Monday, June 25, 2012

ရခိုင်မှတ်တမ်း

   
ယနေ့ ၂၂.၆.၂၀၁၂ ရက်နေ့နံနက် ၉နာရီခန့်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ကျနော်တို့ လူငယ်ဆရာဝန် ၁၅ဦးအပြင် အုပ်ချုပ်တဲ့ ဆရာဝန်တစ်ယောက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌ၊ GP society ဥက္ကဌ တို့ပါဝင်ပါတယ်။ စစ်တွေမြို့တွင် အခြေအနေများအတော်လေးကို ပြန်လည်တည်ငြိမ်နေပါပြီ။ ဆိုင်တွေလည်း ပြန်ဖွင့်နေပါပြီ။ မိုးဖွဲဖွဲရွာနေတာကြောင့်လားတော
့မသိပါဘူး လမ်းသွားလမ်းလာတော့ အတော်လေးကို ရှင်းနေပါသေးတယ်။ စစ်တွေမှာ curfew လည်း ဆက်ထုတ်ထားဆဲပါ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀င်တွေ့ခဲ့ရပြီး ၀န်ကြီးချုပ်က အခုလောလောဆယ်ခြေအနေများကိုရှင်းလင်းပြပါတယ်။ ၂ဖက်လုံးရဲ့ အထိမခံနိုင်တဲ့အခြေအနေကြောင့် အသေအချာကိုင်တွယ်နေရတယ်လို့ဆိုပါတယ်။ စဖြစ်တဲ့အချိန်မှာ ၀န်ထမ်းအင်အားနည်းပါးနေတာကြောင့် အကိုင်အတွယ်နှေးခဲ့ပြီး အခုအခါမှာတော့ အတော်လေး လုပ်ငန်းလည်ပတ်နေပြီလို့ဆိုပါတယ်။ ရှေ့လျှောက်လည်း ရေရှည်စီမံကိန်းများနဲ့ လည်ပတ်နိုင်အောင် အသေးစိတ်အစီစဉ်များဆွဲနေတယ်ဆိုပါတယ်။ ပြန်လည်ထူထောင်ရေးမှာ အိမ်ဆုံးရှုံးသွားတဲ့သူတွေအတွက် အိမ်ပြန်ဆောက်ပေးနိုင်တဲ့အထိ ကူညီပေးမယ်လို့ဆိုပါတယ်။ ကျန်းမာရေးဌာနက တာဝန်ရှိသူများနဲ့ တွေ့ဆုံတဲ့အခါမှာ အခုလောလောဆယ်မှာ ရောဂါများကို ထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်။ အများထင်နေသလို ၀မ်းရောဂါတွေ၊ အသည်းရောင် အသားဝါရောဂါတွေ အရမ်းပျံ့နှံ့နေတာမျိုးမပာုတ်ဘဲ ရှိမြဲလောက်သာဖြစ်တယ်လို့ဆိုပါတယ်(ကျနော်တို့တော့ ဒုက္ခသည်စခန်းတွေကို ဒီနေ့မသွားဖြစ်သေးတဲ့အတွက် အသေအချာတော့ မသိသေးပါဘူး။) ကျန်းမာရေးကူးစက်ရောဂါအဖွဲ့တွေ၊ ပြည်နယ်ကျန်းမာရေးအဖွဲ့တွေ၊ မြန်မာနိုင်ငံဆရာဝန်များအဖွဲ့ဝင်တွေ၊ UN အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ ဘင်္ဂလီလူနာများကို တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသပြီး ရခိုင်လူနာများကိုတော့ အရပ်ဘက်ဆေးရုံများသို့ ပို့ဆောင်ကုသတယ်လို့သိရပါတယ်။ ဆေးကုသသွားတဲ့နေရာမှာတော့ ရခိုင်ဘက်ရော၊ ဘင်္ဂလီဘက်ရော ၂ဖက်လုံးကုသမှုပေးရမှာဖြစ်ပါတယ်။ မနက်ဖြန်မှ ဒုက္ခသည်စခန်းများကို စတင်သွားရောက်ရမှာဖြစ်ပါတယ်။ မနက်ဖြန်ကျမှပဲ စခန်းများမှ အခြေအနေများကို ဆက်လက်ပို့ပေးလိုက်ပါမယ်။
 ----------------------------------------

မနေ့ကတော့ curfew ရှိတာကို မေ့နေတဲ့အတွက် စားရေးသောက်ရေး ဒုက္ခတွေ့သွားပါတယ်။ ၂၃.၆.၂၀၁၂ ဒီနေ့ကတော့ ဒုက္ခသည်စခန်းတွေကို စသွားရပြီဖြစ်ပါတယ်။ မနက် ၈နာရီခန့်တွင် ပြည်နယ်ကျန်းမာရေး ဦးစီးမှုရုံးမှာ တွေ့ဆုံပြီး တာဝန်ခွဲဝေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်းအကြီးအနေနဲ့ ၁၁ခုရှိပါတယ်။ အသေးလေးတွေကတော့ အများအပြားရှိပါတယ်။ ဒုက္ခသည်စခန်း ၁၁ခုမှာ သဲချောင်းနဲ့ သက်ကယ်ပြင်အရပ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကတော့ ဘင်္ဂလီလူမျိုးဒုက္ခသည်တွေကို ထားတာဖြစ်ပြီး ကျန်တဲ့ဒုက္ခသည်စခန်းတွေမှာတော့ ရခိုင်လူမျိုးတွေကို ထားတာဖြစ်ပါတယ်။ ဘင်္ဂလီလူမျိုးတွေကို ထားတဲ့စခန်းက ၂ခုပဲရှိတဲ့အတွက် အဲဒီစခန်းတွေမှာတော့ လူတော်တော်များပါတယ်။ ကျနော်တို့ ဆရာဝန် ၁၅ယောက်ကို စခန်းကြီးတွေဖြစ်တဲ့ သဲချောင်းနဲ့ သက်ကယ်ပြင် စခန်းတွေကို ၃ယောက်စီချပြီး ကျန်တဲ့စခန်း၉ခုကိုတော့ ၁ယောက်စီတာဝန်ခွဲပေးလိုက်ပါတယ်။ တာဝန်ခွဲဝေပြီးတော့ ထွက်ခွာတဲ့အချိန်မှာတော့ အတော်လေးကို ခန့်ခန့်ငြားငြားပဲ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်များနဲ့သွားရပါတော့တယ်။ ကျနော်တို့ကို သွားလာရေးအခက်အခဲမရှိအောင် ကားစီစဉ်ပေးမယ်။ စားသောက်ရေးစီစဉ်ပေးမယ်လို့ ကတိပေးတဲ့ ၀န်ကြီးချုပ်စကားကို ယုံမိတဲ့အတွက် ထမင်းစားရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်စား၊ ပာိုနားဒီနားနီးရင် လမ်းလျှောက်၊ ဝေးရင် တုတ်တုတ်ငှားပြီး သွားရပါတော့တယ်။ (ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုပေမယ့် ဆရာဝန်အသင်းက ကျခံရတာပါ။ ပြည်နယ်အစိုးရကတော့ ကျနော်တို့ကို ကျွေးဖို့၊ သွားလာရေးစီစဉ်ပေးဖို့ မေ့နေပုံရပါတယ်။ ကျေးဇူးတင်စရာကောင်းတယ်နော်။) ၂၂.၆.၂၀၁၂ ရက်နေ့ကစပြီးတော့ စစ်တွေမြို့ထဲက ဘင်္ဂလီတွေကို မြို့ပြင် ကယ်ဆယ်ရေးစခန်းတွေဆီကို ပို့ဆောင်ထားလိုက်ပါတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေ၊ မြို့ထဲတွေမှာ လူမျိုးတွေရောနေတာမျိုးမရှိဘဲ မြို့ထဲမှာ ဘင်္ဂလီတွေကို မတွေ့ရတော့ပါ။ မြို့ပြင် ဒုက္ခသည်စခန်းမှာပဲ စုထားလိုက်ပါတယ်။ အဲလိုလုပ်ထားလိုက်လို့လည်း ဆက်ပြီး ပြသနာတွေမကြီးထွားတော့တာဖြစ်ပါတယ်။ ကျနော်တာဝန်ကျတဲ့နေရာတွေကတော့ ရွာမြောက်ကျောင်း ဒုက္ခသည်စခန်းနဲ့ ဂြားဘက် (ဘုန်းတော်ကြီးကျောင်း)ဒုက္ခသည်စခန်းတို့ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းထဲကို ၀င်လိုက်တာနဲ့ အ၀င်ဝလမ်းမှာ ကစားနေတဲ့ကလေးလေးတွေကိုစတွေ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် အပြစ်မရှိတဲ့သူတို့လေးတွေ ဒုက္ခရောက်နေရတာကို တွေ့ရတာ အတော်လေးကို စိတ်မကောင်းဖြစ်စရာကောင်းပါတယ်။ သောက်သုံးရေ၊ သုံးရေနဲ့ ပတ်သက်ပြီး အတော်လေးကို တိုးတက်နေပေမယ့် အိမ်သာကိစ္စကတော့ သိပ်ပြီး အားရစရာမကောင်းသေးပါဘူး။ ကလေးတွေမှာ အများဆုံးတွေ့ရတာကတော့ သန်ကောင်ပြသနာပဲဖြစ်ပါတယ်။ ၀မ်းရောဂါနဲ့ပတ်သက်ပြီးတော့ အသေအချာထိန်းချုပ်ထားနိုင်တဲ့အတွက် အများထင်နေသလိုမျိုး ၀မ်းရောဂါတွေ၊ အသည်းရောင်ရောဂါတွေ အဖြစ်များနေတာမျိုးတော့ မတွေ့ရပါဘူး။ အခြားစခန်းတွေမှာလည်း ဒီလိုပါပဲ။ ကုသတဲ့နေရာမှာ ဒုက္ခအရောက်ဆုံးကတော့ ရခိုင်လူမျိုးတွေရဲ့ စကားဝဲတာကြောင့်ပါ။ သူတို့ပြောနေတာ ဗမာစကားပေမယ့် အရမ်းကို ၀ဲနေတဲ့အတွက်ကြောင့် ဘယ်လိုမှကို နားမလည်နိုင်ဖြစ်နေပါတယ်။ အသေအချာပြောရင်တောင် နားလည်ရခက်နေတော့ အမြန်ပြောရင် နိုင်ငံခြားသားစကားပြောနေတာကို ထိုင်ကြည့်ရသလိုဖြစ်နေပါတယ်။ ပြန်လည်နေရာချထားပေးရေးကိစ္စတွေနှောင့်နှေးနေတာ (အိမ်ပြန်ဆောက်ပေးတာမျိုး)၊ ပြည်သူတွေကို လုံခြုံရေးအတွက် အပြည့်အစုံ အာမခံချက်တွေမပေးနိုင်တာတွေကြောင့် အများစုက ဒုက္ခသည်စခန်းတွေမှာပဲ သောင်တင်နေပါတယ်။ UN အဖွဲ့တွေကို ပေးမ၀င်နိုင်တာကြောင့်လည်း ဒီလိုမျိုး၊ နှောင့်နှေးမှုတွေ၊ လိုအပ်ချက်တွေ ပိုများနေရပါတယ်။ UN တွေကို ပေးမ၀င်နိုင်တာကတော့ ပိာုတစ်ခါလိုမျိုး ဘင်္ဂလီလူမျိုးတွေအတွက် အထောက်အပံ့ပေးမယ့်သူတွေ၊ သူလျိုလုပ်ပေးမယ့်သူတွေရောရောင်ပြီး ၀င်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။ ကိုယ့်တိုင်းရင်းသားတွေကို ဒုက္ခပေးခဲ့တဲ့သူတွေကို ဒုက္ခသည်စခန်းဖွင့်ထားပေးပြီး အသေအချာကုသမှုပေးနေရတာကို စိတ်ထဲမှာသိပ်တော့မကျေနပ်ပါဘူး။ ဒါပေမယ့်လည်း ရန်သူ၊ မိတ်ဆွေ မခွဲခြားရဘူးဆိုတဲ့ ကျင့်ဝတ်တွေ၊ လူသားချင်းစာနာထောက်ထားပါဆိုတဲ့ အော်သံပာစ်သံတွေကြောင့် ဖြစ်ချင်တဲ့စိတ်ကို အတတ်နိုင်ဆုံးလျော့ထားပြီး ဖြစ်သင့်တာကိုပဲ ဆက်လက်လုပ်ဆောင်ပေးနေရပါတယ်။ ဘင်္ဂလီတွေကို ဘာမှတောင်မလုပ်ရသေးဘဲ လူ့အခွင့်ရေး အော်နေတဲ့ပုဂ္ဂိုလ်များ စစ်တွေမြို့ကို လာကြည့်စေချင်ပါတယ်။ လူ့အခွင့်ရေးအပြည့်နဲ့ လူသားဆန်စွာကူညီပေးနေပါတယ်။ ဒီလိုမျိုး ဘင်္ဂလီလူမျိုးတွေကို ဆေးဝါးကုသပေးတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေကတော့ မကျေနပ်ကြပါဘူး။ ကျနော်ကတော့ ကြားထဲက ညပ်နေတာမျိုးမဖြစ်ပါစေနဲ့၊ ကျနော်တို့ရဲ့ ကျင့်ဝတ်တွေကို ရခိုင်လူမျိုးတွေ နားလည်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းရပါတယ်။ ဒီနေ့တော့ တော်တော်လေးကို ပင်ပန်းသွားပေမယ့် ကျနော်ကူညီပေးချင်တဲ့သူတွေကို ကူညီပေးလိုက်ရတဲ့အတွက် ကျေနပ်ပါတယ်။ မနက်ဖြန်မှပဲ အတွေ့အကြုံတွေ ဆက်ပါဦးမယ်။
၂၄.၆.၂၀၁၂။ ဒုက္ခသည်စခန်းတွေကို အကုန်လုံးရောက်ဖြစ်အောင် လှည့်ပြီးသွားရတဲ့ အစီအစဉ်ကြောင့် ဒီနေ့တော့ ကျနော် ဘင်္ဂလီဒုက္ခသည်စခန်းတွေဖြစ်တဲ့ သဲချောင်းစခန်းနဲ့ သက္ကပြင်စခန်းတွေကို သွားရပါတယ်။ ဒီနေ့သွားတော့ ကားကောင်းကောင်းနဲ့သွားရတဲ့အတွက
် ကျနော့်စိတ်ထဲမှာ ပြည်နယ်အစိုးရကို မဆိုးပါဘူး၊ ကားစီစဉ်ပေးသားပဲဆိုပြီး အမှတ်ပေးပြီး မနေ့က ရေးထားတာတွေကိုတောင် ပြန်ဖြေရှင်းပေးမယ်လို့တွေးမိပါသေးတယ်။ လမ်းတစ်ဝက်ရောက်တော့မှ ကားပေါ်မှာလိုက်လာတဲ့ ဆရာကြီးတွေ ကားခစစ်နေတာတွေ့ရတော့မှာ ပာာ သောက်တလွဲအစိုးရပဲဆိုပြီး အမှတ်တွေထပ်နှုတ်လိုက်ပါတယ်။ နောက်နေ့တွေလည်း ဆရာဝန်အသင်းက စိုက်ထုတ်ပြီးတော့ပဲ ဆေးကုထွက်ရဦးမှာပါ။ ကိုယ့်နယ်မြေကို လာကူညီတာကို ဘာမှ မစီစဉ်ပေးတဲ့ ပြည်နယ်အစိုးရကိုလည်း အတော်လေးကို အံသြပါတယ်။ စစ်တွေမြို့ပြင်ကို ထွက်လိုက်ပြီး စစ်တပ်ဂိတ်ကို ကျော်တာနဲ့ မျက်စိမှိတ်ပြီး လက်ညှိုးထိုးလိုက် ထိုးမလွဲ ဘင်္ဂလီတွေရှိပါတယ်။ ဒီလောက်များတဲ့ ဘင်္ဂလီတွေဘယ်လိုမျိုးများ ရောက်နေတာလဲဆိုတာကို ကျနော် တော်တော်လေး အံသြမိပါတယ်။ ၅၀-၅၀ ရှိတယ်ဆိုတဲ့ စစ်တွေမှာတောင် ဒီလောက်များနေတယ်ဆိုရင် ဘူးသီးတောင် မောင်းတောမြို့တွေလို ၁၀-၉၀လောက်ရှိနေတဲ့ နေရာတွေဆိုရင် ဘယ်လိုများနေမလဲ မသိဘူးဗျာ။ စစ်တွေဒုက္ခသည်စခန်းသွားရာ လမ်းတလျှောက်ကို စစ်တပ်က ထိန်းချုပ်ထားပြီး လမ်းတလျှောက်မှာ စစ်တပ်ကင်းတွေ အများအပြားကို တွေ့ခဲ့ရပါတယ်။ စစ်တွေမြို့ပြင်ကိုထွက်တာနဲ့ မီဒီယာတွေ၊ INGO တွေကိုသွားခွင့်မပြုတော့ပါဘူး။ အခြေအနေက တည်ငြိမ်နေပေမယ့် လုံခြုံရေးအတွက်တပ်သား၂ယောက်ကို လက်နက်အပြည့်အစုံနဲ့ ထည့်ပေးလိုက်ပါတယ်။ ဒုက္ခသည်စခန်းမှာတော့ မိသားစုလိုက်နေလို့ရတဲ့ တဲဖြူဖြူတွေအများကြီးကို တွေ့ရပါတယ်။ တဲဖြူဖြူတွေရဲ့ တံဆိပ်မှာတော့ ဆော်ဒီအာရေဗျနိုင်ငံမှ လှူဒါန်းသည်ဆိုတဲ့စာတွေကို ရိုက်နှိပ်ထားတာတွေ့ရပါတယ် (သူတို့ဘာသာတူခြင်းတော့ အရမ်းရိုင်းပင်းတယ်နော်။ အတုယူသင့်ပါတယ်။) သူတို့ ဒုက္ခသည်စခန်းတွေကတော့ အတော်လေးကို လူများပါတယ်။ ရခိုင်လူမျိုးဒုက္ခသည်တွေက စစ်တွေမြို့ထဲမှာ အဆင်ပြေတဲ့ နေရာမှာ ဒုက္ခသည်စခန်းဖွင့်ပြီး နေလို့ရလို့ စခန်းတစ်ခုမှာ လူနာသောင်းချီနေတာမျိုးမရှိပေမယ့် ဘင်္ဂလီစခန်းကတော့ ၂ခုပဲရှိတဲ့အတွက် လူဦးရေ သောင်းချီပြီးရှိပါတယ်။ ဒုက္ခသည်စခန်းရှိတဲ့နေရာမှာ စစ်တပ်က တပ်ရင်းတစ်ခုချထားပါတယ်။ သူတို့စခန်းတွေကတော့ နဂိုတည်းကလည်း စုတ်စုတ်ပြတ်ပြတ်နေတဲ့ လူမျိုးတွေဆိုတော့ အတော်လေးကို ညစ်ပတ်စုတ်ပြတ်နေပါတယ်။ အဲလိုဆိုတော့ ကူးစက်ရောဂါတွေလည်း ဖြစ်ဖို့ ပိုပြီးအခွင့်အလမ်းများနေပါတယ်။ အခုချိန်ထိတော့ အသေအချာကိုင်တွယ်နိုင်သေးတဲ့အတွက်ကြောင့် ရောဂါကြီးကြီးမားမား (၀မ်းရောဂါ၊ အသည်းရောင်ရောဂါ) တွေဖြစ်တာတော့ မတွေ့သေးပါဘူး။ သွားတုန်းကတော့ ဒီကောင်တွေကို ငါမကုပေးချင်ဘူးလို့ စိတ်ကူးမိပေမယ့် သူတို့ရဲ့ အခြေအနေတွေကို တွေ့ရတော့လည်း လူသားချင်းစာနာထောက်ထားပြီး အသေအချာကုပေးမိပါတယ်။ စိတ်သက်သာရာရတာက ကျနော်တို့ ရခိုင်လူမျိုးတွေက သူတို့ထက်တော့ အများကြီးသာတဲ့အခြေအနေမှာရှိပါတယ်။ ဆေးရုံနဲ့နီးတယ်၊ အလှူရှင်တွေရဲ့ အထောက်အပံ့တွေရနိုင်တယ်၊ ဆေးပစ္စည်းလုံလုံလောက်လောက်နဲ့ ဆရာဝန်တွေအများကြီးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ ဘင်္ဂလီတွေဘက်ကတော့ အကူအညီတွေမရလောက်ဘူးထင်ပါတယ်။ INGO တွေကို ပေးမ၀င်ဘဲ အစိုးရကသာ အားလုံးကို အသေအချာထိန်းချုပ်နေတာတွေ့ရပါတယ်။ ကျနော်တို့လည်း ကုရတာက သူတို့လူမျိုးအများကြီးကြားထဲမှာ ထိုင်ပြီးကုသရတာဆိုတော့ နည်းနည်းတော့ မျက်ခုံးလှုပ်ရပါတယ်။ တစ်ခုခုများဖြစ်ခဲ့ရင် ဘဲအုပ်က တစ်ထောင် နှစ်ထောင် မဗေဒါက တစ်ပင်တည်းဖြစ်မယ့် အပေါက်ပါ။ တပ်သား၂ယောက်ပေးလိုက်ပေမယ့် အပြင်မှာစောင့်နေကြတာပါ။ ကျနော်တို့နဲ့ နီးနီးနားနားကတော့ အရန်မီးသတ်တွေပါ။ အစတုန်းကတော့ အနားမှာ အရန်မီးသတ်တွေထားပေးမယ်ဆိုတော့ မဆိုးဘူးထင်နေတာ ပာိုရောက်တော့ ကြည့်လိုက်တော့ အရန်မီးသတ်တွေဆိုတာကလည်း သူတို့လူမျိုးတွေဖြစ်နေပါတယ်။ သူတို့လူမျိုးတွေထားပေးထားတာက စကားပြန်လုပ်ဖို့ပါ။ ကျနော်ကြည့်ခဲ့တဲ့ လူနာအတော်များများက ဗမာစကားကို မပြောတတ်ပါဘူး။ တစ်လုံးတစ်လေလောက်ပဲတတ်တာပါ။ ဗမာစကားမတတ်ဘဲ ဒီနေရာထိအောင်ကို ဘယ်လိုများရောက်ခဲ့လဲလို့ ထပ်ပြီး အံသြရပါတယ်။ သူတို့ထုံးစံအတိုင်းပဲ ပာုတ်တာတွေရောမပာုတ်တာတွေပါ ပြောကြပါတယ်။ ရခိုင်တွေကပဲ သူတို့အိမ်တွေကို