ရိုဟင်ဂျာအကြောင်း ရှင်ပြောတဲ့အခါ ရှင်ဘယ်သူတွေကို ပြောနေတယ်ဆိုတာ
ကျွန်မတို့ မသေချာတဲ့အတွက် ကျွန်မမသိဘူးလို့ ပြောရပါမယ်။ ပြဿနာက ဘယ်သူ့ကို
ရည်ညွှန်းနေသလဲ ဆိုတာပါပဲ''
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် (အော်စလိုတွင် ရိုဟင်ဂျာများ နိုင်ငံသားအဖြစ်
မှတ်ယူရန်သင့်မသင့်၊ နိုင်ငံသားဖြစ် မဖြစ် မေးမြန်းမှုအပေါ် ဖြေကြားချက်)
အန်တီစုပြောသလိုပါပဲ။ရိုဟင်
ဂျာဆိုတာဘယ်သူလဲဆိုတာက စပြီး ရှင်းဖို့လိုပါမယ်။တစ်ဖက်နဲ့တစ်ဖက်
အပြန်အလှန်အငြင်းပွားမှုတွေရှိပေ မဲ့ ငြင်းမရတာက ဒီရိုဟင်ဂျာဆိုတဲ့
စကားလုံးဟာ ၁၉၅၀ ပြည့်နှစ်များမှာမှ စသုံးခဲ့တယ်ဆိုတဲ့ အချက်ပါ။
နှစ်ပဝေသဏီကတည်းက
အခြေချနေထိုင်ခဲ့တယ်ဆိုရင် အဲဒီလူမျိုးတစ်မျိုးဟာ ၁၉၅၀
ပြည့်နှစ်များမှာမှ လူမျိုးအမည်ရှိလာခဲ့တယ်ဆိုတာ စဉ်းစားစရာပါ။
ရှေးနေတိုင်းရင်းသား
ရှေးယခင်ကတည်းက
ရခိုင်မှာ ရှိခဲ့ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားအဖြစ်
အသိအမှတ်ပြုထားပါတယ်။ ဟိုး ဝေသာလီခေတ်ကတည်းက ၀င်ခဲ့ကြတဲ့
ဟိန္ဒူဘာသာဝင်တွေလည်း ရှိခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။ ဒါကို
ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုပါတယ်။ အဲဒီသူတွေနဲ့ မတူဘူးဆိုတာ
ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုပါတယ်။ သူတို့တစ်တွေဟာ လူဦးရေအရလည်း
အမြောက်အများ မရှိခဲ့သလို ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြတာပါ။
ဘူးသီးတောင်၊ မောင်တောကို လုံးဝလွှမ်းမိုးသွားတဲ့သူတွေဟာ အဲဒီရှေးနေ
တိုင်းရင်းသားတွေ မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်း ရှိဖို့လိုပါတယ်။
ရိုဟင်ဂျာဘယ်သူလဲ
အခုရိုဟင်ဂျာလို့
ဆိုနေကြသူတွေဟာ အင်္ဂလိပ်လက်အောက်ကို မြန်မာနိုင်ငံ
ကျရောက်ပြီးနောက်ပိုင်းမှာမှ ရခိုင်ပြည်နယ်အတွင်းကို ၀င်လာကြသူတွေလို့
သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ တစ်ပြိုင်နက် ၀င်ရောက်လာတာမျိုး
ထက်တစ်စတစ်စ ၀င်ရောက်လာခဲ့ ကြတာမျိုးလို့ ဆိုကြပါတယ်။ လက်ရှိရှိထားတဲ့
ဥပဒေအရ ၁၈၂၄ အင်္ဂလိပ်လက်အောက် မကျရောက်မီကတည်းက အခြေချနေ ထိုင်ကြသူတွေက
ဆင်းသက်လာကြသူတွေကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်တာပါ။ ရိုဟင်ဂျာဆိုတဲ့
အသုံးအနှုန်းကလည်း မရှိခဲ့ပါဘူး။ ယေဘုယျခေါ်ကြ တာက စစ်တကောင်းသား
ဆိုတာမျိုးပါ။ မေယုတောင်တန်း အရှေ့ဖျားကနေ ၀င်လာကြတဲ့(တစ်ချိန်က
အရှေ့ပါကစ္စတန် )အခုဘင်္ဂလားဒေ့ရှ် စစ်တကောင်းနယ်ဘက်က ၀င်လာကြသူတွေလို့
ဆိုကြပါတယ်။ ဒီအပေါ်မှာ အငြင်းပွားမှုတွေ မရှိ မဟုတ်၊ ရှိပါတယ်။ ဒါကတော့
ပညာရှင်များ ဆက်လက် ဆွေးနွေးကြဖို့ပါ။
နစ်နာခဲ့ရတာဘယ်သူတွေလဲ
ရခိုင်ပြည်နယ်
အင်္ဂလိပ်လက်အောက်ရောက်ပြီးမှ ဘူးသီးတောင်၊ မောင်တောမှာအဲဒီ စစ်တကောင်းဘက်က
ဝင်လာသူတွေ အလွန်အမင်း များပြားလာပြီး ဒေသခံတွေ ရွှေ့ပြောင်းခဲ့ကြရတာ
အင်္ဂလိပ်ခေတ်မှတ်တမ်းတွေမှာ အထင်အရှား ရှိပါတယ်။ ဒီဘက် ခေတ်မှာလည်း
ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဘဲ နယ်ခြားမလုံခြုံမှုနဲ့ တရားမ၀င်
ရွှေ့ပြောင်းအခြေချသူတွေ ရှိနိုင်တာကြောင့် ဒီကိစ္စဟာ ကြီးထွားလာခဲ့တယ်။
ဝင်ရောက်လာသူ များပြားလာခဲ့တယ်။ တောက်လျောက်ဖြစ်ခဲ့တာတွေမှာ အပြန်အလှန်
စွပ်စွဲမှုတွေရှိခဲ့ပေမဲ့ တရားဥပဒေ စိုးမိုးမှုမရှိခဲ့တာကြောင့်
နစ်နာခဲ့ရတာမှာ အဓိကက ဒေသခံရခိုင်တိုင်းရင်းသားတွေပဲ ဖြစ်ခဲ့ပါတယ်။
တိုင်းရင်းသားတွေကို
ကာကွယ်ရတယ်ဆိုတာ ရှင်းပါတယ်။ အခွင့်အရေးတွေ ဆုံးရှုံးတယ်ဆိုတာ
တိုင်းရင်းသားတွေပါ။ ခံရတော့ ရခိုင်တွေပါ။ ဒီနေရာတွေကို ပြန်အခြေချတော့
ဘယ်သူတွေ ပိုင်သွားခဲ့သလဲ။ ဘူးသီးတောင် ၊မောင်တောမှာ ၊ ရခိုင်ပြည်နယ်မှာ။
၁၉၄၂
ဖြစ်စဉ်မှာပဲကြည့်ကြည့်၊ ၁၉၈၈ ဖြစ်စဉ်မှာပဲကြည့်ကြည့်
ရခိုင်တိုင်းရင်းသားတွေ လူဦးရေ နည်းသွားတဲ့နေရာတွေမှာ မငြိမ်သက်မှုတွေ အဓိက
ဖြစ်ခဲ့တာဖြစ်ပြီး အဓိက ဆုံးရှုံးခဲ့ရတာက ရခိုင်တိုင်းရင်းသားတွေပါ။
ကိုယ့်မြေကို စွန့်ခွာပြီး ပြည်မကို ဆင်းလာရသူတွေ၊ ပြည်ပကို
ထွက်ခွာသွားခဲ့ရသူတွေ အမြောက်အများ ရှိခဲ့ပါတယ်။
အခုဖြစ်စဉ်မှာလည်း
ဒီလိုပါပဲ။ ဘယ်ကစခဲ့တာလည်း။ ဘယ်နေရာတွေမှာ အဓိကဖြစ်ခဲ့တာလည်း။
ဒီရိုဟင်ဂျာအမည်ခံသူတွေ အများစုရှိတဲ့ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်တယ်။
သူတို့တစ်တွေ ထက်ဝက်နီးပါးရှိတဲ့ စစ်တွေနဲ့ ပတ်ဝန်းကျင်ကျေးရွာများမှာ
ဖြစ်တယ်။ ဒါကလည်း ဘယ်သူတွေက စပြီး မီးရှို့ခဲ့တာလည်း။ ဘင်္ဂါလီတွေဟာ
အင်အားနည်းတဲ့နေရာမှာဆို ကိုယ့်ရွာကိုယ်မီးရှို့ပြီး ဆုတ်ခွာတယ်။
ရခိုင်တွေရဲ့ အိမ်ကြီး အိမ်ကောင်းတွေ မီးရှို့ခံရတယ်။ တရားဝင် ထွက်လာတဲ့
ကိန်းဂဏန်းအရတော့ တစ်ဖက်နဲ့တစ်ဖက် အပျက်စီးက မကွာသလို ဖြစ်နေတယ်။ ဒါပေမဲ့
ဘယ်သူတွေ ရှို့တာလဲဆိုတာ ပေါ်ပေါက်ဖို့လိုတယ်။
w7_38_01_01
ဘာသာရေး၊ အဓိကရုဏ်းမဟုတ်ဘူး
အရေးပါဆုံးအချက်တွေထဲ
ကတစ်ချက်က ဒီဖြစ်စဉ်ဟာ အစောပိုင်း ပြည်ပမီဒီယာအချို့က ပြောသလို ဘာသာရေး
အဓိကရုဏ်းလည်း မဟုတ်ပါဘူး။ အမေရိကန်မှာ ပြိုကျသွားတဲ့ ဝေါထရိတ်စင်တာနား
ဗလီဆောက်ခွင့် မပေးခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ ဆူးလေစေတီနားတင် ဗလီရှိပါ
တယ်။ ဟိန္ဒူဘုရားကျောင်းတွေ၊ ခရစ်ယာန်ချာ့ခ်ျတွေလည်း အများကြီးပါ။
ဗလီနဲ့ဘုန်းကြီးကျောင်း ဟိုဘက်ဒီဘက် တည်ထားခဲ့ကြတာပါ။ ဘာသာရေးပွဲတော်တွေ
လွတ်လွတ်လပ်လပ် လုပ်ကြတယ်၊ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတယ်။
အင်တာနက်
နှောင်ကြိုးလွတ်ချိန်မှာ ဗမာတွေဟာ လူနည်းစု တိုင်းရင်းသားတွေကို
အဆိပ်ရည်နဲ့ရွယ်ပြီလို့ကို ရေးထားခဲ့ပါတယ်။ အင်တာနက်လွတ်လပ်မှု ရလာချိန်မှာ
လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေကို အွန်လိုင်းမှာ သွန်ချနေတယ်ဆိုတဲ့သဘော
ရေးထားခဲ့ပါတယ်။
ကတောက်ကဆဖြစ်တဲ့ အခါမျိုးမှာ
တိုင်းရင်းသား အချင်းချင်းတောင် မဟုတ် မဟတ်ဆဲဆိုဆိုတတ်တဲ့ အကျင့်မျိုး
တစ်ချို့မှာ ရှိပေမဲ့လည်း တကယ်ကျတော့လည်း တစ်ဖက်နဲ့တဖက်က မုန်းလောက်တဲ့အထိ
မဖြစ်ကြတာ အမှန်ပါ။ ခေတ်စနစ်ဆိုးကြောင့် တိုင်းရင်းသားတွေမှာ
နစ်နာခဲ့ကြရသလို ဘာသာအသီးသီးမှာလည်း နစ်နာခဲ့ကြရတာတော့ ရှိနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုနစ်နာစေအောင် ကိုယ်တိုင်လည်း အတိဒုက္ခရောက်နေကြတဲ့
တိုင်းရင်းသားတွေက လုပ်ခဲ့ကြတာတော့ လုံးဝမဟုတ်ပါဘူး။
ငြိမ်းချမ်းစွာနေကြတဲ့ တစ်ခြားဘာသာဝင်တွေနဲ့ လူများစု ဗုဒ္ဓဘာသာဝင်တွေဟာ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါ။
ချိန်ခွာလျှာထွက်တဲ့ဖော်ပြမှု
ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်မှာ
အံ့သြဖို့ကောင်းတာက ပြည်ပမီဒီယာတွေအချို့ရဲ့ ဖော်ပြမှုပါ။
ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြမှုက တိုင်းရင်းသားတွေဘက်က ချိန်ခွင် အလေးသာတယ်
စွပ်စွဲမယ်ဆိုရင် ပြည်ပမီဒီယာအချို့ရဲ့ ဖြစ်စဉ်ဖော်ပြမှုက ရိုဟင်ဂျာတွေဘက်
ချိန်ခွင်လျှာထွက်နေတယ်လို့ ပြန်ပြောရမယ့် အနေအထားပါ။ အထက်ကပြောခဲ့တဲ့
လူမျိုးတုန်းသတ်ဖြတ်မှု၊ ဘာသာရေး အဓိကရုဏ်း စတဲ့ စွပ်စွဲချက်တွေနဲ့
ဖြစ်စဉ်ကို ပုံဖော်ခဲ့မှုတွေ ရှိခဲ့သလို မြန်မာမီဒီယာများနဲ့ မြန်မာများက
အွန်လိုင်းကနေ အဓိကရုဏ်းတွေ ဖြစ်အောင်လှုံ့ ဆော်နေသယောင်ပါ
ရေးသားခဲ့ကြတာပါ။သတင်းထောက်တွေ လွှတ်၊ ဓာတ်ပုံမှတ်တမ်းတွေ
ရယူနိုင်ခဲ့ခြင်းသာ မရှိဘူးဆိုရင် အခြေအနေဟာ ပြောင်းပြန် ပုံဖော်မှုမျိုးနဲ့
နိုင်ငံတကာအလယ်မှာ ရခိုင်တွေသာမက မြန်မာတစ်နိုင်ငံလုံး မျက်နှာငယ်ရမဲ့
အပေါက်ပါ။
ပြည်ပသတင်းစာအချို့နဲ့ ပြည်ပအခြေစိုက်
မြန်မာမီဒီယာတွေက ရိုဟင်ဂျာဆိုသူတွေရဲ့ နစ်နာမှုတွေကို ပြည်ပကနေပြီး
တခမ်းတနား ဖော်ပြပေးခဲ့ကြပါတယ်။ ဖြစ်ရပ်ကို သေသေချာချာ ကြည့်ဖို့
လိုမယ်လို့တော့ ထင်ပါတယ်။ ကျွန်တော်တို့ဆီက သတင်းထောက် လေးယောက်က
ရခိုင်မှာ သတင်းယူနေခဲ့ချိန်မှာ ပြည်ပကနေ လှမ်းဖော်ပြနေတဲ့
သတင်းအချို့ကတော့ အံ့အားသင့်စရာပါ။ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်ကိုယ်ကျ
သွားကြည့်ကြဖို့တော့ လိုခဲ့မယ်ထင်ပါတယ်။
ဘယ်ဘက်ကဖော်ပြခဲ့သလဲ
ဒီနေရာမှာ
ပြည်ပမီဒီယာတွေကို ရိုဟင်ဂျာဆိုသူတွေဘက်က ဘယ်လိုထုတ်ပြန်ပေးခဲ့တယ်ဆိုတာ ၊
ပြည်ပမီဒီယာအချို့က ဘယ်လို ဖော်ပြပေးခဲ့ကြတယ်ဆိုတာ စိတ်ဝင်စားစရာပါ။
စစ်တပ်က ပစ်သတ်နေပါပြီလို့ ပထမပြောတယ်။ အဲဒီနောက် လူ ၁၀၀၀ လောက်
ပျောက်သွားပြီလို့ ပြောတယ်။ အဲဒါတွေမဟုတ်တာ ထင်ရှားလာတော့ လူမျိုးတုန်း
အသတ်ခံနေရပါပြီ၊ ကုလ၀င်ပါတော့လို့ ပြောတယ်။ တကယ်တမ်းက အဲဒီလိုမှ
မဟုတ်ခဲ့တာ။ အထင်ရှား ရှိပါတယ်။ ပြည်ပမီဒီယာအချို့က
ရခိုင်ပြည်နယ်ဆိုတာတောင် ရိုဟင်ဂျာတွေရဲ့ ပြည်နယ်လို့ ဖော်ပြခဲ့ကြတယ်။
ဓာတ်ပုံတွေတင်ရင်လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေပုံချည်း တင်ခဲ့ပြီး
ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတယ်ဆိုတာချည်းပဲ ဖော်ပြခဲ့ကြတယ်။ ရခိုင်အိမ်တွေ
ပျက်စီးနေကြပုံတွေကိုကြတော့ ဒေသခံများ၏ နေအိမ်များ ပျက်စီးနေတယ်လို့ပဲ
ပုံစာထိုးတယ်။ အံ့အားသင့်စရာကောင်းတာက ရေနံဆီပုံးနဲ့ ရေနံဆီ မီးတုတ်နဲ့
ရိုဟင်ဂျာတွေ ပုံ၊ လက်နက်ကိုင်ထားကြတဲ့ ရိုဟင်ဂျာတွေပုံ လုံးဝ မတွေ့ရပေမဲ့
ရခိုင်တိုင်းရင်းသားတွေ တုတ်တွေ၊ လှံ(အချွန်တစ်ခုခုကို
ဝါးလုံးနဲ့စပ်ထားတဲ့ လက်ဖြစ်လက်နက်)ကိုင်ပြီး ကင်းစောင့်နေကြတာ ၊
ဆိုင်ကယ်နဲ့ ကင်းလှည့်နေကြတာတော့ တင်ကြတယ်။ ကျွန်တော်တို့မှာသာ
မှတ်တမ်းမရှိရင်တော့ ၊ ဓာတ်ပုံ မရှိရင်တော့ သူတို့တင်ပြသလောက်ကိုပဲ
အမှန်ထင်ကြရတော့မှာ။
အမေရိကန်မှာ ၉/၁၁ ဖြစ်တုန်းက ဘာသာခြားများအပေါ်
သံသယနဲ့ အမုန်းပွားမှုအချို့ ရှိခဲ့တာလောက်တောင် မကြီးကျယ်ပါဘူး။
အဲဒီတုန်းက ဘာသာခြားတွေအပေါ် သံသယပွားခဲ့တာမျိုး၊ လေဆိပ်တွေ ၀င်ပေါက်တွေမှာ
အထပ်ထပ်စစ်ပြီး အသွင်အပြင်ကွဲရုံနဲ့ သံသယထားပြီး ဆက်ဆံတာမျိုး၊
အဲဒီတုန်းက ထွက်ခဲ့တဲ့ မှတ်ချက်စကားတွေမျိုးနဲ့ယှဉ်ရင် အခုလူနည်းစုရဲ့
ပြင်းထန်တဲ့ မှတ်ချက်တွေဆိုတာဟာ ပြောပလောက်အောင် မရှိခဲ့ပါဘူး။
ဒါကြောင့်
အစောပိုင်းမှာ အမေရိကန်အစိုးရကတောင် ရိုဟင်ဂျာတွေအတွက်
စိုးရိမ်မိတယ်ထုတ်ပြန်ခဲ့ပေမဲ့ အခြေအနေမှန် ပေါ်လာတာနဲ့အမျှ အစိုးရရဲ့
ကိုင်တွယ်မှုကို ချီးကျူးစကားတွေကို ဥရောပ သမဂ္ဂကရော အမေရိကန်ကပါ
ပြန်ပြောခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြတ်သားတဲ့ရပ်တည်ချက်ကို
ထုတ်ပြန်အပြီးမှာ မြန်မာဘက်က ဘယ်လိုစာနာမှုမျိုးနဲ့ လက်ခံပေးထားတယ်ဆိုတာ
ရှင်းလာတာပါ။ ဒီရိုဟင်ဂျာ အမည်ခံသူတွေကို ထိုင်းလို
အိမ်နီးချင်းနိုင်ငံတွေကလည်း ဒုက္ခသည်အဖြစ် လက်မခံချင်လို့ ချက်ချင်း
ပြန်နှင်ထုတ်ခဲ့ကြတာတွေလည်း ရှိခဲ့တာ အထင်အရှားပါ။
အမုန်းပွားသတဲ့လား
နယူးယောက်တိုင်းမ်
သတင်းစာမှာ သောမတ်စ်ဖူလာက Crisis in Myanmar Over Buddhist-Muslim Clash
ဆိုပြီး ဘန်ကောက်ကနေ သတင်းရေးပါတယ်။ ခေါင်းစဉ်မှာကတည်းက ဘာသာရေး
အဓိကရုဏ်းအသွင် ဖော်ပြထားခဲ့ပါတယ်။ဒီလိုတင်းမာနေချိန်မှာပဲ
ကျွန်တော်တို့မီဒီယာရဲ့ ၀က်ဘ်ဆိုက်မှာ အမုန်းတရားလွှမ်းတဲ့ မှတ်ချက်စကားတွေ
ဖော်ပြနေတယ်လို့လည်း ရေးထားခဲ့ပါတယ်။
နောက်တစ်ပုဒ်မှာက
Internet Unshackled, Burmese Aim Venom at Ethnic Minority ဆိုပြီး
အင်တာနက် နှောင်ကြိုးလွတ်ချိန်မှာ ဗမာတွေဟာ လူနည်းစု တိုင်းရင်းသားတွေကို
အဆိပ်ရည်နဲ့ရွယ်ပြီလို့ကို ရေးထားခဲ့ပါတယ်။ အင်တာနက်လွတ်လပ်မှု ရလာချိန်မှာ
လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေကို အွန်လိုင်းမှာ သွန်ချနေတယ်ဆိုတဲ့သဘော
ရေးထားခဲ့ပါတယ်။
မြန်မာဂျာနယ်လစ်တွေ လုပ်ကိုင်နေတဲ့
ပြည်ပအခြေစိုက် မီဒီယာ ဧရာဝတီကလည်း မြန်မာအွန်လိုင်း ကွန်မြူနတီကို
ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမှာ
နေထိုင်လျက်ရှိတဲ့ အိုင်တီပညာရှင်လို့ ဧရာဝတီက ဖော်ပြထားတဲ့ ဆောင်းပါးရှင်
ငြိမ်းချမ်းအေးရဲ့ ဆောင်းပါးမှာဆိုရင် ''ဒီလိုသဘောမှာ နှစ်တွေနဲ့ချီ
ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့
အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေတဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာ လူမျိုး၊
ဘာသာစွဲ ပြင်းထန်မှုများတဲ့ စိတ်အခံ အခြေအနေနဲ့ စိတ်နှလုံးထိခိုက်ဖွယ်
အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံးခံစားမှုနဲ့ပဲ
တုန့်ပြန်ခဲ့ကြတော့တယ်။ ထိန်းကွပ်စရာ အသိဥာဏ် အခံက နဂိုကမှ နည်းနေတော့
အကျိုးဆက်က ပိုဆိုးစေတာပေါ့''လို့ ရေးသားပြီး မြန်မာ့လူ့အဖွဲ့အစည်းကိုပါ
ဝေဖန်ထားခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေမှာ ရခိုင်လူမျိုးတွေရဲ့ အမုန်းက
အရင်းခံခဲ့တာ မဟုတ်ပါဘူး။ ဒီလိုမုန်းမယ်ဆိုရင် ရခိုင် ၉၀ ဘင်္ဂါလီ ၁၀
ရှိတဲ့မြို့တွေမှာ ပြာကျကုန်မှာပေါ့။ ရခိုင်လူများစုရှိတဲ့ နေရာအများစုမှာ
အဓိကရုဏ်းတွေ မဖြစ်ခဲ့တာကို ကြည့်ရင် ပြည်ပကို ရိုဟင်ဂျာဆို သူတွေက
ထုတ်ပြန်ခဲ့သလို လူမျိုးတုန်း သတ်ဖြတ်မှုမျိုး မလုပ်ခဲ့ဘူးဆိုတာ
ရှင်းနေပါတယ်။ မခံနိုင်တဲ့အခါကျမှ ရခိုင်တွေက လက်တုန့်ပြန်မှုအချို့
ဖြစ်ခဲ့ရတာပါ။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ မတန်ဘူးတဲ့လား
ကျွန်တော်တို့
မြန်မာများဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ မတန်သယောင်
ဖော်ပြခဲ့ကြမှုမျိုးကိုလည်း ပြည်ပမီဒီယာတွေနဲ့ မြန်မာဂျာနယ်လစ်တွေ
လုပ်ကိုင်နေတဲ့ ပြည်ပအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ကျွန်တော်တို့
လေးစားရတဲ့ ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးလို့ အကြိမ်ကြိမ်
အကျဉ်းချခံခဲ့ရတဲ့ ၊ယခုအခါမှာ ပြည်ပနိုင်ငံများကို ခရီးထွက်ခွာနေတဲ့
အကိုကြီး ကိုဇာဂနာကပါ ''မြန်မာပြည်သူတွေဟာ သူတို့ရတဲ့ လွတ်လပ်မှုအသစ်ကို
လူမျိုးရေး အမုန်းတရားတွေကို ဖော်ပြရာမှာ သုံးလာတာကို စိုးရိမ်မိတယ်လို့
ဂါးဒီးယန်း သတင်းစာကြီးမှာ ရေးခဲ့ပါတယ်။ ကျွန်တော်တို့ဗမာတွေဟာ လွတ်လပ်စွာ
ရေးသားထုတ်ဖော်ခွင့်ကို ငြိမ်းချမ်းရေး ထွန်းကားဖို့အတွက်ပဲ သုံးသင့်ပြီး
ပဋိပက္ခတွေ ဖြစ်ပွားစေဖို့ မသုံးသင့်ဘူးလို့ ကိုဇာဂနာက ရေးထားပါတယ်။
ဒီဖော်ပြမှုတွေနဲ့ ပတ်သက်လို့ကတော့ အငြင်းပွားစရာ ဖြစ်တယ်လို့ ထင်မိပါတယ်။
မြန်မာနိုင်ငံမှာ
အွန်လိုင်းသုံးနိုင်တဲ့ အသိုင်းအ၀ိုင်းဆိုတာ လူနည်းစုပါ။၂၀၀၉ စစ်တမ်းအရ ဝ
ဒသမ ၀ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခုတစ်ဟုန်ထိုး တိုးလာတယ်ဆိုရင်တောင် ၂
ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း မရှိသေးပါဘူး။ ဒါတောင် ပြည်ပနေ
မြန်မာများရဲ့ သုံးစွဲမှုနှုန်းပါ ထည့်တွက်မှပါ။ပြည်တွင်းမှာ အထူးသဖြင့်
ပြည်နယ်တွေမှာ အလွန့်အလွန်ကို နည်းပါတယ်။ ပြောရရင်
အွန်လိုင်းသုံးနိုင်သူများက တိုင်းရင်းသားတွေကိုယ်စား နာပေးကြရုံလောက်
ရှိတာပါ။ လူမျိုးခြား၊ ဘာသာခြားတွေအပေါ် ရင့်ရင့်သီးသီး သုံးနှုန်းတယ်ဆိုတာက
အဲဒီအွန်လိုင်း သုံး နိုင်သူ လူနည်းစုထဲကမှ ပိုနည်းတဲ့ လူနည်းစုပါ။
လှုံ့ဆော်သူအချို့ ရှိတယ်ဆိုရင်တောင် အဲဒါဟာ အင်မတန်ကို နည်းပါတယ်။ ဒီမှာက
မျိုးဆက်နဲ့ချီ အတိဒုက္ခရောက် ပိတ်ဆို့မှုတွေနဲ့ ကြုံခဲ့ရတဲ့အခါ
တစ်ခုခုဆိုရင် ပေါက်ကွဲပွင့်အံခွင့်ရှိရင် လွှတ်ပြီး
ပေါက်ကွဲကြတယ်ဆိုတာတောင် အဲဒါဟာ အပြောလောက် ရှိတာပါ။ တစ်ကယ်လုပ်မယ့်သူတွေ
မဟုတ်ပါဘူး။ လုပ်လို့လည်း မရပါဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုပြီး
ပြည်ပမီဒီယာအချို့ကသာ ပြောနေကြတယ်၊ တစ်တိုင်းပြည်လုံး အနေအထားနဲ့ဆိုရင်
အဲဒီလိုမျိုး ပြောနေတယ်ဆိုတာတောင် သိကြတာမဟုတ်ပါ ဘူး။
လှုံ့ဆော်ချင်ပါတယ်ဆိုရင်တောင် ရမှာမဟုတ်ပါဘူး။
အမေရိကန်မှာ
၉/၁၁ ဖြစ်တုန်းက ဘာသာခြားများအပေါ် သံသယနဲ့ အမုန်းပွားမှုအချို့
ရှိခဲ့တာလောက်တောင် မကြီးကျယ်ပါဘူး။ အဲဒီတုန်းက ဘာသာခြားတွေအပေါ်
သံသယပွားခဲ့တာမျိုး၊ လေဆိပ်တွေ ၀င်ပေါက်တွေမှာ အထပ်ထပ်စစ်ပြီး
အသွင်အပြင်ကွဲရုံနဲ့ သံသယထားပြီး ဆက်ဆံတာမျိုး၊ အဲဒီတုန်းက ထွက်ခဲ့တဲ့
မှတ်ချက်စကားတွေမျိုးနဲ့ယှဉ်ရင် အခုလူနည်းစုရဲ့ ပြင်းထန်တဲ့
မှတ်ချက်တွေဆိုတာဟာ ပြောပလောက်အောင် မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်ပြည့်
နှစ်ပတ်လည်မှာ နယူးယောက်တိုင်းမ် သတင်းစာရဲ့ ဖေ့စ်ဘွတ်ခ်မှာတောင်
ပြင်းထန်တဲ့မှတ်ချက်တွေကို လိုက်ဖြုတ်နေရတုန်းဆိုတာ တွေ့ရပါတယ်။ ဒါတောင်မှ
Derek Cole ဆိုသူက If 9/11 hadn't happened then "2million" Muslims
wouldn't of been killed လို့ပြောတဲ့ မှတ်ချက်မျိုး ကျန်ခဲ့ပါသေးတယ်။ ဒါဟာ
ဒီမိုကရေစီ စံသတ်မှတ်ရတဲ့ နိုင်ငံကြီးမှာတောင် ရှိတတ်တာမျိုးပါ။
ပြည်ထောင်စုစစ်စစ်ကို
မကျင့်သုံးနိုင်တဲ့ နှစ်ပေါင်း ၅၀ ကျော်မှာ တိုင်းရင်းသားတွေဟာ အကာ
အကွယ်မဲ့ခဲ့ကြရတယ်။ ကိုယ်ပိုင်တဲ့ မြေကို စွန့်ခဲ့ရတယ်။ ပြည်မနဲ့ ပြည်ပကို
ရွှေ့ပြောင်း အခြေချရတာ များလာတယ်။
နှစ်ပေါင်းများစွာအတွင်မှာ
လူဦးရေ အချိုးအစားက ပြောင်းလဲလာတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှရယ် မဟုတ်ပါဘူး။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကိုကြည့်ရင်လည်း တွေ့နိုင်တာပဲ။
ပြည်ထောင်စုစစ်စစ်ကို
မကျင့်သုံးနိုင်တဲ့ နှစ်ပေါင်း ၅၀ ကျော်မှာ တိုင်းရင်းသားတွေဟာ အကာ
အကွယ်မဲ့ခဲ့ကြရတယ်။ ကိုယ်ပိုင်တဲ့ မြေကို စွန့်ခဲ့ရတယ်။ ပြည်မနဲ့ ပြည်ပကို
ရွှေ့ပြောင်း အခြေချရတာ များလာတယ်။ နှစ်ပေါင်းများစွာအတွင်မှာ လူဦးရေ
အချိုးအစားက ပြောင်းလဲလာတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှရယ် မဟုတ်ပါဘူး။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကိုကြည့်ရင်လည်း တွေ့နိုင်တာပဲ။
ဒုက္ခသည်အရေးမှာလည်း
မက္ကဆီကိုနယ်စပ်က ခိုးဝင်လာတဲ့သူတွေကို အမေရိကန်က
ဘယ်လိုတုန့်ပြန်တယ်ဆိုတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဥရောပမှာဆိုရင်လည်း
ဘယ်နိုင်ငံကမှ လက်မခံချင်ကြတဲ့ နိုင်ငံမဲ့ လူဦးရေဟာ ငါးသိန်းကျော်
ရှိပါတယ်။ လတ်ဗီးယားနဲ့ အက်စတိုးနီးယားက နိုင်ငံသားအဖြစ် အသိအမှတ်အပြု
မခံရသူတွေ၊ ဥရောပတစ်လွှား(အထူးသဖြင့်)အီတလီမှာရှိတဲ့ နိုင်ငံမဲ့
အခြေအနေမဲ့အဖြစ် နေနေရတဲ့ ရိုးမားလူမျိုးစု(ရိုမာနီလူမျိုးစု)တွေအပေါ်
ဒီမိုကရေစီရေးပြောကြတဲ့ ဥရောပနိုင်ငံတွေနဲ့ အစိုးရတွေက
ဘယ်လိုဆက်ဆံနေကြသလဲဆိုတာ၊ သူတို့ကိုဘာလို့ အသိအမှတ်ပြုဖို့
လက်တွန့်နေကြတာလဲဆိုတာ မေးခွန်းထုတ်စရာပါ။
အွန်လိုင်းပေါ်က
လူနည်းစု ကွက်ကွက်ကလေးရဲ့ ပြောစကားနဲ့ မြန်မာတွေဟာ လွတ်လပ်စွာ
ရေးသားထုတ်ဖော်ခွင့်ကို အလွဲသုံးနေတယ်၊
အမုန်းတရားပွားနေကြတယ်ဆိုတာမျိုးကတော့ နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရတဲ့၊
ခံခဲ့ရတဲ့ လူဦးရေ သန်း ၆၀ အတွက်ကတော့ အရမ်း ရယ်စရာကောင်းနေတာ အမှန်ပါပဲ။
တိုင်းရင်းသားတွေမှာ အမုန်းပွားဖို့နေနေသာသာ
လှုံ့ဆော်မှုအချို့
ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ အများစုက အမုန်းပွားနေကြတာ မဟုတ်ပါဘူး။
တိုင်းရင်းသားတွေကလည်း အမုန်းပွားနေတာ မဟုတ်ပါဘူး။
ဒီဖြစ်ရပ်တွေမှာ
ရခိုင်လူမျိုးတွေရဲ့ အမုန်းက အရင်းခံခဲ့တာ မဟုတ်ပါဘူး။
ဒီလိုမုန်းမယ်ဆိုရင် ရခိုင် ၉၀ ဘင်္ဂါလီ ၁၀ ရှိတဲ့မြို့တွေမှာ
ပြာကျကုန်မှာပေါ့။ ရခိုင်လူများစုရှိတဲ့ နေရာအများစုမှာ အဓိကရုဏ်းတွေ
မဖြစ်ခဲ့တာကို ကြည့်ရင် ပြည်ပကို ရိုဟင်ဂျာဆို သူတွေက ထုတ်ပြန်ခဲ့သလို
လူမျိုးတုန်း သတ်ဖြတ်မှုမျိုး မလုပ်ခဲ့ဘူးဆိုတာ ရှင်းနေပါတယ်။
မခံနိုင်တဲ့အခါကျမှ ရခိုင်တွေက လက်တုန့်ပြန်မှုအချို့ ဖြစ်ခဲ့ရတာပါ။
ရခိုင်
တိုင်းရင်းသားတွေတင်မကဘူး တစ်ခြား တိုင်းရင်းသားတွေမှာလည်း
မုန်းတီးဖို့တောင် အခြေအနေ မရလောက်အောင် သူတို့လူမျိုးတောင် သူတို့
ကာကွယ်ချိန်မရတော့ဘူး။ ပြည်ထောင်စုစစ်စစ်ကို မကျင့်သုံးနိုင်တဲ့ နှစ်ပေါင်း
၅၀ ကျော်မှာ တိုင်းရင်းသားတွေဟာ အကာ အကွယ်မဲ့ခဲ့ကြရတယ်။ ကိုယ်ပိုင်တဲ့
မြေကို စွန့်ခဲ့ရတယ်။ ပြည်မနဲ့ ပြည်ပကို ရွှေ့ပြောင်း အခြေချရတာ များလာတယ်။
နှစ်ပေါင်းများစွာအတွင်မှာ
လူဦးရေ အချိုးအစားက ပြောင်းလဲလာတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှရယ် မဟုတ်ပါဘူး။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကိုကြည့်ရင်လည်း တွေ့နိုင်တာပဲ။
အိမ်နီးချင်းနိုင်ငံကြီးရဲ့ ၂၃ ခုမြောက် ပြည်နယ်(တစ်နည်းအားဖြင့် ၃၄
ခုမြောက်ပိုင်နက်) ဖြစ်မှာစိုးရတဲ့ အနေအထားပါ။ ရှမ်းပြည်နယ်မှာဆိုရင်
အချုပ်အချာအာဏာ အပြည့်အ၀ မပိုင်တဲ့နေရာတွေတောင် ရှိလာပါပြီလို့ ဆိုကြတယ်။
ကချင်ဒုက္ခသည်တွေကို ကြည့်စမ်းပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်က
တိုင်းရင်းသားတွေရဲ့ ဘ၀ကရော။ လာစာနာကြည့်စမ်းပါ။
ကိုယ့်မြေကိုယ့်ရေကို
သူများလက်ထဲ အပ်ခဲ့ရတယ်။ ကိုယ်တိုင်ကတော့ တိုင်းတစ်ပါးမှာ
ဒုက္ခဆင်းရဲကြီးစွာနဲ့ ခိုလှုံခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့
မွန်တိုင်းရင်းသားတွေ၊ ကရင်တိုင်းရင်းသားတွေကို ကြည့်ဦးမလား။
ထိုင်းမှာရှိတဲ့ ကရင်ဒုက္ခသည်တွေ အပါအ၀င် ပြည်ပက ကရင်၊ ချင်း၊ မွန်
တိုင်းရင်းသားတွေ။ တိုင်းရင်းသားတွေမှာ အမုန်းပွားဖို့ နေနေသာသာဗျာ။
ကိုယ့်ဟာကိုယ်တောင် နေစရာ ပျောက်နေကြရရှာတာပါဗျာ။ ထိုင်းက ကရင်ဒုက္ခသည်တွေ
ဘယ်လို နေနေရတယ်၊နိုင်ငံသားအခွင့်အရေး မရတဲ့အပြင် ဘယ်လောက်
ဒုက္ခရောက်ကြတယ်ဆိုတာ မယ်လစခန်းမှာ သွားကြည့်နိုင်ပါတယ်။
ကျွန်တော်တို့တိုင်းပြည်ဟာ ဆင်းရဲတဲ့ အခုမှဖွံ့ဖြိုးဖို့ တာဆူနေတဲ့
တိုင်းပြည်ပါ။ ဒေသခံတွေနဲ့လည်း အဆင်မပြေတဲ့ အခြားတစ်ပါးသော ဒုက္ခသည်တွေကို
လက်ခံဖို့နေနေသာသာ ကိုယ့်တိုင်းရင်းသားတွေကို ပြန်လက်ခံဖို့
အရင်လုပ်ရမှာပါ။ လူသားချင်း စာနာထောက်ထားမှု မရှိလို့ ဒီစကားတွေ
ပြောထွက်နေတာလည်း မဟုတ်ပါဘူး။ စာနာထောက် ထားတယ်ဆိုကြသူတွေ တတ်နိုင်ရင်
ရိုဟင်ဂျာဒုက္ခသည်များကို နိုင်ငံအလိုက် အသီးသီးအသက ခေါ်ကြစေချင်ပါတယ်။
မြန်မာနိုင်ငံ
မြန်မာလူမျိုးတွေအပေါ် လူမျိုးရေး မုန်းတီးမှု အဆိပ်ရည်တွေ သွန်ချနေတဲ့
နယူးယောက်တိုင်းမ်က သောမတ်စ်ဖူလာရယ်၊ တိုင်းရင်းသားတွေ နေရတဲ့ဘ၀ကို
လာကြည့်ဖို့ ၊ ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်ကိုလာ လေ့လာဖို့
ဖိတ်ခေါ်ချင်ပါတယ်။ဖေ့စ်ဘွတ်ခ်နဲ့ အင်တာနက်ပေါ်ကလူတွေက လှုံ့ဆော်နေတာ
မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အမျိုးပျောက်တော့မဲ့အရေးအတွက် ဂရုဏာဒေါသောနဲ့
ကာကွယ်နေကြတာပါ။ နေနိုင်သူတွေက နေနိုင်၊ ထိရောက်တဲ့ အကာအကွယ်လည်း
နှစ်ပေါင်းများစွာမရတော့ မနေနိုင်သူတွေက ၀င်နာနေကြတာပါ။ တကယ်တော့ ဒေသခံ
ရခိုင်တိုင်းရင်းသားတွေမှာ အမုန်းပွားဖို့ နေနေသာသာပါဗျာ။
နှစ်ပေါင်း
ထောင်နဲ့ချီ ဒီမြေ၊ ဒီရေမှာ နေ၊ ဒီမြေ၊ ဒီရေကို သစ္စာရှိခဲ့ကြတဲ့
တိုင်းရင်းသားတွေခမျာမှာ နှစ်ပေါင်း ၅၀ ကျော် သူတို့ အခွင့်အရေးတွေ
ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ဘာမှ စတောင် မပြောရသေးချိန်မှာ
တိုင်းရင်းသားမဟုတ်သူတွေက လာပေါက်ကွဲပြီး သူတို့ကိုယ်စား နိုင်ငံတကာကပါ
လာပြီး မျက်ရည်ခံထိုး အခွင့်အရေးတောင်းဆို ပုံကြီးချဲ့ပြနေတာကို မြင်ရတော့
အင်း .. ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။
Written by ဇေ၀င်းနောင်