Thursday, June 28, 2012

တရုတ်အစိုးရ ဇာတိပြလာပြီ..



တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းစ် ဆိုတဲ့ အွန်လိုင်းသတင်းစာမှာရေးထားတဲ့ဆောင်းပါးကို ရှယ်ချင်ပါတယ်။ ဆောင်းပါးရေးသူက သူရဲ့ အမြင်ကို တင်ပြထားတာပါ။ သူကတော့ အကြီးတန်းအယ်ဒီတာတစ်ဦးဆိုတော့ တရုတ်အစိုးရရဲ့ မြန်မာပြည်နဲ့ ပက်သက်တဲ့မှုဝါဒကို တင်ပြသလိုပါပဲ။

သူပြောတာတွေကတော့..........

- ဒေါ်စုရဲ့ ဥရောပခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ အောင်မြင်မှု ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှုမဟုတ်ပါ။

- ဒေါ်စုဟာ ကုလားအရေးနဲ့ ကချင်အရေးမှာ ပါဝင်မှုနည်းသလို အခြားတိုင်းရင်းသားအရေးမှာလည်း ပါဝင်မှု အားမကောင်းပါ။

- ဒီမိုကရေစီကို အရမ်းပေးရင် တိုင်းရင်းသားတွေအချင်းချင်း ပိုလို့ တောင် သတ်နိုင်တယ်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ကိုပဲ သူတို့ ကြိုက်ပုံရတယ်။

- ရိုဟင်ဂျာအရေးကို တရုတ်အစိုးရက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပုံရတယ်။ (ကျနော့်အမြင်)

- ဆောင်းပါးတစ်ခုလုံးကိုခြုံပြီး တစ်လုံးတည်း ပြောရမယ်ဆိုရင် တရုတ်အစိုးရက လက်ရှိမြန်မာပြည်ရဲ့ အပြောင်းအလဲကို အထူးမလိုလားသလိုပဲ။

- ဒါ့ကြောင့် ပြည်တွင်းဗီးနပ်စ်ဂျာနယ်ရဲ့ အယ်ဒီတာ့အာဘော်မှာတောင် ဒီဆောင်းပါးနဲ့ ပက်သက်ပြီး အတိအလင်း ကန့် ကွက်နေတယ်။

- တရုတ်အစိုးရဟာ မြစ်ဆုံဆည်အရေးနဲ့ ရိုဟင်ဂျာအရေးမှာ အတော်လေးစိတ်ထိခိုက်သွားပုံရတယ်။ သူ တို့ အကျိုးအမြတ် ဆုံးရှုံးမှာကိုမလိုလားဘူး။ ပြည်တွင်းထဲက တရုတ်လူမျိုးအရေးနဲ့ ပက်သက်ပြီးလည်း တွေးပြီးကြောက်နေပုံရတယ်။

- ဒါ့ကြောင့် လက်ရှိဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်လဲမှု့ ကို တရုတ်အစိုးရက လုံးဝကို မနှစ်မြို့ တယ်ဆိုတဲ့အကြောင်းကို ဒီဆောင်းပါးက သက်သေပြနေတယ်။

- တရုတ်ပြည်ဟာ မြန်မာပြည်ကို သူတို့ ရဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီးဆက်ဆံလာတာ ကြာပြီ။

-ဗမာပြည်ကွန်မြူနစ်ပါတီကို လက်သက်မွေးတယ်။ မဟန်တော့ စစ်အစိုးရနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့ သယံဇာတကို ဂုတ်သွေးစုတ်တယ်။ အခုလက်ရှိ ဒီမိုကရေစီအရေးမှာလည်း တရုတ်အစိုးရက ကန့် လန့် သွားမဲ့ပုံပေါက်နေတဲ့အတွက် မြန်မာတွေ သတိရှိဖို့ လိုကြောင်း အသိပေးချင်တယ်။

- နိုင်ငံတကာ ဆက်ဆံရေးမှာ စကားကြီးတစ်ခုရှိတယ်။ ဒါကတော့အမြဲတမ်း မိတ်ဆွေမရှိဘူး။ အမြဲတမ်းအကျိုးစီးပွားပဲရှိတယ်။ ဒီစကားနဲ့ ပက်သက်ပြီးစဉ်းစားကြည့်ရင် ငတ်ပြတ်နေတဲ့ မြန်မာပြည်သူတွေအရေးကို ကူညီဖို့ ထက် သူတို့ အမြတ်ရဖို့ က အဓိကဖြစ်တယ်။

- ကွန်မြူနစ်နိုင်ငံတွေဟာ ဘယ်တော့မှ မြန်မာပြည်က ဒုက္ခသည်တွေ လက်ခံခဲ့တာမဟုတ်ဘူး။ လစ်ဘရယ်နိုင်ငံတွေကသာလျှင် လက်ခံခဲ့တာပဲဖြစ်တယ်။

- ကွန်မြူနစ်က လစ်ဘရယ်ကိုကြည့်မရတဲ့ အချိန်မှာ မြန်မာပြည်က ကြားညှပ်သွားခဲ့နှစ်က နည်းတာမဟုတ်ဘူး။

- ဒီအခြေအနေကနေ ဦးသိန်းစိန်နဲ့ ဘက်ပေါင်းစုံက နိုင်ငံရေးအင်အားစု တိုင်းရင်းသားအင်အားစုတွေ အမြန်ဆုံးရုန်းထွက်နိုင်မယ်လို့ မျှော်လင့်တယ်။

- တရုတ်လူမျိုးတွေကို ဆန့် ကျင်ဖို့ ဒီစာဖြန့် တာမဟုတ်ဘူး။ တရုတ်အစိုးရရဲ့ လုပ်ရပ်ကိုသာဆန့် ကျင်တာဖြစ်တယ်။



Credit To:   https://www.facebook.com/photo.php?fbid=116337291841731&set=a.103994823075978.5404.100003963820367&type=1&theater

No comments: