Wednesday, February 27, 2013

ရယ်လည်းရယ်၍ငိုလည်းငိုသူ

graphical counter
[ရယ်လည်းရယ်၍ငိုလည်းငိုသူ။]
*******************
"မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်နိုင်။"
  တစ်ခါတုန်းက ဗာရာသီမြို့တော်ကြီးမှာ ဒိသာပါမောက္ခဆရာကြီးတစ်ယောက်သည် ဆိတ်တစ်ကောင်ကိုသတ်၍ မတကဘတ်ပေးလှူရန် စီစဉ်ပါတယ်။ တပည့်များကို ခေါ်စေပြီး ယင်းဆိတ်ကို သန့်ရှင်းစေရန် မြစ်ကမ်းဆိပ်သို့ ရေချိုးပေးရန် စေလွှတ်လိုက်ပါတယ်။  ရေချိုးပြီးလို့ ဆိပ်ကမ်း၌ ခဏတဖြုတ်ချည်နှောင်ထားစဉ် ဆိတ်က ရယ်လည်းရယ်၍ ငိုလည်းငိုပါတယ်။ ဒီဆိတ်ဘာများဖြစ်တာလဲဆိုပြီ ၀ိုင်းမေးကြရာ-ဆိတ်က ဒီကိစ္စကို သင်တို့ရဲ့ ဆရာထံမှောက်ရောက်မှ မေးပါဟု ပြောလိုက်ပါတယ်။ ဆရာထံမှောက်ရောက်တော့ ဆိတ်ရဲ့ထူးစမ်းဖွယ်ဖြစ်ရပ်အစုံကို ပြောပြပါတယ်။ ဒါနဲ့ ဒိသာပါမေက္ခာဆရာကြီးက- အသင်ဆိတ်၊ ဘာကြောင့် ရယ်လည်းရယ်၍ ငိုလည်းငိုရပါသလဲလို့ မေးလိုက်ပါတယ်။
ဆိတ်က မိမိရဲ့ ရှေးဘ၀ဖြစ်စဉ်များကို ဇာတိဿရဥာဏ်ဖြင့် ပြန်လည်အောက်မေ့ကာ- ဆရာကြီး၊ ငါကလည်း ရှေးဘ၀က သင်ကဲ့သို့ပင် ဆိတ်တစ်ကောင်ကိုသတ်ပြီး မတကဘတ်လှူခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ်ကြောင့် ငါက လေးရာကိုးဆယ့်ကိုး(၄၉၉)ဘ၀လုံး ခေါင်းဖြတ်ခံလာခဲ့ရပြီးပြီး၊ ဒီဘ၀သည်ကား ငါ့အတွက် နောက်ဆုံးငါးရာမြောက်ဘ၀ဖြစ်တယ်၊ ယနေ့ ထိုဝဋ်ဆင်းရဲမှလွတ်မြောက်တော့မည်ဖြစ်၍ ရယ်တာပါ၊ ဆရာကြီးက ငါ့ကိုသတ်၍ ငါကဲ့သို့ပင် ဘ၀ငါးရာပတ်လုံး ၀ဋ်ဆင်းရဲသို့ ရောက်ရတော့မည်ကို တွေးမြင်၍ ဆရာကိုသနားမိသောကြောင့် ငိုခြင်းဖြစ်ပါတယ် လို့ အကြောင်းစုံကိုပြောပြလိုက်ပါတယ်။
ထိုအခါ ဆရာကြီးက- အသင်ဆိတ်၊ မကြောက်ပါလင့်၊မကြောက်ပါလင့်၊ သင့်ကို ငါမသတ်တော့ ပါဘူးဟုဆိုပါတယ်။ ဒါပေမယ့် ဆရာကြီးမသတ်လည်း ယနေ့ ငါကသေခြင်းမှ မလွတ်နိုင်ပါဘူး ဟုဆိတ်က ပြန်ပြောပါတယ်။ ထို့နောက် ဆိတ်ကို လွှတ်ပေးလိုက်ရာ ဆိတ်သည် ကျောက်ဖျာကြီးပေါ်မှ ကပ်၍ပေါက်နေသော သစ်ရွက်များကိုစားနေချိန် ရုတ်တရက် ပစ်ချလိုက်သော မိုးကြိုးသည် ကျောက်ဖျာကြီးကို လာထိရာမှ ကျောက်လွှာတစ်ခုသည် အရှိန်ဖြင့် ကွာထွက်ပြီး ဆိတ်ရဲ့လည်ပင်းကို ထိမိကာ လည်ပင် ပြတ်ထွက်သွားပါတော့တယ်။ ထိုဖြစ်ရပ်ကို လူများသည် တစ်စုတစ်ဝေးကြီး လာရောက်ကြည့်ရူကြပါတယ်။
ထိုအချိန်က ဘုရားလောင်းသည် ထိုအရပ်၌ သစ်ပင်စောင့် ရုက္ခစိုးဖြစ်ပါတယ်။ ဘုရားလောင်းက သူတစ်ပါးအသက်သတ်ခြင်း၏အပြစ်များကို ဟောကြားပါတယ်။ လူအများစုကလည်း ထိုတရားကို နာကြားကြရ၍ သူတစ်ပါးအသက်သတ်ခြင်းမှ သက်ဆုံးတိုင်း ရှောင်ကြဉ်ကြလေတော့သတည်း။
အထက်ပါဇာတ်လမ်းလေးကို သုံးသပ်ကြည့်ရအောင်ပါ။ မိမိက ကုသိုလ်ကောင်းမူပြုလုပ်ကြသည့်အခါ မကောင်းမူအကုသိုလ်အပြစ်များ မခြံရံဘဲ အသိဥာဏ်ဦးဆောင်သည့်အထက်တန်းစား ကုသိုလ်များဖြစ်အောင် ဆင်ခြင်သတိထားပြီး ပြုလုပ်တတ်ကြစေရန် အထူးသတိပေးဆုံးမလမ်ညွန်ထားသည့် ဇာတ်တော်လေးလို့ပြောရင်လည်းမမှားနိုင်ပါဘူး။ စာရေးသူအထင်တော့-ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတဲ့စကားပုံကလည်း ဒီဇာတ်တော်လေးမှဆင်းသက်လာတာဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခုစဉ်းစားမိတာကတော့- လောကလူသားတွေပြောပြောနေတဲ့ မိမိကိုယ်ကို မိမိသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံကြရတယ်လို့ပြောကြပါတယ်၊ တကယ်တမ်းတော့ ဒီဇာတ်တော်လေးကိုထောက်ဆကြည့်မယ်ဆိုရင် မိမိက သူတစ်ပါးအသက်ကိုသတ်လည်း အဖန်ငါးရာငါးကမ္ဘာခံရမှာဖြစ်တယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။ ဒီလိုဆိုရင် မိမိက ဘာပဲလှူလှူ သူတစ်ပါးအသက်ကိုမသတ်ဘဲ လှူဖို့အရေးကြီးပါတယ်။ မိမိကိုယ်တိုင်းလည်း သူတစ်ပါးအသက်ကိုမသတ်ဖို့ ဒီဇာတ်တော်လေးက လမ်းညွန်ပြနေပါတယ်။
ပဋ္ဌာန်းပါဠိတော်ကတော့- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော တဲ့။ အဓိပ္ပါယ်က ကုသိုလ်ကောင်းမူပြုလုပ်ရာ၌ သူတစ်ပါးအသက်ကိုသတ်ခြင်း၊ အသိဥာဏ်မပါဘဲ သူများတွေပြုလုပ်လို့၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရမည်စိုးလို့၊ ကုသိုလ်မူကိုပြုလုပ်ခြင်းစသော အကုသိုလ်အမူတို့ ခြံရံပြီးပြုလုပ်ခဲ့မည်ဆိုလျှင် ကုသိုလ်ကံနည်းနည်းလေးကိုပင် အကုသိုလ်ကံ အများကြီးက ခြံရံနေခြင်းကြောင့် မကောင်းကျိုးများစွာ နောက်နောင်မှာပေးပါလိမ့်မယ်ဟု ဆိုလိုပါတယ်။
ကဲစာဖတ်သူရေ… ပတ်ဝန်းကျင်အမြင်မှာ မိမိလှူသောအလှူသည် အသားငါးမဟုတ်သော်လည်း မိမိဘ၀အတွက်ကတော့ အမြင့်မြတ်ဆုံးအလှူကြီးကိုလှူနေရတာပါ။ မိမိဘ၀အထက်ရောက်အောင်ပို့တာကလည်း မိမိပါပဲ၊ မိမိဘ၀အောက်ရောက်သွားအောင်လုပ်တာလဲ မိမိပါပဲ။ အဲဒီတော့ အလှူတစ်ခုများလုပ်တော့မယ်ဆိုရင်ဖြင့်- မြတ်ဗုဒ္ဓနည်းလမ်းအတိုင်းလေးလုပ်သွားတတ်ဖို့ပါပဲ။  ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်ကြရာ၌ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ အဖြစ်မျိုးမရောက်အောင် ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်း သတိကြီးစွာ ထားသင့်ကြပါတယ်ဆိုတဲ့အကြောင်းလေးကို သတိပေးရင် ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။
လပြည့်ဝန်း(သာစည်) (13.11.2011)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
ကျမ်းကိုး။     ။မတကဘတ္တဇာတ်


"မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်နိုင်။"
တစ်ခါတုန်းက ဗာရာသီမြို့တော်ကြီးမှာ ဒိသာပါမောက္ခဆရာကြီးတစ်ယောက်သည် ဆိတ်တစ်ကောင်ကိုသတ်၍ မတကဘတ်ပေးလှူရန် စီစဉ်ပါတယ်။ တပည့်များကို ခေါ်စေပြီး ယင်းဆိတ်ကို သန့်ရှင်းစေရန် မြစ်ကမ်းဆိပ်သို့ ရေချိုးပေးရန် စေလွှတ်လိုက်ပါတယ်။ ရေချိုးပြီးလို့ ဆိပ်ကမ်း၌ ခဏတဖြုတ်ချည်နှောင်ထားစဉ် ဆိတ်က ရယ်လည်းရယ်၍ ငိုလည်းငိုပါတယ်။ ဒီဆိတ်ဘာများဖြစ်တာလဲဆိုပြီ ၀ိုင်းမေးကြရာ-ဆိတ်က ဒီကိစ္စကို သင်တို့ရဲ့ ဆရာထံမှောက်ရောက်မှ မေးပါဟု ပြောလိုက်ပါတယ်။ ဆရာထံမှောက်ရောက်တော့ ဆိတ်ရဲ့ထူးစမ်းဖွယ်ဖြစ်ရပ်အစုံကို ပြောပြပါတယ်။ ဒါနဲ့ ဒိသာပါမေက္ခာဆရာကြီးက- အသင်ဆိတ်၊ ဘာကြောင့် ရယ်လည်းရယ်၍ ငိုလည်းငိုရပါသလဲလို့ မေးလိုက်ပါတယ်။
ဆိတ်က မိမိရဲ့ ရှေးဘ၀ဖြစ်စဉ်များကို ဇာတိဿရဥာဏ်ဖြင့် ပြန်လည်အောက်မေ့ကာ- ဆရာကြီး၊ ငါကလည်း ရှေးဘ၀က သင်ကဲ့သို့ပင် ဆိတ်တစ်ကောင်ကိုသတ်ပြီး မတကဘတ်လှူခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ်ကြောင့် ငါက လေးရာကိုးဆယ့်ကိုး(၄၉၉)ဘ၀လုံး ခေါင်းဖြတ်ခံလာခဲ့ရပြီးပြီး၊ ဒီဘ၀သည်ကား ငါ့အတွက် နောက်ဆုံးငါးရာမြောက်ဘ၀ဖြစ်တယ်၊ ယနေ့ ထိုဝဋ်ဆင်းရဲမှလွတ်မြောက်တော့မည်ဖြစ်၍ ရယ်တာပါ၊ ဆရာကြီးက ငါ့ကိုသတ်၍ ငါကဲ့သို့ပင် ဘ၀ငါးရာပတ်လုံး ၀ဋ်ဆင်းရဲသို့ ရောက်ရတော့မည်ကို တွေးမြင်၍ ဆရာကိုသနားမိသောကြောင့် ငိုခြင်းဖြစ်ပါတယ် လို့ အကြောင်းစုံကိုပြောပြလိုက်ပါတယ်
ထိုအခါ ဆရာကြီးက- အသင်ဆိတ်၊ မကြောက်ပါလင့်၊မကြောက်ပါလင့်၊ သင့်ကို ငါမသတ်တော့ ပါဘူးဟုဆိုပါတယ်။ ဒါပေမယ့် ဆရာကြီးမသတ်လည်း ယနေ့ ငါကသေခြင်းမှ မလွတ်နိုင်ပါဘူး ဟုဆိတ်က ပြန်ပြောပါတယ်။ ထို့နောက် ဆိတ်ကို လွှတ်ပေးလိုက်ရာ ဆိတ်သည် ကျောက်ဖျာကြီးပေါ်မှ ကပ်၍ပေါက်နေသော သစ်ရွက်များကိုစားနေချိန် ရုတ်တရက် ပစ်ချလိုက်သော မိုးကြိုးသည် ကျောက်ဖျာကြီးကို လာထိရာမှ ကျောက်လွှာတစ်ခုသည် အရှိန်ဖြင့် ကွာထွက်ပြီး ဆိတ်ရဲ့လည်ပင်းကို ထိမိကာ လည်ပင် ပြတ်ထွက်သွားပါတော့တယ်။ ထိုဖြစ်ရပ်ကို လူများသည် တစ်စုတစ်ဝေးကြီး လာရောက်ကြည့်ရူကြပါတယ်။
ထိုအချိန်က ဘုရားလောင်းသည် ထိုအရပ်၌ သစ်ပင်စောင့် ရုက္ခစိုးဖြစ်ပါတယ်။ ဘုရားလောင်းက သူတစ်ပါးအသက်သတ်ခြင်း၏အပြစ်များကို ဟောကြားပါတယ်။ လူအများစုကလည်း ထိုတရားကို နာကြားကြရ၍ သူတစ်ပါးအသက်သတ်ခြင်းမှ သက်ဆုံးတိုင်း ရှောင်ကြဉ်ကြလေတော့သတည်း။
အထက်ပါဇာတ်လမ်းလေးကို သုံးသပ်ကြည့်ရအောင်ပါ။ မိမိက ကုသိုလ်ကောင်းမူပြုလုပ်ကြသည့်အခါ မကောင်းမူအကုသိုလ်အပြစ်များ မခြံရံဘဲ အသိဥာဏ်ဦးဆောင်သည့်အထက်တန်းစား ကုသိုလ်များဖြစ်အောင် ဆင်ခြင်သတိထားပြီး ပြုလုပ်တတ်ကြစေရန် အထူးသတိပေးဆုံးမလမ်ညွန်ထားသည့် ဇာတ်တော်လေးလို့ပြောရင်လည်းမမှားနိုင်ပါဘူး။ စာရေးသူအထင်တော့-ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတဲ့စကားပုံကလည်း ဒီဇာတ်တော်လေးမှဆင်းသက်လာတာဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခုစဉ်းစားမိတာကတော့- လောကလူသားတွေပြောပြောနေတဲ့ မိမိကိုယ်ကို မိမိသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံကြရတယ်လို့ပြောကြပါတယ်၊ တကယ်တမ်းတော့ ဒီဇာတ်တော်လေးကိုထောက်ဆကြည့်မယ်ဆိုရင် မိမိက သူတစ်ပါးအသက်ကိုသတ်လည်း အဖန်ငါးရာငါးကမ္ဘာခံရမှာဖြစ်တယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။ ဒီလိုဆိုရင် မိမိက ဘာပဲလှူလှူ သူတစ်ပါးအသက်ကိုမသတ်ဘဲ လှူဖို့အရေးကြီးပါတယ်။ မိမိကိုယ်တိုင်းလည်း သူတစ်ပါးအသက်ကိုမသတ်ဖို့ ဒီဇာတ်တော်လေးက လမ်းညွန်ပြနေပါတယ်။
ပဋ္ဌာန်းပါဠိတော်ကတော့- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော တဲ့။ အဓိပ္ပါယ်က ကုသိုလ်ကောင်းမူပြုလုပ်ရာ၌ သူတစ်ပါးအသက်ကိုသတ်ခြင်း၊ အသိဥာဏ်မပါဘဲ သူများတွေပြုလုပ်လို့၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရမည်စိုးလို့၊ ကုသိုလ်မူကိုပြုလုပ်ခြင်းစသော အကုသိုလ်အမူတို့ ခြံရံပြီးပြုလုပ်ခဲ့မည်ဆိုလျှင် ကုသိုလ်ကံနည်းနည်းလေးကိုပင် အကုသိုလ်ကံ အများကြီးက ခြံရံနေခြင်းကြောင့် မကောင်းကျိုးများစွာ နောက်နောင်မှာပေးပါလိမ့်မယ်ဟု ဆိုလိုပါတယ်။
ကဲစာဖတ်သူရေ… ပတ်ဝန်းကျင်အမြင်မှာ မိမိလှူသောအလှူသည် အသားငါးမဟုတ်သော်လည်း မိမိဘ၀အတွက်ကတော့ အမြင့်မြတ်ဆုံးအလှူကြီးကိုလှူနေရတာပါ။ မိမိဘ၀အထက်ရောက်အောင်ပို့တာကလည်း မိမိပါပဲ၊ မိမိဘ၀အောက်ရောက်သွားအောင်လုပ်တာလဲ မိမိပါပဲ။ အဲဒီတော့ အလှူတစ်ခုများလုပ်တော့မယ်ဆိုရင်ဖြင့်- မြတ်ဗုဒ္ဓနည်းလမ်းအတိုင်းလေးလုပ်သွားတတ်ဖို့ပါပဲ။ ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်ကြရာ၌ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ အဖြစ်မျိုးမရောက်အောင် ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်း သတိကြီးစွာ ထားသင့်ကြပါတယ်ဆိုတဲ့အကြောင်းလေးကို သတိပေးရင် ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။
လပြည့်ဝန်း(သာစည်) (13.11.2011)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
ကျမ်းကိုး။ ။မတကဘတ္တဇာတ်

1 comment:

Unknown said...

Wish to accept ..especially for Muslim people !!