆိုသော ဝါဒဖြန့်စာအုပ်ကိုရေးသား ထုတ်ဝေပြီး ထိုစာအုပ်တွင်အင်္ဂလိပ်တို့ ကြီးစိုးနေသော အောက်မြန်မာ ပြည်၌ ပိုမိုပြီး ကောင်းစားပုံ ၊ မြန်မာမင်းအုပ်ချုပ်သော အထက်မြန်မာ ပြည်တွင်ကားဆုတ်ယုတ်လာပြီး မြန်မာမင်း အုပ်ချုပ်ပုံသည် ရက်စက် ရမ်းကားကြောင်း၊ မြန်မာပြည်သည် သဘာဝအရင်းအမြစ်များပေါများ ကြွယ်ဝကြောင်းတို့ကို ပုံဖော်ရေးသလိုဖြင့် သီပေါမင်း နန်းတက်စတွင် နန်းတွင်းအရှုပ်တော်ပုံများ၌ သွေးမြေကျမှုများကို အစပြုပြီးထိုစာအုပ် ရေးသားသော အချိန်ထိ အဖြစ်သနှစ်များကို ရစရာပင်မရှိလေအောင် နှိမ့်ချ ပုတ်ခတ်ရေးသားကာ ဝါဒဖြန့်ထားလေ၏ ။ မြန်မာမင်း မှာလည်း အတွင်းရေး များနှင့်သာ အချိန်ကုန် ပြီးလျှင် နှစ် ဖက် ဝါဒပြိုင်မှုများနှင့် ၊ စည်းလုံးမှုမဲ့နေခိုက် အင်္ဂလိပ် ပိုင်နက်မှ အလို တော်ရိ များသည် အထက် မြန်မာပြည်သည် မူလဘူတ မြေရှင်သနင်း ဖြစ်မှုကိုအလေးမမူပါပဲ ထင်ရာပြော ၊ ထင်ရာရေး လုပ်နေ ကြပြီးလျှင် နောက်ဆုံး ၌ လွန်ကဲစွာပင် ၊ အင်္ဂလိပ်မင်း ပိုင်နက် အတွင်းရှိ ကုလား ကုန်သည်များနှင့် အလိုတော်ရိ တို့မှ ငွေကြေးအားဖြင့် ကုမ္မဏီ တစ်ခု ဖွဲ့ပြီး အထက်မြန်မာပြည်ကို တက်ရောက် သိမ်းယူရန် အကြံကို ပြုပြီး ၁၈၈၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊၂၅ ရက်နေ့ထုတ် ကာလကတ္တား ထုတ် (စတိတ်စ်မင်း)သတင်းစာတွင် အောက်ပါကြော်ငြာစာကို အတိအလင်း ထည့်သွင်း ကြေငြာလေတော့သည် ။ *** ဓါးပြ နိဗ္ဗာန် (ကြေငြာစာ) အထက်မြန်မာပြည် သိမ်ယူရေး ကုမ္ဗဏီလီမိတက် ငွေရင်း ၃ ၀၀ ၀၀၀ ။ ရှယ်ယာပေါင်း ၆၀ ၊ တရှယ်ယာလျှင် ၅၀၀၀ ကျ ။ အထက် မြန်မာနိုင်ငံမှာ ဆူပူသောင်းကျန်း ၊ တိုင်းပြည် ပရမ်းပဋာ ဖြစ် နေသဖြင့် ကူးသန်းရောင်းဝယ်ရေးမှာလုံးဝရပ်စဲသလောက်ရှိနေသည်။ နယ်ခြားတောင်းဘက်ရှိ ဗြိတိသျှအစိုးရ မှလည်း ပျော့ညံ့သလို လုပ်နေ ၍ ကူးသန်း ရောင်းဝယ်ရေးမှု ၊ အခွင့်အလမ်းများကို ကာကွယ်ပေးနိုင် ပုံ မပေါ်ချေ။ ထို့ကြောင့် ဆင်ဒီကိတ် တစ်ခုဖွဲ့စည်းရသည်။ ထိုအဖွဲ့၏ ရည်ရွယ်ချက်မှာ အင်းဝနိုင်ငံတော်ကို ငြိမ်သက်အောင်ပြုလုပ်ပြီးသည့် နောက် ဥရောပတိုက်သားတို့၏ အကျိုးကို ကာကွယ် စောင့်ရှောက်ရုံမျှ သာ မဟုတ်ပဲ ၊ အတိုင်းတိုင်း အပြည်ပြည်မှ လာရောက် ကြသော ကုန် သည်တို့အား လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားနိုင်အောင် ဆောင် ရွက်ပေးပါမည်ဟု တာဝန်ယူနိုင်သော အစိုးရသစ်တစ်ခုကိုဖွဲ့စည်းတင် မြှောက်ထားရန် ဖြစ်သည်။ အထက်မြန်မာနိုင်ငံ၌ ယခုအုပ်စိုးနေသော သူများသည် ၊ လူထု၏ ကြည်ညို လေးစားခြင်းကို မခံရ ။ ဧရာဝတီမြစ် အထက်ပိုင်းတွင် လက်ရုံးအင်းအားအထောက်အခံနှင့် ဆောင်ရွက်ပေး မည့်သူ ပေါ်လာပါမူကား လူထုသည်၎င်းတို့အား ထိုမျှကြာရှည်စွာ ဒုက္ခ ပေးနေသူများကို ထကြွ တွန်းလှန်၍အယုတ် ၊ အလတ် ၊ အမြတ် မရွေး မိမိတို့၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ်လျက် ၊ မိမိတို့ ရ မည့်အစိုးရသစ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံကြလိမ့်မည်ဖြစ်ကြောင်း။ ထို့ကြောင့် - ရှေးဦးစွာ ငွေတစ်သိန်း (သို့) တစ်သိန်းထက် ပိုလျှင်လိုသ လောက်စိုက်ထုတ်ပြီး အိန္ဒိယရေတပ်မှ ယခုထိအသုံးမချပဲ ထားခဲ့သော အမြောက်တင်သင်္ဘော(ဧရာဝတီ)ကိုဝယ်ယူမည်။ ထို သင်္ဘောအတွက် သတ္တိကောင်းသော ဥရောပ တိုက်သား သင်္ဘောသား အလုံအလောက် ခန့်ထားမည်။ (သင်္ဘောသားဦးရေ မည်မျှရရှိနိုင်မည်ကို ယခုဆိပ်ကမ်း တွင် ကပ်ထား၍ အဌားမရှိသာ သင်္ဘောသားများမှ သိနိုင်သည် ။) ဤ သို့ ဌားရမ်းပြီးတွင် ကုမ္မဏီမှ ခန့်ထားသော အရာရှိများ ပါရှိမည် ။ ၎င်း အရာရှိများကို ယခု လက်ရှိ အထက် မြန်မာပြည် အစိုးရ ထံမှ အာဏာ ကုန် လွှဲအပ်မည် ။ အင်းဝမင်းသည် အသျှင်ဧကရီ ဘုရင်မကြီး နှင့် မဟာမိတ် ဖြစ်သည်ဟု မည်သည့် နည်းနှင့်မှ မယူဆနိုင် ။ ထို့ကြောင့် ယခု ကုမ္မဏီမှ ရည်မှန်း ချက် များကို ပြုလုပ် ဆောင်ရွက် ရာ၌ နိုင်ငံခြား ဥပဒေကို သော်လည်း ကောင်း ၊ အင်္ဂလိပ်မင်း ၏ သစ္စာတော်ကို