ဆင်းတုကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲတဲ့လား .............................. .............................. .. ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ် စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ေ ကာအကျိုးရှိပါမလား။ဗုဒ္ဓဘာသာကဆင်းတု တွေ၊ ရုပ်ပုံပန်းချီကား တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ဘာအကျိုးရှိမှာလဲ။ ဒါတွေက အေ နာက်နိုင်ငံသားတွေဘာသာခြားတွေ မေးတက်တဲ့မေးခွန်းတွေပဲ။
ဂေါတမမြတ်စွာဘုရားဟာပရိနိဗ္ဗာန် စံလွန်သွားပြီဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ဘုရားဖြစ်အောင်ြ ကိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုညွှန် ပြပေးခဲ့ဖို့ ပဲဒါတွေကအခုအကုန်ရှိနေသေးတာမို့  ဒီတရားတော်အတိုင်းလိုက်နာကျင့်ြ ကံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင်ကိုယ်စားကိုးကွယ်နိုင် တယ်။
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ် နိုင်တယ်။
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီးရေးသားတဲ့ ပုံတော်၊ ပန်းချီကားချပ်တွေ၊သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ်၊သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကိုဘုရားရှင်ကိုယ်စား ရှိခိုး ပူဇော်နိုင်တယ်။
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင်အပါအ၀င် ဘုရားရှင်အသုံးပြုတော်မူခဲ့တဲ့သ ပိတ်၊ သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်းဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေ ကို ရှိခိုးပူဇော်တာဟာဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ရုပ်ထု၊ဆင်းတုေ တ်ာများအနေနဲ့ရှိခိုးပူဇော်နေတာမ ဟုတ်ဘူး။
ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကိုရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြ င်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှားရှိစဉ်အခါက မိဘတို့ရဲ့ရုပ်ပုံကိုထင်မြင်လာေ အာင် အထောက်အပံ့ပြုတယ်။မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။စက္ကူဓာတ်ပုံကို ကျော်လွန်ပြီးမိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများပေါ်လွ င်လာအောင် ကြည့်ရှူရသလိုဘုရားပန်းချီ၊ရုပ် ထု၊ ဆင်းတုများကို ကျော်လွန်ပြီးမြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ေ ကျးဇူးတော် များပေါ်လွင်အောင်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပုံတော်၊ဆင်းတုတော်တို ဟာ အထောက်အပံ့ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲမြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီးရှိ ခိုးပူဇော်နိုင်ပါတယ်။မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီးပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး ကလည်းတူမှာပဲ။ဂုဏ်တော်များစုပေါ င်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင်အာ ရုံပြုရမယ်။
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါကမသိ၊နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်ေ နတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရားဟောကြားညွှန်ပြ ခဲ့တဲ့မဂ်လေးတန်၊ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မ တရား၊သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့  မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတို င်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ရတနာမြတ် သုံးပါး ပါပဲ။ ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာအခြားဘယ်မှာ ရှာဖွေလို့ရနိုင်ပါ တော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
ဂေါတမမြတ်စွာဘုရားဟာပရိနိဗ္ဗာန် စံလွန်သွားပြီဖြစ်ပေမဲ့သူဟောကြာ
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာဗုဒ္ဓကိုယ်စား
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင်ကိုယ်စားကိုးကွယ်နိုင်
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပ
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီးရေးသားတဲ့ ပုံတော်၊ ပန်းချီကားချပ်တွေ၊သစ်သားဆင်စွယ
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင်အပါအ၀င်
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေ
ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကိုရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြ
ဒါကြောင့်ပုံတော်၊ဆင်းတုတော်တို
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာရုပ်ပုံ၊
(ဒေါက်တာမင်းတင်မွန်)
No comments:
Post a Comment