ပါတော်မူခြင်း
ဆိုတာသီပေါမင်း မဟုတ်ဘူး ။ စုဖုရားလတ် မဟုတ်ဘူး။ မှူးကြီးမတ်ရာတွေ
မဟုတ်ပါဘူး ။ ဘာသာရေး ဆိုင်ရာ ရောနှော ယှက် တင်မှုတွေ ၊ သမိုင်းရေးရာ
အထောက်အထားတွေ ပြာမှုန်အဖြစ်က ပြန် ရနိုင်တော့ပါဘူး။ အဖောက်ခံလိုက်ရတဲ့
ဘုရားစေတီ ဋ္ဌာပနာတွေ တိုင်း တပါး ပြတိုက်တွေမှာ နေရာယူထားဆဲ ။
မြေကြီးအောက် ရောက်သွားခဲ့ ရတဲ့ မြန်မာ့မြေပေါ်က ရှေးရှေး ရာဇဝင် အောင်မြေ
ဌာနတွေ ပြန်ရှာဖွေ ဖို့ အချက်အလက်မှတ်တမ်းတွေ ပြန်မရနိုင်တော့ပါဘူး။
ပျက်စီးသွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ဒဏ္ဍာရီထဲ ပါးစပ်ရာဇဝင်ထဲ ရောက်သွား
ခဲ့ရတဲ့ သမိုင်းကြောင်း ဆိုင်ရာ အဖြစ်အပျက်တွေ ပြန်လည် မနိုးထနိုင်
သေးပါဘူး။
::::::: ဦး ယဉ်ကျေး :::::::
21 hours ago
၁၂၄၇ တန်ဆောင်မုန်းတွင် မြန်မာနိုင်ငံ လုံးလုံးလျားလျားလွတ်လပ်ရေး
ကို ဆုံးရှုံးရ၏ ။ ရှင်ဘုရင် သီပေါမင်း နှင့် မိဖုရား စုဖုရားလတ်တို့ကြောင့်
ပေလား။ ကင်းဝန်မင်းကြီး ဦးကောင်း သစ္စာဖောက် ၍လော ။ ဤအခြေခံ
အကြောင်းချက် လောက်နှင့်ပင် လွတ်လပ်ရေး ဆုံးရှုံးရသည်ဟု မဆိုသာ
ပေ။ မင်းတုန်းမင်းကြီးလက်ထက်တော်မှအစပြုပြီး သားတော်အချင်းချင်း
အာဏာလုမှု များမှသည် ၊ ညီတော် ကနောင်မင်းသားကို ဆုံးရှုံးရပြီး နိုင်
ငံတော်ငြိမ်ဝပ်မှု ၊ စုစည်းမှု ရှိအောင် မဆောင်ရွက်နိုင်တော့ပါပဲ ရှင်ဘုရင်
နတ်ရွာစံသော အခါတွင် သီပေါ မင်းသားကို နန်းတင်ရန် မှူးမတ်များ ညှိ
နှိုင်းပြီးမှ ညီညွတ်တော့ မလိုလို နှင့် တဖြည်းဖြည်း မှူးမတ်နှစ်စုကွဲ ၊ ဝါဒ
နှစ်မျိုးကွဲလာ ခဲ့လေ၏ ။
ပထမဝါဒမှာ ကင်းဝန် မင်းကြီးက ဦးဆောင်၏ ။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံ
အောက်ပိုင်းကို ပိတ်ဆို့ထား၍ မင်းတုန်းမင်းကြီး လက်ထက်က ကဲ့သို့ပင်
ကုလားဖြူ အင်္ဂလိပ်နှင့် သင့်မြတ်အောင် အရှည်မဟာမိတ်အဖြစ် ဖြစ်စေ
မှသင့်မည်ဟု ယူဆပြီး -
ဒုတိယ ဝါဒမှာ မိဖုရားခေါင်ကြီး နှင့် မယ်တော် ၊ တိုင်းတား မင်းကြီးတို့မှ
ခေါင်းဆောင်ကာ ၊ ကုလားဖြူများ ၏ ပြည်တွင်းရေး စွက်ဖက်မှု များကို၊
မလိုလားပဲ ၊ အင်္ဂလိပ် နှင့် တိုက်ခိုက် ၊ ရပါကလည်း ခုခံမည်ဟုသဘော
ထားရှိကြလေ၏ ။
ထိုသို့ ရတနာပုံနေပြည်တော်ကြီး၏ ဗဟိုအစိုးရတွင်ကား ဝါဒပဋိပက္ခ ကွဲ
ပြားနေကြစဉ် သူ့လူ ၊ ငါ့လူရယ်လို့ ခွဲခြားနေခြင်းကြောင့် နိုင်ငံတော်၏ စီ
ရင်အုပ်ချုပ်မှု ဆိုင်ရာများ အားနည်း ခဲ့ရပြီးတစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ်
ထွေး လာခဲ့ပြီး နိုင်ငံတော် ဥပဒေ ခိုင်မာမှု မရှိသော အခါတွင် ဖြစ်လေ့ရှိ
သော နိုင်ငံနယ်ပယ် နယ်စွန်များတွင် အဂတိများ ဖောင်းပွလျက် ဥပဒေ
ကို မခန့်မညား ပြုပြီး ပုန်ကန်ထကြွ အကြမ်းဖက်မှုများ ပေါ်ပေါက် လာခဲ့
ကြသည် ။
သီပေါမင်း နန်းစံသက် ၅ နှစ်ခန့်အတွင်း ၁၂၄၅ ခုနှစ်တွင် နေပြည်တော်
၏ အနောက်ဖက်ဖြစ်သော စစ်ကိုင်း၊ ရွှေဘိုနယ်တို့တွင် ဓါးပြဗိုလ် ငလှဦး
နှင့်၎င်း၏ညီများဖြစ်သော ငရွှေကုံ ၊ ငရွှေပွင့် ၊ ငကြာလှိုင်တို့မှ လွန်စွာဆိုး
သွမ်းတိုက်ခိုက် လုယက် အကြမ်းဖက်ကြသည် ။
နေပြည်တော်၏အရှေ့ဘက်နှင့်တောင်ဘက်တခွင်ပင်တွင်လည်း မြို့စား
ရွာစားတို့ မငြိမ်သက် ရှိရကား၊ မင်းတုန်းမင်းတရားကြီးလက်ထက်တော်
တွင်သော မင်းညီမင်းသားများ နှင့် သီပေါမင်းသား ၊ နန်းတက်စဉ် ကအ
လွတ်တိမ်း ခဲ့ကြသော မင်းသားတို့သည်မြို့ရွာစားများနှင့် အဆက်အဆံ
ပြုပြီး ၊ အချို့မှာ အရှေ့ဘက်ရှိ ၊ မြို့ရွာစားများ နှင့် ပူးပေါင်းပြီး နေပြည်
တော် သို့ပင်ဝင်ရောက်နှောက်ယှက်နေကြခြင်းကြောင့် ဗဟိုအုပ်ချုပ်ရေး
မှာ အာရုံထွေပြားလျက်နိုင်ငံတော်၏ အစွန်အဖျားဖြစ်သောအောက်ပြည်
ရွာ တို့မှ အထောက်တော်တို့ ၏ ၊ ကုလားဖြူတို့ရန်ုပြုနိုင်သည့် အစီရင်ခံ
စာများ အဆက်မပြတ် ရောက်လာနေသော်လည်းပဲ အရာမထင်ခဲ့ပါချေ။
ဗိုလ်ချုပ် နောက်ဝင်းတော်မှူးမှ လွှတ်တော်သို့ လျှောက်သော အရေး တ
ကြီးကြေး နန်းစာ ၊ ဘန်းယည်မြို့စား အမတ်မြို့စာရေး တို့မှ လွှတ်တော်
လျှောက်လွှာ တင်သော အစီရင်ခံစာ ၊ တို့သည်ကား ဝါဒနှစ်ခု အားပြိုင်မှု
နှင့် သူ့လူ အစိတ်သား ၊ ငါ့လူ ဆယ့် ငါးကျပ်သား စသဖြင့် အမျက်စောင်
မာန်တို့ ကြားတွင် ဝါဒကွဲများလည်း ပြန်လည် စေ့စပ်၍ မရ ၊ မယောင်ရာ
ဆီလူးနေသောဖော်လန် ဖားပြီး နန်းတွင်း အရေးတွင်ပြဿနာတစ်စုံတစ်
ခု ဖြစ်လာပါက သူ့လူ ကိုယ့်လူ အပြစ်ပေးရေး လက်ညိုးထိုးရေးချောက်
တွန်း နိုင်ရန်သာ အာရုံစိုက် နေကြပြီး သတိမမူ ဂူမမြင်ပဲ ၁၂၄၇ သို့တိုင်၊
ရောက်သောအခါ ကုလားဖြူ တို့ အရေးပိုင် (သံတမန်) သည် မြန်မာမင်း
အား ခွင့် မတိုင်ကြားပဲ ရတနာပုံ မြို့တော်မှ ရုတ်တရက် ထွက်ခွာသွားရာ
ပြည်သူများမှ ၊ အင်္ဂလိပ် မြန်မာ စစ်မက် ဖြစ်တော့မည် ဟု ထိတ်လန့်ကြ
လျက် မြို့တော်မှ အစပြုပြီး နိုင်ငံတွင်း အရောင်း အဝယ် များ ပျက်ပြား၊
ရပ်တန့်သရွေ့ ပျက်ပြားပြီး တဖြည်းဖြည်း ချွတ်ခြုံကြလာလေတော့၏။
ထိုစဉ် မတိုင်မှီ ကတည်းက အင်္ဂလိပ် ကုလားဖြူ များသည် မြန်မာ နိုင်ငံ
အောက်ပိုင်းသတင်းစာများနှင့် အင်္ဂလိပ်မင်းပိုင် အင်္ဂလန်နှင့်အိန္ဒိယနိုင်ငံ
ရှိ သတင်းစာများမှ မြန်မာမင်း ၏ မကောင်းသည့် သတင်းများ ၊ မြန်မာ
ပြည်အောက်ပိုင်း ဟံသာဝတီ ၊ ရန်ကုန်ရှိကုန်သည်အသင်းများမှ မြန်မာ
မင်း အုပ်ချုပ်ပုံ ညံ့ဖျင်းပြီး ၊ ယဉ်ကျေးသော လူမျိုးတို့၏ အုပ်ချုပ်ခြင်းမျိုး
မဟုတ် ပါပဲ ၊ ပဋိပက္ခ များသော မြန်မာ အစိုးရအား ဖြုတ်ချပြီး အထက်
မြန်မာပြည်ကိုလည်း အင်္ဂလိပ်မင်းသိမ်းယူမှ သာလျင် ဖြစ်ချေတော့မည်၊
ဟူသော သဘောမျိုး သက်ရောက်သည့်၊ အစည်းအဝေးများ ပြုလုပ်ကြ
ပြီးလျင် ဆုံးဖြတ်ချက် များအား ကုလားဖြူ အင်္ဂလိပ်မင်း ထောက်ခံမှုဖြင့်
အတည်ပြု ကြလေ၏ ။
ထိုအချိန်နှင့်တပြိုင်နက် အနောက်ဘက် အရပ် ရွှေဘို ၌ထကြွ နေသော
ဓါးပြတို့သည် ပိုမို အင်အားကောင်း လာကြပြီး ၊ နေပြည်တော်နှင့် မနီးမ
ဝေး မတ္တရာ ၊ အုတ်ဖို စသည့် အရပ်များ အထိပင် ဝင်ရောက် နေရာယူ
လာလျက် တိုက်ခိုက်မှု ပြုလာလေသည် ။ ထိုကဲ့သို့ အဖက်ဖက်မှ ဝိုင်းရံ
လာသော ဖိအား ပြဿနာတို့ကို ကြုံတွေ့လာရသော အခါတွင် အပြင်ပ
ရန်ကို ခဏထားပြီး အတွင်းရန် ဖြစ်သော ဓါးပြတို့အား ဖြေရှင်းရန် ဗဟို
အစိုးရမှ မှူးမတ် အဖွဲ့သည် အသင့်ဆုံး ၊ လူကို မဲပေး ရွေးချယ်ကြပြီး ၊
စစ်ကိုင်း ၊ ရွှေဘို ဘက်သို့ အာဏာကုန် ပေးပြီး စေလွှတ်ရ လေသည် ။
အရွေးခံရသူကား လှေသင်း အတွင်းဝန် စလေမြို့စားဖြစ်၏ ။
စလေမြို့စားလည်း လက်နက် လူသူ အပြည့်အစုံနှင့် ဓါးပြများ သောင်း
ကျန်းနေသော အနောက်ဖက် သို့ အထောက်တော် လွှတ် စုံစမ်း စေရာ
ဓါးပြများမှာ နောက်လိုက် အင်အားများပြားလှပြီးနယ်မြေ ကျယ်ဝန်းလှ
သည့် အပြင် ၎င်းတို့ ကျင်လည် ရာတွင် တော တောင် ထူထပ်လှသည်
ကြောင့် လက်နက်ဖြင့် နှိပ်ကွပ်ရန်ကားမတတ်နိင် ဖြစ်ရသည်တွင် နှလုံး
ရည်ဖြင့် သိမ်းသွင်းမှ ဖြစ်ချေမည်ဟု နှိုင်းချိန် ကြံဆပြီးလျှင် ဓါးပြဟူသ
မျှသည်လက်နက်ချဝင်ရောက်၍ နောင်သောအခါကောင်းမွန်စွာနေထိုင်
ပါမည်ကြောင်း ခံဝန်ပြုလျှင်ပြစ်ဒဏ် တစ်စုံတစ်ရာ မရစေရ။ ချွင်းချက်
မရှိ လွတ်ကင်းစေမည် ဟု ကြေငြာသော အခါတွင် ၊ ဓါးပြ ၂၀၀၀ကျော်
သည်လက်နက်ချလေ၏ ။ လက်နက်ချဝင်ရောက် လာသူများအား ကြေ
ငြာချက်အတိုင်း မည်သည့်ပြစ်ဒဏ်မျှမပေးပဲ လက်ဝဲ လက်မောင်း၌ (မ
ဆိုးနှင့်)၊ လက်ယာ လက်မောင်း၌ (သတိထား)ဟု ဆေးမှင် ထိုးပြီး ဤ
တစ်ကြိမ်တွင် အပြစ်မှ ချမ်းသာခွင့် ပေးပြီး နောင်သောအခါ ထပ်မံကျူး
လွန်ပါက လုံးဝသက်ညှာခြင်း အလျင်းမရှိ ကြီးစွာသော အပြစ် ဒါဏ်ကို
ပေးမည်ဟု၍ သတိပေး စကား ဆိုပြီး လွှတ်လေသည် ။
သို့သော်လည်း ထို စီမံချက်အရ အနည်းငယ် ငြိမ်သက် သွားသာလို ရှိခဲ့
သော်လည်း ဓါးပြဗိုလ် ငလှဦးမှာ ၊ စစ်ကိုင်းတွင် ဆက်လက် ဆိုးသွမ်းမြဲ
ဆိုးသွမ်းလျက် ၊ သီပေါမင်း နန်းကျပြီး တစ်နှစ် ခန့်တွင် မှသာ သေလေ
သောကြောင့် စီမံချက်မှာ အောင်မြင်ခြင်းမရှိကြောင်းပေါ်လွင်ပေ၏ ။
ထိုကဲ့သို့ မြန်မာမင်း အစိုးရ ၏ အတွင်းရေး အခက်အခဲများတွင် အထူး
အားနည်း နေကြောင်းကို ကုလားဖြူ အထောက်တော်များမှတဆင့် ကု
လားဖြူတို့ သိလေလေ အင်္ဂလိပ်ပိုင် နိုင်ငံများတွင် မြန်မာ အစိုးရ၏ ညံ့
ဖျင်းမှု များကို ပိုပိုသာသာ ဝေဝေဆာဆာ ဖော်ပြ နေကြပြီး မယဉ်ကျေး
သောလူမျိုးများဟု ဝါဒဖြန့်မှုများကို ပြင်းပြင်း ထန်ထန် ပြုလုပ်ပြီး သိမ်း
ပိုက်မှသာ သင့်မည်ဟု ဇောင်းပေး ဖော်ပြမှုများ လာခဲ့သည် ။
၁၈၈၅ (၁၂၄၇) တွင် ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ် အတွင်းမှာ မေဂျာ
စစ်ဗိုလ် တစ်ဦးအဖြစ် လိုက်ပါလာခဲ့ဖူးသာ" လော်ရီ "ဆိုသူမှ ( မြန်မာ
နိုင်ငံနှင့် ကျွန်ုပ်တို့အဆက်အဆံ) ဆိုသော ဝါဒဖြန့်စာအုပ်ကိုရေးသား
ထုတ်ဝေပြီး ထိုစာအုပ်တွင်အင်္ဂလိပ်တို့ ကြီးစိုးနေသော အောက်မြန်မာ
ပြည်၌ ပိုမိုပြီး ကောင်းစားပုံ ၊ မြန်မာမင်းအုပ်ချုပ်သော အထက်မြန်မာ
ပြည်တွင်ကားဆုတ်ယုတ်လာပြီး မြန်မာမင်း အုပ်ချုပ်ပုံသည် ရက်စက်
ရမ်းကားကြောင်း၊ မြန်မာပြည်သည် သဘာဝအရင်းအမြစ်များပေါများ
ကြွယ်ဝကြောင်းတို့ကို ပုံဖော်ရေးသလိုဖြင့် သီပေါမင်း နန်းတက်စတွင်
နန်းတွင်းအရှုပ်တော်ပုံများ၌ သွေးမြေကျမှုများကို အစပြုပြီးထိုစာအုပ်
ရေးသားသော အချိန်ထိ အဖြစ်သနှစ်များကို ရစရာပင်မရှိလေအောင်
နှိမ့်ချ ပုတ်ခတ်ရေးသားကာ ဝါဒဖြန့်ထားလေ၏ ။
မြန်မာမင်း မှာလည်း အတွင်းရေး များနှင့်သာ အချိန်ကုန် ပြီးလျှင် နှစ်
ဖက် ဝါဒပြိုင်မှုများနှင့် ၊ စည်းလုံးမှုမဲ့နေခိုက် အင်္ဂလိပ် ပိုင်နက်မှ အလို
တော်ရိ များသည် အထက် မြန်မာပြည်သည် မူလဘူတ မြေရှင်သနင်း
ဖြစ်မှုကိုအလေးမမူပါပဲ ထင်ရာပြော ၊ ထင်ရာရေး လုပ်နေ ကြပြီးလျှင်
နောက်ဆုံး ၌ လွန်ကဲစွာပင် ၊ အင်္ဂလိပ်မင်း ပိုင်နက် အတွင်းရှိ ကုလား
ကုန်သည်များနှင့် အလိုတော်ရိ တို့မှ ငွေကြေးအားဖြင့် ကုမ္မဏီ တစ်ခု
ဖွဲ့ပြီး အထက်မြန်မာပြည်ကို တက်ရောက် သိမ်းယူရန် အကြံကို ပြုပြီး
၁၈၈၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊၂၅ ရက်နေ့ထုတ် ကာလကတ္တား ထုတ်
(စတိတ်စ်မင်း)သတင်းစာတွင် အောက်ပါကြော်ငြာစာကို အတိအလင်း
ထည့်သွင်း ကြေငြာလေတော့သည် ။
***
ဓါးပြ နိဗ္ဗာန် (ကြေငြာစာ)
အထက်မြန်မာပြည် သိမ်ယူရေး ကုမ္ဗဏီလီမိတက်
ငွေရင်း ၃ ၀၀ ၀၀၀ ။
ရှယ်ယာပေါင်း ၆၀ ၊ တရှယ်ယာလျှင် ၅၀၀၀ ကျ ။
အထက် မြန်မာနိုင်ငံမှာ ဆူပူသောင်းကျန်း ၊ တိုင်းပြည် ပရမ်းပဋာ ဖြစ်
နေသဖြင့် ကူးသန်းရောင်းဝယ်ရေးမှာလုံးဝရပ်စဲသလောက်ရှိနေသည်။
နယ်ခြားတောင်းဘက်ရှိ ဗြိတိသျှအစိုးရ မှလည်း ပျော့ညံ့သလို လုပ်နေ
၍ ကူးသန်း ရောင်းဝယ်ရေးမှု ၊ အခွင့်အလမ်းများကို ကာကွယ်ပေးနိုင်
ပုံ မပေါ်ချေ။ ထို့ကြောင့် ဆင်ဒီကိတ် တစ်ခုဖွဲ့စည်းရသည်။ ထိုအဖွဲ့၏
ရည်ရွယ်ချက်မှာ အင်းဝနိုင်ငံတော်ကို ငြိမ်သက်အောင်ပြုလုပ်ပြီးသည့်
နောက် ဥရောပတိုက်သားတို့၏ အကျိုးကို ကာကွယ် စောင့်ရှောက်ရုံမျှ
သာ မဟုတ်ပဲ ၊ အတိုင်းတိုင်း အပြည်ပြည်မှ လာရောက် ကြသော ကုန်
သည်တို့အား လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားနိုင်အောင် ဆောင်
ရွက်ပေးပါမည်ဟု တာဝန်ယူနိုင်သော အစိုးရသစ်တစ်ခုကိုဖွဲ့စည်းတင်
မြှောက်ထားရန် ဖြစ်သည်။ အထက်မြန်မာနိုင်ငံ၌ ယခုအုပ်စိုးနေသော
သူများသည် ၊ လူထု၏ ကြည်ညို လေးစားခြင်းကို မခံရ ။ ဧရာဝတီမြစ်
အထက်ပိုင်းတွင် လက်ရုံးအင်းအားအထောက်အခံနှင့် ဆောင်ရွက်ပေး
မည့်သူ ပေါ်လာပါမူကား လူထုသည်၎င်းတို့အား ထိုမျှကြာရှည်စွာ ဒုက္ခ
ပေးနေသူများကို ထကြွ တွန်းလှန်၍အယုတ် ၊ အလတ် ၊ အမြတ် မရွေး
မိမိတို့၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ်လျက် ၊ မိမိတို့ ရ
မည့်အစိုးရသစ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံကြလိမ့်မည်ဖြစ်ကြောင်း။
ထို့ကြောင့် - ရှေးဦးစွာ ငွေတစ်သိန်း (သို့) တစ်သိန်းထက် ပိုလျှင်လိုသ
လောက်စိုက်ထုတ်ပြီး အိန္ဒိယရေတပ်မှ ယခုထိအသုံးမချပဲ ထားခဲ့သော
အမြောက်တင်သင်္ဘော(ဧရာဝတီ)ကိုဝယ်ယူမည်။ ထို သင်္ဘောအတွက်
သတ္တိကောင်းသော ဥရောပ တိုက်သား သင်္ဘောသား အလုံအလောက်
ခန့်ထားမည်။ (သင်္ဘောသားဦးရေ မည်မျှရရှိနိုင်မည်ကို ယခုဆိပ်ကမ်း
တွင် ကပ်ထား၍ အဌားမရှိသာ သင်္ဘောသားများမှ သိနိုင်သည် ။) ဤ
အရာရှိများကို ယခု လက်ရှိ အထက် မြန်မာပြည် အစိုးရ ထံမှ အာဏာ
ကုန် လွှဲအပ်မည် ။
အင်းဝမင်းသည် အသျှင်ဧကရီ ဘုရင်မကြီး နှင့် မဟာမိတ် ဖြစ်သည်ဟု
မည်သည့် နည်းနှင့်မှ မယူဆနိုင် ။ ထို့ကြောင့် ယခု ကုမ္မဏီမှ ရည်မှန်း
ချက် များကို ပြုလုပ် ဆောင်ရွက် ရာ၌ နိုင်ငံခြား ဥပဒေကို သော်လည်း
ကောင်း ၊ အင်္ဂလိပ်မင်း ၏ သစ္စာတော်ကို လည်းကောင်း ထိခိုက်ခြင်းရှိ
မည်မဟုတ်ကြောင်း။ အုပ်ချုပ်ပုံ အစိုးရမှာ သမ္မတ အစိုးရမျိုး ဖြစ်စေ၍
အခြေအနေအရ ပြုပြင် ပြောင်းလဲသွားရမည်။ သို့သော်လည်း တိုင်းသူ
ပြည်သားတို့မှာ နှစ်ပါင်းများစွာ ၊ အနှိပ်ကွပ်ခံ လာခဲ့ ရသူများ ဖြစ်ခဲ့လေ
ခြင်းကြောင့် ၊ လွတ်လပ်ရေး သဘောကို လုံးဝ ဥဿုံ ခံယူ နိုင်ကြမည်
မဟုတ်သည့် အပြင် လွတ်လပ်ရေးမှ ရအပ်သာ အခွင့်အရေးများ တို့ကို
ုလည်း ဆောင်ရွက် နိုင်ကြဦးမည် မဟုတ်ချေ။ ထို့ကြောင့်အထက်တန်း
တာဝန်ခံ ရာထူးကြီး များကိုလည်း ရှေးဦးစွာ ဥရောပ တိုက်သားများကို
ခန့်ထားရမည် ။
တတ်ကျွမ်း နားလည်သော မြန်မာ ကိုယ်စားလှယ် လူကြီးများကိုလည်း
ပါဝင်ဆောင်ရွက်စေမည် ။ ဤ ကုမ္မဏီကို စတင်တည်ထောင်သူများက
ထင်ရှားသော အမေရိကန် တရားရေးတတ် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ခေါ်ယူ
စီမံထားပြီးဖြစ်သည်။အဆိုပါပုဂ္ဂိုလ်ကြီးနှစ်ဦးမှ တရားရုံးတော်နှင့်တရား
စီရင်ရေးများကို စီစဉ်ပေးမည်ဖြစ်ရာ ကြားဖြတ်အစိုးရမှာ တရားစီရင်မှု
များ၌ တိုင်းရင်းသားတရားသူကြီးများနှင့် ခွဲ၍မရနိုင်သောအဂတိလိုက်
စားမှုများကိုရှောင်ရှားနိုင်မည့်အပြင်ကမ္ဘာ့အရှေ့ပိုင်းရှိ အင်္ဂလိပ်တရား
ရုံးတော်များ၏ တရားကို ရက်ရှည် ဆွဲခြင်း ၊ သမာဓိကင်းမဲ့ခြင်း ၊ လွတ်
လပ်စွာ စီရင်ပိုင်ခွင့်မရခြင်းစသော အပြစ်အနာအဆာများမှ ကင်းလွတ်
ပေလိမ့်မည် ။
ကုမ္မဏီကို တည်ထောင်သူတို့၏ ဆန္ဒမှာ ရအံ့သော အမြတ်ကြီးများနှင့်
အတူ အထူးအခွင့်အရေးများကို ကုမ္ဗဏီ ရှယ်ယာဝင်သူများ ခံစားခွင့်ရ
စေလို၍ မဟုတ်ချေ ။ ယခု စိုးစံနေသော ဘုရင်လက်ထက်၌ဖြစ်ပွားနေ
သော ရက်စက် ကြမ်းကြုတ်မှုများ ရပ်စဲ စေခြင်း ၊ ရောင်း ဝယ်ခြင်း ကို
အကာအကွယ် ပေးခြင်း ၊ မတရား - အခွန် အတုပ်များ ကောက်ခံခြင်း၊
တရားသဖြင့် ရောင်းဝယ် ဖောက်ကားခြင်းကို အားပေးခြင်းဖြင့် ၊အရှေ့
ပိုင်း ကူးသန်း ရောင်းဝယ်ရေးကို တိုးပွားစေလိုသူတို့သည် အရင်းအနှီး
စိုက်ထုတ်လုပ်ကိုင်ရန် အားတက် လာကြပေလိမ့်မည် ဟု ယုံကြည်မိပါ
ကြောင်း ။
သို့သော် ကုမ္မဏီက ဆောင်ရွက်ပေးခဲ့သည့် ၊ အလုပ်အတွက် ကုမ္မဏီ
အား မြေရိုင်းအချို့ နှင့် သစ်တောအချို့ကိုပေးရလိမ့်မည် ။ ထိုမြေများ
ကို ရောင်းချခြင်းဖြင့် ကုမ္မဏီက စိုက်ထုတ်ထားခဲ့ရသော ငွေ အတွက်
အမြတ်အတော်အတန်ရရှိလိမ့်မည်ဟု ခန့်မှန်းရပေသည် ။
ပြုပြင် ထူထောင်ရေး လုပ်ငန်းကြီး ပြီးမြောက်၍ တိုင်းသူပြည်သား တို့
သည် သမ္မတနိုင်ငံတော်သစ်၏ အကျိုး ကျေးဇူးများကို ခံယူ နိုင်သည့်
အချိန်တွင် ကုမ္မဏီက မိမိ ထမ်းရွက်ရသော တာဝန်များကိုလက်လွှတ်
ပြီး လွတ်လပ်စွာ ရောင်းဝယ်ရေးနှင့်ပင် ကျေနပ်ရပေလိမ့်မည်။ ထို စီမံ
ကိန်းကို တည်ထောင် ကမကထ ပြုသူ တို့၏ အမည်များကို ထုတ်ဖော်
ကြေငြာရန်မသင့်တော်သေးသည့်အလျောက်အမည်နာမများကို ထုတ်
ဖော် ကြေငြာခြင်း မပြုသေးသော်လည်းရှယ်ယာဝင်လိုသူတို့သည် ရန်
ကုန်မြို့ စာပို့တိုက်ကြီး(ဘီစီ)ထံတွင် စုံစမ်းနိုင်ပါကြောင်း ။
မှတ်ချက် ။ ။ ရှယ်ယာတွက် ငွေကို တစ်ကြိမ်တည်း အပြေသွင်းရမည်
ဖြစ် သောကြောင့် ဓနရှင် များသာလျှင် ၊ လျှောက်ထား ကြရပါမည့် အ
ကြောင်း ။ ရန်ကုန်မြို့ ၊ ၁၈၈၅ ခု ၊ ဖေဖော်ဝါရီလ ၊ ၁၇ ရက်နေ့
(ကြော်ငြာစာ)
ထိုကဲ့သို့ ယုတ်မာ ပက်စက်သော စီမံဖန်တီးမှုများနှင့် အင်္ဂလိပ်ပိုင်နက်
များတွင်ပေါ်ပေါ်တင်တင် အချက်ပေး နေခဲ့သော်လည်း မြန်မာမင်း၏
နန်းတွင်း၌ စိတ်ဝမ်းကွဲပြီးရင်းကွဲအဆိုးဆုံးအနေအထားဖြင့် ပြည်တွင်း
ရေး ရှုပ်ထွေးနေကာ အားအင်များသည် ကုန်ခမ်းလာခဲ့ရပြီး မည်သူက
မည်မျှပင် စော်ကား သမှုပြုနေ သော်ငြားလည်း မသိကျိုးကျွန်ပြု တစုံ
တရာ အရေးယူ နိုင်ခြင်း မရှိပါပဲ နောက်ဆုံးတွင် ဘုံဘေဘားမားသစ်
ခိုးမှုကြီးကို အကြောင်းပြလျက် ကိုလိုနီ လက်အောက်သို့ သက်ဆင်းခဲ့
ရလေတော့သည် ။
သီပေါမင်း ရတနာဂီရိသို့ ပါတော်မူပြီး ရတနာဂီရိ ၌တွင်ပင် (၁၉၁၇ )ခု
နှစ်တွင် နတ်ရွာစံ လွန်တော်မူ၏ ။ မိဖုရားခေါင်ကြီး စုဖုရားလတ် သည်
သီပေါမင်း နတ်ရွာစံပြီးနောက် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသော်
လည်း ၊ ဇာတိမြေ မန္တလေးရတနာပုံနေပြည်တော်သို့ တစ်ခါတစ်ခေါက်
မျှ မရောက်ခဲ့ရတော့ပါပဲ ၊ ချာချီလမ်း စံအိမ်တော်တွင် အင်္ဂလိပ်တို့ ပေး
ထားသော ရိက္ခာငွေ မလုံမလောက်နှင့် ဆင်းရဲစွာ စံတော်မူပြီး ဘဝချုပ်
ငြိမ်းခဲ့ရ၏ ။
နာမည်ကျော် ကင်းဝန်မင်းကြီးမှာ တိုင်ပြည် ပျက်စတွင် အင်္ဂလိပ် တို့၏
အချီးအမြှောက်ကို အနည်းငယ်ခံစားလိုက်ရသော်လည်း မင်းကြီးသက်
တော်ရှည်ရာထူးဌာနန္တရ တို့ကိုကားမည်သည့်အခါမျှပြန်လည်မရောက်၊
ကုလားဖြူမင်း ပေးသော တစ်နှစ်ရိက္ခာတော်ငွေ ၉၀၀၀ မျှနှင့် ၁၉၀၈ ခု
ဇွန်လ ၃၀ ရက်နေ့ အသက် ၈၆ နှစ်တွင် အနိစ္စရောက်လေ၏ ။
တိုင်းတာမင်းကြီးမှာ သီပေါမင်းပါတော်မူပြီးစ မန္တလေးလွှတ်တော်တွင်
ကာနယ်စလေဒင်ဥက္ကဋ္ဌ ပြုလုပ်သော အုပ်ချုပ်ရေးအဖွဲ့တွင် ခေတ္တဝင်
ရောက်ဆောင်ရွက်နေရာမှ ဘားနဒ်မင်းကြီး အမိန့်ဖြင့် ဖမ်းဆီးပြီး အိန္ဒိ
ယပြည် ကလက္ကတ္တားမြို့သို့ ပို့ဆောင်ခြင်းခံရကာ ၊ ၎င်းနောက်ရန်ကုန်
မြို့သို့ ပြန်ပို့၍ ကုလားဖြူ ပင်စင်လစာတစ်နှစ် ၃၀၀၀ သာရပြီးနောက်
၁၈၉၆ ခုနှစ် ၊ မေလတွင် ကွယ်လွန်ခဲ့လေသည် ။
ဓါးပြဗိုလ် ငလှဦးသည် ၁၈၈၇ ခု ၊ ဧပြီလတွင် ၎င်း၏နောက်လိုက်ငယ်
သားများကပင်သတ်ဖြတ်ခြင်းကို ခံရပြီး မိုက်ဇာတ်သိမ်းလေသည် ။
နိုင်ငံတော် အရှေ့တခွင် တပြင်မှ ထကြွသောင်းကျန်းကြသော မြို့စား
နယ်စားများသည်လည်း အချင်းချင်း သတ်ဖြတ် နေကြရာမှ ၊ အင်္ဂလိပ်
လက်အောက်သို့ ကြရောက်ကြပြီးလျှင် အချို့မှာ အသက်စည်းစိမ် စွန့်
ခွာကြရလေသည် ။ ထို အကြောင်းအရာ တို့သည်ကား ၁၂၄၇(၁၈၈၅)
မြန်မာနိုင်ငံသည် လူမျိုးခြားတို့၏ ထိန်းချုပ်မှုအောက်သို့ ခြွင်းချက်များ
စွာဖြင့် ရောက်ရှိသွားရခြင်း များပင်တည်း ။
ပါတော်မူခြင်း ဆိုတာသီပေါမင်း မဟုတ်ဘူး ။ စုဖုရားလတ် မဟုတ်ဘူး။
မှူးကြီးမတ်ရာတွေ မဟုတ်ပါဘူး ။ ဘာသာရေး ဆိုင်ရာ ရောနှော ယှက်
တင်မှုတွေ ၊ သမိုင်းရေးရာ အထောက်အထားတွေ ပြာမှုန်အဖြစ်က ပြန်
ရနိုင်တော့ပါဘူး။ အဖောက်ခံလိုက်ရတဲ့ ဘုရားစေတီ ဋ္ဌာပနာတွေ တိုင်း
တပါး ပြတိုက်တွေမှာ နေရာယူထားဆဲ ။ မြေကြီးအောက် ရောက်သွားခဲ့
ရတဲ့ မြန်မာ့မြေပေါ်က ရှေးရှေး ရာဇဝင် အောင်မြေ ဌာနတွေ ပြန်ရှာဖွေ
ဖို့ အချက်အလက်မှတ်တမ်းတွေ ပြန်မရနိုင်တော့ပါဘူး။ ပျက်စီးသွားတဲ့
ယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ဒဏ္ဍာရီထဲ ပါးစပ်ရာဇဝင်ထဲ ရောက်သွား
ခဲ့ရတဲ့ သမိုင်းကြောင်း ဆိုင်ရာ အဖြစ်အပျက်တွေ ပြန်လည် မနိုးထနိုင်
သေးပါဘူး။ မြန်မာ့လူမျိုးစုများ အရင်းအမြစ် လူသား ဆိုင်ရာ ဖြစ်တည်
မှုတွေ ရောထွေးခံနေရဆဲ ။ အချုပ် အခြာ အာဏာနှင့် တကွ ကျွန်ုပ်တို့
မျိုးနွယ်တွေရဲ့သမိုင်းကြောင်းကောင်း ခဲ့တဲ့ ရာဇဝင်တွေ ၊ ဂုဏ် သိက္ခာ
တွေ ၊ လူမျိုး ဂုဏ် ဇာတိ ဂုဏ်တွေ ၊ ကိုယ့်ကျင့် တရား ၊ စာရိတ္တ တွေ ၊
သစ္စာတရားတွေ ဒါတွေ ပြန်လည်နိုးကြားပြီး အမိုက်နောင်တ တွင်းဆုံး
ကျ နေတဲ့ စိတ်ဓါတ်တွေကို တစ်ခုချင်း ပြန်လည် ဆယ်ယူ နေခဲ့ကြတာ
ယခုထိအလျင်လို မိစုံ ဖစုံ အင်္ဂါမစုံသေးဘူး။ အနာမကျက် ကြသေးဘူး
ဆိုတာတော့ အမှန်ပဲ ။
ဒီလို လွယ်လင့်တကူ ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးကို
အသက်သွေးချွေးပေါင်းများစွာနှင့် ပြန်လည်ရယူခဲ့ရတာ ရာစုနှစ် တစ်
ခုနီးပါး ကြာမြင့်ခဲ့ရတယ် ။ မျက်ရည်တွေ ပင်လယ်ဝေခဲ့ရတယ် ။ ဒါကို
သမိုင်းစာမျက်နှာ အပေါ်မှာပဲ ပုပ်သိုးသွာ ရအောင် ထားသင့်တဲ့ အရာ
တွေ မဟုတ်ဘူးဆိုတာ သေချာ စွဲမြဲစွာ မှတ်သားထားပြီး ၊ ယခင် သူရဲ
ကောင်း အာဇာနည်တွေ ပြန်လည် ရယူပေးခဲ့တဲ့ တိုင်းပြည် လွတ်လပ်
ရေးကို တန်ဖိုးထား မြတ်နိုး ထားသင့်ပြီး ကိုယ့် တိုင်းပြည်ကို ချစ်မြတ်
နိုးတဲ့ နောက်ထပ်မျိုး ဆက်သစ် အာဇာနည် သူရဲကောင်းများ မွေးဖွား
ရှင်သန် ရပ်တည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ။
ဦးယဉ်ကျေး ။ ။
၎ ၊ ၄ ၊ ၂၀၁၄ ။
၆၆ နှစ်မြောက် မြန်မာနိုင်ငံတော်
လွတ်လပ်ရေးနေ့
No comments:
Post a Comment