၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျှောက်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်ဌာနေ တိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ရက်နေ့ အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ်သတင်းစာမှ ဖော်ပြခဲ့သည်။
အဆိုပါ ပါကစ္စတန်အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများထဲတွင် အထင်ရှားဆုံး အကြမ်းဖက်အဖွဲ့အစည်းမှာ Lashkar-e-Taiba ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထိပ်တန်းထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရိုဟင်ဂျာဘင်္ဂလီမူဆလင် အကြမ်းဖက်လှုပ်ရှားမှုများအား နောက်ကွယ်မှ အဓိကငွေကြေး ထောက်ပံ့ပေးနေသည်မှာ ဆော်ဒီအာရေဗီယားနိုင်ငံမှ အစ္စလာမ်မစ်အဖွဲ့အစည်းများဖြစ်ြေ
ဘင်္ဂလီရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် လူမှုရေးအခက်အခဲများနှင့် ဆက်စပ်မှုမရှိပဲ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးတွင် အဆိုပါလူနည်းစု၏ ပါဝင်ပတ်သက်မှု၊ လေ့ကျင့်ရေးစခန်းထူထောင်ခြင်းအပ
နယူးဒေလီ၏ အဓိကစိုးရိမ်ပူပန်သည့်အချက်မှာ ပါကစ္စတန်အကြမ်းဖက်အုပ်စုများမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ မူဆလင်များကို စုဆောင်းလေ့ကျင့်ပေးပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် ဒေသတွင်းတွင် အာသံအဓိကရုဏ်းကဲ့သို့ ဆူပူအုံကြွသတ်ဖြတ်မှုများကို ဖန်တီးလာစေရန် နောက်ကွယ်မှကြိုးကိုင် အသုံးချမည်ကို ဖြစ်သည်။
ဘင်္ဂလီရိုဟင်ဂျာ ဒုက္ခသည်အမြောက်အမြားရှိနေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် Pakistani Inter-Services Intelligence နှင့် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့၏ အရှိန်မြင့်လာသော ပူးပေါင်းစစ်ဆင်ရေးနှင့်ပတ်သက်၍
ရခိုင်ဒေသ ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် Lashkar-e-Taiba နှင့် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော Jammaat-ud-Dawwa (JuD) တို့မှ ဦးဆောင်၍ ဖိုရမ်တစ်ခုကျင်းပခဲ့ပြီး ၎င်းဖိုရမ်၏အမည်မှာ Difa-e-Musalman Arakan-Burma Conference (Defence of Muslims in Myanmar) ဖြစ်ကြောင်း၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရမြန်မာအစိုးရအား ဆန့်ကျင်ရန် မူဆလင်များအား စုစည်းမည့် ကမ်ပိန်းဖြစ်ကြောင်း သိရှိရသည်။
Lashkar-e-Taiba နှင့် Jammaat-ud-Dawwa (JuD) တို့မှ သြဂုတ်လ၁၀ရက်၊၂၀၁၂ခုနှစ်တွင် အဖွဲ့ဝင်နှစ်ဦးပါ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့နှစ်ဦးမှာ Jammaat-ud-Dawwa (JuD)၏ ပြောရေးဆိုခွင့်ရှိသူ Nadeem Awari နှင့် လူမှုဆက်သွယ်ရေးအဖွဲ့မှ Shahid Mehmood Rehmatullah တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့၏တာဝန်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေးကျောင်းများမှ စီနီယာကိုယ်စားလှယ်များနှင့် ချိတ်ဆက်လှုပ်ရှားမှုကို တိုးမြှင့်ရန်ဖြစ်သည်။
အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးသတင်းများအရ Lashkar-e-Taiba ခေါင်းဆောင် Hafeez Saeed အပါအ၀င် စီနီယာအစွန်းရောက် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များသ
Lashkar-e-Taiba ခေါင်းဆောင်များသည် ရခိုင်ဒေသရှိ ဘင်္ဂလီရိုဟင်ဂျာများထံ Harkat ul Jihadi al Islami (HUJI), JeM နှင့် Jammaat ul Mujahideen Bangladesh (JMB) စသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ အလည်အပတ်လာရောက်ရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ RSO(Rohingya Solidarity Organisation) နှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့်မည့် အစီအစဉ်များရေးဆွဲရန်နှင့် အိန္ဒိယအရှေ့ဖက်ဒေသ အစွန်အဖျားတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများမှ Jammaat ul Arakan (JuA)တည်ထောင်ခြင်း၊ JAM မှလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများအကြောင်းနှင့်
အိန္ဒိယထောက်လှမ်းရေးသတင်းများအရ
ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုအား အိန္ဒိယထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ စက်တင်ဘာ၁၁ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် Cox's Bazaar ခရိုင်၊ Idgah madarassa ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ၊ Karachi မြို့အခြေစိုက် Dar-ul-Uloom Islamiya madarassa တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများအား ရှာဖွေစည်းရုံးသည့် တာဝန်နှင့် ဘင်္ဂလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူဖြစ်သည
၎င်းအား အခန်းပိတ်စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ပတ်သက်မှုရှိသည့်အပြင် Karachiမြို့ အခြေစိုက် HUJI (Arakan)၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပါကစ္စတန်စစ်ထောက်လှမ်းရေးအဖွဲ့သ
ဒါကာနှင့်နေပြည်တော် အစိုးရများသို့ ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ယက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန်စစ်ထောက်လှမ်းရေး (ISI)မှ Lashkar-e-Taiba,Jaish-e-Mohamm
ဘင်္ဂလီရိုဟင်ဂျာမူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံ သတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေးပါရဂူများထံမှ အသေခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိပြီ
Source - LeT seeks foothold in Myanmar
Shishir Gupta, Hindustan Times
ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း (၀ံသာနု)
No comments:
Post a Comment