လည်းကောင်း ထိခိုက်ခြင်းရှိ မည်မဟုတ်ကြောင်း။ အုပ်ချုပ်ပုံ အစိုးရမှာ သမ္မတ အစိုးရမျိုး ဖြစ်စေ၍ အခြေအနေအရ ပြုပြင် ပြောင်းလဲသွားရမည်။ သို့သော်လည်း တိုင်းသူ ပြည်သားတို့မှာ နှစ်ပါင်းများစွာ ၊ အနှိပ်ကွပ်ခံ လာခဲ့ ရသူများ ဖြစ်ခဲ့လေ ခြင်းကြောင့် ၊ လွတ်လပ်ရေး သဘောကို လုံးဝ ဥဿုံ ခံယူ နိုင်ကြမည် မဟုတ်သည့် အပြင် လွတ်လပ်ရေးမှ ရအပ်သာ အခွင့်အရေးများ တို့ကိုလည်း ဆောင်ရွက် နိုင်ကြဦးမည် မဟုတ်ချေ။ ထို့ကြောင့်အထက်တန်း တာဝန်ခံ ရာထူးကြီး များကိုလည်း ရှေးဦးစွာ ဥရောပ တိုက်သားများကို ခန့်ထားရမည် ။ တတ်ကျွမ်း နားလည်သော မြန်မာ ကိုယ်စားလှယ် လူကြီးများကိုလည်း ပါဝင်ဆောင်ရွက်စေမည် ။ ဤ ကုမ္မဏီကို စတင်တည်ထောင်သူများက ထင်ရှားသော အမေရိကန် တရားရေးတတ် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ခေါ်ယူ စီမံထားပြီးဖြစ်သည်။အဆိုပါပုဂ္ဂိုလ်ကြီးနှစ်ဦးမှ တရားရုံးတော်နှင့်တရား စီရင်ရေးများကို စီစဉ်ပေးမည်ဖြစ်ရာ ကြားဖြတ်အစိုးရမှာ တရားစီရင်မှု များ၌ တိုင်းရင်းသားတရားသူကြီးများနှင့် ခွဲ၍မရနိုင်သောအဂတိလိုက် စားမှုများကိုရှောင်ရှားနိုင်မည့်အပြင်ကမ္ဘာ့အရှေ့ပိုင်းရှိ အင်္ဂလိပ်တရား ရုံးတော်များ၏ တရားကို ရက်ရှည် ဆွဲခြင်း ၊ သမာဓိကင်းမဲ့ခြင်း ၊ လွတ် လပ်စွာ စီရင်ပိုင်ခွင့်မရခြင်းစသော အပြစ်အနာအဆာများမှ ကင်းလွတ် ပေလိမ့်မည် ။ ကုမ္မဏီကို တည်ထောင်သူတို့၏ ဆန္ဒမှာ ရအံ့သော အမြတ်ကြီးများနှင့် အတူ အထူးအခွင့်အရေးများကို ကုမ္ဗဏီ ရှယ်ယာဝင်သူများ ခံစားခွင့်ရ စေလို၍ မဟုတ်ချေ ။ ယခု စိုးစံနေသော ဘုရင်လက်ထက်၌ဖြစ်ပွားနေ သော ရက်စက် ကြမ်းကြုတ်မှုများ ရပ်စဲ စေခြင်း ၊ ရောင်း ဝယ်ခြင်း ကို အကာအကွယ် ပေးခြင်း ၊ မတရား - အခွန် အတုပ်များ ကောက်ခံခြင်း၊ တရားသဖြင့် ရောင်းဝယ် ဖောက်ကားခြင်းကို အားပေးခြင်းဖြင့် ၊အရှေ့ ပိုင်း ကူးသန်း ရောင်းဝယ်ရေးကို တိုးပွားစေလိုသူတို့သည် အရင်းအနှီး စိုက်ထုတ်လုပ်ကိုင်ရန် အားတက် လာကြပေလိမ့်မည် ဟု ယုံကြည်မိပါ ကြောင်း ။ သို့သော် ကုမ္မဏီက ဆောင်ရွက်ပေးခဲ့သည့် ၊ အလုပ်အတွက် ကုမ္မဏီ အား မြေရိုင်းအချို့ နှင့် သစ်တောအချို့ကိုပေးရလိမ့်မည် ။ ထိုမြေများ ကို ရောင်းချခြင်းဖြင့် ကုမ္မဏီက စိုက်ထုတ်ထားခဲ့ရသော ငွေ အတွက် အမြတ်အတော်အတန်ရရှိလိမ့်မည်ဟု ခန့်မှန်းရပေသည် ။ ပြုပြင် ထူထောင်ရေး လုပ်ငန်းကြီး ပြီးမြောက်၍ တိုင်းသူပြည်သား တို့ သည် သမ္မတနိုင်ငံတော်သစ်၏ အကျိုး ကျေးဇူးများကို ခံယူ နိုင်သည့် အချိန်တွင် ကုမ္မဏီက မိမိ ထမ်းရွက်ရသော တာဝန်များကိုလက်လွှတ် ပြီး လွတ်လပ်စွာ ရောင်းဝယ်ရေးနှင့်ပင် ကျေနပ်ရပေလိမ့်မည်။ ထို စီမံ ကိန်းကို တည်ထောင် ကမကထ ပြုသူ တို့၏ အမည်များကို ထုတ်ဖော် ကြေငြာရန်မသင့်တော်သေးသည့်အလျောက်အမည်နာမများကို ထုတ် ဖော် ကြေငြာခြင်း မပြုသေးသော်လည်းရှယ်ယာဝင်လိုသူတို့သည် ရန် ကုန်မြို့ စာပို့တိုက်ကြီး(ဘီစီ)ထံတွင် စုံစမ်းနိုင်ပါကြောင်း ။ မှတ်ချက် ။ ။ ရှယ်ယာတွက် ငွေကို တစ်ကြိမ်တည်း အပြေသွင်းရမည် ဖြစ် သောကြောင့် ဓနရှင် များသာလျှင် ၊ လျှောက်ထား ကြရပါမည့် အ ကြောင်း ။ ရန်ကုန်မြို့ ၊ ၁၈၈၅ ခု ၊ ဖေဖော်ဝါရီလ ၊ ၁၇ ရက်နေ့ (ကြော်ငြာစာ) ထိုကဲ့သို့ ယုတ်မာ ပက်စက်သော စီမံဖန်တီးမှုများနှင့် အင်္ဂလိပ်ပိုင်နက် များတွင်ပေါ်ပေါ်တင်တင် အချက်ပေး နေခဲ့သော်လည်း မြန်မာမင်း၏ နန်းတွင်း၌ စိတ်ဝမ်းကွဲပြီးရင်းကွဲအဆိုးဆုံးအနေအထားဖြင့် ပြည်တွင်း ရေး ရှုပ်ထွေးနေကာ အားအင်များသည် ကုန်ခမ်းလာခဲ့ရပြီး မည်သူက မည်မျှပင် စော်ကား သမှုပြုနေ သော်ငြားလည်း မသိကျိုးကျွန်ပြု တစုံ တရာ အရေးယူ နိုင်ခြင်း မရှိပါပဲ နောက်ဆုံးတွင် ဘုံဘေဘားမားသစ် ခိုးမှုကြီးကို အကြောင်းပြလျက် ကိုလိုနီ လက်အောက်သို့ သက်ဆင်းခဲ့ ရလေတော့သည် ။ သီပေါမင်း ရတနာဂီရိသို့ ပါတော်မူပြီး ရတနာဂီရိ ၌တွင်ပင် (၁၉၁၇ )ခု နှစ်တွင် နတ်ရွာစံ လွန်တော်မူ၏ ။ မိဖုရားခေါင်ကြီး စုဖုရားလတ် သည် သီပေါမင်း နတ်ရွာစံပြီးနောက် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသော် လည်း ၊ ဇာတိမြေ မန္တလေးရတနာပုံနေပြည်တော်သို့ တစ်ခါတစ်ခေါက် မျှ မရောက်ခဲ့ရတော့ပါပဲ ၊ ချာချီလမ်း စံအိမ်တော်တွင် အင်္ဂလိပ်တို့ ပေး ထားသော ရိက္ခာငွေ မလုံမလောက်နှင့် ဆင်းရဲစွာ စံတော်မူပြီး ဘဝချုပ် ငြိမ်းခဲ့ရ၏ ။ နာမည်ကျော် ကင်းဝန်မင်းကြီးမှာ တိုင်ပြည် ပျက်စတွင် အင်္ဂလိပ် တို့၏ အချီးအမြှောက်ကို အနည်းငယ်ခံစားလိုက်ရသော်လည်း မင်းကြီးသက် တော်ရှည်ရာထူးဌာနန္တရ တို့ကိုကားမည်သည့်အခါမျှပြန်လည်မရောက်၊ ကုလားဖြူမင်း ပေးသော တစ်နှစ်ရိက္ခာတော်ငွေ ၉၀၀၀ မျှနှင့် ၁၉၀၈ ခု ဇွန်လ ၃၀ ရက်နေ့ အသက် ၈၆ နှစ်တွင် အနိစ္စရောက်လေ၏ ။ တိုင်းတာမင်းကြီးမှာ သီပေါမင်းပါတော်မူပြီးစ မန္တလေးလွှတ်တော်တွင် ကာနယ်စလေဒင်ဥက္ကဋ္ဌ ပြုလုပ်သော အုပ်ချုပ်ရေးအဖွဲ့တွင် ခေတ္တဝင် ရောက်ဆောင်ရွက်နေရာမှ ဘားနဒ်မင်းကြီး အမိန့်ဖြင့် ဖမ်းဆီးပြီး အိန္ဒိ ယပြည် ကလက္ကတ္တားမြို့သို့ ပို့ဆောင်ခြင်းခံရကာ ၊ ၎င်းနောက်ရန်ကုန် မြို့သို့ ပြန်ပို့၍ ကုလားဖြူ ပင်စင်လစာတစ်နှစ် ၃၀၀၀ သာရပြီးနောက် ၁၈၉၆ ခုနှစ် ၊ မေလတွင် ကွယ်လွန်ခဲ့လေသည် ။ ဓါးပြဗိုလ် ငလှဦးသည် ၁၈၈၇ ခု ၊ ဧပြီလတွင် ၎င်း၏နောက်လိုက်ငယ် သားများကပင်သတ်ဖြတ်ခြင်းကို ခံရပြီး မိုက်ဇာတ်သိမ်းလေသည် ။ နိုင်ငံတော် အရှေ့တခွင် တပြင်မှ ထကြွသောင်းကျန်းကြသော မြို့စား နယ်စားများသည်လည်း အချင်းချင်း သတ်ဖြတ် နေကြရာမှ ၊ အင်္ဂလိပ် လက်အောက်သို့ ကြရောက်ကြပြီးလျှင် အချို့မှာ အသက်စည်းစိမ် စွန့် ခွာကြရလေသည် ။ ထို အကြောင်းအရာ တို့သည်ကား ၁၂၄၇(၁၈၈၅) မြန်မာနိုင်ငံသည် လူမျိုးခြားတို့၏ ထိန်းချုပ်မှုအောက်သို့ ခြွင်းချက်များ စွာဖြင့် ရောက်ရှိသွားရခြင်း များပင်တည်း ။ ပါတော်မူခြင်း ဆိုတာသီပေါမင်း မဟုတ်ဘူး ။ စုဖုရားလတ် မဟုတ်ဘူး။ မှူးကြီးမတ်ရာတွေ မဟုတ်ပါဘူး ။ ဘာသာရေး ဆိုင်ရာ ရောနှော ယှက် တင်မှုတွေ ၊ သမိုင်းရေးရာ အထောက်အထားတွေ ပြာမှုန်အဖြစ်က ပြန် ရနိုင်တော့ပါဘူး။ အဖောက်ခံလိုက်ရတဲ့ ဘုရားစေတီ ဋ္ဌာပနာတွေ တိုင်း တပါး ပြတိုက်တွေမှာ နေရာယူထားဆဲ ။ မြေကြီးအောက် ရောက်သွားခဲ့ ရတဲ့ မြန်မာ့မြေပေါ်က ရှေးရှေး ရာဇဝင် အောင်မြေ ဌာနတွေ ပြန်ရှာဖွေ ဖို့ အချက်အလက်မှတ်တမ်းတွေ ပြန်မရနိုင်တော့ပါဘူး။ ပျက်စီးသွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ဒဏ္ဍာရီထဲ ပါးစပ်ရာဇဝင်ထဲ ရောက်သွား ခဲ့ရတဲ့ သမိုင်းကြောင်း ဆိုင်ရာ အဖြစ်အပျက်တွေ ပြန်လည် မနိုးထနိုင် သေးပါဘူး။ မြန်မာ့လူမျိုးစုများ အရင်းအမြစ် လူသား ဆိုင်ရာ ဖြစ်တည် မှုတွေ ရောထွေးခံနေရဆဲ ။ အချုပ် အခြာ အာဏာနှင့် တကွ ကျွန်ုပ်တို့ မျိုးနွယ်တွေရဲ့သမိုင်းကြောင်းကောင်း ခဲ့တဲ့ ရာဇဝင်တွေ ၊ ဂုဏ် သိက္ခာ တွေ ၊ လူမျိုး ဂုဏ် ဇာတိ ဂုဏ်တွေ ၊ ကိုယ့်ကျင့် တရား ၊ စာရိတ္တ တွေ ၊ သစ္စာတရားတွေ ဒါတွေ ပြန်လည်နိုးကြားပြီး အမိုက်နောင်တ တွင်းဆုံး ကျ နေတဲ့ စိတ်ဓါတ်တွေကို တစ်ခုချင်း ပြန်လည် ဆယ်ယူ နေခဲ့ကြတာ ယခုထိအလျင်လို မိစုံ ဖစုံ အင်္ဂါမစုံသေးဘူး။ အနာမကျက် ကြသေးဘူး ဆိုတာတော့ အမှန်ပဲ ။ ဒီလို လွယ်လင့်တကူ ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးကို အသက်သွေးချွေးပေါင်းများစွာနှင့် ပြန်လည်ရယူခဲ့ရတာ ရာစုနှစ် တစ် ခုနီးပါး ကြာမြင့်ခဲ့ရတယ် ။ မျက်ရည်တွေ ပင်လယ်ဝေခဲ့ရတယ် ။ ဒါကို သမိုင်းစာမျက်နှာ အပေါ်မှာပဲ ပုပ်သိုးသွာ ရအောင် ထားသင့်တဲ့ အရာ တွေ မဟုတ်ဘူးဆိုတာ သေချာ စွဲမြဲစွာ မှတ်သားထားပြီး ၊ ယခင် သူရဲ ကောင်း အာဇာနည်တွေ ပြန်လည် ရယူပေးခဲ့တဲ့ တိုင်းပြည် လွတ်လပ် ရေးကို တန်ဖိုးထား မြတ်နိုး ထားသင့်ပြီး ကိုယ့် တိုင်းပြည်ကို ချစ်မြတ် နိုးတဲ့ နောက်ထပ်မျိုး ဆက်သစ် အာဇာနည် သူရဲကောင်းများ မွေးဖွား ရှင်သန် ရပ်တည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ။ ဦးယဉ်ကျေး ။ ။ ၄ ၊ ၄ ၊ ၂၀၁၄ ။ ၆၆ နှစ်မြောက် မြန်မာနိုင်ငံတော် လွတ်လပ်ရေးနေ့