မီးရှို့တဲ့အကြောင်း၊ သူတို့ ဒုက္ခရောက်ရတဲ့အကြောင်းတွေကို ငိုသံတွေနဲ့ပြောကြပြန်ပါတယ်။ ကျနော်လည်း သူတို့အထဲမှာဆိုတော့ ဘာမှချိုသည်၊ ခါးသည်ပြောခွင့်မကြုံခဲ့ပါဘူး (ကြောက်ရတယ်လေ၊ တော်ကြာကိုယ့်လုပ်သွားမှ ကိုယ်အရင်ခံရမှာအရင်၊ စစ်တပ်က ပစ်တာကနောက်မှလေ။) သူတို့ကိုလည်း မကုပေးလို့တော့မရပါဘူး။ ကျနော်တို့မှ မကုပေးရင်လည်း ကုပေးမယ့်လူလုံးဝမရှိပါဘူး။ အဲဒီတော့လည်း လူသားချင်းစာနာပြီး ကုသပေးရပါတယ်။ ကျနော်တို့နဲ့အတူပါလာတဲ့ တပ်သားတွေကိုမေးကြည့်တာတော့ သူတို့ဆီကို ပစ်မိန့်ရောက်လာတဲ့အချိန်ကနောက်ကျတယ်လို့သိရပါတယ်။ သူတို့ကတော့ ပစ်မိန့်ရတာနဲ့ ပထမတော့ အောက်ခြေတွေကိုပဲပစ်ပြီး နောက်ပိုင်းဆက်တက်တဲ့အချိန်တွေမှာတော့ လူတွေကိုပဲ ချိန်ပြီးပစ်တယ်လို့ဆိုပါတယ်။ သေနတ်မှန်ပြီး လူထိသွားပြီးတဲ့နောက်ပိုင်းတော့ သူတို့တွေဘက်က ငြိမ်သွားတယ်လို့ဆိုပါတယ်။ ကျနော်တို့နဲ့ ပါလာတဲ့တပ်သားကြီးတွေကတော့ သူတို့ကို ဘယ်သူမှ လက်မခံရင် ပင်လယ်ထဲသာမောင်းချလိုက်တာအကောင်းဆုံးလို့ ပြောနေကြပါတယ်။ အဲတော့ မပူကြပါနဲ့။ ပစ်မိန့်ကရထားပြီးသားပါ၊ သူတို့တွေနောက်ထပ်များထပ်သောင်းကျန်းခဲ့ရင် မပစ်ဘဲမနေပါဘူး။ ရေရှည်မှာ ဒီလောက်များတဲ့သူတွေကို ဘယ်လိုများစီစဉ်မလဲဆိုတာကိုတော့ အခုထိကျနော်လည်း စဉ်းစားလို့မရသေးပါဘူး။ လူကြီးပိုင်းတွေတော့ ဘယ်လိုများလုပ်ကြမလဲမသိပါဘူး။ သူတို့နဲ့ ရခိုင်လူမျိုးများကို ပူးတွဲပြီးတော့ ဘယ်လိုမှနေထိုင်လို့ မရနိုင်ပါ။ ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေအနေနဲ့လည်း သူတို့ရှိနေသမျှ လုံခြုံမှုကို မခံစားနိုင်တဲ့အတွက် ကိုယ့်နေရပ်ကို မပြန်ရဲ ဖြစ်နေပါတယ်။ အဲလိုကိုယ့်နေရပ်ကို မပြန်နိုင်ဘဲ စခန်းမှာသောင်တင်နေလေ၊ ကူးစက်ရောဂါတွေဖြစ်ဖို့ကတော့ ပိုပြီးအခွင့်အလမ်းများလာလေ ဖြစ်မှာပါပဲ။ အခုတော့စစ်တွေမြို့ထဲကို ဘင်္ဂလီလူမျိုးတွေမ၀င်ရဘူးဆိုပြီး လုပ်ထားပါတယ်။ စစ်တွေမြို့ထဲက ဗလီတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ကျနော်တို့ကို ရန်မူမယ့် အရိပ်အယောင်တွေတော့ မတွေ့ရပါဘူး။ ကျနော်တို့မှမကုရင်လည်း သူတို့ကိုကုပေးမယ့်သူတွေရှိမှာမပာုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ပြောလို့တော့မရဘူးဗျာ။ သူတို့တွေသာထလုပ်လိုက်ရင်လည်း ကျနော်တို့တော့ အရင်ဆုံးသွားရမှာပဲ (သေရွာကိုပြောပါတယ်)။ မျက်ခုံးခပ်လှုပ်လှုပ်နဲ့ပဲ ဆက်ပြီး ဆေးခန်းထိုင်ပြီး ဆက်လက်ကုသပေးနေရဦးမှာပါပဲ။ ဒါပာာ ကျနော်တို့လူမျိုးတွေရဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ဓလေ့တစ်ခုပဲပေါ့ဗျာ။ ကုလားတွေကို ကုပေးနေတယ်ဆိုပြီး ကျနော်တို့ကိုတော့ အထင်အမြင်မလွဲစေချင်ပါဘူး။ လူသားချင်းစာနာထောက်ထားပေးတယ်လို့ပဲ သဘောထားပေးကြပါဗျာ။
 -------------------------------------------
၂၅.၆.၂၀၁၂။ ။ အရင်နေ့တွေကုသခဲ့တာတ်ာတော်များေ
တာ့ ဒီနေ့တော့စစ်တွေမြို့ထဲမှာ လူနာလျော့နည်းသွားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ အိမ်မီးမလောင်ဘဲ ကြောက်လို့လာခိုလှုံနေကြတဲ့ ပြည်သူတွေကတော့ စစ်တွေမြို့ထဲမှာ ဘင်္ဂလီတွေလည်း မရှိတော့ဘူးဆိုတော့ အိမ်တွေကိုပြန်တဲ့သူပြန်နေကြပါပြီ။ ကျနော်တို့ ဒီနေ့တော့ ဘင်္ဂလီဒုက္ခသည်စခန်းတွေကို မသွားလိုက်ရပါဘူး။ အရင်နေ့တွေတုန်းကတော့ ကျနော်တို့မြန်မာနိုင်ငံဆရာဝန်အသင်းကပဲ သွားစရိတ်၊ စားစရိတ်နဲ့ လုံခြုံရေးအတွက် တပ်ရင်းမှူးကိုမျက်နှာချိုသွေးပြီး တပ်သား၂ယောက်ကိုမုန့်ဖိုးပေးပြီး ခေါ်သွားရပါတယ်။ အရမ်းထိန်းချုပ်ထားပြီး အကူအညီတွေနည်းနေတဲ့အတွက်ကြောင့် ဘင်္ဂလီတွေဘက်ကလည်း အတော်လေးကို မကျေမနပ်တွေဖြစ်လာတာတွေ့နေရပါတယ်။ ကျနော်တို့တွေလည်း သတင်းတွေအမျိုးမျိုးကြားနေရပါတယ်။ အခုကအချိန်မရွေးပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုဖြစ်နေတာပါ။ ကျနော်တို့ကို သတ္တိမရှိတဲ့လူတွေလို့လည်း ထင်ရင်လည်းထင်ပါတော့။ ကျနော်တို့နေရာကနေပြီးတော့ ကိုယ်ချင်းစာကြည့်ပေးပါ။ သူတို့ကို နှစ်ရှည်လများဆေးကုသပေးလာတဲ့ဆရာဝန်ကိုတောင် မောင်းတောမှာသတ်ခဲ့တဲ့သူတွေပါ။ ကျနော်တို့ကိုလည်း ဒီိလိုလုပ်ဖို့ဝန်မလေးနိုင်ပါဘူး။ မောင်းတောမှာမှ တစ်ယောက်ချင်းသတ်သွားတာပါ။ ကျနော်တို့ဆေးကုနေတဲ့နေရာက လူတစ်သောင်းနှစ်သောင်းကြားထဲမှာ ကုနေရတာပါ။ လက်နက်ကိုင်၂ယောက်ကလည်း တကယ်တမ်းဖြစ်လာရင် ဘယ်လိုများခံနိုင်မှာလဲ။ ဒါတောင် ကျနော်တို့တောင်းဆိုတာက ဒီလက်နက်ကိုင်လေး၂ယောက်တည်းပါ။ ကျနော်တို့အများကြီးကို risk ယူပြီးသွားနေရတာပါ။ အဲဒါကိုပဲ ကျနော်တို့ကို လက်နက်ကိုင်မထောက်ပံ့ဘူးလို့ဆိုပါတယ်။ လမ်းမှာစစ်တပ်ချထားတာမှန်ပါတယ်။ စစ်တပ်က စခန်းမှာရှိတယ်ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့်လည်း တကယ်သာအရေးအကြောင်းဆိုရင် ကျနော်တို့ကအရင်ဆုံးပါ။ စစ်တပ်နဲ့နီးတယ်ဆိုတာကလည်း သဲချောင်းစခန်းသာနီးနေပေမယ့် သက္ကပြင်အရပ်ကတော့ ဝေးပါတယ်။ စစ်တပ်ဆီကိုရောက်ဖို့ဆိုရင် ကျနော်တို့က ကုလား၃သောင်းလောက်ကိုအရင်ဖြတ်ပြီးမှ ရောက်နိုင်ပါတယ်။ ကျနော်တို့ ဒီရောက်ကတည်းက ကျနော်တို့ကိုလုပ်ပေးတာဆိုလို့ နေစရာစီစဉ်ပေးတာ တစ်ခုပဲရှိပါတယ်။ ကျန်တာအကုန်လုံးကိုယ့်စရိတ်ကိုယ်စားပြီး လိုက်လုပ်ပေးနေရတာပါ။ ကျနော်တို့ဘာမှ မတောင်းဆိုခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ရဲ့ စရိတ်ကတစ်နေ့ကို ဘာမှအပိုမသုံးဘဲတောင် ၁၅၀၀၀၀လောက်ရှိပါတယ်။ အဲဒီကုန်ကျစရိတ်ကို ဆရာဝန်အသင်းက စရိတ်စိုက်ထုတ်ကျခံနေတာပါ။ အဲလောက်လုပ်ပေးနေတာတောင်မှ ကျနော်တို့ risk ယူပေးနေတာကို မငဲ့ဘဲ လုံခြုံရေး၂ယောက်လောက်တောင်းတာကိုတောင် မပေးနိုင်ဘူးဆိုတော့ ကျနော်တို့အုပ်စုထဲမှာလည်း အတော်လေးကို စိတ်ပျက်စရာတွေဖြစ်လာပါတယ်။ ဆရာဝန်အသင်းဆိုတာပာာ အစိုးရအဖွဲ့အစည်းမပာုတ်ပါဘူး။ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့အကူအညီပေးနေရတဲ့အဖွဲ့အစည်းပါ။ ကျနော်တို့အနေနဲ့လည်း အစိုးရရဲ့အကူအညီမရဘဲ ရေရှည်အကူအညီပေးနိုင်ဖို့က အခက်အခဲရှိနေပါတယ်။ ဘယ်လိုပဲအခက်အခဲတွေရှိနေပေမယ့်လည်း ကျနော်တို့ စစ်တွေမြို့ထဲက ရခိုင်လူမျိုးဒုက္ခသည်တွေကိုတော့ အကောင်းဆုံးအကူအညီတွေပေးနေဆဲပါပဲ။ ကျနော်တို့ ဘင်္ဂလီတွေကိုဒီလိုမျိုး ကုသပေးနေတယ်ဆိုတာကလည်း သူတို့တွေကို အရမ်းကို သနားပြီးကူညီချင်နေလွန်းလို့မပာုတ်ပါဘူး။ လူ့အခွင့်ရေးအော်ပြီး ကျနော်တို့နိုင်ငံကို သိက္ခာချချင်နေတဲ့သူတွေ ဘာမှမပြောနိုင်အောင် လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတာပါ။ တနည်းပြောရရင် ကျနော်တို့နိုင်ငံရဲ့ Imageကိုမထိခိုက်ဘဲ သူတို့ပြသာနာကို ဖြေရှင်းနိုင်အောင် အကူညီပေးနေတာပါ။ ကျနော်တို့လုပ်နိုင်စွမ်းတဲ့အခြေအနေထက်ကို အတော်လေးကျော်နေပါပြီ။ ကျနော်လည်း ကျနော့်မှတ်တမ်းထဲမှာ မကျေနပ်ချက်တွေကို မထည့်ဘဲမှတ်တမ်းသဘောမျိုးပဲရေးချင်ပေမယ့် စိတ်ထဲမှာအရမ်းမကျေမနပ်ဖြစ်နေတော့လည်း ချရေးမိသွားတယ်။ အားလုံးပဲနားလည်ပေးကြပါ။ ကျနော်တို့လည်း ပထမတော့၂ပတ်နေပြီး အကူအညီပေးဖို့စီစဉ်ထားပေမယ့် ပြည်နည်အစိုးရရဲ့အကူအညီ၊ ကျန်းမာရေးဦးစီးဌာနရဲ့ အကူအညီတွေမရတဲ့အတွက် ရေရှည်မလုပ်နိုင်လောက်တော့ပါဘူး။ ကျနော်တို့အဖွဲ့ရဲ့ သုံးစွဲနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး သိပ်မကြာခင်ကို ပြန်သိမ်းရတော့မယ်လို့ထင်ပါတယ်။
 
Credit to : https://www.facebook.com/profile.php?id=100003858691121
 

No comments: