Monday, February 18, 2013

ဒေါက်တာအေးမောင်ရဲ့ လွှတ်တော်မှာ တင်တဲ့အဆို

graphical counter
ဒေါက်တာအေးမောင်ရဲ့ လွှတ်တော်မှာ တင်တဲ့အဆိုနဲ့ ပါတ်သက်လို့ သူမီးမောင်း ထိုးပြသွားတာတွေဟာ အင်မတန် ကောင်းပါတယ်.... အထူးသဖြင့် နယ်စပ်လုံခြုံရေး၊ တရားမ၀င် ခိုးဝင်မှုနဲ့ အဂတိလိုက်စားမှု အစရှိတာတွေပဲ ဖြစ်ပါတယ်.... အဆိုပါ ကိစ္စတွေကြောင့် တရားမ၀င် ခိုးဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ များပြားနေတာတွေ၊ အဆိုပါ တရားမ၀င် ရောက်ရှိနေသူတွေကနေ သမိုင်းလိမ်ပြီး၊ လူ့အခွင့်အရေး ခေါင်းစဉ်တပ်လို့ နိုင်ငံသားပါဆိုပီး အရှက်မရှိ တောင်းဆိုနေတာတွေလည်း ပါဝင်ပါတယ်...

ထို့အတူပင် ဘူးသီးတောင်၊ မောင်းတော၊ ကုလသမဂ္ဂနဲ့ INGO တွေ (Nothern Rakhine State) NRS လို့ခေါ်တဲ့ ဒေသမှာ လူမှုရေးလုပ်ဆောင်ကြတဲ့ UN နဲ့ INGO တွေရဲ့ ဘက်လိုက်မှုတွေ၊ ဒေသခံ ရခိုင်လူမျိုးတွေကို ပစ်ပယ်ပြီး တရားမ၀င် ခိုးဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေအတွက်သာ ဦးစားပေး လုပ်ကိုင်နေတာတွေ၊ အဆိုပါ လုပ်ကိုင်ရင်းမှ ပြည်တွင်း ပြည်ပ ချိတ်ဆက်ပီး ပဠိပက္ခဖြစ်စေဖို့ မီးလောင်ရာ လေပင့်တာတွေ လုပ်ကိုင်လာစေတာလည်း ထောက်ပြထားပါတယ်...

သူထောက်ပြသွားတဲ့အထဲမှာ ယာယီနိုင်ငံသား White Card တွေကနေ မဲပေးခွင့် ရခဲ့တာတွေ၊ ပါတီထောင်ခွင့်၊ ပါတီပါဝင်ခွင့်ရသူတွေနဲ့ ရွေးကောက်ပွဲဝင်လို့ လွှတ်တော်အမတ် ဖြစ်လာတာတွေကိုပါ ထောက်ပြပြောဆိုထားတာ တွေ့ရပါတယ်...

ထို့အတူပဲ ဘာသာရေးကို အကြောင်းပြပြီး မိန်းမတွေများစွာယူခြင်း၊ ကလေးအလွန်အကျွံ့မွေးခြင်း၊ အသက်မပြည့်ပဲ အိမ်ထောင်ချပေးခြင်းဖြင့် ဘာသာရေးအရ လူစုရန် အစရှိတာတွေ ထောက်ပြထားပါတယ်.... ဘာသာရေးကျောင်းတွေ အလွန်အကျွံ့ တည်ဆောက်ပီး အဆိုပါကျောင်းများမှ ထွက်လာတဲ့ လူငယ်၊ လူရွယ်တွေဟာ ဘာသာရေး ပဠိပက္ခဖန်တီးခြင်း၊ အကြမ်းဖက်ခြင်း အစရှိတာတွေ လုပ်ကိုင်လာတာကိုလည်း ထောက်ပြထားပါတယ်.....

ထို့အတူပင် မိုင်တိုင် ၅၀၊ ၅၁ ၀န်းကျင်က ဂျီအီးတပ်ဖွဲ့ဝင်တွေ အဖမ်းခံရတဲ့ကိစ္စလည်း ထောက်ပြပြောဆိုခဲ့တာကို တွေ့ရပါတယ်.... ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ဒေါက်တာအေးမောင်ရဲ့ အဆိုဟာ၊ စာတန်းတစ်ခုသဖွယ် ဖြစ်နေပါတယ်.... အထူးသဖြင့် ရခိုင်အရေးအရာနဲ့ ပါတ်သက်လို့ ပြည့်စုံကောင်းမွန်တဲ့ စာတန်းတစ်ခုပါ.....

သို့သော် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လက်ရှိ စုံစမ်းရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးနေမှုတွေကို အဟန့်အတားဖြစ်မှာစိုးလို့ လွှတ်တော်က ပယ်ချခဲ့ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်တာကို တွေ့ရပါတယ်.... ဒေါက်တာအေးမောင်ရဲ့ အဆိုမှာလည်း ကော်မရှင်နဲ့ ပါတ်သက်လို့ ထည့်သွင်းထားခြင်း မရှိတာ တွေ့ရပါတယ်..... 

ကျွန်တော့်အမြင်မှာ ဒေါက်တာအေးမောင်အနေနဲ့ ကော်မရှင်ကိုဖိအားပေးဖို့အဆိုကိုတင်သင့်တယ်.... ကော်မရှင်အနေနဲ့ အစီရင်ခံစာ တက်မလာနိုင်ရင် လွှတ်တော်ဘာလုပ်ပေးမလဲ ဆိုတဲ့ ပုံစံ မေးသင့်ပါတယ်..... သူ့ကိုအပြစ်ပြောတာတော့ မဟုတ်ဘူး ဒါပေမယ့် လိုသွားတယ်..... နောက်ပိုင်းလွှတ်တော်မှာ အဆိုတင်မယ်ဆိုရင် အဆိုမတင်ခင်မှာ ကိုယ်တင်မယ့်အဆိုနဲ့ပါတ်သက်ပီး တစ်ဖက်အဖွဲ့က ချေပလာမယ့်အချက်တွေ၊ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုအဆိုတင်မလဲ အစရှိတာတွေကို သေခြာ ပြင်ဆင်သင့်တယ်လို့မြင်တယ်.... ဥပမာ ရှေ့နေများ မေးခွန်းမေးသလို ဟုတ်တယ်ဖြေလည်း ကြိုးကွင်း၊ မဟုတ်ဘူးဖြေလည်း စက်တိုင် ဆိုတဲ့သဘောပေါ့.....

လွှတ်တော်အနေနဲ့လည်း ဘာမဆိုင် ညာမဆိုင် ဆိတ်ဖွားကို ကော်မရှင်ဖွဲ့နေမယ့်အစား ဒေါက်တာအေးမောင်ရဲ့ အဆိုမှ အချို့သော အရေးကြီးအဆိုများလို လိုအပ်တဲ့အပိုင်းကို ထုတ်နှုတ်ဆွေးနွေးခြင်းများ ပြန်လည်ပြုလုပ်သင့်ပါတယ်.... ဒါဟာ ရခိုင်ဒေသ အရေးမဟုတ်ပဲ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်.... ကြံ့ဖွံ့တို့မဲရဖို့ White Card တွေမဲပေးခဲ့တာ လူတွေအသိပဲ ဖြစ်ပါတယ်..... ဒီအတွက် အရင်ကအမှားတွေကို သိက္ခာဆယ်ဖို့ အခုအချိန်မှာ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ဆောင်နိုင်ဖို့ လိုပါတယ်.....

လုပ်ရပ်အမှားကို လူမသိအောင်ဖုံးကွယ်ရင်း နောက်ထပ်အမှားတွေ ထပ်ကာထပ်ကာ ကျူးလွန်လာရင်တော့ ကြံ့ဖွံ့ဟာ ပြည်သူ့အမြင်မှာ ဆိုးဝါးတဲ့အဖွဲ့အစည်း၊ နိုင်ငံကို ချောက်ထဲတွန်းပို့ခဲ့တဲ့ အဖွဲ့အစည်းလို့ မြင်လာမှာဖြစ်သလို သမိုင်းကြောင်းလည်း လှပမှာ မဟုတ်တော့ပါ.... ဒီအတွက် အတိတ်ကမကောင်းခဲ့တဲ့ သမိုင်းကြောင်းတွေကို ဒီအချိန်မှာ ကောင်းမွန်အောင်ပြန်လည် ပြင်ဆင်ကြိုးစားသင့်ပါတယ်....

သို့မဟုတ်ပဲ ၂၀၁၅ လည်း အရှက်မရှိ မဲခိုးရင်းနဲ့ အနိုင်ယူမယ်ဆိုရင်တော့ ဦးနေ၀င်းနဲ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီလို သမိုင်းကြောင်း မကောင်းတာတွေ ထပ်ဖြစ်လာပါလိမ့်မယ်..... ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လူတွေမုန်းခဲ့ကြလို့ ဆိုရှယ်လစ်ကနေ တစည ကိုပြောင်းခဲ့ပေမယ့် တဖြည်းဖြည်း လမ်းဘေးရောက်လာသလို ကြံ့ဖွံ့လည်း ဒီအတိုင်းဆက်သွားရင် အဆိုပါလမ်းစဉ်ကိုပဲ တသွေမတိုင်းလိုက်သွားမယ်လို့ပဲ ဆိုချင်ပါတယ်....

James Mint

No comments: