အင်ဒိုနီးရှာနိုင်ငံ ၏ ဗုဒ္ဓသာသနာတော် သမိုင်း(အပိုင်း-၁)
အင်ဒိုနီးရှားသမ္မတနိုင်ငံ (Republic of Indonisia) သည်အရှေ့တောင်အာရှရှိ
အီကွေတာမျဉ်းကြောင်းတစ်လျှောက်ပေါ်တွင်တည်ရှိပြီး အရှေ့ဘက်တွင်
ပါပူဝါနယူးဂီနီ နှင့်မြောက်ဖက်တွင်
မလေးရှားနိုင်ငံတို့နှင့်နိုင်ငံနယ်နိမိတ်ချင်းဆက်စပ် လျှက်ရှိပါသည်။
နိုင်ငံအကျယ်အ၀န်းအနေဖြင့် (၇၃၅၂၆၈)စတုရန်းမိုင်ကျယ်ဝန်ပါတယ်။ မြို့တော်က
တော့ ဂျာကတာဖြစ်ပြီး လူဦးရေအားဖြင့်(၁၉၉၉-ခုနှစ်စာရင်းအရ) ၅၀၇.၅.ရှိပြီး
`ကမ္ဘာပေါ်တွင်မူဆလင်ဦးရေအများဆုံးနိုင်ငံ´ဖြစ်ပါတယ်။
အာရှတိုက်၏အရှေ့တောင်ဘက် အင်ဒိုနီးရှားနိုင်ငံ၏ ဆုမတြာနှင့်
ဂျာဗားကျွန်းတို့တွင် AD,700-မှစတင်၍ ဗုဒ္ဓဘာသာမှာ
ထွန်းကားပြန့်ပွားခဲ့ပါတယ်။ သို့ရာတွင် ၁၄-ရာစုအရောက်တွင်မူ
အစ္စလာမ်(မူဆလင်)များ တဖြည်းဖြည်းထိုးဖောက်လာပြီး ဗုဒ္ဓ၀ါဒီများ
ပျောက်ကွယ်ခဲ့ရပါတယ်။
အရှေ့တောင်အာရှ(၁၀)နိုင်ငံတွင်
အင်ဒိုနီးရှားနိုင်ငံသည် ကုန်မြေနှင့် ရေပိုင်နက်များပါ ထည့်တွက်မည်ဆိုပါက
အကျယ်ဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ မူဆလင်တို့ မကျူးကျော်မှီက
ထိုနိုင်ငံတော်ကြီးသည် ဗုဒ္ဓသာသာနာတော်စည်ပင်ထွန်းကားခဲ့ပြီး
အေးချမ်းမှုများစွာရှိခဲ့ပေသည်။
သာသနာတော်ဘယ်လောက်အထိ
ထွန်းကားခဲ့သလဲဆိုရင် ကောင်ကင်ယံတခွင်တွင် ရဟန္တာတို့ ဈာန်ကြွခြင်းကြောင့်
သင်္ကန်းရောင်တို့ ၀င်းလက်ပြောင်လင်းရွှေအဆင်းရှိပြီး မြေအပြင်သည်လည်း
စပါးပင်တို့၏ ရွှေအိုရောင် ကောင်ကင်ယံတွင် ရဟန်းတော်များ၏ သင်္ကန်းရောင်
ထိုရွှေဝါရောင်နှစ်ခု၏ အရောင်းအလင်းကား ရှုမညီးဖွယ်ရာကြည်ညို ပသာဒဖြစ်စေပြီး
`သုဝဏ္ဏဒီပ´ရွှေရောင်ကျွန်းဟုပင်တင်စားခေါ်ဆိုခဲ့ရသည့် အထိ သာသနာတော်ထွန်းကား
သာယာခဲ့၏။ ထို့သော် ယခုအချိန် ယခုအနေအထားနှင့်ကား လားလားမှမဆိုင်
ရွှေရောင်အစား မူဆလင်တို့၏ အမဲရောင်များသာ လွှမ်းမိုးအကျည်းတန်နေလေပြီ။
ထိုအင်ဒိုကျွန်းတနည်းဆိုရသော် သုဝဏ္ဏဒီပကျွန်းကဲ့သို့ တချိန်းတခါက
သံဃာတော်အရှင်မြတ်တို့၏ သင်္ကန်းရောင့်ကြောင့် ရွှေရောင်လွှမ်းသာယာလှပကဲ့သော
သီဟိုဠကျွန်းသည်ကား ယခုအချိန်ထိ လှပဆဲ အေးချမ်းဆဲ သာယာဆဲပင်ဖြစ်၏။
မဇ္ဈိမဒေသ(အိန္ဒိယ)မှနေ၍ ဗုဒ္ဒသာသာနာတော်သည် အင်ဒိုနီးရှားနိုင်ငံသို့
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကပင် ရောက်ရှိပြန့်ပွားနေခဲ့သည်။ အထူးသဖြင့်
ဂျာဗာကျွန်းမှာ အင်ဒိုနီးရှာတနိုင်ငံလုံးသို့ ဗုဒ္ဓသာသာနာတော် ဖြန့်ချီရာ
သာသာနပြု ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့၏။
AD.14,ရာစုအထိ
အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနတော် တည်ရှိနေသေးကြောင်းကို
သမိုင်းဆိုင်းရာ အဆောက်အဦး နှင့် စာပေအထောက်အထားများအရ သိရှိရပါတယ်။
သာသနာတော်နှစ်(၉၅၈) AD-415, တွင် တရုတ်သမိုင်းပညာရှင် ဖာဟိယန်သည်
အိန္ဒိယမှတဆင့် အင်ဒိုနီးရှားသို့ရောက်ရှိခဲ့ပြီး ထိုအချိန်အထိ ဗုဒ္ဓဘာသာများ
ရှိနေသေးကြောင်း မှတ်တမ်းတင်ရေးသားထားပါတယ်။
တတိယသင်္ဂါယနာတင်အပြီး
အရှင်မောဂ္ဂလိပုတ္တတဿမဟာထေရ်မှကိုးတိုင်းကိုးဋ္ဌာနသို့
သာသနာတော်ပြုစေလွှတ်ရာတွင် တခုအပါအ၀င်ဖြစ်သော `သုဝဏ္ဏဘူမိ´ဒေသဆိုသည်မှာ
အင်ဒိုနီးရှာသည် အဓိကနေရာတခုဖြစ်ကြောင်းကို ရဟန်းပညာရှိ လူပညာရှိများက
တညီတညွတ် တည်းပြောဆိုကြပါတယ်။
သုဝဏ္ဏဘူမိံ ဂန္တွာန ၊ သောဏုတ္တရာ မဟိဒ္ဓိကာ။
ပိသာစေ နိဒ္ဓမေတွာန ၊ ဗြဟ္မဇာလမဒေသိယုန္တိ။
ဟူသော ပိဋကတော်ကိုထောက်ရှု၍ သုဝဏ္ဏဒီပခေါ် အင်ဒိုနီးရှားသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ဗုဒ္ဓသာသနတော် ထွန်းကားပြန့်ပွားနေချိန်တွင်
အစ္စလာမ်(မူဆလင်) ဘာသာမှာ မပေါ်သေးချေ၊ ထို့ကြောင့် အင်အိုနီးရှားသို့
ဗုဒ္ဓသာသနာတော်သည် စောစီးစွာ ရောက်ရှိနေပြီး ဖြစ်ကြောင်းမှာ ထင်ရှားပါတယ်။
သာသနာတော်နှစ်(၁၀၆)နှစ်၊ AD,520-တွင် ကသ္မီရဘုရင်၏ သားတော် အရှင်ဂုဏဓမ္မ သည်
အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ကြွရောက်၍ သာသနာတော်ပြုရာတွင်
ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားလာကြောင်းကို ကာအိုဆင်ချမ်ဟုဆိုသော
တရုတ်ကျမ်းစာတစ်ခု၌ ဖော်ပြထား ပါသည်။ ထိုအခါက အိန္ဒိယ နာလန္ဒာတက္ကသိုလ်ကြီးမှ
ဆရာတော်အရှင်ဓမ္မပါလသည်လည်း အင်ဒိုနီးရှားသို့
သာသနာပြုကြွရောက်ခဲ့ကြောင်းကို မှတ်တမ်းများအရသိရပါတယ်။
ကမ္ဘာကျော်
`ဗောရောဗုဓ´စေတီတော်ကြီးနှင့် `ကလဆံ´စေတီ၊`မင်ဒတ်စေတီတော်´ တို့မှာ
အင်ဒိုနီးရှာတွင် ယခုအချိန်အထိ ထင်ရှားစွာတည်ရှိနေပါသည်။သာသနာတော်နှစ်
(၁၃၃၃)ခုနှစ် AD-790,တွင်ရေးထိုးထားသော ကျောက်စာများနှင့်၊ယိကျင်၏
မှတ်တမ်းအရ ထိုခေတ်အခါက အင်ဒိုနီးရှားကျွန်းကို
သုဝဏ္ဏဒီပ(ရွှေရောင်ကျွန်း)ဟုခေါ်ဆိုပြီး နိုင်ငံ တော် ၏အမည်ကိုလည်း `သီရိဝိဇယ
နိုင်ငံတော်´ဟုခေါ်ဆိုကြောင်းကို မှတ်တမ်းတင်ထားပါသည်။
သာသာနာတော်နှစ်(၁၆၀၀) AD,1157 တွင် အင်ဒိုနီးရှား(သုဝဏ္ဏဒီပ)သည် ဗုဒ္ဓဘာသာ၏
ပညာသင်ကြားရာ ဗဟိုချက်မနေရာဖြစ်လာခဲ့သည်၊၀ိက္ကမသီလတက္ကသိုလ်ကြီး၏
ပါမောက္ခချုပ်ကြီး အတိဆာ(ဒီပင်္ကရဉာဏ)သည်ပင် အင်ဒိုနီးရှာမှ ဆရာတော်
စန္ဒြကိတ္တိထံတွင် ပညာများဆည်းပူး ခဲ့ရလေ၏။ ဆရာတော်အတိဆာသည် တိဗက်၏
သာသနာပြုအကျော်အမော် ဆရာတော် ကြီးပင်ဖြစ်ပါတယ်။
ထိုခေတ်အခါက
အင်ဒိုနီးရှား(သုဝဏ္ဏဒီပ)ဘုရင် သေလိန္ဒြမင်းတို့သည် မလေးကျွန်းဆွယ် အထိ
အာဏာပြန့်ခဲ့ပြီး ဗုဒ္ဓသာသနာတော်ပြန်ပွားစေရန် သာသနာပြုတော်မူခဲ့သည်။
ကမ္ဘာကျော် ဗောရောဗုဓစေတီတော်ကြီးကိုလည်း ထိုသေလိန္ဒြမင်းဆက်များက
တည်းထားတော်ခဲ့ခြင်း ဖြစ်ပါတယ်။
အိန္ဒိယတောင်ပိုင်းမှ စောဠမင်းများနှင့်
ဘင်္ဂေါမှ ပါလမင်းတို့သည် အင်ဒိုနီးရှားတွင် ဗုဒ္ဓသာသနာတော် ပြန့်ပွားစေရန်
လှုဒါန်းထောက်ပန့် ကူညီခဲ့ကြသည်။ သေလိန္ဒြ နာလန္ဒ တက္ကသိုလ်ကြီးတွင်
သံဃာတော်များအတွက် ကျောင်းဆောင်များကိုဆောက်လုပ်လှုဒါန်းပြီး
ထိုကျောင်းများကို စောင့်ရှောက်ရန်အတွက် ပါလမင်းများနှင့် စောဠမင်းများက
ကျေးရွာများကို လှုဒါန်းခဲ့ကြလေ၏။
``သာသနာတော်နှစ်(၂၀၀၀)
AD-1457,တွငအာရပ် အစ္စလာမ်ဘာသာဝင် မူဆလင် တို့သည် သင်္ဘောများဖြင့်
ကုန်ရောင်းကုန်ဝယ်ဟုဆိုကာ မလေးကျွန်းဆွယ် မလက္ကာရေ လယ်ကြားသို့
ရောက်ရှိနေထိုင်ကြပြီး အရပ်မူဆလင်တို့သည် ကျပ၄င်းတို့၏ နည်းဗျူဟာဖြစ်သော-
၁။ ငွေသပြာယူမည်
၂။ ပျိုကညာကိုယူမည်
၃။ မြေပထဗျာကိုယူမည်
၎။ ပြည်အာဏာကိုယူမည်
၅။ ဘာသာကိုယူ တိုင်ပြည်ကိုသိမ်းမည်။
ဟုဆိုသော ၀ါဒအတိုင် ငွေကိုရှာ၍ ဒေသခံအမျိုးသမီးတို့အား မူဆလင်တယောက်လျှင်
မယားများ စွာယူ၍ မူဆလင်လူဦးရေများရန် ပြုလုပ်ပြီး နောက်
စီးပွားရေး၊လူအင်အား၊ စသည့်တို့ကို အသုံချ၍ အာဏာကိုရအောင်သိမ်းလိုက်ကြပြီး
သူတို့၏ လုပ်နည်းထုံးစံအတိုင်း အာဏာရပြီးနောက်တွင် တစ်ပြည်လုံးကို
မူဆလင်ဇာတ်သွင်းလိုက်ကြတော့၏။
ထိုအချိန်မှစ၍ အင်ဒိုနီးရှားခေါ်
သုဝဏ္ဏဒီပမှနေ၍ ဗုဒ္ဓသာသနာတော်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့ပါတယ်။
``မူဆလင်တို့ သာသနာပြုသည်မှာ ဗုဒ္ဓဘာသာကဲ့သို့ တရား နည်းလမ်းကျနစွာ
အကျင့်၊အယူတရား ၀ါဒကို ဟောပြကာစည်းရုံးခြင်းမဟုတ်ပေ၊ ဟောပြော ရအောင်လည်း
အစ္စလာမ်ဘာသာတွင် မည်သည့်ကျင့်စဉ်အကျင့်စရဏမျှမရှိပေ။ထို့ကြောင့်
အောက်တန်းကျစွာ မူဆလင်ဦးရေ အစ္စလာမ်ဘာသာဝင်များအောင်ပြုလုပ်ခြင်းသည်
စစ်မှန်သောဘာသာတရားဟုတ်လောက်၏ မဟုတ်လောက်၏ ဆိုသည်ကို အနည်းငယ်
ဝေဘန်ပိုင်းခြားသော အသိဉာဏ်ရှိသူတိုင်း ပြေးမကြည့်ရပဲ တွေးကြည့်ယုံမျှဖြင့်
သိနိုင်ပါပေ၏။
-----------------------------------------------------------------------------------
(ဓမ္မစေတီ ဆရာတော်၏ မဟာဘွဲယူစာတမ်းအား အထူးမှီငြှမ်းပါသည်)
(ဆက်လက်ဖော်ပြပါသည်)
မိမိအကျိုး၊တပါးသူ၏အကျိုး၊သည်ပိုးရွက်ဆောင်နိုင်သူများဖြစ်ကြပါစေ
ဓမ္မ၀ီရ အရှင်တေဇနိယ
(ကိုလံဘို၊သီရိလင်္ကာ)
No comments:
Post a Comment