Monday, February 25, 2013

'တစ်ဖက်သားရဲ့ အကုသိုလ်ကို ပြိုင်ပြီးတော့များ မကျင့်လိုက်လေနဲ့။ သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့...."

တစ်ဖက်သားရဲ့ အကုသိုလ်ကို ပြိုင်ပြီးတော့များ မကျင့်လိုက်လေနဲ့။ သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့။
တစ်ခါတုန်းက ကရင်တစ်ယောက်ဟာ မြန်မာမိတ်ဆွေဆီကို အိမ်လည်သွားတယ်။ အိမ်ရောက်တော့ ကရင်စီးလာတဲ့မြင်းကိုကြည့်ပြီး မြန်မာမိတ်ဆွေက “ကျွန်တောစီးကြည့်ချင်တယ်ဗျာ”လို့ ပြောတယ်။ ကရင်ကလည်း စီးပေါ့။ အဲဒါနဲ့ ဟိုဘက်ရွာထိပ်၊ ဒီဘက်ရွာထိပ် အပြန်ပြန်အလှန်လှန် စီးလိုက်တာ မြင်းခမျာ ဖတ်ဖတ်ကိုမောရောတဲ့။
ကရင်မိတ်ဆွေက သူ့မြင်းမောနေတာကို ကြည့်ပြီး “ဒင်းကိုလည်း လက်စားပြန်ချေမှပဲ”ဆိုပြီး မြန်မာမိတ်ဆွေရှိတဲ့ လှေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း အပြန်ပြန်အလှန်လှန် စီးပစ်လိုက်ရောတဲ့။ အားရအောင်စီးပြီး လှေကမမောဘဲ ကိုယ်တိုင်ပဲမောနေတာဆိုတော့ ကရင်မိတ်ဆွေက ဘာပြောသလဲဆိုတော့ “နင့်ကိုလက်စားချေရတာ ငါပဲမောတယ်”လို့ ပြန်ပြောလိုက်တယ်တဲ့။
ရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)
(အချစ်နှင့်ဝိပဿနာစာအုပ်မှ) နှလုံးသားအာဟာရ